မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 2 november 2010

ဂီရိမုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေး

Tuesday, 02 November 2010 15:11
.“တမြို့လုံးကအမှိုက်ပုံကြီးလိုပါပဲ။လမ်းတော်တော်များများကလည်း အပျက်အစီးတွေနဲ့ ပိတ်နေတုန်းပါပဲ”ဟု မြန်မာပြည် အနောက်ဘက် ရခိုင် ကမ်းရိုးတန်း ဂီရိမုန်တိုင်းသင့် မြို့နယ်များအနက် အဆိုးဝါးဆုံး ခံခဲ့ရသော မြေပုံမြို့နယ် အတွင်း မုန်တိုင်း ဒုက္ခသည်များအတွက် ဒေသခံ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးလုပ်နေသူ ကိုထွန်းနိုင်က ဧရာဝတီသို့ ပြောပြသည်။
မုန်တိုင်းဒဏ်ကြောင့်ပြိုပျက်သွားသည့်အိမ်ဟောင်းအပျက်အစီးများပေါ်တွင်ထိုင်နေသည့်ဒေသခံ အမျိုးသမီးတဦး(ဓာတ်ပုံ-ဧရာဝတီ)
“မုန်တိုင်းသင့်ပြည်သူတွေမှာတာပေါ်လင်စနဲ့ဆန်အရေးပေါ်လိုအပ်နေပါတယ်”ဟုကိုထွန်းနိုင်က ဆက်လက် ပြောကြားလိုက်ပြီး၎င်းတို့အဖွဲ့အနေဖြင့်လူတဦးစီအတွက်ဆန်နို့ဆီဘူး၅ဘူးခန့်သာ ကူညီပေးနိုင်သည်ဟုလည်း ဆိုသည်။
တနာရီလျှင် လေတိုက်နှုန်း မိုင် ၁၂၀(ကီလိုမီတာ ၁၉၀ )နှုန်းဖြင့် မုန်တိုင်းအဆင့် ၄ ရှိသော ဂီရိမုန်တိုင်း ရခိုင်ပြည်နယ်သို့ ပြင်းပြင်း ထန်ထန် ၀င်ရောက်တိုက်ခတ်ပြီးခဲ့သည်မှာ ၁၀ ရက်ခန့် ရှိခဲ့ပြီဖြစ်သည်။
အစိုးရသတင်းရပ်ကွက်များကိုကိုးကား၍ထုတ်ပြန်သောကမ္ဘာ့ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်အစီရင်ခံစာအရ မုန်တိုင်းကြောင့် သေဆုံးသူ ၄၅ ဦးအထိရှိပြီး အိမ်ခြေ ၁၅၀၀ လုံးဝ ပျက်စီးခဲ့ရသဖြင့် လူပေါင်း ၇၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည်ဟု သိရ သည်။
သို့သော် အစိုးရက လူအသေအပျောက်နှုန်းနှင့် ပျက်စီးမှုပမာဏကို လျှော့ပေါ့ပြောဆိုသောကြောင့် မုန်တိုင်းသင့်ပြည်သူများ အကူ အညီ လုံလောက်စွာ မရရှိကြကြောင်း၊ အစိုးရ သတင်းမီဒီယာများတွင် လူ ၂၇ ဦးသေဆုံးသည်ဟု ဖော်ပြသော်ငြား ကြာသပတေး နေ့ အထိ မုန်တိုင်းကြောင့် အသက်ဆုံးရှုံးရသူပေါင်း လူ ၁၀၀ ထက်မနည်း ရှိကြောင်းလည်း ဒေသခံကယ်ဆယ်ရေးအဖွဲ့များက ဧရာဝတီသို့ ပြောပြသည်။
ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ကျွန်းများရှိ မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် မြို့နယ်များဖြစ်သော ကျောက်ဖြူ၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံမြို့နယ်များတွင် ထောင်သောင်းချီသော မုန်တိုင်းသင့်ပြည်သူများသည် ဘုန်းတော်ကြီးကျောင်းများနှင့် အရေးပေါ် တဲများတွင် ယခုအချိန်အထိ နေထိုင်နေရဆဲဖြစ်သည်ဟု ထိုအဖွဲ့များက ပြောဆိုသည်။
သွားလာရန် ခက်ခဲလှသည့် မုန်တိုင်းသင့်ကျွန်းများရှိ ဒုက္ခသည်များထံသို့ အကူအညီများ အရောက်ပို့မပေးနိုင်မည့် အရေးအတွက် စိုးရိမ်မှုများရှိနေကြောင်းလည်း သိရသည်။
ထို့အပြင် အစိုးရက ဒေသခံသတင်းထောက်များကို ဓာတ်ပုံရိုက်ခွင့် မပြုခြင်းနှင့် သတင်းမီဒီယာများတွင် မုန်တိုင်းသတင်းကို ဖော်ပြသည်မှာ အင်မတန်နည်းကြောင်း ဒေသခံများက ပြောဆိုသည်။
“တရွာလုံး လုံးဝ ပျက်စီးသွားခဲ့တဲ့ ရွာတွေက လူတွေ မြို့ပေါ်မှာ အစားအသောက် ဝေပေးတာကို လာယူကြတယ်။ သောက်ရေ က လည်း တော်တော်ကိုရှားနေပြီ။ အနီးအနားတောင်ကုန်းတွေကိုသွားပြီး ၀ါးကျည်တောက်တွေနဲ့ဦးပဉ္ဇင်းတို့ရေသွားခပ်ကြရတယ်”ဟုမြေပုံမြို့နယ်အောင်မင်္ဂလာ ဘုန်းကြီးကျောင်းတိုက်မှ သံဃာတပါးက ဧရာဝတီသို့ မိန့်ကြားသည်။
ရန်ကုန်ရှိUNOCHAရုံးအကြီးအကဲThierryDelbreuveကမုန်တိုင်းကြောင့်ဆားငန်ရေများ ၀င်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ တကာမှ အကူအညီပေးရေး လုပ်သားများ၊ ဒေသခံဝန်ထမ်းများ ပူးပေါင်း၍ မုန်တိုင်းသင့် ဒေသများ၌ ကူညီလုပ်ကိုင်လိုသည့် ဆန္ဒ ရှိကြောင်း ပြောကြားထားသည်။
“မုန်တိုင်းသင့်ပြည်သူတွေဆီကိုအမေရိကန်ဒေါ်လာ၂သောင်းနဲ့ညီမျှတဲ့ဆန်အကူအညီကျနော်တို့ ပေးခဲ့ပြီးပါပြီ၊ ဆန်အိတ် ၂၀၀ ပို့ပြီးပါပြီ။ နောက်ထပ် ဆန်အိတ် ၅၀၀ ထပ်ပို့ဖို့ရှိပါသေးတယ်”ဟု ရန်ကုန်အခြေစိုက် ရခိုင် သဟာယ အသင်း၏ တာဝန်ရှိသူ တဦး ကပြောပြသည်။
၂၀၀၈ ခုနှစ် မေလ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ပြည်သူလူထု ၁၃၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်း တိုက်ခတ် ခဲ့စဉ် ဒေသခံ လူမှုရေးအဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်သကဲ့သို့ ယခုလည်း ပါဝင်လုပ်ကိုင်ကြ ခြင်းဖြစ်သည်။
လယ်လုပ်ငန်း၊ တံငါလုပ်ငန်းနှင့် အသက်မွေးမြူကြသော ရခိုင်ပြည်နယ် ကမ်းရိုးတန်းသားများအတွက် မုန်တိုင်းဟူသည်မှာ ဖြစ်ရိုး ဖြစ်စဉ်တခု ဖြစ်သော်လည်း အင်အားပြင်းထန်သော ဂီရိမုန်တိုင်းကြောင့် ရေမျက်နှာပြင် ၁၂ ပေ ခန့် မြင့်တက်လာခဲ့ပြီး ငါးဖမ်းပိုက် များနှင့် စိုက်ပျိုးသီးနှံများဆုံးရှုံးခဲ့ရသည့် ဒေသခံတချို့က ၎င်းတို့နေထိုင်ရာကို စွန့်ခွာရန်အထိ စဉ်းစားနေကြကြောင်း ကိုထွန်းနိုင် က ပြောသည်။
အစိုးရက အန်ဂျီအို အဖွဲ့များမှ နိုင်ငံခြားသားဝန်ထမ်းများကို မုန်တိုင်းသင့်ဒေသများဆီသို့ သွားရောက်ခွင့်မပြုဟူသော ပြောဆိုသံ များ ထွက်ပေါ်လာနေသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် အစိုးရက ၀င်ရောက်နှောင့်ယှက်ခြင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ပြောဆိုခြင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။
“အစိုးရနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ လက်တွဲလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အခုအချိန် အထိတော့ ပြဿနာရယ်လို့ ဘာမှ မရှိသေးပါဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ တာဝန်ခံ ညှိနှိုင်းရေးမှူး ချမ်ဟွန်ချို က ပြောဆိုသည်။
သို့ရာတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် မုန်တိုင်းတိုက်ခဲ့ခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်း နောက်ပိုင်း အပြင်ထန်ဆုံး သဘာဝဘေးအန္တရာယ် တခုလည်း ဖြစ်သည်။
ဂီရိမုန်တိုင်းတိုက်အပြီး ရက်အနည်းငယ်အကြာတွင် ရခိုင်ပြည်နယ်၏ အဓိကအင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်သည့် ရခိုင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(RNDP)က မုန်တိုင်းကြောင့် ပျက်စီးခဲ့သော မြို့နယ် ၃ မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် ရွေးကောက်ပွဲကောင်မရှင်သို့ စာရေးသား ပေးပို့ခဲ့သည်။ သို့သော် ယခုအချိန်အထိ မည်သို့သော တုံ့ပြန်မှု တစုံတရာ မရသေးကြောင်း သိရသည်။
“အခြေအနေတွကအရမ်းကိုဆိုးဝါးနေပါတယ်။မုန်တိုင်းသင့်ပြည်သူတွေလိုအပ်တဲ့ လူသားချင်းဆိုင်ရာစာနာမှု လိုအပ်ချက် တွေ ကို ကျနော်တို့ မဖြည့်ပြီးသေးခင် ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်လို့ မရပါဘူး၊ အစိုးရ အနေနဲ့ မုန်တိုင်းရဲ့အခြေအနေကို ပွင့်လင်းမြင်သာ ဆောင်ရွက်ပေးသင့်ပါတယ်”ဟု RNDPပါတီ ဥက္ကဌ ဦးအေးမောင်က ပြောဆို သည်။

ကြာအင်းဆိပ်ကြီး လုံခြုံရေး တင်းကျပ်

သန်းထိုက်ဦး Tuesday, 02 November 2010 17:32
.ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူထုလှုပ်ရှားမှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလာပါက အချိန်မီ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယနေ့မှ စတင်၍ လုံခြုံရေးတင်းကျပ်ထားကြောင်း အစိုးရနှင့် နီးစပ်သည့် မျက်မြင်ဒေသခံ တဦးက ဧရာဝတီ သို့ ပြောသည်။
       ရေးမြို့နယ်အတွင်းတနင်္ဂနွေနေ့ကပြုလုပ်သည့်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲ(ဓာတ်ပုံ-KawWai)
“ရဲတပ်ဖွဲ့တို့ ဘာတို့ဆိုလို့ရှိရင် သေနတ်တွေနဲ့ ဘာနဲ့ မြို့ထဲ နေရာတော်တော် များများမှာ ကင်းလှည့်တဲ့ သဘောမျိုးနဲ့ လုံခြုံ ရေး ချထားတယ်”ဟု ၎င်းက ဆိုသည်။
နေခင်းပိုင်းတွင် ရဲက လုံခြုံရေး တာဝန်ကျပြီး ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ)၈ မှ တပ်သားများနှင့် ခြေမြန်တပ်ရင်း (ခမရ)၃၂ တို့က လုံခြုံရေး တာဝန်ယူထားကြောင်း သိရသည်။
နယ်စပ်မြို့ဖြစ်သည့် အတွက် စစ်အစိုးရ အနေဖြင့် ဗုံးထောင်၊ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများနှင့် ဆန္ဒပြမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်နိုင်ကြောင်း ၎င်း မျက်မြင် သက်သေ ဒေသခံက ဆက် လက် ပြောဆိုသည်။
အောက်တိုဘာလ ၂၀ ရက်ခန့် ကလည်း ကြာအင်းဆိပ်ကြီးတွင် ရွေးကောက်ပွဲ ဆန့်ကျင်သည့် အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ပုံနှင့် မဲမပေးရေး စာရွက်စာတမ်းများကို အမည်မသိ လူငယ်တချို့က မြို့ထဲတွင် လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း ယင်း မြို့ရှိ ဒေသခံ များက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆို အမိန့်တွေ၊ ဒီရွေးကောက်ပွဲဟာ လုံးဝ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူး ဆိုတဲ့အကြောင်း ပြည်သူတွေ မဲမပေးဘဲ နေနိုင်တဲ့ အကြောင်း ဒါတွေပါတယ်”ဟု ဆန့်ကျင်ရေး စာရွက်များကို ဖတ်ရသူ တဦးက ပြောသည်။
ယင်းစာရွက်များ၌ ယခုရွေးကောက်ပွဲသည် ပြည်သူကိုလည်း မည်သို့မျှ အကြိုးမပြုကြောင်း၊ ပြည်သူလူထု ဘ၀မြှင့်တင်ရေး အတွက်လည်း မည် သို့ မျှ ဖြစ်လာမည် မဟုတ်ကြောင်း စသည့် အချက် အလက်များကို ရေးသားထားကြောင်း သိရသည်။
တချိန်တည်းတွင်ပင် မွန်ပြည်နယ် ရေးမြို့ လမိုင်းမြို့နယ်ခွဲ ကတို့တုတ် ရွာတွင် ဒေသခံရွာသား ၅၀၀ ခန့်ကလည်း ၂၀၁၀ ရွေး ကောက်ပွဲကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ ၆ မှ ပြန် ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေ က ဧရာဝတီသို့ ပြောသည်။
စစ်အာဏာရှင် ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ဖျက်ရေး လူထုလုပ်ရှားမှု ခေါင်းစဉ်တပ်၍ ကျင်းပပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် အလိုမရှိ၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်စ ဟူသော ကြွေးကြော်သံ ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိ၊ ထောက်လည်း မထောက်ခံဘူး၊ မဲလည်း လုံးဝ မပေးဘူးဆိုတာ ကျနော်တို့ရဲ့သဘော ဆန္ဒကို ပြည်တွင်းမှာ ရှိတဲ့ ညီအစ်ကိုတွေ တိုင်းရင်းသားတွေ အားလုံးသိရှိအောင် ကျနော်တို့ ဆန္ဒပြရခြင်းဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲ စီစဉ်သူ တဦးက ပြောကြားခဲ့သည်။
ဆန္ဒပြပွဲကို စစ်အစိုးရတပ်နှင့် ၄ မိုင်ခန့် အကွာအဝေးရှိသော တနေရာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း စောထဲနေက ဆိုသည်။
ပဲခူးတိုင်းအနောက်ခြမ်းရှိပြည်မြို့နှင့် တခြားသော မြို့ပေါင်း ၁၀ မြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် မဲမပေးရေး စာ တန်းပါ ပိုစတာများ ကပ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်- ရန်ကုန် ကားလမ်းတလျှောက်ရှိ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ လက်ပံ တန်း၊ သာယာဝတီ၊ သုံးဆယ်၊ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့များနှင့် မကွေးတိုင်း အတွင်းရှိ အောင်လံ၊ ကမ္မ မြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မဲမပေးရန်အတွက် ရွေးကောက်ပွဲ ဆန့်ကျင် သည့် ပိုစတာများကပ်၍ လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်တဦးက ဧရာဝတီသို့ မကြာခင် ရက်ပိုင်းက ပြောကြားခဲ့သည်။
ယင်းလှုပ်ရှားမှုကို ကျောင်းသားများ ဦးဆောင်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး (Boycott-2010) အဖွဲ့က ပြုလုပ်ခဲ့ ခြင်း ဖြစ်ပြီး ပြည်မြို့တွင်ပင် စာရွက်ပေါင်း ၂၀၀၀ ကျော် ကပ်ခဲ့သည်ဟု ယင်း အဖွဲ့က ဆိုသည်။

လေဘေးသင့် ဒေသတွင် ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းရေး ကော်မရှင် အကြောင်းမပြန်

ခင်ဦးသာ Tuesday, 02 November 2010 16:41
.ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများတွင် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းရေးအတွက် တောင်းဆိုထား သော်လည်း ကျင်းပရန် ရက်ပိုင်းအလိုအထိ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းမပြန်သေးကြောင်း သတင်း ရရှိသည်။
လေဘေးဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရသော မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားတို့တွင် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းပေးရန် ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြ တောင်းဆိုခဲ့သော်လည်း အကြောင်း တစုံတရာ ပြန်လည်ပြောဆိုခြင်း မရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဧရာဝတီကို ပြောသည်။
“မုန်တိုင်းဝင်ပြီး နောက်တနေ့မှာပဲ ပြည်နယ်ကော်မရှင်ကို စာတင် တောင်းဆိုပါတယ်။ ဒါပေမယ့် ဒီနေ့အထိ တစုံတရာ အကြောင်းပြန်တာ မရှိသေးပါဘူး။ ရွှေ့ပေးမယ့် အနေအထားမရှိတော့ဘူးလို့ပဲ ထင်ပါတယ်” ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ၏ ဥက္ကဋ္ဌ ဦးအေးကြိုင်ကလည်း မုန်တိုင်းဒဏ်သင့် ဒေသများမှ ပြည်သူများ၏ အခြေအနေမှာ ပုံမှန်အနေအထား ရောက်ရှိရန် ခက်ခဲဦးမည်ဖြစ်၍ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းသင့်သည်ဟု ဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနာရီမိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် ရခိုင် ပြည်နယ်အတွင်းမှ မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့် ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ မြို့နယ်များကို တိုက်ခတ်ခဲ့ပြီး ထိုမြို့နယ်များအနက် ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့မှာ ၉၀ ရာခိုင်နှုန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်း NGOအဖွဲ့များ ထံမှသိရသည်။
သေဆုံးခဲ့ရသူ ဦးရေမှာ ယနေ့အထိ မြေပုံတမြို့နယ်တည်းတွင် ၁၄၀ ၀န်းကျင်နှင့် ပေါက်တောမြို့နယ် တွင် ၁၁ ဦးဟု သိရပြီး တခြားသောမြို့နယ်များ၏ သေဆုံးသူ စာရင်းများပါဝင်လျှင် စုစုပေါင်း ၁၇၀ နီးပါးအထိ ရှိနေပြီဟု ဒေသခံ အဖွဲ့အစည်းများ၏ စာရင်းများတွင် ဖော်ပြထားသည်။
လူဦးရေ တသိန်း ၇ သောင်းကျော်မှာလည်း အိုးအိမ်မဲ့ ဒုက္ခသည်များ ဖြစ်ခဲ့ရပြီး နေထိုင်စရာအပြင် စားသောက်ရေးပါ အခက်အခဲများ ရှိနေဆဲ ဖြစ်ကြောင်း NGO တချို့က ပြောသည်။
မြန်မာ စစ်အစိုးရသည် ပြည်သူများ ထိုသို့ပျက်စီးဆုံးရှုံးခြင်း၊ သေဆုံးခြင်းများ ရှိနေသည့်အရေးကိစ္စအား တစုံတရာ စိတ်ဝင်စားမှု မရှိဘဲ ၎င်းတို့အာဏာ တည်မြဲရေးအတွက်သာ ရွေးကောက်ပွဲကို ကျင်းပရန် လေဘေးဒဏ်သင့် ပြည်သူများအား ဖိအား ပေးလျှက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။
“ကျနော်တို့ကရွေးကောက်ပွဲလည်းစိတ်မ၀င်စားဘူး၊မဲလည်းသွားမပေးဘူး။ကျနော့်အိမ်က တိုင်လေးတလုံးတောင် မကျန်ခဲ့ဘူး၊ အကုန်လေနဲ့ပါသွားတယ်။ အခုအချိန်အထိ နေထိုင်ဖို့ အကူအညီ တခုမှ မရသေးပါဘူး။ အဲဒါကို ဘယ်လို ပြန်လုပ်ရမယ် ဆိုတာပဲစိတ်ဝင်စားတယ်”ဟု မြေပုံမြို့နယ်မှ ဒေသခံ တဦးက ပြောသည်။
ကျန်းမာရေး စောင့်ရှောက်မှု အတွက်မူ အာဏာပိုင်များ ခွင့်ပြုထားသည့် ဆရာဝန်များနှင့် ကျန်မားရေး ၀န်ထမ်းများက ကူညီပေးနေကြောင်းလည်း ၎င်းက ဆက်ရှင်းပြသည်။
အထူးသဖြင့် မြို့နှင့်အလှမ်းဝေးသော ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများမှ ပြည်သူများမှာတ၀က်တပျက်ပျက်စီးသွားခဲ့သည့်ကျေးရွာဘုန်းကြီးကျောင်းများတွင်မှီခိုနေရဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ကျမတို့ ရွာမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဆန်နို့ဆီဘူး ၄ လုံးရယ်၊ ရေဘူးရယ်၊ ကြံ့ဖွံ့တံဆိပ်ပါတဲ့ အင်္ကျီတထည်စီနဲ့ ခေါက်ဆွဲထုပ်တွေကို အိမ်ထောင်စု အလိုက် စာရင်းကောက်ပြီးပေးတယ်၊၇ရက်နေ့ရွေးကောက်ပွဲမှာမဲပေးရင်သူတို့ခြင်္သေ့ကိုမဲပေးဖို့နဲ့ ရွေးကောက်ပွဲပြီးရင် ဒေသဖွံ့ဖြိုးရေးတွေ ဆက်လုပ်ပေးဦးမယ်ဆိုပြီး ပြောတယ်”ဟု ကျောက်ဖြူမြို့နယ် မြို့ချောင်း ကျွန်းတွင် နေထိုင်သူ အမျိုးသမီး တဦးက ပြောသည်။
“ကျမတို့ ရွေးကောက်ပွဲလည်းမသိဘူး၊ နိုင်ငံရေးလည်း နားမလည်ဘူး။ မဲဘယ်လိုပေးရမယ် ဆိုတာလည်း မသိဘူး။ သူတို့ဟာ သူတို့ လုပ်ချင်တာလုပ်ကြပါစေ၊ ကျမတို့စိတ်မ၀င်စားဘူး။ ဒါပေမယ့် ကြံ့ဖွံ့တွေဆိုတာ မကောင်းတဲ့လူတွေလို့တော့ ကြားဖူးတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြို့ချောင်းကျွန်းတွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး အများစုမှာ ပျက်စီးသွားကြောင်း၊ ယခုအချိန်ထိ နေအိမ်များပြုပြင်ရန် အမိုးအကာများ ရှားပါးနေကြောင်း၊ ဓနိထွက်သည့်ရာသီ မဟုတ်၍ အမိုးအကာ ရရှိရန် ခက်ခဲနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ကြံ့ဖွံ့ပါတီသည် ထိုဒေသများတွင် မဲဆွယ်မှု အရှိန်မြှင့် လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
“ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့တောင်းဆိုတာဟာ တရားတဲ့ တောင်းဆိုချက်ဖြစ်လို့ ထောက်ခံပါတယ်။ ပြည်သူတွေဒီလောက်ဒုက္ခရောက်နေတာကိုသက်ညှာတဲ့အနေနဲ့အချိန်နည်းနည်း နောက်ဆုတ်ပေးသင့်တယ်၊ ရွှေ့ပေးဖို့လည်း ဆန္ဒပြုပါတယ်”ဟု ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့ပြီး ၇ ရက်နေ့တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအား သပိတ်မှောက်ထားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၏ ဥက္ကဋ္ဌ ဦးသာဘန်းက ပြောသည်။
စစ်အစိုးရ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်မပြုမီကလည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့၍ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း မြို့နယ်တချို့တွင် ဆန္ဒခံယူပွဲအား ၁၅ သာ ရက်ရွှေ့ဆိုင်း ပေးခဲ့သည်။
“ရွေးကောက်ပွဲဆိုတာ လွှတ်တော်အသီးသီးကို မဲပေးရမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ရွှေ့ပေးသင့်တယ်။ ဒါပေမယ့် ဒီအစိုးရက လုပ်ချင်တာ လုပ်နေသူတွေဆိုတော့ အခုလည်း လုပ်ချင်တာ လုပ်မှာပါပဲ”ဟု ဦးသာဘန်းက ဆိုသည်။
ထိုကိစ္စများအား မေးမြန်းရန်အတွက် ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆိုသည်။

ကြံ့ဖွံ့နှင့် သတင်းထောက်များ ကတောက်ကဆဖြစ်

စိုင်းဇွမ်ဆိုင်း Tuesday, 02 November 2010 18:04
.ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် ပါတီဝင်များနှင့် စည်းရုံးရေး ဆင်းနေစဉ် ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ရန်ကြိုးစားသည့် နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့် ကတောက်ကဆ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၃၁ ရက်နေ့က တာမွေမြို့နယ် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် ပါတီဝင်များကဂျပန်မှTokyoBroadcastingSystem(TBS)သတင်းထောက်ဦးသစ္စာလှထွေးနှင့်AP သတင်းထောက် ဦးခင်မောင်ဝင်းတို့ကို အစောပိုင်းတွင် ဓာတ်ပုံရိုက်ကူးခွင့် မပြုကြောင်း သိရသည်။
“သူတို့ စည်းရုံးရေး ဆင်းနေတာတွေကို ကျနော်နဲ့ AP က ကိုခင်မောင်ဝင်းနဲ့ ဓာတ်ပုံရိုက်ဖို့သွားတာ၊ အစပိုင်းကတော့ ရိုက်ဖို့ ခွင့်မပြုဘူး။ သူတို့ ထမင်းစားနေချိန်မှာ ကျနော်တို့က နိုင်ငံခြားသတင်း ဌာနတွေရဲ့ သတင်းထောက်ဖြစ်တယ်၊ အစိုးရကလည်း တရားဝင် အသိအမှတ် ပြုထားတယ် ဆိုတော့မှ ကျနော်တို့ကို ဓာတ်ပုံ ရိုက်ခွင့်ပြုတယ်”ဟု ဦးသစ္စာလှထွေး က ဧရာဝတီသို့ ပြောသည်။
သို့သော် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် သိကြောင်း ပြောမိရာ ဓာတ်ပုံ အရိုက်မခံပြန်ကြောင်း သိရ သည်။
ဦးသစ္စာလှထွေးက“အဲဒီချိန်မှာ ကိုခင်မောင်ဝင်းက ကျနော်တို့က ဦးဌေးဦးနဲ့လည်း သိပါတယ်ဆိုပြီး ပြောမိလိုက်တယ်။ အဲဒီချိန်မှာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အမျိုးသမီးက အဲဒီလူနဲ့ ပတ်သက်ရင်တော့ မရိုက်ပါနဲ့ လို့ပြောလာတယ်။ ကျနော်တို့လည်း ဓာတ်ပုံတချို့ရိုက်ပြီးသွားပြီမို့ ပြန်လာလိုက်တယ်။ ဒါလောက်ပါပဲ။ ကျနော်တို့အပေါ် ရိုင်းရိုင်းပျပျ ဆက်ဆံခဲ့တယ် ဆိုတာတော့ မဟုတ်ပါဘူး”ဟု ဦးသစ္စာလှထွေးက ဆိုသည်။
သတင်းဌာန တချို့က ကြံ့ဖွံ့ပါတီနှင့် ပြဿနာ ဖြစ်ပွားသည်ဟု ရေးသားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ဦးသစ္စာလှထွေးက ယင်းသတင်း မဟုတ်မှန်ကြောင်း၊ ကြံ့ဖွံ့ပါတီဝင်များနှင့် မည်သည့်ပြဿနာမျှ မဖြစ်ပွားကြောင်း ငြင်းဆိုသည်။
အမည်မဖော်လိုသူ သတင်းထောက်တဦးကမူ နိုင်ငံခြား သတင်းထောက်များနှင့် ကြံ့ဖွံ့ပါတီဝင်များအကြား ကတောက် ကဆ ဖြစ်ပွားခဲ့သည်ဟု အတည်ပြုပြောဆိုသည်။
“ဟိုဘက်ကလည်း ဓာတ်ပုံမရိုက်စေချင်ဘူး။ ဟို သတင်းထောက်တွေကလည်း အတင်းရိုက်တော့ ပြဿနာတက်ကြ တယ်။ ရိုက်တော့၊ ချတော့ ဆိုတဲ့ အဆင့်ထိတော့ မရောက်ပါဘူး။ ပြဿနာ ဖြစ်ခဲ့တယ် ဆိုတာကတော့ မှန်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံခြားသတင်းဌာနတခု၏ သတင်းထောက်တဦးကလည်း အဆိုပါကိစ္စမျိုး ဖြစ်ပွားခဲ့ခြင်းသည် ကောင်းသော လက္ခဏာ တရပ်မဟုတ်ကြောင်း ဆိုသည်။
“သိပ်မကြာခင်မှာလုပ်မယ့်ရွေးကောက်ပွဲမှာသတင်းယူဖို့ကိုလည်းသတင်းထောက်တွေကသတိထားရတယ်။ ပြဿနာ ဖြစ်လာမှ ဖြေရှင်းတာထက်စာရင် ပြဿနာမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာပဲ အားလုံးရဲ့ ခေါင်းထဲမှာ ရှိနေတယ်”ဟု အဆိုပါ သတင်းထောက်က ပြောသည်။
ပြည်တွင်း စာနယ်ဇင်းသမား တဦးကလည်း လတ်တလောကာလတွင် သတင်းထောက်များအား လုံထိန်းများက စောင့်ကြည့်နေခြင်း၊ မသင်္ကာလျှင် စစ်ဆေးမေးမြန်းခြင်း စသည်တို့ကို ပြုလုပ်နေသည်ဟု ပြောကြားသည်။
ရွေးကောက်ပွဲနေ့ရက်တွင် သတင်းထောက်များသည် မဲရုံအပြင်ဘက် ပေ ၁၅၀ အကွာမှ သတင်းယူရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

လေဘေးသင့် ဒေသတွင် ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းရေး ကော်မရှင် အကြောင်းမပြန်

ခင်ဦးသာ Tuesday, 02 November 2010 16:41
.ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများတွင် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းရေးအတွက် တောင်းဆိုထား သော်လည်း ကျင်းပရန် ရက်ပိုင်းအလိုအထိ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းမပြန်သေးကြောင်း သတင်း ရရှိသည်။
လေဘေးဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရသော မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားတို့တွင် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းပေးရန် ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြ တောင်းဆိုခဲ့သော်လည်း အကြောင်း တစုံတရာ ပြန်လည်ပြောဆိုခြင်း မရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ဥက္ကဋ္ဌဒေါက်တာအေးမောင်က ဧရာဝတီကို ပြောသည်။
“မုန်တိုင်းဝင်ပြီး နောက်တနေ့မှာပဲ ပြည်နယ်ကော်မရှင်ကို စာတင် တောင်းဆိုပါတယ်။ ဒါပေမယ့် ဒီနေ့အထိ တစုံတရာ အကြောင်းပြန်တာ မရှိသေးပါဘူး။ ရွှေ့ပေးမယ့် အနေအထားမရှိတော့ဘူးလို့ပဲ ထင်ပါတယ်” ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ၏ ဥက္ကဋ္ဌ ဦးအေးကြိုင်ကလည်း မုန်တိုင်းဒဏ်သင့် ဒေသများမှ ပြည်သူများ၏ အခြေအနေမှာ ပုံမှန်အနေအထား ရောက်ရှိရန် ခက်ခဲဦးမည်ဖြစ်၍ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းသင့်သည်ဟု ဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနာရီမိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် ရခိုင် ပြည်နယ်အတွင်းမှ မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့် ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ မြို့နယ်များကို တိုက်ခတ်ခဲ့ပြီး ထိုမြို့နယ်များအနက် ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့မှာ ၉၀ ရာခိုင်နှုန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်း NGOအဖွဲ့များ ထံမှသိရသည်။
သေဆုံးခဲ့ရသူ ဦးရေမှာ ယနေ့အထိ မြေပုံတမြို့နယ်တည်းတွင် ၁၄၀ ၀န်းကျင်နှင့် ပေါက်တောမြို့နယ် တွင် ၁၁ ဦးဟု သိရပြီး တခြားသောမြို့နယ်များ၏ သေဆုံးသူ စာရင်းများပါဝင်လျှင် စုစုပေါင်း ၁၇၀ နီးပါးအထိ ရှိနေပြီဟု ဒေသခံ အဖွဲ့အစည်းများ၏ စာရင်းများတွင် ဖော်ပြထားသည်။
လူဦးရေ တသိန်း ၇ သောင်းကျော်မှာလည်း အိုးအိမ်မဲ့ ဒုက္ခသည်များ ဖြစ်ခဲ့ရပြီး နေထိုင်စရာအပြင် စားသောက်ရေးပါ အခက်အခဲများ ရှိနေဆဲ ဖြစ်ကြောင်း NGO တချို့က ပြောသည်။
မြန်မာ စစ်အစိုးရသည် ပြည်သူများ ထိုသို့ပျက်စီးဆုံးရှုံးခြင်း၊ သေဆုံးခြင်းများ ရှိနေသည့်အရေးကိစ္စအား တစုံတရာ စိတ်ဝင်စားမှု မရှိဘဲ ၎င်းတို့အာဏာ တည်မြဲရေးအတွက်သာ ရွေးကောက်ပွဲကို ကျင်းပရန် လေဘေးဒဏ်သင့် ပြည်သူများအား ဖိအား ပေးလျှက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။
“ကျနော်တို့ကရွေးကောက်ပွဲလည်းစိတ်မ၀င်စားဘူး၊မဲလည်းသွားမပေးဘူး။ကျနော့်အိမ်က တိုင်လေးတလုံးတောင် မကျန်ခဲ့ဘူး၊ အကုန်လေနဲ့ပါသွားတယ်။ အခုအချိန်အထိ နေထိုင်ဖို့ အကူအညီ တခုမှ မရသေးပါဘူး။ အဲဒါကို ဘယ်လို ပြန်လုပ်ရမယ် ဆိုတာပဲ စိတ်ဝင်စားတယ်”ဟု မြေပုံမြို့နယ်မှ ဒေသခံ တဦးက ပြောသည်။
ကျန်းမာရေး စောင့်ရှောက်မှု အတွက်မူ အာဏာပိုင်များ ခွင့်ပြုထားသည့် ဆရာဝန်များနှင့် ကျန်မားရေး ၀န်ထမ်းများက ကူညီပေးနေကြောင်းလည်း ၎င်းက ဆက်ရှင်းပြသည်။
အထူးသဖြင့် မြို့နှင့်အလှမ်းဝေးသော ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများမှ ပြည်သူများမှာ တ၀က်တပျက် ပျက်စီးသွားခဲ့သည့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင် မှီခိုနေရဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ကျမတို့ ရွာမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဆန်နို့ဆီဘူး ၄ လုံးရယ်၊ ရေဘူးရယ်၊ ကြံ့ဖွံ့တံဆိပ်ပါတဲ့ အင်္ကျီတထည်စီနဲ့ ခေါက်ဆွဲထုပ်တွေကို အိမ်ထောင်စု အလိုက် စာရင်းကောက်ပြီး ပေးတယ်၊ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးရင် သူတို့ ခြင်္သေ့ကို မဲပေးဖို့နဲ့ ရွေးကောက်ပွဲပြီးရင် ဒေသဖွံ့ဖြိုးရေးတွေ ဆက်လုပ်ပေးဦးမယ်ဆိုပြီး ပြောတယ်”ဟု ကျောက်ဖြူမြို့နယ် မြို့ချောင်း ကျွန်းတွင် နေထိုင်သူ အမျိုးသမီး တဦးက ပြောသည်။
“ကျမတို့ ရွေးကောက်ပွဲလည်းမသိဘူး၊ နိုင်ငံရေးလည်း နားမလည်ဘူး။ မဲဘယ်လိုပေးရမယ် ဆိုတာလည်း မသိဘူး။ သူတို့ဟာ သူတို့ လုပ်ချင်တာလုပ်ကြပါစေ၊ ကျမတို့စိတ်မ၀င်စားဘူး။ ဒါပေမယ့် ကြံ့ဖွံ့တွေဆိုတာ မကောင်းတဲ့လူတွေလို့တော့ ကြားဖူးတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြို့ချောင်းကျွန်းတွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး အများစုမှာ ပျက်စီးသွားကြောင်း၊ ယခုအချိန်ထိ နေအိမ်များပြုပြင်ရန် အမိုးအကာများ ရှားပါးနေကြောင်း၊ ဓနိထွက်သည့်ရာသီ မဟုတ်၍ အမိုးအကာ ရရှိရန် ခက်ခဲနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ကြံ့ဖွံ့ပါတီသည် ထိုဒေသများတွင် မဲဆွယ်မှု အရှိန်မြှင့် လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
“ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့တောင်းဆိုတာဟာ တရားတဲ့ တောင်းဆိုချက်ဖြစ်လို့ ထောက်ခံပါတယ်။ ပြည်သူတွေ ဒီလောက် ဒုက္ခရောက်နေတာကို သက်ညှာတဲ့ အနေနဲ့ အချိန်နည်းနည်း နောက်ဆုတ်ပေးသင့်တယ်၊ ရွှေ့ပေးဖို့လည်း ဆန္ဒပြုပါတယ်”ဟု ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့ပြီး ၇ ရက်နေ့တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအား သပိတ်မှောက်ထားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၏ ဥက္ကဋ္ဌ ဦးသာဘန်းက ပြောသည်။
စစ်အစိုးရ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်မပြုမီကလည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့၍ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း မြို့နယ်တချို့တွင် ဆန္ဒခံယူပွဲအား ၁၅ သာ ရက်ရွှေ့ဆိုင်း ပေးခဲ့သည်။
“ရွေးကောက်ပွဲဆိုတာ လွှတ်တော်အသီးသီးကို မဲပေးရမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ရွှေ့ပေးသင့်တယ်။ ဒါပေမယ့် ဒီအစိုးရက လုပ်ချင်တာ လုပ်နေသူတွေဆိုတော့ အခုလည်း လုပ်ချင်တာ လုပ်မှာပါပဲ”ဟု ဦးသာဘန်းက ဆိုသည်။
ထိုကိစ္စများအား မေးမြန်းရန်အတွက် ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆိုသည်။

FEC ၂၀ တန်ဖုန်းကတ်များကို လုံခြုံရေးအရ ဖျက်သိမ်း

နရီလင်းလက် Tuesday, 02 November 2010 18:26
.တခါသုံးFEC၂၀တန် ဖုန်းကတ်များကို သတင်းလုံခြုံရေး စိတ်မချရဟုဆိုကာ ဖျက်သိမ်းရန် စစ်အာဏာပိုင်များ၏ ညွှန်ကြားမှုဖြင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ တခါသုံးဖုန်းကတ်များ ထုတ်လုပ်ရောင်းချသည့် ဦးတေဇ၏ ထူး ကုမ္ပဏီ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော CentralMarketingကုမ္ပဏီက ဖွင့်လှစ်ထားသည့် Mobileshoppingmallမှ တာဝန်ရှိသူတဦးကFEC၂၀ တန် ဖုန်းကတ်များကို လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ဖျက်သိမ်းတော့မည်ဟု ဆိုသော်လည်း ဆက်သွယ်ရေး ဝန်ကြီးဌာနကမူ ဖျက်သိမ်းခြင်း မဟုတ်ကြောင်း၊ Systemupdate ပြုလုပ်ရန် ခေတ္တရပ်နားခြင်းသာဖြစ်ကြောင်း ငြင်းဆိုသည်။
ယခုတပတ်ထုတ် ရန်ကုန်အခြေစိုက် Venusဂျာနယ်တွင်လည်း FEC၂၀ တန် တခါသုံးဖုန်းကတ်များကို နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ၂ ပတ်ခန့် ပိတ်ထားမည်ဟု ဖော်ပြထားသည်။
“Systemupdateလုပ်တယ်ဆိုတာအကြောင်းပြတာပါ။ခဏရပ်မယ်လို့ပြောပေမယ့်ကတ်တွေ ထပ်မထုတ်တော့ဘူး ဆိုတော့ ဖျက်သိမ်းတာနဲ့ အတူတူပါပဲ” ဟု Mobileshoppingmall မှ တာဝန်ရှိသူက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်လုပ်သည့် အဆိုပါ တခါသုံးဖုန်းကတ်များကို CentralMarketing ကုမ္ပဏီက ဖြန့်ချိ ရောင်းချခြင်းဖြစ်ပြီး ခံစားခွင့်မှာ အကျိုးတူဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ “ဆက်သွယ်ရေးက ထပ်ထုတ်ခွင့် မရဘူးလို့ ပြောတယ် ဆိုကတည်းက ဖျက်သိမ်းတာပဲပေါ့။ အထက်က အမိန့်နဲ့ လုံခြုံရေးအရ လုပ်တာပါ” ဟု ဆိုသည်။
အကန့်အသတ်မရှိ ချပေးထားသည့် ကျပ် ၅ သိန်းတန်ဖုန်းမှာ နံပါတ်အသေဖြစ်သောကြောင့် ဖုန်းအဝင်အထွက်များကို စစ်ဆေးနိုင်ကြောင်း၊ FEC၂၀ တန် တခါသုံးဖုန်းကတ်များမှာမူ နံပါတ် အရှင်ဖြစ်သောကြောင့် လုံခြုံရေးအတွက် ပိုမို စိတ်ချရကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်ပခေါ်ဆိုနိုင်သည့်FEC၂၀တန်ကတ်နှင့်FEC၅၀ တန် ကတ် အမျိုးအစား ၂ခု ထုတ်လုပ်ထားသော်လည်း ဟန်းဆက်မရွေးခြင်း၊ သုံးစွဲသူ ၀န်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ဈေးနှုန်းသင့်တင့်ခြင်း တို့ကြောင့် တလခံ FEC ၂၀ တန် ကတ်ကို သုံးစွဲသူပိုများကြောင်း သိရသည်။
ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ အင်တာနက်လိုင်း ဖြတ်တောက်မှုများကို ပြုလုပ်လာသကဲ့သို့ တယ်လီဖုန်း လိုင်းများမှ သတင်း စီးဆင်းမှုများကိုလည်း အာဏာပိုင်များက ထိန်းချုပ်လာသည်ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။
နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) များဖြင့် ဂဏန်း ၆ လုံးကျော် (နယ်အဝေး) ခေါ်ဆိုပါက ယခင် ၁ မိနစ် ၁၅ ကျပ်မှ ၂၅ ကျပ်နှုန်းသို့ တိုးမြှင့်ကောက်ခံပြီဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာန အသိုင်းအဝန်းမှ သိရသည်။
လက်ရှိ မြန်မာတနိုင်ငံလုံးတွင် လိုင်းအင်အား ၈ သိန်းကျော် ရှိပြီး နယ်အဝေးနှင့် မြို့တွင်းခေါ်ဆိုခနှုန်း အတူတူပင် ဖြစ်သော ကြိုးဖုန်း ခေါ်ဆိုခနှုန်းများကို ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံခြင်းသည် ရွေးကောက်ပွဲ အကြိုကာလ ဆက်သွယ်ပြောဆိုမှု ခက်ခဲရန် ပြုလုပ်သည့် နည်းလမ်းတခု ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
“တရားဝင်တော့ စာထုတ်ပြီးပြီ။ ပြည်သူလူထုကို မပြောသေးဘူး။ ဒါပေမယ့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ မြို့နယ် ရုံးတွေ အကုန်လုံးကို ညွှန်ကြားထားတယ်။ ဈေးတက်မယ် ပြောနေတာတော့ ကြာလှပါပြီ။ ဒါပေမယ့် ဖုန်းခေါ်ခဈေးတွေ အလကား နေရင်း တက်တယ်ဆိုပြီး ပြောမှာစိုးလို့ တောက်လျှောက် ၁၅ ကျပ်ပဲ ကောက်နေတာ” ဟု မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီး ဌာနမှ အရာရှိတဦးက ပြောသည်။
ယခုကဲ့သို့ နိုဝင်ဘာ ၁ ရက်နေ့မှ စတင် ဈေးနှုန်းမြှင့်တင်လိုက်ခြင်းသည် ကြိုးဖုန်းအသုံးများသည့် ပြည်သူလူထုထံမှ ရွေးကောက်ပွဲ ကာလ သတင်းစီးဆင်းမှုကို တဘက်လှည့်ဖြင့် လျော့နည်းအောင် ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း သူက ဆိုသည်။
ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် CDMA ကျပ် ၅ သိန်းတန် တယ်လီဖုန်းလိုင်းများကို အကန့်အသတ်မရှိ ချပေးနေ သော်လည်း အဆိုပါဖုန်းမှာ ပြည်ပမှ ခေါ်ဆိုရန် ခက်ခဲကြောင်း၊ FEC ငွေစာရင်း သွင်းမထားပါက နိုင်ငံခြားသို့ MissCallမပေးနိုင်ကြောင်း၊ ပြည်ပမှ ခေါ်ဆိုသည့်အခါတွင် တားမြစ်နံပါတ် (Restricted Number) ဆိုသည့် စာသားပေါ်တတ်ကြောင်း သုံးစွဲသူများက ပြောသည်။
အတည်မပြုနိုင်သည့် သတင်းများ၏အဆိုအရ ထိုင်းမြန်မာ နယ်စပ်မြို့များတွင် အသုံးပြုနေကြသော ထိုင်း တယ်လီဖုန်း များကိုလည်း နိုဝင်ဘာ ၃ ရက်နေ့မှ စတင်၍ ဆက်သွယ်ပြောဆို အသုံးမပြုနိုင်ရန် လိုင်းများ ဖြတ်တောက်တော့မည် ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲကာလ သတင်းစီးဆင်းမှုအတွက် အသုံးပြုနိုင်သည့် အင်တာနက်နှင့် တယ်လီဖုန်းသုံးစွဲမှုများကို ခက်ခဲစေရန် စစ်အစိုးရက ပြုလုပ်နေခြင်းသည် ယင်းတို့ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကာလအတွင်း မသမာမှုများအား မဖော်ထုတ် နိုင်ရန် ထိန်းချုပ်လိုခြင်းသာ ဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်သည်။

အစ္စလမ်ဘာသာဝင် တဦး၏အိမ်ကို ဗလီအဖြစ် မြို့တော်ဝန်သတ်မှတ်

ဧရာဝတီ Tuesday, 02 November 2010 16:22
.ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ တောင်ဥက္ကလာပ မြို့နယ် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ၎င်းမြို့နယ်တွင် အစ္စလမ်ဘာသာဝင်များ ထောက်ခံဆန္ဒမဲရရှိရေး ထပ်မံ ကြိုးစားသည့် အနေဖြင့် အစ္စလမ်ဘာသာဝင်တဦးပိုင် နေအိမ်အဆောက်အအုံ တခုကို ၀တ်ပြုဗလီ အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
          ရန်ကုန်မြို့ရှိဗလီတခုတွင်ဝတ်ပြုဆုတောင်းနေသောအစ္စလာမ်ဘာသာဝင်များ(ဓာတ်ပုံ-Bumisepi)
တောင်ဥက္ကလာပမြို့နယ် အင်းဝလမ်းပေါ်ရှိ ၆ ရပ်ကွက် ရယက ရုံးဘေးတွင် တည်ရှိသော အစ္စလမ်ဘာသာဝင် တဦးပိုင် နေအိမ် အဆောက်အအုံကြီးတခုကို ဗလီအဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့က တရားဝင် အမိန့်စာထုတ်၍ သတ်မှတ် ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
“၆ ရပ်ကွက် ရယက ရုံးရဲ့ ခြေရင်းဘက်မှာ အရင်က တရုတ်လုပ်ငန်းရှင် တဦးပိုင်တဲ့ အဆောက်အအုံကြီး တခုရှိတယ်။ အဲဒါက တော်တော်လည်းကြီးတယ်။ ရဲတိုက်ကြီးလိုပဲ။ ပေ ၄၀၊ ပေ ၆၀ ပေါ်မှာ ဆောက်ထားတာ။ ၂ ထပ်ခွဲ ဆောက်ထားတာ။ နောက်တော့ အစ္စလမ် ဘာသာဝင်တယောက်က ၀ယ်လိုက်တယ်။ အဲဒါကို မြို့တော်ဝန်က ဝတ်ကျောင်းဗလီလုပ် ဆိုပြီး တရားဝင် သတ်မှတ်ပေးတယ်။ အခု ဆေးတွေသုတ်နေပြီ။ ဒီအပတ်ထဲမှာ ဗလီစတက်ဖို့ လုပ်နေပြီ” ဟု ၆ ရပ်ကွက်သား တဦးက ရှင်းပြသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ၆ ရပ်ကွက်မှ ဗုဒ္ဓဘာသာဝင် တချို့မှာ စိတ်အနှောင့်အယှက် ဖြစ်နေကြပြီး တောင်ဥက္ကလာပနေ ပြည်သူအများစု မသိကြသေးကြောင်း ၎င်းကပြောသည်။
အဆိုပါသတင်း တောင်ဥက္ကလာပ မြို့နယ်အတွင်း ထပ်မံပျံ့နှံ့လာပါက ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များအကြား အခြေအနေများ ထပ်မံတင်းမာလာနိုင်သည်ဟု သူက ဆိုသည်။
“ဦးအောင်သိန်းလင်းက ဘာသာရေး အဓိကရုဏ်းဖြစ်အောင်များ တမင်လုပ်နေတာလား မသိဘူး။ ဒီလူ ထင်ရာတွေ လျှောက်လုပ်နေတယ်” ဟု တောင်ဥက္ကလာ ၁၃ ရပ်ကွက်သားတဦးက ပြောသည်။
မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် အစ္စလမ်ဘာသာဝင်များထံမှ မဲများရရှိစေရန် ဗလီဆောက်လုပ်ခွင့်ပြုခဲ့ခြင်း၊ လူနေ အဆောက်အအုံကို ဗလီအဖြစ် သတ်မှတ်ပေးခြင်းများ ပြုလုပ်လျက်ရှိသကဲ့သို့ ဗုဒ္ဓဘာသာဝင် များအတွက်လည်း ဆွမ်းလောင်း ဓမ္မာရုံသစ်များကို တပြိုင်နက်တည်း ဆောက်လုပ်ပေးနေကြောင်း သိရသည်။
မြို့တော်ဝန်ဦးအောင်သိန်းလင်းသည် ၇ ရပ်ကွက် သီရိဇေယျာလမ်းတွင် အစ္စလမ်ဘာသာဝင်များ၏ ထောက်ခံမဲ ရရှိရေးနှင့် ပါတီဝင်အင်အား ရရှိရေးအတွက် ဆောက်လက်စ ဆိုင်းငံ့ထားသည့် တောင်ဥက္ကလာပ ဗလီကြီးကို ပြန်လည် ဆောက်လုပ်ခွင့် ပေးခဲ့ရာ ဗုဒ္ဓဘာသာဝင်များနှင့်မွတ် စလင်ဘာသာဝင်များအကြား အဓိကရုဏ်း ဖြစ်လုနီးနီးအထိ အခြေအနေများ တင်းမာ ခဲ့သည်။
မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည်ကို အလွန်စိုးရိမ်လျက်ရှိပြီး ကြံ့ဖွံ့ပါတီ ထောက်ခံဆန္ဒမဲ ရရှိရေးနှင့် ပါတီဝင်အင်အား ရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုလျက်ရှိသည်။
နိုင်ငံရေးသမားများကမူ ဦးအောင်သိန်းလင်းသည် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချခြင်း၊ နိုင်ငံပိုင် ဘဏ္ဍာများနှင့် မဲဆွယ် လမ်းခင်းခြင်း၊ ငွေချေးခြင်း အပါအ၀င် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိသည်ဟု ပြောဆိုကြသည်။