မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ရိုးမ မှ. Alle posts tonen
Posts tonen met het label ရိုးမ မှ. Alle posts tonen

maandag 15 maart 2010

ရန်ကုန်မြို့တော်ဝန် ရွေးကောက်ပွဲ ဝင်မည်

မင်းသက်
တနင်္လာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၄၅ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ စစ်ဘက်နှင့် အစိုးရအဖွဲ့ အရာရှိများလည်း ရွေးကော်ပွဲဝင်ရန် လုပ်ဆောင်နေရာ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ရန်ကုန်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လက်ရှိရာထူးမှ မကြာမီ နှုတ်ထွက်တော့မည် ဖြစ်သည်။
မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ယခုလအတွင်း ရာထူးမှ နှုတ်ထွက်မည်ဖြစ်ပြီး၊ စစ်အစိုးရ ထူထောင်ထားသော လူမှုရေးအသင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအား နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလဲမည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု လုပ်ဖော်ကိုင်ဘက်များက ပြောသည်။
''မြို့တော်ဝန်က ရန်ကုန်တိုင်း အမတ်နေရာက ဝင်ရွေးမယ်။ကြံ့ဖွံ့နာမည်ကို ပြောင်းပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ပါမှာ။ သူနဲ့နီးစပ်တဲ့ သူတွေကို လွန်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပြီး ကတည်းကပဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ဖို့ စည်းရုံးနေတာ'' ဟု စည်ပင် အရာရှိတဦးက ဆိုသည်။
ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် အသင်း၏ တိုင်းတာဝန်ခံလည်း ဖြစ်သည်။
သူ၏ ရာထူးနေရာကို ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက ဆက်ခံလိမ့်မည်ဟု အများက ခန့်မှန်းထားကြသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းခြင်း မရှိဘဲ ဆက်လက်အုပ်ချုပ်နေသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်အောက်မှ ဝန်ကြီးအချို့နှင့် စစ်ဘက်ရာထူးလက်ကိုင်အချို့သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင်လည်း ဝင်ပြိုင်ရန် ရာထူးစွန့်မည် ဖြစ်သည်။
မဇ္ဈိမက စုဆောင်းရရှိထားသော စာရင်းအရ စစ်အုပ်စုက လျှို့ဝှက်စွာ ပြင်ဆင်နေသည့် အဆိုပါ အစီအစဉ်ကြောင့် သတ္တုတွင်း၊ ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စက်မှု ၁၊ စီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေး၊ အားကစား၊ ပညာရေး၊ ရထားပို့ဆောင်ရေး၊ လျှပ်စစ်၊ သစ်တော၊ စိုက်ပျိုးရေးနှင့် စွမ်းအင် ဝန်ကြီးများအပြင် ရန်ကုန်မြို့တော်ဝန်သည် ရွေးကောက်ပွဲဝင်မည် ဖြစ်သည်။
ရွေးကောက်ပွဲဝင်သူများက ရာထူးမှ နှုတ်ထွက်၍ လစ်ဟာသွားသော နေရာများကို အစားထိုး မခန့်အပ်ထားဘဲ ဒုဝန်ကြီးများကပင် အုပ်ချုပ်စီမံသွားရန် နအဖက စီမံထားကြောင်း နေပြည်တော်ရှိ သတင်းရပ်ကွက်များအရ သိရသည်။
ဝန်ကြီးဌာနများက လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာကြီးများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား အပြီးသတ် ညွှန်ကြားထားခြင်းမှာ လုပ်ငန်းများကို ချုံ့ထားရန်ဖြစ်သည်ဟု ဆိုသည်။ သို့သော် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တိုက်ရိုက်ညွှန်ကြားချက်မှာ မည်သည့်အချိန်တွင် လုပ်ငန်းကြီးများ ပြန်လုပ်ရန် သတ်မှတ်ထားခြင်း မရှိကြောင်း လေ့လာသိရှိရသည်။

တိုက်ပြိုကျ၊ ကျောင်းသူတဦး သေဆုံး

မျိုးသိဏ်း
တနင်္လာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၁၀ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်အတွင်း သုံးထပ်တိုက်တလုံး ယမန်နေ့ ညနေပိုင်းတွင် ပြိုကျခဲ့ရာ ၁၀ တန်းကျောင်းသူတဦး ပိကျသေဆုံးခဲ့သည်။
ညနေ ၄ နာရီခွဲခန့်တွင် ပန်းဘဲတန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ကုန်သည်လမ်းနှင့် လမ်း ၃ဝ ဒေါင့်ရှိ အိမ်အမှတ် ၆၂၈/၆၃၂ ၏ ၈ဝ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးမှုတွင် ၁၅ နှစ်အရွယ် ၁ဝ တန်းဖြေဆိုဆဲ ကျောင်းသူလေး သေဆုံးသွားခြင်း ဖြစ်သည်။
"ကျနော့်သမီး အထဲမှာ ပိတ်မိနေတယ်။ ပြိုကျကျပြီးချင်း သူ့ဟမ်းဖုန်းကိုဆက်တော့ ဖုန်းကိုင်သေးတယ်။ သူ့အသံ ကြားရတယ်။ ဖုန်းကျသွားလို့ တခါပြန်ခေါ်တော့လည်း ဖုန်းဝင်သွားတယ်။ အသံတော့ မကြားရတော့ဘူး" ဟု ဖခင်ဖြစ်သူက ယမန်နေ့ ညနေ ၆ နာရီ ၁ဝ မိနစ်ခန့်တွင် မဇ္ဈိမကို ပြောပြသည်။
မြေညီထပ် လူနေခန်းတွင် နေထိုင်သည့် အမျိုးသမီးငယ်မှာ အပျက်အစီးများအောက်၌ ပိတ်မိနေခဲ့ပြီး ည ၉ နာရီအချိန်တွင် ကယ်ဆယ်ရေးအဖွဲ့ဝင်များက အပျက်အစီးပုံအောက်မှ သူမအား ထုတ်ယူနိုင်ချိန်တွင် သေဆုံးပြီး ဖြစ်နေသည်ကို တွေ့ရှိကြရခြင်း ဖြစ်သည်။
"အထဲက အသံကြားရတယ်။ ကြောင်တကောင်လည်း အောက်မှာ ပိတ်မိနေတော့ ပထမ ကြောင်သံလိုလို၊ လူသံလိုလို မကွဲဘူး။ နောက်မှ လူအသံမှန်း သိတယ်။ အသက်ရှိနေဦးမယ်လို့ ထင်တယ်။ လုံခြုံရေးထက် ကလေးအသက်ကယ်ဖို့ ဦးစားပေးပြီး လုပ်နေပါတယ်" ဟု ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ အကြီးတန်း အရာရှိတဦးက ယမန်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်တွင် ပြောသည်။
မန္တလေးအသင်း (ရန်ကုန်) ရုံးခန်းဖွင့်လှစ်ထားသည့် ပထမထပ်နှင့် ဒုတိယထပ်တို့တွင် အခင်းဖြစ်ပွားချိန်၌ လူမရှိဘဲ မြေညီထပ် လူနေခန်းတွင်သာ မိန်းကလေးတဦးတည်း ရှိနေခဲ့သည်။
ယင်းအဆောက်အအုံကို မြို့တော်စည်ပင်က အန္တရာယ်ရှိ အဆောက်အဦးအဖြစ် ကြေညာထားပြီး၊ အသစ်ပြန်လည်တည်ဆောက်ရန် ပြင်ဆင်မှုများ စတင်ခိုက် ယခုလို ပြိုကျခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားချိန်တွင် အဆိုပါ အဆောက်အအုံရှေ့ ကုန်သည်လမ်းပေါ်ရှိ လမ်း ၃၀ ဘတ်စ်ကား မှတ်တိုင်တွင် လူအများအပြား ရှိနေသော်လည်း ပြင်ပထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
"မှတ်တိုင်မှာ လူတွေရော၊ ကားတွေရော ရှိတယ်။ တိုက်က ဖြည်းဖြည်းချင်း ပြိုကျတာ။ တိုက်ကိုဖျက်ဖို့ ကာထားတဲ့ ငြမ်းတွေနဲ့ ပိုက်တွေရှိလို့ မှတ်တိုင်ကလူတွေ မထိတာ။ ဝုန်း..ဝုန်းနဲ့ ပြိုလည်းပြီးရော တလမ်းလုံး ဖုန်မှုန့်တွေ ဖုံးသွားတယ်" ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် မျက်မြင်သက်သေတဦးက ဆိုသည်။
"တိုက်ကို ဖျက်တော့မှာမို့လို့ အားလုံး ပြောင်းနေကြတယ်။ အောက်ဆုံးထပ်အိမ်လည်း ပြောင်းနေရင်း တန်းလန်းကြီး အခုလို ဖြစ်သွားတာ။ ခါတိုင်းဆိုရင် မန္တလေးအသင်းမှာလည်း နယ်ကလူတွေ လာတည်းတာ အများကြီး ရှိတယ်" ဟု အနီးဝန်းကျင်တွင် နေထိုင်သူတဦးက ဆိုသည်။
အခင်းဖြစ်ချိန်တွင် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မိန်းကလေးအား ကယ်တင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုပိုင်းတွင် ကျွမ်းကျင်မှုနည်းခြင်းက အချိန်ပိုမိုကြာမြင့်စေခဲ့ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။
သတင်းလာယူသည့် ဂျာနယ်သတင်းထောက်တဦးက "စစ်ဒေသမှူးက ဖြစ်စဉ်ကို ကိုင်တယ်။ လုပ်တာတော့ အားတက်သရောပဲ။ ဒိုဇာ (မြေကော်စက်) တွေအပေါ်ထိ တက်ပြီး ပြောနေတာပဲ။ ဒါပေမဲ့ တိုက်ပြိုရင် ဘယ်လိုကယ်ရတယ်၊ အပျက်အစီးတွေကို ဘယ်လိုဖယ်ရတယ်ဆိုတာ မကျွမ်းကျင်ဘူး။ ကယ်ဆယ်ရေးလုပ်တဲ့ နည်းတွေ၊ ကိရိယာတွေနဲ့ ကျွမ်းကျင်သူတွေ မရှိဘူး။ ကလေးက ဘယ်အချိန်ကတည်းက သေတယ်ဆိုတာ မသိပေမယ့် အချိန်တွေအရမ်းကြာသွားတာတော့ မကောင်းဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။
ညနေ ၆ နာရီခွဲကျော်အထိ အပျက်အစီးများကို လူအားနှင့် ကားတင်ဝန်ချီစက်များဖြင့် အသုံးပြုဖယ်ရှားခဲ့ပြီး ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် မြေထိုးစက်များ၊ မြေကော်စက်များ ရောက်ရှိလာခဲ့ရာ အခင်းဖြစ်ချိန်မှ ၂ နာရီခွဲခန့် ကြာမြင့်သည့် ည ၇ နာရီခန့်တွင် အပျက်အစီးများကို စတင်ဖယ်ရှားခဲ့သည်။
ည ၇ နာရီ ၂ဝ မိနစ်တွင် အဆောက်အဦ၏ အစိတ်အပိုင်းအချို့ ထပ်မံပြိုကျခဲ့သဖြင့် ကယ်ဆယ်ရေး လုပ်ဆောင်နေသူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဦးခေါင်းနှင့် ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာရသူ ၆ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရသည်။
ယမန်နေ့ည ၁၁ နာရီခန့်ကလည်း တိုက်အပျက်အစီးများအတွင်း ပိကျသေဆုံးနေသည့် အမျိုးသမီးတဦး တွေ့ရှိခဲ့ရကြောင်း သတင်းများ ပေါ်ထွက်နေသည်။

ကြားဖြတ်အစိုးရဖွဲ့ရန် MPU တိုက်တွန်း

Sunday, 14 March 2010 21:27 ရိုးမ ၃
.စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်သွားရန်အတွက် နည်းလမ်းပေါင်းစုံသုံး၍ ဆန်ကျင့်သွားမည်ဖြစ်ကြောင်းနှင့် ကြားဖျက်အစိုးရဖွဲ့ရန် နိုင်ငံရေးခေါင်းဆောင်များက ပြောဆိုခဲ့ကြသည်။
ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဥပဒေအား သုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
                               ရွေးကောက်ပွဲဥပဒေအား သုံးသပ်ဆွေးနွေးပွဲ (ဓါတ်ပုံ- ရိုးမ ၃)
“တိုတိုဘဲ ပြောရမယ်ဆိုရင် MPU အနေနဲ့ကတော့ ၉၀ ရွေးကောက်ပွဲရလာဒ်ကို သုံးပြီး ၁၉၉၀ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်ကတည်းက အစိုးရဖွဲ့ထားပြီးသားပါ၊ အဲဒီထက်ပိုပြီး ကောင်းတဲ့အစိုးရအဖွဲ့ကို ပြည်တွင်းထဲမှာ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အခုလက်ရှိ ပြည်သူ့အစိုးရဖွဲ့ဖို့ သဘောတူတယ်၊ လုံးဝထောက်ခံမယ်ဆိုတာ ကျနော်တို့ပြောချင်ပါတယ်” ဟု မန္တလေးအနောက်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဦးက ပြောသည်။
စစ်အစိုးရ ကြေညာခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာဥပဒေအားလုံးသည် တရားမျှတမှုမရှိသည့်အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ တာဝန်ရှိသူများက ဆက်လက်ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း စစ်မှန်သည့် ဒီမိုကရေစီအစိုးရတရပ်ပေါ်ပေါက်ရေးအတွက် လက်ရှိကာလတွင် ဘုံရန်သူအား ဘုံလမ်းစဉ်ဖြင့် ကိုယ်ရှင် သူသေ ညီညီညွှတ်ညွှတ်တိုက်ဖို့လိုကြောင်း ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ အဖွဲ့ဒုဥက္ကဌ ဒေါ်စန်းစန်းက ပြောသည်။
စစ်အစိုးရ ထုတ်ပြန်လိုက်သည့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေကြောင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလာဒ်သည် ပျက်ပြယ်သွားမည်မဟုတ်ကြောင်းနှင့် အခမ်းအနားတက်ရောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များကလည်း စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သွားရန် လက်တွေ့ကျသည့် နည်းလမ်းများကိုဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ၁၉၉၆ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀ ကျော်ပါဝင်သည်။

woensdag 3 maart 2010

စစ်အစိုးရ၏ ရာဇဝတ်မှုများ အမျိုးသမီး ၁၂ ဦး ထုတ်ဖော်

စိုင်းဇွမ်ဆိုင်း
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အဆင့်မှ အရေးယူနိုင်ရေး အတွက် ရည်ရွယ်၍ မြန်မာအမျိုးသမီး ၁၂ ဦးက ကိုယ်တိုင်ကြုံတွေ့မှုများကို အမေရိကန်နိုင်ငံတွင် ပြောဆိုခဲ့ကြသည်။
နယူးယောက်မြို့တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (Women’s League of Burma) နှင့် နိုဘယ် အမျိုးသမီးများအဖွဲ့ (Nobel Women’s Initiative) တို့၏ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ခုံရုံး၌ ယမန်နေ့က ဖွင့်ချခဲ့ကြခြင်း ဖြစ်သည်။
နိုဘယ်ဆုရှင်များဖြစ်ကြသော အီရန်နိုင်ငံမှ Dr. Shirin Ebadi ၊ အမေရိကန်မှ Jody Williams တို့အပါ အဝင် တောင်ကိုးရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပါမောက္ခနှစ်ဦးက ခုံရုံး တရားသူကြီးများ အဖြစ်ဆောင်ရွက် ခဲ့ကြသည်။
၂ဝဝ၃ ခု ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို ဝိုင်းရိုက်ကြသည့် ဒီပဲယင်း အကြမ်းဖက်မှုသည် ကြိုတင်ကြံစည်မှု ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မန္တလေးတိုင်း အန်အယ်ဒီမှ ဒေါ်ညွန့်ညွန့်က ထွက်ဆိုသွားသည်။
မြန်မာနိုင်ငံ အနောက်ခြမ်းမှ ကူကီးလူမျိုး မငိုင်းငိုင် ကလည်း “ကျမထွက်ဆိုခဲ့တဲ့ အကြောင်းအရာက ၁၉၉၃ ခုနှစ်တုန်းက တမူးမြို့နယ်မှာ နအဖ စစ်သားထွက်ပြေးသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေနဲ့ ပေါင်းပါတယ်ဆိုပြီးမှ ရွာသားလေးဦး သတ်ခံရတယ်။ အမျိုးသမီး တဦးအပါအဝင် လူငါးယောက်လောက် ကို အဓမ္မစွပ်စွဲပြီး ထောင်ချခဲ့တဲ့အမှုပါ” ဟု ပြောသည်။
ယခုခုံရုံးသည် တရားမဝင်သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကိုရယူပြီး မြန်မာ စစ်အစိုးရ၏ ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (International Criminal Court) အထိ စွဲချက်တင်နိုင်ရန် ကာယကံရှင် အမျိုးသမီးများက မျှော်လင့်ထားကြသည်။
နိုဘယ်အမျိုးသမီးများအဖွဲ့မှ သတင်းပြန်ကြား မန်နေဂျာ Ms. Rachel Vincent က “ဒီသဏ္ဍာန်တူ ခုံရုံးမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မုဒိမ်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အတင်းအဓမ္မ ပေါ်တာထမ်းခိုင်းတာတွေကို သက်သေထွက်ဆိုသွားခဲ့ပါတယ်” ဟု ပြောသည်။
နိုဘယ်အမျိုးသမီးများအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲ တရပ်ကိုလည်း နယူးယောက်မြို့တွင် ပြုလုပ်ရန် အစီအစဉ်ရှိပြီး ကာယကံရှင် အမျိုးသမီး ၁၂ ဦး၏ ထွက်ဆိုမှုများကို အခြေခံ၍ ယခုလ ၄ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
ယခုကျင်းပခဲ့သည့် သဏ္ဍာန်တူခုံရုံးကို တရားဝင်ခုံရုံးတခု ဖြစ်လာစေရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးအား တင်ပြသွားမည်ဟု ဆိုသည်။
သဏ္ဍာန်တူခုံရုံးတွင် သက်သေထွက်ဆိုချက်များကို တက်ရောက်နားထောင်သူ ၁၅ဝ ခန့် ရှိပြီး သက်သေ ထွက်ဆိုခဲ့ကြသည့် အမျိုးသမီးများနှင့်ပတ်သက်၍ ရုပ်သံမှတ်တမ်းများ၊ ဇာတ်လမ်းရုပ်ရှင်များ ရိုက်ကူး သွားရန် အစီအစဉ်လည်းရှိကြောင်း နိုဘယ်အမျိုးသမီးအဖွဲ့မှ Ms. Rachel Vincent ကပြောသည်။

(ကိုဝိုင်းတည်းဖြတ်သည်)



woensdag 1 juli 2009

မိဘများထံပြန်ပို့သည့် ကလေးငယ်တဦးကို တပ်က ပြန်ခေါ်သွား

Wednesday, 01 July 2009 22:42 ဉာဏ်မောင်
အသက်မပြည့်သေးသည့် ကလေးစစ်သားနှစ်ဦးကို သက်ဆိုင်ရာက မိဘများထံ ပြန်လည်ပို့ဆောင်ပြီးနောက် ကလေးငယ်တဦးကို တပ်ထဲသို့ ပြန်လည်ခေါ်ဆောင်သွားသည်။

တွံတေးမြို့နယ်၊ ပန်းပင်စမ်းကျေးရွာမှ ဇင်မင်းအောင်နှင့် ဇော်ဇော်တို့ကို ပြီးခဲ့သည့်လ (၂၈) ရက်နေ့က မိဘများထံ ပြန်လည်ပို့ဆောင်ပြီးနောက် ဇော်ဇော်အား မိဘများက တပ်ထဲဝင်ရောက်သည်ကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းပြီး ပြန်ခေါ်သွားခြင်းဖြစ်သည်။

"ဘာမသိညာမသိနဲ့ ရယကတွေက လက်မှတ်ထိုးခိုင်းတော့ ထိုးလိုက်တာ၊ ကလေးစစ်ထဲဝင်တာ မိဘက သိပါတယ်ဆို လက်မှတ်ထိုးပေးလိုက်တာ၊ အဲဒါနဲ့ ပြန်ခေါ်သွားတာ၊ ဇင်မင်းအောင်မိဘတွေကိုလဲ လက်မှတ်ထိုးခိုင်းတယ်၊ သူတို့ကတောာ့ မထိုးလိုက်ဘူး၊ ဇော်ဇော်ကိုတော့ အခု လက်မှတ်ထိုးပြီး ပြန်ခေါ်သွားတာ၊ ကလေးတွေက နှစ်ယောက်စလုံးအသက်က မပြည့်သေးဘူး" ဟု မိသားစုဝင်နှင့်နီးစပ်သူတဦးက ပြောသည်။

အဆိုပါကလေးငယ်နှစ်ဦးကို ခလရ (၇၀) မှ တပ်ကြပ်ကြီး ဝင်းမြင့်ဆိုသူက ခေါ်ဆောင်သွားပြီး စစ်သားစုဆောင်းရေးတပ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး မောင်ဇင်မင်းအောင်၏မိဘများက နယ်မြေခံ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ကို တိုင်ကြားခြင်းများပြုလုပ်ခဲ့သည်။

"ကလေးတွေကို တပ်ထဲမှာ ရောက်တော့ ဗိုလ်ကြီးတယောက်က ရေဒီယိုနားထောင်ခိုင်းပြီး ဇင်မင်းအောင်ရဲ့အမေက ရေဒီယိုမှာ ပြောတာတွေကို ကြားတော့ မင်းတို့ကို ထားလို့မဖြစ်တော့ဘူး ခွင့် (၁) ပတ်ပေးတယ်၊ ပြန်တော့ဆိုပြီး ပြန်ပို့တာ၊ ပန်းပင်စမ်း(အလက)မှာ အခမ်းအနားနဲ့လုပ်ပြီး ရယကလူကြီးတွေကို သက်သေလက်မှတ်ထိုးခိုင်းတာ" ဟု ဆက်ပြောသည်။

၎င်းတို့ကို မေလကုန်ပိုင်းက ခေါ်သွားခြင်းဖြစ်ပြီး တောင်တွင်းကြီးနှင့် ရမည်းသင်း လေ့ကျင့်ရေးကျောင်းများသို့ မကွေးစစ်သားစုဆောင်းရေးတပ်မှတဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ မိဘများထံ ပြန်လည်ပို့ဆောင်ရာတွင်လည်း သက်ဆိုင်ရာ တပ်မှ စစ်သားတဦးပါ လိုက်ပါလာသည်ဟု ပြောသည်။

ဇင်မင်းအောင်နှင့် ဇော်ဇော်တို့ သူငယ်ချင်းနှစ်ဦးမှာ တွံတေးမြို့နယ်၊ ပန်းပင်စမ်းကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး ထင်းခွေထွက်သွားစဉ် ယခုကဲ့သို့ စစ်သားအဖြစ် စုဆောင်းခံလိုက်ရခြင်းဖြစ်ကာ အသက် ၁၄ နှစ်သာ ရှိသေးကြောင်း မိသားစုနှင့်နီးစပ်သူက ဆက်ပြောသည်။

စစ်အစိုးရအာဏာပိုင်များက အရွယ်မရောက်သေးသည့် ကလေးငယ်များ စစ်တပ်အတွင်း မရှိကြောင်း အမြဲတမ်း ငြင်းဆိုနေခဲ့သော်လည်း တပ်သားသစ်စုဆောင်းရာတွင် ကလေးငယ် အမြောက်အများ ပါဝင်နေလျှက်ရှိသည်။