မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ဧရာဝတီ. Alle posts tonen
Posts tonen met het label ဧရာဝတီ. Alle posts tonen

maandag 21 november 2011

ဒီမိုကရေစီအရေး စိတ်အေးချင်ပါပြီ

ယနေ့မြန်မာ့နိုင်ငံရေးသည်အလွန်သိမ်မွေ့နက်နဲသောအချိန်သို့ရောက်နေသည်ဟုဆိုလျှင်မှားမည်မထင်ပါ။ ပြည်သူလူထုကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအရဆိုပြီးစစ်တပ်ကျောထောက် နောက်ခံပေးထားသောစစ်ဗိုလ်လူထွက်အများစုနှင့်ဖွဲ့စည်းထားသည့်အစိုးရ၊ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဆိုပြီး ပေါ်ပေါက်နေသည်ကို မြင်တွေ့နေရပါသည်။
နှစ်ပေါင်းများစွာတော်လှန်ရေးကောင်စီ၊မဆလ၊နဝတ၊နအဖဟုအမည်အမျိုးမျိုးတပ်ကာစစ်တပ်အနေဖြင့် မြန်မာနိုင်ငံကိုအာဏာရှင်စနစ်ဖြင့်ပုံစံအမျိုးမျိုးပြောင်း၍အုပ်ချုပ်ခဲ့ရာမှယနေ့အမည်ခံဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ရန်ခြေလှမ်းစလှမ်းနေပြီဖြစ် သည်။
                                       နေပြည်တော်ရှိအစိုးရသစ်လွှတ်တော်မြင်ကွင်း(ဓာတ်ပုံ-Getty Images)
ပြည်သူလူထုအနေဖြင့်အာဏာရှင်ကြီးဦးနေဝင်း၏၂၆နှစ်ကြာအုပ်ချုပ်ခဲ့သောမဆလအစိုးရကို၁၉၈၈ ခုနှစ်ကလူထုဆန္ဒပြသည့်နည်းဖြင့်ဖြုတ်ချနိုင်ခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့်ဒီမိုကရေစီစနစ်ကို လက်လွှတ်ဆုံးရှုံးခံခဲ့ရပါသည်။
ဆက်လက်၍ဗိုလ်ချုပ်မှူးကြီးစောမောင်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကနဝတ၊နအဖဆိုပြီး၂၃နှစ်နီးပါးရက်စက် ကြမ်းတမ်းစွာအစွမ်းကုန်ဖိနှိပ်အုပ်ချုပ်ခဲ့သည်ကိုလည်းတွေ့ခဲ့ရပြီးဖြစ်ပါသည်။၂၃နှစ်နီးပါးစစ်အာဏာရှင် အစိုးရအုပ်ချုပ်ပြီးသည်နောက်တွင်မြန်မာနိုင်ငံသည်အလုံးစုံချွတ်ခြုံကျပြီးပြိုကျတော့မည့်အိမ်အိုကြီးသဖွယ် ဖြစ်ခဲ့ရသည်ကို မည်သို့မျှငြင်း၍ မရပါ။
ထို့ကြောင့်လက်ရှိတာဝန်လွှဲပြောင်းအမွေဆက်ခံသူသမ္မတကြီးဦးသိန်းစိန်ခေါင်းဆောင်သော စစ်ဗိုလ်လူထွက်များအနေဖြင့်မြန်မာနိုင်ငံကိုအလုံးစုံပျက်သုဉ်းသွားသောနိုင်ငံ(FailState) မဖြစ်စေရေးအတွက်ယခင်နှင့်မတူသောမဟာဗျူဟာ၊နည်းဗျူဟာများချမှတ်လှုပ်ရှားလာသည်ကို ယနေ့မြင်တွေ့နေရသည်။
၂၀၀၀ပြည့်နှစ် ဝန်းကျင်ကတည်းက မြန်မာစစ်အစိုးရသည် မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည် ၏ အခန်းကဏ္ဍကို ဘေး ဖယ်ထား၍ မရကြောင်း ကောင်းကောင်း နားလည်ခဲ့ပါသည်။
ထိုအချိန်ကဗိုလ်ချုပ်မှူးကြီးသန်းရွှေအစီအစဉ်ဖြင့်အပြောအဆိုသိမ်မွေ့ပြီးပြေပြစ်စွာ ဆက်ဆံပြောဆိုတတ်သူဒုတိယစစ်ထောက်လှမ်းရေးမှူးချုပ်ဗိုလ်ချုပ်ကျော်ဝင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစကား ပြောရန် တာဝန်ပေးခဲ့သည်။
ဗိုလ်ချုပ်ကျော်ဝင်းသည်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားတပည့်အရင်းအချာတဦးဖြစ်ပြီး၁၉၉၂ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအာဏာရရချင်းဗိုလ်ချုပ်ခင်ညွန့်ကိုထိန်းရန်ဒုတိယစစ်ထောက်လှမ်းရေးမှူးချုပ် အဖြစ် တာဝန်ပေးခံရသူဖြစ်သည်။ဗိုလ်ချုပ်ကျော်ဝင်းအားအထောက်အကူပြုနိုင်ရန်ဗိုလ်မှူးချုပ်သန်းထွန်းသည် နိုင်ငံရေးနှင့် တန်ပြန်ထောက်လှမ်းရေးဌာနမှ တာဝန်ယူပေးခဲ့ရပါသည်။
ထိုစဉ်ကတွေ့ဆုံမှုကိုထိပ်တန်းလျှို့ဝှက်အဆင့်သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။သို့သော်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်ရာဇာလီအစ္စမေးလ်လာရောက်စဉ် နိုင်ငံခြားရေးဝန်ကြီးဦးဝင်းအောင်၏အမှတ်မထင်ပြောဆိုလိုက်မှုကြောင့်တွေ့ဆုံမှုသတင်းနိုင်ငံတကာသို့ ပေါက်ကြားသွားခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိခဲ့သောသဘောထားအမျိုးမျိုးအာဏာပိုင်များအတွင်း ကွဲလွဲမှုများရှိခဲ့ပါသည်။ထိုအချိန်ကယခုပြည်ခိုင်ဖြိုးအတွင်းရေးမှူးဦးအောင်သောင်းသည် ဒေါ်အောင်ဆန်းစုကြည်အားပုဂ္ဂိုလ်ရေးအရအမနာပပြောဆို၍အဆန့်ကျင်ဆုံးလည်းဖြစ်သည်။၎င်းတို့၏အစိုးရိမ်ဆုံးအချက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုသာမြန်မာ့နိုင်ငံရေးတွင်ပါဝင် ခွင့်ပြုမည်ဆိုလျှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေပြုစုပျိုးထောင်ခဲ့သောပြည်ခိုင်ဖြိုးသည်မှေးမှိန်သွားပြီး နိုင်ငံရေးသေသွားလိမ့်မည်ဟု ယူဆခဲ့ကြသည်။
ထိုအခြေအနေများကြောင့်ဦးအောင်သောင်းသည်ပြည်ခိုင်ဖြိုးဒုဥက္ကဌဗိုလ်ချုပ်ကြီးစိုးဝင်းနှင့်အတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခွင့်ပြုချက်ဖြင့်ဒီပဲယင်း အရေးခင်းဖန်တီးပြီး အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD ဆွေးနွေးပွဲကို ရပ်ဆိုင်းစေခဲ့ပါသည်။
ဒီပဲယင်းအရေးခင်းကြောင့်နိုင်ငံတကာ၏ပြင်းထန်သောဖိအားများဖြစ်ပေါ်လာရာတဖန်ပြန်လည်၍ ဒေါ်အောင်ဆန်းစုကြည်ကိုပြည်ထဲရေးဝန်ကြီးဗိုလ်မှူးကြီးတင်လှိုင်ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစေပြီး အမျိုးသား ညီလာခံတွင် NLD ပါဝင်ရေး ဆွေးနွေးခဲ့ပါသည်။
အဆင်ပြေခဲ့ပြီးနိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမည်ဟုကတိပေးခဲ့ပြီးကာမှရက်ပိုင်းအလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေစိတ်ပြောင်းပြီးNLDအမျိုးသားညီလာခံတက်ပြီးမှ လွှတ်ပေးရန်စဉ်းစားမည်ဆိုသောကြောင့်ဒေါ်အောင်ဆန်းစုကြည်၏“ရှင်တို့စစ်သားတွေဖြစ်ပြီး ကတိမတည်ဘူး”ဟူသောမှတ်ချက်ဖြင့်ဆွေးနွေးပွဲ နိဂုံးချုပ်ခဲ့ရပါသည်။
ယနေ့အချိန်အခါတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ရည်မှန်းချက်ဖြစ်သော မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှု ရှိရမည် ဆို သည့်အတိုင်း နိုင်ငံ၏အမြင့်ဆုံးဖြစ်သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် လက်ရှိစစ်တပ် ခေါင်းဆောင်များနေ ရာအများဆုံး ယူထားသကဲ့သို့ အစိုးရအဖွဲ့တွင်လည်း အရေးပါသော ဝန်ကြီးဌာနများကို ရယူထားပြီး ဖြစ်ပါသည်။ ထို့အပြင် စစ်တပ် အနေဖြင့် လွှတ်တော် နှစ်ရပ်လုံးတွင် ၂၅ ရာခိုင်နှုန်းကိုလည်း ရယူထားပြီး ဖြစ်သည်။
၁၉၉၂ ခုနှစ်ဧပြီလဗိုလ်ချုပ်မှူးကြီးသန်းရွှေစတင်အာဏာယူစဉ်ကတည်းကပျိုးထောင်ခဲ့သောပြည်ခိုင်ဖြိုး လူမှုရေးအဖွဲ့သည်လည်းနိုင်ငံရေးပါတီဖြစ်လာခဲ့ပြီးလွှတ်တော်နှစ်ရပ်တွင် အများစုအမတ်နေရာများကိုရရှိပြီး အစိုးရ အဖွဲ့ကိုပင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။
စာရေးသူအနေဖြင့်တင်ပြချင်တာကတော့စစ်တပ်အနေဖြင့်သူလုပ်ချင်သည်များကို တိုက်ပွဲတပွဲတိုက်ရန်အတွက်တိုက်ပွဲလုပ်ငန်းစည်းမျဉ်း(BattleProcedure)ချမှတ်၍ မဟာဗျူဟာ၊ နည်းဗျူဟာ ဖြင့်ဆောင်ရွက်ခဲ့ရာအောင်ပွဲရရေးနောက်ဆုံးအခက်အခဲကိုကျော်လွှားရမည့်အချိန် ရောက်နေပြီဖြစ်ပါသည်။ အဆိုပါအခက်အခဲကိုကျော်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် မပါဝင် လျှင် မဖြစ်နိုင်သည့်အခြေအနေရှိပါသည်။ထို့ကြောင့်မြန်မာနိုင်ငံကိုအလုံးစုံပျက်သုဉ်းသွားသောနိုင်ငံမဖြစ်စေရန် လက်ရှိအစိုးရသည်မည်သည့်အချိန်ကမျှမပြောဆိုမလိုက်လျောခဲ့ဘူးသောအခြေအနေများကို လျှော့ပေးနေသည်ကို တွေ့ နေရပါသည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ အပေးအယူမျှနေသည်ဟု ဆိုရပါမည်။
လွှတ်တော်အတွင်း နိုင်ငံရေးဇာတ်ခုံမှနေ၍ NLDဝင်ရောက် လှုပ်ရှားမည့် အရိပ်အမြွက်များ တွေ့မြင်နေရပြီး အနှစ်၂၀ ကျော် ဒီမို ကရေစီ ရရှိရေးအတွက်အသက်ပေး ထောင်အကျခံ ဘဝပေါင်းများစွာ စွန့်လွှတ်စွန့်စား ပေးဆပ်ပြီး ပြည်သူလူထုအတွက် အနစ်နာ ခံခဲ့သောNLDသည်ယခုအခါတွင်ယခင်ကနှင့်မတူ စစ်ဗိုလ်လူထွက်အစိုးရနှင့် လွှတ်တော်အတွင်းမှနေ၍ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်ရန် တာစူနေပြီ ဖြစ်သည်။
စစ်ကျွန်ဘဝမှ လွတ်မြောက်လိုသော အစိုးရအဖွဲ့အတွင်းနှင့် စစ်တပ်အတွင်းမှ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူအများလည်း မဝံ့မရဲဖြင့် ခေါင်းလေးတွေ ထောင်လာနေကြပါသည်။
အကယ်၍သာအနှစ်၂၀ကျော်ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်ရေးမှိုင်းအတိုက်ခံထားရသော စစ်အစိုးရအတွင်းမှအဆင့်အလွှာ အမျိုးမျိုးကို စည်းရုံးနိုင်မည်ဆိုပါက ဒီမိုကရေစီ ရရှိရေးမကြာတော့ဟု ပြော၍ ရပါသည်။ NLD သည် ကိုယ်ကျိုးမဖက် စွန့်လွှတ်စွန့်စားနေသော နိုင်ငံရေးပါတီကြီး ဖြစ်သည်။
လက်ရှိစစ်အစိုးရအား နိုင်ငံတကာမျက်နှာစာတွင် ခေါင်းထောင်နိုင်ရန် အထိုက်အလျောက်ထောက်ပံ့မှု ပေးခဲ့သည့်အတွက်ကြောင့် လည်း အပြန်အလှန်နားလည်မှု တစ်စုံတရာရသည်ဟု မြင်ပါသည်။ အကြမ်းမဖက်သော လမ်းစဉ် မေတ္တာတရားဖြင့်ချဉ်းကပ် နေ သည် ဟုလည်း ရှုမြင်ပါသည်။
သို့သော် ဒီမိုကရေစီအရေး စိတ်ကူးယဉ်နေယုံမျှနှင့် မည်သို့မျှဖြစ်မလာနိုင်ပါ၊ အလုပ်လုပ်မှရနိုင်မည်ဟု နားလည်ပါသည်။ အသိမ် မွေ့ဆုံး နည်းဖြင့် ပြုပြင်ပြောင်းလဲနိုင်ရေး အထူးလိုအပ်ပါသည်။
စစ်တပ်သည်နိုင်ငံရေးကိုစစ်ပွဲတပွဲဆင်နွဲနေသကဲ့သို့ရန်သူ့တောင်ကုန်းကိုသိမ်းပိုက်နိုင်ရန် ရန်သူ၏အင်အားတည်နေရာလုပ်ဆောင်မှု၊ပြည်တွင်းပြည်ပနိုင်ငံရေးရာသီဥတုအနေထား ၊ ဘယ်ဘက်ကတိုက်ရမလား၊ညာဘက်ကတိုက်ရမလားဆိုသည့်မြေပြင်အနေအထား သတင်းအချက်လက်များကို စုဆောင်းထားပြီး ပြင်ဆင်နေပါပြီ။
NLD အနေဖြင့်လည်း စစ်အမြင်စစ်အတွေးအခေါ်ရှိသော လက်ရှိအစိုးရနှင့် စစ်တပ်ကို ဒီမိုကရေစီအရေး မည်သို့ဆွဲဆောင် စည်းရုံး သွားသည် ဆိုသည့် သေနင်္ဂနည်းဗျူဟာများ ရှိလိမ့်မည်ဟု ယုံကြည်ပါသည်။ အစိုးရနှင့်စစ်တပ် အတွင်း၌ လက်ရှိနိုင်ငံရေးဗျူဟာ ကို ခေါင်းဆောင်များမှတဆင့်ရှင်းပြထားပြီး အသုံးအနှုန်းကအစ ဆောင်ရန်ရှောင်ရန် လိုက်နာရန်တို့ကိုညွှန်ကြားပြီးဖြစ်ပါသည်။
ပြည်တွင်းပြည်ပ မြန်မာ့အရေးလှုပ်ရှားသူများနှင့် ပြည်သူလူထုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုမည်သို့ဝိုင်းရံပံ့ပိုးပြီးဘာတွေကိုရှောင်ဘာတွေကိုဆောင် ရမည်ဆိုသည်ကို လမ်းညွှန်မှု ပြုစေလိုပါသည်။ ဦးဆောင်လမ်းညွှန်မှုများမရှိခဲ့ပါလျှင်ဒေါ်အောင်ဆန်းစုကြည်နှင့်NLDဘက်မှရပ်တည် ထောက်ခံသူများအနေဖြင့် တယောက်တပေါက်ဖြင့် ညီညွတ်မှုများ ပျက်ပြားနိုင်ပါသည်။
အလားတူစစ်ဗိုလ်ဟောင်းများအစိုးရကိုလည်းလျှော့၍ မတွက်သင့်ပါသည်။လက်ရှိအခြေအနေသည် လွန်ခဲ့သော၁၀နှစ်ကအခြေအနေမျိုးနှင့်ခပ်ဆင်ဆင်ဖြစ်နေပါသည်။ ထိုစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကို အမျိုးသားညီလာခံ ၌ စစ်အစိုးရ နှင့် ပူးပေါင်းရေး ဖြစ်ပြီး ယနေ့အချိန်မှာတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော အစိုးရ နှင့် ပူးပေါင်းရေးဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့်NLDကိုပြည်သူကအကြွင်းမဲ့ယုံကြည်ပြီး ဖြစ်ပါသည်။စစ်တပ်၏လှည့်စားမှု အမျိုးမျိုးကိုလည်း ကောင်း စွာနားလည် သဘောပေါက်ပြီးသူများလည်း ဖြစ်သည်။
စာရေးသူအနေဖြင့်အတွေ့အကြုံအရ သံသယဖြစ်စရာလေးတွေတွေ့နေရပါသည်။ သမ္မတကြီး ဦးသိန်းစိန် သာ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့်ရှိခဲ့မည်ဆိုပါကအကျဉ်းသားလွှတ်ရေးကိစ္စယခုကဲ့သို့ တုံ့ဆိုင်းနေစရာ အကြောင်း မရှိပါ။
အလားတူတိုင်းရင်းသားအရေးငြိမ်းချမ်းရေးကိစ္စများတွင်ယခုပုံစံမျိုးမလှုပ်ရှားနိုင်ပါ။ ယခုလက်ရာခြေရာများသည် စစ်အာဏာရှင်ကြီးဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရာများနှင့်တထေရာတည်း တူနေပါသည်။
စာရေးသူတို့ရှိစဉ်ကတည်းကဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အကွက်တကွက်ကို သူရွှေ့တော့မည်ဆိုလျှင် သတင်းစာဆောင်းပါးများ၊အနီးကပ်အရာရှိကြီးများမှတဆင့်သူလုပ်မည့်ကိစ္စများကို သတင်းလွှင့်တတ်ပါသည်။
ထို့နောက် အာဏာပိုင်များ နှင့် အရပ်သူအရပ်သား များအတွင်းမှ ထိုသတင်းအပေါ် တုံ့ပြန်ချက်ကို နားထောင်ပြီး လူတွေက သူဘာများ လုပ်မည်လည်း ဆိုသည့် မေးခွန်းများအပေါ် ကျေနပ်နေတတ်သူ တဦး ဖြစ်သည်။
တနည်းအားဖြင့် ပြည်သူလူထုအား စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခြင်းပင်ဖြစ်ပါသည်။ ယခုလည်း တကယ်စိတ်ကောင်း စေတနာဖြင့် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးသကဲ့သို့ နာမည်ကြီး ကိုဇာဂနာနှင့် အကျဉ်းသား၂၀၀ ကျော်ကိုလွှတ်ပြပြီး အသာလေးချိုထား လိုက်ပါသည်။
ငြိမ်းချမ်းရေးကိစ္စမှာလည်း ကချင် လွတ်လပ်ရေး တပ်မတော်(KIA)ကို ရှင်းရန် ကျန်တိုင်းရင်းသားများကို အချိုသပ်ထားလိုက် သည်။ ယခုအထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်တပ်က တရားဝင် အနားယူသည့် စစ်ရာထူးခန့်ချုပ် အမိန့်အတွက် မထုတ်ပြန်ရသေး ကြောင်း သတိပြုစေလိုပါသည်။
စာရေးသူအနေဖြင့် မိချောင်းမင်း ရေခင်းပြနေခြင်း မဟုတ်ပါ။ ပညာရှိ သတိဖြစ်ခဲ ဖြစ်မည်စိုးရိမ်၍ တင်ပြနေရခြင်းဖြစ် ပါသည်။
NLDလွှတ်တော်အတွင်း ဝင်ရောက်သည်ကို ထောက်ခံပါသည်။ ယခုကဲ့သို့နည်းလမ်းကို ရွေးချယ်မှုသည် ပြည်တွင်းရှိ ပြည်သူ လူထုအတွက် လက်ရှိအစိုးရနှင့် ရင်ဆိုင်ရာတွင် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လိုက်ခြင်းဟု ထင်ပါသည်။
အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများကဲ့သို့ အကြမ်းဖက်မှုများမှလည်း ရှောင်ရှားလိုက်ရာ ရောက်ပါသည်။ စစ်ကျွန်ဘဝမှ လွတ်မြောက်လိုသော စစ်သည်များနှင့် မိသားစုများကလည်း NLD ကိုကြိုဆိုကြမှာ အမှန်ပါ။
သဘောထားတင်းမာသူ ခေါင်းဆောင်ကြီးလည်း အသက်အရွယ်အရ တရားရရန် အချိန်တန်နေပြီဖြစ်၍ မြန်မာနိုင်ငံ အနာဂါတ် မျိုးဆက်သစ် လူငယ်များအရေး ရှေးရှုပြီး သံဝေဂ ရသင့်ပါပြီ။
မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ စာရေးသူ သိရှိကြုံတွေ့ခဲ့ရသည်များကို တင်ပြခြင်းသာဖြစ်ပါသည်။ ပြည်သူအားလုံးလည်း ဒီမိုကရေစီ အရေး စိတ်အေးချင် ကြပါပြီ။ ။

(စာရေးသူအောင်လင်းထွဋ်သည်ဗိုလ်မှူးဟောင်းတဦးဖြစ်သည်။တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ံမှူးကြီးစသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်)



donderdag 20 oktober 2011

လူ့အခွင့်အရေးချိုးဖောက်မှုများအမြန်ဆုံးဖြေရှင်းရန်ကင်တားနားတောင်းဆို

ဧရာဝတီ on October 20, 2011 3:00 pm in သတင်း
မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ကိုလက်ခံ၍ကိုင်တွယ်ဖြေရှင်းပေးပါရန် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာသောမတ်စ်အိုဟေး ကင်တားနားကသမ္မတဦးသိန်းစိန်အစိုးရထံတောင်းဆိုလိုက်သည်။
မစ္စတာသောမတ်စ်အိုဟေးကင်တားနားမြန်မာပြည်လာစဉ်ကမင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(ဓာတ်ပုံ-ဧရာဝတီ)
မစ္စတာကင်တားနားကကုလသမဂ္ဂအထွေထွေညီလာခံသို့တင်သွင်းသောအစီရင်ခံစာတွင်မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများဖြေရင်းပေးရန်မြန်မာအစိုးရအားတောင်းဆိုစာကိုထည့်သွင်းရေးသားခဲ့ခြင်း ဖြစ်သည်။
၎င်း၏အစီအရင်ခံစာ၌မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူနည်းစုများနှင့်ဗုဒ္ဓဘာသာမဟုတ်သော တခြားဘာသာဝင်များအားခွဲခြားဆက်ဆံခြင်း၊နှိမ့်ချဆက်ဆံခြင်းများရှိနေသေးကြောင်း၊လွတ်လပ်၍မျှတမှု မရှိသည့်တရားစီရေးစနစ်ကိုဆက်လက်လက်ကိုင်ထားနေဆဲဖြစ်ကြောင်း၊နိုင်ငံရေးအကျဉ်းသားများအား ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊အကျဉ်းသားများအားစစ်ကျောရာတွင်ညှဉ်းပမ်းနှိပ်စက်မှုများ ရှိနေသေးကြောင်းနှင့်အဓမ္မလုပ်အားပေးခိုင်စေခြင်းများ၊အကျဉ်းသားများကိုပေါ်တာအဖြစ်အသုံးချခြင်း သို့မဟုတ်လူသားဒိုင်းများအဖြစ်စစ်မြေပြင်များ၌အသုံးပြုနေခြင်းများရှိနေသေးကြောင်း၊အဆိုပါ အခြေအနေများကိုသမ္မတဦးသိန်းစိန်အစိုးရအနေဖြင့်ကိုင်တွယ်ဖြေရှင်းစေချင်ကြောင်းရေးသားထားသည်။
တချိန်တည်းတွင်မြန်မာအစိုးရသစ်သည်လူ့အခွင့်အရေးအခြေအနေများကိုပိုမိုတိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီးဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင်ပိုမို၍နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း လည်း မစ္စတာကင်တားနားက ပြောဆိုထားသည်။
မစ္စတာကင်တားနားသည်သြဂုတ်လအတွင်းကမြန်မာပြည်တွင်းသို့သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရခေါင်းဆောင်များ၊မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံတချို့နှင့်တွေ့ဆုံခဲ့သည်။၎င်းမြန်မာပြည်သို့သွားရောက်စဉ်ကနိုင်ငံရေးအကျဉ်းသား၂၀၀၀ ကျော်ကိုလွှတ်ပေးရန်တောင်းဆိုခဲ့သည်။
မြန်မာအစိုးရ၏လွတ်ငြိမ်းချမ်းသာခွင့်အရမကြာခင်ကနိုင်ငံရေးအကျဉ်းသား၂၀၀ကျော်ပြန်လည် လွတ်မြောက်လာခြင်းကို၎င်းအနေဖြင့်ကြိုဆိုကြောင်း၊သို့ရာတွင်ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအားနိုဝင်ဘာတွင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးရန်မျှော်လင့်ကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။
“ဒီလိုနိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးတာဟာဒီမိုကရေစီစနစ်ကိုဦးတည်သွားနေတဲ့မြန်မာအစိုး ရသစ်ရဲ့လတ်တလောဖြစ်စဉ်တွေအတွက်ပိုမိုအကျိုးရှိစေမယ်၊အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက်လည်းမရှိမဖြစ်လုပ်ရမယ့်ခြေလှမ်းတရပ်လည်းဖြစ်ပါတယ်”ဟုမစ္စတာ ကင်တားနားက ၎င်း၏ အစီအရင်ခံစာတွင် ထည့်သွင်း ပြောဆိုထားသည်။
မစ္စတာကင်တားနားကမြန်မာအစိုးရအနေဖြင့်နိုင်ငံရေးပါတီများ၏လှုပ်ရှားမှုများအပေါ် ကန့်သတ်ထားသည်များကိုရုတ်သိမ်းပေးရန်နှင့်ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန် အပါအဝင် ရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်များ၏မှတ်ပုံတင်ကြေးမြင့်မားနေသည်ကို လျှော့ချပေးရန်အတွက်လည်း တောင်းဆိုထားသည်။
မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်တရပ်ဖွဲ့စည်းခဲ့သည်ကိုမစ္စတာကင်တားနားက ကြိုဆိုသော်လည်းထိုကော်မရှင်အနေဖြင့်မည်သို့လုပ်ဆောင်မည်၊၎င်းကော်မရှင်၏အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်တို့ မည်မျှအထိ ရှိနိုင်မည် ဆိုသည့်အချက် ကိုမူ မေးခွန်းထုတ်ထားသည်။



မြန်မာ့ငွေလဲနှုန်းထားအရေးIMFလာရောက်လေ့လာ

ရန်ပိုင် on October 20, 2011 7:09 pm in သတင်း / 2 comments, Hits: 3726
မြန်မာကျပ်ငွေနှင့်နိုင်ငံခြားငွေလဲလှယ်နှုန်းထားပြင်ဆင်သတ်မှတ်ရေးနှင့်ပတ်သက်ပြီးအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှကိုယ်စားလှယ်များယမန်နေ့ကမြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်း သတင်းရရှိသည်။

                                                                                       (ဓာတ်ပုံ - AP)
IMFကိုယ်စားလှယ်အဖွဲ့တွင်ဗဟိုဘဏ်များနှင့်ငွေကြေးဆိုင်ရာအကြီးတန်းဘဏ္ဍာရေးကျွမ်းကျင်သူAkelonnberg၊မြန်မာနိုင်ငံဆိုင်ရာIMFတာဝန်ခံMeralKarasulu၊ကမ္ဘာ့ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူများပါဝင်ကြောင်းVOAအသံလွှင့်ဌာနက ထုတ်လွှင့်ထားသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့သည်နေပြည်တော်တွင်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးလှထွန်း အပါအ၀င်ဗဟိုဘဏ်မှတာဝန်ရှိသူများနှင့်တွေ့ဆုံရန်ရှိကြောင်း၊ငွေကြေးလဲလှယ်သည့် စနစ်ပြုပြင်ရေးနှင့်ပတ်သက်၍IMFကပြဋ္ဌာန်းထားသည့်စည်းမျဉ်းအမှတ်၈(Article8)နှင့်ညီညွတ်မှုရှိမရှိ လေ့လာရန် ရှိကြောင်း IMFကိုယ်စားလှယ်အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
“IMFနဲ့ညှိရင်တော့ဒေါ်လာကိုင်ဆောင်ခွင့်ကအစတရားဝင်ခွင့်ပေးရမယ်၊Article8ကိုမလွဲမသွေလိုက်နာ ရမယ်၊အားလုံးပြေလည်ဖို့ကတော့အစိုးရရဲ့ပြောင်းလဲချင်စိတ်ပေါ်မှာမူတည်တယ်”ဟု၎င်းကဆိုသည်။
Article8တွင်အစိုးရအနေဖြင့်ဗဟိုဘဏ်အပေါ်တွင်စွက်ဖက်မှုကင်းရှင်းရမည်၊ဗဟိုဘဏ်အနေဖြင့်လည်း နိုင်ငံ၏ငွေကြေးစနစ်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များကိုမှန်ကန်စွာဖော်ပြပေးရမည်ဟုပါဝင်ပြီးထိုစည်းမျဉ်းများကို အဖွဲ့ဝင်နိုင်ငံတိုင်း လိုက်နာရမည် ဖြစ်သည်။
အာဆီယံနိုင်ငံတနိုင်ငံဖြစ်သည့်ဗီယက်နမ်နိုင်ငံသည်Article8ကို၂၀၀၆ခုနှစ်တွင်သဘောတူ လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။
မြန်မာ့ရှေ့ဆောင်ဘဏ်၏အကြီးအကဲနှင့်မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးချစ်ခိုင်ကလည်းနိုင်ငံခြားငွေကြေးလဲလှယ်နှုန်း၊အထူးသဖြင့်ပြည်ပပို့ကုန်ရ၀င်ငွေ(ExportEarning) လဲလှယ်မှုနှုန်းကိုတည်ငြိမ်ရန်ဆောင်ရွက်လျှင်ပို့ကုန်လုပ်ငန်းများတည်ငြိမ်လာပြီးတိုင်းပြည်စီးပွားရေး ပိုမိုကောင်းမွန်လာမည်ဖြစ်သည်ဟုဧရာဝတီသို့ပြောဆိုသည်။
“လက်ရှိအခြေအနေမှာတော့ငွေဈေးကတဒေါ်လာကိုကျပ်၈၀၀အောက်ပြန်ဆင်းနေတယ်၊ဒါပေမယ့်အစိုးရ နဲ့ဗဟိုဘဏ်ကတော့၈၀၀အောက်ဆင်းမသွားအောင်ထိန်းသိမ်းပါလိမ့်မယ်”ဟု၎င်းကဆိုသည်။
မြန်မာငွေနှင့်အမေရိကန်ဒေါ်လာလဲလှယ်နှုန်းအတက်အကျကို၉၀၀ကျပ်ဝန်းကျင်၌သတ်မှတ်မည်ဆိုလျှင် ပြည်ပပို့ကုန်လုပ်ငန်းများတည်ငြိမ်လာပြီးတိုးတက်လာမည်ဟုယုံကြည်ကြောင်းလည်းဦးချစ်ခိုင်က ဆက်လက်ပြောဆိုသည်။
လက်ရှိအမေရိကန်တဒေါ်လာပေါက်ဈေးမှာ၈၀၀ကျပ်ဖြစ်ပြီးပြည်ပပို့ကုန်ရ၀င်ငွေတန်ဖိုးမှာတဒေါ်လာလျှင် ၈၂၀ကျပ်ဖြစ်သည်။
သမ္မတဦးသိန်းစိန်အစိုးရသစ်တက်ပြီးနောက်ပိုင်းကျပ်ငွေတန်ဖိုးမြင့်တက်သွားပြီးအမေရိကန်ဒေါ်လာ အပါအ၀င်နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းမှာကျပ်၇၀၀အောက်သို့ကျဆင်းသွားရာပြည်ပပို့ကုန် လုပ်ငန်းရှင်များ၊နိုင်ငံခြားငွေကြေးလက်ဝယ်ကိုင်ဆောင်သူများထိခိုက်နစ်နာခဲ့သည်။
ထို့ကြောင့်ပြီးခဲ့သည့်သြဂုတ်လအတွင်းကပြည်တွင်းပြည်ပမှစီးပွားရေးပညာရှင်များကိုဖိတ်ကြားပြီး နိုင်ငံတော်၏စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက်ပြုပြင်ပြောင်းလဲရေးဆိုင်ရာအမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
သမ္မတ၏စီးပွားရေးအကြံပေးပညာရှင်ဒေါက်တာဦးမြင့်ကကျပ်ငွေလဲလှယ်နှုန်းမြင့်မားလာခြင်းသည် မလိုလားအပ်သောအကျိုးဆက်များဖြစ်ပေါ်နိုင်ပြီးအချိန်ကိုက်ဖိဖိစီးစီးဖြေရှင်းရန်လိုကြောင်းထောက်ပြဝေဖန်ခဲ့သည်။
စက်မှုလုပ်ငန်းဖွံဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌစက်မှု(၁)(၂)၀န်ကြီးဦးစိုးသိန်းအပါအ၀င်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်းတို့ကလည်းငွေကြေးလဲလှယ်နှုန်းကိုကျပ်၉၀၀နှင့်၁၀၀၀အကြားနှုန်းသေနှင့်နှုန်းရှင်ထားရှိရန် ပြောဆိုသည့်အပြင်နေပြည်တော်တွင်ပြုလုပ်နေသည့်အမျိုးသားလွှတ်တော်တွင်လည်း ငွေကြေးလဲလှယ်နှုန်းထား ပြင်ဆင်သတ်မှတ်ရန် ဆွေးနွေးမှုများ ရှိခဲ့သည်။
ယင်းသို့ငွေလဲလှယ်နှုန်းပြင်ဆင်ရေးအတွက်IMF၏အကူအညီရရှိရန်လိုအပ်သဖြင့်မြန်မာအစိုးရအနေဖြင့် လုပ်ထုံးလုပ်နည်းဆိုင်ရာအကူအညီပေးရန်ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းကတောင်းခံခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလအတွင်းကအမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမြို့တွင်ကျင်းပသည့်IMFနှစ်ပတ်လည်အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၀န်ကြီးဦးလှထွန်းကလည်းငွေကြေးနှင့်လုပ်ထုံးလုပ်နည်းပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရန်စဉ်းစားနေကြောင်း၊မိမိနိုင်ငံစီးပွားရေးဖွံဖြိုးတိုးတက်စေရန်ကူညီမည်ဟုလည်း ယုံကြည်ကြောင်းပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၅၂ ခုနှစ်မှ စတင်၍ IMF အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။
၂၀၁၅ခုနှစ်မတိုင်မီမြန်မာနိုင်ငံ၌စတော့အိပ်ချိန်းဈေးကွက်ဖွင့်လှစ်ရန်ရာထားလျက်ရှိပြီး၂၀၁၂ခုနှစ်တွင် အများပြည်သူသို့အစုရှယ်ယာများထုတ်ဝေရောင်းချရန်စီစဉ်နေကြောင်းပြည်တွင်းအခြေစိုက်ElevenMedia ၏ အင်တာနက်သတင်းတွင်ရေးသားထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်လာရန် ရှိသည်။



maandag 10 oktober 2011

NLDမှတ်ပုံတင်ရေးမဆုံးဖြတ်ရသေးဟုဒေါ်အောင်ဆန်းစုကြည်ပြောပြီ

ဧရာဝတီ Monday, 10 October 2011 16:03
.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှတ်ပုံတင်ရေးနှင့်ကြားဖြတ်ရွေးကောက်ပွဲဝင်ရေးကိစ္စများနှင့်ပတ် သက်ပြီးတစုံတရာဆုံးဖြတ်ထားခြင်းမရှိသေးကြောင်းမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုအောက်တိုဘာ၈ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင်တွေ့ဆုံစဉ်(ဓာတ်ပုံ-ဧရာဝတီ)
မြန်မာနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသောနော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးMr.Espen BarthEideနှင့်ဒေါ်အောင်ဆန်းစုကြည်တို့တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင်အောက်တိုဘာလ၈ ရက်နေ့ကတွေ့ဆုံအပြီးသတင်းထောက်များနှင့်တွေ့ဆုံစဉ်ဒေါ်အောင်ဆန်းစုကြည်ကထိုသို့ ပြောဆိုခြင်းဖြစ်သည်။
NLDပါတီသည်နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ရန်ဆုံးဖြတ်တော့မည်ဟုသတင်းများထွက်ပေါ်နေသည့် အတွက်တိကျရေရာစွာသိရှိလိုကြောင်းသတင်းထောက်တဦးကမေးမြန်းရာဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ထဲမှာနိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဥပဒေကိုပြင်ဆင်နေတယ်ဆိုတာတွေကြားနေလို့အဲဒီ အပေါ်မှာအခြေခံပြီးဆွေးနွေးကြတာပါ။ဥပဒေတောင်မှဘာမှအတည်မပြုရသေးတာဘယ်လို ဆုံးဖြတ်ရမလဲ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဝန်ကြီးဦးအောင်ကြည်တို့မကြာသေးမီကတွေ့ဆုံစဉ်ကလည်း နိုင်ငံရေးအကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးကိစ္စကိုပြောဆိုဆွေးနွေးခဲ့ပြီးနိုင်ငံရေး အကျဉ်းသားများလွတ်မြောက်လာမည့်အချိန်ကိုစောင့်ဆိုင်းလျက် ရှိကြောင်း၊ပါတီမှတ်ပုံတင်ရေးကိစ္စနှင့် ပတ်သက်ပြီး တစုံတရာဆုံးဖြတ်ခြင်း မရှိသေးကြောင်း ပြောခဲ့သည်ဟုသတင်းထောက်များအား တွေ့ဆုံစဉ် ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်ကNLDအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်၊မ၀င်ကိစ္စကိုလည်း မဆုံးဖြတ်ရသေးကြောင်း၊NLDသည် ပြောင်းလဲလာသော အခြေအနေများပေါ် မူတည်၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်ကမိမိအနေနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုအစဉ်တစိုက် တောင်းဆိုခဲ့ပြီးမျှော်လင့် စောင့်စားလျက်ရှိကြောင်း အလေးအနက် ပြောဆိုသွားသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းရပ်ဆိုင်းလိုက်မှုကြောင့်တရုတ်-မြန်မာနှစ်နိုင်ငံအကြား မပြေလည်မှုများ ရှိခဲ့လျှင် ညှိနှိုင်း၍ရေရှည်အကျိုးကိုကြည့်ကာသဘောထားကြီးကြီးနှင့် ပြေလည်စေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ နှစ်နိုင်ငံပြည်သူပြည်သားအချင်းချင်းလည်းတဦးအပေါ်တဦးကြည်ကြည်လင်လင်ဖြစ်စေချင်ကြောင်း၊ အိမ်နီးချင်း နိုင်ငံအချင်းချင်း နားလည်မှုရှိစွာဖြင့်သင့်တင့်မှုရှိလျှင်အကောင်းဆုံးဖြစ်ကြောင်း သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကယခုအချိန်တွင်ခရီးထွက်ရန်မည့်အစီအစဉ်တစုံတရာမရှိသေးကြောင်းလည်း ပြောသည်။
နော်ဝေးနိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးလာရောက်သည့်ခရီးစဉ်အတွင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းနှင့်တွေ့ဆုံစဉ်ဦးရွှေမန်းက နိုင်ငံရေးအကျဉ်းသားများအား မကြာမီ လွှတ်ပေးတော့မည်ဟု ပြောဆိုသွားသည်။

သီတင်းကျွတ်မှာလွတ်မည်ထင်

ရန်ပိုင် Monday, 10 October 2011 18:06
.ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကနိုင်ငံရေးအကျဉ်းသားများကိုပြန်လွှတ်ပေးတော့မည်ဟု ပြောဆိုခဲ့သည့်နောက်နိုင်ငံရေးအကျဉ်းသားမိသားစုတချို့ကအကျဉ်းထောင်များသို့သွားရောက်ကာ စောင့်ဆိုင်းမှုများ ပြုလုပ်မည်ဟု သိရသည်။
၂၀၀၇ခုနှစ်ကရန်ကုန်မြို့နိုင်ငံရေးလှုပ်ရှားမှုတခုတွင်တွေ့ရသော၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ-AP)
ဗုဒ္ဓဘာသာဝင်တို့၏နေထူးနေ့မြတ်ဖြစ်သည့်သီတင်းကျွတ်လပြည့်နေ့တွင်အကျွတ်အလွတ်ဟူသော အယူအဆဖြင့် အကျဉ်းသားများအား လွှတ်ပေးနိုင်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်နေစဉ်မှာပင် ပြီးခဲ့သည့် သောကြာနေ့ကနော်ဝေးအသံလွှင့်ဌာန(NRK)ကိုသူရ ဦးရွှေမန်းကအထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံအကျဉ်းထောင်တွင်အကျဉ်းကျခံနေရသည့်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏အမဖြစ်သူဒေါ်ကြည်ကြည်ညွန့်ကအစိုးရအာဏာပိုင်များထံမှ တစုံတရာဆက်သွယ်ခြင်းမရှိသေးသော်လည်းလာမည့်အောက်တိုဘာလ၁၃ရက်နေ့တွင် ကျိုင်းတုံထောင်သို့ သွားရောက်မည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“တချို့ကလည်းကိုမင်းကိုနိုင်တို့ပထမအသုတ်လွတ်မယ်၊တချို့ကလည်းမလွတ်သေးဘူးပြောတယ်၊ဒါပေ မယ့် ကျမကတော့ လေယာဉ်လက်မှတ် ၀ယ်ပြီးပြီ။ သဘက်ခါကို သွားမယ်” ဟု ဧရာဝတီသို့ပြောသည်။
ထောင်ဒဏ်၆၅နှစ်ချမှတ်ခံရသည့်ကိုမင်းကိုနိုင်သည်လက်ရှိအခြေအနေတွင်အရိုးကျီးပေါင်းတက်ခြင်း၊ သွေးတိုးခြင်း၊နှလုံးတုန်ခြင်းစသည့်ရောဂါများကိုခံစားနေရကြောင်း၎င်း၏အမဖြစ်သူဒေါ်ကြည်ကြည်ညွန့်က ရှင်းပြသည်။
မကြာသေးမီကမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရကိုယ်စားလှယ်ဝန်ကြီး ဦးအောင်ကြည်တို့တွေ့ဆုံဆွေးနွေးရာတွင်လည်းနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကို အထူးဦးစားပေး ဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ်ဘူးသီးတောင်ထောင်တွင်အကျဉ်းကျခံနေရသည့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်ကိုလည်း ယခုရက်ပိုင်းအတွင်း ထောင်အာဏာပိုင်များကဆေးကုသမှုနှင့် ထောင်ဝင်စာမှတ်တမ်းများတောင်းယူခြင်း၊ဓာတ်ပုံရိုက်ယူခြင်းတို့ပြုလုပ်နေကြောင်းမိသားစုဝင်တဦးဖြစ်သူ နိုင်ငံရေးအကျဉ်းဟောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။
“ဒီနေ့လား၊မနက်ဖြန်လားဆိုပြီးမိသားစုတွေအားလုံးကမျှော်လင့်နေကြတယ်။ကိုဌေးကြွယ်ကျန်းမာရေးက တော့ မကောင်းဘူး”ဟု၎င်းကဆိုသည်။
အစိုးရသစ်သည်နိုင်ငံတကာနှင့်မြန်မာပြည်သူများ၏ထောက်ခံမှုကိုရရှိစေရန်အတွက်နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေး မည်ဟု ထင်မြင်ကြောင်း ကိုဖြိုးမင်းသိန်းက ဆက်ပြောသည်။
ကချင်ပြည်နယ်မြစ်ကြီးနားထောင်တွင်အကျဉ်းကျခံနေရသည့်လူရွှင်တော်ကိုဇာဂနာ၏ခယ်မဖြစ်သူ မငြိမ်းကမူ“ကိုဇာဂနာအိမ်ပြန်ရောက်မှပဲလွတ်တယ်လို့မှတ်လိုက်တော့မယ်။လွတ်မယ်ဆိုပြီး ပြောတာတွေများတော့ သိပ်မခံစားတော့ဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏အကျဉ်းထောင်အသီးသီးတွင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသည့်နိုင်ငံရေး အကျဉ်းသားပေါင်း၂၀၀၀နီးပါးရှိသည်ဟုပြည်ပအခြေစိုက်နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPP) က ထုတ်ပြန်ထားသည်။
ပြည်တွင်းရှိနိုင်ငံရေးအကျဉ်းသားဟောင်းများစုဖွဲ့ထားသည့်ကွန်ရက်ကလည်းယခုရက်ပိုင်းတွင် မြန်မာနိုင်ငံရှိအကျဉ်းထောင်နှင့်ရဲဘက်စခန်းများတွင်အကျဉ်းကျနေသောနိုင်ငံရေးသမားများ၏ စာရင်းများကိုတိတိကျကျသိရှိ နိုင်စေရန်အကျဉ်းသားမိသားစုများနှင့်တိုင်ပင်ကာစာရင်းပြုစုနေကြောင်း၊ ထိုစာရင်းကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

စာပေစိစစ်ရေးမရှိလျှင်ပိုကောင်းမည်

ခင်ဦးသာ Monday, 10 October 2011 16:58
.မြန်မာနိုင်ငံ၏မီဒီယာအခန်းကဏ္ဍ၌စာပေစိစစ်ရေးဌာနမရှိသင့်တော့ကြောင်းစာပေစိစစ်ရေးဌာန၏ အဆင့်မြင့်အရာရှိတဦးကမကြာမီရက်ပိုင်းအတွင်းပြောဆိုခဲ့ခြင်းကိုပြည်တွင်းစာနယ်ဇင်းအသိုင်းအ၀ိုင်းက ထောက်ခံကြိုဆိုလိုက်ကြသည်။
ရန်ကုန်မြို့တွင်ယမန်နှစ်ရွေးကောက်ပွဲကာလအတွင်းကတွေ့ရသောဂျာနယ်အရောင်းဆိုင်တခု(ဓာတ်ပုံ - AP)
မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးနေပြီဖြစ်၍စာပေစိစစ်ရေးဌာကိုထားရှိရန်မသင့်တော့ဟု စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနဒုညွန်ကြားရေးမှူးချုပ်ဦးတင့်ဆွေကပြည်ပအခြေစိုက်လွတ်လပ်သော အာရှအသံ(RFA)အသံလွှင့်ဌာနသို့ပြီးခဲ့သည့်စနေနေ့ကထိုသို့ပြောဆိုခဲ့ခြင်းအပေါ်စာပေအသိုင်းအ၀ိုင်းက ကြိုဆိုကြုခင်းဖြစ်သည်။
ဦးတင့်ဆွေ၏ပြောစကားသည်စာပေလောကသားများအတွက်ဝမ်းမြောက်၊၀မ်းသာ ကြိုဆိုရမည်ဖြစ်ကြောင်း၊စိစစ်ရေးဌာနအားဖျက်သိမ်းမည်ဆိုပါကစာပေ၊စာနယ်ဇင်းအသိုင်းအ၀ိုင်းအနေဖြင့်လည်း တာဝန်ယူမှု၊တာဝန်ခံမှုများရှိလာမည်ဖြစ်သည့်အတွက်ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်၏အတိုင်ပင်ခံအယ်ဒီတာနှင့်စာရေးဆရာမောင်ဝံသ က ဧရာဝတီကို ပြောသည်။
စိစစ်ရေးမရှိလျှင်ရေးသားခွင့်ပိုမိုလွတ်လပ်မှုရှိမည်ဖြစ်ပြီး၊ရေးသားထုတ်ဝေပြီးသည့်စာစောင်များကိုသာ အာဏာပိုင်များကစိစစ်ရတော့မည်ဖြစ်ကြောင်း၊စိစစ်ရာတွင်လည်းနိုင်ငံတော်၏မူဝါဒနှင့်ကိုက်ညီမှုရှိမရှိ၊ ဘာသာရေး၊ယဉ်ကျေးမှု၊ဥပေဒနှင့်အညီရေးသားမှုရှိမရှိတို့ကိုသာစိစစ်၍ဥပဒေချိုးဖောက်ပါကအရေးယူမှု၊ တရားစွဲဆိုမှုတို့ကို လုပ်ဆောင်နိုင်မည်ဟု ၎င်းကရှင်း ပြသည်။
“စနစ်တခုကတခုကိုပြောင်းမယ်ဆိုရင်အနည်းနဲ့အများဆိုသလိုပြဿနာတွေရှိလာမှာပါ၊ဒါတွေကိုစိုးရိမ် ကြောင့်ကြနေစရာမလိုဘဲအကောင်းဆုံးဖြစ်အောင်ရင်ဆိုင်စရာတွေကိုပြင်ဆင်ထားဖို့ပဲလိုတယ်”ဟု စာရေးဆရာမောင်ဝံသကဆိုသည်။
စာပေစိစစ်ရေးဌာနမရှိလျှင်ပိုမိုလွတ်လပ်စွာရေးသားလာနိုင်မည်ဖြစ်ပြီးနေ့စဉ်ထုတ်ပုဂ္ဂလိက သတင်းစာများပါထုတ်ဝေခွင့်ရလာမည်ဆိုလျှင်လည်းပြည်သူများကိုမြန်ဆန်သွက်လက်စွာ သတင်းပေးနိုင်မည်ဖြစ်၍ ပြည်သူများအတွက် များစွာအကျိုးရှိလာမည်ဟု ၎င်းက ဆက်ပြောသည်။
“သတင်းမှန်တွေကို ပြည်သူတွေက နေ့စဉ်ဖတ်ခွင့် သိခွင့်ရမယ်ဆိုရင် ဝေဖန်ပိုင်းခြားမှုတွေ ပိုမိုလာမယ်”ဟု ဆရာ မောင်ဝံသ က ဆိုသည်။
OpenNewsဂျာနယ်နှင့်မြန်မာ့ဓနမဂ္ဂဇင်းအယ်ဒီတာချုပ်ဦးသီဟစောကလည်းစာပေစိစစ်ရေးဖြုတ်သိမ်း မည့် ကိစ္စကို ကြိုဆိုကြောင်းပြောသည်။
“စိစစ်ရေးမရှိတာကကောင်းတယ်လို့မြင်တယ်၊အရင်ထက်စာရင်ပိုလွတ်လပ်သွားတာပေါ့၊ကိုယ့်တာဝန်တော့ ကိုယ်ယူရမှာပါ၊အစိုးရကမီဒီယာဥပဒေတခုရေးဆွဲနေတယ်လို့ပြောတယ်၊ဘာတွေပါလဲဆိုတာတော့ မသိရသေးဘူး”ဟုဦးသီဟစော က ဧရာဝတီကို ပြောသည်။
ဒီမိုကရေစီနိုင်ငံများနှင့်ဒီမိုကရေစီစနစ်ကျင့်သုံးနေသောကမ္ဘာ့မည်သည့်နိုင်ငံတွင်မှ စာပေစိစစ်ရေးဌာနမရှိကြောင်း၊မြန်မာနိုင်ငံသည်လည်းဒီမိုကရေစီစနစ်ကျင့်သုံးနေသည်ဆို၍ စာပေစိစစ်ရေးဌာနလုံးဝမရှိသင့်တော့ကြောင်း၊စတုထ္တမဏ္ဍိုင်ဖွံ့ဖြိုးတိုးတက်မှုရှိမှသာကျန်သည့်မဏ္ဍိုင် သုံးရပ်အားပြည့်ပြည့်၀၀အထောက်အကူပြုနိုင်မည်ဖြစ်ပြီးဒီမိုကရေစီစနစ်ပီပြင်လာမည် ဟု ရန်ကုန်မီဒီယာဂရု(ပ်)၏ အမှုဆောင်အရာရှိချုပ် ကိုကို(စက်မှုတက္ကသိုလ်) က ပြောသည်။
အလားတူပုဂ္ဂလိကမီဒီယာများအနေဖြင့်ဂျာနယ်လစ်ဇင်ကိုအခြေခံသောမီဒီယာကျင့်ဝတ်အတိုင်းလိုက်နာ၍ ဥပဒေနှင့်အညီရေးသားကြမည်ဆိုပါကမည်သည့်အရာကိုမှစိတ်ပူပန်စရာမလိုတော့ကြောင်းလည်းဦးကိုကို က ဆိုသည်။
“မီဒီယာတွေကတခုခုဖောက်ဖျက်မိရင်ဥပဒေအရရင်ဆိုင်ရမှာပဲလေ။နောက်တခုကအာဏာပိုင်တွေကစိစစ် ဖြတ်တောက်ပြီးမှထုတ်တာကလွတ်လပ်စွာရေးသားခွင့်ကိုကန့်သတ်တဲ့သဘောပဲ၊ စိစစ်ရေးမထားတော့ဘူးလို့ အခုလို ပြောတာကိုလည်း ပဲ ကြိုဆိုပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
စိစစ်ရေးဌာန ဖျက်သိမ်းပြီးနောက် ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများထုတ်ဝေခွင့်ပြုမည်ဟု သိရကြောင်း၊ ပုဂ္ဂလိက နေ့စဉ် ထုတ် သတင်းစာများရှိမှသာ မီဒီယာအခန်းကဏ္ဍ ပီပြင်လာမည်ဖြစ်၍ နေ့စဉ်ထုတ် သတင်းစာများ မရှိမဖြစ်လိုအပ်နေသည်ဟု ဦးကိုကို က ဆိုသည်။
“နိုင်ငံပိုင်သတင်းစာတွေရှိလို့ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာမလိုအပ်ဘူးဆိုတာကဘယ်လိုမှမဖြစ်နိုင် တဲ့အရာပါ၊ဘာကြောင့်လဲဆိုတော့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်နိုင်ငံပိုင်သတင်းစာဆိုတာဟာလွတ်လပ်တဲ့ မီဒီယာ မဟုတ်လို့ပါပဲ”ဟုလည်း၎င်းက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းကနိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာများရှိ၍ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုရန်အစီအစဉ်မရှိသေးကြောင်း၊မီဒီယာလွတ်လပ်ခွင့်နှင့်တာဝန်ယူမှုတို့ကို ထိန်းကျောင်းပေးနိုင်မည့်ဥပဒေသစ်တရပ်ပြဌာန်းနိုင်ရန်ပြင်ဆင်နေကြောင်းအောက်တိုဘာလ၆ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောဆို ခဲ့သေးသည်။
“လွတ်လပ်မှုနှင့်တာဝန်ယူမှု၊လွတ်လပ်မှုနှင့်ဆင်ခြင်တုံတရားတို့ကိုယှဉ်တွဲကျင့်သုံးသည့်မီဒီယာဖြစ်လာစေ ရန်ထိန်းကျောင်းပေးနိုင်မည့်မီဒီယာဥပဒေတစ်ရပ်ပြဌာန်းနိုင်ရေးလေ့လာဆောင်ရွက်နေသည်”ဟု ဦးကျော်ဆန်း က ဆိုသည်။
ရန်ကုန်မြို့၊ဗဟန်းမဲဆန္ဒနယ်မှဒေါက်တာမောင်မောင်ဝင့်၏“နိုင်ငံပိုင်မီဒီယာများကို ပြည်သူများပိုမိုအားထားလာရန်မည်သို့ပြုပြင်ပြောင်းလဲဆောင်ရွက်မည်နှင့်ပြည်တွင်း မီဒီယာလောကကို ပြည်သူ့အကျိုးပြုစတုတ္ထမဏ္ဍိုင်အဖြစ်မားမားမတ်မတ်ဖြစ်ထွန်းလာရန်မည်သို့ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်တို့ကိုသိလိုကြောင်း”မေးမြန်းချက်ကိုဖြေဆိုရာ၌ဦးကျော်ဆန်းက ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မီဒီယာကိုကာကွယ်လိုတဲ့အတွက်ဥပဒေပြဌာန်းမှာလား၊ထိန်းချုပ်လိုတဲ့အတွက်လား ဆိုတာ ပြဌာန်းတော့မှ သိရမှာပါ၊ကာကွယ်ပေးတာများရင်တော့မီဒီယာလောကဖွံ့ဖြိုးလာမှာအသေအချာပါပဲ”ဟုဦးကိုကိုက ဆိုသည်။

စိစစ်ရေးအဖြတ်အတောက်ဆက်ကြမ်းနေ

ဧရာဝတီ Monday, 10 October 2011 12:48
.ဒီမိုကရေစီစနစ်တွင်စာပေစိစစ်ရေးမရှိသင့်ဟုစိစစ်ရေးဒုတိယညွှန်ကြားရေးမှူးချုပ်ဦးတင့်ဆွေကထုတ်ဖော် ပြောဆိုလိုက် သော်လည်း သတင်းအများစုကို စိစစ်ဖြတ်တောက်နေဆဲ ဖြစ်သည်။
                                           ဂျာနယ်လက်ပွေ့အရောင်းသမားတဦး(ဓာတ်ပုံ-Uzo/TheIrrawaddy)
ဦးတင့်ဆွေက“ဒီမိုကရေစီစနစ်ကိုကူးပြောင်းနေပြီဖြစ်တဲ့အတွက်ခေတ်နဲ့လျော်ညီအောင်စာပေစိစစ်ရေးကို မထားရှိသင့်တော့ဘူးလို့ထင်မြင်ယူဆပါတယ်”ဟုပြည်ပအခြေစိုက်RFAသတင်းဌာနကိုအောက်တိုဘာ၈ ရက်နေ့ကပြောဆိုလိုက်သော်လည်းသတင်းဂျာနယ်များတွင်ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု နောက်ဆက်တွဲသတင်းများ၊ပြည်မြန်မာကုန်တိုက်ဆိုင်ခန်းပိုင်ရှင်များဆန္ဒပြသည့်သတင်း၊ ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲသတင်းများအပါအ၀င်သတင်းအများစုဖော်ပြခွင့်မပြုဘဲဆင်ဆာ ဖြတ်တောက်နေဆဲ ဖြစ်ကြောင်းသိရသည်။
သမ္မတဦးသိန်းစိန်ကစက်တင်ဘာလ၃၀ရက်နေ့တွင်ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းကြောင်းတရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီးနောက်ပိုင်းတရုတ်သတင်းမီဒီယာများနှင့်တရုတ်အစိုးရ၏ရှယ်ယာများပါဝင် သောChinaPowerInvestment(CPI)ကုမ္ပဏီတို့ကမြစ်ဆုံစီမံကိန်းရပ်တန့်မှုအပေါ်ပြန်လည်စဉ်းစား သုံးသပ်ပေးရန်နှင့်စီမံကိန်းရပ်တန့်သဖြင့်ဥပဒေကြောင်းအရရင်ဆိုင်ရမည်ဆိုသောပြောဆိုမှုများ၊ မြစ်ဆုံစီမံကိန်းသည်သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်နိုင်ဆိုသောရေးသားချက်များဆက်တိုက်ဆိုသလို ပြုလုပ်လာခဲ့သည်။
ထို့ကြောင့်မြန်မာသတင်းမီဒီယာများကဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ဆက်နွှယ်ပြီးတရုတ်သတင်း မီဒီယာများ၏ပြောဆိုရေးသားမှုများကိုပြန်လည်တုံ့ပြန်ပြောဆိုရန်ရေးသားတင်ပြကြသော်လည်း စာပေစိစစ်ရေးဌာနကခွင့်ပြုချက်မပေးကြောင်းသိရသည်။
“တရုတ်မီဒီယာတွေမှာပါတဲ့မြစ်ဆုံစီမံကိန်းရပ်တဲ့အပေါ်ဝေဖန်သုံးသပ်မှုကိုပြန်တုံ့ပြန်တဲ့သတင်းမျိုးတွေဖော် ပြခွင့်မရဘူး။မြစ်ဆုံနဲ့ပတ်သက်တဲ့သတင်းတိုင်းကိုဖြုတ်တာတော့မဟုတ်ဘူး။ပေးချင်တဲ့အဓိကMessage ဖြုတ်ခံရပြီးကန့်သတ်ဖော်ပြခွင့်ပြုတာမျိုးတွေလည်းရှိတယ်”ဟုသတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတဦးက ပြောသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းသတင်းများသာမကအစိုးရပိုင်ပြည်မြန်မာကုန်တိုက်ကိုလေလံပစ်ပြီးပုဂ္ဂလိကသို့ လွှဲပြောင်း ပေးရန်ကုန်တိုက်အတွင်းရှိ ဆိုင်ခန်းများကိုအတင်းအကျပ် ဖယ်ရှားခိုင်းမှုကြောင့်ဆိုင်ခန်းပိုင်ရှင် ၂၀ကျော်ကဆန္ဒပြသည့်သတင်း၊ဆန္ဒပြသူအမျိုးသမီး၂ဦးကိုခံဝန်လက်မှတ်ရေးထိုးစေကာ ပြန်လွှတ်ပေးသည့် သတင်းများအား စာပေစိစစ်ရေးကဆင်ဆာဖြတ်တောက် ခဲ့သည်ဟု သိရသည်။
“ဒီမိုကရေစီစနစ်မှာစိစစ်ရေးမရှိသင့်ဘူးလို့ပြောတာကိုကြိုဆိုတယ်။အပြောကိုအလုပ်နဲ့ညီအောင်ပြပါလို့ ပြောချင်တယ်။ပြည်မြန်မာကုန်တိုက်ဆိုင်ခန်းပိုင်ရှင်တွေဆန္ဒပြတာကနိုင်ငံရေးသတင်းမဟုတ်ဘူး၊ နိုင်ငံတော်လုံခြုံရေးကိုမထိခိုက်ဘူး။ဘာကြောင့် ပယ်တာလဲ၊ဘာဖြစ်လို့ ဖော်ပြခွင့် မပေးတာလဲ”ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက မေးခွန်းထုတ်သည်။
ကချင်ပြည်နယ်အတွင်းအစိုးရစစ်တပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့အကြား ဖြစ်ပွားလျက်ရှိသောစစ်ပွဲများကြောင့်နောက်ဆက်တွဲမတည်ငြိမ်မှုသတင်းများကိုလည်း ဂျာနယ်များတွင် လုံးဝ မဖော်ပြနိုင်ရန် စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့ကြောင်း သိရသည်။
“ကချင်မှာစစ်ဖြစ်လို့ကုန်သွယ်ရေးရပ်တယ်၊စားသောက်ကုန်တွေဈေးတက်တယ်။လမ်းပန်းဆက်သွယ်ရေး စရိတ်ကြီးတယ်။ ဒါမျိုးသတင်းတွေရေးတာပါ။ အဲဒီလိုသတင်းမျိုးကိုတောင်စာပေစိစစ်ရေးက ပယ်တယ်။ စစ်ပွဲဖြစ်တယ်ဆိုတဲ့သတင်းမျိုးဆိုတော့ဖော်ပြခွင့်ရဖို့မမျှော်လင့်နဲ့လို့တောင်ပြောရမလိုပဲ”ဟု ရန်ကုန် အခြေစိုက် သတင်းထောက်က ဆိုသည်။
စိစစ်ရေးမူဝါဒနှင့်မကိုက်ညီသောသတင်းများဖြုတ်ပယ်ခံနေရသည့်အပြင်လွှတ်တော်သို့သွားရောက် သတင်းယူခဲ့သောသတင်းထောက်များကိုလည်းပြည်ထဲရေးဝန်ကြီးဌာနသတင်းတပ်ဖွဲ့က အိမ်တိုင်ရာရောက် လိုက်လံစုံစမ်းပြီးကိုယ်ရေးရာဇ၀င်မေးမြန်းမှုများရှိနေကြောင်းပြည်တွင်းသတင်းထောက်တချို့က ပြောသည်။
“ကိုယ်လည်းမသိလိုက်ဘူး၊အိမ်လာသွားတယ်။ကိုယ်ရေးရာဇ၀င်ဖောင်ဖြည့်ပေးဖို့လာပြောတယ်။တကယ် ဆိုရင်လွှတ်တော်မတက်ခင်ကတည်းကကိုယ်ရေးအကျဉ်းအပြည့်အစုံပေးထားပြီးသား။ဘာသဘောနဲ့ အိမ်အထိရဲကလိုက်လာသလဲဆိုတာမစဉ်းစားတတ်ဘူး”ဟုလွှတ်တော်တက်သတင်းယူခဲ့သော စာနယ်ဇင်းသမားတဦးက ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းကသတင်းလွတ်လပ်ခွင့်ပေးလျှင်အကျိုးထက်ဆိုးကျိုးသာ များကြောင်း၊ စာပေစိစစ်ရေးဌာနသည်တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက်ရပ်တည်နေခြင်းဖြစ်ပြီးဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း၊အမျိုးသားအကျိုးစီးပွားအခြေခံသောစတုတ္ထမဏ္ဍိုင်ဖြစ်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးများတွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင်လွတ်လပ်သောပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်မရှိသေးသည့်အပြင်သတင်းသမား ၂၀ နီးပါးမှာလည်းပြည်ပအခြေစိုက်သတင်းမီဒီယာများနှင့်ဆက်သွယ်သည်ဟုဆိုကာ အစိုးရ၏ မတရား ဖမ်းဆီး ထောင်ချခြင်းကို ခံနေရဆဲ ဖြစ်သည်။

dinsdag 4 oktober 2011

ပြည်သူ့ရဲ့အငှားပါးစပ် ( သို့မဟုတ် ) ဝေနှင်းပွင့်သုံ

ဦးသိန်းစိန်ဆုံးဖြတ်ချက်ကို တရုတ်ကုမ္ပဏီအံ့သြ

ဧရာဝတီ Tuesday, 04 October 2011 17:35
.သမ္မတဦးသိန်းစိန်၏မြစ်ဆုံစီမံကိန်းဆိုင်းငံ့ရေးဆုံးဖြတ်ချက်ကြောင့်အံ့သြတုန်လှုပ်မိသည်ဟုစီမံကိန်းတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသောတရုတ်အစိုးရပိုင်ChinaPowerInvestment(CPI)ကုမ္ပဏီဥက္ကဋ္ဌက တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။
                                                ဧရာဝတီမြစ်ဆုံစီမံကိန်းမြင်ကွင်းတခု(ဓာတ်ပုံ-Jinghpaw Targyi)
သို့သော်လည်းစီမံကိန်းကိုစီစဉ်ထားသည့်အတိုင်းပြန်လည်လည်ပတ်နိုင်မည်ဟုမျှော်လင့်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌကChinaDailyသတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင်အကျယ်တ၀င့်ပြောလိုက်သည်။
"သတင်းမှာပါလာတော့အင်မတန်အံ့သြသွားမိတယ်။ဆိုင်းငံ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးမဆုံးဖြတ်ခင်တုန်းက ကျနော်တို့ကို မြန်မာနိုင်ငံဘက်ကဘာမှဆက်သွယ်လာတာမရှိဘူး"ဟုCPIကုမ္ပဏီဥက္ကဋ္ဌMr.LuQizhouက ပြောသည်။
သမ္မတဦးသိန်းစိန်သည်ယခုနှစ်ဖေဖော်ဝါရီလတွင်စစ်အစိုးရ၀န်ကြီးချုပ်ဘ၀ကမြစ်ဆုံစီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီးတည်ဆောက်ရေးလုပ်ငန်းများအရှိန်မြှင့်လုပ်ဆောင်ရန်CPIကုမ္ပဏီကို မှာကြားခဲ့သူဖြစ်ခြင်းကြောင့်ယခုဆုံးဖြတ်ချက်ကိုအလွန်အံ့သြမိခြင်းဖြစ်သည်ဟုMr.LuQizhouက ပြောသည်။
"ဆိုင်းငံ့တယ်ဆိုတာကတည်ဆောက်ရေးလုပ်ငန်းတွေရပ်ဆိုင်းတယ်ဆိုတာကိုပြောတာဆိုရင်တော့ဒါဟာ ဥပဒေကြောင်းအရ ဆောင်ရွက်စရာတွေ ရှိလာတော့မှာပေါ့" ဟု Mr. Lu Qizhou က ပြောသည်။
CPIကုမ္ပဏီသည်ဒေါ်လာဘီလီယံ၂၀တန်မြစ်ဆုံဆည်၇ ခု စီမံကိန်းအတွက် ယခင်က မြန်မာစစ်အစိုးရထံသို့ ငွေကြေး မည်မျှ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။
ကုမ္ပဏီက ယခင်စစ်အစိုးရခေါင်းဆောင် ဦးသန်းရွှေ၊ လက်ရှိ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို မြစ်ဆုံစီမံကိန်း အတွက် ဒေါ်လာ ၅ ဘီလီယံ အထိ ပေးအပ်ခဲ့ကြောင်း ထိုငွေထဲမှ တချို့ကို မြို့တော်သစ် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း၊ ကျန်ငွေများ မည်သည့်နေရာတွင် ရှိနေသည်ကို ထိုနှစ်ဦးမှတပါး မည်သူမျှ မသိရကြောင်း စသည့် အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။
ယခုဆိုင်းငံ့ထားသည့်မြစ်ဆုံဆည်စီမံကိန်းတွင်ရင်းနှီးမြှုပ်နှံမှုဒေါ်လာ၃.၆ ဘီလီယံရှိကြောင်း၊ ဆိုင်းငံ့မှုကြောင့် နှစ်နိုင်ငံထိခိုက်နစ်နာမှုကြီးမားနိုင်ကြောင်း၊ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လျော်ကြေး အများအပြား တောင်းဆိုနိုင်ကြောင်း Mr. Lu Qizhou က ပြောသည်။
"စီမံကိန်းရပ်ဆိုင်းတယ်ဆိုရင်တော့တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ဘဏ္ဍာရေးကဏ္ဍမှာဆုံးရှုံးမှုကမျှော်လင့် ထား တာထက်ပိုများမှာဖြစ်ပါတယ်"ဟုMr.LuQizhouကပြောသည်။
၂၀၀၆ ခုနှစ်တွင် CPIကုမ္ပဏီ၊ မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Asia World ကုမ္ပဏီတို့ သဘောတူညီထားချက်အရ မြစ်ဆုံဆည် စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့သည်။ စီမံကိန်းပြီးစီးလျှင် ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ် ၉၀ ရာနှုန်းကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၅၀ တိတိ ပေးပို့ရမည် ဖြစ်သည်။ ထိုကာလ လွန်မြောက်လျှင် မြစ်ဆုံရေအားလျှပ်စစ်လုပ်ငန်းကို မြန်မာနိုင်ငံက ရရှိမည် ဖြစ်သည်။
သောကြာနေ့က သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကို မြန်မာပြည်သားများက ၀မ်းမြောက်ဝမ်းသာကြိုဆိုလိုက်ကြသည်။ စနေနေ့တွင် ထွက်ပေါ်လာသောတရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက်တွင်စီမံကိန်းတွင်ပါဝင်သည့်တရုတ်ကုမ္ပဏီတို့၏ဥပဒေအရရပိုင်ခွင့်တို့ကို မြန်မာအစိုးရကအကာအကွယ်ပေးရန် တောင်းဆိုထားသည်။
တရုတ်နိုင်ငံခြားရေးဌာန နှင့်CPIကုမ္ပဏီတို့၏ တုံ့ပြန်ချက်များတွင်မြန်မာပြည်သားတို့၏ စိုးရိမ်ပူပန်မှု၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သည့် အခြေအနေများအကြောင်း ပါဝင်ခြင်း မရှိပေ။
တနင်္လာနေ့ကသမ္မတဦးသိန်းစိန်၏အကြံပေးအရာရှိတဦးကပြောကြားရာတွင်၂၀၁၅ ခုနှစ်တွင် ယခုအစိုးရအဖွဲ့ သက်တမ်းကုန်ပြီး ပေါ်ပေါက်လာမည့် မြန်မာအစိုးရအဖွဲ့ လက်ထက်တွင် စီမံကိန်း နှင့် ပတ်သက်ပြီး ထပ်မံ ဆုံးဖြတ်မည်ဟု ဆိုသည်။
မြန်မာအစိုးရကစီမံကိန်းကိုဆိုင်းငံ့ခြင်းကြောင့်ဥပဒေကြောင်းအရဖြေရှင်းရသည့်အခါလျော်ကြေး ပေးဆောင်ရဖွယ်ရှိကြောင်း၊စီမံကိန်းကိုဖျက်သိမ်းမည်ဆိုပါကအစိုးရချင်းဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network-IRN) က ပြောသည်။
"ဒါမျိုးတွေကဖြစ်နေကျပါ။နိုင်ငံအတော်များများအထူးသဖြင့်လက်တင်အမေရိကနိုင်ငံတွေမှာနိုင်ငံခြားကုမ္ပ ဏီများနဲ့လုပ်တဲ့ ရေနံ၊သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း စီမံကိန်းတွေကို အဲဒီနိုင်ငံတွေကကိုယ်တိုင် ဆောင်ရွက်တော့မယ်ဆိုရင်ဒီလိုပဲဖြစ်တတ်ပါတယ်"ဟုIRNမှဥပဒေပညာရှင်တရုတ်အမျိုးသမီး Ms.Grace Mang က ဧရာဝတီကို ပြောသည်။
တရုတ်နိုင်ငံခြားရေးဌာန နှင့်CPIကုမ္ပဏီတို့၏တုံ့ပြန်ချက်များတွင်မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး တိုင်ပင်ညှိနှိုင်းလိုကြောင်းဖော်ပြထားကြသည်။မြန်မာအစိုးရဘက်ကတစုံတရာပြန်လည်တုံ့ပြန်မှု မရှိသေးပေ။
CPIကုမ္ပဏီဥက္ကဋ္ဌMr.LuQizhou၏တနင်္လာနေ့ပြောကြားချက်များတွင်ဝေဖန်သူများထောက်ပြနေသကဲ့သို့ မြစ်ဆုံစီမံကိန်းကြောင့်သဘာပတ်ဝန်းကျင်ဆိုင်ရာပြဿနာများရှိမနေကြောင်း၊စီမံကိန်း ပြီးစီးပါက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်ကိုပင်ရေကြီးသည့် အန္တရာယ်မှ ပိုမိုကာကွယ်သွားနိုင်မည် ဖြစ်ကြောင်း စသည့် အချက်များလည်း ပါဝင်သည်။
"မြစ်ဆုံစီမံကိန်းမှာပါဝင်ဆောင်ရွက်ကြတဲ့အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်ချက်ကြောင့် စီမံကိန်းကို စီစဉ်ထားတဲ့အတိုင်းချောချောမွေ့မွေ့ ရှေ့ဆက် လုပ်ဆောင်သွားနိုင်မယ်လို့ ကျနော် တကယ့်ကို မျှော်လင့်ပါတယ်။ထွက်ပေါ်လာမယ့် အကျိုးအမြတ်တွေ၊ နှစ်ဘက်လုံးအဆင်ပြေမယ့် ရလဒ်တွေဟာ တရုတ် နဲ့မြန်မာနှစ်နိုင်ငံလုံးအတွက်ဖြစ်လာမှာပါ"ဟုCPIကုမ္ပဏီဥက္ကဋ္ဌကChinaDailyသတင်းစာကို ပြောလိုက်သည်။

မြစ်ကြီးနားနှင့်မိုးမောက်တွင်ပေါက်ကွဲမှု ဖြစ်ပွား

ဧရာဝတီ Tuesday, 04 October 2011 21:44
.ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိအစိုးရ၀န်ထမ်းအိမ်ရာအနီးတွင်တနင်္ဂနွေနေ့ကမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေ ဆုံးသွားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားခဲ့သောနေရာသို့နယ်မြေခံရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးချက်အရ ပြည်သူလူထုအား ထိခိုက်သေကျေစေခြင်း၊ထိတ်လန့်ကြောက်ရွံ့စေခြင်း၊မြို့၊ရွာ၊ရပ်ကွက်များမတည်ငြိမ်စေခြင်း စသည့် အကြံဖြင့် ဖောက်ခွဲရန် စီစဉ်ခြင်း ဖြစ်နိုင်ကြောင်းသိရသည်ဟု မြန်မာ့အလင်း သတင်းစာက ဆိုသည်။
မိုင်းဖောက်ခွဲရန်လာသူကိုယ်တိုင်တပ်ဆင်နေစဉ်ရုတ်တရက်ပေါက်ကွဲခြင်း ဖြစ်နိုင်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် ဆက်လက် စုံစမ်းဖော်ထုတ်နေကြောင်းလည်း သတင်းစာတွင် ပါရှိသည်။
သေဆုံးသည်သူ အသက် ၃၀ ခန့် အရွယ် ရှိကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီးမည်သည့် လက်နက်ကိုင်အဖွဲ့မှ ဖြစ်ကြောင်း မသိရသေးသော်လည်း ကချင် လွတ်လပ်ရေးအဖွဲ့(KIO)က၎င်းတို့၏လက်ချက်မဟုတ်ကြောင်းငြင်းဆိုထားသည်။သို့သော် အစိုးရအာဏာပိုင်များက သောင်းကျန်းသူ ဖြစ်နိုင်သည်ဟု ယူဆကြောင်းသတင်းစာ၌ ရေးသားထားသည်။
ယမန်နေ့ည ၈ နာရီခန့်ကလည်းမိုးကောင်းမြို့ရှိလွတ်လပ်ရေးကျောက်တိုင်အနီးတွင်ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ ကြောင်း၊ ယင်းပေါက်ကွဲမှုတွင်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဇူလိုင်လ၁၁ရက်နေ့ကလည်းကချင်ပြည်နယ်မိုးညှင်းမြို့နယ်ကာမိုင်းဒေသတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့်လကတည်းက ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့ရာ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူ၊ မြစ်ကြီးနား စသည့်မြို့ကြီး များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

maandag 3 oktober 2011

မြစ်ဆုံအရေးတရုတ်အစိုးရတုံ့ပြန်

ခင်ဦးသာ Monday, 03 October 2011 19:00
.ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများဆိုင်းငံ့ထားမည်ဟုသမ္မတဦးသိန်းစိန်ကပြောဆိုခဲ့ပြီးနောက်တနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကစီမံကိန်းတွင်ပါဝင်သည့်ကုမ္ပဏီတို့၏အကျိုးစီးပွားရေးကို ထိန်းသိမ်းပေးရန် မြန်မာအစိုးရကိုတုံ့ပြန်ပြောဆိုလိုက်သည်။

CPIကုမ္ပဏီ၊အမှတ်၁လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊အေးရှားဝေါလ်ကုမ္ပဏီတို့ပူးပေါင်းလုပ်ဆောင်သည့်မြစ်ဆုံ စီမံကိန်း မြင်ကွင်းတခု
စီမံကိန်းအတွက်နှစ်နိုင်ငံအပြန်အလှန်ဆွေးနွေး ညှိနှိုင်းပြီးမှလုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သောသိပ္ပံဆိုင်ရာလေ့လာမှုများကိုသေချာကျနစွာဆောင်ရွက်ပြီးမှစီမံကိန်းစတင်ခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့ကထွက်ပေါ်လာသည့်တရုတ်နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်ကဆိုသည်။စီမံကိန်းအားပြည်တွင်း၊ ပြည်ပရှိမြန်မာနိုင်ငံသားများအဆက်မပြတ်ဆန့်ကျင်ကန့်ကွက်နေခြင်းနှင့်ပတ်သက်၍တစုံတရာ ဖော်ပြထားခြင်းမရှိပေ။
ဦးသိန်းစိန်၏ဆုံးဖြတ်ချက်ကိုတရုတ်နိုင်ငံကထိုသို့တုံ့ပြန်သော်လည်းအမေရိကန်အစိုးရကမူ မြန်မာပြည်သူတို့၏အသံကိုအလေးထားပြီးထိုသို့ဆုံးဖြတ်ခြင်းကိုကြိုဆိုသည်ဟုထုတ်ပြန်ကြေညာခဲ့သည်။
မြစ်ဆုံစီမံကိန်းကိုဒေါ်လာ၃ဒဿမ၆ဘီလီယံအကုန်အကျခံတည်ဆောက်ရန်စီစဉ်ခဲ့ပြီးမေခ၊ မလိခမြစ်များပေါ်ရှိရေကာစီမံကိန်းများအတွက်တရုတ်နိုင်ငံကဒေါ်လာဘီလီယံ၂၀အထိ ရင်းနှီးမြှုပ်နှံထားသည်။
တရုတ်နှင့်မြန်မာအစိုးရတို့သည်ထိုစီမံကိန်းအတွက်၂၀၀၆ ခုနှစ်တွင်သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး၂၀၀၉ ခုနှစ်တွင်ဆောက်လုပ်ရေးလုပ်ငန်းများစတင်ခဲ့သည်။တည်ဆောက်ရေးလုပ်ငန်းမည်မျှအထိ ပြီးစီးနေကြောင်းကို နှစ်နိုင်ငံ အစိုးရများက ထုတ်ပြန်ခြင်း မရှိသေးပေ။
ဤအတောအတွင်း မြစ်ဆုံဒေသစီမံကိန်းကိုဦးဆောင်ခဲ့သောတရုတ်ChinaPowerInvestment(CPI) ကုမ္ပဏီကပြီးခဲ့သည့်ရက်ပိုင်းအတွင်းအစီရင်စာတစောင်ထုတ်ပြန်လိုက်သည်။ထိုအစီရင်ခံစာတွင် မြစ်ဆုံစီမံကိန်းကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနည်းပါးကြောင်း၊ဒေသစီးပွားတိုးတက်လာမည်ဖြစ်၍ စီမံကိန်းကိုဒေသခံကချင်လူထု၈၀ရာခိုင်နှုန်းကျော်ကထောက်ခံကြောင်းဖော်ပြထားသည်။ စီမံကိန်းပြီးစီးသည့်အခါပြောင်းလဲလာသည့်သဘာ၀၀န်းကျင်အနေအထားကြောင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးလာမည်ဟု ဆိုသည်။
ထိုအစီရင်ခံစာပါ အချက်များကို ကမ္ဘာ့မြစ်များကာကွယ်ထိန်းသိမ်းရေးအဖွဲ့(InternationalRivers Network - IRN) က လက်ခံခြင်း မရှိပေ။
“အစီရင်ခံစာမှာပြောထားတဲ့ဇီဝမျိုးစိတ်တွေကိုနေရာပြောင်းလို့ရတယ်ဆိုတာဟာမဖြစ်နိုင်တဲ့ကိစ္စပါ၊ဇီဝ မျိုးစိတ်တွေ၊ရှားပါးတဲ့ရေနေ၊ကုန်းနေသတ္တ၀ါတွေ၊အပင်မျိုးစိတ်တွေစတဲ့ဂေဟစနစ်တွေကိုတနေရာက တနေရာကိုပြောင်းရွှေ့လို့ မရပါဘူး”ဟုIRNမှဥပဒေပညာရှင်တရုတ်အမျိုးသမီး Ms.GraceMangကဧရာဝတီကိုပြောသည်။
မြစ်ဆုံစီမံကိန်းများ တည်ဆောက်ရာ၌ အဆင့် ၅ ဆင့် ပါဝင်ပြီး ၎င်းတို့ ရရှိသည့် မှတ်တမ်းများအရ အဆင့် ၂ ဆင့်ပြီးမြောက်နေပြီဟုသိရကြောင်း၊CPIကုမ္ပဏီက နောက်ဆုတ်ပေးရန် အလားအလာမရှိကြောင်း သူက ရှင်းပြသည်။
မြန်မာပြည်မှသဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားဦးအုန်းကလည်းCPIကုမ္ပဏီ၏ အစီရင်ခံစာကို ရေးသားထုတ်ပြန်သူများသည်ပညာရှင်အစစ်အမှန်များမဟုတ်ဘဲကုမ္ပဏီကိုယ်စားပြုသူများသာ ဖြစ်သည့်အတွက် ထိုသို့ တာဝန်မဲ့ စကားပြောဆိုခြင်း ဖြစ်သည်ဟု သုံးသပ်လိုက်သည်။
“မြစ်ဆုံတ၀ိုက်မှာရှားပါးမျိုးစိတ်ရာချီရှိတယ်၊သဘာဝပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံးမှုပမာဏများတယ်၊ ဒါ့အပြင်တရုတ်(နိုင်ငံ)ရဲ့လုပ်ရပ်ဟာမြန်မာတွေရဲ့ယဉ်ကျေးမှု၊ရိုးရာဒေသဓလေ့တွေပါစော်ကားတဲ့ သဘောပါပဲ၊ကျနော်နောက်ဆုံးပြောချင်တာကတော့ မြစ်ဆုံတ၀ိုက်ကိုတရုတ်တပြည်လုံးနဲ့မလဲနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဦးအုန်းက ဧရာဝတီကို ပြောသည်။
မြစ်ဆုံစီမံကိန်းကြောင့်ပျက်စီးဆုံးရှုံးနိုင်မည့်ပမာဏကြီးမားသည်ဟုတရုတ်ပညာရှင်အစစ်အမှန်များက လေ့လာ သုံးသပ်ထားပြီးဖြစ်ကြောင်း ဦးအုန်းက ဆက်လက် ရှင်းပြသည်။
တရုတ်နိုင်ငံခြားရေးဌာန၏တုံ့ပြန်ချက်စနေနေ့တွင်ထွက်ပေါ်လာသော်လည်းသမ္မတဦးသိန်းစိန်၏ အကြံပေးတဦးဖြစ်သူ ဒေါက်တာနေဇင်လတ်ကမူ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ဖွယ်မရှိဟု ဆိုသည်။
စီမံကိန်းနှင့်ပတ်သက်၍နှစ်နိုင်ငံအစိုးရအကြား လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးမှုများရှိကြောင်း၊ ရေရှည်အရ ကောင်းသည့်ဘက်ကိုသာဦးတည်မည်ဖြစ်ကြောင်း၊တရုတ်ကုမ္ပဏီများနှင့်မြန်မာအစိုးရကြား ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဒေါက်တာနေဇင်လတ်က ဘီဘီစီ သတင်းဌာနကို ပြောသည်။
သမ္မတဦးသိန်းစိန်ကလည်းစီမံကိန်းကိုလက်ရှိအစိုးရသက်တမ်းတွင်ဆိုင်းငံ့ထားမည်ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အစိုးရအဖွဲ့ဆိုတာက တဖွဲ့နဲ့တဖွဲ့က မူဝါဒတွေ မတူပါဘူး၊ ဒီတော့ နောက်လာမယ့် အစိုးရက ဆက်လုပ်မယ် မလုပ်ဘူး ဆိုတာတော့ မသိပါဘူး” ဟူသော ဒေါက်တာနေဇင်လတ်၏ ပြောဆိုချက်ကို ဘီဘီစီမြန်မာပိုင်းက ယနေ့ နံနက်ပိုင်းတွင် ထုတ်လွှင့်သွားသည်။
တရုတ်အစိုးရသည် ၎င်းတို့၏ စွမ်းအင်လိုအပ်မှုအတွက် မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်စီမံကိန်းများ စီစဉ်နေရုံသာမက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းကြီးများကို ဒေါ်လာ ဘီလီယံ ဆယ်ချီ၍ ရင်းနှီးမြှုပ်နှံထားသည်။
တရုတ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကျော်အတွက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံကို ပင်လယ်ဓားပြ ထူထပ်သည့် မလက္ကာရေလက်ကြားကို ဖြတ်ကာ တင်သွင်းနေရသည့် ကုန်ကျစရိတ် များသည့်အပြင် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။
ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းပြီးစီးသွားပါက မလက္ကာရေလက်ကြားကို ဖြတ်ရန် မလိုတော့ဘဲ ရေနံကို ကျောက်ဖြူ ဆိပ်ကမ်း ကြားခံထား၍ တင်သွင်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ရခိုင်ကမ်းလွန်ဒေသမှ သဘာဝဓာတ်ငွေ့ အများအပြား ကိုလည်း တရုတ်နိုင်ငံက နှစ် ၃၀ ထုတ်ယူရန် မြန်မာအစိုးရနှင့် စာချုပ် ချုပ်ထားပြီးဖြစ်သည်။
ကျောက်ဖြူစီမံကိန်းသည်တရုတ်နှင့်မြန်မာအစိုးရတို့အတွက်နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး မဟာဗျူဟာကျသည့်စီမံကိန်းဖြစ်သည့်အပြင်သဘာဝဓာတ်ငွေ့စီမံကိန်း၊အမြန်ရထားလမ်း စီမံကိန်းတို့သည်လည်း နှစ်နိုင်ငံ အစိုးရ၏ အကျိုးစီးပွားအတွက် အရေးပါသည်ဟု ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု ဆန့်ကျင်ရေးအဖွဲ့ တာဝန်ခံ ကိုဝင်းအောင်က ဧရာဝတီကို ပြောသည်။
ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ဆက်စပ်နေသော ရေနံသိုလှောင်ရုံ၊ သဘာဓာတ်ငွေ့သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စသည့် ဓာတုစက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု၊ ဒေသခံတို့၏ ထိခိုက်နစ်နာမှုများ ကြီးမားသော် လည်း ထိုကိစ္စကို ပြည်သူများ သိခွင့် မရကြောင်း ကိုဝင်းအောင်က ဆိုသည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းစာချုပ်အရစီမံကိန်းမှ ထွက်သည့် သဘာဝဓာတ်ငွေ့အားလုံးကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု သိရသည်။
ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ ၁၀၀ မီလျံကုဗမီတာအား အစိုးရ၏ လုပ်ငန်းများ၊ အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ အတွက် အသုံးပြုသွားရန်ရှိကြောင်း ကိုဝင်းအောင်က ပြောသည်။

vrijdag 30 september 2011

မြစ်ဆုံစီမံကိန်းရပ်တံ့သည့်သတင်းဒေါ်အောင်ဆန်းစုကြည် ကြိုဆို

ဧရာဝတီ Friday, 30 September 2011 17:33
.မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကအစိုးရကိုယ်စားလှယ်ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်ယနေ့ တွေ့ဆုံအပြီးတွင်ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်ပြီဆိုသောသတင်းအား ကြိုဆိုကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့ယနေ့တွေ့ဆုံဆွေးနွေးပွဲအပြီးတွေ့ရစဉ်(ဓာတ်ပုံ-ဧရာဝတီ)
“ပြည်သူတွေရဲ့စိုးရိမ်မှုတွေကိုထောက်ထားပြီးတော့ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းဖို့ သမ္မတက လွှတ်တော်ကိုသ၀ဏ်လွှာ ပေးပို့တယ်လို့ ကြားတယ်။ပြည်သူ့အသံနားထောင်တာကောင်းပါတယ်။ဒီဟာက အစိုးရတိုင်းလုပ်ရမယ့်အလုပ်ပါ။ပြည်သူ့အသံနားထောင်ရမယ်၊ပြည်သူရဲ့စိုးရိမ်မှုတွေကိုတကယ်ပဲ လေးလေးနက်နက် နားထောင်ပြီးတော့ ဖြေရှင်းပေးရမယ်။ ကျမအနေနဲ့ ကြိုဆိုပါတယ်” ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့တတိယအကြိမ်မြောက်တွေ့ဆုံရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ၊ ဧရာဝတီ မြစ် ထိန်းသိမ်းရန် နှစ်ဦးနှစ်ဘက် ပူးပေါင်းမည့် အရေးကိစ္စ၊ ပြည်တွင်း တည်ငြိမ်းအေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ဥပဒေဘောင်ပြင်ပတွင်ရောက်ရှိနေသော လက်နက်ကိုင်များဥပဒေဘောင်အတွင်းရောက်ရှိရေးနှင့်ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေး စသည့်အချက် လေးချက်ကို အဓိက အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းအရာ များနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားရန် နှစ်ဦးနှစ်ဘက် သဘော တူညီထားကြောင်း ဦးအောင်ကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲဝင်၊မ၀င်သိရှိလိုကြောင်းသတင်းထောက်တဦးကမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်ကရွေးကောက်ပွဲများကို မူအရ မဆန့်ကျင်ပါကြောင်း၊ရွေးကောက်ပွဲ အခြေအနေနှင့် ပုံစံကို ကြည့်ပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖြေကြားသည်၊
“ကျမတို့ကရွေးကောက်ပွဲကိုမူအရမဆန့်ကျင်ဘူး။ဒီမိုကရေစီစနစ်ရဲ့တစိတ်တပိုင်းအဖြစ်လက်ခံတယ်။ဒီလို ရွေးကောက်ပွဲဝင်ပုံဝင်နည်းအခြေအနေ၊အခင်းအကျင်းတွေကိုပဲကျမတို့ကြည့်မှာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ဝန်ကြီးဦးအောင်ကြည်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ဥပဒေအရ မှတ်ပုံတင်ပြီးလျှင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကတိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် အစိုးရနှင့် တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ကတိပြု ပြောဆိုခဲ့သည်။





မြစ်ဆုံစီမံကိန်း ဆိုင်းထားရန် သမ္မတ ဆုံးဖြတ်

ခင်ဦးသာ Friday, 30 September 2011 16:47 .
ဧရာဝတီမြစ်ဆုံတည်ဆောက်ရေးစီမံကိန်းအားလက်ရှိအစိုးရသက်တမ်းတွင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ယနေ့ သ၀ဏ်လွှာပေးပို့ ပြောဆိုလိုက်သည်။
                              ၂၀၁၁သြဂုတ်လကနေပြည်တော်တွင်တွေ့ရသောသမ္မတဦးသိန်းစိန်(ဓာတ်ပုံ-AP)
မြစ်ဆုံစီမံကိန်းသည်ပြည်သူလူထု၏ဆန္ဒနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒကိုသွေဖီနေသည်ဟု ဦးသိန်းစိန်က ဆိုသည်။
ဦးသိန်းစိန်၏ ပြောဆိုချက်အား မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်နေကြသူများက ကြိုဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်သည်ပြည်သူလူထု၏အသံကိုအလေးထားမည်ဟုပြောဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည့်အပြင်ဤဆုံးဖြတ်ချက်သည်ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးသိန်းစိန်တို့တွေ့ဆုံမှု၏ ရလဒ်တခုဟုလည်းယူဆနိုင်ကြောင်းဧရာဝတီရှင်သန်ရေးအဖွဲ့ကိုဦးဆောင်သူတဦးဖြစ်သောကိုမြတ်သူက ဧရာဝတီသတင်းဌာနကို ပြောသည်။
စီမံကိန်းကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးကာဧရာဝတီမြစ်ကြီးတိမ်ကောပပျောက်သွားမည်ဟု ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ထောက်ပြ ကန့်ကွက်နေကြပြီးလူထုလှုပ်ရှားမှု တချို့ပင် ဖြစ်ပေါ်ခဲ့သည်။
ဒေါ်လာ၃ဒသမ၆ဘီလီယံကုန်ကျမည့်မြစ်ဆုံစီမံကိန်းအား၂၀၀၆ခုနှစ်တွင်စာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နိုင်ငံက ဦးဆောင်တည်ဆောက်နေခြင်းဖြစ်သည်။စီမံကိန်းပြီးစီးပါကလျှပ်စစ်မဂ္ဂါဝပ်၆၀၀၀ပမာဏ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထိုအထဲမှ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် သဘောတူထားသည်။
ဒေသခံပြည်သူ၁၂၀၀၀၀န်းကျင်အထိပြောင်းရွှေ့ပေးရသည့်စီမံကိန်းများရပ်တန့်ရန်တောင်းဆိုခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ရာ ဒေသများတွင်ယခုနှစ်ဇွန်လအတွင်းမှ စတင်၍ တိုက်ပွဲများ အဆက်မပြတ်နေသည်။
သမ္မတဦးသိန်းစိန်၏ယနေ့ပြောဆိုချက်နှင့်ပတ်သက်၍ကချင်လက်နက်ကိုင်အဖွဲ့၏ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က“ရပ်ဆိုင်းထားမယ်ဆိုတာကိုကြိုဆိုပါတယ်၊ဒါပေမယ့်တနှစ်ရပ်တာလား၊ဘယ်လောက် ရပ်ဆိုင်းတာလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ကျနော်တို့ကအပြီးအပိုင်ရပ်ဆိုင်းတာကိုပဲ လိုလားပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။
“အလွှာအသီးသီးကပြင်းပြင်းထန်ထန်ကန့်ကွက် ဖိအားပေးနေကြတဲ့အတွက် သမ္မတက အလျော့ပေးတာလဲ ဖြစ်နိုင်ပါတယ်” ဟု ဦးလနန်က ဆိုသည်။
မြစ်ဆုံဆည်စီမံကိန်းရပ်တန့်ရေးဆောင်ရွက်နေသည့်သူများကလည်း၎င်းတို့၏Facebook စာမျက်နှာများတွင်သမ္မတ၏ပြောဆိုချက်အားကြိုဆိုကြောင်းရေးသားထားကြရာထိုအထဲတွင် ကာတွန်းဆရာအော်ပီကျယ်၊ ကချင် ခေါင်းဆောင်ဟောင်း ဒေါက်တာ မနန်တူးဂျာ၊ စာရေးဆရာ မောင်ဝံသ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

ရန်ပိုင် Friday, 30 September 2011 18:24
.ကမ္ဘာ့ဖလားခြေစစ်ပွဲမြန်မာ-အိုမန်ပွဲစဉ်တွင်မြန်မာပရိသတ်တချို့၏ရမ်းကားမှုကြောင့်ပွဲဖျက်သိမ်းလိုက်ရ ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ကိုကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က အရေးယူလိုက်ပြီ ဖြစ်သည်။
မြန်မာပရိသတ်တချို့၏ပစ်ခတ်တိုက်ခိုက်မှုကိုကွင်းအတွင်းရှိအိုမန်အသင်းအရံကစားသမားများ တိမ်းရှောင်နေရပုံ (ဓာတ်ပုံ-ဧရာဝတီ)
ထိုဖြစ်ရပ်အတွက်FIFAကမြန်မာဘောလုံးအသင်းကိုရုရှားနိုင်ငံတွင်ပြုလုပ်မည့်၂၀၁၈ခုနှစ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပြီးဒဏ်ငွေအဖြစ်ဆွစ်ဖရန့်၂၅၀၀၀ (ဒေါ်လာသုံးသောင်းခန့်)ချမှတ်ခဲ့သည့်အပြင်ကြားနာမှုအတွက်တရားစရိတ်ဆွစ်ဖရန့်၂၀၀၀ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည်ဇူလိုင်လအတွင်းက၂၀၁၄ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန်အသင်းအား ၂ ဂိုးပြတ်ရှုံးနိမ့်စဉ်မြန်မာပရိသတ်တချို့ကကွင်းအတွင်းခဲများ၊ရေဗူးများ၊သံချွန်များ၊ထီး၊ဖိနပ် အစရှိသည့်တို့နှင်ပစ်ပေါက်ခဲ့သည့်အတွက်ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFAက အရေးယူလိုက်ခြင်းဖြစ်သည်။
ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန်ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာဝန်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။
အရေးယူမှုနှင့် ပတ်သက်၍ ဧရာဝတီမှ MFF သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

KIAနှင့်အစိုးရတိုက်ပွဲပိုမိုတိုးပွားလာ

သန်းထိုက်ဦး Friday, 30 September 2011 18:37
.အစိုးရတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြားတိုက်ခိုက်မှုများရှမ်းနှင့်ကချင်ဒေသတွင်ပိုမို တိုးပွားလာကြောင်းKIAကပြောသည်။
တိုက်ပွဲများကကချင်ပြည်နယ်မိုးညှင်းမြို့ရှိငှက်ပျောတောကျေးရွာ၊မံစီမြို့အနီးအနားအထိ ဖြစ်ပွားလာနေကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO)တွဲဖက်အထွေထွေအတွင်းရေးမှူးဦးလနန်ကဧရာဝတီကို ပြောသည်။
ဇွန်လ၃၀ရက်နေ့တွင်သေဆုံးသွားသောစစ်ပြေးဒုက္ခသည်ကလေးတဦးကိုသဂြိုင်္လ်ရန်ဇူလိုင်၁ရက်နေ့က လိုင်ဇာဒေသတွင်ပြင်ဆင်နေသောမြင်ကွင်းတခု(ဓာတ်ပုံ-ဧရာဝတီ)
KIA၏အမှတ်၎တပ်မဟာလှုပ်ရှားခွင်ဖြစ်သည့်ရှမ်းပြည်နယ်၊မူဆယ်မြို့နယ်ရှိပန်ဆိုင်း၊တာမိုးညဲစသည့်ဒေသ များတွင်လည်းတိုက်ပွဲများဖြစ်ပွားနေကြောင်းဦးလနန်ကပြောသည်။
“တပ်မဟာ၎ဘက်မှာတော့တိုက်ပွဲဟာလုံးဝကျယ်ပြန့်သွားပြီးအစိုးရတပ်ဖွဲ့တွေရှိတဲ့နေရာတွေကိုကျနော်တို့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကပြန်တိုက်နေကြတယ်” ဟုဦးလနန်ကဧရာဝတီကို ပြောသည်။
တပ်မဟာ၎ဒေသသည်စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ အပြင်းအထန်ထိုးစစ်ဆင်ခံရခြင်း ဖြစ်သည်။
ယမန်နေ့ကကချင်ပြည်နယ်လိုင်ဇာဒေသသို့ ဦးတည်လာသောအစိုးရတပ်တို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA ဒေသသီးသီးကို စစ်ရေးပြင်ဆင်မှု တိုးလာသည်ဟု ဆိုသည်။
“မြစ်ကြီးနားကနေပြီတော့ရွှေညောင်ပင်ဘက်ကိုသူတို့တပ်အင်အားဖြည့်တာရှိတယ်၊နောက်ပြီးတော့ မြစ်ကြီးနားကနေဧရာဝတီမြစ်လမ်းကြောင်းဆင်းပြီးတာလောကြီးဘက်က၀င်လာဖို့ရှိတယ်၊ဗန်းမော်မြို့ အနောက်ဘက်ခြမ်အဲဒီကနေလည်းတက်လာဖို့အစီအစဉ်ရှိတယ်၊ဒါကိုကြည့်ခြင်းအားဖြင့်သူတို့တပ် ဦးတည်လာတာကို စုလိုက်ရင် ကျနော်တို့ဘက်ကို ဖြစ်နေတယ်” ဟု ဦးလနန်က ရှင်းပြသည်။
KIA ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားကြောင်း သူက ပြောသည်။
“လိုင်ဇာဒေသကိုဝင်လာမယ်ဆိုရင်ဒီဒေသတော့သူတို့အတွက်သတ်ကွင်းဖြစ်သွားပါလိမ့်မယ်၊သူတို့ သိမှာပါ။ ဒါကြောင့်မို့သူတို့ကအဝေးကနေလက်နက်ကြီးတွေကိုအားကိုးပြီးတော့ပစ်ကြမယ်လို့ထင်တယ်”ဟု ဦးလနန်က ဆိုသည်။
KIAကတိုက်ပွဲအခြေအနေများ၊၎င်းတို့၏သဘောထားများကိုသတင်းဌာနများသို့ပြောဆိုနေချိန်တွင်အစိုး ရက စစ်သတင်းကို အမှောင်ချထားသည်။
နှစ်ဖက် အကျအဆုံး စာရင်း၊ ထွက်ပြေးနေရသည့် ဒေသခံ အရေအတွက်တို့ကို မသိရှိရသေးပေ။

donderdag 29 september 2011

လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ

ရန်ပိုင် Thursday, 29 September 2011 18:50
.လက်နက်မှောင်ခိုရောင်းဝယ်မှုကြောင့်ချမ်းသာလာခြင်းမဟုတ်ကြောင်းမြန်မာပြည်၏အချမ်းသာဆုံး စီးပွား ရေးလုပ်ငန်းရှင်ဦးတေဇကအမေရိကန်နိုင်ငံနယူးယောက်အခြေစိုက်FORBESASIAမဂ္ဂဇင်းနှင့် တွေဆုံမေး မြန်းခန်းတွင်ပြောဆိုလိုက်သည်။

                    မြန်မာပြည်၏အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ဦးတေဇ(ဓာတ်ပုံ-FORBESASIAမဂ္ဂဇင်း)
လက်ရှိစင်ကာပူနိုင်ငံတွင်နေထိုင်နေသည့် ဦးတေဇကForbesမဂ္ဂဇင်း သတင်းထောက် SimonMontlake ကိုကြယ်ငါးပွင့်အဆင့်ရှိမရီနာဘေးလ်ဟိုတယ်တွင်လက်ခံတွေဆုံကာ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ် သည်။
အဆိုပါ တွေ့ဆုံခန်းတွင် ဦးတေဇကအနောက်နိုင်ငံအစိုးရများပြောဆိုနေသကဲ့သို့လက်နက်ကုန်သည် တဦး မဟုတ်ကြောင်း၊ လူအများက၎င်းကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားမက်အဖြစ်ပြောဆိုနေမှုသည်လည်းကော လာဟလများသာဖြစ်၍ မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။
“လက်နက်ကုန်သည်မဟုတ်ဘူး။ဟယ်လီကော့ပတာတမျိုးပဲစစ်တပ်ကိုရောင်းတာ။ ကျည်ဆန်တွေ သေနတ် တွေဘယ်တော့မှ အရောင်း အ၀ယ်မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက်လည်း မဟုတ်ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူး ကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။
ဒဿမတန်းအောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက်စစ်တ က္ကသိုလ်မှထွက်ခဲ့ရသည်။
ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်း တွင် ဖော်ပြထားသည်။
“၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက်ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။
၁၉၈၉ခုနှစ်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။
၁၉၉၄-၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင် လုပ်ဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုအခါ ဦးတေဇသည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင်သာအနေများသည့်ဦးတေဇသည်ထူးကုမ္ပဏီကိုတဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီအရာရှိ ကြီးများကိုပါရှယ်ယာပိုင်ဆိုင်စေသည့်ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနားယူပြီးနောက်ပိုင်းကာလသမ္မတဦးသိန်းစိန်လက်ထက်တွင် ဦးတေဇတဦးတည်း ကိုလုပ်ပိုင်ခွင့်များချထားပေးခြင်းမရှိတော့ဘဲ၊တခြားသောစီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင်ဦးထွန်းမြင့်နိုင်၊မက်စ်မြန်မာဦးဇော်ဇော်၊ဦးအောင်ကိုဝင်း၊ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုထားသည်။
“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။
Forbesမဂ္ဂဇင်းသတင်းထောက်ကထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊အကျိုးအမြတ်၊ရှယ်ယာအများဆုံး ပိုင်ဆိုင် သည့် ဥက္ကဋ္ဌတဦး၏တနှစ်ဝင်ငွေစသည့် အသေးစိတ်မေးမြန်းချက်များကိုမူဦးတေဇကဖြေဆိုရန် ငြင်းဆန် ခဲ့သည်။
ထိုကြောင့်မြန်မာနိုင်ငံရှိစီးပွားရေးလုပ်ငန်းကြီးအများစုသည်ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော် ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌အီတလီသတင်းထောက်တဦးနှင့်တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင် ဆိုင်သည့် ထူး ကုမ္ပဏီသည်တနှစ်လျှင်အမေရိကန်ဒေါ်လာသန်း ၅၀၀ခန့်ဝင်ငွေရှိသည်ဟုပြောဆိုခဲ့ဖူး သည်။
မကြာသေးမီကWallStreetဂျာနယ်၏အင်တာနက်စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာ ဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။
လက်ရှိ ဦးတေဇပိုင်ထူးကုမ္ပဏီ၌၀န်ထမ်းပေါင်း၎သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်ကိုအပြည့်အ၀ပေးထားကြောင်း၊ပထမဆုံး မြန်မာအမျိုးသမီးလေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့်ဝန်ထမ်းကောင်းများကိုနိုင်ငံခြားပညာတော်သင်အပါအ၀င်ခရီးစဉ်များကိုလည်း စီစဉ်ပေး သည့်အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိနေကြောင်း သိရသည်။
မူရင်းအင်တာဗျူးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
http://www.bur.irrawaddy.org/index.php/news/7452-2011-09-29-11-54-20

ရန်ကုန်ရေဘေးကြောင့်မြွေပူရာကင်းမှောင့်

ခိုင်သွယ် Thursday, 29 September 2011 17:24
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ယမန်နေ့ကရန်ကုန်မြို့တွင်းမြို့နယ်အများစုတွင်ရေကြီးရေလျှံခဲ့ပြီးနေအိမ် များအတွင်းရေနှင့်အတူအဆိပ်ရှိသတ္တဝါများမျောပါလာသောကြောင့်လူအများသတိထားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်တာမွေအဝိုင်းလေးတွင်ယမန်နေ့ကရေကြီးနေသည့်မြင်ကွင်း(ဓာတ်ပုံ-ဧရာဝတီ)
ရန်ကုန်မြို့ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊လှိုင်သာယာမြို့နယ်၊ရွှေပြည်သာမြို့နယ်၊မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊သာကေတမြို့နယ်၊မြောက်ဥက္ကလာပမြို့နယ်နှင့်တောင်ဥက္ကာလာပမြို့နယ်များရှိ လူနေရပ်ကွက်တချို့တွင်ရေကြီးရေလျှံခဲ့ပြီးကျောင်းတချို့ပိတ်လိုက်ရကြောင်း၊နေအိမ်များထဲသို့ ရေနှင့်အတူမြွေများ၊ကင်းများစသည့်အဆိပ်ရှိသတ္တ၀ါများဝင်လာသောကြောင့်နေအိမ်ထဲများထဲတွင် သဲအိတ်များခင်းပြီးသတိဖြင့်သွားလာနေထိုင်နေရကြောင်း အရှေ့ဒဂုံမြို့နယ်ရပ်ကွက် ၁၀၈ တွင် နေထိုင်သူ ဦးဖုန်းမြင့်က ပြောသည်။
“ဘေးအိမ်က အဘွားနဲ့ ကလေးတွေကို ကုတင်ပေါ်မှာပဲ တနေကုန် ထိုင်ခိုင်းထားရတယ်။ မီးဖိုဆောင်ရော၊ အိပ်ခန်းတွေထဲပါ ရေ၀င်တော့ လူတွေ နေစရာမရှိဘူး။ ဆိုးတာက ရေနဲ့အတူ မြွှေတို့ ကင်းတို့ပါလာတာပဲ” ဟု သူက ဆိုသည်။
ဒဂုံမြို့သစ်တောင်ပိုင်း၁၉ရပ်ကွက်၊အမှတ်၅၀၂ နံ့သာမြိုင်လမ်းတွင်နေထိုင်သောမီးသတ်တပ်ဖွဲ့ဝင် မောင်ဝေယံဇော်ဆိုသူမှာရေမြောင်းများအားရှင်းလင်းရင်း ရေစီးဖြင့်မျောပါသွားခဲ့ကြောင်း၊၎င်းကို ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်တွင်နေထိုင်သူအသက်၁၇ နှစ်အရွယ် အရန်မီးသတ်တပ်ဖွဲ့ဝင် တဦးက ကယ်တင်လိုက်သောကြောင့် အသက်အန္တရာယ်မှ လွတ်ကင်းခဲ့ကြောင်း ကြားသိရသည်။
“မိုးရွာပြီးရေလျှံတော့ကျနော်တို့အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကရေမြောင်းတွေထဲကအမှိုက်တွေကိုလိုက် ဆယ်ပေးရင်းမြောင်းထဲကျသွားတာပါ။ကယ်ဆယ်တဲ့သူရှိလို့အသက်မသေဆုံးရတာ”ဟုတာဝန်ခံ မီးသတ်ရဲဘော်က ဆိုသည်။
မိုးစရွာသည်နှင့်ဒဂုံမြို့သစ်မြောက်ပိုင်း၊တောင်ပိုင်းနှင့်အရှေ့ဒဂုံမြို့နယ်အတွင်းရှိလူနေရပ်ကွက်များ၊ လမ်းများအားလုံးနီးပါးမှာရေမြုပ်ပြီး နေအိမ်များအတွင်းသို့ ရေ၀င်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း၊ဒဂုံမြို့သစ်အရှေ့ပိုင်း စသည့်ဒေသများသည် ငမိုးရိပ်ချောင်းနှင့် နီးသော်လည်း ရေထုတ်မြောင်းများပိတ်နေသောကြောင့် ရေစီးဆင်းနိုင်ခြင်းမရှိဘဲ လူနေရပ်ကွက်များအတွင်းသို့ ရေများ ၀င်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ရေထုတ်မြောင်းတွေ ပိတ်ပြီး မိုးရွာတဲ့အချိန် ရေတွေက လမ်းတွေမှာလျှံတက်လာတာ။ အိမ်ဝန်းတွေထဲ ရေတွေဝပ်ပြီး ခြင်တွေကလည်း ပေါတော့ ကလေးတွေလည်း ခဏခဏ ဖျားကြတယ်” ဟု ဒေသခံ တဦးဖြစ်သူ ကိုသားထွေးက ပြောပြသည်။
ရန်ကုန်မြို့လယ်တွင်လည်းမိုးရွာသွန်းချိန်အနည်းငယ်ကြာမြင့်ရုံဖြင့်လမ်းများရေလျှံခြင်း၊ နေအိမ်များအတွင်း ရေ၀င်ခြင်း ဖြစ်ပေါ်နေသောကြောင့် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လူအများက မျှော်လင့်နေကြသည်ဟု သူက ဆိုသည်။
“မနေ့ကမိုးရွာတော့ရေတွေကဒူးခေါင်းလောက်အထိဝင်လာတယ်။တနေကုန်ပဲရေတွေ တက်တက်လာတာ။ ရေတွေ ခပ်ထုတ်နေရတော့ ရုံးမတက်နိုင်ဘဲ ခွင့်ယူလိုက်ရတယ်” ဟု ကိုသားထွေးက ဆက်ပြောသည်။
တချို့အိမ်များမှာလမ်းများ၊ရေမြောင်းများထက်အမြင့်တွင်ဆောက်လုပ်ထားကြသော်လည်း မိုးရွာသည့်အခါ မိုးရေများမှာရေမြောင်းများနှင့် အပြည့်ဖြစ်လာပြီး လမ်းများမှတဆင့် နေအိမ်ထဲအထိ စီးဝင်လာသည်ကို တွေ့မြင်ရသည်။
“လမ်းပေါ်မှာ ရေတွေကဒူးလောက်ရောက်ပြီဆိုရင်ကျနော်တို့အိမ်ထဲရေ၀င်ပြီ”ဟု ကိုသားထွေးက ဆိုသည်။
၎င်းအိမ်ရှေ့တွင် ရေမြောင်းရှိနေသောကြောင့် ရေမြုပ်သည့်အချိန်တွင်ရေမြောင်းနေရာကို မှတ်သားကာ သတိဖြင့် သွားလာနေရကြောင်း၊ မိုးရွာသည့်အခါ ရေမြောင်းတွင်းသို့ မကြာခဏ ပြုတ်ကျကြသူများ ရှိကြောင်း သူကပြောပြသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာအနေဖြင့် ရေထုတ်မြောင်းများအား ပြန်လည်ပြင်ဆင်ခြင်း၊ အမှိုက်များ ရှင်းလင်း ဖယ်ရှားခြင်းတို့ကို မိုးတွင်းမတိုင်မီ ကတည်းက ပြုလုပ်ပေးထားသင့်သည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်ထပ်တွေ့ကြမည်

ကိုထွေး Thursday, 29 September 2011 16:21 .
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားရေးရရာနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဦးအောင်ကြည်တို့သောကြာနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံကြမည် ဖြစ်သည်။
ရွှေဝါရောင်လှုပ်ရှားမှုအပြီး၂၀၀၈ဇန်နဝါရီလအတွင်းဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)
ရန်ကုန်မြို့ရှိစိမ်းလဲ့ကန်သာနိုင်ငံတော်ဧည့်ဂေဟာ၌တတိယအကြိမ်တွေ့ဆုံဆွေးမည်ဟုအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။
ဆွေးနွေးမည့်အကြောင်းအရာကိုမသိရသေးသော်လည်းယခင်ကဆွေးနွေးသည့်ကိစ္စရပ်များကို ဆက်လက် ဆွေးနွေး နိုင်ကြောင်း သူက ခန့်မှန်းပြောဆိုသည်။
သို့သော်လည်းလေ့လာသူများကနိုင်ငံရေးအကျဉ်းသားကိစ္စ၊ပါတီမှတ်ပုံတင်ရေးကိစ္စများ ဆွေးနွေးနိုင်ကြောင်း သုံးသပ်ကြသည်။
ယမန်နှစ်နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက်ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ကြည်နှင့် ၂ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
၎င်းတို့ ဆွေးနွေးပွဲရလဒ် တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။
တချိန်တည်းတွင် ယခု သီတင်းပတ်အတွင်း ကျင်းပသည့် ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ကလည်း အကျဉ်းသားများကို မကြာမီ လွှတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့သည်။
ယင်းအတွက်နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကလွတ်မြောက်ရန်မျှော်လင့်လျက်ရှိပြီး၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊လူရွှင်တော်ကိုဇာဂနာတို့အားလွှတ်ပေးလိုက်ပြီဆိုသော ကောလာဟလများ ပျံ့နှံနေသည်။
“မနေ့ကတည်းကအဲဒီသတင်းတွေကပျံ့နေတာ။အဲဒါနဲ့မြစ်ကြီးနားအကျဉ်းထောင်ကိုဖုန်းဆက်တော့ ဟိုမှာရှိနေတုန်းပဲလို့ ပြောတယ်” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မထွေးထွေးက ဧရာဝတီသို့ ပြောသည်။

woensdag 28 september 2011

ဘုရားသုံးဆူတွင်အခမဲ့ဆေးစစ်

ဧရာဝတီ Wednesday, 28 September 2011 12:06
.ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်၊ဘုရားသုံးဆူဒေသမှအလုပ်သမား၃၀၀၀ခန့်ကိုထိုင်းနယ်စပ်အာဏာပိုင် တို့နှင့်နိုင်ငံတကာကူညီကယ်ဆယ်ရေးအသင်းများကတနင်္လာနေ့မှ စတင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှု အခမဲ့ ပြုလုပ်ပေးလျက်ရှိသည်။

“ဒီအစီအစဉ်ကတပတ်ကြာပါလိမ့်မယ်။တရက်ကိုအလုပ်သမား၆၀၀နှုန်းစစ်ဆေးပေးမှာပါ။ကူးစက်ရော ဂါတွေထိုင်းနိုင်ငံထဲပြန့်ပွားမှာကိုကာကွယ်တဲ့အနေနဲ့ဒီအစီအစဉ်ကိုလုပ်နေတာပါ”ဟု ရောဂါရှာဖွေ စမ်းသပ်သည့် အစီအစဉ်တွင် ပါဝင်သူ အရာရှိတဦးဖြစ်သည့် Mr. Chuit Nakthongkham က ပြောသည်။
“တကယ်လို့အလုပ်သမားတယောက်မှာကူးစက်ရောဂါရှိတယ်ဆိုပါစို့။အဲဒါဆိုရင်သူ့ကို အလုပ်ခဏနားခိုင်းဖို့ အလုပ်ရှင်ကိုပြောမယ်။ပြီးတော့ကုသမှုခံယူရမယ်”ဟု Mr.ChuitNakthongkhamက ဧရာဝတီကို ပြောသည်။
American Refugee Committee (ARC) က အခမဲ့ ကုသပေးမည်ဟု သူက ရှင်းပြသည်။
“တနေ့တုန်းကကျန်းမာရေးဆေးစစ်တဲ့အခါမှာအဆုတ်ရောဂါဖြစ်တာ၎ယောက်ရှိတာတွေ့ရတယ်”ဟု ရောဂါရှာဖွေစမ်းသပ်သည့်အစီအစဉ်တွင်ပါဝင်ကူညီသည့်ဘုရားသုံးဆူမှရပ်မိရပ်ဖတဦးဖြစ်သူ နိုင်လရီရတ်က ပြောသည်။
ယမန်နေ့နေ့လယ်ပိုင်းအထိစစ်ဆေးချက်အရကူးစက်ရောဂါထပ်မံတွေ့ရှိခြင်းမရှိကြောင်းသူက ဆက်ပြောသည်။
“အလုပ်သမားတွေကူးစက်ရောဂါရှိလို့မဖြစ်ဘူး။အဲဒါ သူတို့ (ထိုင်းအစိုးရ) ရဲ့ မူဝါဒလေ” ဟု သူက ဆိုသည်။
ဘုရားသုံးဆူတွင် နေထိုင်သော ထိုအလုပ်သမားများသည် နေ့ခင်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ပြီး ညပိုင်းတွင် မြန်မာပြည်ဘက်သို့ ပြန်သူများ ဖြစ်သည်။
လွန်ခဲ့သည့်၂နှစ်ကလည်းအလုပ်သမားများအတွက်ကျန်းမာရေးအခမဲ့ စမ်းသပ်စစ်ဆေးမှုများ ဤဒေသတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
“ဒီနှစ်တော့ အလုပ်သမားအရေအတွက် ပိုများလာတယ်။ မနှစ်ကဆိုရင် အလုပ်သမားက ၂၀၀၀ လောက်ပဲ ရှိတာ” ဟု ARC မှ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သည့် ကိုမင်းမင်းက ရှင်းပြသည်။
ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုပြုသည့်နေရာကိုနံနက်၉နာရီမတိုင်မီကပင်မြန်မာပြည်သား အလုပ်သမားများ စုဝေး ရောက်ရှိနေကြသည်။
အလုပ်သမားများ လျှောက်လွှာပုံစံရေးသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြီးစီးပါက ကျန်းမာရေးဝန်ထမ်းတို့က ၎င်းတို့ကို စစ်ဆေးပေးကြသည်။
အလုပ်သမားအများအပြားမှာ ဆယ်ကျော်သက်များ ဖြစ်ပြီး အမျိုးသမီးများက သနပ်ခါး လိမ်းထားကြသည်။
စမ်းသပ်မှုအစီအစဉ်တွင် ပါဝင်ရန် တွန်းအားပေးသည့် အနေဖြင့် အလုပ်ရှင်တို့ကလည်း လုပ်ငန်းခွင်မ၀င်ဘဲ ရောဂါရှာဖွေရေးစခန်းသို့သွားသော အလုပ်သမားများကို နေ့စားခ ပေးသည်ဟု ဆိုသည်။
“ဒီနေ့ကျနော်တို့အလုပ်လုပ်စရာမလိုဘူး။အလုပ်မလုပ်ပေမယ့်ဒီနေ့အတွက် အလုပ်ရှင်က ပိုက်ဆံပေးတယ်” ဟု အလုပ်သမားတဦးက ပြောပြသည်။
ထိုင်းနိုင်ငံ စံခလပူရီမြို့WorldVisionအဖွဲ့ ၀န်ထမ်းများက ဆေးစစ်ရန်ရောက်လာသော အလုပ်သမားတို့ကို နေ့လယ်စာကျွေးပြီးကျန်းမာရေးပညာပေးနေကြသည်။ကူးစက်ရောဂါကာကွယ်နည်း လက်ကမ်းစာစောင်များ၊ ကွန်ဒွန်များ ဖြန့်ဝေနေသည်။
နေ့လယ်စာစောင့်ဆိုင်းနေသည့်အလုပ်သမားတို့ကWorldVisionအဖွဲ့ကစီစဉ်သည့်ဘောလုံးပစ်ပြီး လက်ဆောင်ပစ္စည်းရယူသော ကစားနည်းတွင် ပျော်ရွှင်စွာ ပါဝင်နေကြသည်။

ရှမ်းပြည်ဌာနချုပ်မှKIAဆုတ်ခွာ

သန်းထိုက်ဦး Wednesday, 28 September 2011 16:48
.အစိုးရတပ်များ၏ထိုးစစ်ကြောင့်ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကရှမ်းပြည်နယ်ကွတ်ခိုင်မြို့နယ်ရှိ ၎င်း၏အမှတ်၎တပ်မဟာဌာနချုပ်နှင့်စခန်းတချို့မှယခုရက်ပိုင်းအတွင်းဆုတ်ပေးလိုက်ရကြောင်း သိရသည်။
KIAတပ်ဖွဲ့ဝင်များသည်ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တို့တွင်အခြေစိုက်လှုပ်ရှားနေကြသည်(ဓာတ်ပုံ-KIA)
အစိုးရတပ်၏၁၂၀၊၁၀၅မမအမြောက်များနှင့်၅ရက်ကြာပစ်ခတ်သည့်ဒဏ်ကိုမခံနိုင်သောကြောင့် ဆုတ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်းထိုနေရာသည်စစ်ရေးအရဗျူဟာမကျကြောင်း၊အစိုးရတပ်ကယင်းနေရာကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။
“အစိုးရတပ်ကတဖြည်းဖြည်းနဲ့ချဉ်းကပ်လာနေတယ်၊တပ်ရင်းပေါင်း၂၀ကျော်သွားပြီးအားလုံးပေါင်းလိုက်ရင် အင်အား၂၀၀၀နီးပါးလောက်ရှိမယ်၊ကျနော်တို့ကပြောက်ကျားစနစ်နဲ့ပြန်လည်ခုခံတိုက်ခိုက်နေတယ်”ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။
အစိုးရတပ်များကို ခုခံတိုက်ခိုက်နေသည့် တပ်ရင်းများမှာKIAတပ်ရင်း ၁၇ နှင့် ၂၉ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ KIAဘက်မှရှမ်းပြည်တပ်မတော်(SSA)မြောက်ပိုင်း တပ်ဖွဲ့ဝင် တချို့ကူညီ တိုက်ခိုက်နေသည်ဟု သိရသည်။
“ကျနော်တို့ဖယ်ပေးလိုက်ရတဲ့နေရာဝန်းကျင်နဲ့တခြားနေရာတွေပါတန်ပြန်ပြောက်ကျားစနစ်နဲ့ပြန်တိုက်နေ တယ်” ဟုဗိုလ်မှူး ဇော်ရောက ဆက်ပြောသည်။
ယခုရက်ပိုင်း မူဆယ် ၁၀၅ မိုင်ကားလမ်းမ၏အနောက်ဘက်ရှိKIAတပ်ရင်း ၈ လှုပ်ရှားနေသော ဒေသ၊ KIA တပ်ရင်း ၂ ဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
လတ်တလောဖြစ်ပွားနေသည့်တိုက်ပွဲတွင်နှစ်ဖက်အကျအဆုံးစာရင်းများကိုမူမသိရှိရသေးပေ။ တိုက်ပွဲများကြောင့်ဒေသခံကချင်၊ရှမ်း၊ပလောင်တိုင်းရင်းသားများကတရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်သို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။စစ်ပြေးဒုက္ခသည်အများစုမှာကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်သည်။
ထိုဒေသမှတိုက်ပွဲများရက်အတန်ကြာလာပြီဖြစ်သော်လည်းမြန်မာအစိုးရကသတင်းထုတ် ခြင်း မရှိသေးပေ။
စစ်အစိုးရသည် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIAတပ်များအား လုံခြုံရေးအရစိတ်မချဟုအကြောင်းပြ၍ထွက်ခွာရန် ပြောဆိုခဲ့ကြပြီးနောက်နှစ်ဖက်တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် စတင်ခဲ့သည့် အစိုးရတပ်နှင့်KIAအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသူပေါင်း ၂၀၀၀၀ ကျော်ရှိပြီး တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ KIAထိန်းချုပ်ရာ ဒေသများ၊ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့တို့ရှိ ဘာသာရေး အဆောက်အအုံများ၊ ဆွေမျိုးများထံတွင် ဒုက္ခသည်များ ခိုလှုံနေကြဆဲ ဖြစ်သည်။