မေလ (၂) ရက်နေ့က မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ တဆင့်ရောက် ရှိလာပြီး ဟိုတယ်မှာတည်းတယ်။ နောက်နေ့ ညနေပိုင်းမှာ အင်းယားကန်အတွင်းမှ ရေးကူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက်ကို ကူးခတ်သွားတာ ဖြစ်တယ်လို့  နအဖအင်တာနက် စာမျက်နှာကနေတစ်ဆင့် သတင်းလွှင်ခဲ့တဲ့ နအဖရဲ့  ဂျွန်ဝီလီယံယက်တောရဲ့  ဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းသာ ဖြစ်ပါတယ်။
ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ် (Asthma) ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်တယ်ဆိုတာ သူရဲ့  ဇနီးဖြစ်သူက ပြောပြထားပါတယ်။ ထို့ အပြင် ဂျွန်ဝီလီယံယက်တောဟာ ကြောက်တတ်သူဖြစ်ကြောင်းကိုလည်း ပြောပြထားပါတယ်။ နအဖဘက်က ပြောသလို ၅ လီတာဆန့် ရေဗူး အကူအညီယူပြီး ရေကူးသွားတယ်ဆိုတာဟာ အကြောင်းပြဖန်တီးမှုသာ ဖြစ်ပါတယ်။ ဒီလို ၅ လီတာဆန့် ရေဗူးနဲ့  ရေကူးသွားတယ်ဆိုတဲ့ နအဖဘက်က သတင်းကြားရတဲ့ သူ့ ရဲ့  ဇနီးကတောင် ပြောတာက - ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ်ရောဂါတင်မကဖူး ဆီးချိုရောဂါပါ ဖြစ်နေတာ၊ ဒါကြောင့် သူဘယ်လိုလုပ်ပြီး ရေကူးသွားနိုင်တယ်ဆိုတာ အံ့သြတယ်လို့  မယုံကြည်တဲ့ စကားပြောပါတယ်။ သူရဲ့ အနီးကပ်ဆုံး ဇနီးဖြစ်သူရဲ့ ပြောပြချက်ပေါ်မှာ မူတည်ရင် ဂျွန်ဝီလီယံယက်တောဟာ ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာအရေရော ဘယ်လိုနည်းနဲ့ မှ ညအမှောင်ထဲမှာ အင်းယားကန်ထဲမှာ ရေကူးပြီးသွားတယ်ဆိုတာ မဖြစ်နိုင်ပါဖူး။
ဒါဆိုရင် ဂျွန်ဝီလီယံယက်တော ရေကူးဝင်တာ မဟုတ်ရင် နအဖတွေ ဖန်တီးလုပ်ကြံတဲ့ဇတ်လမ်းဟာ အစကတည်းက မမှန်ဖူးဆိုတာပါဘဲ။ နအဖဘက်က အစီအစဉ်ကျကျ အကွက်ကျကျ ဖန်တီးပြီး ဒီဇတ်လမ်းကို ထွင်တာဆိုတာ အမှန်အတိုင်း ထွက်ပေါ်လာဖို့  လိုနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုလိမ်ပြီး ထောင်သွင်းအကျဉ်းချဖို့  လုပ်တဲ့ နအဖတို့ ရဲ့  လုပ်ရပ်ကို ပြည်သူတွေ မခံမရပ်နိုင် ဖြစ်နေကြပါပြီ။ ဒီလို မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူတွေထဲက အဖြစ်အပျက်အမှန်ကို ဖေါ်ထုတ်ပေးကြဖို့  လုပ်လာကြမယ်ဆိုတာ မလွှဲမသွေပါဘဲ။
နအဖက ဂျွန်ဝီလီယံယက်တောကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေလ (၁၄) ရက်နေ့ က အင်းစိန်ထောင်အတွင်း ခေါ်ဆောင်သွားကာ မတရား အမှုဆင်ပြီး အမှုစွဲဆိုကာ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းထားမှုသတင်းကို ကြားကြရတဲ့ ရန်ကုန်မြို့ က ပြည်သူလူထုတွေထဲက ထူးထူးခြားခြား ပြည်သူတစ်ဦးက သူကိုယ်တိုင် ကြုံတွေ့ သိခဲ့ရတဲ့ အဖြစ်အပျက်ကို အဆက်သွယ် စတင်လုပ်လာပါတယ်။
ဒီလို ဆက်သွယ်လာခဲ့တဲ့သူကတော့ ရန်ကုန်မြို့ က တက္ကစီကားမောင်းသူတစ်ဦး ဖြစ်ပါတယ်။ စစချင်း ဆက်သွယ်လာတဲ့အချိန်မှာ သူ့ အနေနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ပတ်သက်တာ သူပြောပြချင်ပါတယ်။ ဒီအတွက် သူဘယ်နေရာက စောင့်ဆိုင်းနေမှာ ဖြစ်ကြောင်းနဲ့  စိတ်ချယုံကြည်စွာ လာရောက်ဆက်သွယ်ပါလို့ ပြောပြီး၊ လာတဲ့အခါမှာ သွားရောက်တွေ့ ဆုံဆက်သွယ်ခဲ့ပါတယ်။
မေလ (၂) ရက်နေ့ မှာ သူနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ဘယ်လိုတွေ့ ဆုံပြီး ဘယ်နေရာဒေသကို ပို့ ဆောင်ပေးခဲ့ရတယ်ဆိုတာကို ပြောပြတဲ့အခါမှာ - သူ့ ရဲ့  တက္ကစီကားကို ဂျွန်ဝီလီယမ်ယက်တောက လေဆိပ်ကနေ ငှားရမ်းစီးလာခဲ့ကြောင်း၊ သူ့ အနေနဲ့  အမည်ကို ထိုအချိန်က မသိသော်လည်း ယခုအခါမှ သိသွားရတာ သတင်းတွေထဲမှာ ပုံပါလာတာကြောင့် သူ့ ပို့ ပေးခဲ့ရသူဟာ ဂျွန်ဝီလီယံယက်တောဖြစ်နေတာ သိရကြောင်းနဲ့  အခုလို ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်တာ သိရတဲ့အတွက် မခံမရပ်နိုင်ဖြစ်ကာ အသိပေးလိုတဲ့အတွက် အခုလို အရဲစွန့် ပြီး ပြောရတာဖြစ်ကြောင်း ပြောပြပါတယ်။
အဆိုပါ တက္ကစီကားမောင်းသူဟာ သူရဲ့ ပြောပြချက်တွေကို လုံးဝ အသံသွင်းတာ မလုပ်ဖို့  အစကတည်းက မှာထားခဲ့ပေမယ့် အခုကိစ္စဟာ အရေးကြီးတဲ့ ပြောဆိုချက်ဖြစ်နေတာကြောင့် သူရဲ့ ပြောကြားချက်နောက်ပိုင်းတွေကို အမှီရအောင် သေချာအောင် မေးမြန်းပြီး ဖုန်းကင်မရာကနေ တစ်ဆင့် မှတ်ခဲ့ရပါတယ်။ ခိုင်လုံသောသက်သေတစ်ခုအနေနဲ့  ရရှိနိုင်အောင် လုပ်ခဲ့ရပေမယ့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရတဲ့ကြောင့် အဆိုပါ တက္ကစီသမားရဲ့  ရုပ်ပုံအပြည့်နဲ့  ကားနံပါတ်တွေကိုတော့ ဖေါ်ပြပေးမှာ မဟုတ်ပါဖူး။ ထို့ အတူ တွေ့ ဆုံခဲ့ရတဲ့သူတွေ ဘယ်သူတွေလည်းဆိုတာကို ယခုအချိန်မှာ လျှို့ ဝှက်ထားပေးပါတယ်။
သူ့ ရဲ့ ကားကို လေဆိပ်ကနေ စီနင်းလိုက်ပါလာပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ကို ပို့ ပေးခဲ့ရကြောင်း၊ ဂျွန်ဝီလီယံယက်တောဟာ အန်တီစုအိမ်ရှေ့ ရောက်တဲ့အခါမှာ ခြံဂိတ်ဝမှာ စောင့်နေတဲ့ လုံခြုံရေးအစောင့်တွေကို ကဒ်ပြားအနီရောင်တစ်ခုထုတ်ပြတာ သူမြင်ရကြောင်း၊ အဲ့ဒီအခါမှာ လုံခြုံရေးတွေ ကိုယ်တိုင် အထဲကို ခေါ်သွင်းသွားတာကို သူမြင်ခဲ့ရတာကို ပြောပြပါတယ်။ သူ့ အနေနဲ့  အဲ့ဒီအချိန်က ရိုးရိုးသာမန်ဘဲ အောင်းမေ့ပြီး ဒီအဖြစ်အပျက်ကို အလေးအနက် မထားခဲ့မိကြောင်း ပြောပြပါတယ်။
အဆိုပါ တာဝန်သိပြည်သူတစ်ဦးဖြစ်တဲ့ တက္ကစီကားမောင်းသူရဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင် ထိန်းသိမ်းထားမှုအပေါ် မခံမရပ်နိုင်ဖြစ်ပြီး ပြောကြားလာခဲ့တာတွေကို ရသလောက် မှတ်တမ်းတင်ထားခဲ့ရတဲ့ မှတ်တမ်းတိုလေးကတော့ ဒီမှာပါ။
(ဒီမှာ ဖိုင်အတိုနှစ်ခုကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ပြီးလျှင် VLC Media Player နဲ့  ပြန်ဖွင့်ပါ။
http://www.blogger.com/video-play.mp4?contentId=1be52114eb568674&type=video%2Fmp4
http://www.blogger.com/video-play.mp4?contentId=e8815c87c983604c&type=video%2Fmp4
) ။
ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖို့ အတွက် လုပ်ကြံဖန်တီးတဲ့ ဂျွန်ဝီလီယံယက်တောရဲ့  ရေကူးဇာတ်လမ်းဟာ လုံးဝမမှန်ဘဲ၊ ဂျွန်ဝီလီယံယက်တောဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ခြံဝန်းအတွင်းကို နအဖလုံခြုံရေးအစောင့်တွေရဲ့  ခေါ်ဆောင်မှုနဲ့  ၀င်ရောက်သွားပြီး၊ လုံခြုံရေးအစောင့်တွေရဲ့  အကူအညီနဲ့  ပုန်အောင်းနေထိုင်ကာ၊ အင်းယားကန်ထဲကနေ ရေကူးဝင်လာတဲ့ ပုံစံကို ကြိုတင်ပြင်ဆင်ထားပြီးမှ နောက်နေ့ မနက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်မှာအတူ နေထိုင်သူတွေ တွေ့ မြင်တဲ့အခါမှာ သူရေကူးဝင်လာတာပါ၊ ရောဂါဝေဒနာနဲ့  အလွန်ပင်ပန်းနေပါတယ်၊ ဆာလောင်မွတ်သိပ်နေပါတယ်လို့  ပြောဆိုတာ ဖြစ်ပါတယ်။
ဒီလိုမျိုး ဂျွန်ဝီလီယံယက်တောကနေ ခြံဂိတ်ဝမှာ ကဒ်ပြားအနီပြတာ၊ လုံခြုံရေးအစောင့်တွေက ခြံဝန်းအတွင်းကို ခေါ်သွင်းသွားတာ၊ ခြံဝန်းအတွင်းမှာ လုံခြုံရေးတွေရဲ့  အကူအညီနဲ့ ပုန်းအောင်းနေတာ၊ နောက်နေ့ မနက်ကျမှ ရေကူးဝင်လာတဲ့ပုံစံပြုလုပ်တာ ပြောဆိုတာတွေဟာ ကြိုတင်စီမံမှုပြုလုပ်ပြီး အကွက်ကျကျ စီစဉ်တယ်ဆိုတာ တွေ့ ရပါတယ်။ ဒီလို ကြံစီမှုကို အချိတ်အဆက်ရှိရှိ ဖန်တီးတာ လုံခြုံရေးအစောင့်တွေကို စီမံချက်နဲ့  အထက်ပိုင်းက ခိုင်းစေအမိန့် ပေးတဲ့ နအဖထိပ်ပိုင်းကဘဲ ဖြစ်တာ သေချာပါတယ်။
နောက်တစ်ခုအနေနဲ့  နအဖတွေရဲ့  မသင်္ကာဖွယ် လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းမှာ စောင့်နေကြတဲ့ လုံခြုံရေးအင်အားစုတွေကို အလျင်အမြန် ချက်ခြင်းဘဲ ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဂျွန်ဝီလီယံယက်တော ရေကူးဝင်လာတာ မဟုတ်ဘဲ အဲ့ဒီနေ့ က တက္ကစီကားနဲ့  ရောက်လာပြီး ခြံဝင်းထဲကို ခေါ်သွင်းခဲ့တဲ့ကိစ္စ ပေါ်မှာစိုးလို့ အစဖြောက်တာပါဘဲ။
နအဖရဲ့  လုပ်ကြံဖန်တီးတဲ့ ဇတ်လမ်းရဲ့ အစဖြစ်တဲ့ ဂျွန်ဝီလီယံယက်တော ရေကူးဝင်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ပေါ်ထွက်လာပါပြီ။ နအဖတို့  အကွက်ကျကျ စီစဉ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုပါ။
ပြည်သူအပေါင်း သိရှိရအောင် ထုတ်ဖေါ်လိုက်ပါတယ်။ အဖြစ်အပျက်ကို ရဲဝန့်စွာ ပြောကြားလာပေးခဲ့တဲ့ တာဝန်သိ ပြည်သူတစ်ဦး ပီသသူ တက္ကစီကားမောင်းသမား မိတ်ဆွေအားလည်း ဒီနေရာက အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအသိပေးလိုက်ပါတယ်။
dinsdag 9 juni 2009
ဒေါ်အောင်ဆန်းစုကြည်အား သိက္ခာကျဆင်းစေသည့် ဓါတ်ပုံများ အာဏာပိုင်များဖြန့်ဝေ
Saturday, 06 June 2009 21:43 ဖြိုးကြီး
နအဖအာဏာပိုင်များဘက်က ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ သိက္ခာကျစေသည့် ဓါတ်ပုံများကို ပြည်သူလူထုအကြားတွင် ဖြန့်ဝေခြင်းများ ပြုလုပ်နေသောကြောင့် မြို့ခံလူထုက မကျေမနပ်ဖြစ်နေကြသည်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာယက်တောတို့ ပူးတွဲနေသည့်ပုံ ပြုလုပ်ထားသည့် ဓါတ်ပုံတွင် မဖွယ်မရာစာများရေးသားထားပြီး လိုက်လံဖြန့်ဝေခြင်းနေခြင်းကြောင့် ဖြစ်သည်။
“အဲဒီမှာက မစ္စတာ ယက်တောကို ဒေါ်အောင်ဆန်းစုကြည်က မှီနေတဲ့ပုံတွေ ဖြန့်တာ၊ စာတွေကလဲ မဖွယ်မရာ ရေးထားတာ၊ နောက်ခံနေရာကလဲ ဒေါ်အောင်ဆန်းစုကြည်ခြံဝန်းထဲမှာပဲ၊ ဓါတ်ပုံက ၃ လက်မဆိုဒ်နဲ့ လုပ်ထားတာ” ဟု မြို့ခံတဦးက ပြောသည်။
အဆိုပါဓါတ်ပုံများကို ဖြန့်ဝေသွားသူများမှာ ကြံ့ဖွံ့အဖွဲ့နှင့် စွမ်းအားရှင်များက လုပ်သွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။
“ဆိုင်ကယ်နဲ့ ဖြန့်သွားတာ၊ တချို့က ကိုယ်တိုင်လိုက်ဝေတာ၊ ကျနော်တို့စုံစမ်းကြည့်တာ လေးငါးခြောက်ယောက်လောက် ရှိမယ်၊ အဲဒါက သက်သက်ယုတ်မာတာ၊ မြို့ခံတဦးအနေနဲ့ပြောရမယ်ဆိုရင် တော်တော်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပါ၊ တမြို့လုံးကလဲ မကျေနပ်ဘူး၊ အဲဒီပုံတွေကို တွေ့တဲ့သူတွေကလဲ အကုန်ဆုတ်ဖြဲပစ်လိုက်တာ” ဟု ဆက်ပြောသည်။
ထို့အပြင် မြင်းခြံမြို့နှင့် တောင်သာမြို့များတွင်လည်း မန္တလေးတိုင်း ကြံ့ဖွံ့အဖွဲ့က တိုက်ရိုက်ညွှန်ကြားပြီး ယခုကဲ့သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်အား ဂုဏ်သိက္ခာကျဆင်းစေသည့် ဓါတ်ပုံများ၊ စာရွက်စာတမ်းများ ဖြန့်ဝေနေလျှက်ရှိသည်။

Labels:
ရိုးမ website မှကူးယူဖေါ်ပြပါသည်
zondag 7 juni 2009
zaterdag 6 juni 2009
အောင်ဆန်းစုကြည်၏ တပ်မတော်သားများသို့ ပန်ကြားချက်
မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးများဟာ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ်နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရဖို့အတွက်လည်း ပြည်သူလူထုနဲ့ တပ်မတော်သား များ အားလုံးလက်တွဲပြီးတော့ ကြိုးပမ်းခဲ့လို့ ရခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုနဲ့ တပ်မတော်လက်တွဲပြီး လုပ်ဖို့သာလိုပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကြီးထွားပုံကို ကမ္ဘာက သိကြပါတယ်။
ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြည်သူလူထုက နေပြီးတော့ တင်မြှောက်တဲ့ အစိုးရကနေ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တပ်မတော်သားများဟာလဲ ပြည်သူလူထု ကြားထဲ ကနေ ပေါက်ဖွားလာတဲ့သူများ မို့လို့ ပြည်သူလူထု ရွေးကောက်ပွဲတင်မြှောက်ထားတဲ့ အစိုးရများဟာ တပ်မတော်သားများကို ထိုက်ထိုက်တန်တန် ဂုဏ်ရှိရှိ သိက္ခာရှိရှိ ထားမယ်ဆိုတာ ယုံမှားသံသယရှိစရာ လုံးဝမလိုပါဘူး။ အခုအချိန်မှာ ဆိုလို့ရှိရင် တချို့လူတွေဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားထဲမှာ စိတ်ဝမ်းကွဲအောင်လို့ အမျိုးမျိုး ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် မလိုလားသယောင်ယောင်၊ တပ်မတော်ရဲ့ အကျိုးစီးပွားကိုပဲ မလိုလား သယောင်ယောင် ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အစဉ်တစိုက် မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်စေချင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
ကျွန်မတို့တပ်မတော်ဟာ စကတည်းက ပြည်သူလူထုရဲ့ နွေးထွေးမှုကို ခံယူနိုင်မှသာလျှင်၊ ဒီတပ်မတော် ထူထောင်ခဲ့ရတာဟာ အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူလူထုရဲ့ အကျိုးကို မျှော်ကိုးပြီးတော့ ကြိုးပမ်းသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ နိုင်ငံတနိုင်ငံအတွင်းမှာ ပြည်သူလူထုနဲ့ တပ်မတော်၊ တပ်မတော်နဲ့ ပြည်သူလူထု တသားတည်းရှိမှသာလျှင် ငြိမ်းချမ်းမှုလည်း ရှိနိုင်မယ်။ တိုးတက်မှုလည်းရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့လည်း တပ်မတော်ဆိုတာ တခြားနိုင်ငံက အဖွဲ့အစည်းမဟုတ်ဘဲ ဒီနိုင်ငံထဲက အဖွဲ့အစည်း၊ တခါတလေ တပ်မတော်နဲ့ ပြည်သူကို ခွဲခြားပြီး ပြောတာကို ကျွန်မတို့ နားမလည်ပါဘူး။ တပ်မတော်သားများဆိုတာဟာ ပြည်သူလူထုက ပေါက်ဖွား လာတာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တပ်မတော်ကို ခွဲခြားချင်တဲ့ စိတ်ဓာတ်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ တပ်မတော်နဲ့ နိုင်ငံရေးသမားများ ကြားထဲမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်တယ် ဆိုတာဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးသမားများ ရှိမှသာလျှင် နိုင်ငံရေးဘက်ကနေပြီး ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့် မို့လို့ နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်မယ်၊ နိုင်ငံရေးသမားများရဲ့  လုံခြုံရေးကို တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာဆိုရင် နားလည်မှု အများကြီးရှိဖို့ လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျွန်မတို့ အစဉ်တစိုက် ကြိုးစားနေပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဆိုလို့ရှိရင် မြန်မာ့တပ်မတော်ထဲမှာ အဆင့်မြင့် အမှုထမ်းခဲ့တဲ့ အရာရှိများ များစွာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တပ်မတော်ရဲ့ လိုအပ်ချက်များကို ကောင်းမွန်စွာ နားလည်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
၁၉၉၉ခုနှစ် သြဂုတ်လ (၇)ရက်

donderdag 4 juni 2009
woensdag 3 juni 2009
dinsdag 2 juni 2009
စစ်အစိုးရတရားစီရင်ရေး မျှတမှုမရှိဟု ရှေ့နေများ ဝေဖန်
စစ်အစိုးရက နိုင်ငံ၏ တရားစီရင်ရေးကို ထိန်းချုပ် တင်းကျပ်ထားသောကြောင့် လက်ရှိ ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်အမှု အပေါ် တရားစီရင်နေမှုသည်
Labels:
ဧရာဝတီ မှသတင်း
Abonneren op:
Posts (Atom)