မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
Posts tonen met het label ဧရာဝတီ မှ. Alle posts tonen
Posts tonen met het label ဧရာဝတီ မှ. Alle posts tonen

zaterdag 8 augustus 2009

ဘန်ကောက်တွင် ၂၁ နှစ်မြောက် ရှစ်လေးဘန်ကောက်တွင် ၂၁ နှစ်မြောက် ရှစ်လေးလုံးနေ့ အထိမ်းအမှတလုံးနေ့ အထိမ်းအမှတ် ဆန္ဒပြ



ဘန်ကောက် မြန်မာသံရုံးရှေ့၌ မြန်မာ့အရေး လှုပ်ရှားသူများ ယနေ့ ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - ဘစောတင်)

Saturday, 08 August 2009 19:48 ဘစောတင်
ယနေ့ ကျရောက်သည့် ၂၁ နှစ်မြောက် ရှစ်လေးလုံးနေ့ ၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် Burma Democratic Network က ဦးဆောင်၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုရုံးဆန္ဒပြခဲ့ကြပြီး မလေးရှား၊ ဂျပန် အစရှိသည့်

နိုင်ငံတကာတွင်လည်း အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သည့် ကျောင်းသားဟောင်းတဦးဖြစ်သူ ကိုသီဟက“နအဖ အစိုးရဟာ ပြည်သူ တွေကို ရက်ရက်စက်စက် နှိပ်ကွပ်နေဆဲဖြစ်ပါတယ်”ဟု ပြောဆိုသွားသည်။
သူသည် ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် ပြောင်းရွှေ့ အခြေချ နေထိုင်နေသူဖြစ်ပြီး ဘန်ကောက် အခြေစိုက် ONSOB ခေါ် အဝေးရောက် အမျိုးသားကျောင်းသားများ အဖွဲ့  (မြန်မာနိုင်ငံ)ကို စတင် တည် ထောင်ခဲ့သူ ဟုသိရသည်။

ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသူများက နိုင်ငံရေးကြွေးကြော်သံများ ကို တနာရီခန့် ကြွေးကြော် ခဲ့ပြီး တောင်းဆိုချက်များကို သံရုံးအတွင်းသို့ ပေးပို့ခဲ့ကြသည်။

ယင်း မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲသည် နံနက် ၁၀ နာရီခွဲခန့်တွင် စတင်ပြီး ၁၁ နာရီခွဲ ဝန်းကျင် တွင်ပြီးဆုံး သွားခဲ့သည်။

အလားတူ ဘန်ကောက်မြို့ ရပ်ရှ်ဒေ၀ီ အရပ်ရှိ Student Christian Centre တွင် Thai Action Committee for Democracy in Burma (TACDB), Southeast Asian Studies Program (SEAS) Thammasat University နှင့် ALTSEAN Burma တို့ က ဦးဆောင်ကာ ရှစ်လေးလုံးအထိမ်းအမှတ်ဟောပြောပွဲ အခမ်းနား ကို နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရေးအဖွဲ့ အစည်းများမှ ခေါင်းဆောင်များ၊ ထိုင်း တက္ကသိုလ်များမှ ပါမောက္ခများ၊ ကျောင်းသား ကျောင်းသူများ မြန်မာ့အရေးလှုပ်ရှားသူများ စုစုပေါင်း တရာဝန်းကျင်ခန့် တက်ရောက်ကြ သည်။

အခမ်းအနားသို့ တက်ရောက်လာသူ တက္ကသိုလ်ပါမောက္ခဟောင်းလည်းဖြစ် လွှတ်တော်အမတ်လည်းဖြစ်သူ Kraisak Choonhavan က“၈၈တုန်းက မြန်မာပြည်က ကျောင်းသား ရာပေါင်းများစွာဟာ ထိုင်းနိုင်ငံထဲ ကို ထွက်ပြေး ခိုလှုံခဲ့ကြတယ်၊ သူတို့ဟာ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတယ်၊ ပြီးတော့ လက်ရှိ စစ်အစိုးရ သိဖို့က အခုအခြေအနေဟာ ၁၉၆၂ ခုနှစ်တုန်းက ဗိုလ်နေ၀င်း အာဏာသိမ်းခဲ့တဲ့ ကာလ မျိုးမဟုတ်ဘူးဆိုတာ သိစေချင်တယ်၊ ပါမောက္ခတယောက်အနေနဲ့ ပြောချင်တာက ပြည်သူတွေဟာ လုံးဝ ပြိုပျက်သွားတာမဟုတ်ဘူး၊ လွတ်လပ်စွာပြောဆို ရေးသားခွင့်နဲ့ တန်းတူညီရေးတွေကို တစိုက်မတ်မတ်နဲ့  စောင့်ကြည့်နေကြတယ်ဆိုတာပဲ”ဟု ဧရာဝတီသို့ ပြောသည်၊

ယင်း အခမ်းအနားတွင် ရှစ်လေးလုံးနှင့် ပတ်သက်၍ ဟောပြောသူ ဒီမိုကရေစီနှင့်ဖွံ့ ဖြိုး တိုးတက်ရေး အင်အားစု(NDD) ဥက္ကဌ ဒေါ်ခင်ဥမ္မာ က“ကျမတို့ အစ်ကိုကြီး အစ်မကြီးတွေဟာ စစ်အာဏာရှင် စနစ်ကို ၁၉၆၂ ခုနှစ်က နေ ဆက်တိုက်ဆိုသလို ဆန့်ကျင်တော်လှန်ခဲ့ကြတာ ကျမတို့ လက်ထက်ထိပါပဲ၊ အခုလည်း ပဲ လိုချင်တဲ့ပန်းတိုင်ကို မရောက်နိုင်ကြသေးဘူး။ ဖြစ်နိုင်ရင် နောက်မျိုးဆက်တွေကို ဒီအမွေကို လက်ဆင့် မကမ်းချင်တော့ဘူး”ဟုပြောသည်၊


ဘန်ကောက်မြို့Rajabat University မှ နိုင်ငံရေးသိပ္ပံ ဒုတိယနှစ်ကျောင်းသူ Miss. Sinmin ကလည်း “စစ်အစိုးရ က နည်းပေါင်းစုံနဲ့ နှိပ်စက်နေတာတွေကို တွေ့ မြင်သိရှိရလို့  အရမ်းပဲ စက်ဆုပ်မိတယ်၊ ပြည်သူတွေကိုလည်း ညီညွတ်စွာနဲ့ ဒီစစ်အစိုးရကို မြန်မြန် ပြုတ်ကျအောင် တိုက်နိုင်ကြပါစေလို့ ဆု တောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သည်းခံနိုင်စွမ်းကိုလည်း အားကျမိပါတယ်”ဟု ဆိုသည်။

ယနေ့တွင် ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများကလည်း တိုကျိုမြို့တွင် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ သည်ဟု သတင်းရရှိသည်။

ယင်းချီတက်ပွဲတွင် ရှစ်လေးလုံး အရေးတော်ပုံကာလက အကျော်ကြားဆုံး ကျောင်းသားခေါင်းဆောင် တဦး ဖြစ်ခဲ့သူ ကိုမိုးသီးဇွန်လည်း ပါဝင်ခဲ့သည်။

ကိုမိုးသီးဇွန် က“ကျနော်တို့ တော်လှန်ရေးဟာ မပြီးသေးဘူး၊ ကျနော်တို့ ဆက်ပြီး တော်လှန်ရေးကို ဆင်နွှဲရ မယ်၊ ၂၁ နှစ်ကြာကာလ အတွေ့ အကြုံဟာ ခါးသီးလွန်းတယ်၊ ဒါပေမယ့် သတင်း ကောင်းတခုရှိတာက ကျနော်တို့ ချီတက်နေတဲ့လမ်းကြောင်းဟာ မှန်ကန်နေတယ်၊ ဒါကြောင့် ရှစ်လေးလုံး စိတ်ဓါတ်နဲ့ ဆက် ချီတက်ရင် အောင်ကိုအောင်မြင်ရမယ်”ဟုပြောသည်။

မြန်မာပြည် ရန်ကုန်မြို့၌မူ ယနေ့တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်း ပြည်တွင်း သတင်းထောက် တဦးက ပြောပြသည်။

“ဗိုလ်ချုပ်ဈေးရှေ့မှာလည်း ရဲကား ၂ စီးရှိတယ်၊ ဆူးလေဘုရားဘေး၊ မြို့တော်ခန်းမရှေ့မှာလည်း ၂ စီး ရှိ တယ်၊ အရပ်ဝတ်တွေကတော့ သစ်ပင်အောက်တွေမှာ ထိုင်နေတာ ၁၀၀ လောက်ရှိတာ တွေ့ရတယ်၊ လှည်းတန်းမှာတင် အရပ်ဝတ်နဲ့ ဟိုမှာ ဒီမှာ ရှိနေတယ်၊ ၁၀၀ လောက်ရှိတယ်၊ ရဲကားကတော့ ၂ စီးရှိတယ်၊ ယူနီဖောင်းနဲ့ ရဲ ၁၀၀ လောက်တော့ရှိတယ်၊ နောက် မြို့ကို ပတ်နေတဲ့ ရဲကား၂ စီးရှိတယ်၊ အခြား နေရာတွေ မှာလည်း ရှိချင်ရှိဦးမယ်”ဟု ၎င်းက ပြောသည်။

၈၈ မျိုးဆက် ကျောင်သားများအဖွဲ့ကလည်း ၈၈၈၈ စိတ်ဓာတ်ကို ထိန်းသိမ်း၍ စစ်အာဏာရှင် အစိုးရအား ဆက်လက် ဆန့်ကျင်၍ ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လှမ်းရန် တိုင်းရင်းသားပြည်သူအားလုံးကို နှိုးဆော် ထားသည့် ကြေညာချက်တစောင်ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

donderdag 23 juli 2009

အမေရိကန်ကိုယ်စားလှယ် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် ဖူးကက်တွင်တွေ့ဆုံ


ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ် (ဓာတ်ပုံ - ရိုက်တာ)

Thursday, 23 July 2009 20:04 ဝေမိုး
ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ်တို့သည် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

“သူတို့ မနေ့ ညနေပိုင်းက တွေ့ကြတယ်၊ အမေရိကန် နိုင်ငံခြားရေးဌာနက အဖွဲ့ဝင်တချို့နဲ့ မြန်မာအဖွဲ့တို့ တွေ့ကြပါတယ်”ဟု ယင်းအာဆီယံ အစည်းအဝေးပွဲရောက် အမေရိကန် အဆင့်မြင့် အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန် အရာရှိများသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ အရ မြောက်ကိုရီးယားကို အရေးယူမှုနှင့်ပတ်သက်ပြီး မြန်မာအဖွဲ့ကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ၎င်း အမေရိကန် အရာရှိကပြောဆိုသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် မေလ က နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကိုချမှတ်ပြီး အရေးယူခြင်းခံရသည့် နိုင်ငံဖြစ်သည်။

ယခု တွေ့ဆုံသည့် တနာရီခွဲခန့် ကြာမြင့်ချိန်အတွင်း၌ မြန်မာဘက်က အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းအနေနှင့် များစွာပြောဆိုမှုမရှိကြောင်း၊ အမေရိကန်ဘက်က ဆွေးနွေးချက်များကို နေပြည်တော်ရှိ နိုင်ငံတော်အကြီးအကဲများကို ပြန်လည်၍ အစီရင်ခံမည်ဟု ပြောဆိုခဲ့ကြောင်း၊ မြန်မာအဖွဲ့အနေနှင့် နားထောင် ရုံသာ ဖြစ်ကြောင်းလည်း အဆိုပါ အမေရိကန် အဆင့်မြင့်အရာရှိက ပြောဆိုသည်။

အမေရိကန်ဘက်က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ပြန်လည်သုံးသပ်ရေးနှင့် ပတ်သက်၍လည်း “ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၂၁၀၀ ကျော်ပြန်လွှတ်ရေး တောင်းဆိုထားသည့်အပေါ် အပြောင်း အလဲ မရှိကြောင်းနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန်လိုအပ်ကြောင်း”တို့ကို ပြောကြားသည်ဟု သိရသည်။

ယင်းသို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံသည့် စကော့ မာရှယ်သည် လက်ရှိတွင် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အတွင်းရေးမှူးနှင့် အမေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ် စားလှယ် ဖြစ်သည်။

အဆိုပါ အာဆီယံ အစည်းအဝေးသည် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင် ၂၃ ရက် ယနေ့အထိ ကျင်းပ ပြီးဆုံးခဲ့ သည်။

ဤ သတင်းအား ဧရာဝတီ သတင်းထောက် ဝေမိုး က အာဆီယံအစည်းအဝေးကျင်းပသည့် ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ပေးပို့ခြင်းဖြစ်သည်။

woensdag 22 juli 2009

အာဆီယံကို လန်တဲ့ကိုကို



Wednesday, 22 July 2009 19:26 ရန်ကုန်သားတာတေ
“တွီ .. တွီ .. တွီ .. တော် .. တော် .. ဒစ် .. ဒစ် .. ဒစ် ..ရထားဖြစ်လား၊ သင်္ဘောဖြစ်လား၊ လေယာဉ်ပျံ ဖြစ်လား၊ ကြားရလား၊ ကြားရလား”
“ကျား မရဘူး .. အဲ မကြားရဘူး .. အော်ပြောပါ .. အော်ပြောပါ .. မြေကြွက်မှ .. လဒ .. မြေကြွက်မှ လဒ”
“ကြားရလား လဒ ပြောနေတယ် .. မြေကြွက် ဘယ်ရောက်နေလဲ”
“မင်းဘိုးအေကြီးတဲ့မှပဲ .. မြေကြွက်ပါဆိုမှ တွင်းထဲရောက်နေတာပေါ့၊ အဲ လိုဏ်ခေါင်းထဲက စကားပြော နေတာဟေ့ .. ”
“သြော် အဲဒါကြောင့် လူကြီးမြင်းနဲ့ချည်းခဏခဏတိုးနေတာကိုး ..။ ပြတ်သွားပြန်ပြီ .. ဟင်း .. မြေကြွက် .. ဗျိုး .. မြေကြွက် ..”
“ဟေ့ကောင် လဒ .. အသားလွတ် အော်မနေနဲ့ ပြော .. ဘာထူးလဲ”

ထိုင်းနိုင်ငံ ဖူးကက်ကမ်းခြေက သာယာလှပသော နေရာတခုတွင် မြန်မာပြည် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ပျင်း တယောက် ရောက်ရှိနေခြင်းဖြစ်သည်။ အပန်းဖြေရာ ကမ်းသာယာဖြစ်သော်လည်း ဦးဉာဏ်ပျင်း အပန်းမပြေနိုင်။ သူရောက်နေသည့် အာဆီယံ အစည်းအဝေးနှင့် ပတ်သက်၍ ခေါင်းရှောင် ချိုကုပ်ဒူးကြီးကို wireless မှတဆင့် အစီရင်ခံရန် ကြိုးစားနေရသည်။

သူနှင့်မလှမ်းမကမ်းတွင် ရောက်ရှိနေသော ဒေဝါလီ မဂ္ဂဇင်းမှ ဖိုးရှုပ်နှင့် သူငယ်ချင်းဖြစ်သူ ကြွက်စုတ် ကိုလည်း အလစ်မပေးရဲ။ ထိုနှစ်ယောက်က သူ့ကို အမိဖမ်းရန် ချောင်းနေသည်ဟု ခံစားရသည်။ တကယ် တမ်း သူ့ဘေးနားမှာ ဦးရုက္ခစိုးတယောက် ကိုယ်ရောင်ဖျောက်ကာ ရောက်ရှိနေသည်ကို သိလိုက်လျှင် လန့်ဖျပ်ပြီး အသက်ပါ ပါသွားနိုင်သည်။

ကြွက်စုတ်။ ။ ဟေ့ကောင် ဖိုးရှုပ် ရိုက်လေကွာ .. ရိုက်တော့လေ .. ဟာ .. မင်းတော်တော် ညံ့တဲ့ ကောင်ပဲကွ။

ဖိုးရှုပ်။ ။ ဟ .. မင်းသိပ်တော်နေရင် မင်းရိုက်ပါလား။ ဒီမှာ ဘယ်လိုမှ ရိုက်မရလို့ စိတ်ညစ်နေရတဲ့ အထဲ။ ဒီ ဦးဉာဏ်ပျင်းကြီးကလည်း အရှောင်အတိမ်းက တော်ပါ့ကွာ။ ဘယ်လိုမှ အမိဖမ်းလို့ကိုမရဘူး။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဦးဉာဏ်ပျင်း ဓာတ်ပုံရရန် အသည်းအသန်ကြိုးစား နေကြခြင်းဖြစ်သည်။

ကြွက်စုတ်။ ။ ဟုတ်ပါ့ကွာ .. ဒီဦးဉာဏ်ပျင်းတယောက် ဖမ်းမိဖို့အရေး ငါတို့မှာ အစည်းအဝေးခန်းထဲ က စားပွဲတွေပေါ် အိပ်လိုအိပ်ရ၊ တညလုံးမအိပ်ဘဲ ဟိုတယ်ရှေ့ ငုတ်တုတ်ထိုင်စောင့်လို စောင့်ရနဲ့ ခုလည်း wireless တလုံးနဲ့ ဘာတွေလုပ်နေပြန်ပြီလဲ မသိဘူး။

ထိုစဉ် သူတို့ဘေး၌ ဦးရုက္ခစိုး ဘွားခနဲပေါ်လာသည်။

ရုက္ခစိုး။ ။ ဘာရှုပ်ရမှာလဲကွ သူတို့ခေါင်းရှောင်ကြီး ချိုကုပ်ဒူးကြီးဆီ အစီအရင်ခံနေတာ .. မကြား ဘူးလား။

ဖိုးရှုပ်။ ။ ပလုပ်တုတ် .. အသံမပေးဘာမပေးနဲ့ လန့်လိုက်တာ ဦးရုက္ခစိုးရယ်။

ရုက္ခစိုး။ ။ လန့်မနေနဲ့ ငါကြားလာတာတွေ ပြန်ပြောပြမယ်။ မင်းလည်း ဒေဝါလီမဂ္ဂဇင်းအတွက် ရမ်းရွှီး သတင်းတပုဒ်ရတာပေါ့ ဟဲဟဲ။

ကြွက်စုတ်။ ။ ပြောပြလိုက်ပါ ဦးရုက္ခစိုးရယ် .. သတင်းမှမရရင် ကိုဂေါ်ကြီးက ထောင်းတော့မှာ ..။ ကျနော့်မှာလည်း သူ့နောက်လိုက်မိပါတယ် .. ခုထိ ဖူးကက်က ကောင်မလေးတွေတောင် ကောင်းကောင်း မငမ်းရသေးဘူး။

ရုက္ခစိုး။ ။ မင်းတင် မငမ်းရတာမဟုတ်ဘူး ဦးဉာဏ်ပျင်းလည်း မငမ်းရရှာဘူးကွ။ နားထောင်ကြည့်။

ပြောပြောဆိုဆိုနှင့် ဦးရုက္ခစိုးက သူ့လက်ထဲမှ ရကော်ဒါလေးကို “ထောက်ခနဲ” ဖွင့်ပြလိုက်သည်။
(မှတ်ချက်။ ။ နတ်ကိုင်သည့် ရကော်ဒါဖြစ်သောကြောင့် နတ် ကိုယ်ယောင်ဖျောက်ချိန်တွင် ရော၍ ဖျောက်ထားနိုင်သည်။ ထူးခြားချက်မှာ တဘက်မှ ပြောသည့် အသံကိုပါ ဖမ်းနိုင်သောကြောင့် စစ်ထောက် လှမ်းရေးက အသည်းအသန်လိုချင်နေကြောင်း ကြားသိရသည်)

ချိုကုပ်။ ။ ဘာထူးလဲခုခါ .. ဘာထူးလဲခုခါ .. (လေးဖြူသီချင်းသံစဉ်အတိုင်း ချိုကုပ်ဒူးကြီးက ၎င်း၏ ကိုယ်ပိုင် ငှက်ဆိုးထိုးသံဖြင့် အော်လိုက်ခြင်းဖြစ်သည်)

ဉာဏ်ပျင်း။ ။ ထူးတာကတော့ ချိုကုပ်ဒူးကြီးရေ .. ကျနော့်မှာ ဖူးကက်ရောက်တုန်းရောက်ခိုက် .. ရေလေးကူး .. အပန်းလေးဖြေ .. မဒီလေးတွေနဲ့ တူတူ ဘီယာလေးစုပ် လုပ်မလားမှတ်ပါတယ် .. ခု သတင်း သမားတွေ အတင်းလိုက်နေလို့ ပြေးနေရတယ်ဗျ။

ချိုကုပ်။ ။ မင်းအတော်ညံ့တာပဲ .. အေး .. ၊ မှာလိုက်ပါရစေနော် .. အဲဒီဟာတွေကို လွတ်အောင် ရှောင် .. လုံးဝအမိမခံနဲ့ .. အထူးသဖြင့် ဒေဝါလီကကောင်တွေ မမိစေနဲ့။ မင်းကွာ .. အနှိပ်ခန်းထဲ ဝင်ပုန်းနေ ပါတော့လား။ ညံ့လိုက်တာ .. လူချင်းများ လဲလိုက်ချင်ပါရဲ့။ ဒါမှမဟုတ်လည်း ကာရာအိုကေ ဆိုင်လေး ဘာလေး ရုပ်ဖျက်ပြီး သွားနေပေါ့။

ဉာဏ်ပျင်း။ ။ ဟာ အနှိပ်ခန်းသွားရင် အနှိပ်ခန်းထဲထိ လိုက်မေးမယ့် သဘောရှိတယ် ချိုကုပ်ဒူးကြီး။ အဲဒီဒေဝါလီက တကောင်ဆို ဟိုတယ်ရှေ့မှာ ငုတ်တုတ်ငိုက်ပြီးစောင့်နေတာဗျ။ သူငိုက်နေတဲ့အချိန် အသာလေး လစ်လာလို့ အပြင်ထွက်လို့ရတာ။ ညှပ်ပူးညှပ်ပိတ်လုပ်နေကြတာ။ ပြီးတော့ .. ပြီးတော့ ..။

ပြောရင်းက ဦးဉာဏ်ပျင်းတယောက် ငိုသံပါလာသည်..။

ချိုကုပ်။ ။ ပြီးတော့ ဘာဖြစ်လဲ ပြော .. ပြော .. မြန်မြန်ပြောစမ်း ..။

ဉာဏ်ပျင်း။ ။ အခု ဖူးကက်ကမ်းခြေမှာ ကျနော့်ကို ဘောလုံးလုပ်ပြီး ကန်နေကြပြီဗျ .. အီး .. အဟီး .. အဟင့် .. ရွှတ်။

ချိုကုပ်။ ။ ဟေ .. ဟုတ်လား .. ။ အာဆီယံ ဖလားပေါ့နော်။ ဘယ်အသင်းနဲ့ .. ဘယ်အသင်းလဲ ..၊ ဘယ်ကြေးပေါက်လဲ .. လုပ်စမ်းပါဦး။ ငါ အပေါ်က ဝင်ထိုင်ရင် ဘယ်လိုနေမလဲ ..။

ဉာဏ်ပျင်း။ ။ ဟာ .. အဲဒီလို ဘောလုံးအစစ်ကန်တာကို ပြောတာမဟုတ်ဘူးဗျ။ ခု အာဆီယံ ဆွေးနွေးပွဲမှာ .. ကျနော့်ကို ထိုင်းက ကန်လိုက် အင်ဒိုနီးရှားက ကန်လိုက်နဲ့ ကန်နေကြလို့ ဘောလုံးဖြစ်နေပြီ လို့ ပြောတာ။

ဦးဉာဏ်ပျင်း စိတ်ထဲက “အရေးထဲ လောင်းကစားက လုပ်ချင်သေးတယ် .. ရန်ကုန်ယူနိုက်တက် ဘက်က လောင်း သေချာပေါက်ရှုံးမယ်” ဟု ပြောနေသံပါ ဦးရုက္ခစိုး၏ ရကော်ဒါထဲ ပါလာသည်။

ချိုကုပ်။ ။ သြော် မောင်ဉာဏ်ပျင်းရယ် .. မင်းကို စိတ်ချလို့လွှတ်လိုက်တာပဲဟာ .. ရအောင်ရှောင် ပေါ့။

“မသိဘူးမှတ်နေလား .. ကျုပ်အဖြေမတတ်လို့ ပေါက်ကရပြောမိရင် .. ပြန်လာတာနဲ့ ဆွဲစိမှာကိုများ” ဟု ဦးဉာဏ်ပျင်းက စိတ်ထဲက ပြောလိုက်ပြန်သည်။

ဉာဏ်ပျင်း။ ။ ခုလည်း အတတ်နိုင်ဆုံး ရှိသမျှ နည်းဟောင်း၊ နည်းသစ်တွေသုံးပြီး ရှောင်နေတာပဲ ချိုကုပ်ဒူးကြီးရယ်။ အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရနဲ့ .. ဒီကြားထဲ အာဆီယံက လူ့အခွင့် အရေး အဖွဲ့ဆိုတာကြီး ဖွဲ့ပြီဗျ။ အဲဒါကြီးကို ချိုကုပ်ဒူးကြီးမကြိုက်ဘူး မဟုတ်လား။

ချိုကုပ်။ ။ မကြိုက်တာက မကြိုက်တာ တပိုင်းပဲလေ ..လက်မှတ်တော့ ခပ်တည်တည်နဲ့ ထိုးပြီးပြီ မဟုတ်လား။ ဒါပေမယ့် ဒါကြီးကကော ဘယ်လောက် အသုံးဝင်မှာမို့လို့လဲ။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ သူကိုသာ အရေးယူကြေးဆို .. ဟွန်း .. မပြောလိုက်ချင်ဘူး .. ငါတို့က အာဏာလေး ၂ ခါလောက်သိမ်း ..လျှပ်စစ် မီးလေးဖြတ် .. လူတွေကို မဝရေစာ ကျွေးရုံ လောက်လေး လုပ်တာ။ ငါတို့ကို လာအော်နေတဲ့ ထိုင်းတွေကမှ အာဏာကို အခါ ၂၀ လောက်သိမ်းထားတာ ကိုယ့်လူ … မကြောက်နဲ့ ငါတို့ရှေ့မှာ စီနီယာတွေ ရှိသေးတယ်။

ဉာဏ်ပျင်း။ ။ လောလောဆယ်တော့ ကျုပ်က ပစ်မှတ်ကြီးဖြစ်နေတာဗျ။ နေရထိုင်ရတာလည်း တော်တော် ကသိကအောင့်နိုင်တယ်၊ လူတိုင်းက စလိုက်တာနဲ့ မြန်မာ့အရေး ဆိုတာချည်းပဲ။ တခြား ကိစ္စ ဘယ်သူမှ စိတ်ဝင်စားပုံမရဘူး။

ချိုကုပ်။ ။ ကမ္ဘာမှာ မြန်မာကွ .. ဒီလို စိတ်ဝင်စားမှုရှိတယ်ဆိုတာ နည်းတဲ့အောင်မြင်မှုလား။

ဉာဏ်ပျင်း။ ။ မြောက်ကိုရီးယား နျူကလီးယားကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊ တိုင်းရင်းသား ကိစ္စ၊ ၂၀၁၀ ရွေးကောက်ပွဲ .. တရားမျှတဖို့ ဒါတွေပဲ ထပ်ခါတလဲလဲ …။ ပြီးတော့ ဒေါ်ကလင်တန်ကြီး ကလည်း ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို မြန်မာနဲ့ မြောက်ကိုရီးယားအရေးက ဒေသတွင်း မတည်ငြိမ်မှုကို ခြိမ်းခြောက်တာပါလို့ လျှောက်ပြောနေပြန်ပြီ ..။ ကျောချမ်းလိုက်တာ။

ချိုကုပ်။ ။ ဝှားလားလားလားလား .. ဒီလောက်ပျင်းစရာကြီးကိုများကွာ .. ဘာလို့ စိတ်ဝင်စားနေကြ ပါလိမ့်။ ပြောလိုက် ဘယ်သူတွေဘာပြောပြော ဘာလုပ်လုပ် .. ကျုပ်တို့ချိုကုပ်ဒူးကြီးက အယားဖျောက်ပေး တယ်လို့ပဲ ထင်ပါတယ်လို့။

ဉာဏ်ပျင်း။ ။ ခညာ .. ဒါ .. ဒါပေမယ့် ကျနော်က ခု .. မေးသမျှကို ဖြေရတော့မှာ .. လွတ်အောင် ရှောင်ဖို့လမ်း သိပ်မမြင်တော့ဘူးဗျ …။

ထိုစဉ် “ဟဲလို .. ဟယ်လို .. မြေကြွက် .. မြေကြွက် .. ကြားရလား .. လဒပါ .. တွီ .. တွီ .. ဗျီ .. ဗျီ .. ဗျစ် ..” ဆိုသော အသံများနှင့် “တော်ပါသေးရဲ့ လိုင်းပြတ်သွားပြီ .. ခုမှပဲ နားအေးတော့တယ်” ဆိုသည့် ဦးဉာဏ်ပျင်း၏ အသံများ တပြိုင်နက်တည်း ထွက်ပေါ်လာပြီးနောက် တိခနဲ ငြိမ်သွားသည်။

ဖိုးရှုပ်။ ။ ဟာ ဦးဉာဏ်ပျင်း ဘယ်ရောက်သွားပြီလဲ .. ။ ဒုက္ခပဲ ဦးရုက္ခစိုး ဖမ်းထားတဲ့အသံတွေ နားထောင် နေတာနဲ့ လွတ်သွားပြီဗျာ။

ဦးရုက္ခစိုး။ ။ မင်းအတွက် သတင်းတွေရအောင်လည်း ငါက ပေးနားထောင်ရသေးတယ်။

ကြွက်စုတ်။ ။ ဟာ .. ဟိုမှာ .. ဟိုမှာ ဖိုးရှုပ်ရေ .. လိုက် .. လိုက် .. သတင်းထောက်တွေ ပြေးတဲ့ ဘက်ကို လိုက်ကွ ..။

ဖိုးရှုပ်။ ။ ဟုတ်တယ် .. ဟုတ်တယ် လိုက်ကွ .. ခွေးတိုးပေါက်ကပြေးပြီ .. အမြန်လိုက်ဟေ့ .. ။

ဦးဉာဏ်ပျင်းတယောက် သတင်းထောက်များရန်မှ ရှောင်ရှားရန် ခွေးတိုးပေါက်မှထွက်ပြေးရင်း ဘာမှန်း မသိသော အရာများကို ခလုတ်တိုက်ကာ ပက်လက်လန် ပြုတ်ကျ သွားလေတော့သည်။

“ဖုန်း” “ဒိုင်း” “ဂွမ်း” … ။ ။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။

နေကြတ်လို့ ဘာဖြစ်မလဲ



Wednesday, 22 July 2009 18:01 သဲသဲ
ယနေ့နံနက်က ၂၁ ရာစုနှစ်အတွင်း အချိန်အကြာဆုံး အပြည့်အဝ နေကြတ်ခြင်း ဖြစ်ပေါ်ခဲ့သောကြောင့် မြန်မာနိုင်ငံ အုပ်ချုပ်သူများထဲမှ အကြီးဆုံးပုဂ္ဂိုလ် တဦးဦး အသက်အန္တရာယ် ဖြစ်နိုင်သည်ဟု မန္တလေးအခြေစိုက် နက္ခတ္တဗေဒ ပညာရှင်တဦးက ဆိုသည်။


“ကရကဋ် ရာသီမှာဖြစ်တာဆိုတော့ ခု သုံးလအတွင်း၊ အတိအကျပြောရရင် အခုကနေ လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မတိုင်ခင် လူတန်းစားမျိုးစုံ ငတ်မွတ်ခေါင်းပါးတာ၊ အစာရေစာ ရှားပါးတာတွေ ဖြစ်တတ်တယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက တောတွင်း နေထိုင်သည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အန္တရာယ် ဖြစ်နိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီး၊ ရေလျှံဖြစ်ကာ ဆန်ရေစပါးရှားပါးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ပြောသည်။

ရန်ကုန်မှ နက္ခတ္တဗေဒ ဝါသနာရှင် တဦးကလည်း “မြန်မာနိုင်ငံက ကျော်ကြားသူတစ်ဦးဦး သေဆုံးနိုင်တယ်၊ ဒီ နေကြတ်ရာမှာ ဂြိုဟ်ကြီး ၄ လုံး ပူးနေတဲ့အတွက် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇာတာ နိမ့်နေတယ်” ဟု ရှင်းပြသည်။

ဒေသခံများ၏ အဆိုအရ ရန်ကုန်တွင် မြန်မာစံတော်ချိန် နံနက် ၉နာရီ ၁၅ မိနစ်ကနေကြတ်ခြင်းကို စတင် မြင်တွေ့ခဲ့ကြရပြီး နေကြတ်ချိန် ကြာမြင့်မှုမှာ ၆ မိနစ် ၃၉ စက္ကန့် ရှိသည်ဟု သိရသည်။

သိပ္ပံပညာရှင်များကမူ ယခုကဲ့သို့ နေအပြည့် ကြတ်မှုသည် နှစ်ပေါင်း ၁၀၀ ကျော် အတွင်း မြေဆွဲအား မညီမျှမှုများ ဖြစ်ပေါ်စေရန် အခွင့်အလမ်း အများဆုံးဖြစ်နေရာ ငလျင်ကြီးများ၊ ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်လာနိုင်ပြီး စိုးရိမ်စရာများ ရှိနိုင်သည်ဟု သုံးသပ်ကြသည်။

ယနေ့ နေကြတ်မှုဖြစ်စဉ်ကြောင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင် ဒေသတွင် အင်အား ရစ်ခ်ျတာစကေး ၆ နှင့် အထက်ရှိသော ငလျင်ကြီးတစ်ခု ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပြီး ပြီးခဲ့သည့် ကာလများကကြူံတွေ့ ခဲ့ရသည့် အပြည့်အဝ နေကြတ်မှု ၃ ကြိမ်တွင် ဂျပန် ပတ်ဝန်းကျင်ဒေသများ အတွင်း ၃ ကြိမ်စလုံး ငလျင်လှုပ်ခတ်ခဲ့သည်ဟု ဂျပန်သတင်းတရပ်က ဆိုသည်။

ယင်းနေကြတ်ခြင်းကို အိန္ဒိယဒေသတွင် ပထမဆုံးမြင်တွေ့ ရပြီးနောက် တရုတ်နှင့် ပစိဖိတ်ဒေသများသို့  ရွေ့ လျား သွား ခဲ့ကြောင်း သိရသည်။ နေကြတ်ခြင်းကို တရုတ်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နှင့် ပစိဖိတ်ကျွန်းစုတို့တွင် ပိုမို ထင်ရှားစွာ မြင်တွေ့ ခဲ့ရကြောင်းလည်း သိရသည်။

dinsdag 21 juli 2009

ဦးဝင်းတင် ကျန်းမာရေးမကောင်း ဆေးကုသမှုခံယူနေရ

Tuesday, 21 July 2009 16:59 အေးလဲ့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် တဦးဖြစ်သည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ကျန်းမာရေး မကောင်းမွန်သောကြောင့် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

အသက် ၈၀ ဝန်းကျင်ရှိ ဦးဝင်းတင်သည် ပြီးခဲ့သည့် ကြာသပတေးနေ့မှ စ၍ နှလုံးခုန်နှုန်းမမှန် ဖြစ်ပြီး မောပန်းသည့် ဝေဒနာကို ခံစားနေရသဖြင့် NLD ရုံးသို့ မသွားရောက်နိုင်ဘဲ အိမ်တွင် အနားယူနေရကြောင်း ၎င်းက ပြောသည်၊

“လွန်ခဲ့တဲ့ ကြာသပသေးနေ့ကနေစပြီး ရုံးမတက်နိုင်ဘူး၊ ကျနော် တခုခု လှုပ်ရှားရင် အရမ်းမော သလို ခံစား ရတယ်၊ သာမန်လူ တယောက်က ပုံမှန် နှလုံးခုန်နှုန်း တမိနစ်မှာ ၇၀-၈၀ နှုန်း နဲ့ ကျနော် သွေးခုန်နှုန်း နိင်း ယှဉ်ကြည့်ရင် ကျနော့် နှလုံးခုန်နှုန်းက တမိနစ်ကို ၄၆-၄၇ နှုန်းလောက်ပဲ ခုန်နေတယ်” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

နှလုံးရောဂါ အထူးကု ဒေါက်တာ ချိုလေးမာနှင့် ဆေးကုသမှု ခံယူနေကြောင်းလည်း ဦးဝင်းတင်၏ မိတ်ဆွေ ဖြစ်သူ ဦးမောင်မောင်ခင်က ပြောပြသည်။

ဦးမောင်မောင်ခင်က“နှလုံး ပါရဂူ ဒေါ်ချိုလေးမာ နဲ့ပြထားတယ်၊ ဆေးပေးထားတယ်၊ နောက် တပတ်ထပ် ချိန်းထားတယ်၊ ဆရာဝန်ကတော့ နှလုံး အဆို့ရှင် လေးခုရှိတယ်၊ သုံး ခုက ဟ နေတယ်တဲ့၊ နှလုံးရောဂါ ဖြစ်ချင်တယ်တဲ့၊ သိပ်ဆိုးဆိုးဝါးဝါးတော့ မဟုတ်သေးဘူးလို့ပြောတယ်” ဟု ဆိုသည်။

ဦးဝင်းတင်သည် ၁၉ နှစ်ကျော် နိုင်ငံရေး အကျဉ်းသားဘဝဖြင့် ဖြတ်သန်းခဲ့ရပြီး ထို အကျဉ်းကျနေချိန် တလျှောက်လုံး အစာအာဟာရ ပြည့်ဝစွာ မစားရသည့်အပြင် သူ၏ ကျန်းမာရေး အတွက် ဆေးဝါး ကုသမှု မခံယူခဲ့ရပေ။

၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အင်းစိန်ထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း မကြာခဏ ကျန်းမာရေး ညံ့လျက် ရှိကြောင်း၊ နိုဝင်ဘာလတွင် ပန်းနာ ရင်ကြပ်ရောဂါ ခံစားခဲ့ရပြီး ဒီဇင်ဘာလတွင် သွေးပေါင်ကျမှု ကြောင့် ရက်အနည်းငယ်ကြာ ဆေးရုံး တက်ခဲ့ရကြောင်း သိရသည်။

ဦးဝင်းတင်နှင့် ထောင်အတူ ကျခံခဲ့ဖူးသော ထိုင်းနိုင်ငံ NLD လွတ်မြောက်နယ်မြေ နိုင်ငံခြားရေးဌာနမှ အတွင်းရေးမှူး ဦးမိုးဇော်ဦးက “သူ(ဦးဝင်းတင်)က ထောင်ထဲမှာ မကြာခဏ နေထိုင်းမကောင်းဖြစ်တတ်တယ်၊ အစာအာဟာရ ဖြစ်တဲ့ အစာအသောက်မစားရတာရယ် ဆေးဝါးလည်း အလုံအလောက် ကုသမှု မရခဲ့ဘူး၊ ဒါကြောင့် ကျနော်တို့က သူအသက်ရှင်ရက်နဲ့ ထောင်ထဲက ထွက်နိုင်ပါ့မလားလို့တောင် စိုးရိမ်ခဲ့တယ်” ဟု ပြောသည်။

ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ၁၉၈၈ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုဖြင့် ၁၉၈၉ ခုနှစ် တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခဲ့ရာ ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

zaterdag 18 juli 2009

ဖူးကက်တွင် လုံခြုံရေးတင်းကျပ်၍ မြန်မာပြည်သားများ အခက်တွေ့




Saturday, 18 July 2009 16:18 ဇာနည်ဝင်း
ထိုင်းနိုင်ငံ၊ ဖူးကက်မြို့တွင် ယခုပြုလုပ်နေသည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ အတွက် လုံခြုံရေး ထူထပ်စွာချထားသဖြင့် ဖူးကက်ရောက် မြန်မာပြည်သားများ အခက်အခဲ တွေ့နေကြသည်။

ဖူးကက်မြို့ဆောက်လုပ်ငန်းရေးလုပ်ငန်းခွင်တခုတွင် လုပ်ကိုင်နေသည့် မြန်မာပြည်သား ကိုကျော်နိုင်က “လက်မှတ် မရှိတဲ့ အလုပ်သမားတွေက အလုပ်ထဲကို သွားလို့မရတဲ့အတွက် ဝင်ငွေထိခိုက် သလို အလုပ်ရှင် တွေဘက်ကလည်း အလုပ်နှောင့်နှေးမှုတွေရှိပါတယ်”ဟု ပြောဆိုသည်။

အလုပ်သမားလက်မှတ်ရှိသူများ အနေနှင့်မူ အဆင်ပြေသည်ဟုလည်း ၎င်းက ဆိုသည်။
“အခုတလော ရဲတွေ အများကြီးပဲ၊ အနေအထိုင် ဆင်ခြင်နေရတယ်ဗျာ”ဟု ဖူးကက်ရှိ မြန်မာပြည်သား အလုပ်သမား တဦးကလည်း ပြောသည်။

ဖူးကက် ပင်လယ်ကမ်းခြေမြို့တွင် မြန်မာပြည်သား ၇ သောင်း မှ ၁ သိန်းခန့်အထိ ရှိသည်ဟု သိရသည်။

ထိုင်းအာဏာပိုင်တို့က အလုပ်သမားလက်မှတ် မရှိသည့် မြန်မာပြည်သားများကို ဖမ်းဆီးရမိပါက ထိုင်း မြန်မာ နယ်စပ်ဒေသသို့ ပြန်လည် ပို့ဆောင်လေ့ရှိသည်။ ထို့ကြောင့် လုံခြုံရေး တင်းကျပ်သော ယနေ့ကာလတွင် မြန်မာ အလုပ်သမားများ ခြေငြိမ်နေရသည်ဟု သိရသည်။

လုံခြုံရေး တင်းကျပ်မှုကြောင့် ဖူးကက်မြို့ရှိ စီးပွားရေးလုပ်ငန်းတချို့လည်းအထိအခိုက်ရှိသည်ဟု မြန်မာပြည်သား လုပ်ငန်းရှင်တဦးက ပြောသည်။

“တရက်ကို ဘတ် ၆ဝဝဝ လောက် အရှုံးပေါ်နေတယ်”ဟု ယင်းလုပ်ငန်းရှင်က ပြောသည်။ ကုန်ပစ္စည်းများ တင်ဆောင်သည့် ကားများကို ရှာဖွေရေး တင်းကျပ်သောကြောင့် သူ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလက ပတ္တရားမြို့တွင် အာဆီယံ အစည်းအဝေးပြုလုပ်ခဲ့ရာ ထိုင်းအစိုးရကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းသဖြင့် အစည်းအဝေး ပျက်သွားသည်။ ထိုစီးနင်းမှုကြောင့် အာဆီယံနိုင်ငံများမှ အစိုးရ ကိုယ်စားလှယ်များကို ရဟတ်ယာဉ်များဖြင့် ခေါ်ထုတ်သွားရသည်။

ထိုဧပြီလက ပျက်သွားရသည့် အဆိုပါ အစည်းအဝေးကြောင့် နိုင်ငံတကာတွင် မျက်နှာပျက်ခဲ့ရသော ထိုင်း အစိုးရက ဖူးကက်မြို့ အစည်းအဝေးအတွက် လုံခြုံရေး တင်းကျပ်ထားခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံ အသင်းဝင် ၁ဝ နိုင်ငံအပါအဝင် အာဆီယံနှင့် ဆွေးနွေးဖက် ၁၆ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အစိုးရကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်သည်။

အစည်းအဝေးများကို ဇူလိုင် ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

အာဆီယံ ဆွေးနွေးပွဲ ကျင်းပသည့် နေရာသို့ ချည်းကပ်ရာ လမ်းများကို လုံခြုံရေးဂိတ် အများအပြားချထားသည်။ ဖူးကက်မြို့တွင်းမှ ဆွေးနွေးပွဲ ကျင်းပရာ နေရာသို့ သွားသည့်လမ်းတွင်လည်း ရဲ နှင့် စစ်သားများ ပါဝင်သည့် လုံခြုံရေးဂိတ် ၅ ခု ချထားသည်ကို တွေ့ရသည်။

အစည်းအဝေးများ ကျင်းပမည့် ဖူးကက် ပင်လယ်ကမ်းခြေရှိ လာဂူးနား အပမ်းဖြေစခန်း (Laguna Beach Resort)တွင် စစ်သား နှင့် ရဲ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ချထားသည်ကိုလည်း တွေ့ရသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း အပါအဝင် မည်သည့် ဆန္ဒပြခြင်းကိုမျှ ခွင့်ပြုမည်မဟုတ်ဟု ထိုင်းအာဏာပိုင်တို့က ကြိုတင် သတိပေးထားသည်။

ပြီးခဲ့သည့်လတွင် ထိုင်းလွှတ်တော်က ပြည်တွင်း လုံခြုံရေးဥပဒေကို ပြဌာန်းလိုက်ရာ ထိုဥပဒေအရ စစ်တပ် နှင့် ရဲတပ်ဖွဲ့သည် နိုင်ငံလုံခြုံရေးကို ထိခိုက်မည့် အန္တရာယ်မှ ကာကွယ်ရန် ကာဖျူးအမိန့်ထုတ်ခြင်း၊ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို ကန့်သတ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

အစည်းအဝေး တက်ရောက်လာသူများအတွက် ဧပြီလမှစတင်ပြီး ကမ္ဘာတဝန်း ပျံ့နှံ့နေသည့် ဝက်တုပ်ကွေး ရောဂါပိုး ကူးစက်မှု မရှိစေရန် ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဝက်တုပ်ကွေး ရောဂါပိုး ကူးစက်သူ ၄ဝဝဝ ကျော် ရှိခဲ့ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ သို့သော်လည်း အများစုမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဟု ဆိုသည်။

ဤ သတင်းကို ဧရာဝတီ သတင်းထောက် ဇာနည်ဝင်းက ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ရေးသားပေးပို့ ခြင်းဖြစ်သည်။

လျှို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် စစ်အရာရှိများ ဖမ်းဆီးခံရ


လေတပ်စခန်းတခုတွင် ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား အရာရှိတဦး လက်ဆောင်ပစ္စည်း လဲလှယ်နေပုံ
Friday, 17 July 2009 16:59 အေးချမ်းမြေ့
စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ် ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ပေါက်ကြားကာ ပြည်ပ မီဒီယာများတွင် ဖော်ပြနိုင်ခဲ့မှု နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်ခုံရုံးတင်၍ ကြီးလေးသော အပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။


အဖမ်းအဆီးခံထားရသူများမှာ ကက ကြည်းမှ ဗိုလ်ကြီးအဆင့် ရှိသူများဖြစ်ပြီး ၎င်း သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပေါက်ကြားခဲ့မှုတွင် ပါဝင်ပတ်သက်နေသော တခြား စစ်ဘက်ဆိုင်ရာ အရာရှိတချို့လည်း ထွက်ပြေး ပုန်းရှောင်နေရသည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သတင်းရရှိသည်။

ထို့ပြင် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တချို့ကိုလည်း မြန်မာ - မြောက်ကိုရီးယား ဆက်စပ်နေသည့် သတင်းများ၊ မြန်မာနိုင်ငံတွင်း ဥမင်လိုဏ်ခေါင်း ဖောက်နေသည့်သတင်းများ ပြည်ပမီဒီယာများတွင် ပါရှိခဲ့မှုနှင့် ပတ်သက်၍ ရာထူးမှ ဖယ်ရှားလိုက်သည်ဟု ၎င်းအသိုင်းအဝန်းမှ ကြားသိရသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာ လျှို့ဝှက် ခရီး သွားရောက် ခဲ့ပြီး ၎င်း ခရီးစဉ်နှင့် ပတ်သက်သည့် သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

၎င်းသတင်းများ ဓာတ်ပုံများနှင့် တပြိုင်နက်တည်း ပြည်တွင်း၌ အနုမြူလက်နက်များ စမ်းသပ်ရန် “လိုဏ်” များ ဆောက်လုပ်နေသည် ဆိုသည့် သတင်းများပါ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာ မီဒီယာများဖြစ်သော CNN၊ BBC၊ အယ်ဂျာဇီးယား နှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့က ဗီဒီယို မှတ်တမ်းများနှင့် တကွ ဖော်ပြခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ခရီးစဉ်တွင် ၎င်းပါဝင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုရီးယား အစိုးရက ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အနုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြကြောင်း ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်ရေးသားသော “မြန်မာနှင့် မြောက် ကိုရီးယားစစ်ရေး လျှို့ဝှက်ချက်များ” အမည်ရှိ ဆောင်းပါးတွင် ပါရှိသည်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ တခြား အဆင့်မြင့် အရာရှိများလည်း ပါဝင်ကြသည်ဟု ၎င်းဆောင်းပါးတွင် ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် နိုဝင်ဘာလ ၂၇ ရက်နေ့၌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြပြီး မြန်မာနှင့် မြောက် ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည် ကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့မဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်” ဟူ၍ အဆိုပါဆောင်းပါး၌ နားလည်မှုစာချွန်လွှာတွင် ပါရှိသည့် အချက်များကို ကိုးကား ရေးသားထားသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ အဆိုပါ လျှို့ဝှက်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်း များ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ရခြင်းမှာ နိုင်ငံတော်ထိပ်တန်း လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း ဖြစ်သော ကြောင့် ထိုသို့ ပေါက်ကြားရာတွင် ပါဝင်သည်ဟု ယူဆရသည့် စစ်ဘက်ဆိုင်ရာ အရာထမ်းများကို စစ်ခုံရုံး တင်ကာ အလွန် ကြီးလေးသော ပြစ်ဒဏ်များ သတ်မှတ်လိမ့်မည်ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်း အဝန်းက သုံးသပ်သည်။

donderdag 16 juli 2009

မိုးဟေကို ဖျော်ဖြေမှု အင်တာနက်တွင် ရေပန်းစား



Thursday, 16 July 2009 19:44 သဲသဲ
သရုပ်ဆောင်လောကတွင် အရှိန်ရလာသည့် မိုးဟေကို၏ မကြာသေးမီက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် စင်တင်ဂီတ ဖျော်ဖြေပွဲမှာ အင်တာနက် အသုံးပြုသူများကြားထဲတွင် ခေတ်စားလျက်ရှိသည်။

စနေနေ့က ပြုလုပ်ခဲ့သည့် လန်ဒန်မြို့ ဖျော်ဖြေပွဲတွင် မိုးဟေကို နှင့် ကချေသည် ၂ ဦး တင်ဆက်သွားပုံမှာ နာဂစ် မုန်တိုင်း ရန်ပုံငွေပွဲ ဆိုသည့်အတိုင်းပင် မုန်တိုင်း ကျရောက်နေသကဲ့သို့ အုန်းအုန်းကျွက်ကျွက် တင်ဆက်သွားသည်ကို တွေ့ရသည်။

မိုးဟေကိုက စကပ်တိုတို၊ အသားကပ်ဘောင်းဘီတို့ကို ဝတ်ဆင်ထားသော်လည်း အင်္ဂလန်နိုင်ငံတွင် တင်ဆက်သည့် ပွဲဖြစ်သောကြောင့် အဆင်ပြေပါသည်ဟု ပရိသတ်တဦးက ပြောသည်။

“သူ့ကို sexy ဖြစ်တဲ့သူလို့ မမြင်ဘူး။ အင်္ဂလန်လို နေရာမျိုးမှာ ဖျော်ဖြေတဲ့ပွဲ ဖြစ်တဲ့အတွက်ကြောင့် သူ့နေရာနဲ့သူ သင့်တော်တဲ့ ဖျော်ဖြေမှုမျိုးနဲ့ အကောင်းဆုံး တင်ဆက်သွားတယ်လို့ မြင်ပါတယ်” ဟု ပရိသတ်တဦးက ဧရာဝတီကို ပြောပြသည်။

ဂီတဖျော်ဖြေပွဲတွင် ရန်ကုန်မှ ထင်ရှားသည့် အဆိုတော်များ ဖြစ်ကြသော အဲလက်စ်၊ တင့်တင့်ထွန်း၊ ရေဗက္ကာဝင်း၊ J- Me တို့ ပါဝင်သော်လည်း မိုးဟေကို၏ ဖျော်ဖြေတင်ဆက်မှုများသာ အင်တာနက် အသုံးပြုသူများကြားတွင် ရေပန်းစားနေသည်။

လူသုံးများသော အင်တာနက်စာမျက်နှာဖြစ်သည့် YouTube တွင်လည်း မိုးဟေကို၏ ကပြ၊ သီဆိုမှုကို တွေ့နိုင်သည်။

“ရန်ကုန်မှာထက်စာရင် လန်ဒန်မှာ ဖျော်ဖြေသွားတာ ပိုပြီးတော့ ကြည့်ကောင်းတယ်” ဟု YouTube မှတဆင့် စတိတ်ရှိုး ကြည့်သည့် ပရိသတ်တဦးက မှတ်ချက်ပေးထားသည်ကို တွေ့ရသည်။

ပရိသတ်တဦးကလည်း “ဒါ သူ့အသံလား၊ ကောင်းသားပဲ။ ဒါပေမယ့် ဘယ်လို ကရမယ် ဆိုတာ သူ မသိဘူး” ဟု ဆိုသည်။

ဂီတလောကသို့ ဝင်ရောက် ခြေစမ်းလေ့ရှိသည့် မော်ဒယ် သရုပ်ဆောင်များတွင် အမျိုးသား ပရိသတ်ကို ညှို့အားကောင်းကောင်းဖြင့် ဆွဲဆောင်နိုင်သည့် မိုးဟေကိုလည်း တယောက် အပါအဝင်ဖြစ်လာသည်။ ၂ဝဝ၇ ခုနှစ်တွင် ထုတ်ဝေသည့် “မာစတာသင်္ကြန်” စီးရီးတွင် ပါဝင် သီဆိုခဲ့သည်။

မန္တလေးဇာတိ မိုးဟေကိုသည် ၂ဝဝဝ ပြည့်နှစ်မှ စတင်ပြီး မော်ဒယ်တဦး ဖြစ်လာခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် သရုပ်ဆောင်တဦး အဖြစ်လည်း ရပ်တည်လာသည်ကို တွေ့ရသည်။

မိုးဟေကိုသည် ၂ဝဝ၇ ခုနှစ် နှစ်လယ်ပိုင်းမှစပြီး အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့လာသည့် ဗီဒီယိုကလစ်တခုကြောင့် ပရိသတ်က ပိုမို သတိထားမိသည့် မော်ဒယ် သရုပ်ဆောင်တဦး ဖြစ်လာသည်။

စစ်အစိုးရ ကမ်းလှမ်းချက် KIO ဈေးဆစ်



Thursday, 16 July 2009 20:16 ရန်ပိုင်
ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO က စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းပယ်ခဲ့ပြီး ကချင်ဒေသလုံခြုံရေးတပ် အဖြစ် ဖွဲ့စည်းရန် တင်ပြထားကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်း နှင့် မြစ်ကြီးနားမြို့ ၌ တွေ့ဆုံရာတွင် တင်ပြခဲ့ ကြောင်း ဧရာဝတီက ရရှိထားသည့် KIO ၏ အစီရင်ခံစာအရ သိရသည်။

စစ်ရေးလေ့ကျင့်နေသော KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Yan Libre)
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA ကို ကချင်ပြည်နယ်လုံခြုံရေးတပ် ဟု အမည်ပြောင်းလဲပြီး လက်ရှိအနေအထား အတိုင်းထား ရှိသွားရန် နှင့် ကချင်လူမျိုးများ နှင့်သာဖွဲ့စည်းသွားရန် တင်ပြထားခြင်းဖြစ်သည်။

KIA အသွင်ပြောင်းရေး ကိစ္စ သာမက ၊ အခြားသော ကျန်းမာရေး ၊ ပညာရေး ကိစ္စများကိုပါ ဆွေးနွေး လိုကြောင်း တင်ပြထားသည်ဟု လည်းသိရသည်။

နအဖ စစ်အစိုးရ က ပါတီအသွင်ဖြင့် ပြောင်းလဲပြီး ရွေးကောက်ပွဲ ၀င်ရန် တိုက်တွန်း ထားသော်လည်း KIO အနေဖြင့် ပြဿနာများ ကို မဖြေရှင်းနိုင်သည့် အပြင်၊ ကချင်အမျိုးသား အများစု ဆန့်ကျင်လာ မည်ကို မလိုလားသော ကြောင့် ငြင်းပယ်ထားသည်၊၊

၂၀၁၀ ရွေးကောက်ပွဲ ဖြင့် ပေါ်ပေါက် လာသည့် အစိုးရ လက်သို့ စစ်အစိုးရမှ အာဏာလွှဲပြောင်းသည့် အချိန်တွင် ကချင် ပြည်နယ် အစိုးရ အာဏာ သုံးရပ် ၌ KIO တိုက်ရိုက် ပါဝင်နိုင်ရေး ကိုလည်း စီစဉ်ဆောင်ရွက် ပေးရန် မေတ္တာ ရပ်ခံ ထားကြောင်း ဇူလိုင်လ ၈ ရက်နေ့က တင်ပြသည့် အစီရင်ခံစာ အရ သိရသည်။

စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ စည်းပုံမှာ တပ်ရင်းတရင်းတွင် အင်အား ( ၃၂၆ ) ဦး ရှိပြီး ၊ နအဖ အရာရှိ ၃၀ ခန့်ပါဝင်မည် ဖြစ်သည်။

လက်ရှိ KIA တွင် အင်အား ၄၀၀၀ ခန့်ဖြင့်ဖွဲ့စည်း ထားပြီး တပ်မဟာ ( ၅ ) ခု ၊ လှုပ်ရှား တပ်မ ( ၁ )ခု တို့ ကို ကချင်ပြည်နယ် ဒေသ အတွင်းတွင်သာမက၊ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ များအတွင်းတွင် အခြေပြုချထားသည်။

KIA သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်၊၊

လေ့လာသူများအဆိုအရ စစ်အစိုးရသည် လက်နက်ကိုင် တပ်ဖွဲ့များကို စစ်တပ်လက်အောက်သို့ ထည့်သွင်းခြင်းဖြင့် အနာဂတ်တွင် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အားနည်းသွားစေရန် လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည် ဇွန်လအတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် မှ လက်နက်ကိုင်တပ်ဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေး နှင့် ပတ်သက်၍ ၀ နှင့် ကိုးကန့်၊ NDA – K အပစ်ရပ်အဖွဲ့ များကို ခေါ်ယူတွေ့ဆုံဆွေးနွေး ခဲ့ ပြီး ဇွန်လ ( ၃၀ ) ရက် နေ့တွင် နောက်ဆုံး အကြောင်းပြန် ရန်ပြောကြားခဲ့သည်ဟု သိရသည်။

လက်ရှိ အခြေအနေ တွင် DKBA နှင့် ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်သော ကချင်အထူးဒေသ ( ၁ ) NDA – K မှ လွဲ ပြီး ၀ နှင့် KIA အပါအ၀င် အခြားအဖွဲ့များကလက်မခံပေ။

နယ်ခြားစောင့်တပ်များ သည် လက်ရှိ ထိန်းချုပ်ထား သည့် နယ်မြေတွင် သာ တာဝန်ထမ်းဆောင်ရမည်ဟု သိရသည်။

woensdag 15 juli 2009

ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး၏ ဒိုင်ယာလော့



Wednesday, 15 July 2009 19:29 ရန်ကုန်သားတာတေ
ဖိုးရှုပ်၏ ရှုပ်ပွနေသော အခန်းသို့ ဦးရုက္ခစိုး နှင့် ကြွက်စုတ်တို့ ရောက်လာသည်။ ကွန်ပျူတာ တလုံးနှင့် အလုပ်ရှုပ်နေသော ဖိုးရှုပ်ကို သူတို့နှစ်ဦးက တယောက်တပေါက် နှုတ်ဆက် လိုက်ကြသည်။

ကြွက်စုတ်။ ။ ဟေ့ သူငယ်ချင်း၊ ဘာတွေ ကြည့်နေတာလဲ။ You Tube ပေါ်က မိုးဟေကိုရဲ့ လန်ဒန်စတိတ်ရှိုးကို ခံစားနေတာလား။

ရုက္ခစိုး။ ။ သတင်းထောက်က အလုပ်များနေလို့ ငါ့ဆီ ရောက်မလာဘူး ထင်တာ လက်စသတ်တော့ အိမ်တွင်းပုန်းပြီး စတိတ်ရှိုး ကြည့်နေတယ်ပေါ့လေ။

ဖိုးရှုပ်။ ။ ဘာစတိတ်ရှိုးမှ မကြည့်အားဘူး၊ ကြည့်ဖို့လည်း မလိုဘူး၊ မိုးဟေကို နဲ့ ကျနော်နဲ့ ပြင်သစ်မှာ တွေ့ဖို့ ချိန်းထားပြီးသား။

ကြွက်စုတ်။ ။ ဟာ … ဟ … သတင်းထောက်ကလည်း လူရွှင်တော်နဲ့ တူနေပြီ။ ကဲ … စကား ကောင်းကောင်းပြောကွာ၊ မင်း ဘာလုပ်နေတာလဲ။

ဖိုးရှုပ်။ ။ အသံ ခိုးဖမ်းထားတာ နားထောင်မလို့ကွ။

ရုက္ခစိုး။ ။ နာနာနဲ့ မျိုးမျိုး ဖုန်းထဲမှာ ပြောတဲ့ဟာတွေလား။ အဲဒါ အန်းတစ် ဖြစ်သွားပြီလေ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း ဒါတွေ သိသားပဲ။ အခု ကျနော့်ဆီ ရောက်နေက နာနာတို့ မျိုးမျိုးတို့ထက် အပုံကြီး ကြီးတယ်ဗျ။

ဖိုးရှုပ်၏ စကားအဆုံးတွင် ကြွက်စုတ်က တံတွေးမြိုချလိုက်သည်။

ဖိုးရှုပ်။ ။ ကဲ … လိုရင်းကို ပြောရရင် ဟိုတလောက ဘန်ကီမွန်းကြီး မြန်မာပြည်သွားတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့တယ်မဟုတ်လား။ သူတို့နှစ်ယောက် ပြောတာတွေကို အသံဖမ်းထားတာ အခု ကျနော့်ဆီ ရောက်နေသဗျ။

ရုက္ခစိုး။ ။ ဟာ ဒါဆိုရင် ဖွင့်လေကွာ၊ တို့လည်း နားထောင်ရအောင်။

ဖိုးရှုပ်က သူရထားသည့် စီဒီကို ကွန်ပျူတာထဲ ထည့်ပြီး ဖွင့်လိုက်သည်။ မစ္စတာ ဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ် ဒုတိယနေ့က ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ စကားပြောဆိုသည့် အသံများ ထွက်ပေါ်လာလေသည်။ ဘန်ကီမွန်း၏အသံက စိတ်ဓာတ် ကျနေသည့်အသံ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးကမူ ပျော်ရွှင်နေပုံရသည်။ တချက်တချက် ဘန်ကီမွန်းကို နှိပ်ကွပ်လိုက်သေးသည်။

ဗိုလ်ချုပ်မှူးကြီး။ ။ မနေ့ကလည်း ဒါပဲ၊ ဒီကနေ့လည်း ဒါပဲ၊ ခင်ဗျားကြီးမှာ ပြောစရာစကား မရှိတော့ဘူးလား။

ဘန်ကီမွန်း။ ။ ဒါက ဒီလိုရှိတယ်လေ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မှ မြန်မာပြည်မှာ ဒီမိုကရေစီ … …

ဗိုလ်ချုပ်မှူးကြီး။ ။ ကျုပ် အကြိမ် ၁ဝဝ ပြောပြီးပြီပဲ၊ ကျုပ်တို့မှာ လမ်းပြမြေပုံ ရှိတယ်၊ အားလုံး အဆင်ပြေစေရမယ်၊ အောင်ဆန်းစုကြည်ကို မလွှတ်နိုင်ဘူး၊ ခင်ဗျားနဲ့လည်း ပေးမတွေ့ဘူး … ဒါပဲ။

ဘန်ကီမွန်း။ ။ ဒါဆို … ကျနော် မြန်မာပြည်လာတာ အလကား ဖြစ်ပြီပေါ့။

ဗိုလ်ချုပ်မှူးကြီး။ ။ မဖြစ်ပါဘူး၊ မဖြစ်ပါဘူး၊ ခင်ဗျား ကျုပ်နဲ့ ၂ ကြိမ်တွေ့ရတယ်လေ။ ဒါ နည်းနည်းနောနော အခွင့်အရေးမှ မဟုတ်တာ။ ဟဲဟဲဟဲ … အိုး … နိုး … နိုး … နိုး … … ဒေါသ မထွက်နဲ့လေ၊ ကုလသမဂ္ဂ ခေါင်းဆောင် ဆိုတာ အင်မတန် သံတမန်ဆန်ရမယ် မဟုတ်လား။

ဘန်ကီမွန်း။ ။ သေချာပါတယ်လေ၊ ကျနော် ဒီကိုလာတာ အလကား ဖြစ်ပါပြီ။ ကျနော် ပြန်ရင်တော့ ခင်ဗျားတို့က ပြောအားရှိပြီပေါ့၊ ကျနော့်ကို ၂ ကြိမ်တောင် တွေ့တယ်၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝရှိတယ် ဆိုပြီး အော်ချက် ထုတ်တော့မှာပဲ။

အသံများ ခေတ္တ တိတ်သွားသည်။ ထို့နောက် ရုပ်ရှင်ထဲမှ လူကြမ်း၏ ခြောက်ကပ်ကပ်ရယ်သံနှင့် ခပ်ဆင်ဆင် တူသော ဗိုလ်ချုပ်မှူးကြီး၏ ရယ်သံ ထွက်ပေါ်လာသည်။

ဘန်ကီမွန်း။ ။ ခင်ဗျား သိပ်ရယ်မနေနဲ့။ မြန်မာပြည် ဘာဖြစ်နေလဲ သိတယ်မဟုတ်လား။ လူတွေလည်း စုတ်ပြတ်နေတာပဲ။ မတွေ့ဘူးလား။

ဗိုလ်ချုပ်မှူးကြီး။ ။ ဒါကြောင့် ကျုပ်က နေပြည်တော်ကို ရွှေ့လာရတာပေါ့။ ဒီရောက်တော့ အဲဒါတွေ သိပ် မတွေ့တော့ဘူး။ ဟဲဟဲဟဲ … ။

ဘန်ကီမွန်း။ ။ ရယ်မနေနဲ့၊ ရန်ကုန်မှာ လူတွေက ပြောနေကြပြီ၊ ဘယ်သူ သေသေ ငရွှေမာရင်ပြီးရော တဲ့။

ဘန်ကီမွန်း၏ စကားအဆုံးတွင် စားပွဲကို လက်သီးဖြင့် ထုသံ ဝုန်းခနဲ ပေါ်ထွက်လာသည်။

ဗိုလ်ချုပ်မှူးကြီး။ ။ အား … ကျွတ် ကျွတ် ကျွတ် ကျွတ် ကျွတ် … ငရွှေမာလိုက်တာ … အဲ … နာလိုက်တာ၊ နာလိုက်တာ … ။

ဘန်ကီမွန်း။ ။ ခင်ဗျားနဲ့တော့ ခက်တော့တာပဲ၊ အရာရာကို အင်အားသုံး ဖြေရှင်းလို့ မရဘူးဗျ။

ဗိုလ်ချုပ်မှူးကြီး။ ။ ဘယ်သူလဲ၊ ဘယ်သူသေသေ ငရွှေမာရင်ပြီးရော ဆိုတာ ဘယ်သူတွေလဲ ပြောတာ၊ ကျုပ်ကို အဲဒီလူတွေရဲ့ နာမည်တွေ အချက်အလက်တွေပေး။ ပြီးရင် ခင်ဗျား တွေ့ချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်ဗျားကို ပေးတွေ့မယ်။

ဘန်ကီမွန်း။ ။ ဟာ … ဒီနာမည်တွေ ထုတ်ပြောလို့တော့ ဘယ်ဖြစ်မလဲ၊ စိတ်ကို လျှော့ပါဗျာ၊ ထစ်ခနဲရှိ ချေမှုန်းမယ်၊ ဘာမယ်၊ ညာမယ်ဆိုတာ ဟန်မကျပါဘူး။ ခင်ဗျားဘက်က သဘောထား ပျော့ပြောင်းတယ်၊ အပြောင်းအလဲ လုပ်ဖို့ အသင့်ပဲ ဆိုတာတွေကို ကမ္ဘာက မျှော်လင့်နေကြတာနော်။

ဗိုလ်ချုပ်မှူးကြီး။ ။ ဒါလေးများ လွယ်ပါတယ် မစ္စတာ ကင်မ်ချီ အဲ … မစ္စတာ ဘန်ကီမွန်းရယ်။ ကျုပ်တို့ ဖမ်းထားတာ အများကြီး ရှိပါတယ်။ လူတွေကို ထောင်နဲ့ချီပြီး လွှတ်ပေးလိုက်ဖို့ ကျုပ် ဝန်မလေးပါဘူး။

ဘန်ကီမွန်း။ ။ ဟုတ်ပြီဗျာ၊ ကျနော်လည်း ခင်ဗျားရဲ့ လမ်းပျောက်မြေပုံ အဲ … ဆောရီး … မှားသွားတယ် … ခင်ဗျားရဲ့ လမ်းပြမြေပုံမှာ ပါတဲ့ ရွေးကောက်ပွဲကို ထောက်ခံပြီး ပြောပေးမယ်။ ခင်ဗျားဘက်ကလည်း အကျဉ်းသားတွေကို လွှတ်ပေးဖို့တော့ လိုတယ်။ ပြီးတော့ ဒေါ် … …

ဘန်ကီမွန်း စကားမဆုံးမီ ဗိုလ်ချုပ်မှူးကြီးက ဖြတ်ပြောလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး။ ။ တခု ဖြတ်မေးဦးမယ်၊ ဟို အမေရိကန်ကောင်တွေက ကျုပ်တို့နဲ့ ပတ်သက်ပြီး ဘာတွေလုပ်မယ် ကြားသလဲ။

ဘန်ကီမွန်း။ ။ ခင်ဗျားတို့ကိစ္စက သူတို့အတွက် ခေါင်းကိုက်စရာ ကိစ္စလေးတခုပေါ့။ ခေါင်းကိုက်တယ်ဆိုလို့ အရေးကြီးအဆင့်လို့ မထင်လိုက်နဲ့၊ မြန်မာပြည်အရေးကို ဘာဆက်လုပ်ရမှန်း မသိတာကို ပြောတာ။ ဒါနဲ့ပဲ မူဝါဒပြင်ဖို့ စောင့်ကြည့်နေတယ် လို့ ဟိုတလောက ပြောနေတယ်။ အနည်းဆုံးတော့ လူကြားကောင်းတာပေါ့။

ဗိုလ်ချုပ်မှူးကြီး။ ။ တော်သေးတာပေါ့ဗျာ။ ကျနော်က နေပြည်တော်မှာ လိုဏ်ဂူတွေ တူးနေတာ မပြီးသေးဘူး။

ဗိုလ်ချုပ်မှူးကြီး၏ စကားကြောင့် ဘန်ကီမွန်းက တခစ်ခစ် ရယ်လိုက်လေသည်။

ဗိုလ်ချုပ်မှူးကြီး။ ။ ခင်ဗျားက ဘာတွေ သဘောကျနေတာလဲ။

ဘန်ကီမွန်း။ ။ နိုင်ငံတကာမှာ လကမ္ဘာပေါ်ကို ပြန်သွားဖို့ အပြင်းအထန် ကြိုးစားနေချိန်မှာ ခင်ဗျားက လိုဏ်ဂူတွေတူးပြီး မြေကြီးထဲ ဝင်ဖို့ အပြင်းအထန် ကြိုးစားနေတယ်ဆိုတာကို သဘောကျလို့ပါ ခစ်ခစ်ခစ်ခစ် … …

ဘန်ကီမွန်း၏ အဆက်မပြတ် ရယ်သံများ ထွက်ပေါ်လာသည်။

ဗိုလ်ချုပ်မှူးကြီး။ ။ ခင်ဗျားရယ်သံကို နားထောင်ဖို့ ကျုပ်မှာ အချိန်မရှိဘူး၊ ဗေဒင်ဆရာနဲ့ တွေ့ရဦးမယ်၊ တရုတ်သိုင်းကားလည်း ကြည့်စရာ ရှိသေးတယ်။ ကဲ … ဘာပြောဦးမလဲ။

ဘန်ကီမွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ ဒီတခုပဲ ကျနော် တောင်းဆိုချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ။ နေစမ်းပါဦး … ခင်ဗျားက ဘာကြောင့် အသည်းအသန် တောင်းဆိုနေရတာလဲ။

ဘန်ကီမွန်း။ ။ အခုဆိုရင် လူတွေက ကျနော့်ကို ခရီးတွေ လျှောက်ထွက်ပြီး ဘာရလဒ်မှလည်းမရတဲ့ UN တိုးရစ်ကြီး လုပ်နေတယ် ဆိုပြီး ဝိုင်း ဝေဖန်နေကြတယ်။ ကျနော့်ရဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို နောက်ထပ် သက်တမ်း တိုးဖို့တောင် မသေချာတော့ဘူး။ ကျနော် တောင်းဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင်တော့ ကျနော့်ရဲ့ သက်တမ်း ရှည်မှာပေါ့ဗျ။

ဗိုလ်ချုပ်မှူးကြီး။ ။ မဖြစ်ဘူး၊ လွှတ်လို့တော့ မဖြစ်ဘူး … ဒေါ်အောင်ဆန်းစုကြည် လွတ်သွားရင် ငါ့သက်တမ်း တိုမယ်ကွ၊ ငါ့သက်တမ်း တိုမယ် … ။

စကားပြောသံများ ထိုနေရာတွင် ရပ်သွားလေသည်။ နားထောင်နေသည့် သူတို့ သုံးယောက်လည်း တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြသည်။ အတန်ကြာမှ ကြွက်စုတ် ကမှတ်ချက်ချလိုက်လေသည်။

ကြွက်စုတ်။ ။ သြော် … ဘန်ကီမွန်း နဲ့ ဗိုလ်ချုပ်မှူးကြီး သက်တမ်းရှည်ရေးက ဒေါ်အောင်ဆန်းစုကြည်အပေါ် မူတည်နေပါလား။

ဖိုးရှုပ်။ ။ အင်း … ဦးဝင်းတင်ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် “စု-လွှတ်-တွေ့” ဆိုပြီး ကြွေးကြော်နေတာ ကြာပြီ။

ရုက္ခစိုး ။ ။ ဒါဆို ဗိုလ်ချုပ်ကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မေ့ထားချင်တယ် ဆိုတော့ ဗိုလ်ချုပ်မှူးကြီးက “စု-လွှတ်-မေ့” ဆိုတဲ့ ကြွေးကြော်သံကို ထွင်တော့မယ်နဲ့ တူတယ်။ ။

ဗိုလ်ချုပ်မှူးကြီး ဇနီးမောင်နှံ ရွှေတိဂုံမှာ ပန်းယတြာချေ



Wednesday, 15 July 2009 18:37 ဟိန်းဇော်
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် ယခုတပတ်အတွင်း ၃ ရက်ဆက်၍ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားသို့ ပန်းများဆင်ယင်ထားသော ဗုဒ္ဓရုပ်ပွားတော်များကို လာရောက် ပူဇော်ထားရှိ သည့်အတွက် လူအများစိတ်ဝင်စားနေကြကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ရွေတိဂုံဂေါပက အဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် မေလ ၁ ရက်နေ့က ရွှေတိဂုံ စေတီတော်တွင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)
နှီးဖြင့် ပြုလုပ်ထားပြီး “နေကြာပန်း”များ အပါအဝင် ပန်းပေါင်းစုံ အပွင့်များဖြင့်ဆင်ယင်ထားသော ဉာဏ်တော် တစ် ပေ ခန့်ရှိ ဗုဒ္ဓရုပ်ပွားတော် ၃၅ ဆူကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့က မိသားစုဝင်များနှင့် အတူ ရွှေတိဂုံဘုရားသို့ သယ်ဆောင် ပူဇော်ခဲ့ခြင်းဖြစ်သည်ဟု ရွှေတိဂုံ ဂေါပက အဖွဲ့ဝင်တဦးက ပြောပြသည်။

“နှင်းဆီပန်း၊ ရွှေပန်း၊ ငွေပန်းစတဲ့ ပန်းအမျိုးအစားပေါင်း မနည်းဘူး။ ရုပ်ပွားတော်ရဲ့ကိုယ်မှာစိုက်လှူထားတာ ၊ ရုပ်ပွားတော် ၃၅ဆူလောက်ရှိတယ်။ ဘုရားလာဖူးတဲ့ လူတွေက ပန်းပေါင်းစုံရုပ်ပွားတော်တွေ မွေးနံ ထောင့်တိုင်း မှာရှိနေတာ့ တအားစိတ်ဝင်တစားမေးမြန်းတာ"ဟု ၎င်းက ပြောသည်။

အဆိုပါ ရုပ်ပွားတော်များကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်စောစောက ရွှေတိဂုံဘုရား၏ နေ့နံအလိုက် သတ်မှတ် ထားသော မွေးနေ့ ထောင့်တိုင်းတွင် ပူဇော်ထားရှိခြင်းဖြစ်ပြီး “နေကြာပန်း”များအား ထည့်သွင်း ပူဇော်ခြင်းသည် အနေကြာစေရန် ဟူသော အဓိပ္ပာယ်ဖြင့် အာဏာဆက်လက် တည်မြဲရေးနှင့် ကျန်းမာရေးကောင်းမွန်ရန်တို့ အတွက် ယတြာချေခြင်း ဖြစ်နိုင်ကြောင်းလည်း သူက ဆိုသည်။

အတိုင်ပင်ခံ ဗေဒင်ဆရာများ၏ အခါပေးစေခိုင်းမှုဖြင့် ယတြာချေခြင်းဖြစ်ပြီး ဒေါ်ကြိုင်ကြိုင် ထီးတော် တင်ထား သော ဓနုတ်စေတီတော် ပြိုကျခြင်းနှင့်ပတ်သတ်၍ ကျရောက်လာမည့် အညံ့ များကို ချေဖျက်ရန် ထိုသို့ ပြုလုပ် ခြင်းဖြစ်ကြောင်း အစိုးရအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ရွှေတိဂုံ ဘုရားဖူးတဦးကလည်း"ဘုရားမှာ ထူးထူးခြားခြား တွေ့တော့မေးကြည့်တာ၊ စေတီတော် တစ်ကိုယ်လုံး ပန်းအစုံနဲ့ ဘုရားကိုယ်ကိုတောင် မမြင်ရဘူး၊ ဘာလုပ်တာလဲမေးတော့ ဒီနေ့မနက်(ဇူလိုင် ၁၀) ငါးနာရီလောက်က ဘုရားက တံခါးတွေပိတ်ပြီး သူစိမ်းဝင်ခွင့်မပြုတော့ဘဲ ဦးသန်းရွှေတို့ ဇနီးမောင်နှံနဲ့ အပေါင်းအပါတို့ ယတြာ လာချေ သွားတာတဲ့"ဟု ပြောသည်။

မကြာသေးခင်က ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် အစိုးရထိပ်ပိုင်း အဖွဲ့ဝင် ၅ ဦးတို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံမှ အာဏာ သိမ်းရန် ကြိုးပမ်းကြောင်း ကောလာဟလ ထွက်ပေါ်မှုများလည်း ရန်ကုန် လူထုကြား ပျံ့နှံ့နေ သည်ဟုလည်း ၎င်း ဘုရားဖူး က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့သည် ၎င်း၏ ကံဇာတာ အညံ့များ ကောင်းမွန်ရန်အတွက် ဗေဒင် ယတြာများကို ယုံကြည်မှု ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဗေဒင်ဆရာ တဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခက်အခဲ အကျပ်တည်းထဲမှာ ရောက်နေတယ်၊ ဒါကြောင့် သူ့ကံဇာတာ ကောင်း အောင် ယတြာချေတာ”ဟု အထက်ပါ ဗေဒင်ဆရာ က ပြောသည်။

ယင်း ပန်းပေါင်းစုံ နှီးဘုရားများကို စိတ်ဝင် တစားမေးမြန်းသူများလာခြင်းကြောင့် သော်လည်းကောင်း၊ ယတြာချေ ပြီး၍ သော်လည်းကောင်း ဇူလိုင်လ ၁၄ရက်နေ့ က လာရောက် သိမ်းဆီးသွားကြောင်း ရွှေတိဂုံ ဘုရားမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ဒေါ်ကြိုင်ကြိုင် ထီးတင်ခဲ့သည့် ရန်ကုန်တိုင်း ဒလ မြို့နယ်ရှိ ရှေးဟောင်း ဓနုတ် စေတီကြီး ပြိုကျခဲ့သည်။ ၎င်းစေတီကြီးအား မေလ ၇ ရက်နေ့က ထီးတင်ခဲ့ခြင်းဖြစ်သည်။

ထုစေတီကြီးပြိုကျမှုနှင့် ပတ်သက်ပြီး“အလှူရှင်များဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင် ပြီးစီးရန် မွမ်းမံ တည် ဆောက် လိုက်ရသောကြောင့် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ်ပျက်စီးခဲ့ရသည်”ဟု အစိုးရ သတင်းစာများတွင် ရေးသား ဖော်ပြခဲ့သည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် မင်းလွင် နှင့် ပူးပေါင်း ရေးသားသည်။

နယ်စပ် ဝင်ပေါက်များမှတဆင့် ဝက်တုပ်ကွေး ကပ်ရောဂါအသွင် ကူးစက်နိုင်ဟုဆို



Tuesday, 14 July 2009 17:33 အောင်သက်ဝိုင်း
ထိုင်းနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါ ကူးစက်လျက်ရှိရာ မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက် များမှတဆင့် ကပ်ရောဂါအသွင် ကူးစက်ပျံ့ပွားနိုင်သည့် အခြေအနေ ရှိနေသည်ဟု သတင်းရရှိ သည်။

အထက်တန်း ကျောင်းသားများလည်း နှာခေါင်းစည်းများဖြင့် ဝက်တုပ်ကွေးကို ကာကွယ်နေကြ (ဓာတ်ပုံ - Getty Images)
ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသော နယ်စပ်ဒေသ ၀င်ပေါက်များတွင် ရောဂါကာကွယ် တားဆီး ရေး လုပ်ငန်းများ စနစ်တကျ မလုပ်ဆောင်နိုင်ခြင်း၊ ထိရောက်သော ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ ခေတ်မီစက်ပစ္စည်းများ မရှိခြင်း၊ နယ်ဆေးရုံများတွင် ၀က်တုပ်ကွေးရောဂါ ကုသသည့် Tamiflu ဆေးဝါး အလုံအလောက်မရှိခြင်း တို့ကြောင့် မြန်မာပြည်သူများ အကြား ၀က်တုပ်ကွေးရောဂါ ကပ်ရောဂါ အသွင် ကူးစက် ပျံ့ပွားမှုဖြစ်ပေါ်ရန် အလားအလာများ လျက်ရှိကြောင်း နေပြည်တော် ကျန်းမာရေး ၀န်ကြီးဌာနမှ အမည်မဖော်လိုသည့် အရာရှိကြီးတဦးက ပြောသည်။

ထိုင်း - မြန်မာနယ်စပ်ဝင်ပေါက်များမှ မြန်မာနိုင်ငံတွင်း ၀င်ထွက် သွားလာနေသော လူဦးရေမှာ တရက်လျှင် ထောင်၊ သောင်းချီ ရှိနေပြီး တလလျှင် သိန်းချီရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် သော အချက်အလက်များအရ သိရှိရသည်။ ၂ နိုင်ငံ နယ်စပ် ထိစပ်နေသည့် အရှည်မှာ မိုင် ၁၂၅၀ ရှိနေသည်။

“နယ်စပ်ဒေသတွေက ၀င်တဲ့ လူဦးရေက ရေကြောင်း၊ လေကြောင်းက ၀င်တဲ့ အရေအတွက်ထက် အဆ ပေါင်း များစွာပိုတယ်။ လောလောဆယ်စာရင်းတွေအရ ကမ္ဘာမှာ ၀က်တုပ်ကွေး စဖြစ်တဲ့ အချိန် ကတည်းက နှစ်လကျော်၊ သုံးလလောက်မှာကို ထိုင်း - မြန်မာနယ်စပ်ဒေသတွေက ၀င်ထွက်တဲ့ လူဦးရေ ၂ သန်းနီးပါး ရှိနေပြီ” ဟု ကိုးကားပြီး ကျန်းမာရေး ၀န်ထမ်းတဦးက ဆိုသည်။

အိမ်နီးနားချင်း ထိုင်းနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေမှာ စိုးရိမ်စရာကောင်းသော အခြေအနေတွင် ရောက်ရှိနေပြီး ထိုင်းနိုင်ငံတွင်း A (H1N1) ၀က်တုပ်ကွေး ရောဂါ ကူးစက်ခံနေရသော လူနာအရေအတွက်သည် အစိုးရကြေညာထားသည်ထက် ပိုမိုများပြားနိုင်ကြောင်းနှင့် ထိုင်းနိုင်ငံရှိ ဖျားနာ နေသော လူနာများအားလုံးကို ဆေးစစ်ပေးရန်မှာလည်း မဖြစ်နိုင်ကြောင်း သတင်းများအရ သိရသည်။

ထိုင်းအစိုးရထုတ်ပြန်သော စာရင်းဇယားများအရ ထိုင်းနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၃၀၀၀ နီးပါး ရှိနေပြီး ရောဂါကြောင့်သေဆုံးသူ ၁၃ ဦးရှိနေပြီဟု သတင်းရရှိသည်။

“ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ အင်တာနက်ကဖေးတွေနဲ့ ကျုရှင်တွေကို ဇူလိုင်လ ၁၃ ရက်နေ့ကနေ ၂၈ ရက်နေ့ထိပိတ်လိုက်ပြီ။ ထိုင်းနယ်စပ်က ၀င်လာမယ့်သူတွေကို လုံးဝအလွတ်မပေးဘဲ စောင့်ကြည့်ဖို့ လိုတယ်” ဟု မြ၀တီခရိုင် ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းတဦးကပြောသည်။

ထိုင်းနယ်စပ်မှ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာသူများ အားလုံးကို ၀က်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး သယ်ဆောင်လာခြင်း ရှိ၊ မရှိ စစ်ဆေးရန် နယ်စပ်ဒေသ ၀င်ပေါက်များတွင် ရောဂါစစ်ဆေးသည့် ခေတ်မီ စက်ပစ္စည်းများ မရှိကြောင်း၊ ၀င်ရောက်လာသူများကို သာမန် အပူချိန်တိုင်း ကိရိယာများနှင့်သာ ဖျားနာခြင်း ရှိ၊ မရှိ စစ်ဆေး နေရသည့်အတွက် ၀က်တုပ်ကွေး ရောဂါကာကွယ် တားဆီးရေးနှင့်ပတ်သက်၍ အခက်အခဲ ဖြစ်နေရကြောင်း သိရှိရသည်။

“ရန်ကုန်မှာဖြစ်သွားတဲ့ ၀က်တုပ်ကွေးရောဂါသည် ၂ ဦးစလုံးက လေဆိပ်မှာ မဖျားဘူး။ အိမ်ပြန်ရောက်သွားမှ ဖျားကြတာ။ ဒါတောင် ရန်ကုန်လေဆိပ်မှာ အဖျားရှိ၊ မရှိ စစ်ဆေးတဲ့ ကိရိယာတွေက နောက်ဆုံးပေါ် စက်တွေပါ” ဟု ကရင်ပြည်နယ် ကျန်းမာရေးအရာရှိကြီးက ဆိုသည်။

နယ်စပ်ဒေသများမှ ၀င်ရောက်လာသူများကို စစ်ဆေးရာ၌ နားထဲသို့ ထည့်သည့် အဖျားရှိ၊ မရှိ စစ်ဆေး ရသော အပူချိန်တိုင်းတာ ကိရိယာငယ် များဖြင့်သာ စစ်ဆေးပေးပြီး ၀င်ရောက်လာသူများ နေထိုင်မည့် နေရပ်လိပ်စာများကိုလည်း သေသေချာချာ မှတ်သားနိုင်ခြင်း မရှိကြောင်း မြန်မာ - ထိုင်း နယ်စပ်ဝင်ပေါက်များတွင် ကျန်းမာရေးစစ်ဆေးနေသော ကျန်းမာရေးမှူးများက ပြောသည်။

“ရန်ကုန်က ဝက်တုပ်ကွေး ရောဂါသည်တွေလို အိမ်ရောက်မှ ဖျားတဲ့ လူနာတွေ နယ်မြို့တွေမှာ အများကြီး ရှိနိုင်ပါတယ်” ဟု နယ်စပ် ကျန်းမာရေးမှူး တဦးက ဆိုသည်။

ထို့ပြင် ဆေးရုံများတွင် ၀က်တုပ်ကွေးရောဂါ ကုသနိုင်သော Tamiflu ဆေးဝါး လုံးဝမရှိဘဲ ရောဂါ ဖြစ်ပွား သည်ကို တွေ့ရှိမှသာ ကျန်းမာရေး ၀န်ကြီးဌာနမှ အရေးပေါ် ဆေးဝါးမှာယူရမည့် အနေအထား ဖြစ် နေကြောင်း ကရင်ပြည်နယ် ဆေးရုံတရုံမှ တာဝန်ခံ ဆေးရုံအုပ်တဦးက ရှင်းပြသည်။

“နယ်ဆေးရုံတွေမှာ Tamiflu ဆေးရတဲ့ ဆေးရုံလည်းရှိတယ်။ လုံးဝမရတဲ့ ဆေးရုံလည်း ရှိတယ်။ ဆေးရထားတဲ့ ဆေးရုံဆိုတာကလည်း လူနာတဦး၊ နှစ်ဦး ကုသဖို့လောက်ပဲ ရကြတာ။ တကယ်တမ်း ကပ်ရောဂါပုံစံလို အများကြီး ဖြစ်လာရင် ကုသပေးနိုင်ဖို့ မလွယ်ဘူး” ဟု အမည်မဖော်လိုသော
အဆိုပါ ဆေးရုံအုပ်က ရှင်းပြသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများနှင့် နယ်မြို့များတွင် ၀က်တုပ်ကွေး ရောဂါနှင့်ပတ်သက်ပြီး သေသေချာချာ သိရှိနားလည်မှု မရှိခြင်းကလည်း အမှန်တကယ် ရောဂါ ကူးစက်မှု ဖြစ်ပွားလာလျှင် မထိန်းချုပ်နိုင်သော အဆင့်သို့ ရောက်ရှိစေနိုင်သည့် အချက်တချက် ဖြစ်သည်ဟု ဆိုသည်။

“နယ်ကလူတွေ ဒီရောဂါအကြောင်း အသေအချာကို မသိသေးဘူး။ ရောဂါအကြောင်းမသိရင် ရောဂါ ဖြစ်လို့ ဖြစ်မှန်း မသိဘဲ ကိုယ့်ဆွေမျိုးသားချင်း အသိုင်းအ၀န်းကို ကူးစက်မယ်။ အဲဒီဆွေမျိုး သားချင်း တွေကနေ တဆင့် လူအဖွဲ့အစည်းတခုလုံးကို ထပ်ပြီးကူးစက်မယ်။ နောက်ဆုံး ထိန်းမနိုင်၊ သိမ်းမနိုင် ဖြစ်သွားနိုင်တယ်။ လူတွေကို ဒီတုပ်ကွေးရောဂါအကြောင်း သေသေချာချာ ရှင်းပြဖို့ လိုတယ်” ဟု နယ်မြို့များတွင် တာဝန်ထမ်း ဆောင်ဖူးသည့် ကျန်းမာရေး ၀န်ထမ်းတဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးသော ၀က်တုပ်ကွေး ရောဂါပိုးကို မေလ ၂၆ ရက်နေ့၌ စင်ကာပူနိုင်ငံမှ ပြန်လာ သော အသက် ၁၃ နှစ်အရွယ် မိန်းကလေးတွင် တွေ့ရှိခဲ့ရပြီး ဒုတိယမြောက်လူနာအဖြစ် ဇူလိုင်လ ၆ ရက်က ထိုင်းနိုင်ငံမှ ပြန်လာသည့် အသက် ၂၀ အရွယ် အမျိုးသားတဦးထံတွင် တွေ့ရှိရသည်ဟု ကျန်းမာရေး ၀န်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

မက္ကဆီကို နိုင်ငံတွင် ၀က်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားသည့် ဧပြီလ ၂၈ ရက်မှ စပြီး ဇူလိုင် ၉ ရက်နေ့အထိ မြန်မာနိုင်ငံတွင်းသို့ ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ဒေသများမှ ၀င်ရောက်သူ ၂ သန်းနီးပါးကို ၀က်တုပ်ကွေး ရောဂါ ရှိ၊ မရှိ စစ်ဆေးထားနိုင်ပြီဟု စစ်အစိုးရ ကျန်းမာရေး ၀န်ကြီးဌာနက ဆိုသည်။

ဝက်တုပ်ကွေးရောဂါ ကူးစက်မှုကြောင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅ နိုင်ငံရှိ လူဦးရေ ၉ သောင်းကျော်တွင် ကူးစက်ခံနေရပြီး သေဆုံးသူ ၄၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ထုတ်ပြန် ချက်များအရ သိရသည်။

dinsdag 14 juli 2009

မွန်ပြည်သစ်ပါတီက ပြည်သူ့စစ်ပုံစံ အသွင်ပြောင်းရန်ကိုလည်း လက်မခံဟုဆို

Tuesday, 14 July 2009 19:08 ရန်ပိုင်
စစ်အစိုးရ၏ ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းရေး ကမ်းလှမ်းချက်ကို အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ (NMSP) က လက်ခံလိမ့်မည်ဟု မထင်ကြောင်း ထိုင်း - မြန်မာ နယ်စပ် ဆန်ခလာဘူရီ အခြေစိုက် မွန်ပြည်သစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ တဦးက ဆိုသည်။

“တိုင်းမှူးရဲ့ ကမ်းလှမ်းချက်က ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းဖို့ပါပဲ။ သိပ်လည်း ထူးထူးခြားခြား မဟုတ်ပါဘူး။ ဒါကလည်း နယ်ခြား စောင့်တပ် ဖွဲ့စည်းရေးနဲ့ အတူတူပါပဲ။ သူတို့အမိန့်ကို နာခံရမှာပဲ။ NMSP အနေနဲ့ကတော့ လက်ခံဖို့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

NMSP နှင့် မြန်မာစစ်အစိုးရသည် ဇွန်လ ၇ ရက် နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်နိုင်ဝင်း နှင့် တကြိမ် ၊ ဇွန်လ ၂၉ ရက်နေ့တွင် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် တကြိမ် မော် လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲများတွင် မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့် တပ်ပုံစံ (သို့မဟုတ်) ပြည်သူ့စစ် ပုံစံဖြင့် ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သည်။

မွန်ပြည်သစ်ပါတီ အနေနှင့် ယခုလ ၂၅ ရက်နေ့တွင် စစ်အစိုးရ၏ ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ခေါ်ယူရန်ရှိသည်ဟု သိရသည်။

“NMSP အနေနဲ့ကတော့ အရင်က ချမှတ်ခဲ့တဲ့ မူအတိုင်းပါပဲ။ ရွေးကောက်ပွဲပြီးလို့ တက်လာမယ့် အစိုးရသစ်နဲ့ပဲ စကား ပြောမယ်။ လက်ရှိ ကမ်းလှမ်းချက်ဖြစ်တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုရော၊ ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းရေးကိုပါ လက်ခံ မှာ မဟုတ်ဘူး” ဟု မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံတွင် လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုလည်း လက်မခံပေ။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ၀င်ရောက် အရွေးခံမည် မဟုတ်ဟု ကြေညာ ထားသော အပစ်အခတ် ရပ်စဲရေး အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

တချိန်တည်းမှာပင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် တခြား တိုင်းရင်းသားအဖွဲ့ တခုဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း နယ်ခြားစောင့်တပ်ဖွဲ့ ပုံစံမျိုးမဟုတ်ဘဲ ကချင်ပြည်နယ် လုံခြုံရေး တပ်ဖွဲ့ (State Security Force - SSF) အနေဖြင့်သာ ဖွဲ့စည်းလိုကြောင်း မြန်မာစစ်အစိုးရထံ တင်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင်နေသော (KIO) ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး James Lun Dau ကလည်း ဇူလိုင်လ ၈ ရက်မှ ၁၁ ရက်နေ့အထိ မြစ်ကြီးနားမြို့၌ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းနှင့်တွေ့ဆုံရာတွင် တပ်ဖွဲ့ဝင် များအသွင်ပြောင်းရေးနှင့် ပတ်သက်၍ ကချင် အပစ်အခတ် ရပ်စဲရေး ခေါင်းဆောင်များ၏ အဆိုပြုချက်ကို တင်ပြခဲ့သည်။

“အစိုးရအနေနဲ့ ကျနော်တို့ရဲ့ ကမ်းလှမ်းချက်ကို စဉ်းစားနေတယ်လို့ ထင်ပါတယ်” ဟု ဗိုလ်မှူးကြီး James Lun Dau က ဆိုသည်။ စစ်အစိုးရက KIO ထံသို့ တရားဝင်တုန့်ပြန်မှုများ မပြုလုပ်သေးပေ။

အလားတူ စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲထားသော တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကိုလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီး နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သေးသည်။

တချို့သော အပစ်အခတ်ရပ်စဲရေးအဖွဲ့များ အနေနှင့်မူ စစ်အစိုးရပေါ်တွင် အယုံအကြည်မရှိကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကဲ့သို့သော ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်ကိုပင် ဖမ်းချုပ်ထားသည့် အစိုးရအနေနှင့် ၎င်းတို့၏ နယ်ခြားစောင့် တပ်များကို အချိန်မရွေး ဖျက်သိမ်းနိုင်ကြောင်း ပြောဆိုကြသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)၊ ဗကပ ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်သော ကချင်ပြည်သစ် တပ်မတော် (NDAK) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်ခံထားသော အဖွဲ့များဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ဗိုလ်မှူးချုပ်ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းပြီး မွန်ပြည်နယ် ဘုရားသုံးဆူ ဒေသကို တာဝန်ယူမည်ဟု သိရသည်။

zondag 12 juli 2009

နာဂစ်စတိတ်ရှိုး လန်ဒန်တွင် လုပ်မည်



Friday, 10 July 2009 20:15 အေးလဲ့
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ရောက် မြန်မာပြည်သားများအတွက် မြန်မာနိုင်ငံမှ နာမည်ကျော် အဆိုတော်များ၏ စင်မြင့် ဖျော်ဖြေပွဲ ကို မနက်ဖြန် စနေနေ့တွင် ကျင်းပတော့မည် ဖြစ်သည်။

ဂီတဖျော်ဖြေပွဲအတွက် အဆိုတော် အဲလက်စ်၊ တင့်တင့်ထွန်း၊ ရေဗက္ကာဝင်း၊ J- Me ၊ နာမည်ကျော် မော်ဒယ် သရုပ်ဆောင် မိုးဟေကိုတို့ လန်ဒန်တွင် ရောက်ရှိနေပြီဟု သိရသည်။

ရန်ကုန်မှ အဆိုတော်များက Creek Society အမည်ရှိ တေးဂီတအဖွဲ့နှင့် တွဲဖက် တင်ဆက်မည် ဖြစ်ကြောင်း သိရသည်။

“ကျနော်က အပုဒ် ၂ဝ လောက်တော့ ပြင်ဆင် ထားပါတယ်၊ အနောက်တိုင်းမှာ ပထမဆုံး သွားရမယ့် ခရီးစဉ် ဖြစ်ပါတယ်” ဟု ဟစ်ဟော့ပ် အဆိုတော် J-Me က ပြောသည်။

ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ လန်ဒန်မြို့၊ GREENFORD ခန်းမတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲတွင် ရရှိသည့် ငွေများကို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး ရန်ပုံငွေအတွက် အသုံးပြုမည်ဟု ဆိုသည်။

လက်မှတ် တစောင်လျှင် ပေါင်ငွေ ၂ဝ သတ်မှတ်ထားပြီး ဆယ်နှစ်အောက် ကလေးများ အခမဲ့ ဝင်ရောက်နိုင်မည် ဟု သိရသည်။ ပရိသတ်ကို ဆွဲဆောင်ရန် ကံစမ်းမဲ နှင့် မြန်မာအစားအစာများ ကိုလည်း စီစဉ်ထားကြောင်း တွေ့ရသည်။ အဆိုတော်များကို စင်မြင့်ပေါ်တွင် တွေ့ဆုံမေးမြန်းနိုင်မည်ဟုလည်း ကြော်ငြာထားသည်။

ပွဲစီစဉ်သူများက နာဂစ်မုန်တိုင်း ကူညီရေး ရန်ပုံငွေ ရရှိရန်သာမက မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ဒုက္ခရောက်မှုများ ရှိနေဆဲဖြစ်ကြောင်း လူအများကို အသိပေးရန်လည်း ရည်ရွယ်သည်ဟု ဆိုသည်။

“ဒီလန်ဒန်မှာရောက်နေတဲ့ မြန်မာတွေအတွက် ဖျော်ဖြေပွဲ သဘောရယ်၊ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒုက္ခသည်တွေဟာ ဒီနေ့ ဒီအချိန်အထိ ဒုက္ခရောက်နေသေးတယ် ဆိုတာတွေကိုလည်း ဒီမှာရှိတဲ့သူတွေ သိအောင် Projector နဲ့ ပြသမှာ ဖြစ်ပါတယ်၊ လှူဒါန်းဖို့တွေလည်း ပြင်ဆင်ထားပြီးပါပြီ ” ဟု ပွဲစီစဉ်သူတဦးက ဆိုသည်။

မြန်မာနိုင်ငံတွင်၂ဝဝ၈ခုနှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် လူပေါင်း ၁၄ဝ ဝဝဝ ဝန်းကျင် သေဆုံးခဲ့ရသည်။

vrijdag 10 juli 2009

ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲရက် သတ်မှတ်


ဒေါ်အောင်ဆန်းစုကြည်
Friday, 10 July 2009 20:08 ကိုစိုး
ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် ၂ ဘက်လျှောက်လဲကြားနာရန်အတွက် တရားရုံးက လာမည့် ဇူလိုင်လ ၂၄ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံချေပရန်တင်ထားသော သက်သေဖြစ်သည့် ဒေါ်ခင်မိုးမိုးကို ယနေ့ အင်းစိန် ထောင်တွင်း အထူးတရားရုံး၌ ကြားနာစစ်ဆေးရာ ရုံးချိန်းတွင် ယင်းသို့ နောက်ဆုံးလျှောက်လဲရန် ချိန်းဆို လိုက် ခြင်းဖြစ်သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း ကပြောသည်။

“ဒီနေ့ ဒေါ်ခင်မိုးမိုး တဦးတည်း၊ မနက် ၁၀ နာရီက စ စစ်တယ်၊ ၁၂ နာရီနဲ့ ၁ နာရီကြား နားတယ်၊ ည နေ ၅ နာရီမှ ပြီးပါတယ်၊ အဓိကက တော့ ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရှိတယ်ဆိုတာကို ဥပဒေတွေ၊ ညွန်ကြား ချက်တွေ၊ တရားရုံးစီရင်ချက်တွေ နဲ့ ဒီလိုမေးတာပါ၊ အဲဒါပဲ တောက်လျှောက်မေးတာ အချိန်ကုန်တာပဲ၊ တကယ် တော့ ကျနော်တို့က ၇၄ ဖွဲ့စည်းပုံ ဥပဒေ မရှိဘူးလို့ ဆိုတာကို ပြန်ချေပတာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောပြ သည်။

ဦးဉာဏ်ဝင်းက ဆက်လက်ပြီး“ဒေါ်ခင်မိုးမိုးရဲ့ထွက်ဆိုချက်တွေက ကောင်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ထိန်းသိမ်းစဉ်က အလုပ်သမားဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်အန္တရာယ်ကို ကာကွယ်ဖို့ ထိန်း သိမ်းတယ်လို့ ကမ္ဘာသိကြေညာတယ်ဆိုတာ သူ ထည့်ပြောတယ်”ဟုလည်း ပြောဆိုသည်။

ဒေါ်ခင်မိုးမိုးက ၎င်းအား ကြားနာရန် ယခင် ဇူလိုင် ၃ ရက်မှ ယနေ့သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့်ပတ်သက်ပြီး ဗဟို တရားရုံးမှ အမှုတွဲ ပြန်မရောက်သေး၍ဟူသော စစ်အစိုးရဘက်က ကြောင်းပြချက်သည် သဘာဝ မကျကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။

ဒေါ်ခင်မိုးမိုးကို ယခင် ဇွန် ၂၆ ရက်နေ့ စစ်ဆေးမည်ဟု တရားရုံးက ချိန်းဆိုခဲ့သော်လည်း ဇူလိုင် ၃ ရက်နေ့သို့ ဒုတိယ အကြိမ်မြောက် ချိန်းဆိုခဲ့သည်။ ပထမအကြိမ် ချိန်းဆိုသည့် ဇွန် ၂၆ ရက်နေ့က ဦးတင်ဦးနှင့် ဦးဝင်တင် အမှုတွဲသည် ဗဟိုတရားရုံးသို့ တက်နေဆဲဖြစ်ပြီး ယင်းဗဟိုတရားရုံးမှ အမိန့် မကျသေးသောကြောင့် ပြောင်းလဲ ချိန်းဆိုခြင်းမှာ သဘာဝကျကြောင်း၊ တတိယအကြိမ် အဖြစ်ထပ်မံချိန်းဆိုရကြောင်း ၎င်းက ပြောသည်။

ဒေါ်ခင်မိုးမိုးသည် ရှမ်း ပြည်နယ်တောင်ကြီးမြို့တွင် နေထိုင်သူဖြစ်ပြီး ရုံးချိန်းရှိသည့် အချိန်တိုင်း တောင်ကြီးမြို့မှ ရန်ကုန်သို့ လာရောက်ရသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့ ၃ ဦးကို အင်းစိန် ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော NLD လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

ထို့နောက် ကျန်သက်သေ ၃ ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့အတွက် တိုင်းတရားရုံးသို့ ဆက်လက်လျှောက်ထားရာ တိုင်း ရုံးက ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး ဒေါ်ခင်မိုးမိုး တဦးသာခွင့်ပြုခဲ့သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခုဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်၍ စစ်အစိုးရ ဘက်က တရားလိုပြ သက်သေ ၂၃ ဦး စာရင်း တင်ပြ ခဲ့ပြီး ၉ ဦးကို ၎င်းတို့ သဘောဖြင့် ရုပ်သိမ်းကာ ၁၄ ဦး သက်သေ ထွက်ဆိုစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

donderdag 9 juli 2009

နေအိမ်အကျယ်ချုပ်ချ ဝန်ကြီးချုပ်ဟောင်း နာရေးသတင်းထွက်မေး


Thursday, 09 July 2009 15:30 ကိုစိုး

အာဏာဖီဆန်မှု၊ အကျင့်ပျက် လာဘ်စားမှုများဖြင့် ရာထူးမှဖယ်ရှား၍ နေအိမ်အကျယ်ချုပ် ချခံထားရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် မကြာသေးခင်က ဝန်ကြီးဟောင်း တဦး၏ နေအိမ်သို့ နာရေး သတင်းမေး လာရောက်သွားကြောင်း မြင်တွေ့ရသူများက ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူးက ဖယ်ရှားမခံရမီ တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)
အဆိုပါ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ယခင် စက်မှု(၁) ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်တင့်ဆွေ(ငြိမ်း)၏ ဇနီး ကွယ်လွန်ခဲ့သည့်အတွက် ယင်း အသုဘ အိမ် သို့ ည ပိုင်း အချိန်တွင် နာရေးသတင်းမေး လာရောက်ခဲ့ကြောင်း မြင်တွေ့ခဲ့ရသူတဦးက ပြောပြသည်။

“အဲဒီ သင်္ဂြိုဟ်တဲ့နေ့မှာ ဗိုလ်ချုပ် ခင်ညွန့်ရောက်လာတယ်၊ ည ၈ နာရီ ကနေ ၁၀ နာရီလောက် အထိ ၂ နာရီ လောက် ကြာတယ်၊ လူက ဝ ဖီးနေတာပဲ၊ သူ့မိန်းမကလည်း ဝ တုတ် နေတယ်၊ ဒူး တဘက် မကောင်းဘူးတဲ့၊ နာရေးသတင်း လာမေးတာ၊ ဗိုလ်မှူးချုပ် တင့်ဆွေက သူ့ရဲ့ ဆရာလေ၊ သူလာမယ် ဆိုပြီး ရန်ကုန်တိုင်း တိုင်းမှူး က လှမ်းအကြောင်းကြားတော့ အရင်ရောက်နေတဲ့ လူတွေကို ဖယ်ခိုင်းလိုက်တယ်”ဟု ကိုယ်တိုင် တွေ့မြင်ခဲ့ရသူ က ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ကျန်းမာရေးကောင်းပုံရပြီး သွက်သွက်လက်လက် စကား ပြောဆိုသည်ကို တွေ့ရှိ ရ ကြောင်းလည်း ၎င်းက ဆိုသည်။

“လူတွေကသာ အမျိုးမျိုးပြောနေကြတာ၊ တရားထိုင် ပုတီးစိပ်တယ်၊ အေးအေးဆေးဆေး ဒါပဲရှိတယ်လို့ သူက ပြောတယ်၊ ဆံပင်တွေဘာတွေလည်း ဆေးဆိုးထားတယ်”ဟု အထက်ပါ တွေ့မြင်ခဲ့ရသူက ပြောဆိုသည်။

အသုဘအိမ်သို့ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဒု ဗိုလ်ချုပ်ကြီးမြင့်ဆွေ အပါအဝင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟုဆိုသော နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၊ ဇေကမ္ဘာ ဦးခင်ရွှေ အစရှိသူများ လာရောက်၍ နာရေး သတင်းမေးကြကြောင်းလည်း သိရသည်။

ဇူလိုင်လ ၆ ရက်နေ့ ထုတ် အစိုးရ သတင်းစာများတွင်လည်း မရမ်းကုန်းမြို့နယ် အနောက်မေခ လမ်းသွယ်(၂) အမှတ် (၄) နေ ဗိုလ်မှူးချုပ် တင့်ဆွေ(ငြိမ်း) စက်မှု(၁) ဝန်ကြီး၏ ဇနီး ဒေါ်ခင်စန်း အသက်(၈၆) နှစ်သည် ဇူလိုင် ၅ ရက်နေ့ ကကွယ်လွန်သွားကြောင်းနှင့် ဇူလိုင် ၇ ရက် နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း နာရေး သတင်းနှင့် ရင်းနှီးသူများ၏ ဝမ်းနည်းကြောင်း ကြော်ငြာများကို ထည့်သွင်းဖော်ပြထားသည်။

ယင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် မိသားစုဝင်များကို၂၀၀၈ ခုနှစ် မတ်လအတွင်းက စတင်၍ ရွှေတိဂုံ စေတီတော်နှင့် တခြားသော ဘာသာရေးဆိုင်ရာနေရာဌာနများ အပါအဝင် ပြင်ပသို့ အကန့်အသတ်ဖြင့် သွားလာခွင့် ပြုခဲ့ခြင်းဖြစ်သည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လက်ရှိအာဏာပိုင်များက နေပြည်တော်သို့ ခေါ်ဆောင်တွေ့ဆုံကြောင်း၊ ထိုသို့ တွေ့ဆုံခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါဝင်ကူညီရန် ဆွေးနွေး ခြင်းနှင့် နိုင်ငံခြားရေး မူဝါဒနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်နေကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ၂၀၀၄ ခုနှစ် အောက်တိုဘာလ က အာဏာဖီဆန်မှု အကျင့်ပျက် လာဘ်စားမှုတို့ဖြင့် ရာထူးမှ ဖယ်ရှားခံရကာ နေအိမ်အကျယ်ချုပ် ချထားခြင်းခံခဲ့ရသည်။ ၎င်းအား ၂၀၀၅ ခုနှစ် အတွင်းက ထောင်ဒဏ် ၄၄ နှစ် ကျခံရမည်ဟု စီရင်ချက်ချခဲ့ပြီး နောက်ပိုင်းတွင် မိသားစုဝင်များ အပါအဝင် နေအိမ်အကျယ်ချုပ် ချထားခဲ့ခြင်းဖြစ်သည်။