မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ဧရာဝတီ မှ. Alle posts tonen
Posts tonen met het label ဧရာဝတီ မှ. Alle posts tonen

dinsdag 19 oktober 2010

ကြံ့ဖွံ့မဲဆွယ် ဆိုင်းဘုတ်များကြောင့် လူအများ စိတ်ပျက်

မင်းနိုင်သူ Tuesday, October 19, 2010
စစ်အစိုးရကျောထောက်နောက်ခံပြုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှပါတီအသွင်ပြောင်းလာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ မဲဆွယ်ဆိုင်းဘုတ်များအပေါ် ပြိုင်ဘက်ပါတီများနှင့် ဒေသခံများက ဝေဖန်နေကြသည်။
ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာပိုင်စိုး ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်မည့် စမ်းချောင်းမြို့နယ်တွင် တွေ့ရသည့် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ကြော်ငြာဆိုင်းဘုတ် (ဓာတ်ပုံ - ဧရာဝတီ)
ကြံ့ဖွံ့အမှတ်တံဆိပ် ခြင်္သေ့နှစ်ကောင် ခြံရံမှု အလယ်တွင် “ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး ၊ PEOPLE FIRST” ဆိုသည့် စာသားသည် ရယ်စရာ ကောင်းလှသည်ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။
“၈၈ အရေးအခင်းနောက်ပိုင်းကစပြီး သူတို့က တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဘ ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ လူထုကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဖိနှိပ်ခဲ့ပြီးမှ အရပ်ဝတ်လေး ပြောင်းဝတ် ၊ စစ်တပ်ကို အာဏာသက် ဆက်ပေးမယ့် ပါတီကနေ ပြည်သူ့ အတွက်ဆိုပြီး ထအော်တာ ရယ်စရာပေါ့"ဟု ၄င်းက ပြောသည်။
မင်္ဂလာတောင်ညွှန့် မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအဖြစ် ကြံ့ဖွံ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးအောင်ကြည် သည် လက်ရှိ အလုပ်သမားဝန်ကြီးတဦးဖြစ်ကာ ဗိုလ်ချုပ်ရာထူးမှ အနားယူထားသူဖြစ်သည်။
ဦးအောင်ကြည်သည် ၄င်း၏ မဲဆန္ဒနယ်အတွင်း လွန်ခဲ့သော ရက်ပိုင်းများက မဲဆွယ်ဆိုင်းဘုတ် အများအပြားကို စိုက်ထူထားခဲ့ရာ ဆိုင်းဘုတ်ပါ စာသားများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ညီညွှတ်မှု မရှိဟုလည်း ပြိုင်ဘက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည့် ဦးသုဝေက ပြောသည်။
“ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး ၊PEOPLEFIRST”ဆိုသည့် စာသားနှင့်စပ်လျဉ်း၍မူ ဦးသုဝေက“အဲဒီအဓိပ္ပာယ် ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုး အခု လောလောဆယ်အထိတော့ မတွေ့ရသေးပါဘူး။ သူတို့မှာ အလေ့အကျင့်ကလည်း နှစ်ပေါင်းများစွာရှိလာပြီ ဆိုတော့ အဲဒီလို ပြောင်းဖို့တော့ တယ်မလွယ်ဘူးထင်ပါတယ်"ဟု ဆိုသည်။
ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများက မဲဆွယ်ဆိုင်းဘုတ်များ ထောင်ကာ မဲဆွယ်မှုများ ပြုလုပ်နေသော်လည်း ပြိုင်ဘက် ပါတီ များ အနေဖြင့် မဲဆွယ်ဆိုင်းဘုတ် ထောင်ရန် အပါအ၀င် အခက်အခဲများစွာရှိနေကြသည်။
မဲဆွယ်ဆိုင်းဘုတ် ထောင်ရေး အခက်အခဲနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းတင်အောင်က“အဓိက အခက်အခဲက ငွေရေးကြေးရေး အခက်အခဲပဲ။ ပြည်ခိုင်ဖြိုးမှာက မဲဆွယ် စရိတ်အဖြစ် အမတ်လောင်း တဦးကို ကျပ် သိန်းတရာ သုံးစွဲခွင့်ရှိတယ်လို့ ကြားရတယ်။ ကျနော်တို့ကတော့ ဆယ်သိန်း ၊ ဆယ့် ငါးသိန်း သုံးဖို့ကို ချိန်ဆနေရတာ။ မဲဆွယ်ဆိုင်းဘုတ် ထောင်ဖို့က ပထမ ဆိုင်းဘုတ်မှာ ဖော်ပြမယ့် စာသားတွေကို ရွေးကောက်ပွဲ ကော်မရှင်ဆီ အရင် တင်ပြရတယ်။ ခွင့်ပြုပြီဆိုရင်မှ စည်ပင်မှာ အခွန်ဆောင်ပြီး ထောင်ရမှာပါ"ဟု ပြောသည်။
မဲဆွယ်ဆိုင်းဘုတ် ထူထောင်ခွင့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တပေပတ်လည်လျှင် ကျပ် ၁၀၀ အခွန်ဆောင်ရမည် ဖြစ်သည်။
အဆိုပါနှုန်းထားသည် ကြံ့ဖွံ့ပါတီနှင့် ယှဉ်ပြိုင်မည့် ကျန်ပါတီများ၏ တင်ပြချက်ကြောင့် စည်ပင်က လျှော့ချပေးလိုက်သော အခွန် နှုန်းထားဖြစ်ကာ မူလက တနှစ်စာ ဆိုင်းဘုတ်ထူထောင်ခွန်အဖြစ် တပေပတ်လည်လျှင် ကျပ် ၁၀၀၀ ပေးဆောင်ရ ကြောင်းသိရ သည်။
“ပါတီတွေက ကျနော်တို့က မဲဆွယ်ကာလလေးပဲ ဆိုင်းဘုတ်ထောင်မှာပါဆိုပြီး တင်ပြမှ တပေပတ်လည် ကျပ် ၁၀၀ ဆိုပြီး ပြောင်း သတ်မှတ်ပေးတာ။ အဲဒီ ကျပ် ၁၀၀ ဆိုတာကလည်း ကျနော်တို့လို အရပ်သားပါတီတွေ အတွက် များတဲ့ ပမာဏာပါပဲ။ ဒါကြောင့် ကျနော်တို့က ကိုယ်ရေးအကျဉ်းစာရွက်တွေကိုပဲ အဓိကထား ဖြန့်ရပါတယ်။ ကျနော်ဆိုရင် တာမွေမြို့နယ်မှာ တဘုတ်ပဲ ထောင်နိုင် ပါမယ်"ဟု ဦးသိန်းတင်အောင်က ပြောသည်။
ဦးအောင်ကြည်၏ ပြိုင်ဘက်တဦးဖြစ်သော ဒီမိုကတစ်ပါတီ ဥက္ကဌ ဦးသုဝေ သည်လည်း မဲဆွယ်ဆိုင်းဘုတ်ထောင်ရန် ငွေကြေး မတတ်နိုင်သဖြင့် ၄င်း၏ ကိုယ်ရေးအကျဉ်းနှင့် ပါတီမူဝါဒ သဘောထားတချို့ပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေနေရ သည်။
“ကျနော် အခုလည်း တောင်ဥက္ကလာမှာ ကျနော်တို့ ပါတီရဲ့ မူဝါဒသဘောထားတွေ ၊ ကျနော်တို့ရဲ့ ကိုယ်ရေးအကျဉ်းတွေကို ကျနော်တို့ ပါတီဆိုင်းဘုတ် တင်ထားတဲ့ကားနဲ့ လိုက်ဝေတယ်။ ပါတီစာစောင်တွေကို ရောင်းတယ်။ ဒါတွေပဲ ကျနော်တို့ လုပ်နိုင်ပါ သေးတယ်"ဟု ဦးသုဝေက ပြောသည်။
ကြံ့ဖွံ့ပါတီနှင့် တခြားပါတီများအကြား ငွေကြေးသုံးစွဲနိုင်မှု ကွာဟချက် ကြီးမားစွာရှိနေရာ ရွေးကောက်ပွဲဝင်မည့် ပါတီများအနေဖြင့် ရသုံး ငွေကြေးနှင့်စပ်လျဉ်း၍ ပြည်သူလူထုကို ထုတ်ဖော်အသိပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာချက် ထုတ်ခဲ့သည်။
RNDPဥက္ကဌဒေါက်တာအေးမောင်က အကြီးဆုံးပါတီဖြစ်သော ကြံ့ဖွံ့ပါတီသည် အစိုးရဖွဲ့ခဲ့သော အသင်းမှ ပါတီအဖြစ်ပြောင်းလဲခဲ့သဖြင့်ပိုအရေးကြီးကြောင်း ၊ရခိုင်ပြည်နယ်အတွင်း နိုင်ငံပိုင် အဆောက်အအုံများအား ပါတီရုံးခန်းအဖြစ် အသုံးပြုနေမှုများကို ထောက်ပြကာ မီဒီယာများသို့ ကြေညာချက်ထုတ်သည့်နေ့တွင်ပင် ပြောဆိုခဲ့သည်။
ကြံ့ဖွံ့ပါတီသည် စစ်အစိုးရကျောထောက် နောက်ခံပြုကာ ၁၉၉၃ တွင် လူမှုရေး အဖွဲ့အစည်းအဖြစ် အမည်ခံဖွဲ့စည်းခဲ့သော ကြံ့ဖွံ့ အသင်းမှ အသွင်ပြောင်းလာသော ပါတီဖြစ်သည်။
ကြံ့ဖွံ့အသင်းအဖြစ် ရပ်တည်စဉ်က ၂၀၀၃ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို ဒီပဲယင်းတွင် အကြမ်း ဖက် နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်အတွင်း ကုန်ဈေးနှုန်းကျဆင်းရေးနှင့် လောင်စာဆီဈေး ကျဆင်းရေး ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းရာတွင်လည်း ကြံ့ဖွံ့အသင်းဝင်များ ပါဝင်ခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပရန် ၁၈ ရက်သာ လိုတော့ချိန်တွင် ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဆိုင်ခွင့် မညီမမျှမှုများကြောင့် ပြိုင်ဘက်ပါတီများ၏ ဝေဖန်သံများ ပေါ်ထွက်သော်လည်း မဲပေးမည့် လူထုကမူ စိတ်ဝင်စားမှု အားနည်းနေသေးကြောင်း ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။
“ပါတီတွေ ဆိုင်းဘုတ်တွေ ထောင်တာ ၊ လက်ကမ်းစာစောင် ဝေတာတွေ တွေ့နေရတာပဲ။ ဒါပေမယ့် လူထုကတော့ သိပ် စိတ်ဝင် စား တာ မတွေ့ရပါဘူး။ ပါတီလှုပ်ရှားမှုတွေ သတင်းတင်ရတာလည်း အီလာပြီ။ ဒီတပတ်ဂျာနယ် မျက်နှာဖုံးအတွက် လူထု စိတ် ၀င်စားမယ့် သတင်း ဘာတင်ရမှန်းကို မသိသေးဘူး ဖြစ်နေတယ်"ဟု ၄င်းက ဆိုသည်။
စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ ပါတီ အသွင်ပြောင်းလာသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ မဲဆွယ်ဆိုင်းဘုတ်များအပေါ် ပြိုင်ဘက်ပါတီများနှင့် ဒေသခံများက ဝေဖန်နေကြသည်။
ကြံ့ဖွံ့အမှတ်တံဆိပ် ခြင်္သေ့နှစ်ကောင် ခြံရံမှု အလယ်တွင် “ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး ၊ PEOPLE FIRST” ဆိုသည့် စာသားသည် ရယ်စရာ ကောင်းလှသည်ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။
“၈၈ အရေးအခင်းနောက်ပိုင်းကစပြီး သူတို့က တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဘ ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ လူထုကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဖိနှိပ်ခဲ့ပြီးမှ အရပ်ဝတ်လေး ပြောင်းဝတ် ၊ စစ်တပ်ကို အာဏာသက် ဆက်ပေးမယ့် ပါတီကနေ ပြည်သူ့ အတွက်ဆိုပြီး ထအော်တာ ရယ်စရာပေါ့"ဟု ၄င်းက ပြောသည်။
မင်္ဂလာတောင်ညွှန့် မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအဖြစ် ကြံ့ဖွံ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးအောင်ကြည် သည် လက်ရှိ အလုပ်သမားဝန်ကြီးတဦးဖြစ်ကာ ဗိုလ်ချုပ်ရာထူးမှ အနားယူထားသူဖြစ်သည်။
ဦးအောင်ကြည်သည် ၄င်း၏ မဲဆန္ဒနယ်အတွင်း လွန်ခဲ့သော ရက်ပိုင်းများက မဲဆွယ်ဆိုင်းဘုတ် အများအပြားကို စိုက်ထူထားခဲ့ရာ ဆိုင်းဘုတ်ပါ စာသားများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ညီညွှတ်မှု မရှိဟုလည်း ပြိုင်ဘက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည့် ဦးသုဝေက ပြောသည်။
“ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး ၊PEOPLEFIRST”ဆိုသည့် စာသားနှင့်စပ်လျဉ်း၍မူ ဦးသုဝေက“အဲဒီအဓိပ္ပာယ် ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုး အခု လောလောဆယ်အထိတော့ မတွေ့ရသေးပါဘူး။ သူတို့မှာ အလေ့အကျင့်ကလည်း နှစ်ပေါင်းများစွာရှိလာပြီ ဆိုတော့ အဲဒီလို ပြောင်းဖို့တော့ တယ်မလွယ်ဘူးထင်ပါတယ်"ဟု ဆိုသည်။
ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများက မဲဆွယ်ဆိုင်းဘုတ်များ ထောင်ကာ မဲဆွယ်မှုများ ပြုလုပ်နေသော်လည်း ပြိုင်ဘက် ပါတီ များ အနေဖြင့် မဲဆွယ်ဆိုင်းဘုတ် ထောင်ရန် အပါအ၀င် အခက်အခဲများစွာရှိနေကြသည်။
မဲဆွယ်ဆိုင်းဘုတ် ထောင်ရေး အခက်အခဲနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းတင်အောင်က“အဓိက အခက်အခဲက ငွေရေးကြေးရေး အခက်အခဲပဲ။ ပြည်ခိုင်ဖြိုးမှာက မဲဆွယ် စရိတ်အဖြစ် အမတ်လောင်း တဦးကို ကျပ် သိန်းတရာ သုံးစွဲခွင့်ရှိတယ်လို့ ကြားရတယ်။ ကျနော်တို့ကတော့ ဆယ်သိန်း ၊ ဆယ့် ငါးသိန်း သုံးဖို့ကို ချိန်ဆနေရတာ။ မဲဆွယ်ဆိုင်းဘုတ် ထောင်ဖို့က ပထမ ဆိုင်းဘုတ်မှာ ဖော်ပြမယ့် စာသားတွေကို ရွေးကောက်ပွဲ ကော်မရှင်ဆီ အရင် တင်ပြရတယ်။ ခွင့်ပြုပြီဆိုရင်မှ စည်ပင်မှာ အခွန်ဆောင်ပြီး ထောင်ရမှာပါ"ဟု ပြောသည်။
မဲဆွယ်ဆိုင်းဘုတ် ထူထောင်ခွင့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တပေပတ်လည်လျှင် ကျပ် ၁၀၀ အခွန်ဆောင်ရမည် ဖြစ်သည်။
အဆိုပါနှုန်းထားသည် ကြံ့ဖွံ့ပါတီနှင့် ယှဉ်ပြိုင်မည့် ကျန်ပါတီများ၏ တင်ပြချက်ကြောင့် စည်ပင်က လျှော့ချပေးလိုက်သော အခွန် နှုန်းထားဖြစ်ကာ မူလက တနှစ်စာ ဆိုင်းဘုတ်ထူထောင်ခွန်အဖြစ် တပေပတ်လည်လျှင် ကျပ် ၁၀၀၀ ပေးဆောင်ရ ကြောင်းသိရ သည်။
“ပါတီတွေက ကျနော်တို့က မဲဆွယ်ကာလလေးပဲ ဆိုင်းဘုတ်ထောင်မှာပါဆိုပြီး တင်ပြမှ တပေပတ်လည် ကျပ် ၁၀၀ ဆိုပြီး ပြောင်း သတ်မှတ်ပေးတာ။ အဲဒီ ကျပ် ၁၀၀ ဆိုတာကလည်း ကျနော်တို့လို အရပ်သားပါတီတွေ အတွက် များတဲ့ ပမာဏာပါပဲ။ ဒါကြောင့် ကျနော်တို့က ကိုယ်ရေးအကျဉ်းစာရွက်တွေကိုပဲ အဓိကထား ဖြန့်ရပါတယ်။ ကျနော်ဆိုရင် တာမွေမြို့နယ်မှာ တဘုတ်ပဲ ထောင်နိုင် ပါမယ်"ဟု ဦးသိန်းတင်အောင်က ပြောသည်။
ဦးအောင်ကြည်၏ ပြိုင်ဘက်တဦးဖြစ်သော ဒီမိုကတစ်ပါတီ ဥက္ကဌ ဦးသုဝေ သည်လည်း မဲဆွယ်ဆိုင်းဘုတ်ထောင်ရန် ငွေကြေး မတတ်နိုင်သဖြင့် ၄င်း၏ ကိုယ်ရေးအကျဉ်းနှင့် ပါတီမူဝါဒ သဘောထားတချို့ပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေနေရ သည်။
“ကျနော် အခုလည်း တောင်ဥက္ကလာမှာ ကျနော်တို့ ပါတီရဲ့ မူဝါဒသဘောထားတွေ ၊ ကျနော်တို့ရဲ့ ကိုယ်ရေးအကျဉ်းတွေကို ကျနော်တို့ ပါတီဆိုင်းဘုတ် တင်ထားတဲ့ကားနဲ့ လိုက်ဝေတယ်။ ပါတီစာစောင်တွေကို ရောင်းတယ်။ ဒါတွေပဲ ကျနော်တို့ လုပ်နိုင်ပါ သေးတယ်"ဟု ဦးသုဝေက ပြောသည်။
ကြံ့ဖွံ့ပါတီနှင့် တခြားပါတီများအကြား ငွေကြေးသုံးစွဲနိုင်မှု ကွာဟချက် ကြီးမားစွာရှိနေရာ ရွေးကောက်ပွဲဝင်မည့် ပါတီများအနေဖြင့် ရသုံး ငွေကြေးနှင့်စပ်လျဉ်း၍ ပြည်သူလူထုကို ထုတ်ဖော်အသိပေးသင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာချက် ထုတ်ခဲ့သည်။
RNDP ဥက္ကဌ ဒေါက်တာအေးမောင်က အကြီးဆုံးပါတီဖြစ်သော ကြံ့ဖွံ့ပါတီသည် အစိုးရဖွဲ့ခဲ့သော အသင်းမှ ပါတီအဖြစ် ပြောင်းလဲ ခဲ့သဖြင့် ပိုအရေးကြီးကြောင်း ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံပိုင် အဆောက်အအုံများအား ပါတီရုံးခန်းအဖြစ် အသုံးပြုနေမှုများကို ထောက်ပြကာ မီဒီယာများသို့ ကြေညာချက်ထုတ်သည့်နေ့တွင်ပင် ပြောဆိုခဲ့သည်။
ကြံ့ဖွံ့ပါတီသည် စစ်အစိုးရကျောထောက် နောက်ခံပြုကာ ၁၉၉၃ တွင် လူမှုရေး အဖွဲ့အစည်းအဖြစ် အမည်ခံဖွဲ့စည်းခဲ့သော ကြံ့ဖွံ့ အသင်းမှ အသွင်ပြောင်းလာသော ပါတီဖြစ်သည်။
ကြံ့ဖွံ့အသင်းအဖြစ် ရပ်တည်စဉ်က ၂၀၀၃ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို ဒီပဲယင်းတွင် အကြမ်း ဖက် နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်အတွင်း ကုန်ဈေးနှုန်းကျဆင်းရေးနှင့် လောင်စာဆီဈေး ကျဆင်းရေး ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းရာတွင်လည်း ကြံ့ဖွံ့အသင်းဝင်များ ပါဝင်ခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပရန် ၁၈ ရက်သာ လိုတော့ချိန်တွင် ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဆိုင်ခွင့် မညီမမျှမှုများကြောင့် ပြိုင်ဘက်ပါတီများ၏ ဝေဖန်သံများ ပေါ်ထွက်သော်လည်း မဲပေးမည့် လူထုကမူ စိတ်ဝင်စားမှု အားနည်းနေသေးကြောင်း ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။
“ပါတီတွေ ဆိုင်းဘုတ်တွေ ထောင်တာ ၊ လက်ကမ်းစာစောင် ဝေတာတွေ တွေ့နေရတာပဲ။ ဒါပေမယ့် လူထုကတော့ သိပ် စိတ်ဝင် စား တာ မတွေ့ရပါဘူး။ ပါတီလှုပ်ရှားမှုတွေ သတင်းတင်ရတာလည်း အီလာပြီ။ ဒီတပတ်ဂျာနယ် မျက်နှာဖုံးအတွက် လူထု စိတ် ၀င်စားမယ့် သတင်း ဘာတင်ရမှန်းကို မသိသေးဘူး ဖြစ်နေတယ်"ဟု ၄င်းက ဆိုသည်။

dinsdag 4 mei 2010

ရွေးကောက်ပွဲကာလသတင်းလွတ်လပ်ခွင့်မရှိနိုင်ဟုRSFထုတ်ပြန်

ခက်ထန် Tuesday, May 04, 2010
.လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသော်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဆိုးရွားစွာ ဖိနှိပ်သူများ ထဲတွင် စစ်အစိုးရ ခေါင်းဆောင်သည် အပါအဝင် ဖြစ်နေဆဲဟု သတင်း လွတ်လပ်ခွင့် စောင့်ကြည့်သည့် အဖွဲ့တခုက ထုတ်ပြန် လိုက်သည်။
ပြီးခဲ့သည့်၆၅နှစ်မြောက်တပ်မတော်နေ့ကအလေးပြုခံနေသောစာနယ်ဇင်းလွတ်လပ်ခွင့်ဖိနှိပ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ဓာတ်ပုံ-GettyImages)
၂၀၁၀ တွင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖိနှိပ်သူအဖြစ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF)က မေလ ၃ ရက်နေ့၌ ကျရောက်သော နိုင်ငံတကာ သတင်း လွတ်လပ်ခွင့် နေ့တွင် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲကာလတွင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခြင်းမပြုနိုင်ရန်ဂျာနယ်လစ်၊ ဘလော့ဂါနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေကအကျဉ်းချထားသည်ဟုRSF၏ကြေညာချက်တွင် ဖော်ပြထားသည်။
NLDခေါင်းဆောင်တဦးဖြစ်ပြီးဝါရင့်သတင်းစာဆရာလည်းဖြစ်သူဦးဝင်းတင်ကရွေးကောက်ပွဲနှင့် လိုက်လျောညီထွေ ရှိသော လွတ်လပ်သည့် အတိုင်းအတာ ရှိသင့်သည်ဟု သုံးသပ်သည်။
“လွတ်လပ်ခွင့်ဆိုတာကရိုက်ချိုးခံရတဲ့အခါလည်းရှိတယ်၊လွတ်လပ်ခွင့်ဆိုတာရုန်းကန်မှုရှိရတယ်၊ ကိုယ့်အပေါ်လာပြီး တင်းကျပ် ဖိနှိပ်တာတွေကို ငုံ့မခံရဘူး”ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က၂၀၁၀ရွေးကောက်ပွဲမှမဟုတ်၊မည်သည့်ရွေးကောက်ပွဲကာလမဆိုပြည်သူများ၏ လွတ်လပ်စွာရေးသားခွင့်၊ပြောဆိုခွင့်၊ဖော်ထုတ်ခွင့်ရှိသင့်သည်ဟုဆိုကြောင်း၊စစ်အစိုးရ စာပေစိစစ်ရေးမှူးကမူရွေးကောက်ပွဲပြီးသွားမှသာစာပေစိစစ်ရေးမရှိနိုင်တော့ဟုပြောကြောင်းဦးဝင်းတင်က ဆိုသည်။
“စာပေစိစစ်ရေးမှူးပြောတာကသည်းခံပါတဲ့၊ရွေးကောက်ပွဲပြီးသွားရင်တော့စာပေစိစစ်ရေးဆိုတာလည်း ရှိတော့မှာမဟုတ်ဘူးတဲ့၊အခုတော့ရှိနေတယ်၊ဒါကိုဆင်ခြေမတက်နဲ့၊ဒီအတိုင်းပဲလက်ခံလို့ ပြောတဲ့သဘောဖြစ်နေတယ်”ဟုဦးဝင်းတင်ကဝေဖန်သည်။
နိုင်ငံရေးသတင်းများကိုပြည်တွင်းပုဂ္ဂလိကဂျာနယ်များကစတင်ဖော်ပြလာခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏သတင်းတချို့ကိုမတ်လ၂၉ရက်နေ့တွင်ပြုလုပ်သောဗဟို အလုပ်အမှုဆောင် အစည်းအဝေး မတိုင်ခင် မှစ၍ ဖော်ပြခွင့်ပြုကြောင်း သိရသည်။
ပြည်တွင်းမှ ဂျာနယ်လစ်တဦးက“ဂျာနယ်တွေမှာ နိုင်ငံရေး အချပ်ပို ထည့်ကြတယ်၊ စီးပွားရေးအရဆိုရင် ဂျာနယ်ဈေးကွက်မှာအချိန်ကိုက်စီးပွားရှာတဲ့သဘောပါပဲ၊လက်ရှိလူစိတ်ဝင်စားမှုများနိုင်တဲ့ အကြောင်းအရာကိုဖော်ပြတာပဲ၊နောက်တခုကနိုင်ငံရေး(လက်ရှိမှာရွေးကောက်ပွဲ)ဆိုင်ရာ သတင်းအချက်အလက်တွေကို စာဖတ်ပရိသတ်ကို ချပြပေးတာပါ”ဟု ပြောသည်။
သို့သော် စာပေစိစစ်ရေးအနေနှင့် အစိုးရမူဝါဒကို ဆန့်ကျင်မှုထက် ထောက်ခံမှု ပိုများသည့် အရေးအသားဆိုလျှင် ဆင်ဆာ ပိုလွတ်နိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ ဖော်ပြရာတွင် ပြည်တွင်းဂျာနယ်များ၌ ဘက်လိုက်သည့် သဘော ရှိနေမှုများနှင့် ပတ်သက်၍ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က“စာပေစိစစ်ရေးက တဖက်သတ်ခွင့်ပြုလို့ တဖက်သတ် ဖော်ပြထားတာ နေမှာပေါ့၊ တဖက်ပိတ်ထားသော လွတ်လပ်ခွင့်ပေါ့၊ ဆင်ဆာရှိနေသရွေ့ဘယ်လိုလုပ် လွတ်လပ်တယ် ပြောလို့ရမလဲ၊ ဆင်ဆာအောက်က လွတ်လပ်ခွင့်ပေါ့” ဟု ပြောသည်။
သို့သော် ပြည်တွင်းမှ အယ်ဒီတာ တဦးကမူ“ရှုထောင့် နှစ်ခုက ရေးပေမယ့် စိစစ်ရေးက တဖက်ကို ဖြုတ်ပစ်လိုက်ရော၊counterလုပ်ထားတာကို ဖြုတ်လိုက်တော့ တဖက်စောင်းနင်း ရေးသလို ဖြစ်သွားတာ ကြုံရတယ်”ဟု ဆိုသည်။
စာရေးဆရာ၊ အယ်ဒီတာ မောင်ဝံသက အစိုးရကိုယ်တိုင် စိတ်ဝင်စားနေသဖြင့် ဆင်ဆာ မဖြတ်တောက်ဖြင်း ဖြစ်နိုင်သည်ဟု ပြောဆိုသည်။
“အစိုးရကိုယ်တိုင်က၉၀မှာအဓိကနိုင်ထားတဲ့ပါတီကြီးမှတ်ပုံမတင်တာကိုသိချင်ပုံ၊စိတ်ဝင်စားပုံရတယ်၊ ဦးခင်မောင်ဆွေ တို့က ဝင်မယ်ဆိုတဲ့ လိုင်းကို တင်တာကို၊ ဒီတော့ ဦးခင်မောင်ဆွေတို့ ဘာပြောမလဲ၊ သူတို့ ရည်ရွယ်ချက်ဘာရှိမလဲ၊သိချင်ပုံရတယ်၊စာဖတ်တဲ့သူထက်အာဏာပိုင်တွေကပိုသိချင်ပုံရတယ်၊ဒါကြောင့် ခွင့်ပြုတာဖြစ်မယ်”ဟုမောင်ဝံသကပြောသည်။
ပြည်တွင်းမှဘလော့ဂါတဦးက“ပြည်တွင်းသတင်းတွေကလွတ်လပ်မှုမရှိတော့ဖတ်ရတဲ့လူပါလွတ်လပ်မှု မရှိသလိုခံစားရလို့မဖတ်ဖြစ်တော့တာကြာပြီ၊သူငယ်ချင်းတွေဝယ်လာရင်တော့ဖတ်ဖြစ်တာပေါ့လေ၊ အင်တာနက်ပေါ်ကပဲ အများဆုံး ဖတ်ပါတယ်”ဟု ဆိုသည်။
လျှောက်ထားသည့်ပါတီများမှတ်ပုံတင်ကျလာလျှင်ပြည်တွင်းဂျာနယ်များကပိုမိုရေးသားဖော်ပြလာကြဖွယ် ရှိသည်ဟုအယ်ဒီတာတဦးကသုံးသပ်သည်။
“ဆင်ဆာရှိတော့ဆင်ဆာနဲ့လွတ်မယ့်လမ်းကြောင်းလောက်ပဲလုပ်ကြတာပဲလေ၊ပါတီတွေက လျှောက်ထားဆဲရှိသေးတယ်၊မှတ်ပုံတင်ကျပြီးရင်ဒီထက်ပိုပြီးရေးလာကြမယ်၊ရှေ့လျှောက်ပိုများလာမယ် ထင်တယ်”ဟု ယင်းအယ်ဒီတာက ပြောသည်။
မီဒီယာအများစုကဘက်မလိုက်ဘဲလုပ်လိုကြောင်း၊ဘက်လိုက်သူလည်းရှိကြောင်းနှင့်ပါတီများကလည်း ချဉ်းကပ်လာနိုင်ကြောင်း၎င်းကဆက်လက်ပြောကြားသည်။
နိုင်ငံရေးပါတီများသည်ထုတ်ဝေလိုသည့်ပါတီ၏မူဝါဒ၊သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအချက်အလက်များပါရှိသောစာရွက်စာတမ်း၊စာအုပ်နှင့်လက်ကမ်းစာစောင်များကို စာပေစိစစ်ရေးသို့ကြိုတင်စိစစ်မှုခံယူရန်မလိုဘဲထုတ်ဝေနိုင်ကြောင်းမတ်လကုန်တွင်စစ်အစိုးရက ပါတီများကို အသိပေးခဲ့သည်။
“ပါတီတွေကိုလည်းထုတ်ဝေခွင့်ပေးမယ်ပြောထားပြီးသားလေ၊ဆင်ဆာမတင်ရဘူး၊ထုတ်ဝေပြီးမှကော်ပီတင်လိုက်ရုံပဲ၊ မကြိုက်ရင်တော့အဲဒီစာစောင်ကိုပိတ်မှာပေါ့”ဟုဂျာနယ်လစ်တဦးကပြောသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကြောင့်အကျဉ်းချခံထားရသူများထဲတွင်လူရွှင်တော်ဇာဂနာ၊ဘလော့ဂါ နေဘုန်းလတ်၊ကဗျာဆရာစောဝေစသည်တို့ပါဝင်သည်။
ထောင်ဒဏ်၂၇နှစ်ကျော်ချမှတ်ခံရသောဒီမိုကရက်တစ်မြန်မာ့အသံ(DVB)သတင်းဌာနမှရုပ်သံ သတင်းထောက်တဦးဖြစ်သူမလှလှဝင်း၏အယူခံကိုမကွေးတိုင်းတရားရုံးကဧပြီလ၂၈ရက်နေ့တွင် ပယ်ချခဲ့သည်။
ပြည်ပသို့သတင်းများပို့သည်၊ဗီဒီယိုများပို့သည်ဟုသံသယရှိသူများကိုလည်းစစ်အစိုးရကဖမ်းဆီးလျက်ရှိရာ နောက်ဆုံးဖမ်းဆီးခံရသူများမှာသတင်းထောက်ဦးဇေယျနှင့်သားဖြစ်သူစည်သူဇေယျတို့ဖြစ်သည်။ သင်္ကြန်အကြတ်နေ့ရန်ကုန်ဗုံးပေါက်ကွဲမှုတွင်ဓာတ်ပုံရိုက်သဖြင့်ဧပြီ၁၇ရက်နေ့ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကျောက်တံခါး၌ဗုံး၃လုံးကွဲ၊တဦးဒဏ်ရာရ

ရန်ပိုင်Tuesday,May04,2010
.ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်ရှိ စက်မှုလယ်ယာ ထွန်စက် စခန်းတွင် ပြီးခဲ့သည့် သောကြာနေ့ညနှင့် စနေနေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ မြို့နယ် ရဲအထူး သတင်းတပ်ဖွဲ့(SB)မှ တပ်ကြပ်တဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
အဆိုပါစခန်းအတွင်းရှိထွန်စက်တစီး၏အင်ဂျင်အောက်မှပေါက်ကွဲခြင်းဖြစ်ပြီးသောကြာနေ့ည၁၂ နာရီခန့်တွင်တကြိမ်၊စနေနေ့ည နာရီခန့် တွင်တကြိမ်၊စနေနေ့ညနေ၄နာရီခန့်တွင်တကြိမ်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ကျောက်တံခါးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။
“အသံကတော့ သိပ်မကျယ်ဘူး၊ စခန်းက မြို့ပြင်မှာဆိုတော့ သိပ်မသိကြဘူး၊ နောက်မှသိတာ၊ ဒုတိယ ရဲချုပ်လာစစ်တယ်”ဟု ၎င်းကဆိုသည်။
ပထမဗုံးပေါက်ကွဲမှုတွင် လယ်ထွန်စက်တစီး ပျက်စီးသွားပြီး ဂိုဒေါင်အမိုးများလည်း ပျက်စီးသွားကြောင်း၊ ဒုတိယပေါက်ကွဲမှုတွင်ပျက်စီးခြင်းမရှိဘဲ၊တတိယဗုံးပေါက်ကွဲချိန်သည်SBတပ်ဖွဲမှစစ်ဆေးနေသော အချိန်ဖြစ်သည့်အတွက်ရဲတပ်ဖွဲ့ဝင်တပ်ကြပ်တဦးခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု အဆိုပါ မြို့ခံကပြောသည်။
ထိုကဲ့သို့ ဗုံးပေါက်ကွဲခဲ့သော်လည်း မြို့နယ် အာဏာပိုင်များက လုံခြုံရေး တိုးမြှင့် ချထားခြင်းမရှိသေးကြောင်း၊ ယခင် လေးငါးနှစ် ခန့်ကလည်း ကျောက်တံခါးမြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း၊ ဗုံးပေါက်ကွဲမှု ကြောင့် လုံခြုံရေးအကြောင်းပြကာ ဒေသ ခံများကို ကင်းများစောင့်ခိုင်းခြင်း၊ ကင်းကြေးများ တိုးမြှင့် ကောက်ခံခြင်းများ ပြုလုပ်လာနိုင်ကြောင်း ၎င်းမြို့ခံက ဆက်လက်ရှင်း ပြ သည်။
ယခုဗုံးပေါက်ကွဲမှုကို စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားခြင်း မရှိပေ။
ပြီးခဲ့သည့် ဧပြီလ၂၈ ရက်နေ့ကလည်း လွိုင်ကော် ရဲစခန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတဦးသေဆုံးပြီး တာဝန်ကျ ရဲဝန် ထမ်းများလည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလာရာ ယင်းကျောက်တံခါးမြို့နယ် ဗုံးပေါက်ကွဲမှု အပါအ၀င် ၉ ကြိမ်ရှိပြီး မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို အစိုးရ တိတိကျကျ ထုတ်ပြန်အရေးယူနိုင်ခြင်းမရှိဘဲ ပြည်ပရှိ နိုင်ငံရေး အဖွဲ့အစည်းများကိုသာ စွပ်စွဲပြောဆိုလေ့ရှိသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မြစ်ကြီးနား မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍လည်း စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိဘဲ ဖောက်ခွဲသူအား ဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်ပါက ကျပ်ငွေ သိန်း ၅၀၊ ပေ ၄၀x ပေ ၆၀ မြေကွက် တကွက်နှင့် ဒေသတွင်းသုံး CDMA တယ်လီဖုန်း တလုံး ပေးမည်ဟု ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးအဖွဲ့မှ တရားဝင် ကြေညာချက်များ ထုတ်ပြန်ထားကြောင်း အဆိုပါ အုပ်ချုပ်ရေး ရုံးအဖွဲ့မှ ၀န်ထမ်းတဦးက ဧရာဝတီသို့ပြောသည်။
ပြီးခဲ့သည့် သင်္ကြန်အကြတ်နေ့ရန်ကုန်ဗုံးပေါက်ကွဲမှုတွင်လည်းဗုံးဖောက်ခွဲသူကိုဖမ်းဆီးရမိရန် သတင်းပေးနိုင်ပါကဆုငွေကျပ်(၁၀)သိန်းပေးမည်ဟုမြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေး ရုံးများတွင် စာများ ကပ်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုဗုံးပေါက်ကွဲခဲ့သည့်ရန်ကုန်မြို့ကန်တော်ကြီးကန်ပတ်လမ်းX2Oမဏ္ဍပ်ရှေ့မှ မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံးတလုံးကို မြန်မာဘီယာ သံဘူး အခွံထဲမှ ထပ်မံရှာဖွေ တွေ့ရှိပြီး မဏ္ဍပ်ရှေ့ပေါက်ကွဲခဲ့သည့် ဗုံးမှာ လက်ပစ်ဗုံးဖြစ်ကြောင်း ယခုအပတ်ထုတ် Weekly Eleven ဂျာနယ်တွင် ရေးသား ထားသည်။
X2O မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် လူ၁၀ ဦးသေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန် ထားသည်။

dinsdag 16 maart 2010

ထိုင်းအစိုးရရုံးကို သွေးဖြင့် ပက်ဖျန်း

Tuesday, 16 March 2010 18:40 ကိုထွေး
.လွှတ်တော် ဖျက်သိမ်းပြီး ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ နုတ်ထွက်ရန် တောင်းဆိုနေသည့် ဘန်ကောက်မြို့မှ အနီရောင်ဝတ် ဆန္ဒပြ သမားများက ယနေ့ ညနေ ၅ နာရီတွင် ထိုင်းအစိုးရရုံး အဆောက်အအုံ ၀င်ပေါက်ကို ၎င်းတို့၏ သွေးများဖြင့် ပက်ဖျန်းခြင်းဖြင့် ဆန္ဒပြပွဲ အရှိန်ကို မြှင့်တင်လိုက်ကြသည်။
ထိုင်းအစိုးရ ရုံးရှေ့ကို သွေးဖြင့် ပက်ဖျန်း နေကြသော အနီရောင်ဝတ် ဆန္ဒပြသူများ (ဓာတ်ပုံ - Reuters)
“ဒါက ငြိမ်းချမ်းတဲ့ တိုက်ခိုက်မှု တခုပါ။ ၀န်ကြီးချုပ် အဖိဆစ်က ကျနော်တို့ရဲ့ သွေးတွေကို နင်းပြီး အစိုးရရုံးကို ရောက်အောင် သွားရဲလား ဆိုတာ ကျနော်တို့ မြင်ချင်ပါတယ်” ဟု ရှပ်နီအဖွဲ့မှ ခေါင်းဆောင် တဦး ဖြစ်သူ Weng Tojirakarnက ဆိုသည်။
ဝန်ကြီးချုပ် နုတ်ထွက်ပေးခြင်း မရှိပါက သူ၏ ဒီမိုကရက်တစ် ပါတီ ဌာနချုပ်ရှေ့ နှင့် သူ၏ အိမ်ရှေ့သို့ သွားရောက်ပြီး သွေးဖြင့် ပက်ဖျန်း ဦးမည်ဟု Weng Tojirakarnက ပြောသည်။
ယနေ့ နံနက် ၈ နာရီမှ စတင်ပြီး ဆန္ဒပြသူများထံမှ သွေးများကို တခါသုံး ဆေးထိုးအပ်များဖြင့် စုတ်ယူ စုဆောင်းခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြသူ တသိန်းကျော်ထံမှ သွေး စီစီ တသန်း (ပုလင်း ၁၀၀၀ ခန့်) ရရှိရန် မျှော်မှန်းခဲ့သော်လည်း ယနေ့ညနေပိုင်း သွေးဖြင့် ပက်ဖျန်းဆန္ဒပြချိန်အထိ သွေး စီစီ သုံးသိန်းခန့်သာ ရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
နေ့စဉ်ရက်ဆက် ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက အနီရောင်ဝတ် ဆန္ဒပြသူတို့၏ တောင်းဆိုချက်ကို လိုက်လျောမည် မဟုတ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ယနေ့တွင်လည်း ၀န်ကြီးချုပ်က ဘန်ကောက်မြို့တော်တွင် ရောက်ရှိနေသည့် အနီရောင်ဝတ် ဆန္ဒပြသူတို့ အိမ်ပြန်လိုပါက အစိုးရက စီစဉ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ဆန္ဒပြသူများသည် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများဖြစ်သည်။ မကြာသေးမီက မစ္စတာ သက်ဆင်နှင့် ၎င်း၏ ဇနီး ပိုင်ဆိုင်သော ဘတ်ငွေ ၄၆ ဘီလီယံကို တရားရုံးချုပ်၏ အမိန့်အရ အစိုးရက သိမ်းလိုက်ပြီးနောက် အနီရောင် ၀တ်သူများ၏ ဆန္ဒပြမှုများ ပိုမို ပြင်းထန်လာသည်။
မစ္စတာ သက်ဆင် အာဏာရှိစဉ်က သူ့ကို ကန့်ကွက်သူများမှာ အ၀ါရောင်ဝတ် ဆန္ဒပြသူများဖြစ်သည်။ ၎င်းတို့က မစ္စတာ သက်ဆင် ပြုတ်ကျစေရန် ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲကြီးများ ပြုလုပ်ခဲ့ကြဖူးသည်။
မစ္စတာ သက်ဆင် နှင့် ၎င်းကို ထောက်ခံသည့် မစ္စတာ စမတ်၊ မစ္စတာ ဆုမ်ချိုင်း စသည့် ၀န်ကြီးချုပ် သုံးယောက် အာဏာ လက်လွှတ်သွားပြီးနောက် လက်ရှိ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အာဏာရလာခြင်း ဖြစ်သည်။
လက်ရှိ ၀န်ကြီးချုပ်သည် အာဏာရလာချိန်မှစ၍ အနီရောင်ဝတ် ဆန္ဒပြသူတို့ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသည်။
ထိုင်းအစိုးရက ဤဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံသားများကိုသာ ခွင့်ပြုထားသည်။ အနီရောင်ဝတ် ဆန္ဒပြသူများ ကြားတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ အလုပ်သမားများကို စစ်ဆေး တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်နှင့် အလုပ်ရှင်အား ဘတ်ငွေ တသိန်း (ကျပ် သိန်း ၃၀ ဝန်းကျင်) ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။
အလုပ်သမားများကို နေ့တွက်စရိတ် ပေးပြီး ဆန္ဒပြရန် စေခိုင်းမှုများ မပေါ်ပေါက်စေရေးအတွက် ထိုသို့ တားမြစ်ခြင်း ဖြစ်သည်ဟု သိရသည်။

dinsdag 22 december 2009

ရိုဟင်ဂျာများ ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်းမည်

Tuesday, 22 December 2009 18:22 သန်းထိုက်ဦး
.ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ခိုလှုံ နေထိုင်လျက်ရှိသော ရိုဟင်ဂျာ ဒုက္ခသည်များအား မြန်မာနိုင်ငံမှ ပြန်လည် လက်ခံရန် အတွက် နအဖ စစ်အစိုးကို တိုက်တွန်းသွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr. Mijarul Quayesက ပြောသည်။

ယခုလ ၂၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးအဆင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာမည့် မြန်မာနိုင်ငံမှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ကို တိုက်တွန်းသွားမည်ဟု ဆိုသည်။
၂ ရက်ခန့် အကြာ ပြုလုပ်မည့် ယင်းအစည်းအဝေးတွင် ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အဓိက ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
“မြန်မာ နိုင်ငံဘက်က အစ္စလမ် ဘာသာဝင်တွေကို ကျနော်တို့ နိုင်ငံထဲ အတင်း မောင်းထုတ်နေတာ ရပ်တန့်ဖို့၊ လက်ရှိ ဒုက္ခသည် စခန်းထဲက လူတွေကိုလည်း ပြန်လည်လက်ခံဖို့ တိုက်တွန်းသွားမယ်”ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် Mr. Mijarul Quayes က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုက္ခသည် စခန်း ၂ ခုတွင် ရှိသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များကို နအဖ စစ်အစိုးရက ပြန်လည် လက်ခံရန် တိုက်တွန်း မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ခရိုင်ရှိ ဒုက္ခသည် စခန်း၂ ခုတွင် ရိုဟင်ဂျာ ဒုက္ခသည် အဖြစ် တရားဝင် အသိအမှတ် ပြုခံထား ရသူ စုစုပေါင်း ၂၀၀၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ရိုဟင်ဂျာ အကျပ်အတည်းတို့အပေါ် ယခုနှစ်အတွင်း ပြုလုပ်ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် အာဆီယံ စုံညီ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားခဲ့သည်။
သို့သော် အစည်းအဝေးတွင် ရိုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီ လူမျိုးများသာ ဖြစ်၍ မြန်မာ တိုင်းရင်းသားထဲတွင် မပါဝင်ကြောင်း မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ငြင်းဆိုခဲ့သည်။
ကုလားတန်သတင်းဌာနမှ အယ်ဒီတာ ကိုတင်စိုးကမူ နောက်ဆုံး ပြန်ပို့ခံရသည့် ၁၉၉၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့်ပူးပေါင်း၍ ပြန်ပို့ခံရခြင်း ရှိခဲ့ပြီး ယခုကဲ့သို့ နောက်ထပ် ရိုဟင်ဂျာ လူမျိုးများကို ပြန်ပို့လိုက်မည် ဆိုပါက ပြန်လည် ထွက်ပြေးလာဦးမည်ဖြစ်ကြောင်း ပြောသည်။
ပြန်ပို့ခံရသည့် ရိုဟင်ဂျာ လူမျိုးများကို တောတောင်များကြားသို့ ပို့ဆောင်လျက်ရှိပြီး ၎င်းတို့မှာ တနေရာနှင့် တနေရာ သွားလာ၍ မရသည့်အပြင် အလုပ်အကိုင်များလည်း လုပ်ကိုင်၍ မရသောကြောင့် နောက်ဆုံး ပြန်လည် ထွက်ပြေးလာကြမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ရိုဟင်ဂျာ အများအပြားသည် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန် အတွက် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက် ခွာလျက် ရှိသည်။ ၎င်း ရိုဟင်ဂျာများသည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး နိုင်ငံမဲ့နေသော လူနည်းစုဖြစ်ကာ ရခိုင်ပြည် နယ်၏ ပြင်ပသို့ သွားလာခွင့်မရစေရန် မြန်မာ အာဏာပိုင်များက ဖိနှိပ်ထားသည်။
ယခင် ၂၀၀၈ စက်တင်ဘာလက ရိုဟင်ဂျာ ၁ဝဝ ကျော်သည် အလုပ်အကိုင် ရရှိရေးအတွက် ရန်ကုန်သို့ သွားရောက်ရန် ကြိုး ပမ်းစဉ် ဖမ်းဆီးခံရသည်။ အာဏာပိုင်များက ထောင်ဒဏ် ၆ လ အသီးသီး ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ်တည်းလာသည်။ ထို့ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ အရဲစွန့် ထွက်ခွာကြရကြောင်းလည်း သိရှိရသည်။
ထို့အပြင် တခြား နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရသည်။

woensdag 16 december 2009

အဖမ်းအဆီးကြမ်း၍ ရန်ကုန် လိုင်းကားများ အခက်တွေ့

  

ရန်ကုန်မြို့လယ်မှ ဘတ်စ်ကား မှတ်တိုင်တခု (ဓာတ်ပုံ - RobK)
Wednesday, 16 December 2009 16:45 ဟိန်းဇော်
.ရန်ကုန်မြို့တွင်း ကားမှတ်တိုင်များတွင် ယာဉ် ၂ ထပ်ရပ်၍ ခရီးသည် တင်ဆောင်မှု ပြုလုပ်သော လိုင်းကားများကို သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူမှုများ ပြုလုပ်နေသည့် အတွက် ယာဉ်မောင်း သမားများနှင့် ယာဉ်နောက်လိုက်များ အခက်အခဲ ကြုံနေကြကြောင်း သတင်း ရရှိသည်။

မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) လက်အောက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အဆိုပါ ခရီးသည်တင် ကားများကို ရန်ကုန်တိုင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) က ကားသိမ်းသည် အထိ အရေးယူမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း မထသမှ သိရသည်။
၂၀၀၉ ခုနစ် ဒီဇင်ဘာလ အတွင်း မှတ်တိုင်များတွင် ယာဉ်နှစ်ထပ်ရပ်ပြီး ခရီးသည် တင်ဆောင်သော ၃၉ (အထူး)၊ ၃၉ (ရိုးရိုး)၊ ၅၆ (ရိုးရိုး) ယာဉ်လိုင်းများရှိ ကား ၃ စီးကို ခရီးသည်တင် ပြေးဆွဲခွင့် တပတ်ပိတ်ပင်သည့် အပြင် ကားများကိုပါ တပတ်သိမ်းဆည်း လိုက်ခြင်းကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စားဝတ်နေရေး အခက် အခဲဖြစ်နေကြကြောင်း ၃၉ ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။
“ဘယ်လိုမှ ရှင်းပြလိုမရဘူး၊ ရှေ့ကားက မထွက်လို့ မှတ်တိုင်မှာ ရပ်မရသေးလို့ ခဏမှေးပြီး ကားတစီးဘေးကနေ ဘီးလှိမ့်နေတုန်း စစ်ဆေးရေးအဖွဲ့က ဓာတ်ပုံရိုက်ပြီး သိပ်မကြာဘူး ကားကို ရုံးချုပ်ကို မောင်းခိုင်းတယ်၊ ပြီးတော့ ပြောတယ်၊ စည်းကမ်းမဲ့ ယာဉ်ရပ်လို့ ကားရော ယာဉ်လိုက်ခွင့် တွေရော တပတ်သိမ်းလိုက်တယ်တဲ့၊ ကားသိမ်း ခံရတဲ့ ယာဉ်မောင်းတွေလဲ ဘာမှ ဖြေရှင်းခွင့်ကို မပေးလိုက်ရတာ”ဟု ၃၉ အထူးယာဉ်လိုင်းမှ မော်တော်ယာဉ် သိမ်းခံရသော ယာဉ်မောင်းနှင့် နီးစပ်သူ တဦးကလည်း ပြောသည်။
မှတ်တိုင်များတွင် ယာဉ်နှစ်ထပ်ရပ်မှု ပထမအကြိမ် ကျူးလွန်ပါက တပတ် (၇ ရက်) ကားသိမ်းခြင်း၊ ဒုတိယ အကြိမ် ဖြစ်လျှင် ကားတလ သိမ်းခြင်းနှင့် တတိယ အကြိမ်ကျူးလွန်ပါက ယင်းကားကို နိုင်ငံပိုင်အဖြစ် အပြီးသိမ်းဆည်းမည် ဖြစ်ကြောင်း မထသနှင့် ကညနမှ ယခုနှစ်အတွင်း ထုတ်ပြန် ကြေညာခဲ့ပြီး ဒီဇင်ဘာလ အတွင်း၌ စတင် အကောင် အထည်ဖော်ကာ ယခုကဲ့သို့ လိုက်လံ အရေးယူ နေကြောင်း ကညန တာဝန်ရှိသူတဦးက ပြောဆိုသည်။
ကားအသိမ်းခံရသော ယာဉ်နောက်လိုက်တဦးက “ကားကို မနက်က ဓာတ်ပုံရိုက်ပြီး ညနေလဲကျရော သိမ်းဖို့ ရုံးချုပ်ကို မောင်းသွားခိုင်းတာ၊ ဘာဖြစ်လို့ ဘာဖြစ်မှန်း မသိလိုက်ဘူးဗျာ၊ တနေ့လုပ် တနေ့စားတွေ ဆိုတော့ ကားကို တပတ်သိမ်းတော့ ဘာနဲ့ စားရမလဲဗျာ၊ ကားပိုင်ရှင်တွေ အနေနဲ့ ကားသိမ်းခံရတာ ယာဉ်မောင်းတွေကို မကြည်ချင်ဘူး”ဟု ပြောသည်။
ယခုကဲ့သို့ အရေးယူ ဆောင်ရွက် ခြင်းများကို ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ ပါရမီယာဉ်လိုင်းနှင့် အဓိပတိ ယာဉ်လိုင်းများကိုမူ မပြုလုပ်ကြောင်း သိရသည်။
“အခုလို အရေးယူမယ်ဆိုရင် မျှမျှတတ အရေးယူသင့်တာပေါ့၊ ဘာလို့လဲဆိုတော့ ပါရမီကားတွေကြတော့ သူတို့ မဖမ်းရဲဘူး၊ သူတို့က ရပ်ချင်တဲ့ မှတ်တိုင်ရပ်တာ၊ အဲဒါကြတော့ မဖမ်းရဲဘူးလေ၊ အဖွဲ့အစည်းက ကြီးတယ် မဟုတ်လား”ဟု ခရီးသည်တင် ယာဉ်ပိုင်ရှင် တဦးက ဆိုသည်။
ရန်ကုန်မြို့အတွင်း မထသ လက်အောက်တွင် ယာဉ်လိုင်းပေါင်း ၁၀၀ ဝန်းကျင်ရှိသည်။ စစ်တပ်ပိုင် စီးပွားရေး ဦးပိုင် လီမိတက် လက်အောက်ရှိ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ ပါရမီနှင့် အဓိပတိ ယာဉ်လိုင်း များတွင် ကားအစီးရေ ၃၀၀ နီးပါးဖြင့် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။
ကညန အနေဖြင့် ယခုကဲ့သို့ အရေးယူခြင်းသည် ယာဉ်မောင်းများကို ယာဉ်စည်းကမ်း လိုက်နာမှု ရှိစေရန်နှင့် ယာဉ်တိုက်မှုများ လျော့နည်းစေရန် အဓိက ဆောင်ရွက် နေသော်လည်း ထိုစီမံချက်သည် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ၏ စားဝတ် နေရေးကိုပါ ထိခိုက်နေကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးက သုံးသပ်သည်။
“ရုံးဆင်း ရုံးတက် အချိန်ဆို စစ်ဆေးရေးတွေ ဆင်းပြီး လိုက်စစ်တော့တာပဲ၊ အခုတောင် ဓာတ်ပုံ အရိုက်ခံထားရတဲ့ ကားတွေ အစီး ၂၀ လောက် ရှိသေးတယ်၊ ဒီလိုသာ လိုက်လုပ်ရင်အကုန် ငတ်ကုန်လိမ့်မယ်၊ မရှိလို့ မထသ ယာဉ်လိုင်းကို မောင်းစားရတာ၊ တခုခုဆို စစ်ဆေး မေးမြန်းမှု မရှိဘူး၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ပဲ ၄၅ ရက်၊ တလ နားခိုင်းတာ၊ အခု ကားသိမ်းတဲ့အထိ ဖြစ်လာပြန်ရော”ဟု ၃၅ ယာဉ်လိုင်းမှ ယာဉ်မောင်း တဦးက ပြောသည်။

dinsdag 15 december 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေ့၊ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့မည်

                

Tuesday, 15 December 2009 13:50 ကိုထွေး
.အယူခံနှင့်ပတ်သက်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုလျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု လိုက်ကြောင်း ယနေ့ သွားရောက် တွေ့ဆုံသည့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။
ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လက်ခံရေးအတွက် တရားရုံးချုပ်၌ လာမည့် ၂၁ ရက်နေ့တွင် လျှောက်လဲချက် ပေးရမည်ဖြစ်သဖြင့် ယင်းကဲ့သို့ သွားရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ နေ့လယ် ၂ နာရီမှ ၄း၃၀ နာရီ အထိ အချိန် ၂း၃၀ နာရီကျော် အထိ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“၂၁ ရက်နေ့မှာ လျှောက်လဲချက်ပေးရမယ့် ကိစ္စ ကျနော်တို့ ဒီနေ့ အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယနေ့သွားရောက် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရန် တောင်းဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီ အဖွဲ့ဝင် ၃ ဦးကို ယခု ရက်ပိုင်းအတွင်း တွင် တနေရာတည်း၌ တပြိုင်တည်း ဂါရ၀ပြုတွေ့ဆုံမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ဘယ်မှာလဲဆိုတာ မသိဘူး၊ ၃ ဦးလုံးကို တပြိုင်တည်း ဂါရ၀ပြုတွေ့ဖြစ်မယ်၊ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီနဲ့လည်း ဒေါ်အောင်ဆန်း စုကြည် တွေ့ပြီးပြီ၊ လူကြီး ၃ ယောက်နဲ့ တွေ့ဖို့ အစီအစဉ်အတွက်လာတာလို့ပဲသိရတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချ ပြီးနောက်ပိုင်း ရှေ့နေဖြစ်သူများနှင့် ၉ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံခွင့်ပေးရန် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီနှင့် ရဲမှူးကြီး တဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက သဘောထားများ လာရောက် မေးမြန်းခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။
“ဒေါ်စုနဲ့တွေ့ဖို့ရာ တနေရာတည်းမှာ ၃ ဦး ကန့်တော့ ခံမယ်ဆိုရင် ဘယ်လို သဘောရလဲ လာမေးတယ်၊ ဗုဒ္ဓ ဘာသာထုံးစံရှိပါတယ်၊ ကန်တော့ခံတယ် ဆိုတာက ကန်တော့ ခံတဲ့သူဆီကို ကန်တော့မယ်သူက လာရရိုး ထုံးစံ ရှိပါတယ်၊ သီးခြားစီ ကန်တော့ခံချင်ပါတယ်လို့ ပြန်ပြောလိုက်တယ်တဲ့၊ ဒါပေမယ့် ဒေါ်စု သဘောထားက အားလုံးကို တွေ့ပြီးတော့မှ ကန်တော့ဖို့ လုပ်မယ် ဆိုရင်လည်းပဲ ငြင်းစရာ မရှိပါဘူးလို့ ပြန်ကြားလိုက်တယ် ဆိုတော့ ဗိုလ်ချုပ် ခင်ရီက ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားတွေ့မယ်လို့ ပြောသွားတယ်” ဟု ၎င်းက ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံရန် အာဏာပိုင်တို့က စီစဉ်နေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ရေးသားပေးပို့၍ ကျန်းမာရေး ချွတ်ယွင်း နေသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး တောင်းဆိုထားသည်။
ထို့အပြင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။
ဦးဉာဏ်ဝင်းက“ဒီလို တွေ့ခွင့်ရတာ ကောင်းတဲ့လက္ခဏာပါပဲ၊ စကားတွေပြောဖို့လည်း ခွင့်ပေးမှာပါ၊ ကျနော် ခန့်မှန်းတာကတော့ တပတ်အတွင်း ဖြစ်မှာပါ” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်အတွင်း ယင်း အဖွဲ့နှင့် မတွေ့ဆုံမီ ဦးတင်ဦးကို ချန်လှပ်၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေးခြင်းကို ဒေါ်အောင်ဆန်း စုကြည်က ကျေနပ်မှုမရှိသဖြင့် ငြင်းပယ်ခဲ့သည်။

dinsdag 8 december 2009

ပန်းချီနေမျိုးဆေး၏ “ရှေး တခေတ်တခါက အမျိုးသမီးများ” ပြပွဲ ချင်းမိုင်တွင်ကျင်းပ

  

ပန်းချီ နေမျိုးဆေးနှင့် သူ၏ “ရှေး တခေတ်တခါက အမျိုးသမီးများ” (ဓာတ်ပုံ - ဝါးရှီးဖော/ဧရာဝတီ)
Tuesday, 08 December 2009 18:57 အေးချမ်းမြေ့
.သုဝဏ္ဏဘူမိကို ဝင်ဝင်ချင်း ထူးခြားသည့် အရောင်များကို အရင်ဆုံး မြင်မိသည်။ အပြာဆိုလည်းအပြာ မှိုင်းမှိုင်း၊ အနီကျတော့ ရှားရောင် ဘက်ကို ပိုနီးမည်၊ အစိမ်းဆိုလည်း မတောက်ပဘဲ တည်ငြိမ်သည့် အစိမ်းရင့်၊ ပြီးတော့ ရွှေအိုရောင်၊ အနက်နှင့် အညိုမှိုင်းမှိုင်းကို ပန်းချီကားတိုင်းနီးပါးတွင် ဖောက်ယှက်ထားသည်။

ပန်းချီနေမျိုးဆေး၏ “ရှေး တခေတ်တခါက အမျိုးသမီးများ” (Women of the ancient Days) ဟု အမည်ပေးထားသည့် ပန်းချီပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီပြခန်းတွင် ဒီဇင်ဘာ ၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ ပြသထားမည် ဖြစ်သည်။
ရှေးတခေတ်တခါက အမျိုးသမီးများ ဆိုသည့်အမည် ပေးထားသည့်အတိုင်း ပန်းချီနေမျိုးဆေး သုံးထားသည့်အရောင်များက ရှေးဆန်နေသည်။ ရှေးခေတ် ပန်းချီကားများတွင် မြင်တွေ့ရသည့်အရောင်များကိုတွေ့ရသည်။ ရှေးခေတ် ကျောင်း၊ ဇရပ်၊ အိမ်ဟောင်းကြီးများထဲမှ ပန်းချီကားများကို ကြည့်နေရသလို ခံစားလိုက်ရသည်။
ပန်းချီနေမျိုးဆေးကတော့ သူ့စိတ်ကြိုက် အရောင်များကို အောက်ခံသုတ်ပြီး ထိုအောက်ခံပေါ်မှ သူစိတ်ကူးရသည့် အမျိုးသမီးများ ကို ထပ်ဆင့်ရေးချယ်လိုက်ခြင်းသာ ဖြစ်သည်ဟုဆိုသည်။ သူရေးဆွဲသည့် အမျိုးသမီးများအားလုံးမှာ ရှေးခေတ်မြန်မာများ ဖြစ်သောကြောင့် အသားညိုညို၊ မေးရိုးခိုင်ခိုင်နှင့် ဖြစ်သည်။
ပြပွဲလာသည့် ပရိသတ်အများစုကတော့ ပန်းချီနေမျိုးဆေးသည် အမျိုးသမီးတဦးတည်းကို ရှုထောင့်အမျိုးမျိုးက ရေးဆွဲထားခြင်း ဖြစ်မည်ဟု သုံးသပ်ကြသည်။
အဆိုပါအမြင်နှင့် ပတ်သက်၍ ပန်းချီနေမျိုးဆေးက “ကျနော်က ရှေးမြန်မာများဆိုတဲ့စာအုပ်၊ နောက်တော့ တခြား ရှေးခေတ်က မိန်းမတွေရဲ့ ဓာတ်ပုံတွေကို ကိုးကားပြီးဆွဲတာပါ။ ကိုးကားဆွဲတယ်ဆိုပေမယ့် ကြည့်မဆွဲပါဘူး။ တယောက်တည်းရဲ့ ပုံလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာ စွဲနေတဲ့အတိုင်း အလွတ်ဆွဲလိုက်တာဆိုတော့ မျက်နှာတွေက တူနေတာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ပန်းချီနေမျိုးဆေးက ရှေးခေတ်အမျိုးသမီးများဟု အမည်တပ်ထားသော်လည်း တခြားနိုင်ငံက အမျိုးသမီးများမပါဘဲ မြန်မာအမျိုး သမီးများ၏ ပုံများကိုသာ ရေးဆွဲထားခြင်းဖြစ်သည်။ သူက ၂၀၀၁ ခုနှစ်ကတည်းက အငြိမ့်မင်းသမီးပုံများကို စိတ်ဝင်တစား စိုက်လိုက် မတ်တပ် ရေးဆွဲခဲ့သည်ဟု ဆိုသည်။ “ကခြေသည်များ” ဆိုသည့်အမည်ဖြင့်လည်း နိုင်ငံရပ်ခြား ပြပွဲ ၂ ကြိမ် ပြသခဲ့ဖူးသည်။
“ကျနော်က မင်းသမီးတွေ ဆင်ရင်တဲ့ ပုတီးတွေ၊ ဆံထိုးတွေ၊ ပန်းတွေ၊ ဆံထုံးတွေကို ဆွဲရတာ ဝါသနာပါတယ်။ ရှေးခေတ် မိန်းမတွေကလည်း အဲဒီလို ဆင်ရင်တာဆိုတော့ ဒီခေါင်းစဉ်နဲ့ ဆွဲဖြစ်သွားတာပါ။ တခြားနိုင်ငံက မိန်းမတွေကိုတော့ ဆွဲဖို့ အစီအစဉ်မရှိပါဘူး” ဟု ပန်းချီနေမျိုးဆေးက ပြောသည်။
ယခုပြပွဲတွင် ပန်းချီကား စုစုပေါင်း ၂၁ ကား ပြသထားပြီး အဖြူပေါ်တွင် အနက်ရောင်ဖြင့် ရေးခြစ်ထားသည့် ပန်းချီကားများလည်း ပါဝင်သည်။ အမျိုးသမီးများ၏ ရုပ်ပုံများကို အဓိကထားပြသထားသော်လည်း ရှေးခေတ် မင်းသားတပါး၏ အဖြူအမည်း ပုံတပုံကိုပါတွေ့ရသည်။
“ပုတီးတွေ၊ ပန်းတွေ ဆင်ရင်တာကို ဆွဲချင်တာဆိုတော့ မင်းသားတပါးပုံပါ ပါသွားတယ်။ မထူးတော့ဘူးဆိုပြီး ပြလိုက်တာ” ဟု ပန်းချီနေမျိုးဆေးက ဆိုသည်။
သူ့ပန်းချီကားများ၏ တန်ဖိုးမှာ အများဆုံး ဒေါ်လာ ၃၀၀၀ (ကျပ် သိန်း ၃၀ ကျော်) ရှိပြီး အနည်းဆုံး ဒေါ်လာ ၃၀၀ (ကျပ် ၃ သိန်း ဝန်းကျင်) ဖြစ်သည်။
ယခုတကြိမ်နှင့်ပါဆိုလျှင် ပန်းချီနေမျိုးဆေး ချင်းမိုင်တွင် တကိုယ်တော်ပြပွဲ ပြသသည်မှာ ၃ ကြိမ်ရှိပြီဖြစ်သည်။ ပထမတကြိမ်က “မြန်မာခေတ်ပြိုင် အနုပညာပြပွဲ” ဟု အမည်ပေးထားပြီး ၂၀၀၇ ခုနှစ်က ချင်းမိုင်တက္ကသိုလ် အနုပညာပြတိုက်တွင် ပြသခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်တော့ “အငြိမ့်” ဟု အမည် ပေးထားသည့် ပန်းချီကားများကို သုဝဏ္ဏဘူမိတွင်ပင် ပြသခဲ့သည်။
ပန်းချီနေမျိုးဆေးသည် တကိုယ်တော်နှင့် အဖွဲ့လိုက် ပန်းချီပြပွဲများအဖြစ် ပြည်တွင်းတွင် ၁၀ ပွဲခန့်၊ ပြည်ပတွင် ၁၃ ပွဲခန့် ပြသခဲ့ပြီး ဖြစ်သည်။ သူက MBBS ဘွဲ့ရခဲ့ပြီး တေးရေး၊ တေးဆို အလုပ်များကိုလည်း လုပ်ကိုင်ခဲ့သူဖြစ်သည်။
ကိုနေမျိုးဆေး၏ မိခင် စာရေးဆရာမ ဒေါ်ခင်သူသူဝင်းက ယခုပြပွဲနှင့်ပတ်သက်၍ “သူက မိန်းမလှလှတွေရဲ့ ပုံကိုမဆွဲဘဲ မျက်နှာလေးထောင့်နဲ့ ရှေးမြန်မာမိန်းမတွေရဲ့ ဝတ်စားဆင်ရင်ပုံကို ပြချင်တာ” ဟု ဆိုသည်။
ပန်းချီနေမျိုးဆေး၏ “ရှေးတခေတ်တခါက အမျိုးသမီးများ” တွင် အရောင်များ၏ ဖမ်းစားမှုအပြင် နောက်ထပ်ထူးခြားချက် တခုရှိသေးသည်။ ထိုအရာကတော့ ပန်းချီကားများထဲမှ အမျိုးသမီးများ၏ မျက်လုံးများဖြစ်သည်။
မျက်လုံးအားလုံးမှာ မျက်အိမ်ကျယ်ကျယ်နှင့် ဆွဲဆောင်မှုရှိသည်၊ အားလုံး၏အကြည့်မှာ တည်ငြိမ်သည်၊ မျက်လုံးများက တူညီသယောင် ထင်ရသည်။ ထို့ကြောင့်လည်း ပြပွဲလာသည့် ပရိသတ်များက အမျိုးသမီးတဦးတည်းကို ရှုထောင့်မျိုးစုံဖြင့် ရေးဆွဲထားသည်ဟု ထင်ကြေးပေးကြခြင်းဖြစ်မည်။
အဆိုပါ ပြပွဲကို ကြည့်ရှုခဲ့သည့် မြန်မာ ပန်းချီဆရာမတဦးကလည်း “အငြိမ့်ထက်စာရင် အခုပြထားတဲ့ ကားတွေက Expression ပါတယ်။ အငြိမ့်ကတော့ အလှုပ်ပေါ့၊ ခုကားတွေက ခပ်ပြားပြား ငြိမ်ငြိမ် ဆွဲထားပေမယ့် မျက်လုံးတွေက အသက်ဝင်တယ်” ဟု သုံးသပ်သည်။
ပန်းချီနေမျိုးဆေးသည် ယခုတကြိမ်ပြပွဲတွင် ယခင်အကြိမ်များနှင့် မတူဘဲ သူပြချင်သည့် အကြောင်းအရာကို ရဲရဲတင်းတင်း ပြသသည်ဟု မြင်ကြောင်း ချင်းမိုင်အခြေစိုက် ပန်းချီ၊ ကာတွန်းဟန်လေးက ဆိုသည်။
“သူ့စိတ်ထဲရှိတာကို လျှိုမထားဘဲ ပြတယ်လို့မြင်တယ်။ ဒီတခေါက်ပြပွဲကို ကျနော်တော့ သဘောကျတယ်” ဟု သူက ဆက်ပြောသည်။

vrijdag 4 december 2009

“ တစညပါတီ အလိုမရှိ” ပိုစတာကပ်သူများ အဖမ်းခံရ

Friday, 04 December 2009 19:15 ဘစောတင်
.ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ “တစညပါတီ အလိုမရှိ” စာတန်းပါ ပိုစတာ ကပ်သော လူငယ် ၂ ဦး ယမန်နေ့က ဖမ်းဆီးခံရကြောင်း ဒေသခံများက ဆိုသည်။

သဘောင်္ဆိပ် အနီးရှိ အုတ်နံရံပေါ်တွင် အဆိုပါ ပိုစတာများကို ကပ်နေစဉ် လုံခြုံရေး လှည့်လာသည့် ရဲတပ်ဖွဲ့ က ည ၉ နာရီ ခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဖမ်းဆီးပြီးတော့ မကြာခင်မှာဘဲ ဘူးသီးတောင်အခြေစိုက် စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) ကို ခေါ် သွားပါတယ်၊ ဒီနေ့ ညနေပိုင်းထိတော့ ပြန်မလွတ်သေးဘူး”ဟု ဘူးသီးတောင် ဒေသခံ တဦးက ဆိုသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)သည် ရခိုင်ပြည်နယ် မောင်တော၊ ရသေ့တောင် မြို့ နယ် များအတွင်းရှိ ကျောက်ပန်းတူ၊ အလယ်သံကျော်၊ အင်းဒင်၊ မြင်းလွတ်၊ ကူတောင်ရွာများတွင် နိုဝင်ဘာလ၂၆ ရက်မှ စတင်၍ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းလျက် ရှိကြောင်း၊ အိမ်ထောင်စု တစုလျှင် ခြုံ စောင်နှင့် အနွေးထည် တထည်၊ ဆန်တတင်းနှင့် စားဆီ တပုလင်းစီ ပေး၍ စည်းရုံးနေကြောင်းလည်းဒေသခံ များက ဆိုသည်။
ယင်းသို့ စည်းရုံးရေးဆင်းနေစဉ်အတွင်း ကျောက်ပန်းတူ ရွာမှ ကိုသန်းဝင်း ဆိုသူသည်လည်း တစည ပါတီကို အယုံအကြည်မရှိသကဲ့သို့ ထောက်ခံမဲမပေးနိုင်ကြောင်း ပြောသဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့်ကွပ်ကဲရေး (နစက)အဖွဲ့၏ ခေါ်ယူ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရကြောင်း ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ်က ပြောသည်။
“တစည ပါတီက ဦးဘသိန်းတို့ စည်းရုံးဟောပြောနေစဉ်အတွင်း ကိုသန်းဝင်းက တစည ပါတီကို အယုံ အကြည် မရှိကြောင်း ထပြောခဲ့တယ်။ ဒါကြောင့် ကိုသန်းဝင်းကို နစက ရုံးစိုက်တဲ့မြင်းလွတ် ရွာကို ခေါ်သွား ပြီးတော့ တနေကုန် စစ်ဆေးခဲ့ပါတယ်”ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုကျော်ခိုင်က ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များမှာမူ လှုပ်ရှားခွင့်မရှိခြင်းကြောင့် တရားမျှတခြင်း မရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တစညပါတီအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း(ကြံ့ဖွံ့)ကလည်း ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်များတွင် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရသေ့ တောင် မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုထွန်းလှိုင်က ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ပြည်ပ)မှ ဥက္ကဌ ဖြစ်သူ ဦးထွန်းဝင်းကလည်း တစည၊ ကြံ့ဖွံ့ တို့က စည်းရုံးလှုံ့ ဆော် ခွင့်ရပြီး ဒီမိုကရေစီ အင်အားစုများကို စည်းရုံးလှုံ့ ဆော်ခွင့် မပေးခြင်းသည် လုံးဝတရားမျှတမှုမရှိကြောင်းနှင့် ဒီမိုကရေစီနည်းမကျကြောင်း ပြောဆိုသည်။
“ကျနော်တို့ အနေနဲ့လာမယ့် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီစနစ်မကျတဲ့အတွက် လက်မခံနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ၊ မထောက်ခံဘူးလို့ ပြောတဲ့သူကို ဖမ်းဆီးခေါ်ယူစစ်မေးတယ်ဆိုတာ ဒီမိုကရေစီ ရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်လိုက် တာဖြစ်တယ်လို့ ပြောချင်တယ်၊ အခုလို ပြည်သူက သူတို့ ဆန္ဒကို ဖော်ထုတ်တာကိုတောင် အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက် ဒီမိုကရေစီ မဲ့နေမလဲဆိုတာကို ဖော်ပြနေတယ်လို့ပြောချင်ပါတယ်”ဟု ၎င်းကဆိုသည်။

donderdag 3 december 2009

နာဂအဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်

    

နှစ်သစ်ကူးပွဲတော်တခုတွင် တွေ့ရသော နာဂ ကလေးငယ်များ (ဓာတ်ပုံ - saila110)
Thursday, 03 December 2009 19:43 ဇာနည်မာန်
.အိန္ဒိယ မြန်မာနယ်စပ် အခြေစိုက် နာဂ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NNLD) က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် စစ်အစိုးရကို တောင်းဆိုလိုက်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်မည့် အစီအစဉ်ကို ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

စစ်အစိုးရစိတ်ကြိုက် တဖက်သတ် ရေးဆွဲ အတည်ပြုထားသည့် အခြေခံဥပဒေကို အမှီပြု၍ ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အထောက်အပံ့ ပေးမည်သာ ဖြစ်ကြောင်း NNLD က ဆိုသည်။
“၂ဝဝ၈ မှာ လုပ်ခဲ့တဲ့ အခြေခံဥပဒေ ထောက်ခံတဲ့ ဆန္ဒခံယူပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒကို ခံယူတာ မဟုတ်ဘဲ အတင်းအဓမ္မ သဘောမတူလည်း တူရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ခဲ့တာ။ ထပ်ပြီးတော့ ဒါကို အခြေခံပြီးတော့ ပြုလုပ်မယ် ဆိုတဲ့ ရွေးကောက်ပွဲဟာ အမှန်ဖြစ်လာဖို့က မယုံကြည်တဲ့အတွက် ကျနော်တို့က လုံးဝ အဲ့ဒါ ကန့်ကွက်တယ်” ဟု NNLD ဥက္ကဋ္ဌ ဦးစောဆက ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရ၊ ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား အင်အားစုများ သုံးပွင့်ဆိုင် ဆွေးနွေးပြီး အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်သုံးသပ်ရန် လိုအပ်သည်ဟု သူကဆိုသည်။
“ဒီသုံးပွင့်ဆိုင်ကနေ စပြီးတော့ နိုင်ငံရေးဆွေးနွေးမယ်၊ ပြီးတော့ အခြေခံ ဥပဒေဟာ ပြန်ပြီးတော့ ရေးဆွဲရမယ်။ အခု စစ်တပ်က သူကြိုက်တဲ့ ပုံစံ၊ တဦးတည်း တယောက်တည်းက ဆွဲထားတဲ့ အခြေခံ ဥပဒေ ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။
NNLD သည် ၁၉၈၉ ခုနှစ်မှ စတင်ပြီး အိန္ဒိယမြန်မာနယ်စပ်တွင် လှုပ်ရှားနေသော အဖွဲ့ ဖြစ်သည်။ ယနေ့ NNLD က ထုတ်ပြန်သော ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကြေညာချက်တွင် နာဂတောင်တန်းဒေသကို နာဂပြည်နယ်အဖြစ် သတ်မှတ်လိုသည်ဟုလည်း ဖော်ပြထားသည်။
နာဂပြည်နယ်အဖြစ် ၎င်းတို့ သတ်မှတ်လိုသည့် ဒေသတွင် စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းဒေသရှိ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ လေရှီး၊ ခန္တီး၊ လဟယ်၊ နန်းယွန်း စသည့် မြို့နယ်များနှင့် ကချင်ပြည်နယ်အတွင်းရှိ တနိုင်းမြို့နယ်တို့ ပါဝင်သည်။ ထိုမြို့နယ်များသည် နာဂတောင်တန်းဒေသတွင် တည်ရှိသည်။
ယခုအခါ အာဏာပိုင်တို့က နာဂတိုင်းရင်းသားများ နေထိုင်ကြရာ ထိုဒေသများတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မက်လုံးပေး စည်းရုံးနေသည် ဟုလည်း သူက ဆိုသည်။ ထိုဒေသတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူ ဒေသခံများကိုလည်း သူက အပြစ်တင်လိုက်သည်။
“ဒီလူတွေဟာ နိုင်ငံရေးမှာ နာဂပြည်သူတွေကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ သူတို့ဟာ သမိုင်းတရားခံတွေပဲလို့ ကျနော်တို့က ဒီလိုပဲ ပြောဖို့ရှိတယ်” ဟု သူက ပြောသည်။
နာဂပြည်သူများ နေထိုင်ရာ ဒေသမှာ လမ်းပန်း ဆက်သွယ်ရေး ညံ့ဖျင်းမှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဖွံ့ဖြိုးမှု နှောင့်နှေးနေသည်။
နယ်မြေခံ စစ်တပ်များက လုပ်အားပေး စေခိုင်းခြင်း၊ လယ်ယာမြေများ သိမ်းယူခြင်း၊ ရွာများ ရွှေ့ပြောင်းခြင်းများ စသည့် သတင်းများလည်း ထိုဒေသမှ မကြာခဏ ထွက်ပေါ်လာတတ်သည်။

မြန်မာ့အရေး မအောင်မြင်သော ဂန်ဘာရီ ဒါဖာ အရေးဘက် ပြောင်းမည်

    

ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးနေသော မစ္စတာ ဂန်ဘာရီကို တွေ့ရစဉ် (Photo: Getty Images)
Thursday, 03 December 2009 19:35 ရန်ပိုင်
.ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်ဂန်ဘာရီ ကို ဆူဒန်နိုင်ငံ ဒါဖာအရေး ဖြေရှင်းရန်အတွက် ပြောင်းလဲ တာဝန်ပေး လိုက်ကြောင်း ကုလသမဂ္ဂက ပြောသည်။

“အာဖရိကတိုက် ဆူဒန်နိုင်ငံ ဒါဖာဒေသ အရေးအတွက် အာဖရိကသမဂ္ဂနဲ့ ကုလသမဂ္ဂ ပူးတွဲညှိနှိုင်း ဆောင်ရွက်ရေးဌာန (UNAMID) ပူးတွဲ ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်တာပါ၊ လာမယ့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ စတင် တာဝန် ထမ်းဆောင်မယ်”ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရုံးမှ ပြောရေးဆိုခွင့် ရှိသူ မာရီ အိုကာဘီ (Marie Okabe ) ကပြောသည်။
မစ္စတာ ဂန်ဘာရီ၏ မြန်မာ့အရေးကိစ္စ ဆောင်ရွက်ချက်များကို တခြားသော ကုလသမဂ္ဂလူ့အခွင့် အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ ပြတ်သားသော လုပ်ဆောင်ချက်များနှင့် နှိုင်းယှဉ် ကြည့်လျှင် ၎င်းသည် မိမိကိုယ်ကို မထိခိုက်စေရန် လုပ်ဆောင်နေသူ၊ ယုံကြည်ချက်ကို ပြတ်သားစွာ မလုပ်ဆောင်သူဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်
“မြန်မာ့အရေးကိုတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမတွေ့ရဘူး၊ သူပြောင်းပြီး နောက်တယောက်လာမယ်ဆိုရင် ကြိုဆို တယ်၊ သူ့ကိုတော့ သိပ်မဆက်ဆံချင်ဘူး၊မြန်မာ့အရေးကို ကုလသမဂ္ဂမှာ ပြန်တင်ပြတဲ့အခါ အကုန်မတင်ပြဘူးလို့ထင်တယ်”ဟု ၎င်းက ဆိုသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအတွင်း မစ္စတာဂန်ဘာရီ လာရောက်ခဲ့သော်လည်း မြန်မာ့ အရေးကို အောင်မြင်စွာ မဆောင်ရွက်နိုင်ခဲ့ကြသည့် ယခင်ကုလသမဂ္ဂကိုယ်စားလှယ်များကဲ့သို့ ၎င်းအပေါ်တွင် သံဃာတော်များအနေဖြင့် ယုံကြည်ကိုးစားမှု မရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် အရှင်ဣဿရိယက မိန့်ကြားသည်။
“တော်လှန်ရေးအချိန်ကာလ အတွင်းမှာ လာတယ်ဆိုပေမယ့် သံဃာတွေကို ဖမ်းဆီးနေတာ၊ သတ်ဖြတ် ရိုက်နှက်နေတာတွေကို အဲ့သည့်ကာလတုန်းက ဘာမှ လုပ်ပေးနိုင်တာမရှိဘူး”ဟု မစ္စတာ ဂန်ဘာရီနှင့် ပတ်သက်၍ ဆရာတော်ကမိန့်သည်။
မစ္စတာဂန်ဘာရီသည် အကျပ်အတည်းဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးတွင် ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သော် လည်း စစ်အစိုးရနှင့် ဒီမိုကရေစီလိုလားသူများအကြားတွင် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်စေရန်အတွက် မဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ အထူးသဖြင့် သဘောထားတင်းမာသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် မစည်းရုံးနိုင်ခဲ့သူ တဦး ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။
“မစ္စတာဂန်ဘာရီက မြန်မာပြည်ကိစ္စအတွက် သံတမန်လို့သာ ပြောရတယ်၊ အောင်မြင်တဲ့သံတမန်တယောက် တော့မဟုတ်ဘူး၊ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်အောင်မှ မလုပ်နိုင်တာ”ဟု ၎င်းကဆို သည်။
မစ္စတာဂန်ဘာရီသည် သံဃာတော်များဦးဆောင်သော ရွှေဝါရောင် တော်လှန်ရေးကာလ အတွင်းက မြန်မာနိုင်ငံသို့လာရောက် ခဲ့သော်လည်း စစ်အစိုးရအား မည်သည့် ပြောင်းလဲမှုမျှ ဖြစ်ပေါ်ရန် မပြုလုပ်နိုင်ခဲ့ ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အရေးကိစ္စကို ဆက်လက်ဆောင်ရွက်ရန် တာဝန်ပေးလျှင်လည်း တစုံတရာ တိုးတက်မှု ရရှိလိမ့်မည် မထင်သည့်အတွက် ယခုကဲ့သို့ အာဖရိက တိုက် ဆူဒန်နိုင်ငံ ဒါဖာအရေးအတွက် ကိုင်တွယ် ဖြေရှင်းရန် ပြောင်းလဲတာဝန်ပေးခြင်း ဖြစ်မည်ဟုထင်ကြောင်း သခင်ချန်ထွန်းက သုံးသပ်သည်။
မစ္စတာဂန်ဘာရီသည် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ် တာဝန်ယူထားစဉ် ၂၀၀၆ ခုနှစ် တွင် နှစ်ကြိမ် သွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ၆ ကြိမ် သွားရောက်ခဲ့သည်။ နောက်ဆုံးလာရောက်သည့် ခရီးစဉ်သည် ပြီးခဲ့သည့် ဇွန်လအတွင်းကဖြစ်သည်။

woensdag 2 december 2009

မြန်မာ့ အမျိုးသမီးအရေး အလေးထားရန် တောင်းဆို

 

တောင်အာရှ အမျိုးသမီးများနေ့တွင် နယူးဒေလီရောက် မြန်မာအမျိုးသမီးများမှ “မိန်းကလေးမို့” သီချင်းကို သီဆိုဖျော်ဖြေခဲ့ကြသည် (ဓာတ်ပုံ - ဇာနည်မာန်/ဧရာဝတီ)

Wednesday, 02 December 2009 16:48 ဇာနည်မာန်
.မြန်မာ စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံတွင်းရှိ အဖိနှိပ်ခံ အမျိုးသမီးများ အရေးကို အလေးထား ဆောင်ရွက်ရန် တောင်အာရှ အမျိုးသမီးများ အဖွဲ့က တောင်းဆိုတိုက်တွန်း လိုက်သည်။

တောင်အာရှနိုင်ငံများတွင် ပါဝင်သော မြန်မာနိုင်ငံမှ အမျိုးသမီးထုအရေးကို စစ်အစိုးရက အလေးထားမှုမရှိဘဲ ဖိနှိပ်မှုများ ဆက် လက်ဖြစ်ပေါ်နေသည်ဟုလည်း နိုဝင်ဘာ ၃၀ရက်နေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီတက္ကသိုလ် Sir Shanker Lal Concert Hall ၌ ယင်းအဖွဲ့က ကျင်းပသော ၇ နှစ်မြောက် တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“မြန်မာစစ်အစိုးရအနေနဲ့ အမျိုးသမီးတွေအရေးကို တကယ်ပဲ အလေးထားပြီး လုပ်ပေးဖို့ လိုနေပါတယ်။ နောက်ပြီးတော့ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးအတွက် လုပ်နေတဲ့သူတွေရဲ့ တောင်းဆိုနေတာတွေကိုလည်း ဖြည့်ဆည်းပေးပါလို့ ဒီနေရာကနေ ကျမတို့ တောင်းဆိုလိုပါတယ်”ဟု တောင်အာရှ အမျိုးသမီးများအဖွဲ့မှ Anchal Kapur က ဧရာဝတီသို့ပြောသည်။
နယ်စပ်ဒေသရှိ တိုင်းရင်းသူ အမျိုးသမီးများအပေါ် ဖိနှိပ်နေမှုများ၊ အခြားဒေသများရှိ အမျိုးသမီးများ၏ အခွင့်အရေးများရရှိစေရန် ဆောင်ရွက်ပေးမှုများ မရှိခြင်း၊ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားသူ အမျိုးသမီးများကို ထောင်သွင်း အကျဉ်းချခြင်း၊ အကျဉ်းထောင် တွင်း၌ အမျိုးသမီး အခွင့်အရေးများ ဆုံးရှုံးရခြင်းတို့ကို ၎င်းက ထောက်ပြဝေဖန်သည်။
ထို့အတူ အိန္ဒိယနိုင်ငံ လေဒီရှရီရမ် ကောလိပ်ကျောင်းသူဟောင်းတဦးဖြစ်သည့် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရ သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တစိတ်တ၀မ်းတည်းရှိကြောင်း အားပေး ပြောကြားလိုသည်ဟုလည်း ဆိုသည်။
ဒေလီတက္ကသိုလ်၊ အမျိုးသမီးရေးရာနှင့် ဖွံ့ဖြိုးတိုးတက်မှု ပညာဌာနမှ ပါမောက္ခ Vibha Chaturvedi ကလည်း“ကျမတို့ တောင် အာရှ တိုင်းပြည်တွေက အမျိုးသမီးတွေအားလုံးဟာ တူညီတဲ့ ယဉ်ကျေးမှုတွေ ရှိကြသလိုပဲ ဖိနှိပ်ခံရမှုတွေမှာ လည်း အတူတူပဲ ဖြစ်တယ်။ တောင်အာရှ အမျိုးသမီးတွေအရေးကို နိုင်ငံတကာကလည်း ပစ်ပယ်မထားဖို့ လိုပါတယ်။ ဒီတောင် အာရှ အမျိုးသမီး နေ့ဆိုတာ ဖိနှိပ်မှုတွေခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ ထပ်တူတစိတ်တ၀မ်းတည်းရှိနေတာကို ပြသလိုက်တာပါပဲ”ဟု ပြောသည်။
အိန္ဒိယ အစိုးရ အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေသော မြန်မာစစ်အစိုးရထံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ နေမှုကို ရပ်တန့်၍ မြန်မာ့ဒီမိုကရေစီရေးအတွက် ပူးပေါင်းပါဝင်သင့်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသော Jawaharlal Nehru University မှ ပါမောက္ခ Kamal Mitra Chenoy ကလည်း တိုက်တွန်းပြောဆိုသွားသည်။
ယခုအခမ်းအနား တက်ရောက်လာသော နိုင်ငံအသီးသီးမှ အမျိုးသမီးအဖွဲ့များ၊ အမျိုးသမီးရေးရာ ဖွံ့ဖြိုးမှု လုပ်ဆောင်နေသူများက နိုင်ငံတကာမှ တောင်အာရှ အမျိုးသမီးများခံစားနေရသည်များကို လျစ်လျူရှုခြင်းမပြုရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ အမျိုးသမီး အခွင့်အရေးများကို လေးစားလိုက်နာရေး၊ လက်နက်နှင့် အနိုင်ကျင့်စိုးမိုးမှုများ ပပျောက်ရေး၊ လက်နက် မှောင်ခိုနှင့် လက်နက်ရောင်းဝယ်ဖောက်ကားခြင်းများကို ရပ်တန့်ရန် လှုံ့ဆော်ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။
အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ သဘာပတိအဖွဲ့ဝင် မသင်းသင်းအောင်ကလည်း“မြန်မာနိုင်ငံ အပါအ၀င် တောင်အာရှ နိုင်ငံတွေ အားလုံးမှာက အမျိုးသားတွေပဲ ကြီးစိုးတဲ့ ဖိုဝါဒ စနစ်က တူညီနေတယ်။ တချက် မတူတာကတော့ မြန်မာနိုင်ငံမှာက စစ်အစိုးရ ကိုယ်တိုင်ကိုက လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုကို လက်နက်သဖွယ်အသုံးချပြီး အမျိုးသမီး ထုကို ဖိနှိပ်မှုက ကြီးမားတယ်။ အခုလို တောင်အာရှအမျိုးသမီးတွေက ကျမတို့ကို ပူးပေါင်းတွဲခေါ်တာရှိတော့ ကျမတို့ အတွက် အားရှိပါတယ်”ဟု ပြောဆိုသည်။
မြန်မာစစ်အစိုးရက ဖွဲ့စည်းထားသော အမျိုးသမီးရေးရာအဖွဲ့မှာလည်း ထိရောက်သည့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေးများကို လုပ်ဆောင်ရန်လိုအပ်ကြောင်း သူက ထောက်ပြပြောဆိုသည်။
အဆိုပါအခမ်းအနားတွင် မြန်မာတိုင်းရင်းသူ အမျိုးသမီးများခံစားနေကြရသည့် ဖိနှိပ်မှုများကို မြန်မာနိုင်ငံအမျိုးသမီးများ အဖွဲ့ချုပ်မှ ဗီဒီယို မှတ်တမ်းခွေများဖြင့် တင်ပြခဲ့သည်။
ထို့အတူ တိဘက်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အိန္ဒိယ စသည့်နိုင်ငံများမှလည်း ဒေသ တွင်းရှိ အမျိုးသမီးများခံစားနေရသည်များ ကို တင်ပြခြင်း၊ ရိုးရာအကများဖြင့် ဖျော်ဖြေခြင်း၊ အခမ်းအနား အဆုံးသတ်ချိန်တွင် အဖိနှိပ်ခံ အမျိုးသမီးထုနှင့် ထပ်တူရှိကြောင်း ဖော်ပြသည့်အနေဖြင့် ဖယောင်းတိုင်မီးထွန်းညှိခြင်း တို့ကို ပြုလုပ်ကြသည်။
တောင်အာရှအမျိုးသမီးများနေ့ကို ၂၀၀၂ ခုနှစ်က တောင်အာရှနိုင်ငံများဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာစသည့် နိုင်ငံများမှ ကျောင်းသူများက စတင်ကျင်းပခဲ့ကြပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လူထုဒေါ်အမာ (သို့မဟုတ်) ပြည်သူချစ်သော ကလောင်ရှင်

  

လူထု ဒေါ်အမာ
Tuesday, 01 December 2009 15:30 ဘိုဘိုလန်းစင် .(၁)

“လူရဲ့ အမွန်မြတ်ဆုံး လုပ်ဆောင်မှုက ကိုယ်ကျိုးစွန့်ပြီး မေတ္တာ စေတနာနဲ့ သူများအကျိုးကို ရွက်ဆောင် ပေးခြင်းပဲဖြစ်တယ်။ ငါ့သားလူဖြစ်ရကျိုး နပ်အောင် တစ်ခုခုတော့ လုပ်နိုင်စေချင်တယ်။ ဘာလုပ်သင့်တယ်၊ ဘာကို လုပ်မယ်ဆိုတာ သားဘာသာ စဉ်းစားဆုံးဖြတ်ပေါ့။ …
ဘိုဘို့မှာ အသိပညာတွေ လုံလောက်အောင် စုဆောင်းမိမှာကို အဘွားသံသယမရှိဘူး၊ အဲဒီအသိတွေနဲ့ လူနဲ့လူချင်းအတွက် ဘိုဘိုက အနစ်နာခံဆောင်ရွက်ပေးတဲ့ မွန်မြတ်တဲ့ လူသားတစ်ဦး ဖြစ်လာစေချင်တယ်။ စာအုပ်တွေနဲ့အတူ၊ သက်ရှိလူတွေကိုလည်း ဘိုဘိုစိတ်ဝင်စားစေချင်သေးတယ်။ ဘိုဘို့ဦးနှောက်ထဲမှာ ရှိတဲ့ ပညာတွေ၊ အသိတရားတွေကို တခြားလူတွေအတွက် အသုံးချပေးနိုင်တဲ့ မြေးကလေးဖြစ်လာပါစေလို့ အဘွားဆန္ဒပြုပါတယ်။ …”
၇ တန်းနှစ်မှစ၍ မွေးနေ့တိုင်းဤသို့ အမှတ်တရ စာလေးများရေးပေးလေ့ရှိသည်မှာ နောက်ပိတ်ဆုံး ကျနော်ဘွဲ့ရသည့် ၂၀၀၆ ဖေဖော်ဝါရီလအထိပင်တည်း။ အတူနေမြေး ၅ ယောက်စလုံးကို အစဉ်ပြောဆိုဆုံးမခဲ့ရုံသာမက မှတ်မှတ်သားသားဖြစ်အောင် စာကလေးတွေရေး ဆုံးမခဲ့ခြင်း၏ တန်ဖိုးကို အဘွားမရှိမှ ကောင်းကောင်းသိပါပြီ။
သို့ပေမယ့် တနိုင်ငံလုံးနှင့် ကမ္ဘာအရပ်ရပ်က မြန်မာစာဖတ် လူငယ်များအတွက် ရည်စူးရေးသားခဲ့သည့် အမေ့ရှေးစကားဆောင်းပါးများ ရေးစက အဘွားက ဘာလို့ အဘွားကြီးလေနဲ့ အမေ၊ အမေဆိုပြီး ရေးရပါလိမ့်၊ တသက်လုံး ကျမလို့ ရေးလာတာပဲဟု စလုံးစခု ဖြစ်မိပါသေးသည်။ ထိုစဉ်ကပင် ၈၀ နားကပ်နေသည့် ကိုယ့်အဘွားကို နောက်နှစ်တွေအကြာကြီး နေဦးမည်ဟု ထင်နေခဲ့သည်ကိုး။
(၂)
အဘွားနှင့် လူချင်းမတွေ့ဘူးလိုက်သူများက သူ့ကို အင်မတန့်သိက္ခာကြီးနှင့် ဧရာမအာဇာနည်မိန်းမကြီးလို ခန့်ခန့်ကြီးနေလိမ့်မည်ဟု တွေးကြောက်သည်ကို တွေ့ဖူးပါ၏။ အသက် ၈၀ ကျော်ထိ တအိမ်လုံးက လူ ၁၅ ယောက်လောက်စာ ဈေးဝယ်ပြီး ဆိုက္ကားစီးပြန်သည့် အဘွားအကြောင်းပြောပြကာ ကိန်းကြီးခန်းကြီး မနိုင်ရပါကြောင်း ရှင်းပြရသည်။
မမြရင်သီချင်းများ၊ ညွန့်ညွန့်စိန်၏ မှန်ကြိုက်သူ သီချင်းစသည်တို့ကို လိုက်ညည်းနေတတ်သည့်၊ ဟာသတွေ အရွှန်းတွေဖောက်ရင်း ပြုံးနေတတ်သည့် သူ့ရုပ်ပုံကို မျက်စိထဲက ဖျောက်မရပေ။ စာရေးဆရာမဆိုပြီး အိမ်မှုကိစ္စတွင် ရှော်သည့် (အဘွားစကားနှင့် ရှော်လကွီး ဂွီး) ဆိုသည့် အစားထဲကလည်း မဟုတ်ပါ။ မန္တလေးပုံစံ အစားအသောက်ကို စုံစုံကောင်းကောင်းနှင့် ရှာရှာဖွေဖွေစီမံစားတတ်ပြီး အဆီအအိမ့်၊ ဘိုစာ၊ တရုတ်စာတွေထက် တောစာ၊ တောငှက်၊ တောအရွက်တွေကို ခုံခုံမင်မင်ရှိလှသည်ကို အောက်မေ့လှပါ၏။
လူကြီးဆိုပြီး သူ့အတွက်သီးသန့်ပြင်ပေးသည့် အစားအသောက်ဟူသမျှကိုလည်း “ဟေ့…. မင်း စားပါကွ…။ ငါမကြိုက်လို့..” ဆိုပြီး မြေးတွေပန်းကန်ထဲ ထည့်ပေးတတ်သည့် မြန်မာအဘွားတယောက်သာ ဖြစ်ပါသည်။
သူနှင့်နေရသူအားလုံးစိတ်တွင် ဘယ့်အတွက်မှ စနိုးစနောင့်မဖြစ်အောင် စဉ်းစားလေ့ရှိပါ၏။ အဆာကျယ် ခြောက်စထောင်သည့် လူကြီးလူကျယ်အပေါက်မျိုး ချိုးသည်ကို ဘယ်အခါမှ သူ့တွင်မတွေ့စဖူး၊ သူ မကျေနပ်လျှင် မကျေနပ်ကြောင်း ပြောပြီးသည့်နောက် ရန်ငြိုးအကြွေး ထားတတ်သည့်အလေ့ကို အဘွားတွင်မတွေ့ရ။ ကွန်မြူနစ်ဖော်ကောင်ဘခက်နှင့် သခင်တင်မြတို့ လက်နက်ချတသိုက်ပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရေးမည်၊ ကျနော့်ကို ဝင်ကူပေးပါဆိုသည့် တခါကသာ သူ မကျေနပ် လွန်းလှသဖြင့် ဒီလူတွေရေးမည့်စာအုပ်သည် ဘယ်လိုမှ ကောင်းမည့်စာအုပ်မဟုတ်ကြောင်း ဝင်မပါရန် ပြောဖူးပါသည်။
အဘွားစကား နားထောင်သည့်အနေနှင့် အဘ သခင်တင်မြနှင့် လူချင်းခင်သော်လည်း ထိုကိစ္စဝင်မပါခဲ့မိပါ။ နောက်ပိုင်း သခင်တင်မြ ပရမ်းပတာတွေ ရေးနေသည်ကိုတွေ့မှ လူကြီးများ တယ်မြင်တတ်ပါလား အောက်မေ့မိပါသည်။
အယ်ဒီတာ စာအုပ်တိုက်ရှင် တယောက်ပြောဖူးသလို ဒေါ်အမာသည် သူ့ဆီ နည်းမျိုးစုံဖြင့် ချဉ်းကပ်လာသူ ဟူသမျှ တပြေးညီ ကောင်းမွန်စွာ ဧည့်ခံသည်ဆိုသည့်စကားကို အမှတ်ရပါသည်။ စာပေ၊နိုင်ငံရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ ထိတွေ့ခဲ့ရသူများတွင် ကူလီကူမာ အမြတ်ထုတ်မည့်သူများလည်း မနည်းခဲ့ပါ။
သိပင်သိသော်ငြား ထိုသူများအားလုံးကို လူကြီးပီပီ တည်တည်တံ့တံ့ ဆက်ဆံတတ်ပါ၏။ တခါက မေမြို့တွင် အပူရှောင်နေသော အဘွားဆီ သွားလည်ပြီး မန္တလေးအဆင်းလမ်းတွင် ဗိသုကာအယ်ဒီတာ ကိုမော်လင်း ပြောခဲ့ဖူးသော “ဒေါ်အမာ အသက်ရှည်တာ ခေတ်အဆက်ဆက် မျိုးဆက်သစ် လူတော်၊ လူကျော်တွေနဲ့ ထိစပ်နေခဲ့ပြီး ဘဝမှာ စိတ်ဝင်စားစရာ အသစ်အသစ်တွေ တွေ့နေနိုင်လို့ပဲ” ဟူသည့် စကားကိုလည်း ခုတိုင် သတိရမိတော့၏။
ကာတွန်းဘက်ကဆို ဦးဘဂျမ်း၊ ဦးဟိန်စွန်းမှသည် အော်ပီကျယ်၊ ကိုဇော်မောင်အထိ၊ စာပေမှာကား ဂန္ထလောကခေတ်မှ အင်တာနက်မီဒီယာခေတ်၊ နိုင်ငံရေးသမားဆိုလျှင် ၂၁ ဦး အညာသားပါတီခေတ်မှ ကျောင်းသားမျိုးဆက် အဆက်ဆက်ထိ။ ဂီတ…လူမှုရေး၊ ပညာရေး၊ အရာရှိ၊ သူဌေး၊ ဘုန်းကြီး စသည့် နယ်ပယ်စုံတွင် ဒေါ်အမာ၏ မိတ်သင်္ဂဟဆိုသူများမှာ ဦးလှမရှိသည့်နောက်တွင်ပင် ယုတ်လျော့မသွားဘဲ တိုးလို့သာ လာသည်ကို သတိပြုမိပါ၏။ မန္တလေးက လက်ဝဲအုပ်စုတွေဆိုပြီး ဘာသိဘာသာ နေခဲ့ကြ သူများပင် ယခုကာလ ဖိနှိပ်ဆုတ်ယုတ်မှုများကြောင့် သံဝေဂရပြီး အဝင်အထွက်လုပ်လာသည်ကို တွေ့ရသည်။
(၃)
“ဒေါ်အမာဆိုတာ ကွန်မြူနစ်မကြီးပါ” ဟု တိုးတိုး (ဝါ) ပေါ်တင်စော်ကားကြသည်ကိုလည်း (နိုင်ငံရေးအုပ်စုထဲကပင်) ကြုံရဖူးပါ၏။ အထူးသဖြင့် စစ်အစိုးရ အဆက်ဆက် ဝါဒမှိုင်းအောက်တွင် လူဖြစ်ကြသူများအဖို့ “ကွန်မြူနစ်ဆိုတာ ဝါးရင်းတုတ်နဲ့ လည်မျိုဆော်တဲ့ဘီလူးတွေ” ဟုသာ ခပ်ဝါးဝါးသိထားကြရာ သူတို့ နှစ်ခြိုက်သည့် စာရေးဆရာမကြီးက ကွန်မြူနစ်အမေ၊ ကွန်မြူနစ်ဟု လက်ခံချင်ကြပုံမရ။
ကျနော်လည်း ဟိုစဉ်က အဘွားတို့၊ ဦးစိန်ဝင်းတို့ အမေရိကန် မကောင်းကြောင်းပြောလျှင် သိပ်မကြေလည်လှ။ ဂျွန်ဝက်ဘ်စတန့်လေးတွေမြင်မှ ရှေးသတင်းစာဆရာတွေ တယ်ပါးတာပဲ၊ ငါတို့တွေ သိပ်အတာပဲဟုသာ သက်မချမိတော့သည်။
“လူမဆန်တဲ့ အရင်းရှင်စနစ်ကို ငါ ခုထိ လက်မခံနိုင်ဘူး” ဟု အဘွား ပြောခဲ့စဉ်က ရီဆက်ရှင်းမလာသေးပါ၊ ဗမာပြည်တွင် ဓာတ်ငွေ့လိုင်းတွေ ဖြတ်မဖောက်သေးပါ။ အဘွားမွေးနေ့တိုင်း လာနေကျ လူထုက စင်တင်ပေးလိုက်သည့် ရဲဘော်ကြီးက အိုင်ဒီယော်လော်ဂျီခေတ်ကုန်ပြီ၊ စစ်တပ်ကို မလှန်နဲ့တော့ ဆိုပြီး နိုင်ငံရေးပြည့်တန်ဆာ ဝါဒသစ်တရပ် ထူထောင်နေသည်ကို ဖတ်ရလေသော် အဘွားသုံးတတ်သည့် ဒီပုဆိုးဝတ်ရင် ဒီချေးပဲပါမည်၊ ဗြိဇုံနဲ့ ဗြုံဇိ စသည့် အလုံးလေးများက ခေါင်းထဲပေါ်လာပါသည်။
အဘွားဖြတ်သန်းခဲ့ရာဘဝကို ပြန်စဉ်းစားလိုက်သော် ၁၉၃၆ သပိတ်ခေတ်မှစ၍ နိုင်ငံရေးနယ်ထဲ ကျွံမဝင်မိအောင် တတ်နိုင်သလောက် အလှမ်းခွာထားတတ်သည်ကို သတိပြုမိပါ၏။ သူ့ဘဝတွင် ပဲ့ကိုင်ရှင် သတင်းစာ ဆရာကောင်းတယောက်နှင့် လက်ထပ်ခဲ့ခြင်းကြောင့် တချို့စာရေးဆရာမ၊ ပညာရှင် အမျိုးသမီးများလို လိမ့်လိမ့်လဲလဲဘဝမျိုး နိုင်ငံရေးသိက္ခာကျ လူအရင်နာမည်သေသည့် အဖြစ်မျိုးနှင့် မကြုံခဲ့ရပေ။
သူ့ဘဝကို သတင်းစာမှတဆင့် အထက်ဗမာပြည်၊ နောက် တနိုင်ငံလုံးက စာဖတ်ပရိသတ်သို့ ကမ္ဘာ့ရေးရာသုံးသပ်ချက်များပေးပြီး စစ်အေးအန္တရာယ်ကို မီးမောင်းထိုးပြခြင်း၊ လူငယ်မျိုးဆက်သစ် သတင်းနှင့် အနုပညာသည်များ မြေတောင်မြှောက်ပေးခြင်း၊ သတင်းစာမရှိသည့်နောက် မြန်မာမှု အနုပညာသမိုင်းထုပ္ပတ်ကို ထိန်းသိမ်းဖော်ထုတ်ခြင်း၊ လူမှုစရိုက် ပညာပေးဆောင်းပါးများ ရေးခြင်းတွင် မြှုပ်နှံသွားခဲ့ပါ၏။
ထိုသို့ နယ်ပယ်စုံတွင် ကလောင်မြူးနိုင်သည့် အားသာချက်ကြောင့် သာမန် လက်ဝဲသတင်းစာဆရာများ ကြားတွင် စာပေပညာရှင် လူမှုသမိုင်းဆရာတယောက်အဖြစ် တင်ကျန်ခဲ့ပါသည်။ သို့ငြား တိုင်းပြည်တွင် အရေးကြီးလာပြီဆိုက ရှောင်သွေမလွှဲဘဲ နောက်က တိတ်တဆိတ်ပါတတ်ပါသေးသည်။
၁၉၈၈ က မန္တလေးထုတ် ၈ လေးလုံးသတင်းစာတွင် ခေါင်းကြီးရေး တည်းဖြတ်လုပ်ခဲ့သူဟု ဒေါ်အမာစာစု စာရင်းများတွင် တွေ့ရမည်မဟုတ်ပါ။ အခြေအနေ ဆိုးရွားလာချိန်တွင် မင်းကွန်းဆရာတော်ဆီ လူလွှတ်ပြီး ကြားဝင်ထိန်းပေးဖို့ ပြောခဲ့ပါသေးသည်။ သို့သော် ဆရာတော်က နိုင်ငံရေးနားမလည်ဟု ဆိုကာ လက်ရှောင် နေခဲ့သဖြင့် မနီလာပုံစံ နိုင်ငံရေးအပြောင်းအလဲကို မကြုံခဲ့ရပါ။
ဒေါ်ခင်ကြည် ဈာပနတွင် ဗိုလ်ချုပ်ကြီးတင်ဦးက “ဒေါ်ဒေါ် ကျနော်တို့အတွက် ဝင်အရွေးခံရမယ်နော်” ဟု စကားစသည်ကို ပြုံးနေခဲ့သဖြင့် ဆရာမင်းသုဝဏ်ကြုံရသော ဆင်းရဲဒုက္ခမျိုးမှ ကင်းဝေးခဲ့ရုံသာမက သူငယ်ချင်း အမ်အေဒေါ်အုန်းကဲ့သို့ အောင်ကြီးပါတီမှ ဝင်အရွေးခံမိ၍ အရှက်ကွဲရသည့်အဖြစ်ကိုလည်း မကြုံခဲ့ရ။ လွတ်လပ်သည့် နိုင်ငံရေးသတင်းစာဆရာအနေနှင့် ပညာရှိနှိပ်စက်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်း သိက္ခာရှိသည့် ဒီမိုကရေစီထွန်းကားရေးကို နောက်ဆုံးအချိန်ထိ ခိုင်ခိုင်မာမာ အားပေးသွားခဲ့သည်။
(၄)
ဆင်းရဲသော ဓားမနောက်ပိတ်ခွေးတိုင်းပြည်တွင် လူဖြစ်မိသော ကျနော်တို့တွင် ကံကောင်းလွန်းလှစွာ ကာလကြာရှည် အတူနေထိုင်ခဲ့ရသော အဘွား၏ လူ့သက်တမ်းကို မှတ်မှတ်ရရဖြစ်စရာဟု ဗီဒီယို မှတ်တမ်းများများ ရိုက်မထားနိုင်၊ မစုနိုင်ခဲ့ပါ။ သို့တွက် သူ့လက်ရေး လက်သား စာအုပ်၊ စာတမ်းတွေ့သမျှ အဝေးရောက် ကျနော်တို့အတွက် အမှတ်တရဖြစ်ရသည်။
များမကြာခင်က စင်္ကာပူနေ သမိုင်းပါမောက္ခတယောက်ဆီမှ ၁၉၃၆ မြန်မာ့အလင်း သင်္ကြန်စာစောင်တွင် မအမာ၊ တက္ကသိုလ် ဆိုပြီးရေးသည့် ဆောင်းပါးလေး တပုဒ်ရတော့ အင်မတန်မှ သူ့ကို အောက်မေ့ရသည်။ ငါရေးခဲ့လားတောင် မမှတ်မိတော့ပါဘူးဟုဆိုကာ ပြုံးနေမည့် သူ့မျက်နှာကိုလည်း မြင်ယောင်မိပါ၏။
သူရေးပြီးသားထဲမှ အဖြတ်အတောက်ခံပြီး စာအုပ်ဖြစ်မလာသေးသည့် စာများစွာ ကျန်နေပါသေးသည်။ အထူးသဖြင့် ကိုကိုးကျွန်းပို့ခံရသည့်သားအတွက် ခံစားချက် ကြုံတွေ့ရပုံအစုံကို ပြန်လွတ်ချိန်ထိ မှတ်တမ်းတင်ထားချက်များမှာ သမိုင်းတန်ဖိုး ကြီးလှပါသည်။ ပြန်လွှတ်မည့်အကြောင်း မေမြို့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ခေါ်ပြောပြီး အိမ်အပြန်တွင် မည်မျှ စိတ်တုန်လှုပ်ခံစားရပုံကို မှတ်သားထားသည်မှာ ဝတ္ထုရေးဆရာများပင် အတုယူလောက်ပါ၏။
ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေရင်း ဗြိတိသျှစာကြည့်တိုက်မှ ပက်ထရစ်ရှာ ဟားဗတ်ရေးသကဲ့သို့ ဒေါ်အမာကွယ်လွန်ခြင်းသည် ခေတ်ကြီးတခေတ်၏ အဆုံးသတ်ဖြစ်ပါသည်။ အမျိုးသားရေးစိတ်ဖြင့် လူ့ဘောင်သစ်တရပ် ထူထောင်မည်ဟူသော စိတ်ကူးကို အကောင်အထည် မဖော်နိုင်ခဲ့သည့် မျိုးဆက်၏ နိဂုံးလည်း ဖြစ်ပါသည်။ ထိုမျိုးဆက်၏ အလုပ်အမွေကို ပြီးမြောက်အောင် ဆောင်ရွက်မည့် လူချွန် လူကောင်း များများ ပေါ်ထွက်လာပါစေ၊ မြေတောင်မြှောက်ပေးနိုင်ကြပါစေဟုသာ မျှော်လင့်ရပါ၏။
နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်သော လူထု ဒေါ်အမာ၏ မွေးနေ့အထိမ်းအမှတ် ဆောင်းပါး။

မြန်မာ ဒုက္ခသည် အများအပြား မလေးရှား UNHCR အသိအမှတ်ပြု

  

၂၀၀၈ ခု ဒီဇင်ဘာ လအတွင်းက ကွာလာလမ်ပူမြို့ UNHCR ရုံးရှေ့တွင် လာရောက် ဆန္ဒပြသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် အတူတွေ့ရသော ဒုက္ခသည် ကလေးငယ်တဦး (ဓာတ်ပုံ - အေပီ)
Wednesday, 02 December 2009 17:56 ကိုထွေး
.မလေးရှားနိုင်ငံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ချင်းနှင့်မွန် တိုင်းရင်းသား ၃၀၀၀ ကျော် ဒုက္ခသည် အဖြစ် အသိအမှတ်ပြု လတ်မှတ်များ ထုတ်ပေးလိုက်ကြောင်း မလေးရှား အခြေစိုက် မွန်နှင့်ချင်း ဒုက္ခသည် အကူအညီပေးရေး အဖွဲ့များက ဆိုသည်။

ချင်းလူမျိုး ၁၀၀၀နှင့် ၁၅၀၀ခန့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး Refugee Status Determination (RSD) ကတ်များ ရရှိခဲ့ကြောင်း ချင်းဒုက္ခသည် ကော်မတီ (Chin Refugee Committee-CRC)က ဆိုသည်။
CRCမှ ကိုဟယ်ရီက“မြန်မာပြည်က အခက်အခဲ ကြားထဲကနေ ဒီကိုရောက်လာ တယ်၊ UNHCRက ဒီလို အသိအမှတ်ပြုတော့ ၀မ်းသာတယ်၊ ဒီကိုရောက်လာတာက ဘာမှ သက်သေအထောက်အထားမရှိတဲ့ အခါ ကျတော့ UN အနေနဲ့ စာရွက် စာတမ်းတွေ ထုတ်ပေး တော့ ရဲတွေဘာတွေကိုတွေ့တော့ ပြစရာ နည်းနည်း ရှိတာပေါ့” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ၂၇ ရက်နေ့ အထိ ယင်းသို့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နာမည် စာရင်း တင်ထားသလောက် လာရောက်နိုင်ခြင်းမရှိသဖြင့် အတိအကျ စာရင်းမယူနိုင်ခဲ့သော်လည်း ၁၀၀၀နှင့် ၁၅၀၀ ကြားရှိကြောင်း၊ ဒုက္ခသည်များအဖြစ် ချင်းလူမျိုးများကို ၂၀၀၁ မှ စတင်၍ အသိအမှတ် ပြုလာသည် မှာ ယခုဆိုလျှင် လူဦးရေ ၂၀၀၀၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး စုစုပေါင်း ၃၀၀၀၀ နီးပါး နေထိုင်လျက်ရှိကြောင်း ၎င်းက ပြောသည်။
မလေးရှားအခြေစိုက် Alliance of Chin Refugee အဖွဲ့မှ အကူဝန်ထမ်း ကိုကျော်ဦး(ခေါ်) ရော်ဂျာ၏ အဆိုအရ ယခုနှစ် ၂၀၀၉ အတွင်း UNHCRက ဒုက္ခသည် အဖြစ်အသိအမှတ်ပြုခံရသူ ၁၁၀၀၀ ရှိပြီး ချင်းတိုင်းရင်းသား အများ ဆုံးဖြစ်ပြီး ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
၂၀၀၇-၀၈ ခုနှစ်တွင် မွန်လူမျိုး ၅၀၀ ခန့်သာ အသိအမှတ်ပြုခံရသော်လည်း အောက်တိုဘာလတွင် မွန် လူမျိုး ၁၈၀၀ခန့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရကြောင်း၊ မလေးရှားနိုင်ငံတွင် မွန်လူမျိုး ၂၀၀၀၀ခန့် နေထိုင်ကြကြောင်း မလေးရှား အခြေစိုက် မွန်ဒုက္ခသည် ကူညီရေး အဖွဲ့က ဆိုသည်။
နိုင်ရိုင်မွန်က“ ၃၀၀၀ လောက်လျှောက်တယ်၊ ၁၅၀၀ လောက်လက်ခံတယ်ဆိုတော့ ဒီနှစ်က မွန်တွေ အတွက် ကံကောင်းတာပေါ့၊ UNHCRကထုတ်ပေးတဲ့ ကတ်ရှိရင် အဖမ်းခံရရင်တောင် ထိန်းသိမ်းရေး စခန်းတွေအထိ UNHCRက လာထုတ်ပေးတယ်၊ ဒီမှာ အလုပ်လုပ်တဲ့သူတွေ အတွက်တော့ အကျိုး ရှိတာပေါ့” ဟု ပြောသည်။
အသက် ၁၈နှစ်အောက် ကလေးများ၊ ဖခင်မရှိဘဲ ကလေးများသော မိသားစုများ၊ အသက် ၅၀ကျော် လူကြီးများကို ဒုက္ခသည် အဖြစ် အသိအမှတ်ပြုရန် ပိုမို အခွင့်အရေး ရရှိကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
မလေးရှား UNHCRက အောက်တိုဘာ ၂၀၀၉ အထိ ဒုက္ခသည် ၆၇၈၀၀ ခန့် ဒုက္ခသည် အဖြစ် အသိအမှတ် ပြုရန် စာရင်းပေးခဲ့ကြောင်း၊ ယင်းတို့ အထဲတွင် မြန်မာလူမျိုး ၆၂၀၀၀ခန့်ပါဝင်ပြီး၊ ရိုဟင်ဂျာ ၁၆၁၀၀၊ ချင်း ၂၈၂၀၀၊ မြန်မာ-မွတ်စလင် ၃၇၀၀နှင့် အခြားသော တိုင်းရင်းသားများ ပါကြောင်း ဆိုသည်။
ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ သဘောတူစာချုပ်တွင် မလေးရှားနိုင်ငံသည် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံရှိ ဒုက္ခသည်များသည် တတိယ နိုင်ငံများသို့ သွားရောက်နေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေစဉ် အတွင်း ပြင်ပတွင် အလုပ်လုပ်ပိုင်ခွင့် ရရှိကြသည်။
ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူများသည် UNHCR၏ အစီအစဉ်ဖြင့် တတိယနိုင်ငံများ ဖြစ်သည့် ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဆွီဒင်နှင့် ချက်သမ္မတနိုင်ငံတွင် သွားရောက် အခြေချနေထိုင်ခွင့် ရကြသည်။
ဆင်းရဲသည့် အာရှနိုင်ငံများမှ အလုပ်သမား အများအပြား မလေးရှားနိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်လျက်ရှိသည်။ ထိုအထဲတွင် မြန်မာပြည်သား ၅ သိန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး အလုပ် ရှာဖွေသူများ ရှိသကဲ့သို့ အလုပ်သမား အေဂျင်စီများနှင့် ဆက်သွယ်ပြီး တရားဝင် သွားရောက်သူများလည်း ရှိနေသည်။

maandag 30 november 2009

မခိုင်ရွှန်းလဲ့ရည် သေဆုံးရခြင်း၏ နောက်ကွယ်တွင် ...

  

မခိုင်ရွှန်းလဲ့ရည်နှင့် မိခင်ဒေါ်ချိုချိုမြင့် (ဓာတ်ပုံ - လျှပ်တစ်ပြက်ဂျာနယ်)
Monday, 30 November 2009 16:59 အေးချမ်းမြေ့
.ကွယ်လွန်သည်မှာ ၁ လကျော်ခဲ့ပြီ ဖြစ်သော်လည်း မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်သည့် သတင်း နောက်ဆက်တွဲများကား ဝေဖန်ဆွေးနွေး စရာများ အဖြစ် ကျန်ရစ်ခဲ့ပေသည်။

လွန်ခဲ့သည့် တလကျော် အောက်တိုဘာ ၂၇ ရက်နေ့ နံနက်က ဗဟန်းမြို့နယ်အတွင်းရှိ အထူးကုဆေးခန်းတွင် ခွဲစိတ်ကုသမှု ခံယူအပြီး ကွယ်လွန်သွားခဲ့သည့် နဝမတန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်၏ ဖြစ်ရပ်နှင့် ပတ်သက်၍ Weekly Eleven သတင်း ဂျာနယ်နှင့် လျှပ်တစ်ပြက် ဂျာနယ်တို့တွင် ရေးသားဖော်ပြခဲ့ကြသည်။
Weekly Eleven သတင်း ဂျာနယ်တွင် အဆိုပါသတင်းကို 'ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါးခြင်း၊ ဆေးရုံ၊ ဆေးခန်းကြီးများ၏ ဆရာဝန် ကြီးများမျက်နှာ တစ်ခုတည်း ကိုသာ ကြည့်ခြင်းကြောင့် ကြေကွဲဖွယ်ဖြစ်ရပ် များဖြစ်ပေါ်နေ' ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည်။ သေဆုံးသူ၏ ဆွေမျိုး၊ မိဘနှစ်ဦး၊ လေ့လာသုံးသပ်သူများ၊ အသည်းအထူးကု ဆရာဝန်ကြီး၊ စာနယ်ဇင်းသမားတဦး၏ ပြောဆိုချက်များနှင့် ပါမောက္ခ သမားတော်ကြီး ဦးလှမြင့်၏ “ဆေးပညာ လောကသားများသို့ ပန်ကြားချက်” စာအုပ်ကို ကိုးကား ဖော်ပြထားသည်။
အဆိုပါဆောင်းပါးတွင် Eleven Media Group မှ တာဝန်ရှိသူ တဦးက “ချမ်းသာပြီး ငွေကြေးတတ်နိုင်တဲ့ အထူးကု ဆေးခန်းသွားနိုင်၊ ပြောနိုင်တဲ့သူမို့ ဒီလိုသိကြရတာပါ။ ဆင်းရဲပြီး ပြောပြနိုင်စွမ်း မရှိတဲ့လူတွေ ဘယ်လောက် ခံစားထားကြရပြီလဲ။ လူထုကျန်းမာရေး စောင့်ရှောက်မှုကို ဒေသတွင်း နိုင်ငံတွေနည်းတူ သုံးစွဲ နိုင်ဖို့တော့ လိုပါတယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ သုံးစွဲမှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ငွေယိုပေါက်ကို ပိတ်စေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ ဒီဖြစ်ရပ်မှာ ပြဿနာရဲ့ အရင်းအမြစ်ကို သိထားရင် ကောင်းပါတယ်။ လူထု ကျန်းမာ ရေးစောင့်ရှောက်မှုကို အရှိန်မြှင့်ဖို့ လိုလာပါပြီ” ဟု သုံးသပ်ထားသည်။
လျှပ်တစ်ပြက် ဂျာနယ်တွင်လည်း “ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အထူးကု ဆေးခန်းမှ မိန်းကလေးငယ်တစ်ဦး၏ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်” ဆိုသည့် ခေါင်းစဉ်နှင့် မိသားစု ဆွေမျိုးအသိုင်းအဝန်း၏ မှတ်ချက်များကို ကိုးကား ရေးသားထားကြောင်း တွေ့ရသည်။
“ခွဲစိတ်ပြီး သီးသန့်ကိုယ်ပိုင်အခန်း မရသေးခင်၊ ပိုးသတ်ခန်းမှာ ညနေ ၃ နာရီထိနေရတယ်။ အဲဒီ အချိန် ဆေးရုံရဲ့ အခန်းနံရံကို လျှပ်စစ်မော်တာနဲ့အပေါက်ဖောက်တယ်။ တူတွေနဲ့ထုတယ်။ အသံတွေက ဆူညံနေတာပဲ။ ဒါကတော့ ဆေးခန်းရဲ့ ဝန်ဆောင်မှု ညံ့ဖျင်းတဲ့အကြောင်းပါ။ ကျမတို့ပြောတာ ပြောလို့မရဘူး။ ကျမအပြင်းအထန်ကန့်ကွက်မှ ဝရိန်မဆော်တော့ဘဲ ရပ်သွားတယ်” ဟု မခိုင်ရွှန်းလဲ့ရည်၏ မိခင်က ပြောသည်ကို လျှပ်တစ်ပြက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါဂျာနယ်တွင်ပင် “အထက်ပါ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်မျိုးနှင့် ပတ်သက်၍ အခြားလူနာများဤကဲ့သို့ အဖြစ်ဆိုးနှင့် ထပ်မံမကြုံတွေ့စေရန် အထူးကုဆေးခန်းရှိ ဆရာဝန်များ အတွေ့အကြုံ ရှိသော်လည်း ဆေးပညာကို အဆက်မပြက်လေ့လာပြီး သတိရှိရှိနှင့်စေတနာထားကာ လူနာများအား ကြည့်ရှုစောင့်ရှောက်ကုသပေးသင့်ကြောင်း အပြုသဘောဆောင်၍ ကာယကံရှင် ဆွေမျိုးအသိုင်းအဝန်းက လျှပ်တစ်ပြက်သို့ထပ်မံပြောကြားခဲ့သည်” ဟု ရေးသားထားသည်။
ထိုသတင်းပေးပို့ချက်များနှင့် ပတ်သက်၍ တက္ကသိုလ်လှမော်ဆိုသူက “မြန်မာသတင်းမီဒီယာ တချို့ စည်းဘောင်လွတ် နေခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဥပဒေရှုထောင့်၊ ဆေးပညာရှုထောင့်တို့မှ ကြည့်ကာ “မြန်မာ့ လူထု ကျန်းမာရေး” ဆိုသည့် http://health.ngoinmyanmar.orgဘလော့ စာမျက်နှာတွင် တန်ပြန်ရေးသား ဖော်ပြခဲ့သည်။
ထိုဘလော့စာမျက်နှာတွင် ရေးသားနေသူများမှာ မြန်မာလူထု ကျန်းမာရေးအတွက် လုပ်ဆောင်လျက်ရှိသော ပညာရှင်များ ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်လှမော်၏ ဆောင်းပါး၌ “သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဉာဏ် ပေးထားလေသည်” ဟု ဖော်ပြထားသည်။
“သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၎င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ” ဟုလည်း ၎င်းက ဆိုထားသည်။
ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်၏ အယ်ဒီတာတဦးကမူ သတင်းဂျာနယ်တစောင်၏ တာဝန်ရှိသူ တဦးက ဝင်ရောက် သုံးသပ်ထားသည်မှအပ Weekly Elevenပါ သတင်းသည် စည်းဘောင်လွတ်သည်ဟု မဆိုနိုင်ကြောင်း၊ မြန်မာပြည်၏ အခြေအနေအရ ယခုကဲ့သို့သော သတင်းသည် လိုက်ရခက်ခဲသော သတင်းတပုဒ်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော ဖြစ်ရပ်ကို ပြည်သူသိရှိရန်အတွက် ဖော်ပြသင့်ကြောင်း ပြောသည်။
“မိသားစုက ခံစားချက်နဲ့ ပြောသွားတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် တဘက်က အသံကို ရဖို့ကျတော့ အထူးကု ဆေးခန်းဘက်ကို မေးလို့မရဘူး။ အဲဒီဆေးရုံဆေးခန်း အမည်ကိုလည်း ထည့်ရေးလို့မရဘူး။ ရေးရင်စိစစ်ရေးက ဖြုတ်မှာ။ စိစစ်ရေးက မဖြုတ်တောင် အသရေဖျက်မှုနဲ့ တရားစွဲခံရလို့ ဆုံးမှာမဟုတ်ဘူး။ နောက်ပြီး သတင်းသမားတွေ အနေနဲ့ မကြိုးစားဘဲတော့ နေမှာမဟုတ်ဘူး။ ရသလောက်တော့ ကြိုးစားမှာပဲ” ဟု သူက ဆက်ပြောသည်။
ဧရာဝတီမဂ္ဂဇင်းက မခိုင်ရွှန်းလဲ့ရည် ဆေးကုသမှု ခံယူခဲ့သော ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်အထူးကု ဆေးခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများ မအားလပ်ကြောင်းသာ ပြန်ကြားခဲ့သည်။ မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ခဲ့သော ဆရာဝန်ကြီးမှာမူ တရုတ်ပြည်သို့ ခရီးသွားနေကြောင်း သိရသည်။
မြန်မာပြည်တွင် အစိုးရဆေးရုံကြီးများ၌ “စရိတ်မျှပေး ကျန်းမာရေး” ဆိုသည် စနစ်ကို ကျင့်သုံးလျက်ရှိရာ လိုအပ်သည့် ဆေးဝါးမှန်သမျှ လူနာက ငွေကုန်ကြေးကျခံရပြီး ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် စိုးရိမ်ရသည့် အနေအထား ဖြစ်နေကြောင်း လေ့လာသူတို့က သုံးသပ်ကြသည်။
အစိုးရဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသောကြောင့် ပုဂ္ဂလိက ဆေးခန်းကြီးများတွင် ငွေကုန် ကြေးကျခံကာ တက်ရောက်ကုသသော်လည်း ထိရောက်သော စောင့်ရှောက်မှု မရရှိဘဲ အများစုမှာ ဝန်ဆောင်မှု ညံ့ဖျင်းလှကြောင်း ဝေဖန်နေကြ သည်။
ယခုလက်ရှိတွင် “စားသုံးသူ အခွင့်အရေး” နှင့်ပတ်သက်၍ ပညာပေး ပိုစတာများ၊ ကာတွန်းများ ရေးဆွဲနေသော ကာတွန်း အော်ပီကျယ်က မြန်မာပြည်တွင် စားသုံးသူနှင့် ပတ်သက်၍ ကာကွယ်ပေးသည့် ဥပဒေ မရှိသော်လည်း မခိုင်ရွှန်းလဲ့ရည်၏ ဖြစ်ရပ်မျိုး နောင်မဖြစ်ရန် ဖြစ်ရပ်မှန်ကို ဖော်ထုတ်သင့်သည်ဟု ဆိုသည်။
၎င်းက မကြာသေးမီက ဆရာဝန်များနှင့် ပတ်သက်၍ ရေးဆွဲပေးထားသော “စားသုံးသူ အခွင့်အရေး” ပညာပေး ပိုစတာအကြောင်းကို ပြောပြီး ဆရာဝန်နှင့်လူနာ အင်အားမမျှခြင်း၊ အချိန်မပေးနိုင်ဘဲ ရုပ်ပြသဘော ဆိုင်းဘုတ်တပ်ခြင်း၊ ဆေးကုသပုံ မှားယွင်းခြင်း၊ ဆေးဝါးမှားယွင်းခြင်း၊ မလိုအပ်ဘဲ ခွဲစိတ်ကုသမှု ပြုခြင်းတို့ကြောင့် လူနာများ အသက်ဆုံးရှုံးရသည့် အဖြစ်အပျက်များမှာ မြန်မာနိုင်ငံတွင်သာ မကဘဲ ကမ္ဘာမှာပါ ကြုံတွေ့နေရသည်ဟု ဆိုသည်။
“ဒီဆရာဝန်ကြီး တယောက်တည်းကို ပြောတာ မဟုတ်ပါဘူး၊ ဒီလို အဖြစ်အပျက်မျိုးတွေကြောင့် နောက်မှ နောင်တရတာမျိုး မဖြစ်ရအောင် ကြိုတင်ကာကွယ်သင့်ပါတယ်” ဟု ကာတွန်းအော်ပီကျယ်က ပြောသည်။
မန္တလေးမြို့နေ ခန္ဓာဗေဒ ဆရာဝန်ကြီးတဦးဖြစ်သူ ဒေါက်တာတင်မောင်ကြည်က ခွဲစိတ်ကုသမှုတခုတွင် အုပ်ထိန်းသူ၊ သက်ဆိုင်သူ တဦးဦး၏ ခွင့်ပြုချက်မပါရှိဘဲ ပြုလုပ်၍ မရသဖြင့် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မည်သူ့ကိုမှ အပြစ်တင်စရာ မရှိကြောင်း ရှင်းပြသည်။
“တကယ်တော့ ဒီလို အဖြစ်ဆိုးမျိုးတွေ မကြုံရအောင် လိုအပ်တဲ့ ကျင့်ဝတ် စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာ ကျင့်သုံးမယ် ဆိုရင် အကောင်းဆုံးပါပဲ” ဟု သူက ဆိုသည်။
ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာက သတင်းသမားများ အနေနှင့် ခံစားချက်နောက်ကို လိုက်၍ ရေးသားခြင်းမှအပ မှန်ကန်သော အချက်အလက်များနှင့် ပြည်သူသိသင့်သော သတင်းများကို အတတ်နိုင်ဆုံး ရေးသားဖော်ပြလျှင် အာဏာပိုင်တို့ ကလည်း ခွင့်ပြုပေးသင့်ကြောင်း သုံးသပ်သည်။
မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိခင်က ခွဲစိတ်ဆရာဝန်ကြီးအား တရားမစွဲလိုကြောင်း၊ ဆရာဝန် အနေနှင့် အသိစိတ်ဓာတ်ရှိစွာ ကိုယ်တိုင်ဝန်ခံစေချင်ကြောင်း ပြောကြားခဲ့သည်ဟု ယခင်အပတ်ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

မြန်မာလူငယ်များ ရွေးကောက်ပွဲတွင် မဲပေးမည်လော

Monday, 30 November 2009 18:06 အောင်သက်ဝိုင်း
.၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးပါတီ မရှိပါက လူငယ်များက ရွေးကောက်ပွဲတွင် မဲပေးမည် မဟုတ်ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲကြီး ကျင်းပချိန်က မဲပေးရန် အသက်ပြည့်မီခြင်း မရှိသော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးရန် အသက်ပြည့်နေပြီဖြစ်သည့် လူငယ်များကို ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဧရာဝတီက စစ်တမ်းကောက်ခဲ့ရာ အများစုက ထိုသို့ ဖြေဆိုကြခြင်း ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ လူငယ်သဘောထား စစ်တမ်းဖြေဆိုကြသူများတွင် အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူငယ်များသာပါဝင်ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၀ ဦး၊ သတင်းမီဒီယာသမား ၇ ဦး၊ လူငယ်ရှေ့နေ ၄ ဦး၊ အခြေခံ ပညာ အလယ်တန်းအဆင့် အထိသာ ပညာသင်ကြားခဲ့ပြီး ကြုံရာကျပန်းအလုပ် လုပ်ကိုင်နေသည့် လူငယ် ၇ ဦး၊ စစ်တက္ကသိုလ်ကျောင်းဆင်း လူငယ်စစ်ဗိုလ် ၁ ဦး အပါအ၀င် အလွှာပေါင်းစုံမှ လူငယ် စုစုပေါင်း ၆၀ နီးပါး ပါဝင်သည်။
၂၀၁၀ ရွေးကောက်ပွဲသည် နှစ်ပေါင်းများစွာ သက်တမ်း ရှည်ကြာလာပြီ ဖြစ်သည့် ယူနီဖောင်းဝတ် စစ်ဗိုလ်အုပ်ချုပ်ရေး စနစ်ကို တရားဝင် အဆုံးသတ်ပေးမည့် ရွေးကောက်ပွဲဟု တချို့က ယူဆကြသည်။ သို့သော်လည်း ထိုရွေးကောက်ပွဲကြောင့် ပြည်သူကို ကိုယ်စားပြုသော ဒီမိုကရေစီအစိုးရ တရပ် မပေါ်ပေါက်နိုင်ကြောင်း စစ်တမ်းတွင် ပါဝင်သည့် လူငယ် အများစုက သုံးသပ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ စသည့် အာဏာပိုင်တို့ ကျောထောက်နောက်ခံပေးထားသော အဖွဲ့အစည်းများက ရွေးကောက်ပွဲတွင် အပြိုင်အဆိုင် ပါဝင်လာကြဖွယ် ရှိသောကြောင့် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးအဖွဲ့များ ပေါ်ထွက်ရန် အခွင့် အလမ်း နည်းပါးသည်ဟု လူငယ်များက ပြောသည်။
“အစိုးရရဲ့ ကြံ့ခိုင်ရေးအသင်းက ရွေးကောက်ပွဲ မတိုင်မီ စည်းရုံးလှုပ်ရှားမှုတွေ အများကြီး လုပ်လာတယ်။လမ်းခင်း၊ တံတားခင်းအလုပ်တွေကအစ သာရေး၊ နာရေး အဆုံး ကြံ့ခိုင်ရေး အလံတွေ တလူလူ လွှင့်ထူပြီး စည်းရုံးရေး လုပ်တယ်။ ရွေးကောက်ပွဲဥပဒေ မထွက်ခင် ကြံ့ခိုင်ရေးက မဲရဖို့ စည်းရုံးမှုတွေကအတော် ခရီးရောက်နေပြီ” ဟု ရန်ကုန်မြို့မှ အသက် ၂၅ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား တဦးက ဆိုသည်။
၂၀၁၀ ပြည့်နှစ်သို့ ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ထုတ်ပြန်ပါကလည်း နိုင်ငံရေးပါတီများ အလွယ် တကူ ဖွဲ့စည်းနိုင်ခြင်း မရှိစေရန် ထိန်းချုပ်၊ ကန့်သတ်၊ တင်းကျပ်သော နည်းဥပဒေ နှင့် စည်းမျဉ်းစည်းကမ်းများ သေချာပေါက် ပါဝင်ဖွယ် ရှိကြောင်း ရှေ့နေလူငယ်များက ခန့်မှန်းကြသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲအတည်ပြုပြီးပြီ။ မကြာမီထုတ်ပြန်မယ့် ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံရေးပါတီတွေ အလွယ်တကူဖွဲ့လို့မရအောင် တင်းကျပ်တဲ့ နည်းဥပဒေ သေချာပေါက် ပါလိမ့်မယ်။ ပြည်သူတွေ အတွက်ကတော့ 'မိအေး နှစ်ခါနာ' ပေါ့” ဟု ရန်ကုန်အခြေစိုက် အလုပ်သင် ရှေ့နေလူငယ်တဦးက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတကို ပြည်သူလူထုက တိုက်ရိုက် တင်မြှောက်မှု မပြုနိုင်ခြင်း၊စစ်ဦးစီးချုပ်က လက်နက်ကိုင်တပ်များ၏ ဦးစီးချုပ်ဖြစ်ပြီး နိုင်ငံတော်သမ္မတထက် အာဏာရှိနေခြင်း၊ စစ်ဦးစီးချုပ်တွင် တရားဝင် အာဏာသိမ်းပိုင်ခွင့်ရှိခြင်း အပါအ၀င် ဒီမိုကရေစီ စံ နှင့် မကိုက်ညီသည့် အချက် များစွာ တွေ့ရသည့်ဟု လူငယ်ရှေ့နေများက ထောက်ပြကြသည်။
အခြေခံဥပဒေ၏ အဖွင့် စာမျက်နှာတွင်ပင် လွဲမှားမှုများရှိနေသည်ဟု ဆိုသည်။
“အခြေခံဥပဒေမှာ 'နိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည်' ဆိုပြီး စဖွင့်တယ်။ ဒီမိုကရေစီမှာ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ၊ စည်းကမ်းမရှိတဲ့ ဒီမိုကရေစီ ဆိုတာမျိုး မရှိပါဘူး” ဟု အမျိုးသမီးလူငယ်ရှေ့နေတဦးက သုံးသပ်သည်။
“စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတဲ့ စကားရပ်ကိုက ဒီမိုကရေစီ သဘောအရ မှန်ကန်မှု မရှိဘူး၊ လွဲနေတယ်” ဟု သူက ဆက်ပြောသည်။
နိုင်ငံရေးအနေအထားသည် အကျဉ်းအကျပ်ထဲတွင် ရောက်ရှိနေသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် သာလျှင် မြန်မာ့နိုင်ငံရေး ထွက်ပေါက် ဖြစ်သည်ဟု ပြည်တွင်းပညာရှင် တချို့ ဦးစီး ဖွင့်လှစ်သည့် Myanmar Egress အဖွဲ့၏ စွမ်းရည်မြှင့်တင်ရေး သင်တန်းတခုရှိ လူငယ်တချို့က ဆိုသည်။
“စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးဖြစ်အောင် ညင်ညင်သာသာ ကူးပြောင်းချင်တဲ့ တပ်မတော် အစိုးရကို အားလုံးက သဘောထား ကြီးကြီး ကူညီရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကသာ ဒီမိုကရေစီစနစ်သစ်ဆီ သွေးချောင်းမစီးဘဲ သွားဖို့ ဦးဆုံး ခြေလှမ်းပဲ” ဟု Myanmar Egress သင်တန်းမှ လူငယ်တဦးက ပြောသည်။
Myanmar Egress သင်တန်းသား လူငယ် တချို့က ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ထောက်ခံသော်လည်း ရွေးကောက်ပွဲတွင် မဲပေးလိုစိတ်မရှိဟု ဆိုသည်။
စစ်တက္ကသိုလ်ကျောင်းဆင်း အသက် ၂၆ နှစ်အရွယ် စစ်ဗိုလ် လူငယ်တဦးကမူ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ ကြောင့် အုပ်ချုပ်ရေး စနစ် ပြောင်းလဲပြီး နိုင်ငံ တိုးတက်လာမည်ဟု အခိုင်အမာယုံကြည်ကြောင်း ရှင်းပြသည်။
“အပြောင်းအလဲကို ပြည်သူတွေပဲ လိုချင်တာမဟုတ်ဘူး။ တပ်ထဲမှာလည်း အပြောင်းအလဲကိုပဲ တမ်းတနေကြတယ်။ ကျနော်တို့လို အရာရှိငယ်တွေ တော်တော်များများလည်း ၂၀၁၀ မှာ ဖြစ်လာမယ့် ပြောင်းလဲမှုတွေကို မျှော်ကြတယ်” ဟု စစ်ဗိုလ်လူငယ်က ပြောသည်။
၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် မကြုံလိုက်ရသော လူငယ်များအတွက် ပထမဦးဆုံးသော၊ စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေသော ရွေးကောက်ပွဲ အတွေ့အကြုံ ဖြစ်လိမ့်မည်ဟု လူငယ်များက ဆိုသည်။
“၂၀၁၀ ကို လူငယ် တော်တော်များများက စိတ်လှုပ်ရှားစွာနဲ့ စောင့်နေတယ်။ နိုင်ငံရဲ့ အနာဂတ်မှာ လူငယ်တွေ ဘယ်လောက်ထိ ပါဝင်ခွင့်ရမလဲ ဆိုတာက စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ” ဟု KMD ကွန်ပျူတာကုမ္ပဏီတွင် IT ပညာရှင်အဖြစ် အလုပ် လုပ်ကိုင်နေသူ လူငယ်တဦးက ပြောသည်။
ကျောင်းပညာရေး ဆုံးခန်းတိုင်ခြင်း မရှိသည့် လက်လုပ် လက်စား လူငယ်တချို့ ကမူ ၂၀၁၀ ရွေးကောက်ပွဲမှ စားဝတ်နေရေး နှင့် စီးပွားရေး ပြေလည်စေရန် ဖန်တီးနိုင်သည့် အစိုးရတရပ် ပေါ်ပေါက်စေလိုသည်ဟု ပြောကြသည်။
“ချောင်ချောင်လည်လည်နဲ့ မိသားစုတွေ ၀၀လင်လင် စားနိုင်၊ နေနိုင်ဖို့အရေးကြီးတယ်။ အဲဒီလို ဖန်တီးနိုင်မယ့်သူမျိုးကို မဲပေးမယ်” ဟု ၁၀ တန်းအထိ ပညာသင်ကြားခဲ့သည့် စက်ရုံအလုပ်သမား လူငယ်တဦးက ဆိုသည်။
လွတ်လပ် ပွင့်လင်း တရားမျှတသော၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု အစိုးရက ကတိ ပေးထားသော်လည်း ယခုအချိန်အထိ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် မပြုသေးပေ။ ထို့အပြင် စစ်အစိုးရက နိုင်ငံရေးသတင်းရေးသားမှုများ ကို ပိုမို တင်းကျပ်လာသောကြောင့် သတင်းသမားများ အခက်ကြုံနေရသည်။
“ခုချိန်ထိရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်း လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မရှိသေးတဲ့အပြင် စာပေစိစစ်ရေးက နိုင်ငံရေး၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို တင်းတင်းကျပ်ကျပ် ပိုပြီး ပိတ်ပင်တယ်” ဟု ရန်ကုန်ပုဂ္ဂလိက သတင်းမီဒီယာတခုမှ အသက် ၂၇ နှစ်အရွယ် အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။
ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ယခုအချိန်အထိ မရရှိပါက ၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့် မရှိနိုင်သည့်အပြင် တရားမျှတသော ရွေးကောက်ပွဲလည်း မဖြစ်နိုင်ကြောင်း သတင်းသမားလူငယ်များက ဆိုသည်။
“တိုင်းပြည်နားမျက်စိလို့ တင်စားတဲ့ သတင်းသမားတွေတောင် လွတ်လွတ်လပ်လပ် ရေးသား ထုတ်ဖော်ခွင့် မရရင် သာမန်ပြည်သူတွေအနေနဲ့ ပါတီတွေကို မဲပေးဖို့ ခက်လိမ့်မယ်။ စာပေစိစစ်ရေးက ခုအချိန်ထိ ရှိနေဆဲဆိုတော့ ၂၀၁၀ မှာ သတင်း လွတ်လပ်ခွင့်ရဖို့ သိပ်မမြင်ဘူး” ဟု သတင်းထောက်တဦးက ဆိုသည်။
အာဏာပိုင်တို့သည် လူပေါင်းတသိန်းကျော် သေဆုံးခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်သည့် ၂၀၀၈ ခုနှစ် မေလတွင် ၄င်းတို့စိတ်ကြိုက် ရေးဆွဲထားသော အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး လူထု ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့သည်။
ထို့နောက် အခြေခံဥပဒေကို ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ရရှိသည်ဟု ဆိုကာ အတည်ပြုကြောင်း ကြေညာခဲ့သည်။

တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

  

လာမည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ထပ်မံ ပြောဆိုလိုက်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Reuters)

Monday, 30 November 2009 18:30 ရန်ပိုင်
.လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု သောကြာနေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုလိုက်သည်။

ထိုသို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သော်လည်း ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ဖွဲ့စည်းခွင့်၊ လွတ်လပ် စွာ စည်းရုံး ဟောပြောခွင့်မရရှိသေးကြောင်းနှင့် ရွေးကောက်ပွဲဥပဒေများကိုလည်း ထုတ်ပြန်ခြင်းမရှိသေးကြောင်း ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းကပြောသည်။
“ရွေးကောက်ပွဲ လုပ်မယ်သာဆိုတယ်၊ အခုအချိန်အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဆိုရင် ရုံးချုပ်သာဖွင့်ခွင့်ပေး ထားတာ၊ နယ်ရုံးတွေ အပိတ်ခံထားရတာပဲ” ဟု ၎င်းကဆိုသည်။
နိုင်ငံတကာ အသိအမှတ်ပြုသည့် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုလျှင် ယခုအချိန်ကာလကတည်းက လွတ်လပ်စွာ စည်းရုံးခွင့် လွတ်လပ်စွာဖွဲ့စည်းခွင့်၊ ဟောပြောခွင့်၊ ဆွေးနွေးခွင့်၊ သတင်းမီဒီယာများ လွတ်လပ်စွာ ရေးသားခွင့် ပြုရမည် ဖြစ်ကြောင်း၊ ယခုအခါ စစ်အစိုးရ အနေဖြင့် ၎င်းတို့နှင့် နီးစပ်သည့်နိုင်ငံရေးပါတီများနှင့် စစ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့ကိုသာ ရွေးကောက်ပွဲ အတွက် နယ်လှည့် စည်းရုံးခွင့်များ ပေးအပ်ထားကြောင်း သခင်ချန်ထွန်းက ထောက်ပြဝေဖန်သည်။
ထို့အပြင် မကြာသေးမီက ၀ါရင့်နိုင်ငံရေးသမားကြီးများကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုသား ရင်ကြားစေ့ရေး တို့အတွက် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားသည့် စာကို နိုဝင်ဘာလ ၂၈ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူပြီးပေးပို့ခဲ့ကြောင်းသိရသည်။
ယခုကဲ့သို့ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးပြောဆိုသည်မှာ ပြီးခဲ့သည့် တပ်မတော်နေ့တွင် တကြိမ်၊ စစ်မှုထမ်းဟောင်း ညီလာခံတွင်တကြိမ်နှင့် ယခု ကြံ့ခိုင်ဖွံဖြိုးရေးအသင်း နှစ်ပတ်လည် အစည်းအဝေးတွင်တကြိမ် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆို ခြင်း ကို လေ့လာခြင်းအားဖြင့် ရွေးကောက်ပွဲကိုပြုလုပ်မည်မှာ သေချာသည်ဟု အဓိပ္ပာယ်ရရှိကြောင်း ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းကဆိုသည်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်လို ဥပဒေမထုတ်သေးဘူးဆိုတာက သူတို့ဘက်က ကြိုတင်ပြင်ဆင်မှုက သိပ်မသေချာသေးလို့၊ အား နည်းနေသေးလို့ သူတို့ပါတီမနိုင်နိုင်သေးလို့” ဟု ၎င်းကပြောသည်။
ထို့အပြင် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံတကာမှ တောင်းဆိုနေသည့်အတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲ ဖြစ်နိုင်ရန် အလားအလာနည်းပါးကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၊ ကိုမင်းကိုနိုင် နှင့် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအား ဖမ်းဆီးထားခြင်းမှ ပြန်လွှတ် ပေးခြင်းမရှိသေးကြောင်း၊ ထို့အပြင် လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်မရှိသည်ကို လေ့လာခြင်းအားဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိလိမ့်မည်ဟု မထင်ကြောင်း ဦးဝင်းမင်းက သုံးသပ်သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “စစ်အစိုးရအနေနဲ့က လာမယ့် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလိမ့်မယ်၊ သူတို့အတွက် နိုင်ငံတကာက အသိအမှတ်ပြုဖို့ အရပ်သား ရုပ်ပြအစိုးရတခု လုပ်ပြရမယ်၊ နောက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကိုလည်း အသိအမှတ်ပြု ခံရဖို့ လိုမယ်” ဟု ပြောသည်။
စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲကို NLD အား ၀င်ရောက်ယှဉ်ပြိုင်စေချင်ကြောင်း၊ သို့မှသာ ၎င်းတို့ပြုလုပ်သည့် ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်ပြုမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရသကဲ့သို့ ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိသွားမည်ကို စိုးရိမ်သည့်အတွက် စည်းရုံးလှုပ်ရှားခွင့် အချိန်နည်းပါးစေရန် ရွေးကောက်ပွဲဥပဒေများကို အချိန်နီးကပ်မှသာ ပြဌာန်းပေးလိမ့်မည်ဟု ထင်ကြောင်း ဦးအေးသာအောင်က ပြောသည်။
တခြားသော ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တိုင်းပြည်များတွင် ရွေးကောက်ပွဲတခုကို တိုတောင်းသော အချိန်ကာလတခုသတ်မှတ် ပြဌာန်းပြီး ပြုလုပ်နိုင်သော်လည်း၊ မြန်မာနိုင်ငံကဲ့သို့ ယခုမှ စတင်ပြီးပါတီစုံရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ခွင့်၊ စည်းရုံးခွင့် စသည်များကို ပြုလုပ်နိုင်ရန်အတွက် အချိန်ကာလ
အားဖြင့် အနည်းဆုံး ၁ နှစ် နှင့် ၁ နှစ်ခွဲခန့်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာလျှင် နိုင်ငံတကာမှ အသိအမှတ်ပြုသည့် သန့်ရှင်း မျှတသည့် ရွေးကောက်ပွဲတခု ဖြစ်လာမည်ထင်ကြောင်း မြန်မာ့အရေးလေ့လာနေသူ ဦးအောင်နိုင်ဦးကလည်း သုံးသပ်သည်။
၁၉၉၀ ပြည့်နှစ် မေလတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီများဖွဲ့စည်းခွင့်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် စတင်ခွင့် ပြုခဲ့ပြီးနောက် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည့်အတွက် နိုင်ငံရေးပါတီများ အားလုံး အတွက် စည်းရုံးလှုပ်ရှားခွင့် အချိန်အားဖြင့် ၁ နှစ်ကျော်ခန့်ရရှိခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲ ကျင်းပရန် ၃ လခန့် အလို၌ ရုပ်မြင်သံကြားမှ စည်းရုံးခွင့်များ ပေးခဲ့သည်။

vrijdag 27 november 2009

လိင်ပြောင်းလိုသူများ ၁ နှစ်စောင့်ဟု ထိုင်းပြဌာန်း

Friday, 27 November 2009 17:16 ကိုထွေး
.လိင်ပြောင်းလဲမှုများ မလုပ်ဆောင်မီ ၁ နှစ်ခန့် ကြိုတင်၍ ပြင်ဆင်မှုများ ပြုလုပ်၍ အသက် ၁၈ နှစ်ပြည့်မှ သာလျှင် ခွဲစိတ်ခြင်းကို ခွင့်ပြုရန် ထိုင်းနိုင်ငံက ဥပဒေတခု ထုတ်ပြန်လိုက်ကြောင်း အေပီ သတင်းတွင် ရေးသားထားသည်။

ခွဲစိတ်ကုသမခံမီ ၁နှစ် အလိုတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အနေဖြင့် အမျိုးသမီး ၀တ်စုံများကို ၀တ်ဆင်ရမည်ဖြစ်ကြောင်း ဥပဒေတွင် ပါရှိသည်ဟု သိရသည်။
ယင်းဥပဒေသည် ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့မှ စတင်၍ အသက် ၀င်မည် ဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ရေးသားထားသည်။
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံများနှင့် ဆေးခန်းများကို ယခင်နှစ် အတွင်းက လိင်ပြောင်း ၀န်ဆောင်မှုများယာယီ ရပ်ဆိုင်းရန်နှင့် ခွဲစိတ်ကုသမှုကို သေချာစွာ စောင့်ကြည့်ရန် ညွန်ကြား ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဆေးပညာ ကောင်စီမှ ဒေါက်တာ Dr. Sampandh Komritက “ဒါဟာ ဘ၀အတွက် အရမ်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ်ပါ၊ ခွဲစိတ်ပြီးရင် ဘယ်လိုမှ ပြန်ပြောင်းလို့ မရတော့ဘူး၊ ဒါဟာ အသေး အမွှားကိစ္စ မဟုတ်ပါဘူး၊ ဆယ်ကျော်သက် အနေနဲ့ သူငယ်ချင်းလုပ်လို့ လိုက်လုပ်လို့ မရပါဘူး၊ ခွဲစိတ် မယ့်သူတွေ အနေနဲ့ တနှစ် အနည်းဆုံးစောင့်ရမယ်” ဟု ယင်းသတင်းက ဆိုသည်။
လိင်တူချစ်သူတဦး ဖြစ်သူ ကရင် အဆိုတော် ယူရီက“ ထိုင်းနိုင်ငံမှာ အခုလို ဥပဒေ ထုတ်လိုက်တာ အရမ်း ကောင်းပါတယ်၊ ၁နှစ် အတောအတွင်းမှာလည်း ဆရာဝန်က မျက်ခြည်မပြတ် စောင့်ကြည်မယ် ဆိုတော့ ပိုကောင်းတာပေါ့နော်၊ ထိုင်းနိုင်ငံက လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီးတော့ အရင်က ဥပဒေမရှိဘူး၊ တားမြစ်တာ မရှိသလို ထောက်ခံတာလည်း မရှိခဲ့ဘူး၊ အခုတော့ လိင်ပြောင်းတာနဲ့ပတ်သက်တဲ့ ဥပဒေ ထွက်လာတဲ့ အခါကျတော့ နိုင်ငံရေးအရ တော်တော်လေး အခြေအနေကောင်းပါတယ်၊ နောက်ထပ် ဒီထက်ပိုတဲ့ အလေးပေးမှုတွေရမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ဆိုရင်တော့ အရမ်းကောင်းမှာပဲလေ” ဟု ဆိုသည်။
အဆိုပါ ဥပဒေသည် ယခင်ကတည်းက ရှိခဲ့သော်လည်း ခွဲစိတ်မှုပြုလုပ်ရန် ၃နှစ်ခန့် စောင့်ဆိုင်းရကြောင်း၊ လိင်ပြောင်းလဲလိုသူများသည် အသက် ၁၈နှစ် ပြည့်ရန်နှင့် အုပ်ထိန်းသူက ခွင့်ပြုရန် လိုအပ်ကြောင်း ယင်းကာလအတွင်း တပတ်လျှင် တကြိမ်ကျ ဆရာဝန်နှင့် တွေ့ဆုံရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
“လူကို လူလိုသာ မြင်တတ်မယ်ဆိုလို့ရှိရင် လိင်တူချစ်သူတွေကို ဖိနှိပ်မှာလဲ မဟုတ်ဘူး၊ လိင်တူ ချစ်သူတွေ လည်း သူတို့ခံစားချက်နဲ့သူတို့ပဲလေ၊ မြန်မာပြည်မှာက သူတို့ အစွဲထဲမှာက လိင်တူချစ်သူတွေဆိုရင် အခြောက်တွေ၊ ရှောက်သီးဆေးပြားရောင်းတဲ့သူတွေ ဆိုပြီးတော့ နှိမ်ချင်ကြတယ်၊” ဟု ယူရီက ဆိုသည်။
ရန်ကုန်မြို့တွင်လည်း သြဂုတ်လအတွင်းမှ စတင်ကာ လိင်ပြောင်းလဲခြင်းဆိုင်ရာ ၀န်ဆောင်မှု စနစ်သစ်တခုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် ပေါင်လို (၀်) ဆေးရုံကြီး (Paolo Memorial Hospital) ၏ မြန်မာနိုင်ငံရုံးခွဲက ပထမဆုံးအကြိမ်အဖြစ် စတင်ဝန်ဆောင်မှု ပေးနေပြီဖြစ်သည်။
အမျိုးသားဘ၀မှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းလဲမည်ဆိုပါက အချိန်နှစ်ပတ်ကြာ ဆေးရုံ တက်ကုသမှု ခံယူရမည်ဖြစ်ပြီး အမျိုးသမီးဘ၀မှ အမျိုးသားအဖြစ်သို့ လိင်ပြောင်းလဲပါက ၁ နှစ်မှ ၂ နှစ်အထိ အချိန်ယူ ဆေးကုသမှုခံယူပြီးမှ ခွဲစိတ်ပြုပြင်လိင်ပြောင်းလဲနိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ လိင်တူချစ်သူ အမျိုးသားတဦးကမူ အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ လိင်ပြောင်းလဲ ချင်ကြ သော လိင်တူချစ်သူအမျိုးသားအများအပြား ပြည်တွင်းတွင်ရှိနေပြီး ငွေလည်းတတ်နိုင်ကြကြောင်း၊ လိင်ပြောင်းလဲရန် မည်သို့မည်ပုံ ပြည်ပဆေးရုံများနှင့် ဆက်သွယ်ဆောင်ရွက်ခွဲစိတ်မှုခံယူရမည်ကိုမသိရှိကြ သူက အများစုဖြစ်နေကြောင်း ပြောဆိုသည်။

မြန်မာ မူးယစ်ဆေး ထွက်နှုန်းတိုးဟု ဆို

    

ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းက ရှမ်းပြည် အရှေ့မြောက်ပိုင်း လောက်ကိုင်မြို့၌ ကျင်းပသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲတွင် စစ်အစိုးရ ဖျက်ဆီးပြခဲ့သော မက်သာအဖက်တမင်း စိတ်ကြွဆေးပြား အထုတ်များကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
Friday, 27 November 2009 17:25 သန်းထိုက်ဦး
.မြန်မာနိုင်ငံတွင် ရာဘ (ခေါ်) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုမှာ ယခင် နှစ်များထက် (၄) ဆခန့် ပိုမိုများပြား လာကြောင်း မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) အဖွဲ့မှ ထုတ်ပြန်သော“2009 Patterns and Trends of Amphetamine - Type Stimulants and Other Drugs in East and South-East Asia”ဟု အမည်ရသည့် အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
UNODC ၏ ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်အတွင်း စိတ်ကြွဆေးပြား အလုံးရေ တစ်သန်းကျော် ဖမ်းဆီးမိခဲ့ သော် လည်း ၂၀၀၉ ခုနှစ် ၆ လခန့် အတွင်း၌ပင် ၎င်း ဆေးပြား လေးသန်းခွဲ ဖမ်းဆီးရမိသည့်အတွက် ယခင်နှစ်များထက် ၄ ဆခန့် ပိုမိုများပြာလာသည်ဟု ရေးသားဖော်ပြထားသည်။
"မူးယစ်ဆေးဝါး ထွက်ကုန်တွေဟာ နယ်စပ်ဒေသမှာ ပိုပြီးတော့ များလာတယ်ဆိုတာကို ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်" ဟု UNODCကိုယ်စားလှယ် အရာရှိတဦးဖြစ်သူ မစ္စတာ ဂါရီလူးဝစ္စက ယမန်နေ့က ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံမှ သာမက ဒေသတွင်း နိုင်ငံများဖြစ်သည့် လာအို၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံတို့မှတဆင့် ပျံ့နှံ့ လျက်ရှိသည်ဟုလည်း မစ္စတာ ဂါရီလူးဝစ္စက ဆိုသည်။
ထို့ကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများသည် မူးယစ်ဆေးဝါးကို လက်ဝယ်တွင် မထားရှိတော့ဘဲ ထိုင်းနိုင်ငံအတွင်းသို့ အကြွေးစနစ်ဖြင့် လည်းကောင်း ဈေးနှုန်းလျှော့ချ၍လည်းကောင်း တင်သွင်းနေကြောင်းလည်း သတင်းများဖော်ပြချက် အရသိရ သည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှိမ်နှင်းမှုများကို ကိုးကန့်တိုက်ပွဲပြီးသည့် နောက်ပိုင်းတွင် ယခင်ကထက် ပိုမိုလုပ်လာပြီး၊ သြဂုတ်လ အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၂၃၀ နှင့် တရားခံပေါင်း ၃၅၅ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း စစ်အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။
အလားတူပင် ရှမ်းပြည်နယ် မြောက်ပိုင်း နန်းခမ်းမြို့ရှိ ပန်းဈေး ကျေးရွာများနှင့် ကချင်ပြည်နယ်များတွင် ဘိန်းစိုက်ပျိုးမှုများကို ယခင်နှစ်ထက် ပိုမို စိုက်ပျိုးလာကြောင်းလည်း မျက်မြင်များကဆိုသည်။
ထိုင်းနိုင်ငံသို့ မကြာခင်က ရောက်ရှိလာသည့် မျက်မြင် ပလောင် အမျိုးသမီး တဦးဖြစ်သူ လွေးမိုးလှိုင်က“ ဒီနှစ်မှာ ကြည့်ရတာ လမ်းဘေးတွေမှာကို ဘိန်းတွေ တော်တော်စိုက်တယ်၊ ဘယ်လောက်အစိုက်များလည်း ဆိုလို့ရှိရင် ပန်းဈေးရွာက လူတွေက ဘိန်း စိုက်တဲ့ ခြံတွေမှာ မြေသွားပေါက်ကြတယ်၊ သွားပေါက်တော့ သူတို့ကို စရိတ်ငြိမ်း သုံးရက်ကို မြန်မာကျပ်ငွေ တစ်သောင်း ပေးတယ်၊ အထူးသဖြင့် အမျိုးသားတွေက သွားလုပ်ကြတာများတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကချင်ဖွံ့ဖြိုးရေး ကွန်ယက်(KDNG)မှ ကိုအောင်ဝါကလည်း“ကချင်ပြည်နယ်မှာ သစ်လုပ်ငန်းတွေ နားနေတယ်၊ ကျောက်စိမ်း လုပ်ငန်း တွေလည်း အရင်ကလို လုပ်တဲ့လူတွေနည်းလာတယ်၊ ရွှေလုပ်ငန်း နည်းနည်းပဲ ရှိတယ် ဆိုတော့ ဘိန်းတွေကို နေရာတကာ စိုက် ပျိုးလာတယ်၊ ဘိန်းစိုက်ပျိုးမှုကို စီးပွားရေး ၀င်ငွေအဖြစ်၊ လုပ်လာတဲ့အပိုင်းမျိုး မြင်လာတယ်”ဟု ပြောသည်။
မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ် လုပ်နေကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ရောင်းချမှုများ ရှိကြောင်းလည်း သိရသည်။
ယင်း ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့်စွာ ထုတ်လုပ်နေသည့် အဖွဲ့ တဖွဲ့ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဆိုသည်။
မြန်မာအာဏာပိုင်များကလည်း မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူး ယစ်ဆေးဝါး မှောင်ခိုကုန်ကူးနေသူဖြစ်ပြီး ၎င်းကို တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလိုရှိနေသည်။
အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန်သည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသည် ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

သံဃာတော်များ ဆက်လက်ဖိနှိပ်ခံနေရ

  

၂၀၀၇ ခုနှစ်က ရန်ကုန်မြို့မှ ဆန္ဒပြ သံဃာများကို အာဏာပိုင်တို့ ချေမှုန်းခြင်း မပြုမီ တွေ့ရသည့် မြင်ကွင်းတခု
Friday, 27 November 2009 19:24 ဧရာဝတီ
.သံဃာများ ဦးဆောင်သော ၂၀၀၇ခုနှစ် ဆန္ဒပြမှုများကို လက်တုံ့ပြန်သည့် အနေဖြင့် စစ်အစိုးရက ရဟန်းသံဃာများကို ဆက်လက် ဖိနှိပ်လျက် ရှိသည်။ စစ်အစိုးရသည် တရားပွဲများကို ပိတ်ပင်ခြင်း ၊ ခရီးသွားလာမှုများအပေါ် ကန့်သတ်ခြင်း စသည့် နည်းလမ်းများဖြင့် သံဃာများကို ဆက်လက် ဖိအားပေးနေသည်။
သံဃာတို့၏ မိသားစုဝင်များလည်း ဖိအားပေးခံနေရသည်ဟု ပြည်ပရောက် သံဃာတပါးက ဧရာဝတီသို့ မိန့်ကြားသည်။
“ဦးပဉ္ဇင်းမိဘတွေက မြို့နယ်အာဏာပိုင်တွေဆီကို လစဉ် သွားပြီး လက်မှတ်ထိုးရတယ်၊ ပြီးတော့ ဦးပဉ္ဇင်းဆက်သွယ်တာနဲ့ သူတို့ဆီကို အကြောင်းကြားရမယ်လို့လည်း အမိန့်ပေးတယ်။ ဦးပဉ္ဇင်းမိဘတွေကို အလုပ်ထုတ်ပစ်ဖို့ အလုပ်ရှင်ကိုလည်း ဖိအား ပေးခဲ့သေးတယ်” ဟု အိန္ဒိယအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်အဖွဲ့ (ABMRC) အတွင်းရေးမှူးဖြစ်သူ အရှင်ထာဝရက ဧရာဝတီသို့ ပြောပြသည်။
သက်တော် ၂၆ နှစ်ရှိ အရှင်ထာဝရသည် ဆန္ဒပြပွဲများအတွင်း ဦးဆောင်လှုပ်ရှားခဲ့ပြီး ABMRC ကို စတင် တည်ထောင်ခဲ့သည့် သံဃာတပါးဖြစ်သည်။
“၂၀၀၈ ဖေဖော်ဝါရီမှာ အာဏာပိုင်တွေက ဦးပဉ္ဇင်းပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို သိမ်းသွားခဲ့တယ်၊ အဲဒီကတည်းက ဦးပဉ္ဇင်း သီတင်းသုံးတဲ့ ရန်ကုန်၊ သင်္ဃန်းကျွန်း ဇေယျသိဒ္ဓကျာင်းက သံဃာတော်တွေကို ကျောင်းကနေ ထွက်သွားဖို့ ဖိအားပေးခဲ့တာ အခုဆိုရင် ကျောင်းမှာ ဘုန်းကြီးအိုကြီးတပါးပဲ ကျန်တော့တယ်” ဟု အရှင်ထာဝရက ပြောသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့၌ စစ်အစိုးရက ဆန္ဒပြသူများကို နှိမ်နင်းသဖြင့် သံဃာ အများအပြားသည် ဖမ်းဆီးခံရမှုမှ လွတ်မြောက်နိုင်ရေးအတွက် ၎င်းတို့ သီတင်းသုံးရာ ကျောင်းတိုက်များမှ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ နိုင်ငံမှ စွန့်ခွာခဲ့ရသည့် သံဃာများလည်း အများအပြား ရှိသည်။
တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ မြန်မာနိုင်ငံတွင် သံဃာ အရေအတွက် လေးသိန်းကျော် ရှိကြောင်း သိရသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများစု နေထိုင်သည့် မြန်မာပြည်တွင် သံဃာများသည် ယုံကြည်ကိုးစားမှု အခံရဆုံး ပုဂ္ဂိုလ်များ ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး (ABMA) ကို စတင် တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် အရှင်ဣဿရိယ က “စစ်အစိုးရက သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာကို ဖိနှိပ်စော်ကားနေတုန်းပဲ။ အခု လက်ရှိ သံဃာ အပါး ၂၅၀ ကျော်၊ သီလရှင် အပါး ၂၀ အဖမ်းခံထားရတယ်” ဟု ဆိုသည်။
သာသနာရေးဝန်ကြီးဌာနသည် သံဃာ့ မဟာနာယကအဖွဲ့မှတဆင့် သံဃာများကို ထိန်းချုပ်ထားသည်။ သံဃာများ ခရီးသွားလာခြင်း၊ တရား ဓမ္မ ဟောကြားခြင်း တို့နှင့် ပတ်သက်ပြီး ကန့်သတ်သည့် အမိန့်များကိုလည်း ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ရှိ ရွှေည၀ါ ဗုဒ္ဓတက္ကသိုလ် ဋ္ဌာနမှူး အပါအ၀င် သံဃာတချို့သည် တရားဟောကြားခြင်း မပြုရန် တားမြစ်ခံထားရကြောင်း သိရသည်။
“ရွှေည၀ါဆရာတော်က သူ့ရဲ့ ‘တကယ့်လွတ်လပ်ရေး’ နဲ့ ‘မတရားမလုပ်ကြပါနဲ့’ အခွေတွေကြောင့် မနှစ် ကတည်းက ရန်ကုန်မှာ တရားပွဲတွေ အပိတ်ခံထားရတာ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက လှည်းတန်းနဲ့ ကြည့်မြင်တိုင်မှာ လပြည့်နေ့ တရားပွဲတွေ လုပ်တော့လည်း ဆရာတော်ဟောဖို့ အပိတ်ခံရသေးတယ်” ဟု ရွှေည၀ါ၌ ပညာသင်ယူခဲ့သည့် ရဟန်းတော်တပါးက ဧရာဝတီသို့ ပြောပြခဲ့သည်။
သာသနာရေးဝန်ကြီးဌာနက သံဃာများ ပြည်ပခရီးသွားရောက်နိုင်ရေး အတွက် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးမှုကို ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။
“အခုဆိုရင် အာဏာပိုင်တွေက သံဃာတော်တွေကို အနီးကပ် စောင့်ကြည့်နေကြတယ်၊ ပြီးတော့ ဗီဇာနဲ့ စကောလားရှစ်တွေ ရဖို့လည်း သိပ်ကိုခက်နေတယ်” ဟု ရန်ကုန်တွင် သီတင်းသုံးသည့် အရှင်ပညာသာမိက ဆိုသည်။ သူ၏ မိတ်ဆွေများကိုလည်း အာဏာပိုင်တို့က ဖိအားပေးနေသည်ဟု သိရသည်။
“ဆန္ဒပြပွဲတွေတုန်းက ပါခဲ့တဲ့ ဦးပဉ္ဇင်းရဲ့ မိတ်ဆွေတချို့ ဆိုရင် ဦးပဉ္ဇင်းနဲ့ ခပ်ခွာခွာနေကြပြီးတော့ အခုဆို လူဝတ်လဲသွားကြပြီ၊ ဒေါပုံက ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဦးပဉ္ဇင်း ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးလည်း အသိမ်းခံရတယ်” ဟု ၂၀၀၇ ဆန္ဒပြပွဲများအတွင်း ဦးဆောင်ပါဝင်ခဲ့သူ အရှင် နေမိန္ဒက မိန့်ကြားသည်။
မန္တလေးတိုင်းမှ ကျောင်းထိုင်ဆရာတော်တပါးက “အရပ်ဝတ်နဲ့ လုံခြုံရေးအရာရှိတွေက တချို့ သံဃာတော်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို အနီးကပ်စောင့်ကြည့်နေကြတာ” ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။
မန္တလေးတိုင်းအတွင်း သံဃာတော်များနှင့် အဆက်အသွယ်ရှိသည့် လူငယ်လေးဦး စက်တင်ဘာလတွင် အထိန်းသိမ်းခံခဲ့ရကြောင်း မန္တလေးရှိ ကျောင်းထိုင် ဆရာတော် တပါးထံမှ သိရသည်။
“သူတို့မိသားစုနဲ့ ဆွေမျိုးတွေကတော့ သူတို့အခုဘယ်မှာ ရှိနေသလဲဆိုတာ မသိကြဘူး” ဟု အဆိုပါ ကျောင်းထိုင်ဆရာတော်က မိန့်သည်။
အာဏာပိုင်များသည် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ဦးအိန္ဒကကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်း၏ ကျောင်းတိုက်ဖြစ်သည့် ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင် စာသင်တိုက်ကို ပိတ်ပစ်ခဲ့ကြသည်။ ထိုစဉ်က အာဏာပိုင်တို့သည် စာသင်တိုက်အတွင်းရှိ သံဃာများ၊ သီလရှင်များ၊ ဆေးကုသမှုခံယူနေကြသော အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင် အများအပြားကို အတင်းအကျပ် မောင်းထုတ်ခဲ့သည်။
၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ABMA အဖွဲ့ကြီးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ရဟန်းသံဃာများ နှင့် ဗုဒ္ဓဘာသာ အပေါ် စော်ကားမှုများအတွက် ၀န်ချတောင်းပန်ရန် ပျက်ကွက်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။