မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ကိုယ်တိုင်ရေးကိုယ်ပိုင် ကဗျာ. Alle posts tonen
Posts tonen met het label ကိုယ်တိုင်ရေးကိုယ်ပိုင် ကဗျာ. Alle posts tonen

woensdag 17 juni 2009

ÒÒÒ အမျိုးချစ်တဲ့သွေး ÓÓÓ



အမျိုးနော်တကယ်မြတ်ပါတဲ့ 
အဖိုးမဖြတ်နိုင်တဲ့ဖြစ်အင်
ဆွေစဉ်မျိုးဆက်ရဲရဲတောက်ပါလို့
မြန်မာ့သမိုင်းမှာရာဇ၀င်တွင့့်  ။
မြေနိမ့်သော်လည်း လှံစိုက်မခံတဲ့ဖြစ်ရပ်က့ 
တိုင်းပြည်အတွက်ပေမို့
ကိုယ်ကျိုးကိုမငဲ့အား
နယ်ချဲ့မျက်နှာဖြူကို
ဓါးဆွဲကာ ရဲရဲတောက်တော်လှန်ခဲ့တဲ့
ဗိုလ်မင်းရောင်က စခဲ့သပ့  ။
မျိုးဆက်တွေသာထပ်ကူးလာ့ 
ဗိုလ်အောင်ဆန်းလက်ထက်မှာလည်းပဲ
အမိမြန်မာပြည်က မလွတ်မြောက်သေး
ကျုပ်တို့ ဗိုလ်ချုပ်လည်း
အမိမြေနယ်ချဲ့လက်အောက်ကလွတ်မြောက်ရေးအတွက်
ဂျပန်ကိုလည်းမျက်နှာချိုသွေး
ပြီးတော့  အရှင်ကြီးကကျားထက်ဆိုးနေတော့
မျက်နှာဖြူကိုပဲမျက်နှာချိုပြန်သွေးပြီးပြန်တော့
မြေပြန့် တောင်ပေါ်စည်းလုံးမှုအင်အားနဲ့
ဒင်းတို့ကို ပြန်မောင်းထုတ်ပြန်တော့
မျက်နှာဖြူတွေကပြောခဲ့တဲ့
“ လာပါ့  လာပါ ဆိုလည်းအောင်ဆန်း
သွားပါ့  သွားပါ ဆိုလည်းအောင်ဆန်း ” ဆိုတဲ့စကားတောင်
မြန်မာ့သမိုင်းမှာကျန်ခဲ့သေးသပေါ့  ။
အခြေအနေမပေးလို့ 
တိုင်းတပါးမှာနေ နေရပေမယ့်
အခွင့်အခါသာလို့ ရွှေမြန်မာပြည်ပြန်ရောက်တော့
မြန်မာ့စစ်ဘီလူး အာဏါရှင်လူတစုရဲ့
ကမ်းကုန်အောင်ရက်စက်တာကို သူကိုယ်တိုင်ကြုံရတော့
တိုင်းပြည်နဲ့လူမျိုးကိုချစ်ပေမယ့်
အခွင့်အခါမပေးသေးလို့
ရွက်ပုန်းသီးဖြစ်နေခဲ့ရတဲ့
အမျိုးချစ်သူတယောက်ရဲ့
အစွမ်းအစအရည်းအချင်းတွေကို
သူကိုတိုင်ထုတ်ပြခွင့်ကြုံခဲ့ပြီပေါ့  ။
အဲ့ဒီလိုနဲ့ပဲပေါ့ 
ကျနော်တို့ခေတ်ရဲ့ ၁၃၅၀ ပြည့်အရေးတော်ပုံနောက်ပိုင်းမှာ
တည်ကြည်ပြတ်သားတဲ့
အမျိုးချစ်တဲ့ ဗိုလ်အောင်ဆန်းရဲ့သမီးထွေးနောက်မှာ
ဦးနှောက်နဲ့နှလုံးသားမျှတအောင်ထားတတ်တဲ့
မြန်မာ့ပြည်သူလူထုတွေဟာ
ကြာကြာဝါးမဲ့သွား
ဘာစားစားအရိုးကြည့်ရှောင်တတ်တဲ့
အမျိုးချစ်တဲ့သွေးသစ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့
ခေါင်းဆောင်မှုစကားလုံးသစ်တွေနောက်မှာ
အားဖြည့်ဝန်းရံထောက်ခံနေကြတာ
အများတကာဝိုင်းချစ်ကြတဲ့ ဒေါ်စုရေ
တူမောင်တို့မျိုးဆက်သစ်တွေလည်း
အမျိုးချစ်တဲ့သွေးတွေဖြစ်ကြလို့
မသမာသူတွေရဲ့ တံတွေးမြစ်ထဲမှာ
အမှန်တရားကိုဆုပ်ကိုင်ကာရပ်တည်နေတဲ့
ဒေါ်စုမျောပါထိပါးသွားဖို့မဖြစ်ရလေအောင်
ဝန်းရံဆေးးကြောကာ
ပင်ကိုယ်ရနံ့အတိုင်း သင်းသင်းလေးမွှေးနေအောင်
ဝန်းရံကာဆီးပါလို့
အမှန်သတင်းတွေနဲ့
စစ်အာဏါရှင်တွေ အရှိုက်ကိုထိအောင်
ဝိုင်းဝန်းထိုးနှက်တိုက်ခိုက်နေကြဆဲပါ
မျက်နှာဖုံးတွေကိုဆွဲဆုတ်
သိုးရေချုံထားတဲ့ဝံပုလွေတွေကို ၀ိုင်းဝန်းရှုံ့ချကာ
ဒေါ်စုနဲ့အတူ ဒီမိုကရေစီပန်းတိုင်ဆီကိုအတူဝင်ဖို့
ဟို့း့  လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဆုံးဖြတ်ထားလို့
ခြောက်ဆယ့်လေးနှစ်ပြည့်ဒေါ်စုရဲ့မွေးနေ့မှာ
နောက်တဖန်ထပ်မံ
သစ္စာဂါရ၀ပြုလိုက်ပါတယ် ဒေါ်စု့  ။
ဇာနည်မောင်
( မတရားအမှုတွေနဲ့ စွဲချက်တင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးပြန်လည် လွတ်မြောက်ပါစေ့  အသက် ၆၄ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဂုဏ်ပြု ခြင်း သစ္စာကတိပေး ကဗျာ )

dinsdag 2 juni 2009

“ မင်းအမြင်လည်းပြောပါအုံး”

“ မင်းအမြင်လည်းပြောပါအုံး ”
ပြောပြရအုံးမယ် သူငယ်ချင်းရေ့ 
ငါဟာ့  ပညာရှိတယောက်မဟုတ်ခဲ့တာ
မင်းသိပြီးသားဖြစ်ခဲ့ပေမယ့်
ငါ့မှာရရှိထားခဲ့တဲ့
ဗဟုသုတလေးတွေကိုတော့
အများပြည်သူသိအောင်ဝေငှချင်ရဲ့  ။
တကယ်ဆို ငါဟာ့ 
အမြင့်ပျံငှက်တကောင်ပ
မြင့်မြင့်ကနေပျံနေတော့
ဝေးဝေးကိုမြင်နိုင်တယ် သူငယ်ချင်း
ငါမြင့်မြင့်ပျံနေတဲ့အချိန်
အန္တရာယ်ကိုမြင်ရင်းလည်း
ငါနဲ့နီးစပ်ရာတွေကတဆင့်
အများသိနိုင်အောင်တော့
ကြိုတင်အကြောင်းကြားပေးထားမှာပေါ့  ။
အရာဝတ္တုတိုင်းမှာက့ 
ဘက်နှစ်ဖက်ရှိနေလို့
ငါ့စကားတွေကိုလည်း မင်းလိုရာ
ဆွဲမတွေးပြစ်လိုက်အုံးနဲ့ပေါ့နော့့်  ။
မိမိလိုချင်တာကို ရယူချင်လို့ကတော့ 
“လိုချင်တာကို အရင်စဉ်းစား
ဖြစ်နိုင်တဲ့နည်းလည်းတွေကို ရှာကြံပြီးတော့
လက်တွေလုပ်ရပ်တွေနဲ့ ပေါင်းစပ်လိုက်ပေါ့”
ရည်မှန်းချက်တွေကြီးမားလာတာနဲ့အမျှ
အခက်အခဲတွေက
အလိုလျှောက်သေးငယ်သွားမယ်ပ
ငါကတော့လေ သူငယ်ချင်း
ရာဇ၀င်ဆိုးတွေ ငါ့သမိုင်းမှာမကျန်ခဲ့ရအောင်
ငါသိထားသမျှကောင်းတဲ့ အသိတရားတွေကို
လက်တွေ့လုပ်ရပ်တွေနဲ့ပေါင်းစပ်ကာ
ငါ့ရာဇ၀င်ကောင်းတခုကျန်ခဲ့အောင်
ကြိုးစားလုပ်ဆောင်နေဆဲ့  ။
သူငယ်ချင်းရေ ငါကလည်းပဲ့ 
ငါ့အတွေ၊ငါ့အမြင်၊ငါ့အသိတွေကိုမှ
အားလုံးအမှန်တွေချည်းပဲလို့
ခံယူထားတဲ့အကိုယ်ကောင်းသမားမဟုတ်လို့
မင်းအသိ၊မင်းအမြင်နဲ့
မင်းအတွေးတွေလည်းပြောစမ်းပါ့  ။
ဇာနည်မောင်