နွယ်လေး။
ဇွန်လ ၁၀ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် မြို့ဖြစ်သည့် တာချီလိတ်၊ ကော့သောင်းနှင့် မြ၀တီမြို့များတွင် မြန်မာ တာဝန်ရှိသူများ ဦး ဆောင်ပြီး ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်းများ ဖွင့်လှစ်ပြီး စတင် ပြုလုပ်ပေးနေသည်။
တာချီလိတ်မြို့တွင် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းကို ကျိုင်းတုံ သတင်းတပ်ဖွဲ့ရဲမင်းကြီးက ဇွန်လ ၁ ရက်နေ့တွင် လာရောက်ဖွင့်လှစ်ပေးသည်ဟု တာချီလိတ် ဒေသခံ တစ်ဦးက ပြောသည်။
“ရုံးကတော့ ဖွင့်ပြီ။ ဒါပေမယ့် စလုပ်တယ်ဆိုပေမယ့် ဘယ်သူမှ မလုပ်ကြတာ။ စိတ်မှ မ၀င်စားကြ တာ။ တာချီလိတ်နယ်မြေခံက ဘယ်သူမှသွားလုပ်မှာ မဟုတ်ဘူး။ တနယ် တကျေးကလာတဲ့သူက သူ့ တို့မှာ ပုံစံတစ်ဆယ် အထွက်ရှိမှ လုပ်လို့ရမှာဆိုတော့ သူတို့ ပြည်ပကယူခဲ့ဖို့ ဆိုတာ လွယ်မှ မလွယ် တာ။ ပုံစံတစ်ဆယ်ဆိုလဲ လ၀က လွယ်လွယ်ကူကူ ထုတ်ပေးတာမှ မဟုတ်တာ။”
တာချီလိတ်တွင် မြန်မာနိုင်ငံကူးလက်မှတ် ယာယီထုတ်ပေးရေး စခန်းတွင်း သွားရောက် လုပ်ကိုင်သူ မရှိဘဲ ရုံး တွင်း ၀င်ရောက် လေ့လာဖတ်ရှုသူ အချို့ကို တွေ့မြင်ရပြီး နိုင်ငံကူး လက်မှတ် ပြုလုပ်သူသည် ကိုယ်ရေးရာဇ၀င်၊ ထိုင်းအလုပ်ရှင် အာမခံ ခွင့်ပြုချက်များ လိုအပ်သည်ဟု ၎င်းကဆက်ပြောသည်။
“သူဌေး အာမခံကို ယူရဦးမှာ၊ ယူပြီးသွားရင် နှစ်နှစ်လုပ်လို့ရမယ်။ နှစ်နှစ်လုပ်ပြီးရင် တခါ ပြန် လာပြီး သက်တမ်းပြန်တိုးရမယ်။ တိုးပြီး နောက်တခါ နှစ်နှစ် ထပ်သွားရမယ်။ အဲလို သွားပြီးရင် အဲလူ တစ်ယောက်က နောက် သွားပိုင်ခွင့်မရှိတော့ဘူး။ သက်တမ်းတိုးပြီးရင် အဲလူ နောက် သုံးနှစ်ကြာမှပဲ ထိုင်းနိုင်ငံကို ပြန်သွားခွင့်ရမှာ အဲလိုစည်းကမ်းချက်တွေ ထားတာလေ။”
ယာယီမြန်မာနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် မိမိတို့နေထိုင်သည့် ခရိုင်၊ မြို့နယ်အလိုက်ရှိ လုပ်ငန်းစီမံခန့်ခွဲရေး ရုံးတွင် လာရောက်လျှောက်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများ လျှောက်လွှာကို စိစစ်ပြီး မြန်မာအစိုးရထံ ပေးပို့ခဲ့ပြီးဖြစ်သည်ဟု တာ့ခ် ခရိုင် ထိုင်းလုပ်ငန်းစီမံခန့်ခွဲရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ထိုင်းဘက်ခြမ်း မဲဆောက်မှာလဲ ထိုင်းရုံးတခုထားမယ်။ ခုထိတော့ ဘာမှ စမလုပ်ရသေးဘူး။ ခုချိန်ထိ လဲ ဘာမှ စလုပ်ဖို့ အထက်က စာမရောက်သေးဘူး။”
မြ၀တီမြို့တွင် ဒေသခံအာဏာပိုင်များက ယာယီမြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးသည့် သတင်း မကြားမိ ကြောင်း မဲဆောက် အလုပ်သမား တစ်ဦးက ပြောသည်။
ကော့သောင်းဒေသခံ တစ်ဦးက “ မြန်မာ ဘက်ခြမ်းမှာတော့ ရုံးလာထိုင်နေပြီ။ စလုပ်ပေးတာ မျိုးတော့ မရှိသေးဘူး။ လာလုပ်တဲ့ သူလည်းမတွေ့ဘူး။ ထိုင်းဘက်ခြမ်း ကတော့ ရုံးတော့ ရှိတယ်။ ဒါပေမယ့် ဒီရက်ပိုင်းတွင်းမှာ ဆိုင်းဘုတ်တောင် လာဖြုတ်ထား တာတွေ့တယ်” ဟု ပြောသည်။
အခြားဒေသ ခံတစ်ဦးကလည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး အလုပ်သမား အများစု မသိကြ ကြောင်း ပြောသည်။
အလုပ်သမားမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ရန် ထိုင်းမြန်မာနယ်စပ် ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ မဲဆောက်၊ မယ် ဆိုင်နှင့် ရနောင်းမြို့များတွင် ဆက်ဆံရေးရုံးများ အပြန်အလှန် ဖွင့်လှစ်ဆောင်ရွက်နေပြီဟု weekly eleven ဂျာနယ် တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ယာယီထုတ် ပေးရေး စခန်းများကို မြန်မာနိုင်ငံမှ ဖွင့်လှစ်ထားပြီး နေ့စဉ် မြန်မာနိုင်ငံ ကူးယာယီလက်မှတ် ၂၀၀ခန့်ကို ပုံမှန်ထုတ်ပေးလျက်ရှိပြီး လိုအပ်ပါက ပိုမိုထုတ်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက် ထားကြောင်း ဖော်ပြပါရှိသည်။
၂၀၀၆ ခုနှစ်တွင်လည်း အလားတူနိုင်ငံကူးလက်မှတ်ပြုလုပ်ပေးရန် စီစဉ်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။
Posts tonen met het label သတင်းနှင်မီဒီယာကွန်ယက် မှ ကူးယူဖေါ်ပြပါသည်. Alle posts tonen
Posts tonen met het label သတင်းနှင်မီဒီယာကွန်ယက် မှ ကူးယူဖေါ်ပြပါသည်. Alle posts tonen
woensdag 10 juni 2009
Abonneren op:
Posts (Atom)