“ မင်းအမြင်လည်းပြောပါအုံး ”
ပြောပြရအုံးမယ် သူငယ်ချင်းရေ့ 
ငါဟာ့  ပညာရှိတယောက်မဟုတ်ခဲ့တာ
မင်းသိပြီးသားဖြစ်ခဲ့ပေမယ့်
ငါ့မှာရရှိထားခဲ့တဲ့
ဗဟုသုတလေးတွေကိုတော့
အများပြည်သူသိအောင်ဝေငှချင်ရဲ့  ။
တကယ်ဆို ငါဟာ့ 
အမြင့်ပျံငှက်တကောင်ပ
မြင့်မြင့်ကနေပျံနေတော့
ဝေးဝေးကိုမြင်နိုင်တယ် သူငယ်ချင်း
ငါမြင့်မြင့်ပျံနေတဲ့အချိန်
အန္တရာယ်ကိုမြင်ရင်းလည်း
ငါနဲ့နီးစပ်ရာတွေကတဆင့်
အများသိနိုင်အောင်တော့
ကြိုတင်အကြောင်းကြားပေးထားမှာပေါ့  ။
အရာဝတ္တုတိုင်းမှာက့ 
ဘက်နှစ်ဖက်ရှိနေလို့
ငါ့စကားတွေကိုလည်း မင်းလိုရာ
ဆွဲမတွေးပြစ်လိုက်အုံးနဲ့ပေါ့နော့့်  ။
မိမိလိုချင်တာကို ရယူချင်လို့ကတော့ 
“လိုချင်တာကို အရင်စဉ်းစား
ဖြစ်နိုင်တဲ့နည်းလည်းတွေကို ရှာကြံပြီးတော့
လက်တွေလုပ်ရပ်တွေနဲ့ ပေါင်းစပ်လိုက်ပေါ့”
ရည်မှန်းချက်တွေကြီးမားလာတာနဲ့အမျှ
အခက်အခဲတွေက
အလိုလျှောက်သေးငယ်သွားမယ်ပ
ငါကတော့လေ သူငယ်ချင်း
ရာဇ၀င်ဆိုးတွေ ငါ့သမိုင်းမှာမကျန်ခဲ့ရအောင်
ငါသိထားသမျှကောင်းတဲ့ အသိတရားတွေကို
လက်တွေ့လုပ်ရပ်တွေနဲ့ပေါင်းစပ်ကာ
ငါ့ရာဇ၀င်ကောင်းတခုကျန်ခဲ့အောင်
ကြိုးစားလုပ်ဆောင်နေဆဲ့  ။
သူငယ်ချင်းရေ ငါကလည်းပဲ့ 
ငါ့အတွေ၊ငါ့အမြင်၊ငါ့အသိတွေကိုမှ
အားလုံးအမှန်တွေချည်းပဲလို့
ခံယူထားတဲ့အကိုယ်ကောင်းသမားမဟုတ်လို့
မင်းအသိ၊မင်းအမြင်နဲ့
မင်းအတွေးတွေလည်းပြောစမ်းပါ့  ။
ဇာနည်မောင်
dinsdag 2 juni 2009
maandag 1 juni 2009
ပြည်တွင်းရေးဖြစ်သည်ဟု မြန်မာကာကွယ်ရေး ဒုဝန်ကြီး ပြောဆို
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က မကြာသေးခင်က ထုတ်ဖော်ပြောဆိုသည်။
စင်္ကာပူနိုင်ငံ အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျင်းပသည့် ၈ ကြိမ်မြောက် The Shangri- La Dialogue အစည်းအဝေးတွင် သူက ပြောခဲ့ခြင်း ဖြစ်သည်။
ယခုကိစ္စမှာ ပြည်တွင်းရေး ပြဿနာကို ကိုယ်ပိုင် တရားစီရင်ရေး စနစ်ဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်းခြင်း ဖြစ်သဖြင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ရာ မရောက်သကဲ့သို့ ဒေသတွင်း လုံခြုံရေးကို ချိုးဖောက်ရာလည်း မရောက်ကြောင်း သူက ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် မြန်မာအစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
အစည်းအဝေး တက်ရောက်သူ နိုင်ငံတကာမှ ကာကွယ်ရေး ထိပ်တန်းခေါင်းဆောင်များ၏ မြန်မာ့နိုင်ငံရေးအပေါ် ဆွေးနွေးမှုကို သူက တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်စုမှာ နိုင်ငံခြားသားကို လက်ခံတွေ့ဆုံခဲ့ပြီး သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သဖြင့် ယခုကဲ့သို့ အရေးယူရကြောင်းနှင့် နိုင်ငံတကာ အနေဖြင့်လည်း မြန်မာပြည်၏ ပြည်တွင်းရေး ပြဿနာများကို ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် ပြောဆိုလိုက်ကြောင်း သတင်းစာထဲတွင် ဆက်လက် ဖော်ပြထားသည်။
< Prev Next >

Labels:
မဇ္စျိမ သတင်းမှ
သောကြာစကားဝိုင်း (မေ ၂၉၊ ၂၀၀၉)
ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆို ခံနေရတဲ့အတွက် နိုင်ငံတကာက တိုးမြှင့်လာတဲ့ဖိအား အပေါ် နအဖ ဘယ်လို စဉ်းစားနိုင်လဲ။ပုဂ္ဂလိကပိုင် အသင်းတွေအနေနဲ့ စတင်ယှဉ်ပြိုင် ကစားနေတဲ့ မြန်မာ နေရှင်နယ်လိဒ် ဘောလုံးပွဲတွေက နိုင်ငံရေးနဲ့ ဘယ်လို ဆက်နွှယ်နေမလဲ ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။ အောင်ဇော်၊ ကျော်စွာမိုး၊ အေးချမ်းမြေ့ တို့အပြင် ဧည့်သည်အဖြစ် ချင်းမိုင်အခြေစိုက် ဒီဗီဘီ အားကစား သတင်းထောက် ကိုဇင်မောင်တို့ ပါဝင်ဆွေးနွေး ထားကြပါတယ်။ဧရာဝတီ သောကြာစကားဝိုင်းဟာ တပတ်အတွင်း ပြည်တွင်း ပြည်ပမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ အကြောင်းအရာတွေကို မတူညီတဲ့ အမြင်တွေနဲ့ ထောင့်ပေါင်းစုံကနေ လွတ်လွတ် လပ်လပ် ဆွေးနွေး တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင် ရယူရန် Download (4.95 Mb)
Next >
Next >
ဗိုလ်ချုပ်များ ဒေါသထွက်နေကြလေပြီ
တရားစွဲဆို ခုံရုံးတင်ခံနေရဆဲ ကာလ၌ပင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ချုပ်နှောင်ထားသည့် အာဏာလက်စောင်း ထက်လှပါသည် ဆိုသော စစ်ဗိုလ်ချုပ်များကို ပို၍ ဒေါသ ထွက်လာစေရေန်အပြည့်အစုံသို့
အခြေအနေကတောင်းဆိုနေတဲ့ မြေအောက်လှုပ်ရှားမှု
ရဲဘော်ဖိုးသံချောင်း / ၁ ဇွန် ၂၀၀၉ အုပ်စိုးသူလူတန်းစား၊ အထူးသဖြင့် ဆိုရှယ်လစ်ပါတီနဲ့ သူတို့နဲ့ နွှယ်နေတဲ့ စစ်အုပ်စုဟာ မြေအောက်လုပ်ငန်းကို အကြီးအကျယ်ကြောက်ရွံ့... အပြည့်အစုံသို့
ဒေါ်အောင်ဆန်းစုကြည်၏အမှုကိစ္စ
NEJ / ၁ ဇွန် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူဆောင်ရွက်မှုဟာ ပြည်တွင်းရေးကိစ္စ သက်သက်သာ ဖြစ်ပြီး ပြည်တွင်း .... အပြည့်အစုံသို့
ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူဆောင်ရွက်မှုဟာ ပြည်တွင်းရေးကိစ္စ သက်သက်သာ ဖြစ်ပြီး ပြည်တွင်း .... အပြည့်အစုံသို့
Labels:
ခေတ်ပြိုင်မှကူးယူပါသည်
Abonneren op:
Posts (Atom)