မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label http://www.lanpyakye.org/2010/10/blog-post_28.html. Alle posts tonen
Posts tonen met het label http://www.lanpyakye.org/2010/10/blog-post_28.html. Alle posts tonen

woensdag 27 oktober 2010

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲ (တိုကျို )

စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ ဦးစီး၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများ နှင့် မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံ အားပေးနေသည့် ဂျပန် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (RENGO)၊ မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့(PFB)၊အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (ဂျပန်)နှင့် ၊ HumanRightsWatch၊ HumanRightsNow၊ NGO အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။
တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့်အကြောင်းကို ဂျပန်အစိုးရ တာဝန်ရှိသူများတို့မှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ တိုကျိုမြို့ Roppongiဘူတာအနီး၊Mikawadaiပန်းခြံမှ ဂျပန်အစိုးရရုံးများ တည်ရှိရာ Kasumigaseki မြို့နယ်ဧရိယာကို ဖြတ်လျှောက်၍ Hibiyaပန်းခြံတွင် အဆုံးသတ်သည့် ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရကြောင်း သိရှိရပါသည်။
Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံကနေ ၂း၃၀ တွင် စတင်ချီတက်ခဲ့ကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖ စစ်အုပ်စု၏ တရားမျှတမူမရှိသည့် အတုအယောင်၂၀၁၀ ရွေးကောက်ပွဲ လက်မခံ ဆန်ကျင် ကန့်ကွက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံတို့ကို ချက်ခြင်း လွတ်ပေးရန်း ၊ ဂျပန်အစိုးရမှ မြန်မာ့ဒီမိုကရေစီ အရေးမှာ ထိရောက်သည့် အကူညီများ ကူညီပေးရန် တောင်းဆို ချီတက်လာခဲ့ကြပြီး Hibiya ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။
ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ဂျပန်အစိုးရမှ ပိုမိုထိရောက်စွာ လုပ်ကိုင် ဆောင်ရွက်ပေးစေလိုသည့် တိုက်တွန်း တောင်းဆိုချက်များကို မြန်မာ့အရေးကို အားပေးကူညီသည့် ဂျပန်လွတ်တော် အမတ်များသမဂ္ဂ ကနေတဆင့် ဂျပန်အစိုးရ တာဝန်ရှိသူများထံသို့ သွားရောက် ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ(၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။






 
 ဂျပန်နိုင်ငံ TBS သတင်းဌာနမှလွှင့်ထုတ်ခြင်း



သတင်းမှတ်တမ်း ။ Ko Mai Kyaw Oo

မှတ်တမ်းဓါတ်ပုံ ။Ko Lian Khan Sum(CNC-Japan),Ko Myo San Oo(BDA Group)