မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ရိုးမ ၃ မှ. Alle posts tonen
Posts tonen met het label ရိုးမ ၃ မှ. Alle posts tonen

maandag 7 juni 2010

ဆုတောင်း


လွတ်လပ်စွာတွေးခေါ်နိုင်သောနေရာ
ဦးခေါင်းကို မတ်မတ် ထောင်ထားနိုင်သော နေရာ
အသိပညာ လွတ်လပ်သော နေရာ။
ကမ္ဘာကြီးအား ကျဉ်းမြောင်းသော
ကိုယ်ပိုင် အုတ်တံတိုင်းများဖြင့် ကာရံလျက်
အစိတ်စိတ် အမွှာမွှာ ခွဲခြားထားခြင်း မရှိသော နေရာ။
စကားလုံးများသည် နက်ရှိုင်းလှစွာသော သစ္စာတရားမှ
ထွက်ပေါ်လာသော နေရာ။
မတွန့်မဆုတ် ကြိုးပမ်းအားထုတ်မှုသည်
ယင်း၏လက်များကို ပြီးပြည့်စုံခြင်းဆီသို့
ဆန့်တန်းလျက် ရှိသောနေရာ။
ဆင်ခြင်တုံတရား တည်းဟူသော
ကြည်လင်သည့် စမ်းရေအလျင်သည်
သေခြင်းတရား၏ စိုးမိုးရာ
ခြောက်သွေ့သော ကန္တာသဲပြင်အတွင်း
လမ်းပျောက်သွားခြင်း မရှိသောနေရာ။
အရှင့် ရှေ့ဆောင်မှုဖြင့် စိတ်အလျင်သည်
အမြဲတစေ ချဲ့ထွင်လျက်ရှိသော
အတွေးအခေါ်နှင့် လုပ်ဆောင်မှုနယ်ပယ်ဆီသို့
ဦးတည် သွားနေသော နေရာ။
ထိုလွတ်လပ်သော နိဗ္ဗာန်ဘုံထဲ၌
တပည့်တော်၏တိုင်းပြည် နိုးကြားနေရပါလို၏
အရှင်ဘုရား…..။ ။

ရာဘင်ဒြာ နသ် တဂိုး
ဘာသာပြန်ဆိုသူ မောင်သန့်စင်
(ရာဘင်ဒြာ နသ် တဂိုးနှင့် သူ၏ ကဗျာများ စာအုပ်မှ)

maandag 17 mei 2010

စွယ်စုံရအနုပညာရှင်သုမောင်ကွယ်လွန်

Monday, 17 May 2010 12:50 ရိုးမ ၃
.ရုပ်ရှင်သရုပ်ဆောင်၊တေးသံရှင်၊စာရေးဆရာသုမောင်(ခ)ဦးဗလအသက်(၆၀)နှစ်သည်အသဲရောဂါဖြင့် ကွယ်လွန်သွားသည်။
ယမန့်နေ့ည(၉)နာရီခန့်ကရန်ကုန်မြို့၊သုခကမ္ဘာအထူးကုဆေးခန်းတွင်ဆေးကုသမှုခံယူနေရင်းဆီးချို၊ သွေးချို၊ အသဲရောဂါတို့ဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။
ဦးသုမောင်ကို၁၉၅၁ ခုနှစ်၊မတ်လ (၁၃)ရက်နေ့တွင်အဖစာရေးဆရာဒါရိုက်တာဦးသာဓု၊အမိ ဒေါ်ခင်ညိုတို့က မွေးဖွားခဲ့ပြီး၊ ၁၉၆၉ ခုနှစ်တွင် ယုဝတီဂျာနယ်တွင် စာပြင်ဆရာအဖြစ် အလုပ်လုပ်ကိုင်ရင်း ကဗျာနှင့် စာတိုပေစများကို စတင်ရေးသားခဲ့သည်။
                စွယ်စုံရအနုပညာရှင်သုမောင်(ပုံတူပန်းချီ -“မျိုးရိုးထဲမှဆိုးပေးကြီးများ” စာအုပ်မျက်နှာဖုံး)
၎င်း၏ပထမဆုံးဝတ္ထုတိုဖြစ်သည့်"သနပ်ခါးရေကျဲကျဲ"ဝတ္ထုကို၁၉၇၀ခုနှစ်ဝတ်မှုံဂျာနယ်၌ အုပ်စိုးကလောင်အမည်ဖြင့် ရေးသားခဲ့သည်။
၁၉၇၄ခုနှစ်တွင်''အချစ်''အမည်ရှိလုံးချင်းဝတ္ထုကိုစတင်ရေးသားခဲ့ပြီးထိုနှစ်အတွင်းမှာပင်"ချစ်စံနမူ"၊ "နှောင်းတမြေ့မြေ့""အကြင်တို့လင်မယား"စသည့်ရုပ်ရှင်ဇာတ်ကားများတွင်သရုပ်ဆောင်ခဲ့ပြီး “သုမောင်”အမည်ဖြင့်ထင်ရှားလာကာ''နှောင်းတမြေ့မြေ့''ရုပ်ရှင်ကား၌ ဇာတ်ဝင်နောက်ခံတေးတစ်ပုဒ်ဖြစ်သော ''ပန်းဦးပန်မဲ့သူ''သီချင်းကို သီဆိုခဲ့ရာမှ တေးဂီတလောကသို့ ရောက်ရှိခဲ့သူဖြစ်သည်။
စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်သုမောင်သည် ရုပ်ရှင်ဇာတ်ကားပေါင်း (၄၀)ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်နောက်ခံသီချင်းများ၊ ရေဒီယိုတေးသီချင်း၊ တိပ်ခွေသီချင်းပေါင်း ၂၀၀၀ ကျော် သီဆိုခဲ့သည်။
သုမောင်ရေးသားခဲ့သည့် အခြားထင်ရှားသော စာအုပ်များမှာ "အချစ်"၊ "အချစ်လား သူဖျားနေတယ်"၊ "ဍရင်ကောက်"နှင့်အခြားဝတ္ထုတိုများ၊၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း(၀တ္ထုတိုပေါင်းချုပ်)၊ကွမ်းစကား(၀တ္ထုတိုပေါင်းချုပ်)။"သာဓုအင်ဆန်း(စ်)"(စုပေါင်း)၊"အရုပ်ကလေး"၊"အရက်သမား အမှားတထောင်"(ဆောင်းပါးပေါင်းချုပ်)၊ "ပင်တိုင်စံ မကောင်းပါဘူးကွယ်" တို့ဖြစ်သည်။
သုမောင် ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ(အေးဘုံ)၊ သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ (သရုပ်ဆောင်နှင့် အဆိုတော်)၊ ထိန်ထိန်သာ၊ ထိပ်ထားတို့ ကျန်ရစ်ခဲ့သည်။

သုမောင်၏ အနုပညာဖြတ်သန်းမှု သမိုင်းအကျဉ်း

၁၉၇၆ -"ရှင်နေမင်းမှပေးသောစာ"(ဘာသာပြန်)၊"သိပ်ချစ်တယ်မဟုတ်လား" လုံးချင်းဝတ္ထုများရေးသားခဲ့ပြီး
၁၉၇၇ - "ပင်တိုင်စံမကောင်းပါဘူးကွယ်" (လုံးချင်းဝတ္ထု)၊ ရှုမ၀မဂ္ဂဇင်းတွင် ''ငယ်အိပ်မက်'' ၀တ္ထုတို
၁၉၇၈ -"သူ့မောင်မှာသူ့မောင်မှာ"(၀တ္ထုရှည်)၊"အချစ်ငါမသိ"၊ "အချစ်ပွင့်ကလေးများ"၊"အချစ်သစ်ပင်"၊ "သာဓုအင်ဆန်း"(စုပေါင်း)
၁၉၇၉ - "အချစ်(၂)"၊ "အချစ်နှင့်သူ၏ကိုကို"၊ "အချစ်၏နောက်ဆုံးနေ့များ" (လုံးချင်းဝတ္ထုများ)
၁၉၈၀ -"အကယ်ဒမီ"၊ "အချစ်စက်"၊ "ငါကွ-ခုဆယ်ရာထောင်သောင်းသိန်းသန်းကုဋေ"(လုံးချင်း စာအုပ်များ)
၁၉၈၁ - "လ"၊ "စပယ်သုံးကုံး"(စုပေါင်း)၊ "ထို့ကြောင့် အချစ်ဟုခေါ်ပါသည်"(စုပေါင်း စာအုပ်များ)
၁၉၈၂ - "ပန်းစွယ်တော်ရွက်ကလေး" (စုပေါင်း စာအုပ်ထွက်ခဲ့)
၁၉၈၃ - "ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ"
၁၉၈၄ - "၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း" (၀တ္ထုတိုပေါင်းချုပ်)၊ "သာဓုနှင့်ကျွန်တော်၏ဖခင်များအကြောင်း" (၀တ္ထုတိုပေါင်းချုပ်)
၁၉၈၆ - "အချစ်လား သူဖျားနေတယ်" (၀တ္ထု)
၁၉၈၇ - "ကမ္ဘာကြီးတုန်သွားတယ်" (၀တ္ထု)
၁၉၈၈ - "ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင့်ခေါင်းပေါ်မှာ" (၀တ္ထု) (စာဖတ်သူအကြိုက်-မန္တလေး စာပေဆုကို''အဖေ၏အမေ'' ကိုယ်တွေ့စာတမ်းငယ်ဖြင့် ရရှိခဲ့)
၁၉၈၉ - "မချစ်တတ်တာမဟုတ်၊ မချစ်ချင်တာပါ" (၀တ္ထု)
၁၉၉၀ - "ခုနစ်စဉ်အလွမ်း" ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုရ။
၁၉၉၅ -နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအိုနိုင်ငံများရှိ ဆရာဝန်များ ငွေရတုသဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့တေးသီချင်းများ သွားရောက်ဖျော်ဖြေခွင့်ရခဲ့။
၁၉၉၆ - ''သောတာဆွေ လွမ်းတသ-အမှတ်တရ'' (စုပေါင်းစာအုပ်ထွက်)
၁၉၉၇ - "စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ"(စုပေါင်း စာအုပ်ထွက်)
၁၉၉၉ -"ကွမ်းစကား"(၀တ္ထုတိုပေါင်းချုပ်)၊ "ကြွေ မိန်းခလေးပုံပြင်နှင့် ဘ၀ရသစာစုများ"၊ "ပန်းယွန်း အိမ်"(စုပေါင်း)၊ "မှတ်မှတ်ရရ-ရှုမ၀ ၀တ္ထုတိုများ" စာအုပ်များထွက်။
၂၀၀၁ -"မင်းနဲ့မှချစ်တတ်ပြီ"ရုပ်ရှင်ကားတွင်သရုပ်ဆောင်ခဲ့၊ "နံနက်စာ ဆောင်းပါးပေါင်းချုပ်" စာအုပ်ထွက်။
၂၀၀၁ ခုနှစ်၊ သြဂုတ်လတွင် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါးတက္ကသိုလ်၌ ကျင်းပခဲ့သော "နိုင်ငံတကာစာရေးဆရာများ စာပေရေးရာ လုပ်ငန်းအစီအစဉ်" သို့ တက်ရောက်စာတမ်းတင်ခဲ့။





vrijdag 23 april 2010

လျှပ်စစ်မီးရရှိရေးအတွက်ဆန္ဒပြတောင်းဆို

Friday, 23 April 2010 15:02 လွန်းဒင်
.ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်လျှပ်စစ်မီးရရှိရေးအတွက်အမျိုးသမီးများလမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ယခုလ၂၁ရက်နေ့ည(၈)နာရီခွဲခန့်တွင်စစ်တွေမြို့၊ကုန်တန်းရပ်ကွက်မှအမျိုးသမီးများက၅၀၀ ကျော်ခန့်သည်လျှပ်စစ်မီးမရသည်မှာ၎လရှိပြီဖြစ်သောကြောင့်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟုမြို့ခံတဦးက ပြောသည်။
“မီးမလာတာတော်တော်ကြာတော့အမျိုးသမီးတွေစုပြီးလမ်းလျှောက်ဆန္ဒပြကြတာ၊ည(၁၀)နာရီလောက်ကြတော့အေးအေးချမ်းချမ်းဘဲပြန်သွားကြတယ်” ဟုပြောသည်။
ယင်းကဲ့သို့ဆန္ဒပြလမ်းလျှောက်ပွဲကိုအာဏာပိုင်များဘက်မှတစုံတရာအရေးယူခြင်းမရှိသေးကြောင်း မြိုကခံကဆက်ပြောသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍“မနေ့က၂၂ ရက်နေ့ကျတော့စခန်းမှူးအပါအဝင်ရဲတပ်ဖွဲ့ဝင်တွေအားလုံး အဲဒီရပ်ကွက်ကိုလုံခြုံရေးအပြည့်ချထားတယ်”ဟု၎င်းကပြောသည်။
ယင်းအမျိုးသမီးများသည်အချင်းချင်းတိုင်ပင်ပြီးလျှပ်စစ်မီးရရှိရေးအတွက်အစိုးရမှ တစုံတရာလုပ်ဆောင်မှုမရှိလျှင်ဆန္ဒပြပွဲကိုဆက်လုပ်သွားမယ်ဟု၎င်းကဆက်ပြောသည်။
“တကယ်လို့တပတ်အတွင်းမှာလျှပ်စစ်မီးရရှိရေးအတွက်တစုံတရာအရေးယူဆောင်ရွက်မှုမရှိဘူးဆိုရင် သံဃာတော်တွေအပါအဝင်အားလုံးစုဝေးပြီးတော့ဒီထက်ကြီးကျယ်တဲ့ဆန္ဒပြပွဲတွေကို ပြောင်ပြောင်တင်းတင်းဆက်လုပ်သွားမယ်လို့ ပြောတယ်”ဟုအဆိုပါ မြို့ခံကပြောသည်။

ငြမ်းပြိုသည်ကိုပေါက်ကွဲမှုဖြစ်သည်ထင်၍ထိတ်လန့်နေကြ

Friday, 23 April 2010 15:13 ရိုးမ ၃
.ဆောက်လုပ်စဲလေးထပ်တိုက်ပြိုကျသည်ကိုဗုံးပေါက်ကွဲသည်ထင်ပြီးပြည်သူလူထုအထိတ်တလန့် ဖြစ်နေသည်။
ယနေ့နံနက်၁၁နာရီခန့်ကရန်ကုန်မြို့၊လသာမြို့နယ်၂၃လမ်းအထက်ဘလောက်အိမ်အမှတ်၁၁၆/၁၂၀ တွင် ဆောက်လုပ်ဆဲလေးထပ်တိုက်ငြမ်းပြိုကျခဲ့ခြင်းဖြစ်သည်။
“ဆောက်လက်စအာစီ(RC)တိုင်ငြမ်းကတဆင့်ပြိုကျတော့ဝုန်းကနဲ့မြည်သွားတာကိုလမ်းသူလမ်းသားတွေ နောက်ဈေးရောင်းနေတဲ့သူတွေကဗုံးပေါက်တယ်ထင်ပြီးထွက်ပြေးကုန်ကြတာ”ဟုမျက်မြင်တဦးက ပြောသည်။
အဆိုပါငြမ်းပြိုကျမှုကြောင့်လင်ခရုဆာကားတစီးပျက်စီးသွားပြီးအလုပ်သမားတဦးဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့်လ၁၅ရက်နေ့ကလည်းရန်ကုန်တိုင်း၊ပန်းဘဲတန်းမြို့နယ်တွင်သုံးထပ်တိုက်တလုံးပြိုကျခဲ့ပြီး၁၀ တန်းဖြေဆိုမည့်ကျောင်းသူတဦးသေဆုံးခဲ့သည်။
ရန်ကုန်မြို့တွင်သင်္ကြန်အတွင်းကဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းမြို့ခံလူထုအနေဖြင့် ထိတ်လန့်စိုးရွံ့မှုများဖြစ်နေလျှက်ရှိသည်။

donderdag 22 april 2010

ပြည်သူပိုင်တိုက်ခန်းများကိုအထပ်ပိုဆောက်ရန်လုပ်ဆောင်နေ

Thursday, 22 April 2010 15:22 လွန်းဒင်
.သုံးထပ်တိုက်ပြိုကျပြီးနောက်ပိုင်းပြည်သူပိုင်တိုက်ခန်းများကိုအာဏာပိုင်နှင့်ကန်ထရိုက်တို့ပူးပေါင်းပြီး ရန်ကုန်တိုင်းတွင်းအန္တာရာယ်ရှိသည့်တိုက်ခန်းများကိုဖျက်ပြီးပြန်လည်ဆောက်လုပ်ရန်စီစဉ်လျှက်ရှိသည်ဟု မြို့ခံတဦးကပြောသည်။
ယင်းကဲ့သို့ဆောက်လုပ်ရာတွင်ယခင်ရှိပြီးသားတိုက်ခန်းများထက်အထပ်ပိုဆောက်မှာဖြစ်ပြီးဓါတ်လှေခါးပါ တပ်ဆင်ပေးမည်ဟု၎င်းကပြောသည်။
“မြို့ထဲမှာရှိတဲ့တိုက်ခန်းတစ်ခန်းရဲ့ပေါက်ဈေးကရိုးရိုးသာမန်တိုက်ခန်းဆိုရင်သိန်း(၂၀၀)၊(၃၀၀)အထက် ဝန်းကျင်ပဲလေ။အခုလိုဓါတ်လေခါးတွေပါမှာဆိုရင်တာဝါသဘောမျိုးဖြစ်သွားတဲ့အတွက် မြို့လယ်ခေါင်မှာဆိုတော့သိန်း(၆၀၀)၊သိန်း(၇၀၀)ပြေးမလွတ်ဘူးလေသူတို့အတွက်တိုက်တစ်တိုက်ကို သိန်းထောင်ချီပြီးမြတ်မှာ”ဟု၎င်းကဆက်ပြောသည်။
၎င်းတို့ ဖျက်ရန်ရှိသောတိုက်ခန်းများမှာ(၂၈)၊(၂၉)၊(၃၀)၊(၃၁)လမ်းတို့ဖြစ်ပြီးမောင်ထော်လေးလမ်းရှိ တိုက်ခန်းစုစုပေါင်း(၆၀)ခန့်ရှိသည်ဟု၎င်းကပြောသည်။ယင်းတိုက်ခန်းတွင်နေသူများသည်မိမိအခန်းမှ ပြောင်းပြီးတခြားတွင်ငှားနေရမည်ဟုဆက်ပြောသည်။
“အိမ်ငှားနေဖို့တစ်လကိုအခန်းပိုင်ရှင်တစ်ဦးကိုတစ်သိန်းနှုန်းပဲပေးမယ်တဲ့၊တစ်သိန်းဘဲပေးမယ်ဆိုတော့ အခန်းပိုင်ရှင်တွေကငှားနေဖို့ဒီတစ်သိန်းနဲ့အဆင်မပြေဘူးလေ။မြို့ထဲမှာပဲငှားနေရင်တောင်စပေါ်မပါပဲ အိမ်းခန်းခတစ်လကို(၂)သိန်းလောက်ရှိတယ်အခန်းပိုင်ရှင်တွေလည်းတော်တော်စိတ်ညစ်နေတယ် အခန်းမငှားနိုင်တော့ကိုယ့်မြို့ရွာတွေပြောင်းရွေ့ကုန်ကြပြီ” ဟုပြောသည်။
တချို့ရပ်ဝေးဒေသသို့ပြန်ရမည့်သူများသည်မိမိပိုင်ဆိုင်သောအိမ်ထောင်ပရိဘောဂများကိုရရာဈေးနှုန်းဖြင့် ရောင်းချကာပြန်နေကြသည်ဟုပြောပြီးတိုက်ခန်းပြန်ရသောသူများမှာလည်းဟောခန်းပုံစံရရှိမှာဖြစ်ပြီး အခန်းကိုအကုန်ပြန်ပြင်ဆင်ရမည်ဖြစ်သည်ဟု၎င်းမြို့ခံကဆက်လက်ပြောသည်။

vrijdag 2 april 2010

ကြံ့ဖွံ့အဖွဲ့ မဲရရန် လမ်းခင်းပေးလျှက်ရှိ

Friday, 02 April 2010 13:42 လွန်းဒင်
.ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်မှကြံ့ဖွံ့(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း)များ ရွေးကောက်ပွဲအတွက်မဲရရှိရန်စည်းရုံးသည့်အနေဖြင့်ရပ်ကွက်လမ်းများကိုပြင်ပေးနေကြောင်း မြို့ခံတဦးက ပြောသည်။
၎င်းအဖွဲ့သည်လူထုအကျိုးအတွက်လမ်းပြင်ပေးခြင်းမဟုတ်ပဲရွေးကောက်ပွဲတွင်အသင်းဝင် အင်အားတိုးလာရန်လူထုအပေါ်အကြပ်ကိုင်သည့်စည်းကမ်းများထုတ်၍လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“သူတို့အသင်းကပြင်ပေးမယ့်လမ်းဘေးဝဲယာမှာနေကြတဲ့အိမ်ထောင်စုတွေထဲကအနည်းဆုံး တအိမ်ထောင်ကိုတယောက်ကြံ့ဖွံ့အသင်းကိုမဝင်မနေရဝင်ခိုင်းတယ်၊အဲဒီလမ်းထဲကလူတွေက အသင်းဝင်ဖို့ ငြင်းဆန်ခဲ့ရင်အခြားလမ်းတလမ်းကိုပဲသွားပြင်ပေးမယ်လို့သန်လျင်မြို့နယ်ကြံ့ဖွံ့အမှုဆောင်တွေကရပ်ကွက် (ရယက)ရုံးမှာအစည်းအဝေးခေါ်ပြီးပြောတယ်” ဟုပြောသည်။
လမ်းကိုမြေညှိ၊ကျောက်ခင်းသည့်အချိန်ကစ၍ကတ္တရာခင်းပြီးအထိပြည်သူများကတအိမ်ထောင်လျှင် တယောက်ကိုယ့်အားကိုယ်ကိုးပါဝင်လုပ်အားပေးရမည်ဆိုသည့်စည်းကမ်းချက်ခုလည်းပါဝင်ကြောင်း၎င်းက ဆက်ပြောသည်။
အဆိုပါစည်းကမ်းချက်များသည်မြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ဥပဒေများနှင့် ညှိစွန်းကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။
“ရပ်ကွက်ပြည်သူတွေကတော့ကြံ့ဖွံ့အသင်းမတရားလုပ်တာသိနေပေမယ့်လည်းကိုယ့်အိမ်ရှေ့လမ်း ကတ္တရာမခင်းပေးမှာစိုးတဲ့အတွက်ကြောင့်ပြန်မပြောရဲပဲငြိမ်ခံနေကြတာ၊ကိုယ့်အိမ်ရှေ့ကိုယ်အနက်(၂) ပေ၊အကျယ်(၁)ပေရှိတဲ့ရေမြောင်းတခုကိုပါတူးပေးရမယ်လို့ရပ်ကွက်ရယကနဲ့ကြံ့ဖွံ့တွေက လိုက်ပြောနေကြတယ်” ဟု ပြောသည်။
အသင်းကခင်းပေးသည့်လမ်းများမှာထန်းပင်ကုန်း(၁)လမ်း(ထန်းပင်ကုန်းရပ်ကွက်)၊နှင်းဆီလမ်း (မြို့မတောင်ရပ်ကွက်)၊ရွာသစ်လမ်း(ဗိုလ်ချုပ်ကျေးရွာ)၊ဗိုလ်ချုပ်ကျေးရွာတောင်ပိုင်းလမ်းနဲ့ သောက်တော်တွင်းရပ်ကွက်လမ်းတို့ဖြစ်သည်။
ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ စစ်အစိုးရလက်အောက်ခံလူမှုရေးအဖွဲ့များနှင့်၎င်းတို့ ကျောထောက်နောက်ခံပြုထားသည့်အဖွဲ့များအနေဖြင့်လူထုစည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်နေလျှက်ရှိသည်။

donderdag 25 maart 2010

မြို့ခံပြည်သူများကို အာဏာပိုင်များက ခြိမ်းခြောက်မှုများရှိလာ

Thursday, 25 March 2010 10:17 ဖြိုးကြီး
.ဒေသအာဏာပိုင်များက အတိုက်အခံပါတီဝင်များနှင့် ဆက်ဆံနေသူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်နေကြောင်း မြို့ခံတဦးက ပြောသည်။
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ပေါ်ရှိ အတိုက်အခံအဖွဲ့ဝင်များ၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူများ၏ မိတ်ဆွေ အပေါင်းအသင်းများအား ပြောဆိုခြင်းဖြစ်သည်။
“ဒီလူတွေကို (၅/ည) နဲ့ အချိန်မရွေးဖမ်းဖို့ အော်ဒါထုတ်ထားပြီးသား ခင်ဗျားတို့ပါ ပါသွားချင်လို့လား ဆိုပြီး ကြံ့ခိုင်ရေးအဖွဲ့က လူတွေနဲ့ ရယကအဖွဲ့ဝင်တွေက ပြောဆိုတာတွေလုပ်တယ်” ဟု မြို့ခံတဦးက ပြောသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသူများ ဝင်ထွက်သွားလာသည့် အိမ်များကို စောင့်ကြည့်ခြင်းများလည်းရှိကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။
“သူတို့ဝင်ထွက်သွားလာတဲ့အိမ်တွေ၊အပေါင်းအသင်းတွေကိုခြိမ်းခြောက်ပြောတာတွေလုပ်တယ် တချို့လူတွေကိုဆိုရင် စောင့်ကြည့်တာတွေပါလုပ်တယ်” ဟု ပြောသည်။
ထို့အပြင် အင်္ဂပူတမြို့နယ်လုံးရှိ အိမ်ထောင်စု စာရင်းများအား အသစ်လဲရန် တအိမ်လျှင် (၇၀၀) ကျပ်နှုန်း ကောက်ခံမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် (၁)လပိုင်းမှ စတင်ကြေညာထားပြီး အချို့နေရာများတွင် ကောက်ခံနေလျှက် ရှိသည်။
စစ်အစိုးရပြုလုပ်မည့်ရွေးကောက်ပွဲကာလ နီးလာသည်နှင့်အမျှ ဒေသတွင်းအာဏာပိုင်များက ယခင်ကထက် ပိတ်ပင်တားဆီးမှုများ နည်းမျိုးစုံဖြင့်လုပ်ဆောင်လာကြောင်း မြို့ခံက ပြောသည်။

woensdag 17 maart 2010

မီးဘေးသင့်အိမ်ခြေများ နေရာချထားမှုကို တိုင်းမှူးထံသို့ တင်ပြထား

Wednesday, 17 March 2010 09:36 ဖြိုးကြီး
.မီးဘေးသင့်အိမ်ထောင်စုများအား နေရာပြန်လည်ချထားရာတွင် ဒေသအာဏာပိုင်များ၏ အမြတ်ထုတ် ကိုယ်ကျိုးရှာမှုများ ရှိနေသည့်အတွက် တိုင်းအာဏာပိုင်များထံသို့ တင်ပြတိုင်ကြားသည်ကို ယနေ့ထိအရေးယူဆောင်ရွက် ပေးခြင်းမရှိကြောင်း ဒေသခံတဦးက ပြောသည်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် စက်ကုန်းကျေးရွာမှ မီးလောင်ခဲ့သည့် အိမ်ခြေများကို ပြန်လည်နေရာချထားပေးရာတွင် နေအိမ်ဆောက်လုပ်နေထိုင်ရန် ခက်ခဲသည့် ချိုင့်ဝှမ်း၊ အင်းအိုင်များအတွင်း နေရာချထားသည့်အပြင် ယခင်ပိုင်ဆိုင်သော မြေဧရိယာ တဝက်ခန့်သာပြန်ပေးသဖြင့် ဒေသခံများက တိုင်းမှူးထံသို့ တင်ပြတိုင်တန်းခဲ့ခြင်းဖြစ်သည်။
“မီးလောင်မြေကို သိမ်းယူသွားပြီးတော့ နေရာချပေးတာ ရဟန်းရှင်လူ မကြိုက်တဲ့နေရာကိုပေးတယ်၊ အဲဒါတောင် အပြည့်ပြန်ပေးတာ မဟုတ်ဘူး၊ အဲဒီအထဲက ကမ်းနဲ့နီးတဲ့ အိမ်ခြေ (၁၄) လုံးနေရာကို ဘယ်သူ့ကိုမှ မပေးဘဲထားတယ်၊ အဲဒီနေရာက စီးပွားရေးလုပ်ငန်း လုပ်လို့ရတဲ့နေရာ” ဟု ဒေသခံက ပြောသည်။
ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ကျေးရွာအေးချမ်းသာယာရေးအဖွဲ့က နေရာချထားရေးအတွက် အစည်းအဝေးပြုလုပ်ရာတွင် ယခင်နေရာတွင်သာ ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း ပြောကြားသော်လည်း လက်တွေ့တွင် အများဆန္ဒနှင့်အညီ လုပ်ဆောင်ခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။
စက်ကုန်းကျေးရွာတွင် အိမ်ခြေပေါင်း (၁၂၁) လုံးရှိကာ ပြီးခဲ့သည့် နှစ် (၁၁)လပိုင်းက လောင်ကျွမ်းခဲ့သည့် မီးကြောင့် အိမ်ခြေ (၂၈) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ရပ်မိရပ်ဖများက ကူညီထောက်ပံ့မှုအချို့ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဒေသဆိုင်ရာအာဏာပိုင်များလုပ်ရပ်ကို အနောက်တောင်တိုင်း၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေထံသို့ ပြီးခဲ့သည့်လ (၃) ရက်နေ့ နေ့စွဲဖြင့် တရားဝင်တင်ပြထားသော်လည်း ယနေ့အထိတစုံတရာ အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း ဒေသခံက ဆက်ပြောသည်။

dinsdag 16 maart 2010

ရွှေပြည်သာစက်မှုဇုံ (၂) မှ 'OK' ကြာဇံစက်ရုံတွင် ဆန္ဒပြမှုဖြစ်ပွား

Tuesday, 16 March 2010 18:46 ကောင်းမြတ်ကျော်
.ရန်ကုန်းတိုင်းအတွင်းရှိ ရွှေပြည်သာစက်မှုဇုံ (၂) မှ 'OK' ကြာဇံစက်ရုံတွင် အလုပ်သမား (၁၀၀) ခန့် ယမန်နေ့ မွန်းတည့် (၁၂) နာရီမှစ၍ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြသည်။
အလုပ်အားခ နည်းပါးသည့်အတွက် အရေးဆိုပေးရန် ရွှေပြည်သာအလုပ်သမားရုံးသို့ အလုပ်သမ (၁၀) ဦး သွားရောက်တိုင်တန်းရာမှ ယခုကဲ့သို့ ဆန္ဒပြနေခြင်းဖြစ်သည်။
"ပထမတော့ ၁၀ ယောက်၊ နောက်တခါကျတော့ လေးငါးဆယ်ယောက်။ ရွှေပြည်သာ အလုပ်သမားရုံးကို ချီတက်ပြီး သွားတိုင်တာ။ တစ်နေ့ (၁၇၀၀)ရတာကို (၂၅၀၀) တိုးပေးဖို့ သူတို့ကို လာပြောပေးဖို့။ အဲလိုမျိုးမှ တိုးမပေးလို့ရှိရင် သူတို့ အလုပ်မဆင်းတော့ဘူးပေါ့။ အဲဒါ အခု ဒီမနက် (၉)နာရီထိတော့ အလုပ်ရှင်ဘက်က ဘာမှ လိုက်လျောတာ မရှိသေးဘူး"ဟု ဆန္ဒပြအလုပ်သမားများနှင့် နီးစပ်သူ အမျိုးသမီးတဦးက ပြောသည်။
အဆိုပါ ဆန္ဒပြအလုပ်သမား (၁၀၀)ခန့်တွင် အများစုမှာ အမျိုးသမီးများဖြစ်ကြောင်းနှင့် စက်ရုံရှိ အလုပ်သမားများသည် နယ်မှ လာရောက် လုပ်ကိုင်ကြသူ အများစုဖြစ်ကြောင်း အဆိုပါ ဆန္ဒပြအလုပ်သမားများနှင့် နီးစပ်သူ အမျိုးသမီးက ဆက်ပြောသည်။
"နယ်က အလုပ်သမားတွေများတော့ အလုပ်ရှင်က လိုင်းခန်းလေးတွေ ပေးထားတာပေါ့နော်။ အခု မပေးတော့ဘူးဆိုတဲ့ အခြေအနေမှာ ရှိနေတယ်။ ပြီးတော့ အလုပ်က နေ့ရောညရော ဆင်းရတယ်။ မနက် (၈) ရှစ်နာရီကနေ ညနေ (၆) နာရီ။ (၆) နာရီနောက်ပိုင်း မီးလာရင် လာသလို ဆက်လုပ်ရတာပဲ။ သူတို့မှာ ဘိုးနပ်စ်ကြေးတွေ ဘာတွေလည်း မရှိဘူး" ဟု သူမက ဆက်လက်ပြောဆိုသည်။
အဆိုပါ ဆန္ဒပြအလုပ်သမားများသည် အလုပ်ရှင်ဘက်မှ တစုံတရာ လိုက်လျောမှုမရှိသေးသဖြင့် အလုပ်မဆင်းဘဲ စက်ရုံရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပြီး တောင်းဆိုချက်အနေဖြင့် အခမဲ့ ဆေးကုသခံယူခွင့်နှင့် တနေ့လုပ်ခ (၁၇၀၀)မှ(၂၅၀၀)သို့ တိုးမြှင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

maandag 15 maart 2010

ဖူး၍ မပွင့်သော စံပယ်ရိုင်း

မင်းဆွေသစ်
တနင်္လာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၂၇ မိနစ် .

စာအုပ်အမည် အရိုင်းစံပယ်
ရေးသူအမည် အောင်လင်း
ထုတ်ဝေသူ ဦးသန်းဆွေ
(စစ်သည်တော်စာပေ)
ခွင့်ပြုချက်အမှတ် ၅၆၇/၉၈(၁ဝ)
ပုံနှိပ်ခြင်း ၁၄ ကြိမ်၊ နိုဝင်ဘာလ ၂ဝဝဝ ခုနှစ်
အုပ်ရေ ၁ဝဝဝ
တန်ဖိုး ၂ဝဝဝ ကျပ်                                           

(က)
အမည်ရင်းက (ဦး)တင်ဖေဖြစ်သည်။ အောင်လင်းက (ဦး)တင်ဖေ၏ ဖက်ဆစ်တော်လှန်ရေးအတွင်း မြေအောက်လုပ်ငန်းများ လုပ်ဆောင်စဉ် ပေးထားသည့် လျှို့ဝှက် အမည်ဝှက်ဖြစ်သည်။ နောင် .. (ဦး)တင်ဖေ စာရေးသည့်အခါ၌ ဤအမည်ဝှက် အောင်လင်းအား ကလောင်အမည်အဖြစ် ယူခဲ့သည်။ အောင်လင်းက တော်လှန်ရေးနှင့် စပ်ဆက်နေသော ကလောင်ဖြစ်သည်။ (ဦး)တင်ဖေသည် ဒုတိယ ကမ္ဘာစစ်အတွင်း ရေစကြို အာရှလူငယ် အစည်းအရုံးတွင်ပါခဲ့၏။ ဖက်ဆစ်တော်လှန်ရေးတွင် ပခုက္ကူခရိုင်၏ လူငယ်ခေါင်းဆောင် တဦး...။ တို့ဗမာအစည်းအရုံးဝင် အသက်အငယ်ဆုံးသော ‘သခင်’ တဦးလည်း ဖြစ်သည်။ နေသူရိန် လူထုအစည်းအဝေးကြီးသို့ ပခုက္ကူခရိုင်မှ ကိုယ်စားလှယ်တဦးအဖြစ် တက်ရောက်ခဲ့၏။ စစ်ပြီးခေတ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့၏။ ကျောင်းသင်ခန်း ပညာရေးနှင့် စာပေဂီတနှင့် အနုပညာတို့ အားပြိုင်မှုတွင် (ဦး)တင်ဖေသည် စာပေဂီတနှင့် အနုပညာဘက်သို့ အလေးသာပေးခဲ့၏။
(ဦး)တင်ဖေက ၁၉၄၇ ခုနှစ်တွင် ကျင်းပသည့် ရန်ကုန်တက္ကသိုလ်မှ ပြုလုပ်သော ဂီတပြိုင်ပွဲတွင် ပတ္တလား၊ မယ်ဒလင်၊ တယော သုံးမျိုးလုံး၌ ဆုရခဲ့၏။ ပထမဆု ၂ ဆုနှင့် ဒုတိယဆု.....။ ထို့နောက် (ဦး)တင်ဖေသည် ကျောင်းမှထွက်ပြီး အနုပညာနယ်ပယ်တွင်သာ စီးမျော၍ နေတော့သည်။ ‘အပုလေး’ အမည်နှင့် စာစရေးသည်။ စာပေသစ်မဂ္ဂဇင်းအား စတင်တည်ထောင်သူများထဲတွင် ပါဝင်ခဲ့သည်။ စာပေသစ်တွင် ‘စာပေတရားခွင်’ အမည်နှင့် စာပေ ဝေဖန်ရေး ဆောင်းပါးများ ရေး၏။ ‘စာပေသစ်အောင်လင်း’ ဟူ၍ပင် ခေါ်လာကြရသည်။ သရုပ်မမှန်သော စာများအား စာပေတရားခွင်မှာ စာပေသစ်အောင်လင်းက စီရင်၏။ မြန်မာနိုင်ငံ စာရေးဆရာအသင်း အကွဲအလွဲများတွင် ပါပြန်၏။ (ဆရာ)ဒဂုန်တာရာ၊ (ဆရာ)ဗန်းမော်တင်အောင်တို့က တဖက် .......။ သူက တဖက် .......။ (ဆရာ) စိန်ခင်မောင်ရီနှင့် သူက တွဲဖော်တွဲဘက်။
အောင်လင်းအမည်နှင့် ဝတ္တုရှည်ပေါင်း ၇ဝ ကျော် ရေးခဲ့၏။ အရိုင်းစံပယ်က ဆရာဝတ္တုများထဲမှ စာပေဗိမာန်ဆုရသည့် စာအုပ်ဖြစ်သည်။ ၁၄ ကြိမ်ထိ ပြန်လည်ပုံနှိပ်ရသော စာအုပ်လည်း ဖြစ်သည်။ အရိုင်းစံပယ်အား ရုပ်ရှင်လည်း ရိုက်၏။ ရုပ်ရှင်မင်းသားကြီး (ဦး)ထွန်းဝေတို့၊ ပန်းချီစိုးမိုးတို့နှင့်......။

(ခ)
အရိုင်းစံပယ်တွင် အဓိကဇာတ်ကောင်မှာ ‘မ’ ဟု ဆိုချင်သည်။ အမျိုးသားဇာတ်ကောင် ‘ကိုဘခက်’ သည်ပင် ‘မ’ နှင့် ယှဉ်လျှင် အားပျော့၍ နေသည်။ အခြားဇာတ်ကောင်များမှာ ‘မ’ တို့၏ မိသားစု၊ ‘မ’ ၏ အဖေ ဦးကျော်ဒင်၊ အမေ ဒေါ်ခင်မျိုးသန့်နှင့် အမ ‘မွန်’၊ နှင့် ညီမ ‘မော်’တို့ ဖြစ်ကြ၏။ ပြီးလျှင် ….. ဇာတ်ရံများအဖြစ် ဘလှသန်းထွန်းနှင့် ကိုခင်မောင်ကြည်တို့ ပါကြသည်။ နှစ်ယောက်စလုံးမှာ ပညာတတ်၊ ငွေကြေးပြည့်စုံသည့် အသိုင်းအဝိုင်းမှ ဖြစ်ကြသည်။ အရိုင်းစံပယ်တွင် ပါဝင်ကြသည့် အဓိက ဇာတ်ရုပ်များက ဤမျှသာပင် .....။ ‘မ’ ‘ကိုဘခက်’၊ ‘ဦးကျော်ဒင်’ တို့နှင့် ကျန်သည့်သူများ၏ အားပြိုင်မှုတို့ဖြင့် အရိုင်းစံပယ်အား ဆွဲခေါ်၍ သွားသည်။ အမှန်မှာ .......။

(ဂ)
အမှန်မှာ .........။
‘မ’၊ ‘ကိုဘခက်’၊ ‘ဦးကျော်ဒင်’ နှင့် ကျန်သည့် ဇာတ်ကောင်များ၏ အားပြိုင်မှုမျှသာမဟုတ် .....။ ရေပေါ်ဆီ အီလစ်များ၏ ဥရောပယဉ်ကျေးမှုနှင့် ယင်းယဉ်ကျေးမှုအား လက်မခံသူတို့၏ အားပြိုင်မှုဟု ဆိုရမည်။ ဟောင်းနွမ်းဖောက်ပြန်သော ယဉ်ကျေးမှုဟောင်းနှင့် တိုးတက်သန့်စင်သည့် ယဉ်ကျေးမှုအသစ်တို့ တိုးတိုက်မိကြခြင်း ဖြစ်၏။ ယဉ်ကျေးမှုချင်း တိုးတိုက်မိရာမှ အရိုင်းစံပယ် ဖြစ်လာရသည်။
ဇာတ်လမ်းအရမူ သာမန်အချစ်ဇာတ်လမ်း တပုဒ်မျှပင်။ ကိုဘခက်နှင့် မ' တို့၏ ရင်ခုန်လွမ်းမောဖွယ် အချစ်ဇာတ်လမ်း ရိုးရိုးပင်။ မဲပြာပုဆိုး မြန်မာအချစ်ဝတ္တု တပုဒ်မျှသာ .....။ သို့သော် ......။

(ဃ)
သို့သော်......။
ဆရာအောင်လင်းသည် မဲပြာပုဆိုး အချစ်ဇာတ်လမ်း တပုဒ်မျှဖြင့် အရိုင်းစံပယ်အား ရေးဖွဲ့ထားခြင်း မဟုတ်။ အထက်တန်းလွှာ အီလစ်တို့၏ ဖောက်ပြန်မှုများအား အရိုင်းစံပယ်အဖြစ် ရေးသားထားခြင်း ဖြစ်သည်။ ယဉ်ကျေးမှု အဟောင်း၏ ရွံရှာဖွယ်များအား အနုပညာဖြင့် ဖော်ပြခြင်းဖြစ်သည်။
ကိုဘခက်သည် ဂီတ၊ အနုပညာသမား လူငယ်တဦး ဖြစ်သည်။ ရန်ကုန်မှမဟုတ် နယ်မှဖြစ်သည်။ ဂီတသုခုမ အဖွဲ့ချုပ်ကြီးမှ ကျင်းပသည့် ဂီတပြိုင်ပွဲသို့ ဝင်ရန် ရန်ကုန်သို့ ဆင်းလာခဲ့၏။ ပြိုင်ပွဲတွင် စောင်း၊ တယော၊ စန္ဒယား သုံးမျိုးစလုံး၌ ဝင်၍ပြိုင်သည်။ မရ ......။ မည်သည့်ဆုမျှ ကိုဘခက်မရ။ ကိုဘခက်၏ ဂီတ အနုပညာရေချိန် နိမ့်၍မဟုတ်။ အကဲဖြတ် လူကြီးမင်းများက သူ့လူသူ ရွေးချယ်လိုက်ကြ၍ ဖြစ်သည်။ အခြေအနေမှန်ကို သိလိုက်ရသော ကိုဘခက်သည် တယောနှင့် ဘိုးတံကို ကိုင်ရင်း မတ်တပ်ရပ်လိုက်သည်။ ပြီးလျှင် အကဲဖြတ် လူကြီးများအား ကြည့်၍ စကားအား အော်၍ပြောသည်။
“ဒီမှာခင်ဗျာ --- ကျနော် စကားနည်းနည်း ပြောချင်ပါတယ်။ ကျနော်ဟာ ဒီဂီတ ပညာကို ချစ်လို့၊ မြတ်နိုးလို့ ရန်ကုန်နဲ့ မိုင်ပေါင်း ဝေးတဲ့ခရီးက လာရောက်ယှဉ်ပြိုင်တဲ့ သူတယောက်ပါ၊ ကျနော်ယှဉ်ပြိုင်တဲ့ စောင်း၊ တယော၊ စန္ဒယားသုံးမျိုးစလုံးမှာ ကျနော်ရဲ့ ပညာကို အကဲဖြတ်လို့ ရနိုင်ပါတယ်။ ကျနော် နားလည်ခဲ့တဲ့ ဂီတအနုပညာဆိုတာ ပုဂ္ဂိုလ်သံယောဇဉ်နဲ့ မပါပါဘူး။ မဆိုင်တဲ့ဂုဏ်ဒြပ် ဘွဲ့ထူးတွေလည်း မပါပါဘူး။ စည်းဝါးမင်မောင်းကို လှအောင် မတီးတတ်ဘဲ အတွဲအဖက် ဒရွန့်ဒွန့်မှန်အောင် မတီးနိုင်ဘဲ အကဲဖြတ် လူကြီးများက အနိုင်ပေးပြီး ဆုံးဖြတ်တာဟာ ဂီတကို ဆုံးဖြတ်တာလို့ ကျနော် လုံးဝ မယုံကြည်ပါဘူး။ ပုဂ္ဂိုလ်သံယောဇဉ် လိုက်ပြီး ဆုံးဖြတ်တာ၊ ဂိုဏ်းဂဏအရ ဆုံးဖြတ်တာ၊ ဂုဏ်အရှိန်အဝါကို လိုက်ပြီး ဆုံးဖြတ်တာပဲ ဖြစ်တယ်။ ဒီလိုဂီတပညာကို အလွဲသုံးစားလုပ်တဲ့ ပြိုင်ပွဲကို ဝင်ခဲ့မိတာ ကျနော့်ရဲ့ အမှားပါပဲ။ ဒီလိုပြိုင်ပွဲမျိုးတွေ ကြီးစိုးနေသမျှ ကျနော်ဟာ တသက်နှင့်တကိုယ် ပြိုင်ပွဲမဝင်တော့ဘူးလို့ ကြေညာပါတယ်” (စာမျက်နှာ ၄ မှ )
ဆရာအောင်လင်း ပြလိုသော ယဉ်ကျေးမှုဟောင်း၏ ဖောက်ပြန်မှု ဖြစ်မည်။

(ဃး ၁)
‘မော်’က ‘မ’ တို့ ညီအမများအထဲ၌ အငယ်ဆုံးဖြစ်သည်။ ယောက်ျားလေး သူငယ်ချင်းများ ရှိသည်။ ပါတီပွဲများသို့ သွား၏။ အမျိုးသားများနှင့်တွဲ၍ ‘က’ ၏။ ‘ဝိုင်’ ကိုလည်း သောက်၏။ တခါတရံ အရက်ပါ သောက်၏။ ညနက်သည်အထိ ကပွဲများ ပါတီပွဲများတွင် အချိန်ကုန်နေတတ်၏။ မိဘများက သူတို့၏ လူကုံထံ အသိုင်းအဝိုင်းအတွင်း၌ ဖြစ်နေကြခြင်းဖြစ်၍ မည်သို့မျှ မတား။ လွှတ်ထားသည်။ ‘မ’ ကမူ သူ့ညီမ ‘မော်’ အား ဆင်ခြင်ရန် သတိပေး၏။ မရ။ ကိုခင်မောင်ကြည်နှင့် မော်တို့ လွန်လွန်ကြူးကြူးအထိ ဖြစ်ခဲ့ကြ၏။ ကပွဲများမှအပြန် ညည့်နက်နက်ညများအတွင်း အကြိမ်ကြိမ် ဖြစ်ခဲ့သည်။ ကိုခင်မောင်ကြည်က အမေရိကမှ ပညာသင်ပြီး ပြန်လာသည့် ပညာတတ်တယောက်။ ‘မ’ တို့၏ မိသားစုနှင့်လည်း ရင်းနှီးသူဖြစ်ပြီး ‘မ’ ကိုလည်း လက်ထပ်ရန် ကမ်းလှမ်းထားသူ ဖြစ်သည်။ ‘မ’ ဘက်မှ အဖြေမပေးသေးသည့်အတွက် မင်္ဂလာအခမ်းအနား မကျင်းပဖြစ်ခြင်း ဖြစ်သည်။ ဤအခြေအနေ၌ ကိုခင်မောင်ကြည်သည် ‘မ’ ၏ ညီမ ‘မော်’ နှင့် လွန်လွန်ကြူးကြူး ဖြစ်နေကြခြင်း ဖြစ်သည်။
‘မော်’ က ကိုခင်မောင်ကြည်နှင့် ဖြစ်နေသလို တခြားတွင်လည်း ဘလှသန်းထွန်းနှင့်လည်း လွန်လွန်ကြူးကြူး ဆက်ဆံ၍ နေပြန်သည်။ ဘလှသန်းထွန်းသည်လည်း ‘မော်’ တို့လိုပင်။ လူကုံထံ အသိုင်းအဝိုင်းမှ ဖြစ်သည်။ သူ့အဖေက ဆရာဝန်ကြီးတဦး။ ဘလှသန်းထွန်းက ‘မော်’ အား လက်ထပ်ရန် ကမ်းလှမ်းဖူး၏။ ချုပ်ရသော် နောက်ဆုံး မော်သည် ကိုယ်ဝန်ရလာခဲ့၏။ ၃ လ ...။ မရှူနိုင် မကယ်နိုင် ဖြစ်၍လာတော့သည်။ မည်သူ့ကိုယ်ဝန်ဟူ၍ပင် ပြောရန် ခက်သည်။ ကိုခင်မောင်ကြည်က မော်အား အတွေ့မခံတော့။ ရှောင်၍နေ၏။ ဘလှသန်းထွန်းဆီသို့ မော်သွား၏။ ဘလှသန်းထွန်းနှင့်တွေ့ပြီး သူ့တွင် ကိုယ်ဝန်ရှိနေကြောင်း ပြောသည်။ လက်ထပ်ကြရန်လည်း တိုက်တွန်းကြသည်။
“ကိုယ့်ကိုယူဖို့ မင်းမှာ တာဝန်ရှိတယ်။ ကိုယ့်အရှက်ကို ကာကွယ်ဖို့ မင်းတယောက်ပဲ ရှိတယ်။ မင်း ကိုယ့်ကို သစ္စာမဖောက်ပါနဲ့”
ဘလှသန်းထွန်းသည် မော့်စကားကို နားထောင်ရင်း မခိုးမခန့်ဖြင့် ရယ်လိုက်ပြန်သည်။ ပြီးမှ မျက်နှာထား ခပ်တင်းတင်းဖြင့် တလုံးချင်း ပြန်မေးလိုက်သည်။
“မင်းအရှက်ကို ကာကွယ်ဖို့ ကိုယ်တယောက်ထဲပဲ ရှိသလားဟင်။ ကိုယ့်အပြင် ဘယ်သူမှ မရှိတော့ဘူးလား။ သေသေချာချာလည်း စဉ်းစားပါဦး။ မစ္စတာရှားမားရော မကာကွယ်နိုင်ဘူးလား။ မိုက်ကယ်ဘအေးတို့၊ ကိုညွန့်တင်တို့ရော ဘယ်သွားထားမလဲ။ မင်းနဲ့ အမြဲတွဲနေတဲ့ ဦးခင်မောင်ကြည်ကရော မင်းကို အကပ်မခံတော့ဘူးတဲ့လား။ ဦးခင်မောင်ကြည်က မင့်အမနဲ့ လက်ထပ်တော့မှာမို့ မင်း ငါ့ဆီ အပြေးလာတာ မဟုတ်လား”
“မင်း .. ငါ့ကို အရမ်းမစွပ်စွဲနဲ့။ မင်းဟာ ယောကျာ်းမဟုတ်ဘူး။ သစ္စာမရှိဘူး။ မိန်းကလေးတွေကို ဖျက်ဆီးနေတဲ့ လူယုတ်မာ။ မင်း လူယုတ်မာ”
မော်၏ စကားမဆုံးခင် ဘလှသန်းထွန်းသည် အမေရိကန် ဇာတ်လိုက်များကဲ့သို့ မော်၏ ပါးပြင်ကို လက်ပြန်လွှဲ၍ တအားရိုက်လိုက်သည်။
မော်သည် ဘလှသန်းထွန်းခြေရင်းတွင် ပုံလျက်သား လဲကျသွားတော့သည်။ (စာမျက်နှာ ၂၁ဝ-၂၁၁ မှ )
ဤသည်ပင် ဆရာအောင်လင်းက အရိုင်းစံပယ်တွင် ပြလိုသော ဖောက်ပြန်သော အီလစ်တို့၏ ယဉ်ကျေးမှုအကြောင်း ဖြစ်သည်။ ထားတော့ ........။

(င)
ထားတော့ ...။ ဇာတ်လမ်းအကြောင်းအရာ ဖတ်ရှုကြည့်ရအောင် ....။ ကိုဘခက်က ဂီတပြိုင်ပွဲတွင် ပေါက်ကွဲပြီး သူ၏ တယောအား ရိုက်ချိုး၍ ထွက်လာခဲ့သည်။ လမ်းတွင် ဦးကျော်ဒင်နှင့် တွေ့၏။ ဦးကျော်ဒင်က ဂီတပြိုင်ပွဲတွင် အကဲဖြတ်လူကြီးတဦး။ သူက ကိုဘခက်၏ အရည်အသွေးကို သိသည်။ သို့သော် ...... အကဲဖြတ် လူကြီးအများစုနှင့် ဦးကျော်ဒင် မဲခွဲ၍မရ .......။ နောက်ဆုံး ... ကိုဘခက် ဦးကျော်ဒင်၏ အိမ်သို့ရောက်ခဲ့၏။ “မ” တို့အား ဂီတပညာသင်ပေးရန် ဂီတဆရာအဖြစ် ........။ ဤတွင် ‘မ’ နှင့် တွေ့၏။ ‘မ’ က အမဖြစ်သူ မွန်နှင့်လည်း မတူ ....။ ညီမဖြစ်သူ မော်လိုလည်းမဟုတ် ....။ သူက ..... မြန်မာ့ဂီတကို မြတ်နိုးသည်။ အီလစ်တို့၏ ယဉ်ကျေးမှုအား မနှစ်သက် .........။ တည်ငြိမ်၏။ မွန်ကဲ့သို့လည်း အရာရာကို တန်ဖိုးသီဝရီသမား မဟုတ် .......။ မိသားစုအတွင်း ဦးကျော်ဒင်နှင့် မ' တို့ကတဖက်၊ ဒေါ်ခင်မျိုးသန့်၊ မွန်နှင့်မော်တို့ကတဖက် .......။ အမြဲတမ်း ကွဲလွဲမှုများ ရှိနေခဲ့ကြ၏။ မတူညီကြ .......။ ‘မ’ သာလျှင် ဂီတပညာအား ကိုဘခက်ထံတွင် သင်သည်။ ကိုဘခက်၏ အနုပညာကိုလည်း လေးစား၏။ အနုပညာကို လေးစားသည့် ‘မ’ နှင့် အနုပညာကို မြတ်နိုးသည့် ကိုဘခက်တို့ နှစ်ဦး ချစ်သူတွေ ဖြစ်သွားခဲ့၏။ ပေါ်ပေါ်တင်တင်မဟုတ် ......။ သိုသိုသိပ်သိပ်နှင့် ကြိတ်၍ ချစ်နေကြရခြင်း ဖြစ်သည်။ ဤသည်ကို ‘မော်’ က သိ၏။
“ဒီမှာ မော်၊ မင်း ကိုယ့်ကို လှောင်နေစရာ မလိုဘူး။ ကိုယ့်နားမှာ နားရှိတယ်။ မင်း သတင်းတွေ ကိုယ့်နားမှာ မဆံ့အောင် ကြားရတယ်။ ရှက်လည်း ရှက်တယ်။ မင်းအတွက် ဝမ်းနည်းတယ်။ ယောက်ျားတကာနဲ့ ဖက်ပြီးက။ သူတို့ခေါ်ရာလိုက်။ အချိန်မရှိ ပြန်လာ။ ဒါဟာ မိန်းမကောင်းတွေရဲ့ အပြုအမူ အနေအထိုင်မျိုးမဟုတ်ဘူး”
မော်၏မျက်နှာကလည်း နီရဲ၍လာသည်။ သို့သော် မော်က ငေါ့၍ တမင် ရယ်လိုက်သည်။
“ မ .. ဘာပြောတယ်။ မိန်းမကောင်းတွေ အလုပ်မဟုတ်ဘူး .....မဟုတ်လား။ ဒါဖြင့် မိန်းမကောင်းတွေကရော ဘယ်လိုများ နေထိုင်ကြသလဲ။ အိမ်ထဲမှာ အခိုင်းအစေ ကြမ်းပိုးတေလေနဲ့ ကုပ်ပြီး ကမြင်းတာမျိုးလား။ ဒီမှာ မ ... သူများနှာခေါင်း ဇောက်ထိုးဖြစ်နေတာကိုပဲ လက်ညှိုးမထိုးနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး။ မော်က ယောကျာ်းတကာနဲ့ ဖက်ပြီးကတယ်။ သူတို့ခေါ်ရာ လိုက်တယ်ဆိုတာ ဟုတ်တယ်။ ဒါပေမJh အဲဒီယောကျာ်းတွေက ကြမ်းပိုးတွေ မဟုတ်ဘူး။ ဖက်ခွက်စားတွေ မဟုတ်ဘူး။ ပညာတတ်တွေ၊ တကယ့် အဖိုးတန် ယောက်ျားတွေ နားလည်လား” (စာမျက်နှာ ၁၅၆-မှ)

(စ)
ဖက်ခွက်စား ကိုဘခက်နှင့် ‘မ’ အား သဘောမတူနိုင်ကြ....။ ပညာတတ် အမေရိကန်ပြန် ကိုခင်မောင်ကြည်နှင့် လက်ထပ်ရန် ‘မ’ ၏ မိခင် ဒေါ်ခင်မျိုးသန့်နှင့် မွန်တို့ စီမံကြတော့၏။ ကိုဘခက်လည်း ‘မ’ တို့ အိမ်တွင် နေခွင့်မရတော့ ...။ အပြင်တွင် ထွက်၍နေပြီး အနုပညာနှင့် ရပ်တည်နို်င်ရန် ကြိုးစား၍နေဆဲ ...။ ချုပ်ရသော် ‘မ’ နှင့် ကိုခင်မောင်ကြည်တို့၏ စေ့စပ်ကြောင်းလမ်းမှု ပျက်သွားခဲ့ရ၏။ ‘မော်’ နှင့် ကိုခင်မောင်ကြည်၏ လွန်လွန်ကြူးကြူး အရှုတ်တော်ပုံများကြောင့် ဖြစ်သည်။ ထိုနေ့တွင်ပင် ‘မ’ သည် ကိုဘခက်နောက်သို့ လိုက်သွားခဲ့တော့၏။ ကိုဘခက်နှင့် ‘မ’တို့ ရုံးတွင် လက်မှတ်ထိုးလိုက်ကြ၏။ အနုပညာ သမားကိုဘခက်နှင့် ဂီတကို မြတ်နိုးသူ ‘မ’ တို့၏ အိမ်ထောင်မှု ဘဝက ....။ ဖြစ်ရိုးဖြစ်စဉ်ပင် ခက်ခက်ခဲခဲ ရုန်းကန်ရသည်။ ‘မ’ ၏ မိဘများက မကြည်ဖြူ၊ ပစ်ထားကြ၏။ ဖခင်ကြီးကမူ ‘မ’ တို့ဘက်မှ ရပ်၏။ နောက်ဆုံး ဦးကျော်ဒင်၏ နောက်ဆုံးအချိန်ကို ရောက်လာခဲ့၏။ ‘မ’ နှင့် ကိုဘခက်၊ ဦးကျော်ဒင် အသဲအသန်ဖြစ်နေသည်ကို ကြည့်ရှုရန် အိမ်ကြီးဆီသို့ ပြန်လာခဲ့ကြ၏။
ဇာတ်လမ်းက ...... ပြီးဆုံးချိန် ရောက်လုပြီ ........။

(ဆ)
ဆရာအောင်သင်းက စာပေဆောင်းပါးတပုဒ်တွင် “ရသစာပေဖြစ်ဖြစ်၊ သုတစာပေဖြစ်ဖြစ် နိဂုံးခွန်အားကောင်းရန် အရေးကြီးသည်” ဟု ဆို၏။ The Curtain must fall with a strongest note ........။ ပွဲသိမ်းကန့််လန့်ကာကို အမြည်ဟီးဆုံး ပတ်မချက်သံဖြင့် ကျပါစေဟု ဆိုရမည်။
ဇာတ်လမ်းက ....... ပြီးဆုံးချိန်ရောက်ပြီ .....။ ‘မ’ နှင့် ကိုဘခက်တို့ ဦးကျော်ဒင်၏ ကုတင်နားသို့ရောက်တော့ ........ ဦးကျော်ဒင်သည် မိန်းမော၍ နေလေပြီ .......။ ‘မ’ အား စောင့်နေသကဲ့သို့ .......။ ‘မ’ ရောက်လာသည်နှင့် သေတမ်းစာအား ထုတ်ပြ၏။ ကျန်ရစ်သူများအတွက် အမွေခွဲဝေပေးမှုများ ......။ ‘မ’ နှင့် ‘မော်’ တို့နှစ်ယောက်က အမွေအများဆုံး ရကြသည်။ ‘မ’ ရသည့် အမွေများကို မကျေနပ်ကြ။
‘မ’ က ....။
“သမီး .. ဒီိအိမ်ကြီးကို မယူပါရစေနဲ့။ မေမေ့ကိုပဲ ပေးပါ။ ဖေဖေ့ ငွေလည်း ဖေဖေပေးတဲ့ အတိုင်း.....”
မ' စကားကို ဒေါ်ခင်မျိုးသန့်က ကြားဝင်၍ ဖြတ်လိုက်သည်။
“အံမယ်.... အလွမ်းသယ်မနေစမ်းပါနဲ့၊ ညည်း ဒီလို ပလီပလာတွေ များလွန်းလို့လည်း ညည်းအဖေက ညည်းကို ပိုပြီးရက်ရောနေတောပေါ့”
မ' သည် ပြောမည့်စကားကို ရှေ့မဆက်နိုင်ဘဲ ဒေါ်ခင်မျိုးသန့်ကိုသာ ငေးကြည့်ရင်း မျက်ရည်များ စီးကျလာတော့ည်။ စေတနာကို ဝေဒနာဖြစ်သည့်အတွက် ဝမ်းနည်းမိလေသည်။
“တွက်ကတ်ရာကျပါတယ် မာမီ၊ ပြောမနေပါနဲ့။ ဒီလောက်ပစ္စည်းနဲ့ ငွေလောက်ကို မာမီ့က အရေးလုပ်စရာ မလိုပါဘူး။ သူတို့ ခုလို အခြေအနေလေး ရှိသွားတာပဲ ဝမ်းသာရမှာပဲ။ နို့မို့ရင် သူတို့အတွက် ကိုယ်ကဝင်ပြီး ရှက်နေရမှာ”
မွန်၏ တင်စီးလှသော စကားကို နားထောင်ရင်း ‘မ’ သာမက ကိုဘခက်ပါ မခံမရပ် နိုင်အောင်ရှိတော့သည်။
ထို့ကြောင့်လည်း ကိုဘခက်သည် မွန့်ကို ခပ်တင်းတင်း စိုက်၍ကြည့်လိုက်သည်။
ယခုလို တဖက်စီးနင်းနိုင်လှသော စကားများကို ကြားရပြန်တော့လည်း ကိုဘခက် စိတ်ထဲ၌ အမောက်ထောင်ပြလိုက်ချင်သည်။
“ဦးကို ကျနော် တခုတောင်းပန်ပါရစေ၊ ‘မ’ အတွက်ရော၊ ကျနော်တို့ နှစ်ယောက်အတွက်ပါ ဦးပေးတဲ့ အခွင့်အရေးဟာဖြင့် နတ်သိကြား မ'လို့ရတဲ့ အခွင့်အရေးလောက် ကျေးဇူးကြီးလှပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးဟာ ကျနော်တို့နဲ့ မထိုက်တန်ပါဘူး။ ယူလည်း မယူလိုပါဘူး။ ဒီအခွင့်အရေးကို မယူဘဲ အရာရာ မညှိုးငယ်အောင်ထားဖို့ ကျနော် ကတိပြုပါတယ်။ ‘မ’ ကို မိဘလက်ထဲမှာထားတဲ့ အဆင့်အတန်းထက် မနိမ့်ကျအောင် ထားဖို့ ကျနော် ကတိပြုပါတယ်” (စာမျက်နှာ ၂၇ဝ-၂၇၁ မှ )
ပြီးပြီ....... ။ အဆုံးတွင် ကိုဘခက်သည် မိုးကုတ်မှ ကျောက်သူဋ္ဌေးကြီး ဦးစိန်ခက်၏ သားဖြစ်သည်။ အနုပညာကို ဝါသနာပါ၍ အိမ်မှထွက်ပြီး ရန်ကုန်တွင် ဇာတ်မြှုပ်၍နေသူ .......။ ဖက်ခွက်စားမဟုတ်........။ ပညာတတ် လူကုံထံတဦး ........။ ဤတွင် .......... အရိုင်းစံပယ်က ပြီးပြီ....။ “ပတ်မချက်သံ” အား မကြားလိုက်ရ........။ မချင့်မရဲ ဖြစ်ရသည်.....။ ကိုဘခက်သည် အနုပညာသမား၊ တိုးတက်သော လူတန်းစားအား ကိုယ်စားပြုသူဟု မှတ်ထင်ခဲ့၏။ တိုးတက်သန့်စင်သည့် ယဉ်ကျေးမှုသစ်၏ နိမိတ် .......။ ဤသို့ ထင်မှတ်ခဲ့ရ၏။
သို့သော် ........။ အဆုံးတွင်မူ ...... ဆရာအောင်လင်းသည် လူတန်းစာချင်းညှိ၍ ညီညွတ်မှု ပေးလိုက်၏။
ထိုကြောင့် ...... “ပတ်မချက်သံ” အား မကြားလိုက်ရခြင်း ဖြစ်မည်။

ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး NLD ဗဟိုကော်မတီ ဆွေးနွေးမည်

ဖနိဒါ
တနင်္လာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရန် ယခုလ ၂၉ ရက်နေ့တွင် ဗဟိုဦးစီး (CC) အဖွဲ့ဝင်များကို ရန်ကုန်ဌာနချုပ်သို့ ခေါ်ယူထားသည်ဟု NLD က ပြောသည်။
ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်များက အပတ်စဉ် ပါတီအစည်းအဝေး တရပ်ကို ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်၌ ယနေ့ ကျင်းပကာ ထိုသို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း CEC အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။
“မှတ်ပုံဆက်တင်မလား၊ ရွေးကောက်ပွဲ ဝင်မလား ဆွေးနွေးကြတယ်။ ဆုံးဖြတ်ချက်တော့ မချဘူး။ ကျနော်တို့ CC ကော်မတီဝင်တွေကို ခေါ်ထားပါတယ်။ အဲဒီကနေမှ ဆုံးဖြတ်ကြမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ကျန်းမာရေးကြောင့် NLD ရုံးသို့ အနည်းဆုံး ၆ လခန့် မလာနိုင်ခဲ့သော ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေသည်လည်း ယနေ့ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ယခင်လအတွင်းက NLD တိုင်းနှင့် ပြည်နယ်အသီးသီးမှ တင်သွင်းလာသော CC လျာထားစာရင်းများမှ CC အဖွဲ့ဝင် ၁ဝ၈ ဦးကို ရွေးချယ်အတည်ပြုနိုင်ခဲ့သည်။ ယင်းစာရင်းတွင် လက်ရှိထောင်ကျနေသော နိုင်ငံရေး အကျဉ်းသားများလည်း ပါဝင်နေသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ကျနေသည့် နိုင်ငံရေး အကျဉ်းသားများသည် မည်သည့်ပါတီဝင်မျှ မဖြစ်နိုင်တော့သဖြင့် NLD သည် “စိန်ခေါ်မှု” တခုနှင့် ရင်ဆိုင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ပြောဆိုခဲ့သည်။
၁၉၈၈ ခုနှစ် အာဏာသိမ်း နဝတ စစ်အစိုးရ လက်ထက်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခဲ့သည့် ပါတီများအနေဖြင့် ဆက်လက်ရှင်သန်လိုလျှင် နအဖ ၏ လတ်တလော ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသစ်အရ ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်လျှောက်ထားရမည်။
သို့မဟုတ်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် “ပျက်ပြယ်” သွားမည်ဖြစ်ကြောင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၅၊ ပုဒ်မ ၂၅ ၌ ဖော်ပြထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ဇေတဝန် ကျောင်းအတွင်း တရားမဝင် ကျွန်းသစ်များ ဖမ်းဆီး

ကျော်ခ
တနင်္လာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၅ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ပဲခူးမြို့ ဥဿမြို့သစ်ရပ်၊ ဇေတဝန် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ တရားမဝင် ကျွန်းသစ်များအား ယနေ့မနက် ၂ နာရီ၌ ဖမ်းဆီးမိကြောင်း သက်ဆိုင်ရာ မြို့ခံအာဏာပိုင်များထံမှ သိရသည်။
ပဲခူး-ရန်ကုန် ကားလမ်းမကြီးဘေး ဥဿာမြို့သစ်ရပ်ကွက်ကြီး အမှတ် ၆ ရှိ “ဇေတဝန်ကျောင်း” အတွင်း၌ တရားမဝင်သစ်များ ရောက်နေကြောင်း “ရပ်ကွက်သတင်းပေးချက်” အရ ပဲခူး အမှတ် ၃ ရဲစခန်း၊ သစ်တောရေးရာဦးစီးဌာန၊ မယကနှင့် ရယကတို့က ပူးပေါင်းဖမ်းဆီးခဲ့သည်ဟု သိရခြင်း ဖြစ်သည်။
“ကျောင်းဝင်းအတွင်းမှာပဲ ၁ဝ ဘီးကား ၂ စီး ဖမ်းလိုက်တယ်။ ဘယ်လောက်မိတယ်၊ တန်ချိန် ဘယ်လောက်ဆိုတာ။ အစီရင်ခံစာ ရောက်လာမှ အသေးစိတ် ပြောပြနိုင်မယ်။ အခုရုံးကို ဘာတခုမှ ရောက်မလာသေးဘူး” ဟု ပဲခူးမြို့ သစ်တောရေးရာ ဦးစီးဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ပဲခူး အမှတ် ၃ ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးကလည်း “မနက်တုန်းကတော့ ကျနော်တို့နဲ့ မယကနဲ့ သစ်တောလည်း ပါတယ်။ ဘုန်းကြီးကိုတော့ လောလောဆယ်တော့ ဘာမှဆုံးဖြတ်လို့ မရသေးပါဘူး။ စခန်းမှူးကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဇေတဝန်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္ကသည် သစ်မှောင်ခိုအဖြစ် နာမည်ထွက်နေပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လပိုင်းကလည်း နေပြည်တော်မှ အာဏာပိုင်များ ရောက်လာပြီး ယင်းကျောင်းဝင်းအတွင်း၌ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆရာတော်သည် အာဏာပိုင်များနှင့် နီးစပ်သူတဦးဖြစ်ပြီး ၂ဝဝ၇ ရွှေဝါရောင် ဆန္ဒပြသံဃာတော်များကို သံဃာအတုများဟု ဆိုကာ စစ်အစိုးရကို နှိမ်နင်းခွင့်ပြုခဲ့သူ ပဲခူးကြခတ်ဝိုင်းဆရာတော်၏ တူအရင်း တော်စပ်သည်ဟုလည်း ပဲခူးမြို့ခံများက ဆိုကြသည်။
ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္က ကမူ တရားမဝင် သစ်လုပ်ငန်းလုပ်နေကြောင်း စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး “ကျောင်းက ပဲခူး-ရန်ကုန် ကားလမ်းဘေးဆိုတော့ ဒီမှာလာပြီး ကုန်တင်ကုန်ချလုပ်တာ။ ပန်းဆွဲတွေ၊ ပန်းပုတွေလုပ်ဖို့ သစ်တွေပါ။ ကားနှစ်စီး ဖင်ချင်းဆိုင်ပြီးတော့ တင်နေတာ။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေတော့ မှတ်တမ်းယူနေတယ်။ ဘုန်းကြီးကိုတော့ ဘာမှ မမေးပါဘူး” ဟု မဇ္ဈိမကို မိန့်ကြားသည်။
ဆရာတော်က ဇေတဝန်ဝန်းအတွင်း၌ ကျောင်းဆောင်များကို “နိုင်ငံတော်အကြီးအကဲ” များက လှူဒါန်းခြင်း၊ ကျောင်းတွင်လည်း လာရောက်တရားထိုင်လေ့ရှိခြင်းတို့အပေါ် ရပ်ကွက်သားတချို့က မကျေနပ်သဖြင့် တိုင်ကြားခြင်း ဖြစ်သည်ဟု မိန့်သည်။
ဥဿာမြို့သစ်ရပ်ကွက်ခံ တဦးကမူ ယခုသစ်ခိုးထုတ်မှုတွင် အာဏာပိုင်များ ပါဝင်ပတ်သက်နိုင်သည်ဟု စွပ်စွဲပြောဆိုလိုက်သည်။
“ကားအစီးလိုက် ကျောင်းဝန်းထဲမှာ မိတာပဲ ဘယ်နှကြိမ် ရှိပြီလဲ။ ဒီသစ်တွေက ပဲခူးရိုးမဘက်က လာတာ။ ဒီလမ်းကြောင်းမှာလည်း သစ်တောအဖွဲ့နဲ့ အာဏာပိုင်တွေကို ဖြတ်လာတယ်ဆိုတာ စဉ်းစားကြည့်လေ။ အခုလည်း ရပ်ကွက်က စာနဲ့တမျိုး၊ ဖုန်းနဲ့တဖုံ တိုင်လို့ အခုလို လုပ်တာ” ဟု သူက ပြောသည်။
အခြားအရပ်သားတဦးကလည်း “ကျောင်းမှာက နိုင်ငံတော် အကြီးအကဲတွေ လာတယ်။ တရားထိုင်တယ်။ လှူတယ်ဆိုတဲ့ အရှိန်ရှိတယ်။ တော်ရုံရဲက ဖြုံတာပေါ့။ တချို့ရဲတွေဆိုရင် သူက ဟောက်လွှတ်တာ။ အခုကိစ္စမှာ အထက်က အမိန့်ပါလို့ ဖြစ်မယ်” ဟု ပြောသည်။
ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္က၏ ကျောင်းတွင် ယခင်နှစ် သြဂုတ်လ ၂၅ ရက်နေ့ကလည်း နေပြည်တော်တိုင်းမှ တာဝန်ရှိသူများ အပါအဝင် မြို့ခံရဲ၊ စရဖနှင့် သစ်တောရေးရာဦးစီးဌာနတို့ ပူးပေါင်းဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့သေးသည်။ ဆရာတော်ကိုမူ တစုံတရာ အရေးယူခြင်း မရှိခဲ့ပေ။

(ကိုဝိုင်း တည်းဖြတ်သည်။)



ကချင်ပါတီ ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်ပြီ

ဆလိုင်း ဟံသာစန်း
တနင်္လာနေ့၊ မတ်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၀ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံတင်ရန် လိုအပ်သော ဗဟိုကော်မတီဝင် ၁၅ ဦးနှင့် ပါတီဝင်အင်အား ၅ဝဝ ကျော် အရန်သင့်ရှိနေပြီး ပါတီကို မကြာမီ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်ရောက်မည်ဟု ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) က ဆိုသည်။
“ပါတီဝင်အင်အား ၅ဝဝ ကျော် အရန်သင့် ရှိပါတယ်။ ပါတီတရပ် ဖွဲ့စည်းဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပါပြီ။ အစိုးရက ရက်ပေါင်း ၆ဝ အတွင်းမှာ ပါတီမှတ်ပုံတင်ဖို့ လျှောက်ထားရမယ်ဆိုတော့ ဒီသတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ပါတီကို မှတ်ပုံတင်သွားဖို့ ကျနော်တို့ အခုပြင်ဆင်နေပါတယ်” ဟု ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက မဇ္ဈိမကို ပြောသည်။
KSPP ပါတီသည် ကချင်ပြည်နယ်မှ ရွေးကောက်ပွဲ ဝင်ရောက်ကာ၊ အာဏာရလာခဲ့ပါက ကချင်ပြည်နယ်သားများ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။
ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တွင် ဒု-ဥက္ကဋ္ဌ ၂ အဖြစ် ၁၉၇၅ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ၃၅ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပါတီထောင်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့က KIO မှ တရားဝင် နုတ်ထွက်ခဲ့သည်။
“တပ်မတော်က ပြုပြင်ပြောင်းလဲရေးအတွက် တတ်နိုင်သလောက် လုပ်ပေးနေတယ်လို့ မြင်တယ်။ အာဏာ ၇၅ ရာခိုင်နှုန်းကို ပြည်သူတွေကိုအပ်ပြီး ၂၅ ရာခိုင်နှုန်းကို သူတို့က ယူထားတယ်ဆိုတော့ ပြည်သူတွေက အခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်ဖို့ အရေးကြီးပါတယ်” ဟု သူက ဆိုသည်။
သို့သော် ရွေးကောက်ပွဲတွင် မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ ကချင်လူထုအကျိုးကို ဆောင်ရွက်ပေးနိုင်မည်ဟု မထင်ကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ကချင် လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ KDNG က ဆိုသည်။
KDNG ဥက္ကဋ္ဌ ကိုအောင်ဝါက “ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်း၊ ပါတီပဲဖြစ်ဖြစ် နိုင်ခဲ့လည်း ကချင်လူထုအတွက်တော့ သိပ်ထူးထူးခြားခြား ဖြစ်လာမယ်လို့ မမျှော်လင့်ဘူး။ ဘာလို့လဲဆိုတော့ အခြေခံဥပဒေထဲမှာ စစ်တပ်က အစိုးရအဖွဲ့ထဲ ပါဝင်အောင် လုပ်ထားတဲ့အတွက် ဘယ်သူပဲနိုင်နိုင် လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရမှာ မဟုတ်ဘူး” ဟု ပြောသည်။
ပြည်တွင်းပြည်ပ ကချင်ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ဝိုင်းဝန်း ကန့်ကွက်နေသော ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားနိုင်သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကချင်ပြည်နယ်တွင် တည်ဆောက်နေသည်။
ထို့အပြင် ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး ရယူခဲ့သည့် KIO ကိုလည်း နယ်ခြားစောင့်တပ် ပြုလုပ်ရန် စစ်အစိုးရက ဖိအားပေးနေဆဲဖြစ်သည်။
စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ယခုလ ၉ ရက်နေ့မှ စတင်ကာ ထုတ်ပြန်ခဲ့ပြီးနောက် KSPP ပါတီ အပါအဝင် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ၊ ဦးရွှေအုန်း ဦးဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့၊ ကိုအေးလွင် ဦးဆောင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်စသည့် ပါတီတို့ကလည်း ရွေးကောက်ပွဲ ဝင်ရောက်ရန် ပြင်ဆင်နေကြသည်။
စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခြင်းနှင့်အတူ ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ ရလဒ်များကိုလည်း တပါတည်း ပယ်ဖျက်ခဲ့သည်။

dinsdag 9 maart 2010

နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းအများနှင့် (AIPMC) အကြီးအကဲ လာရောက်တွေ့ဆုံ

Tuesday, 09 March 2010 18:52 ရိုးမ ၃
.မြန်မာ့အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (AIPMC) အကြီးအကဲ ကရိုင်ဆတ် ချူနာဝန်နဲ့ အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဒေသတွင်းရှိ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် မတ်လ (၈) ရက်နေ့တွင် လိုက်လံတွေ့ဆုံခဲ့ရာ အဆိုပါနေ့ နံနံက် (၁ဝ) နာရီခန့်တွင် မယ်တော်ဆေးခန်းမှ တာဝန်ခံ ဒေါက်တာစင်သီယာမောင် အပါအဝင် တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ထိုကဲ့သို့ တွေ့ဆုံရာတွင် (AIPMC) အကြီးအကဲ ကရိုင်ဆတ် ချူနာဝန်က စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ငြိမ်းချမ်းရေးယူထားတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေ အားလုံးဟာ သူတို့နယ်မြေတွေမှာပဲ သူတို့ဟာသူတို့ စီမံခန့်ခွဲပြီး နေထိုင်လာတာ (၁၅) နှစ် အနှစ် (၂ဝ) ရှိပါပြီ။ သူတို့တွေဟာ နအဖစစ်အစိုးရက ပြုလုပ်မယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် နအဖရဲ့ ဒီမိုကရေစီကို အခြမခံတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ရလဒ်ကောင်းတွေ ပေါ်ထွက်လာမှာ မဟုတ်ဘူး။ အဆုံးမှာတော့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေနဲ့ နအဖစစ်အစိုးကြားမှာ အရင်တုန်းကလိုပဲ တိုက်ပွဲတွေ ဆိုးဆိုးဝါးဝါး ပြန်ဖြစ်လာအုံးမယ်” ဟု သတင်းထောက်များအား ပြောဆိုသွားခဲ့သည်။
                                ဒေါက်တာစင်သီယာမောင်နှင့် AIPMC အကြီးအကဲ တွေ့ဆုံစဉ်
ယမန်နှစ်က စစ်အစိုးရတပ်နှင့် ကရင်လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးသည့်နောက် ထွက်ပြေးရောက်ရှိလာသည့် နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသား တစ်ထောင်ကျော်ကို မြန်မာပြည်ဘက်ခြမ်း ပြန်မပို့ရေးအတွက်လည်း ထိုင်းအစိုးရကို တိုက်တွန်းပြောကြားသွားမည်ဖြစ်ကြောင်း AIPMC အကြီးအကဲ ကရိုင်ဆတ် ချူနာဝန်က ဆက်ပြောသည်။
ဆက်လက်၍ သူက “နယ်စပ်မှာရှိတဲ့ ကျန်းမာရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ်၊ ပညာရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် အဲဒီအဖွဲ့တွေနဲ့ အထက်က ထိုင်းနိုင်ငံတော်လုံခြုံရေးအဖွဲ့တွေနဲ့ နွေးနွေးထွေးထွေး ဆွေးနွေးတိုင်ပင်တာလည်း မရှိဘူး။ အဆက်အစပ်လည်း မရှိကြဘူး၊ အဲလိုမရှိတဲ့အခါမှာ သူတို့အချင်းချင်း အမြင်မတူတဲ့ အခြေအနေဖြစ်လာတယ်။ အဲလိုအမြင်အတူတာကနေ ရေရှည်မှာ ထိုင်းအစိုးရကို ပြဿနာဖြစ်စေနိုင်တယ်” ဟု ပြောသည်။
AIPMC အကြီးအကဲသည် မယ်တော်ဆေးခန်းအပြင် နယ်စပ်အခြေစိုက် မြန်မာစာသင်ကျောင်းများ ဖြစ်သည့် SAW အထက်တန်းကျောင်းအပါအဝင် မြန်မာစာသင်ကျောင်း ၅ ကျောင်းမှ ကျောင်းသားများနှင့် စီဒီစီအထက်ကျောင်းတွင် တွေ့ဆုံခဲ့ပြီး မြန်မာရွေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဥက္ကဌ ဆရာမ နော်ဖောရယ် အပါအဝင် တခြားကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်။

vrijdag 26 februari 2010

အမျိုးသမီးနှင့် နိုင်ငံရေးပါဝင်ပက်သက်မှု

 .အစဉ်အလာ၊ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူများလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးတွေဟာ မိသားစုအတွင်းမှာရော၊ ပြင်ပမှာပါ အမျိုးသားများအပေါ်မှာ မှီခိုနေရသူများအဖြစ် ခွဲခြားဆက်ဆံခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို မျိုးဆက်သစ်ပြန့်ပွားရေး၊ အိမ်မှုကိစ္စပြုလုပ်ရေး လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဖို့အတွက်သာ သတ်မှတ်ထားခဲ့ကြပြီး အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးပါဝင်ပတ်သက်မှုသဘောတရား၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေတဲ့ အကြောင်းတရားများနဲ့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို တိုးမြှင့်ပေးနိုင်မယ့် မဟာဗျုဟာများအကြောင်းကို ရေးသားတင်ပြပါမယ်။
နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုရာဝယ်
နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာ လူပုဂ္ဂိုလ်တစ်ဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီးဖြစ်ဖြစ် သူတို့ရဲ့ ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိစေမယ့် အစိုးရလုပ်ငန်းဆောင်တာတွေအပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလဲ ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာကို ပုံသဏ္ဍာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ သမရိုးကျ နိုင်ငံရေးလုပ်ငန်းဆောင်တာဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်း တွေမှာ ပါဝင်ဆောင်ရွက်တဲ့ conventional politics သဏ္ဍာန်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဒီလိုသမရိုးကျ နိုင်ငံရေးရာတွေကို လုံးဝစိတ်ဝင်စားမှုမရှိတဲ့ totally inactive လူတွေရှိသလို၊ နိုင်ငံရေးသမားဘဝကို အလုံးစုံ ခံယူသွားတဲ့ complete activists တွေလဲ ရှိပါတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုပဲ စိတ်ဝင်စားတဲ့ voting specialsts တွေ၊ မိမိရဲ့ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်မယ့် နိုင်ငံရေးရာလောက်ကိုပဲ စိတ်ဝင်းစားတဲ့ parochial participants တွေ၊ ဒေဆိုင်ရာကိစ္စရပ်တွေကိုပဲ စိတ်ဝင်စားတဲ့ campaigners တွေစသည်ဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။
အခုလို သမရိုးကျနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမဟုတ်ပဲ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တော်လှန်းရေးဆင်နွှဲမှုတွေအနေနဲ့ ပါဝင်တာကိုတော့ Contentious Politics အသွင်သဏ္ဍာန်နဲ့ နှိင်ငံရေးရာ ပါဝင်ပတ်သက်မှုလို့ ခေါ်ဆိုပါတယ်။ ဒီအသွင်သဏ္ဍာန်နှစ်မျိုးမှာ တူညီမှုတွေ ရှိသလို ခြားနားမှုတွေလဲ ရှိပါတယ်။ တူညီမှုတွေကတော့ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေဟာ ပုံစံနှစ်မျိုးလုံးမှာ ပါဝင်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းက လေးစားမှုရှိတဲ့ ပုဂ္ဂိုလ်များ ပါဝင်နေတတ်သလို ပုံမှန်စနစ်တကျ စီမံချက်နဲ့ ပြုလုပ်တဲ့ လုပ်ငန်းဆောင်တာတွေလဲ အသွင်နှစ်မျိုးလုံးမှာ ရှိပါတယ်။ ခြားနားချက်ကတော့ contentious politics ဟာinstitutionalized political boundaries ရဲ့ ပြင်ပမှာ လှုပ်ရှားတာဖြစ်သလို၊ ပါဝင်ဆောင်ရွက်သူများကလဲ ဒီလို institutional channels တွေဟာ အလုပ်မဖြစ်ဘူးလို့ ထင်မြင်ယူဆကြတာ ဖြစ်ပါတယ်။
နှစ်ဆယ်ရာစုကာလ မတိုင်ခင်အထိ ဒီအသွင်သဏ္ဍာန်နှစ်မျိုးလုံးမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုအပေါ် ကန့်သတ်ချက်တွေ အများအပြား ရှိခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်းကာလရောင်တော့ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ contentious politics မှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိသာသာ မြင့်တက်လာသလို conventinal politics မှာ ပါဝင်ပတ်သက်လာကြတဲ့ အမျိုးသမီးပါလီမန်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေလဲပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ခေတ်မှီမှု နောက်ကျနှေးကွေးတဲ့ အမျိုးသားတစ်စုကသာ အာဏာရနေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ်ထားတတ်ကြပါတယ်။
အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေသော အကြောင်းရင်းများ
(၁) အတွေးအခေါ်
နိုင်ငံရေးသိပ္ပံလေ့လာသူ Eisenstein ကတော့ အမျိုးသားတွေ ဦးဆောင်လွှမ်းမိုးတဲ့ စနစ်အနေနဲ့ Patriarchy ဟာ ဇီဝဗေဒအရ ကွဲပြားမှုရှိနေတဲ့ ကျား၊ မကို အမျိုးသားတွေအပေါ် အလေးပေးထားတဲ့ လူနေမှုစနစ်ပုံစံထဲက အမျိုးသား၊ အမျိုးသမီးတွေအဖြစ် အစဉ်အဆက် ခွဲခြားလာမှုတွေကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ဝေးကွာလာတယ်လို့ ဆိုထားခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံလေ့လာသူ Rich ကလဲ Patriarchy ဆိုတာကို အမျိုးသားတွေကနေ တိုက်ရိုက်အင်အားတွေ၊ ဖိအားပေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာစကားတွေ၊ ပညာရေးစာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေသတ်မှတ်မှုတွေ၊ ဘာသာတရားအဆိုအမိန့်တွေကို အသုံးပြုပြီး အမျိုးသမီးတွေကို ဘယ်ကဏ္ဍမှာပါရမယ်၊ မပါရဘူး စသဖြင့် လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ စနစ်တခုလို့ အဓိပ္ပာယ်ဖွဲ့ဆိုထားခဲ့ပါတယ်။ များသောအားဖြင့် ဒီလို အတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းဝန်းကျင်မှာသာ မိခင်၊ ဇနီးအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ public sphere နဲ့ ပါဝင်ပတ်သက်စေခဲ့ပါတယ်။
ဒါကြောင့်လဲ ကိုယ့်ဘဝအပေါ်မှာပါ သက်ရောက်မှုရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေ အားနည်းလာခဲ့ကြတာပါ။ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားအချို့ကြောင့်သာ နောက်ပိုင်းမှာ တစတစ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့် စတဲ့ အခွင့်အရေးတွေရရှိလာခဲ့ကြတာပါ။ အခွင့်အရေးဆိုတာ အိမ်ထဲ ထိုင်နေရုံနဲ့ အလိုလိုရလာမယ့် အရာမဟုတ်ပါဘူး။ ပထမဆုံး မိမိမှာ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ ရှိတယ်ဆိုတာ သိရပါမယ်။ ဒီအတွက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက အသိပညာပေးရပါမယ်။ ဒီလိုလာပြီဆိုတဲ့အခါမှာလဲ တောင်းယူ၊ တိုက်ယူရပါမယ်။ မွေးရာပါ လူ့အခွင့်အရေးကို တခြားလူတစ်ယောက်ပဲဖြစ်ဖြစ်၊ နိုင်ငံအုပ်ချုပ်သူတစ်စုရဲ့ လက်ထဲကိုပဲဖြစ်ဖြစ် ထိုးအပ်ပြီး ချုပ်ကိုင်ခြယ်လှယ်ခွင့်ပေးထားရင် လူဖြစ်ရကျိုးမနပ်ပဲ ဖြစ်တတ်ပါတယ်။ လူသားတိုင်းဟာ မွေးရာပါ လူ့အခွင့်အရေးကို ခံစားခွင့် ရှိသင့်ပါတယ်။
(၂) နိုင်ငံရေးရာ
နိုင်ငံရေးတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးယဉ်ကျေးမှုတွေမှာ အမျိုးသားများကသာ လွှမ်းမိုးချုပ်ကိုင်မှုဟာလဲ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေမှာ၊ အစိုးရထဲမှာ အမျိုးသားတွေပဲ ပါဝင်နေခဲ့ရင် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှုဆုံးဖြတ်တတ်ကြတာကြောင့်၊ လူဦးရေတစ်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေကို လျစ်လျူရှုထားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီလို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေကို လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ ဆက်သွယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာ ခေါ်ဆောင်လာတတ်ကြပါတယ်။ ဒါကို contentious politics conventional politics တွေမှယ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။
(၃) ယဉ်ကျေးမှုနဲ့ စီးပွား၊ လူမှုရေးရာ
ကမ္ဘာ့နိုင်ငံတော်တော်များများဟာ အမျိုးသမီးတွေရဲ့ မြေပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ခွင့်တွေကို ကန့်သတ်ထိန်းချုပ် ထားကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှု အခွင့်အလမ်းတွေ နည်းပါးနေရတာ ဖြစ်ပါတယ်။ နောက်တစ်ခက်က အမျိုးသမီးတွေဟာ အမျိုးသားတွေအပေါ် မှီခိုသူတွေလို့ သတ်မှတ်ထားတဲ့ အမြင်တွေ၊ အမျိုးသမီးတွေ အပေါ် နှိမ့်ချဆက်ဆံမှုစတာတွေဟာ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံအများစုရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိမှု၊ ဝင်ငွေ၊ ပိုင်ဆိုင်မှုစတဲ့ကဏ္ဍတွေမှာ အမျိုးသားနဲ့ အမျိုးသမီးများအကြား ကွဲပြားခြားနားမှု (gender disparities) တွေရှိနေဆဲပါပဲ။ တကယ်တော့ အမျိုးသမီးတွေဟာ ဒီနိုင်ငံတွေရဲ့ လူဦးရေ တဝက်ကျော်ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေတွေ ယုတ်လျော့နေခြင်းဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့၊ တစ်နိုင်ငံလုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေတွေ ယုတ်လျော့နေတာပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်က အလုပ်ခွဲဝေမှုနဲ့ ဆိုင်ပါတယ်။ အိမ်မှုကိစ္စတွေ၊ ကလေးသူငယ်ပြုစုပျိုးထောင်မှုတွေကို အမျိုးသမီးတွေရဲ့အလုပ်လို့ ယူဆထားတဲ့ အစဉ်အလာတွေကြောင့် အချိန်ရှားပါးမှုပြဿနာကို အမျိုးသမီးတွေ ရင်ဆိုင်နေကြရပါတယ်။ ဥပမာ- အမျိုးသမီတစ်ယောက်ဟာ အိမ်မှုကိစ္စတွေ၊ ချက်ပြုတ်ရေးတွေကိုလဲ အလုပ်မသွားခင်ပြုလုပ်ရမယ်၊ အိမ်ဝင်ငွေအတွက်လဲ အလုပ်လုပ်ရမယ်၊ အလုပ်ကပြန်လာရင်လဲ ကလေးသူငယ်တာဝန်တွေ၊ ချက်ပြုတ်ရေးတာဝန်တွေပါ ယူရမယ်၊ သူ့အမျိုးသားကတော့ အလုပ်လေးပဲ လုပ်နေမယ်ဆိုရင် ဒီအမျိုးသားဟာ မိသားစုတာဝန်ရဲ့ သုံးပုံတစ်ပုံကိုသာ တာဝန်ယူနိုင်တဲ့ အရည်အချင်းအဆင့်မှာသာ ရှိနေပါတယ်။ ဒီလိုမဟုတ်ပဲ အလုပ်တာဝန်ကို ညီညီမျှမျှ ခွဲဝေဆောင်ရွက်ခြင်းအားဖြင့် မိသားစုအရေးကို ကျား၊ မ မခွဲခြားပဲ အတူတူဆောင်ရွက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ အပြန်အလှန်လေးစားမှု၊ တာဝန်ကျေမှုတွေအပေါ်မှာ အခြေခံပြီး လူ့ဘောင်လောက သာယာချမ်းမြေ့ရေးကို အားပေးထောက်ကူပြုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမျိုးသမီးများရဲ့ အချိန်ရှားပါးမှု၊ ဝန်ပိမှု၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ပြီး သူတို့ရဲ့ လူအဖွဲ့အစည်းအပေါ်၊ နုင်ငံရေးရာတွေအပေါ် contribution လုပ်နိုင်မှုရာနှုန်းတွေ တက်လာပါတယ်။
လူ့အဖွဲ့အစည်း တိုးတက်မှုဆိုတာ ချောတိုင်တက်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။ အဖွဲ့အစည်းတစ်ခုလုံး တိုးတက်ဖို့ ပခုံးပေါ်ပဲနင်းနင်း၊ ခေါင်းပေါ်ပဲနင်းနင်း ကိုယ့်လူ့အဖွဲ့အစည်းအမြင့်ရောက်ဖို့ကို အားပေးကူညီကြရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ဒီချောတိုင်ပေါ် သူမတက်ရ၊ ငါမတက်ရ ခွဲခြားပြီး လုပ်နေကြမယ်ဆိုရင် ဒါဟာ လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ပျက်စီးမှုရောဂါ စတင်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒီရောဂါ တစတစ ကူးစက်ပျံ့ပွားလာတာနဲ့အမျှ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ဆုတ်ယုတ်ပျက်စီးစေတော့တာပါပဲ။
အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု တိုးမြှင့်ရေး မဟာဗျူဟာများ
(၁) Gender quotas
နှစ်ဆယ်ရာစုနှေင်းပိုင်းကစပြီး နိုင်ငံတော်တော်များများမှာ ဒီမဟာဗျူဟာကို စတင်ကျင့်သုံးလာကြပါတယ်။ နိုင်ငံရေးရာမှာ အမျိုးသားနဲ့ အမျိုးသမီးအကြား gender gap ဖြစ်နေတာကို ဖြည့်ဆည်းဖို့ အချို့သော အမျိုးသမီးများကို power structure အတွင်း ရာခိုင်နှုန်းသတ်မှတ်ပြီး ထည့်သွင်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာနဲ့ ပတ်သက်ပြီး အပြန်အလှန်ငြင်းခုန်မှုတွေကတော့ ရှိုနေပါတယ်။ ဘာကြောင့်လဲဆိုရင် gender gap ပြဿနာဆိုတာက အမျိုးသမီးတွေကို power structure ထဲ များလာအောင် ထည့်သွင်းတာတစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တာကြောင့်ပါ။ ပေါ်လစီရေးရာ ကိစ္စဖြစ်တဲ့အတွက် power structure ကို ထောက်ကူပေးနိုင်မယ့် supporting mechanisms အများအပြားလဲ လိုအပ်ပါတယ်။ နောက်တစ်ချက်က ဒီလိုဆောင်ရွက်လာတဲ့ အခါမှာ elite women တွေပဲ ပါဝါထဲမှာ ပါလာတာမျိုးဖြစ်သွားတတ်ပြီး၊ လူထုလူတန်းစားအသီးသီးက အမျိုးသမီးတွေကို ကိုယ်စားမပြုသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို political empowermenr လုပ်ရာမှာ gender quotas ဟာ လူ့အဖွဲ့အစည်းအတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ redistributive justice နဲ့ ဆက်စပ်ထားရမှာ ဖြစ်ပါတယ်။
(၂) အမျိုးသမီးနိုင်ငံရေးကွန်ယက်
နောက်တစ်နည်းကတော့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများ အချင်းချင်း ကွန်ယက်တည်ဆောက်မှုဖြစ်ပါတယ်။ ထုံးတမ်းအစဉ်အလာများကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ကင်းကွာခဲ့ကြပါတယ်။ ဒီလိုအခြေအနေကနေ ရုတ်တရက် gender quotas ကြောင့် နိုင်ငံရေးထဲ ရောက်လာတဲ့အခါမှာ နိုင်ငံရေးအသိပညာ အားနည်းမှုကြောင့် နိုင်ငံရေးနဲ့ အစိုးရ လုပ်ငန်းဆောင်တာတွေမှာ အားနည်းချက်တွေ ရှိလာတတ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေ ညံ့တာ၊ အသုံးမကျတာ မဟုတ်ပါဘူး။ နိုင်ငံရေးနယ်ပယ်ဆိုတာကို အမျိုးသမီးတွေကသာ လွှမ်းမိုးချုပ်ကိုင်ခဲ့ပြီး၊ အမျိုးသမီးတွေကို ပါဝင်ခွင့် မပေးခဲ့တာကြောင့် နားကလည်တာ ဖြစ်ပါတယ်။ ဒီလိုလူတွေကို သင်တန်းပေးမှုတွေ၊ hands-on experiences တွေနဲ့ အမျိုးသားများက လက်တွဲခေါ်ရမှာ ဖြစ်သလို၊ အမျိုးသမီး နိုင်ငံရေးသမား အချင်းချင်းကလဲ စည်းလုံးညီညွတ်စွာ အပြန်အလှန် ဆွေးနွေးမှု၊ လက်တွဲခေါ်ဆောင်မှုတွေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကgender quotas နဲ့ပဲဖြစ်ဖြစ်၊ အရည်အချင်းအရ ရွေးချယ်တင်မြှောက်ခံရရင်ပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ သူတို့ရဲ့ မလေးမစား ဆက်ဆံခံရမှုတွေ၊ အရေးမစိုက်မှုတွေ၊ ဖယ်ရှားရန် ကြိုးပမ်းအားထုတ်မှုတွေ၊ အမျိုးသမီးအကြီးအကဲရဲ့ တာဝန်ပေးမှုဆိုပြီး ဂရိမစိုက်မှုတွေ စတဲ့ ပြဿနာများကို ရင်ဆိုင်ကြရတတ်ပြန်ပါတယ်။ ဒီလိုပြဿနာတွေကို စိတ်ဓာတ်ကြံ့ခိုင်စွာ ကျော်လွှားနိုင်ဖို့ အမျိုးသမီး နိုင်ငံရေးကွန်ယက်တွေ လိုအပ်လှပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် လူ့အဖွဲ့အစည်းဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးလုံးနဲ့ ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးဆိုတာ လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေပဲလို့ ဆိုနိုင်ပါတယ်။ တချို့သော နိုင်ငံတွေမှာဆိုရင် အမျိုးသမီးလူဦးရေဟာ အမျိုးသားလူဦးရေထက်ကို ပိုပြီးများနေပါတယ်။ ဒီလို လူဦးရေ တဝက်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ရေမြင့်မှ ကြာတင့်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများနိုင်ငံရေးပါဝင်ပတ်သက်မှု လျော့နည်းတာဟာ ရေနည်းနေတာနဲ့ အတူတူပါပဲ။ လူ့အဖွဲ့အစည်းတိုးတက်မြင့်မားမှုဆိုတဲ့ ကြာပန်း တင့်တင့်တယ်တယ်ပွင့်လာဖို့က အမျိုးသမီးတွေအပေါ်မှာလဲ အများကြီး မူတည်လှပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့ကျစေနိုင်တဲ့ အကြောင်းရင်းများကို ဝိုင်းဝန်းဖယ်ရှားကြရင်း မြန်မာ့လူ့အဖွဲ့အစည်းတိုးတက်မှုကနေ ကမ္ဘာတစ်ဝှမ်းက လူ့အဖွဲ့အစည်းအားလုံး တိုးတက်မြင့်မားဖို့ ဝိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ခင်မမမျိုး (၉၊ ၃၊ ၂၀၀၉)
ရည်ညွှန်းကိုးကား
Eisenstein,Z (1984) Contemporary Feminist Tnought, Unwin, London
Keck, M. & Sikkink, K. (1998) Activit Beyond Borders: Advicacy Networks in International Politics, Cotnell University Press, NY
Kennedy- Pipe, C. (2007) “Gender and Security“ in Collins, A.(ed.) Contemporary Security Studies, Oxford University Press, Oxford
Lovenduski, J. (1992) “Gender and Politics“ in Hawkesworth, M. & Kogan. M. ( eds)
Encyclopedia of Government and Politics, Routledge, London & NY
Phillops, A. (1998 ) Feminism & Politics, Oxford University Press, Oxford





donderdag 28 januari 2010

စစ်အစိုးရ စွပ်စွဲချက်သည် သိက္ခာချလိုခြင်းသာဖြစ်သည်ဟု ပြော

Thursday, 28 January 2010 12:52 ဖြိုးကြီး
.စစ်အစိုးရက ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ(BLC) ကို ဖောက်ခွဲရေးလုပ်ငန်းများတွင် ပတ်သက်မှုရှိနေကြောင်း စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း အဖွဲ့ဥက္ကဌက တုန့်ပြန်ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇) ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ဖောက်ခွဲရေးသမားများသည် (BLC) မှ စေလွှတ်ထားသူများဟု ဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေများကောင်စီဥက္ကဌ ဦးသိန်းဦးက တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့ (BLC) က ဒီအလုပ်တွေလုပ်တာ မဟုတ်ပါဘူး၊ ကျနော်တို့ အလုပ်ကိုက တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေတွေကို ဆန်းစစ်သုံးသပ် လေ့လာပြီးတော့ သတင်းထုတ်ပြန်တဲ့အဖွဲ့ပဲ ဖြစ်ပါတယ်၊ စစ်အာဏာရှင်တွေက တရားဥပဒေစိုးမိုးမှု မရှိဘူး၊ ကျူးလွန်တဲ့ပြစ်မှုတွေကို အရေးယူနိုင်ခြင်းမရှိလို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှာ တရားစွဲဆိုဖို့ လုပ်နေတဲ့အချိန်မှာ ဒီလိုသတင်းအမှားကို ထုတ်ပြန်လိုက်တာပါ” ဟု ပြောသည်။
ယခုလ (၂၂) ရက်နေ့က ကျော်ဇေလင်း (ခ) ကိုဆိုင်းဆိုသူနှင့် အပေါင်းအပါ (၁၁) ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ မင်္ဂလာဒုံမြို့နယ်အတွင်း ဖမ်းမိခဲ့ကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ကျော်ဇေလင်းသည် ယခင်က မြန်မာနိုင်ငံရှေ့နေများကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းကို ဆက်လက်ဖော်ပြထားသည်။
ယင်းသို့ နအဖစစ်အစိုးရ၏ စွပ်စွဲချက်သည် မြန်မာနိုင်ငံ ရှေ့နေများကောင်စီအား နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် သိက္ခာချလိုသည့်အတွက် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဦးသိန်းဦးက ပြောသည်။
“ကျနော်တို့က အခု နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ကို လှုံ့ဆော်မှုတွေ လုပ်နေပါတယ်၊ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းသွားမှာဖြစ်တယ်” ဟု ပြောသည်။
စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာတိုင်း အတိုက်အခံ ဒီမိုကရေစီအင်အားစုများကို စွပ်စွဲမှုများ ပြုလုပ်နေလျက်ရှိပြီး ပြီးခဲ့သည့် ကရင်နှစ်သစ်ကူးနေ့က ဗုံးပေါက်ကွဲမှုကိုလည်း ကရင်အမျိုးသားအစည်းအရုံး၏ လက်ချက်ဟု ၎င်းတို့ပိုင် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သေးသည်။
မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက မတရားသင်းအဖြစ် ကြေညာထားခဲ့ပြီး ယခုအခါ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် စွပ်စွဲခဲ့ခြင်းဖြစ်သည်။

woensdag 27 januari 2010

မြို့ပေါ်ဖောက်ထွင်းမှုကို သက်ဆိုင်ရာက အရေးယူနိုင်ခြင်းမရှိသေး

Wednesday, 27 January 2010 21:01 လွန်းဒင်
.ဘိုကလေးမြို့ပေါ်တွင် ဖောက်ထွင်းခိုးယူမှုများ ဖြစ်နေပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားခံပေါ်အောင် ရှာဖွေပေးနိုင်ခြင်း မရှိသေးကြောင်း မြို့ခံတဦးက ပြောသည်။

ဘိုကလေးမြို့၊ (၃) ရပ်ကွက်မှ နေအိမ်တအိမ်တွင် အဝတ်အထည်ပစ္စည်းများနှင့် အိမ်အသုံးဆောင်ပစ္စည်းများ ယမန်နေ့ည ၂ နာရီကျော်ခန့်က ဖောက်ထွင်းခိုးယူခြင်းခံရကာ ယခင်ကဖြစ်ခဲ့သည့် ခိုးယူမှုများမှာလဲ အမှုမှန် ပေါ်ပေါက်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။
“အခုယူသွားတဲ့ အဝတ်အစားတွေက တကယ်ကို ဈေးကြီးကြီးအဝတ်အစားတွေ၊ အိမ်နောက်ဖေးမှာ သီးသန့်ထားတဲ့ အဝတ်အစားတွေ၊ ဗီရိုထဲမှာ ထားထားတဲ့ ပစ္စည်းတွေ၊ ဒန်အိုးတွေဆိုလည်း သေသေချာချာ အလှူတွေ ဘာတွေလုပ်ရင်သုံးဖို့ ထားထားတဲ့ ဒန်အိုးတွေပါတယ်၊ အိမ်အသုံးဆောင်ပစ္စည်း အဖိုးတန်တွေ အကုန်ပါတယ်” ဟု ကာယကံရှင်က ပြောသည်။
ယင်း ခိုးခံရသော ပစ္စည်းများမှာ ကာလတန်ဖိုးကျပ်ငွေ (၇)သိန်းခန့် ရှိပြီး အဓိက ခိုးခံရသော ပစ္စည်းများမှာ အဝတ်အထည်၊ စတီးချိုင့်များနှင့် ဒန်အိုးဒန်ခွက်များ ပါဝင်သည်ဟု ပြောသည်။
“ခိုးအမှုတွေတော်တော်များများက မမိတာများတယ်။ အာဏာပိုင်တွေက ခန့်မှန်းချေနဲ့သာ လုပ်တာ၊ ဒီဘိုကလေးမှာ ခိုးမှုတွေကို မမိဘူးလေ၊ သူတို့က သံသယရှိတဲ့သူလောက်ကိုသာမေးတာ၊ ရိုက်တာ ထုတာ လောက်ဘဲ၊ ခိုးမှု တော်တော်များများဖြစ်တယ်၊ နေရာတိုင်းလိုလိုမှာ ဖြစ်တာ” ဟု ဆက်ပြောသည်။
ယခုကဲ့သို့ ဖောက်ထွင်းခိုးယူခံရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းကို အကြောင်းကြားထားသော်လည်း တရားခံကို ဖမ်းမမိသေးကြောင်း ၎င်းကဆက်ပြောသည်။
“အခုဆိုရင် ခိုးတာတွေများတယ်လေ၊ တမြို့တည်းတော့ မဟုတ်ဘူး၊ နေရာတိုင်းမှာ ဖြစ်တာ၊ လူတွေရဲ့ အကြပ်အတည်းက တော်တော်ကို ဆိုးဝါးနေတာလည်းပါတယ်၊ စားဝတ်နေရေး ကြပ်တည်းတော့ စာရိတ္တတွေ ပျက်စီးနေတာလည်း ပါတယ်၊ အားလုံးနေရာစုံ ဖြစ်နေကြတာ” ဟုပြောသည်။
ဘိုကလေးမြို့ပေါ်နှင့် နာဂစ်မုန်းတိုင်းသင့် ဒေသများတွင် စားဝတ်နေရေးကြပ်တည်းမှုများနှင့် အခြားအထွေထွေ လူမှုဒုက္ခများကြောင့် ယခင်ကထက် ဒုစရိုက်မှုများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း မြို့ခံတဦးက သုံးသပ်ပြောဆိုသည်။

dinsdag 26 januari 2010

မူးယစ်ဆေးဝါနှင့်ပတ်သက်သည့် အစီရင်ခံစာ ပလောင်အမျိုးသမီးအဖွဲ့ ထုတ်ဝေ

Tuesday, 26 January 2010 13:53 ရိုးမ ၃
.နအဖစစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် ဘိန်းစိုက်ပျိုးမှုနှုန်း မြင့်မားလာခြင်းနှင့် ဘိန်းသုံးစွဲမှု ပိုမိုများပြားလာကြောင်း ထောက်ပြသည့် သုတေသနပြု အစီရင်ခံစာကို ပလောင်အမျိုးသမီးများအဖွဲ့(PWO )က ထုတ်ဝေ၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ 'အဆိပ်သင့် တောင်တန်းများ' အမည်ရှိ အစီရင်ခံစာတွင် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) ၏ နှစ်စဉ် ဘိန်းထုတ်လုပ်မှု စစ်တမ်းကောက်ယူမှု ခန့်မှန်းချက်ထက် များပြားကြောင်း ထောက်ပြထားသည်။

        အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ရိုးမ ၃)
အစီရင်ခံစာ ထုတ်ဝေရခြင်းနှင့်ပတ်သက်၍ ပလောင်းအမျိုးသမီးအဖွဲ့ သတင်းနှင့် သုတေသန တာဝန်ခံ လိုည်းနွေနှောင်းက “ အဓိကရည်ရွယ်ချက်က ဘိန်းထုတ်လုပ်မှုကို လျော့နည်းစေချင်တာရယ်၊ အဲဒီလို ထုတ်လုပ်မှုရှိနေတာကို နအဖစစ်အစိုးရက ထိထိရောက်ရောက် အရေးယူခြင်းမရှိတာရယ်၊ ပြီးတော့ ဘိန်း ဘာကြောင့် စိုက်နေကြတယ်ဆိုတာကို နိုင်ငံတကာက ပြည်သူလူထုတွေ၊ နောက်တခုက ကျမတို့ ပလောင်ဒေသမှာ ဘိန်းပပျောက်ရေးလုပ်နေတဲ့ သူတွေကို အထူးသဖြင့် သိစေချင်တာကြောင့်ပါ” ဟု ပြောသည်။
အဆိပ်သင့် တောင်တန်းများ အစီရင်ခံစာတွင် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ပလောင်ဒေသအတွင်း ဘိန်းစိုက်ပျိုးမှုမှာ ယခင်ကထက် ၅ ဆမျှ တိုးလာပြီး မြေ ဟတ်တာပေါင်း ၄၅၀၀ ပိုမို စိုက်ပျိုးလာကြောင်းကို သုတေသနပြုလုပ်၍ ဖော်ပြထားသည်။
ယခုကဲ့သို့ မူးယစ်ဆေးဝါး စိုက်ပျိုးသုံးစွဲမှုနှုန်း မြင့်မာလာခြင်းကြောင့် လူနေမှုအဆင့်အတန်း နိမ့်ကျလာကာ ကလေးငယ်များ၏ ပညာရေး များစွာထိခိုက်ပြီး ဒုစရိုက်မှုများ ဖြစ်ပွားလာကြောင်း တအာဝ်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အတွင်းရေးမှူး မိုင်းအောင်ကိုက ဖြည့်စွက်ပြောကြားခဲ့သည်။
“ဘိန်းစိုက်ပျိုးမှုတွေ တိုးလာတဲ့ နောက်ပိုင်း ကျနော်တို့ဒေသမှာ လုံခြုံမှုမရှိတော့ဘူး၊ လူငယ်တွေ တော်တော်များများဟာလည်း ဆေးစွဲပြီး ပျက်စီးကုန်ပြီ၊ အာဏာပိုင်တွေဘက်ကလဲ လာဘ်စားမှုတွေရှိလာတယ်၊ တချို့နေရာတွေမှာဆိုရင် မိသားစုအလိုက် ဘိန်းစွဲတာတွေ ရှိတယ်” ဟု သူက ပြောသည်။
ပလောင်အမျိုးသမီးများ စည်းအရုံးအနေဖြင့် ယခင်ကလည်း 'အဆိပ်သင့် ပန်းကလေးများ' အမည်ရှိ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သေးသည်။

နိုင်ငံရေးလှုပ်ရှားမှုကို ခြေမှုန်းဖို့အတွက် ပြင်ဆင်ထားပြီ

Tuesday, 26 January 2010 13:33 ဗထူး
.ရန်ကုန်တိုင်းစစ်ဌာနချုပ် ညွှန်ကြားချက်အရ ဆန္ဒပြမှုတွေဖြစ်လာခဲ့ပါက မည်သို့ခြေမှုန်းမည်ကို တပ်နယ်အသီးသီးကို ညွှန်ကြားထားသည်။

“ပြည်သူ့စစ်၊ အရံမီးသတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ယနေ့မှစ၍ အသင့်အနေအထားနေရန် ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ ပြည်ခိုင်ဖြိုး စသည့် အင်အားများ တပ်နယ်အသီးသီးသို့ ပေးပို့ရန် ပြောထားပြီးပြီ” ဟု ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်တွေမှာ အပြောင်းအလဲရှိလိမ့်မည်လို့ မြင်တယ်။ တပ်ရင်းတွေအားလုံး လုံခြုံရေး အသေအချာ ဂရုစိုက်ဖို့ ညွှန်ကြားထားသည်။
လာမည့် လှုပ်ရှားမှုတွေအားလုံး ဒီပုံစံအတိုင်းပဲလုပ်ဖို့ စီစဉ်ထားတယ်။



maandag 25 januari 2010

တပ်တွင်း ပြောင်းလဲလာတော့မည်ဟု ပြော

Monday, 25 January 2010 10:03 ဗထူး
.စစ်အစိုးရအနေဖြင့် တပ်တွင်းပြောင်းလဲမှု အကြီးမားဆုံး လုပ်ရတော့မည်ဟု စစ်အရာရှိတဦးက ပြောသည်။

“၂၀၀၈ ပြီးပြီ၊ ကျနော်တို့အနေနဲ့ လေးလပတ်မှာ ဘာဖြစ်လာမလဲတော့ ကြည့်နေတာပါ။ အပြောင်းအလဲ ကြီးမယ်။ နားမှာလားဆိုတဲ့ ကိစ္စတွေပါ၊ ပုံမှန်အားဖြင့် လေးလပတ်မှာ အဖြေထွက်ရမယ်၊ အလယ်အလတ်တွေဆိုတော့ ပြောရတာ ခက်တယ်၊ အရပ်ဖက်ရောက်မလားတော့ မသိသေးဘူး” ဟု ပြောသည်။
စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်ချိန် တပ်တွင်းပြင်ဆင်မှုများကို တပ်တွင်းအရာရှိများလည်း စိတ်ဝင်စားလျှက်ရှိသည်။
“အပေါ်က အဘတို့တောင် သိဖို့ခက်တာနဲ့ ကျနော်တို့လို အဆင့်တွေ သိဖို့ခက်ခဲ့တယ်၊ ဒါပေမဲ့ တခုတော့ ပြောနိုင်တယ်၊ တပ်ပြောင်းလဲရတော့မယ်၊ တပ်ချုပ်ကအစ သူတို့ဂတိအတိုင်း နားပေါ့ဗျာ” ဟု ဆက်လက်ပြောသည်။
စစ်အစိုးရအနေဖြင့် အတည်ပြုခဲ့သည့် ၂၀၀၈ ဥပဒေအရ အသက်ပြည့်ပြီးသူအားလုံး နားရမည်ဟု သတ်မှတ်ထားသည့်အတွက် နားမလားစောင့်ကြည့်နေကြောင်း ပြောသွားခဲ့သည်။
လာမည့် ရွေးကောက်ပွဲကို ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်သည့် တပ်မတော်စည်းရုံးရေးကော်မတီက ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း တပ်မတော်အရာရှိတဦးက ပြောသည်။