မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ဧရာဝတီ မှ. Alle posts tonen
Posts tonen met het label ဧရာဝတီ မှ. Alle posts tonen

maandag 2 november 2009

ထိုင်းဗိုလ်ချုပ်ဟောင်း ချာဗာလစ် မြန်မာပြည်သွားမည်

Monday, 02 November 2009 18:10 ရန်ပိုင်
.ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ ချာဗာလစ် ယောင်ချိုင်ယုဒ်သည် ယခုလအတွင်း မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ တွင် ဖော်ပြထားသည်။
သူ၏ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တို့နှင့် တွေ့ဆုံမည်ဟု ဆိုသည်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ကျနော်က ညီအစ်ကိုလို ဆက်ဆံရေး ရှိတယ်၊ ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ကတော့ မိတ်ဆွေလို ဆက်ဆံရေးမျိုး ရှိပါတယ်” ဟု သူ၏ ပြောကြားချက်ကို သတင်းစာတွင် ဖော်ပြထားသည်။
မစ္စတာ ချာဗာလစ်သည် ထိုင်းနိုင်ငံ ကာကွယ်ရေးဦးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်အစိုးရကို ပထမဆုံး စတင်အသိအမှတ်ပြုသည့်နိုင်ငံ့ခေါင်းဆောင်
တယောက် ဖြစ်သည်။
ဝန်ကြီးချုပ်အဖြစ် သူတာဝန်ယူစဉ် မြန်မာစစ်အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသည့် ကျောင်းသား အများအပြားကို ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင်တွင် စခန်းများသို့ စုစည်းပြီး၊ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။
အပြန်အလှန်အားဖြင့် မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းခြင်း၊ နယ်စပ်ဒေသတွင် သစ်ထုတ်လုပ်ရေးခြင်း စသည့် စီးပွားရေး လုပ်ကိုင်ခွင့်များကို စစ်အစိုးရက ပေးအပ်ခဲ့သည်။
မစ္စတာ ချာဗာလစ်သည် ထိုင်း- မြန်မာနယ်စပ်မှ လူမျိုးစု လက်နက်ကိုင် အဖွဲ့များကို စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် ဖိအားပေးခဲ့သူဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦး ဖြစ်သူ စောဒေးဗစ်ထောက ဧရာဝတီကို ပြောသည်။
“KNU နဲ့ သူ ဗိုလ်မှူးကြီး ဘ၀မှာတုန်းက အရမ်း ရင်းနှီးတယ်၊ ဒါပေမယ့် ၀န်ကြီးချုပ်ဘ၀ရောက်တော့ လက်နက် စ ပိတ်ခဲ့တာ သူပဲ။ သူ အကျိုးအမြတ်အတွက် ဘာမဆို လုပ်တယ်” ဟု စောဒေးဗစ်ထောက ထောက်ပြသည်။
ဤအတောအတွင်း မစ္စတာ ချာဗာလစ်က ထိုင်းအစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကိုအပြစ်တင်
လိုက်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားခြင်းနှင့် ပတ်သက်ပြီး လက်ရှိ ထိုင်းအစိုးရက ဝေဖန်ပြောကြားခဲ့ခြင်းမှာ မှားယွင်းကြောင်း မစ္စတာ ချာဗာလစ်က မကြာသေးခင်က ပြောလိုက်သည်။
မစ္စတာ ချာဗာလစ်သည် ပွေ့ထိုင်းပါတီ၏ ခေါင်းဆောင်တဦးဖြစ်နေသည်။ ပွေ့ထိုင်းသည် ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်ကို အပြည်အ၀ ထောက်ခံသည့်ပါတီ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း ချာဗာလစ်သည့် မလေးရှားနိုင်ငံသို့လည်း သွားမည်ဟု ကြေညာထားသည်။
မစ္စတာ ချာဗာလစ်၏ ဒေသတွင်းခရီးစဉ်တခုကြောင့် ထိုင်းအစိုးရက စိတ်အနှောက်အယှက် ဖြစ်နေသည်။
မကြာသေးမီက ကမ္ဘောဒီးယားနိုင်ငံသို့ သူသွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က ထွက်ပြေးနေရသည့် မစ္စတာ သက်ဆင်အား ခိုလှုံခွင့် ပေးမည်ဟု ကြေညာခဲ့သည်။
ထိုကြောင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ( Abhisit Vejjajiva ) ၏ ဒီမိုကရက် ပါတီမှ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း မစ္စတာ ချာဗာလစ်ကို ထိုင်းနှင့် အိမ်နီးချင်း နိုင်ငံများအကြား ဆက်ဆံရေး ရှုပ်ထွေးစေရန် ပြုလုပ်ခြင်းမှ ရှောင်ကျဉ်ရန် ပြောကြားခဲ့သည်။
“အခု မလေးရှားနဲ့ မြန်မာခရီးစဉ်တွေဟာ ကမ္ဘောဒီးယား ခရီးစဉ်လိုမျိုး စိတ်မသက်မသာ ဖြစ်လာစရာ မရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
သို့သော် မစ္စတာ ချာဗာလစ် မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသော ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှ အကြီးတန်း သတင်းထောက် တဦး ဖြစ်သူ ဆူပါလပ်ခ် (Supulak) ကသုံးသပ် ပြောဆိုသည်။ မစ္စတာ ချာဗာလစ်သည် လက်ရှိ ထိုင်းအစိုးရ မကောင်းကြောင်း အတင်းအဖျင်းများကို သွားရောက် ပြောဆိုခြင်းသာ ဖြစ်လိမ့်မည်ဟု The Nation အကြီးတန်း သတင်းထောက်က ဆိုသည်။

maandag 12 oktober 2009

အိန္ဒိယ စစ်ဦးစီးချုပ် မြန်မာပြည်ခရီးစဉ် စတင်

  

Monday, 12 October 2009 18:06 ဇာနည်မာန်

အိန္ဒိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီပါ့ခ် ကပူးရ်သည် နှစ်နိုင်ငံ စစ်ရေး ကိစ္စရပ်များ ဆွေးနွေးရန် မြန်မာပြည်သို့ တနင်္ဂနွေနေ့တွင် သွားရောက်ခဲ့သည်ဟု အိန္ဒိယ အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။
“သူရဲ့ ၃ ရက်ကြာ ခရီးစဉ်မှာ မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး၊ စစ်စခန်းတွေကိုလည်း သွားမှာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အိန္ဒိယ ကြည်းတပ်မှ အရာရှိတဦးက အိန္ဒိယ သတင်းဌာနများသို့ ပြောကြားခဲ့သည်။
မြန်မာစစ်အစိုးရ သတင်းစာများတွင် သူ၏ ခရီးစဉ်အကြောင်း ဖော်ပြခြင်းမရှိပေ။
“သူသွားတာက နယ်စပ်က ကိစ္စတွေနဲ့ ဆက်စပ်မယ်လို့ပဲ ထင်တာပါပဲ။ ကျန်တာတော့ ကျနော်လည်း မသိတော့၊ အတွင်းကိစ္စလည်း ဖြစ်နေတော့ ဘာမှမပြောလိုပါဘူး” ဟု မြန်မာ့အရေး စိတ်ဝင်စားသူ အိန္ဒိယအထက် လွှတ်တော်အမတ် မစ္စတာ ရှရတ် ဂျိုရှီးက ဧရာဝတီသို့ပြောသည်။
သူ၏ ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာ့အရေး စိတ်ဝင်စားသည့် အိန္ဒိယရှိ နိုင်ငံရေးအဖွဲ့များ၊ အတိုက်အခံပါတီများက အသေးစိတ် ပြောဆိုခြင်း မရှိပေ။ အိန္ဒိယ သတင်းဌာနများကမူ အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ မြန်မာပြည်နှင့် စစ်ရေးအရ ပူးပေါင်းရန် သွားရောက်ခြင်းဖြစ်ပြီး မြန်မာအစိုးရနှင့် နီးစပ်သည့် တရုတ်ပြည်ထက် လက်ဦးမှု ရယူလိုခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။
အိန္ဒိယ အခြေစိုက် မြန်မာနိုင်ငံရေးသမားတဦးကမူ ဤခရီးစဉ်သည် စစ်ဗိုလ်ချုပ်များ အပြန်အလှန် ပြုလုပ်ကြသည့် ခရီးစဉ်တခုဖြစ်သည်ဟု သုံးသပ်သည်။
“နိုင်ငံရေးသမားအချင်းချင်း ဆက်ဆံရေးကို ရပ်ထားပြီးတော့ စစ်တပ်ကနေ ဆက်ဆံရေးကို ဆက်တိုက်ထားခဲ့တယ်။ အခုလည်းပဲ အဲဒီဟာကို အိန္ဒိယက စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စစ်တပ်ချင်း ဆက်ဆံရေးကို ဆက်ပြီး လုပ်တဲ့သဘောလို့ ကျနော်မြင်ရတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ဧရာဝတီသို့ ပြောသည်။
အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်နှင့် ပတ်သက်၍လည်း နှစ်နိုင်ငံ စစ်ခေါင်းဆောင်များ ဆွေးနွေးကြမည်ဟု ယူဆကြောင်း သူကဆိုသည်။
အိန္ဒိယ အစိုးရသည် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ ထွက်ပြေးလာသော ဒုက္ခသည်များကို ခိုလှုံခွင့် ပေးထားသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အားစုများကို အထူး ထောက်ခံအားပေးခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင်မူ မြန်မာ့အရေးတွင် ရေငုံနှုတ်ပိတ်နေခဲ့ပြီး စီးပွားရေးလုပ်ငန်းများအပြင် နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းလှုပ်ရှားခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းများကို ပိုမို လုပ်ဆောင်ခဲ့သည်။
ယခု အိန္ဒိယ စစ်ဦးစီးချုပ်၏ ခရီးစဉ်သည် မြန်မာပြည်တွင် နိုင်ငံရေး ညှိနှိုင်းမှုများ ဖြစ်ပေါ်လာရေးအတွက် တိုက်တွန်းကြရန် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကို ဖိအားပေးနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံက တည်ဆောက်ရမည်ဖြစ်သော တရုတ်နှင့် အာဆီယံ နိုင်ငံများကို ဖြတ်သန်းသွားမည့် စင်ကာပူ-ကူမင်း မီးရထားလမ်း အမြန်ဆုံး ဆောက်လုပ်ရန် အာဆီယံနိုင်ငံများက ဖိအားပေးနေသည့် အချိန်၊ မြန်မာနိုင်ငံအတွင်း လမ်းပိုင်းအတွက် တရုတ်အစိုးရက ကူညီမည်ဟု ကြေညာထားသည့် အချိန်၊ အိန္ဒိယအစိုးရက သူ၏ နယ်စပ်လုံခြုံရေး အတွက် စိုးရိမ်မှု မြင့်မားနေချိန်တို့နှင့် တိုက်ဆိုင်နေသည်။
“တရုတ်နိုင်ငံရဲ့ ဗမာပြည်မှာ တိုးလာတဲ့ ပူးပေါင်းဆက်ဆံမှု၊ ဥပမာ ရထားလမ်းနဲ့ ဂက်စ်ပိုက်လိုင်း ဆောက်မယ့်ဟာ အပါအ၀င်ပေါ့လေ။ ဒီကိစ္စတွေပေါ်မှာ ဗိုလ်ချုပ်ကြီး ကပူးရ်ရဲ့ စိုးရိမ်ချက်ရယ်၊ အိန္ဒိယမြောက်ဘက်က အိန္ဒိယ သူပုန်တွေအတွက် စိုးရိမ်မှုတွေ ဒီကိစ္စကို ဆက်ပါလိမ့်မယ်။ ဒီသူပုန်တွေက လှုပ်ရှားမှုတွေ တိုးပြီးတော့ များလာတော့ ဒီအပေါ်မှာ အိန္ဒိယက စိုးရိမ်ပူပန်မှုတွေ များလာတယ်” ဟု ဒေါက်တာတင့်ဆွေက ပြောသည်။
တရုတ်နိုင်ငံ တိဘက်ဒေသနှင့် နိမိတ်ချင်းထိစပ်နေသော အိန္ဒိယအရှေ့မြောက်ပိုင်း အာရွန်နာချာပရာဒေ့ရှ် ပြည်နယ်နှင့် အာသံပြည်နယ်အတွင်း ခြေကုပ်ရယူထားသော အာသံခွဲထွက်ရေးအဖွဲ့က လှုပ်ရှားမှုများ ပိုမို တိုးမြင့်လုပ်ဆောင်နေသည်။ အာသံခွဲထွက်ရေး ခေါင်းဆောင် ပါရက်ရှ်ဘာရူရာက တရုတ်အာဏာပိုင်များနှင့် ဆက်သွယ်နေသည် ဟု သတင်း ထွက်နေသဖြင့် အိန္ဒိယ၏ စိုးရိမ်မှု ပိုများလာသည်။
မြန်မာနိုင်ငံမှတဆင့် တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်၊ ထိုမှ အိန္ဒိယ သမုဒ္ဒရာဒေသနှင့် မလက္ကားကျွန်းဆွယ်အထိ ပင်လယ်ထွက်ပေါက် ရနေသည်။ ဤအနေအထားက အိန္ဒိယအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။
နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများတွင် နယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် သဘောထားများ၊ အပေးအယူကိစ္စများ ပါဝင်တတ်သည်ဟု မြန်မာတိုင်းရင်းသားအဖွဲ့များက ဆိုသည်။
“ရှိပြီးသား သဘောထားအတိုင်းဆိုရင်တော့ အိန္ဒိယဘက်က များများ နအဖကို ပြန်ပြီးတော့ ဖိအားပေးနိုင်တဲ့ အခြေအနေ ရှိလိမ့်မယ်လို့ ကျနော်မြင်တယ်။ နအဖနဲ့ သူတို့ တွေ့ပြီ ဆိုရင်တော့ အဲဒီ ဖိအားပေးမှုတွေ ရှိလာတတ်တယ်။ ဥပမာ နယ်စပ်မှာ ကျနော်တို့ စခန်းတွေ လုပ်မရတာမျိုး၊ လာပြီး စစ်တာမျိုး ရှိတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) အတွင်းရေးမှူး ဦးပေါလ်ရှီတ က ဧရာဝတီကိုပြောသည်။
အိန္ဒိယသူပုန်အဖွဲ့များကို မြန်မာအစိုးရက ကူညီနေကြောင်း၊ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) မှ ထုတ်လုပ်သည့် လက်နက်ပစ္စည်းများကိုလည်း ထောက်ပံ့ထားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ဗိုလ်မှူးခိုင်မျိုးမင်းက ပြောသည်။
“အခုလိုသွားတဲ့ ကိစ္စတွေမှာ ကျနော်တို့အတွက် အကောင်းရှိလာဖို့ ဆိုတာထက် အဆိုးရှိလာဖို့ပဲ များပါတယ်။ အိန္ဒိယ ဆန့်ကျင်ရေး လုပ်တဲ့ သူပုန်တွေက သုံးတဲ့ လက်နက်ခဲယမ်းတွေက ကပစ က ထုတ်တဲ့ လက်နက်ခဲယမ်းတွေတောင် ပါတယ်လို့ ကျနော်တို့ ကြားနေရတယ်။ ဆိုတော့ တဖက်သက် လိုက်လျော ဆက်ဆံနေရတဲ့ ပုံစံမျိုးပေါ့” ဟု ဗိုလ်မှူးခိုင်မျိုးမင်းက ဆိုသည်။
နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးများနောက်တွင် အိန္ဒိယက စစ်လေယာဉ်၊ ကမ်းရိုးတန်းသွားရေယာဉ်၊ လေယာဉ်ပစ် လက်နက်များ၊ သေနတ်နှင့် ခဲယမ်းများ၊ နည်းပညာများ ထောက်ပံ့ ပေးအပ်ခြင်းများရှိခဲ့သည်။
၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အိန္ဒိယခွဲထွက်ရေး သူပုန်များကို နှစ်နိုင်ငံ ပူးပေါင်း တိုက်ခိုက်သည့် ကာလအတွင်း အိန္ဒိယအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား Jawaharlal Nehru ဆုချီးမြှင့်လိုက်ချိန်မှ စ၍ မြန်မာ အစိုးရဘက်က စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ရပ်နားလိုက်သည်။ သို့သော်လည်း နှစ်နိုင်ငံအစိုးရချင်း ဒေသအလိုက် အပြန်အလှန် သတင်းဖလှယ်ခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့သည်။
ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ စစ်ကိုင်းတိုင်း တမူးမြို့နယ်တို့မှာ အိန္ဒိယ ခွဲထွက်ရေး ကသည်းသူပုန်များ ခိုလှုံသည့် အထင်ကရ နေရာများ ဖြစ်သည်။ ကသည်းသူပုန်တို့သည် မြို့ပေါ်တွင် လက်နက်ကိုင်၍ နေထိုင်ကြသည်။
သို့သော် ဇွန်လ ၇ ရက်နေ့က တမူးမြို့ပေါ်ရှိ ကသည်းလူမျိုးတဦး၏ နေအိမ်တွင် လက်နက်ခဲယမ်းများ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တမူးမြို့ပေါ်တွင် လက်နက်ကိုင်ဆောင် ထားရှိခြင်းကို မြန်မာအစိုးရက ကန့်သတ်လိုက်သည်။
ကချင်ပြည်နယ်အတွင်းတွင်လည်း ကသည်းသူပုန်များကို နေရာချထားပေးသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သွားပါက ကူညီတိုက်ခိုက်နိုင်စေရန် မြန်မာစစ်အစိုးရက နေရာချထားခြင်း ဖြစ်သည်ဟု ၎င်းတို့က သုံးသပ်သည်။
သို့သော် နှစ်နိုင်ငံ စစ်ခေါင်းဆောင်များ တွေ့ဆုံသည့်အခါ အိန္ဒိယ ခွဲထွက်ရေးသူပုန်များကို လက်ခံထားခြင်း မရှိကြောင်း မြန်မာစစ်အစိုးရက ပြောကြားလေ့ရှိသည်။

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တွင် နှစ်နိုင်ငံ စစ်အင်အား တိုးချဲ့

Monday, 12 October 2009 18:56 သန်းထိုက်ဦး

ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ ရေပိုင်နက် အငြင်းပွားလျက် ရှိရာ မြန်မာ့ တပ်မတော်က အမြောက်တပ်များနှင့် စစ်သင်္ဘော ၁၂ စီးခန့် အသုံးပြုပြီး စစ်ရေး ပြင်ဆင်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် The Daily Star သတင်းစာတွင် ယနေ့ ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း စစ်သင်္ဘော အစီး ၃၀ ခန့် ချထားသည်ဟု စစ်ဘက် သတင်းရပ်ကွက်ကို ကိုးကားပြီး ထိုသတင်းစာတွင် ရေးထားသည်။
"နယ်စပ်တလျှောက်မှာ နယ်စပ် စစ်ဆင်ရေးစခန်းတွေ ပိုပြီးချထားဖို့၊ နယ်ခြားစောင့်တပ်ကို အားဖြည့်နိုင်အောင် တပ်တချို့ကိုလည်း ပို့ပေးဖို့အတွက် မနက်ဖြန်ကျနော် အဆိုပြုမှာ ဖြစ်ပါတယ်"ဟု ဘင်္ဂလားဒေ့ရှ်ရှိ ရိုင်ဖယ်တပ်မှ ဗိုလ်မှူးချုပ် Mainul Islam က တနင်္ဂနွေနေ့ ညနေပိုင်းက ပြောကြားလိုက်ကြောင်း The Daily Star သတင်းစာတွင် ရေးသားထားသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများသည် ပုံမှန် စစ်ဘက် လုပ်ငန်းများသာဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး Dipu Moni က ပြောသည်။
"မြန်မာပြည်မှာရှိတဲ့ ကျမတို့ရဲ့ သံအမတ်နဲ့ စကားပြောပြီးပါပြီ။ ဒါတွေဟာ ပုံမှန်လုပ်ငန်းတွေလို့ သူက ပြောပြပါ တယ်။ နိုင်ငံခြားရေးဌာန အတွင်းဝန် Mijarul Quayes ကလည်း ဒါကာမြို့တော်မှာ ရှိတဲ့ မြန်မာ သံအမတ်ကို ခေါ်တွေ့ပြီးပါပြီ။ သူ့ဆီကလည်း ဒီလိုပဲ ပြန်ပြောပါတယ်" ဟု နိုင်ငံခြားရေး ၀န်ကြီး Dipu Moni ၏ ပြောကြားချက် ကို The Daily Star သတင်းစာက ကိုးကားဖော်ပြထားသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုး ကာရံခြင်းကို မတ်လ ၁၈ ရက်နေ့က စတင်ခဲ့သည်။
ထိုသို့ သံဆူးကြိုး ကာရံခြင်းသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် နတ်မြစ် တလျှောက် မူးယစ်ဆေးဝါး အပါအ၀င် လူကုန်ကူးမှုများကို တားဆီးရေး အတွက် ဖြစ်ကြောင်း မြန်မာနိုင်ငံက တရားဝင် ပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်ကမူ ယခု ဖြစ်ပွားနေသော ရေပိုင်နက်ကိစ္စ ပြဿနာကို မဖြေရှင်းနိုင်ကြပါက နှစ်နိုင်ငံကြား စစ်ပွဲများ ဖြစ်ပွားနိုင်သည်ဟု ဧရာဝတီသို့ ပြောသည်။
“မြန်မာဘက်က လူတွေက ဒီဘက်ကို ထွက်လာတယ်၊ ဘင်္ဂလားဒေ့ရှ်က မိရင် ပြန်ပို့တဲ့ ပြဿနာ၊ နောက်တခုက ရေပိုက်နက် အငြင်းပွားမှုမှာလည်း ဘင်္ဂလားဒေ့ရှ်က သူတို့ ပိုင်တယ်လို့ ပြောတယ်၊ အဲဒီ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ စစ်ဖြစ်နိုင်တယ်”ဟု ကိုခိုင်မြတ်ကျော်က သုံးသပ် ပြောဆိုသည်။
၂၀၀၈ ခု နိုဝင်ဘာလ အတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် တွေ့ဆုံကြပြီး ရေပိုင်နက်အငြင်းပွားမှု ပြဿနာ အတွက် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပေ။
ရေပိုင်နက် ပြဿနာကြောင့် နှစ်နိုင်ငံကြား နှစ်ချီ၍ အငြင်းပွားလျက်ရှိသည်။
၂၀၀၈ ခု နိုဝင်ဘာလတွင် ရေပိုင်နက် အငြင်းပွားရာ နေရာသို့ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့သည်။ ထိုစစ်သင်္ဘောများမှာ သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် လုံခြုံရေးယူရန် ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်။

dinsdag 4 augustus 2009

စုစုနွေး တိုက်ပိတ်ခံရ



Tuesday, 04 August 2009 16:44 ကိုထွေး
လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် အာဇာနည်နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရေးစပ်ထားသည့် သီချင်းတပုဒ်ကို သီဆိုခဲ့သည့် အတွက် ၃ ရက် တိုက်ပိတ် ခံခဲ့ရသည်။

မစုစုနွေး (ဓာတ်ပုံ - Getty Images)
စုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်က “ကျမ ဇူလိုင်လ ၂၁ရက်နေ့က သွားတော့ သူက တိုက်ပိတ်ခံရတာ ကနေ ပြန်လွတ်နေပြီ၊ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကိုမင်းကိုနိုင် ရေးတဲ့ သီချင်းကို ဆိုတာကြောင့်လို့ ပြောတာပဲ၊ သီချင်း ခေါင်းစဉ်တော့ မသိဘူး၊ လွတ်လပ်ရေး သီချင်းလို့ ပြောတယ်၊ ၃ ရက် တိုက် အပိတ်ခံ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်ရှိ မစုစုနွေး၏ ကျန်းမာရေးမှာ ဆိုးရွားခြင်း မရှိကြောင်း၊ သို့သော် ထောင်တွင်းတွင် ကျန်းမာရေးနှင့် ပတ်သက်၍ လာရောက် စစ်ဆေးသူများမှာ တတ်ကျွမ်း နားလည်သော ဆရာဝန်များ မဟုတ်ဘဲ ဆေးမှူးများသာ ဖြစ်ကြောင်း သိရသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မဌေးဌေးကြည်က “သွားတွေရတာက ဂန့်ဂေါ ဘက်က သွားရတော့ စရိတ်လည်း မတရား ကုန်တယ်၊ လူလည်း အရမ်း ပင်ပန်းတယ်” ဟုပြောသည်။

စက်တင်ဘာ လဆန်းပိုင်းတွင် ထပ်မံ သွားရောက်ရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သော မတ်လက အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က ကလေးမြို့ အကျဉ်းထောင်သို့ ရောက်ရှိနေသော မစုစုနွေးကို ကျန်းမာရေး အခြေအနေအရ မိသားစုနှင့် နီးသည့် ဒေသ အကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးရန် မြန်မာ ပြည်ထဲရေး ၀န်ကြီးထံသို့ စာရေးသား ပေးပို့ တောင်းဆိုခဲ့သည်။

ထိုစဉ်က မစုစုနွေး၏ ကျန်းမာရေး ဆိုးရွား၍ ကလေးမြို့ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူရကြောင်း သိရသည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာ ရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး အာဏာပိုင်များ လိုက်လံ ဖမ်းဆီး၍ ရှောင်တိမ်းနေရစဉ် ကာလ အတွင်း ခွဲစိတ်ကုသမှု တကြိမ် ပြုလုပ်ခဲ့ရသည်။

မစုစုနွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ် ခွဲ ချခံထားရသူဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အင်းစိန်ထောင်မှ ကလေးမြို့ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

မစုစုနွေးသည် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် လုပ်အားပေး ခိုင်းစေသည့် ရပ်ကွက်အာဏာပိုင်များကို တရားစွဲဆိုရာမှ ထင်ရှားသည့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်လာသည်။

ထိုသို့ တရားစွဲခဲ့ရာတွင် အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမ အကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် စစ်အစိုးရက မကြာခဏ ဖမ်းဆီး ထိန်းသိမ်းခဲ့သော မစုစုနွေးကို နိုင်ငံတကာက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။

မစုစုနွေးသည် ကနေဒါနိုင်ငံမှ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့တဖွဲ့၏ John Humphrey ဆု၊ ချက်သမ္မတနိုင်ငံ people in need အဖွဲ့က ပေးအပ်သည့် Homo Momini ဆု၊ အီတလီနိုင်ငံ၊ Agrate မြို့က ပေးအပ်သည့် ဂုဏ်ထူးဆောင်မြို့သားဆု တို့ကို ရရှိထားသည်။