မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label မဇ္စျိမ မှ. Alle posts tonen
Posts tonen met het label မဇ္စျိမ မှ. Alle posts tonen

dinsdag 27 juli 2010

အိန္ဒိယသမ္မတက မြန်မာအာဏာရှင်ကို လက်ခံတွေ့ဆုံ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၄ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အိန္ဒိယ သမ္မတ Pratibha Patil က သမ္မတ အိမ်တော်ဝင်း၌ ယနေ့ နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံခဲ့သည်။
၅ ရက်ကြာ အလည်အပတ် ခရီးစဉ်အတွက် ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်တွင် ဘုရားဖူးပြီးနောက် တနင်္လာနေ့ညက အိန္ဒိယမြို့တော် နယူးဒေလီသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
“ဒီနေ့မနက်၉နာရီမှာသမ္မတPratibhaPatilဗိုလ်ချုပ်မှူးကြီးကိုသမ္မတအိမ်တော်ဝင်းမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်”ဟုအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ယနေ့ ညနေပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း Manmohan Singh နဲ့ တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံ သဘောတူညီချက်များ ရေးထိုးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အိန္ဒိယသမ္မတနှင့် တွေ့ဆုံခဲ့ပြီးနောက် အသက် ၇၇ နှစ်အရွယ် စစ်ခေါင်းဆောင်သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.M. Krishna နှင့် ဆွေးနွေးခဲ့သည်။
ယနေ့ ညနေ ၄ နာရီခွဲတွင် ဝန်ကြီးချုပ် ManMohanSinghနှင့် အိန္ဒိယဂိတ်အနီးရှိ နိုင်ငံတကာ ခေါင်းဆောင်များကို လက်ခံတွေ့ဆုံသည့် အစိုးရ ဧည့်ဂေဟာ (HydrabadHouse) ၌လည်းကောင်း၊ အိန္ဒိယ ဒုသမ္မတ Shri M.Hamid Ansari နှင့် အတိုက်အခံ BJP ပါတီ ခေါင်းဆောင် SushmaSwaraj တို့က ယနေ့ ညနေ ၃ နာရီခွဲတွင် SardarPatelMargအရပ်ရှိ ITCMauryaဟိုတယ်၌လည်းကောင်း၊ အသီးသီး တွေ့ဆုံသွားမည်ဖြစ်သည်။
အိန္ဒိယအရှေ့မြောက်ဒေသ နှစ်နိုင်ငံ နယ်စပ်ရှိ သူပုန်များ ပူးပေါင်းနှိမ်နှင်းရေးအတွက် နားလည်မှု စာချွန်လွှာများကို ပထမဦးစားပေး လက်မှတ်ရေးထိုးဖွယ်ရှိသည်ဟု အိန္ဒိယရှိ NDTV ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြထားသည်။
နှစ်နိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးနှင့် ငွေဖြူလျှော်ဖွတ်မှုနှင့် လက်နက်ခဲ ယမ်းမီးကျောက်များ မှောင်ခိုတင်သွင်းနေမှုတို့ကို တိုက်ဖျက်ရန် လက်မှတ်ရေးထိုးလိမ့်မည်ဟုလည်း ပါရှိသည်။
ထိပ်သီးအစည်းအဝေးများအပြီး အိန္ဒိယက စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတို့ လုပ်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြသည်။
ယနေ့ ညပိုင်းတွင် အိန္ဒိယ သမ္မတက ၎င်း၏ အိမ်တော်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ညစာဖြင့် တည်ခင်းဧည့်ခံမည်။ ညစာစားပြီးနောက် မြန်မာစစ်ခေါင်းဆောင်၏ နယူးဒေလီခရီးစဉ် ပြီးဆုံးမည်ဖြစ်ကာ၊ မနက်ဖြန် နံနက် ၉နာရီတွင်အိန္ဒိယရှိအကြီးဆုံးစက်မှုကုမ္ပဏီဖြစ်သည့်Tataတည်ရှိရာ ဟိုက်ဒရာဘတ်မြို့သို့ လေကြောင်းဖြင့် သွားရောက်မည်ဖြစ်သည်။

dinsdag 3 november 2009

တရားရုံး၏ ဆင့်ခေါ်မှုကို ကျော်သူ အာခံ

ကျော်ခ

တနင်္လာနေ့၊ နိုဝင်ဘာလ 02 ရက် 2009 ခုနှစ် 19 နာရီ 35 မိနစ်
မဇ္ဈိမ (ချင်းမိုင်) ။ ။ နာရေးကူညီမှု အသင်းကို တောင်ဒဂုံတရားရုံးက တရားစွဲဆိုနိုင်ရန် နောက်တကြိမ် ဆင့်ခေါ်လျင်လည်း တရားရုံးသို့ သွားမည်မဟုတ်ကြောင်း အသင်းဥက္ကဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောသည်။
တရားစွဲခြင်း၊ အမှုဖွင့်ခြင်း စသည့်အဆင့်သို့ မရောက်သေးပဲ အသင်း၏လုပ်ရပ် မှားသည်ဟု ဝန်ခံခိုင်းပြီး တရားစွဲနိုင်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း သူက ပြောသည်။
“ကျနော် မပါသွားတဲ့အတွက် တရားစွဲလို့မရဘူး ဆိုပြီးတော့ တောင်ဒဂုံတရားရုံးက တရားသူကြီးတွေက ပြောလိုက်တယ်။ ဒီအမှုဖွင့်လို့ မရဘူး ဖြစ်နေတယ်။ ကျနော်တို့မှားတာ မဟုတ်ဘူး။ နောက်တကြိမ် ခေါ်ရင်လည်း ကျနော်မှာ အားတဲ့အချိန် မရှိဘူး။ ကျနော်မသွားဖြစ်ဖို့ပဲ များပါတယ်” ဟု ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
ယခုလ ၂၉ ရက်နေ့ တောင်ဒဂုံ တရားရုံး ဆင့်ခေါ်စာအတွင်း၌ နေထိုင်ခွင့်မပြုသေးသည့် အဆောက်အဦးတွင် နေထိုင်သည့်အတွက် မြောက်ဒဂုံ တရားရုံးက တရားစွဲဆိုနိုင်ရန် တရားရုံးသို့ လာရောက်ရန် ဖော်ပြထားကြောင်း သိရသည်။
နေထိုင်ခွင့် လျှောက်ထားသည်မှာ ကြာလှပြီ ဖြစ်သော်လည်း နာရေးကူညီမှု အသင်းရှေ့၌ ရေမြောင်း မဖောက်သောကြောင့် ယခုအထိ မချပေး ခြင်း ဖြစ်ကြောင်း၊ ရေမြောင်းဖောက်မှသာ နေထိုင်ခွင့်နှင့် ကုသိုလ်ဖြစ် လုပ်ငန်းများ ဆက်လုပ်ခွင့်ရမည့်သဘော ဖြစ်နေသည်ဟု ဦးကျော်သူက ပြောသည်။
“ဒီမြောင်းဖောက်လို့ မထူးဘူးလို့ ကျနော်ထင်တာဘဲ။ ကျနော်တို့ မြေကွက်ရှေ့မှာ ရေလျှံတာလည်း မရှိဘူး။ ပြီးတော့ ကျနော်တို့ဆေးခန်းက ထွက်တဲ့ရေ၊ အသင်းက သုံးတဲ့ရေကလည်း ထွက်ပေါက်ကို လုပ်ထားပြီးသား။ ငမိုးရိပ်ချောင်း ဘက်ကို မြောင်းသွယ်ထားတယ်။ ရေအိုင်တာတွေ မဖြစ်ဘူး။ ဗွက်တွေ ဘာတွေလည်း မဖြစ်ဘူး” ဟု သူကပြောသည်။
မြောက်ဒဂုံ စည်ပင်သာယာအနေဖြင့် တရားစွဲဆိုနိုင်ရန် ကြိုးစားရာတွင်လည်း သက်ဆိုင်ရာ မြောက်ဒဂုံမြို့ နယ်တွင် မပြုလုပ်ဘဲ တောင်ဒဂုံ တရားရုံးသို့ ခေါ်ဆောင်သည့် ကိစ္စမှာလည်း ၎င်းတို့အား “တောင် ရောက်၊ မြောက်ရောက်” ဖြစ်စေရန် ရည်ရွယ်သည့်သဘော သက်ရောက် ကြောင်း ဦးကျော်သူက သုံးသပ်သည်။
နာရေးကူညီမှု အသင်းကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလအတွင်း ဦးကျော်သူနှင့် စေတနာရှင်များက ဝိုင်းဝန်း တည်ထောင်ခဲ့ပြီး ချို့တဲ့သူများ၏ နာရေးကိစ္စများအား လူမျိုးဘာသာမရွေး အခမဲ့ ပို့ဆောင်သဂြုင်္ိဟ် ပေးခဲ့ ရာမှ နောက်ပိုင်းတွင် သုခကုသိုလ်ဖြစ် ဆေးခန်းကိုပါ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။
ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မာ့ဝိဟာရ ဘုန်းကြီးကျောင်းဝင်းအတွင်း ရုံးခန်းဖွင့်လှစ်ခဲ့ရာမှ ယခုနှစ် ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) တွင် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။
တရက်လျင် အလောင်း ၅၀ ကျော် သဂြုင်္ိဟ် ပေးနေပြီး ဆေးခန်းမှလည်း တရက်ကို အယောက် ၂၀၀ ကျော် အခမဲ့ ဆေးကုပေးနေရသည်။
၂၀၀၇ ခု စက်တင်ဘာလက မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ဟာသသရုပ်ဆောင် ဇာဂနာနှင့်အတူ ဆွမ်းကပ်လှူခဲ့ပြီး နောက်ပိုင်း သရုပ်ဆောင်မှု အပါအဝင် သူနှင့် ဆက်စပ်သော အနုပညာ လုပ်ငန်းများကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်။
(ကြီးကြပ် တည်းဖြတ် ကိုဝိုင်း )

maandag 28 september 2009

အန်အယ်ဒီ ရုံးချုပ်တွင် စည်းရုံးရေးသင်တန်း ကျင်းပ

မြင့်မောင်


တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 21 နာရီ 58 မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနှင့် ပြည်နယ် စည်းရုံးရေးမှူးများနှင့် စည်းအဖွဲ့ဝင်များ အရည်အချင်း မြှင့်တင်ရေးအတွက် စည်းရုံးရေး သင်တန်းတခုကို ရန်ကုန်ရုံးချုပ်၌ ယနေ့မှ စတင်ကာ ၅ ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။
ပါတီလုပ်ငန်းများတွင် အထောက်အကူဖြစ်ရန်၊ ပါတီလုပ်ငန်းများ အကျယ်အပြန့် လုပ်ကိုင်ရန်နှင့် အရည်အသွေး ကောင်းမွန်သည့် လူငယ်များ ပေါ်ပေါက်လာရန်အတွက် ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် ယခုသင်တန်းသို့ တိုင်းနှင့် ပြည်နယ် ၁၁ ခုမှ စည်းရုံးရေးမှူးများ၊ စည်းအဖွဲ့ဝင်များ စုစုပေါင်း ဦးရေ ၄ဝ ကျော် တက်ရောက်နေခြင်း ဖြစ်သည်။
“စည်းရုံးရေးလုပ်ငန်းတွေက အမြဲတမ်းလုပ်နေတာပါ။ ဒီအချိန်ဟာ ပါတီအတွက် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ ကျနော်တို့အနေနဲ့ ပါတီဝင်တွေရဲ့ အရည်အချင်းတွေကို မြှင့်တင်တာဖြစ်ပါတယ်။ ပါတီ တည်ရှိနေသရွေ့ ပါတီလုပ်ငန်းတွေကို လုပ်နေရမှာပါ။ ပါတီအနေနဲ့ ၂ဝ၁ဝ ကိစ္စနဲ့ ပတ်သက်ပြီး ဘာအစီအစဉ်မှ မရှိသေးပါဘူး။ တချိန်ချိန်မှာ အပြောင်းအလဲတရပ် ဖြစ်ပေါ်လာရင် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ထားတဲ့ သဘောမျိုးပါ” ဟု ပါတီပြန်ကြားရေးအဖွဲ့ဝင် ဦးဟန်သာမြင့်က မဇ္ဈိမကို ပြောသည်။
ပါတီ၏ သမိုင်းဖြတ်သန်းမှု၊ စည်းရုံးရေး၊ ဥပဒေရေးရာ၊ လူမှုကူညီရေးနှင့် HIV/AIDS ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးအရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် သတင်းစာပညာ အစရှိသည့် ပညာရပ်များကို ပါတီတွင်းရှိ တတ်သိနားလည်သူများက လာမည့်လ ၂ ရက်နေ့အထိ ဦးဆောင်ပို့ချသွားမည်။
ယနေ့နံနက်ပိုင်းတွင် ပါတီ ဖြတ်သန်းခဲ့သည့် နောက်ခံသမိုင်းကြောင်းကို ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်နှင့် နေ့လယ်ပိုင်းတွင် စည်းရုံးရေးခေါင်းစဉ်ဖြင့် မွန်ပြည်နယ်မှ ဦးအောင်ကြည်ညွန့်က ဆွေးနွေးသင်ကြားရာ၊ တက်ရောက်သူများကလည်း သိလိုသည်များကို မေးမြန်းကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
“အဖွဲ့ချုပ်ရဲ့ ဖြတ်သန်းမှု အခြေအနေ၊ ရွေးကောက်ပွဲကိစ္စ၊ ရွေးကောက်ပွဲပြီးတော့ အဖွဲ့ချုပ်က ကန့်သတ်ချုပ်ချယ် ခံရပုံတွေ ပါတယ်။ ဦးအောင်ကြည်ညွန့်က စည်းရုံးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဝင်တွေကို ဘယ်လို ပုံသဏ္ဍာန်နဲ့ စည်းရုံးမယ်၊ ဘာကြောင့် စည်းရုံးတယ်၊ ဘယ်အတွက်ကြောင့် စည်းရုံးတယ်၊ စည်းရုံးရေးနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ စည်းရုံးမှုမျိုး ရှိဖို့ လိုအပ်တယ်။ စသဖြင့်ပေါ့နော်” ဟု ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။
ရှေ့နေဦးသိန်းညွှန့်က မြန်မာနိုင်ငံ ဥပဒေနှင့် လက်ရှိပြဿနာ၊ တနင်္သာရီတိုင်းမှ ဦးလှမင်းက လူမှုကူညီရေးနှင့် HIV/ AIDS အကြောင်း၊ ဧရာဝတီတိုင်းမှ ဦးအေးမြင့် လူ့အခွင့်အရေး ပညာပေး၊ ကိုထွန်းထွန်းက တိုင်းရင်းသား လူမျိုးများအရေး၊ ဦးဟန်သာမြင့်က ဒီမိုကရေစီ် ပညာခေတ်နဲ့ မျက်မှောက်ပြဿနာ၊ ဦးအေးမင်းက စီးပွားရေးဆိုင်ရာကိစ္စ၊ ဦးခင်မောင်ဆွေက နိုင်ငံတကာ ဆက်ဆံရေးနှင့် ဦးတင်လှဦးက သတင်းစာပညာနှင့် ပတ်သက်၍ ပို့ချသွားကြမည် ဖြစ်သည်။