မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 20 april 2010

ဆွဲလက်စ မျဉ်းဖြောင့်

စိုးနေလင်း
အင်္ဂါနေ့၊ ဧပြီလ၂၀ရက်၂၀၁၀ခုနှစ်၁၄နာရီ၁၃မိနစ် .

တခါတခါ
သဘာဝတရားရဲ့အလှအပတချို့ကိုတောင်
(မတ်တပ်ရပ်နိုင်ဖို့သာကြိုးစားရင်း)
ယောင်နန ဖြစ်လာရသောခဏ။
အမြှောက်အလီပေါင်းရွတ်ရသလို
မြစ်တွေကုပင်လယ်ထဲပျော်ဝင်စေဖို့
အလွယ်တကူမဖြစ်နိုင်ကြောင်း
ရေပူရေအေးစီးကြောင်းများကိုအခါခါဖြတ်သန်း
လက်ပမ်းကျသူတွေသိနှင့်ပြီ။
မီးနီတွေကိုဖြတ်ကျော်ရတိုင်း
နှိုင်းရဓမ္မနဲ့ဘဏ္ဍာတိုက်တချို့ကိုကျေးဇူးတင်
ဆင်စမ်းပုဏ္ဏားများလိုမဖြစ်ခဲ့ရ
သိပ်သည်းဆကောင်းခဲ့သော်လည်း။
ရေနည်းရာမိုးမရွာဖြစ်စဉ်မှာ
မလိမ်မာအခါခါမိုက်
မျှောမလိုက်တတ်ခြင်းကြောင့်သာ။
ကာချင်းသစ်ကိုဖွဲ့ဆို
လေကိုဆန်လို့ပျံသန်းနေဆဲ။

Geen opmerkingen: