လင်းနိုင်ဦး / ၂၇ နိုဝင်ဘာ ၂၀၀၉
ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏သား အဓိကရှယ်ယာပါဝင်သည့် ဧရာဟင်္သာကုမ္ပဏီသည် မော်လမြိုင် အမှတ် (၁) ဈေး ဆောက်လုပ်ရာ တွင် အမြတ်ငွေ ကျပ် သိန်းပေါင်း (၁) သိန်းကျော် ရရှိခဲ့ကြောင်း အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း၌ ပါဝင်ခဲ့သူ အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက “ကျနော်တို့ ဈေးဆောက်တာ ဆိုင်ခန်းပေါင်း (၁,၃၃၆) ခန်း ထွက်တယ်။ မူလပိုင်ရှင်တွေရဲ့ အခန်း (၁,၁၂၄) ခန်းကို တခန်း ကျပ် သိန်း (၅ဝ) သွင်းခိုင်းတာက ကျပ်သိန်းပေါင်း (၅၆,၂ဝဝ) ရတယ်။ ကုမ္ပဏီခွဲတမ်းက ပိုတဲ့ အခန်းပေါင်း (၂၁၂) ခန်း ကို အနည်းဆုံး ကျပ်သိန်း (၄ဝဝ) လောက်နဲ့ ဈေးဖွင့်ရောင်းတာ၊ အကြမ်းဖျဉ်း ကျပ်ငွေ သိန်းပေါင်း (၈၄,၈ဝဝ) ရတယ်။ စုစုပေါင်းဝင်ငွေ သိန်းပေါင်း (၁) သိန်း (၄) သောင်း ကျော်တယ်။ ဈေးဆောက်တာက ကျပ်သိန်း (၄) သောင်း မကုန်ဘူး။ ဒီတော့ စုစုပေါင်းအမြတ်ငွေ ကျပ် သိန်းပေါင်း (၁) သိန်းကျော်ရတယ်” ဟု ပြောသည်။
အဆိုပါ ဧရာဟင်္သာကုမ္ပဏီသည် ဗိုလ်ချုပ်ကြီးရွှေမန်း၏သား အောင်သက်မန်း၊ မော်လမြိုင်မြို့ခံ တိုင်းမှူးနှင့် ရင်းနှီးသည့် စီးပွားရေးသမားများပါဝင်ပြီး အမှတ် (၁) ဈေး ဆောက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဈေး မီးလောင်ပြီးနောက်ပိုင်း မော်လမြိုင်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီများ ဈေးသစ်ဆောက်လုပ်ခွင့်ရရန် အရှေ့တောင်တိုင်း စစ်တိုင်းမှူးထံ တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ ဗိုလ်ချုပ်ကြီးရွှေမန်း၏သားနှင့် ပူးပေါင်းလုပ်ကိုင်ရန် ညွှန်ကြားရာမှ ယခုကုမ္ပဏီ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယခုကဲ့သို့ ဧရာဟင်္သာ ကုမ္ပဏီက ခွဲတမ်းရမည့်ဆိုင်ခန်းများ ဈေးကောင်းရအောင် ဆိုင်ခန်းနေရာများကို မသမာသည့်နည်းဖြင့် ရယူခဲ့ကြောင်း ဈေးသာယာရေး ကော်မတီဝင်တဦးက ပြောသည်။
၎င်းက “ကုမ္ပဏီဟာ ဈေးကောင်းရမယ့် နေရာကောင်းမှန်သမျှ ကြိုတင်ရယူထားပြီး ကျန်နေရာတွေကိုသာ မဲနှိုက်နေရာချထားပေးခဲ့တာ။ မူလ ဆိုင်ခန်းပိုင်ရှင်တွေ မကျေနပ်ကြပေမယ့် ဘာမှ မတတ်နိုင်ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ ဖြစ်ရပ်မျိုး ယခင် မြိုင်ရတနာ နှစ်ထပ်ဈေး ဆောက်ပြီး၍ ဆိုင်ခန်းနေရာ ချထားစဉ်ကလည်း ကြုံခဲ့ရကြောင်း၊ ယင်းအချိန်က ဆိုင်ခန်းနေရာချထားမှုကို ပြည်နယ်ခန်းမတွင်ပြုလုပ်စဉ် ဈေးမိဈေးဖများက ကောင်းမွန်စွာ တင်ပြတောင်းဆိုခဲ့သော်လည်း ခရိုင်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ဥက္ကဋ္ဌက ရိုင်းစိုင်းစွာ ပြောဆိုခဲ့ကြောင်း အဆိုပါ ဈေးသာယာရေးကော်မတီဝင်က ပြောသည်။
၎င်းက “ဈေးသူဈေးသားတွေအပေါ် လက်ရှိ စည်ပင်နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ဆက်ဆံပုံဟာ အရင်ကနဲ့မခြား ဘာမှမထူးခြားဘူး” ဟု ပြောသည်။
၁၉၈၉ ခုမတိုင်မီ မဆလခေတ်၌ မော်လမြိုင်မြို့သည် မှောင်ခိုမြို့တော်ဖြစ်ခဲ့ပြီး နောက်ပိုင်း ဈေးမြို့တမြို့ ဖြစ်လာကာ ဈေးဆိုင်တည်ခင်းရောင်းချမှု အဓိကဖြစ်လာသည့်အတွက် ဈေးများမှ ဆိုင်ခန်းများမှာ အလွန်တန်ဖိုးကြီးမြင့်ကြောင်း စုံစမ်းသိရသည်။
vrijdag 27 november 2009
donderdag 26 november 2009
နာဂစ်ဒုက္ခသည်များ အကူအညီ လိုအပ်နေဆဲ
Thursday, 26 November 2009 18:53 administrator
.လူပေါင်း ၁ သိန်း ၄ သောင်းခန့် အနည်းဆုံး သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့သည်မှာ ၁၈ လ ကြာခဲ့ပြီ ဖြစ်သော်လည်း ထောင်ပေါင်း များစွာသော ဒုက္ခသည်များသည် ယာယီတဲများတွင် နေရဆဲ ဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကပြောသည်။
နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံရပြီး ၁၁ လအကြာ ဒေးဒရဲ မြို့နယ်အတွင်းရှိ အိုးအိမ်မဲ့ ဒုက္ခသည်များကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ရိုက်တာ)
ယမန့်နေ့က နိုင်ငံတကာ အလှူရှင်များအဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံတကာ အလှူရှင်များက နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၈၈ သန်း လှူဒါန်းရန် ကတိပြုခဲ့ကြောင်း TCG ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။
ထိုလှူဒါန်းငွေများအနက် နာဂစ်မုန်တိုင်းဒုက္ခသည် ၁ သန်းအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အကောင်အထည် ဖော်ရန်၊ အိမ်ခြေသစ် ၁၇၈၀၀ တည်ဆောက်ရန်၊ ကျောင်းသစ်ပေါင်း ၄၀ တည်ဆောက်ရန် စသည့် လုပ်ငန်းများ အတွက် လှူဒါန်းမည်ဖြစ်ကြောင်း TCG စာရင်းအရ သိရသည်။
သို့သော်လည်း ကုလသမဂ္ဂအရာရှိ လူသားချင်း စာနာထောက်ထားသော လုပ်ငန်းများဆိုင်ရာ ပူးတွဲညှိနှိုင်း ဆောင်ရွက်ရေးမှူးက ထို လှူဒန်းငွေသည် လိုအပ်သည်ထက်များစွာ လျော့နည်းနေသေးသည်ဟု ယမန်နေ့က ပြောဆိုခဲ့သည်။ TCG အဖွဲ့က လာမည့် ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၁၀၃ သန်း တောင်းဆိုထားကြောင်း သိရသည်။
နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေးလုပ်သားများ၏ စာရင်းကောက်ယူချက်အရ မိသားစုပေါင်း ၁၇၈၀၀၀ မှာ ကယ်ဆယ်ရေး အစောပိုင်းကာလက ဝေခြမ်းခဲ့သော တာလပတ် ယာယီတဲအိမ်များဖြင့် ဖြစ်သလို နေရဆဲဖြစ်ပြီး လူ ၁ သိန်းမှာ အိုးအိမ်လိုအပ် နေသေးကြောင်း သိရသည်။
၂၀၀၈ ခုနှစ် မေလလက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းနာဂစ်ကြောင့် အိမ်ပေါင်း ၄ သိန်း ၅ သောင်းပျက်စီးခဲ့ကာ လူ ၁ သိန်း ၄ သောင်း သေဆုံးခဲ့ပြီး ၂. ၄ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ မုန်တိုင်းတိုက်အပြီး မေ ၃၁ ရက်နေ့တွင် နာဂစ်မုန်တိုင်းသင့် ပြည်သူများအတွက် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့TCG ကို ဖွဲ့စည်းခဲ့သည်။
အလားတူ ထိုင်းနိုင်ငံ၊ ထိုင်းအမျိုးသားကြက်ခြေနီအဖွဲ့ကလည်း နာဂစ်မုန်တိုင်းသင့်ရာ ဒေသဖြစ်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ကျေးရွာ ၂ ရွာ တွင် ဆေးရုံ ၁ ရုံစီ တည်ဆောက်နိုင်ရန် အမေရိကန်ဒေါ်လာ ၁ သိန်း ၈ သောင်းကျော်ကို လှူဒန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ထိုင်း ဘုရင့်သမီးတော် မဟာ ချက်ကရီ သီရိဒုံ နှင့် ထိုင်းကြက်ခြေနီအဖွဲ့တို့က ရန်ကုန်မြို့တွင် “အမျိုးသား သွေးလှူဘဏ်” အဆောက်အဦးအသစ် တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၇ သိန်း ၈ သောင်း လှူဒါန်း ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။
ယင်း အဆောက်အဦးကို နောင်နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး သွေးလှူဘဏ်ဖြစ်လာလိမ့်မည် ဟု ဆိုသည်။
သွေးအိတ်ပေါင်း ၁၅၀၀ ကျော်သိုလှောင်နိုင်မည် ဖြစ်ပြီး နိုင်ငံတွင်းရှိ တခြားသော သွေးလှူဘဏ်များသို့ နည်းပညာပိုင်းဆိုင်ရာ အကူညီမျာလည်း ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ဆေးရုံများတွင် သွေးပြတ်လပ်သည့် အခက်အခဲတွေ့ကြုံနေရသဖြင့် မြန်မာ့ကျန်းမာရေးအာဏာပိုင်များက ပြည်သူများ သွေးလှူဒါန်းရန် နှိုးဆော်ထားသည်။
ရန်ကုန်ဆေးရုံ သတင်းရပ်ကွက်၏ အဆိုအရ လစဉ် သွေးအိတ်ပေါင်း ၃ ထောင်လိုအပ်နေပြီး ထိုအထဲမှ ၈၀ ရာခိုင်နှုန်းမှာ ဆေးရုံများတွင် လိုအပ်နေသော သွေးအတွက် ပံ့ပိုးရကြောင်းသိရသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၄ နှစ်တာ ကာလအတွင်း လူနာပေါင်း ၆၂၇၁၅ ဦးကို ဆေးရုံများတွင် သွေးသွင်းပေးနိုင်ခဲ့သော်လည်း ၄၀၈၃၇ ဦးမှာ သွေးလိုအပ်ခဲ့သည်ဟု ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။
သွေးလှူခြင်းဖြင့် လူ့အသက်ကယ်တင်နိုင်ရန် တိုက်တွန်းနှိုးဆော်သည့် နည်းတူ ကျန်းမာရေးဌာနက အကြိမ် ၅၀ အထက် သွေးအလှူရှင်များကို ဂုဏ်ပြုမှတ်တမ်း တင်ပေးကြောင်းလည်း သိရသည်။
Labels:
ဧရာဝတီ မှ
နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်နဲ့
အောင်ဇံ
၂၆ နိုဝင်ဘာ ၂၀၀၉
အန်အယ်လ်ဒီဟာ မကြာသေးခင်ကာလမှာ ရွှေဂုံတိုင်ကြေညာချက်အဖြစ်နဲ့ နိုင်ငံရေးသဘောထား၊ နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ အဓိက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ ၂၀၀၈ ခုနှစ်မှာ တဖက်သတ် ပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ဖို့၊ နောက် ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတကာ ကြပ်မတ်မှုတွေအောက်မှာကျင်းပဖို့ ဆိုတဲ့အချက်တွေ တောင်းဆိုပြီးတော့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စီအာပီပီအဖွဲ့ဝင် တိုင်းရင်းသားပါတီများဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက် စတဲ့ ပါတီတွေကလည်း သူတို့သဘောထားတွေကို အသီးသီး ထုတ်ပြန်ပြီးဖြစ်ပါတယ်။ ဒီသဘောထား တွေကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲပေးဖို့၊ အထူးသဖြင့် ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေး တွေကို ထည့်သွင်းပြဋ္ဌာန်းပေးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအဖြစ် ပြင်ဆင်ပေးဖို့ တောင်းဆိုထားတာဖြစ်ပြီး အကယ်၍ ပြင်ဆင်မပေးဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူးလို့ သဘောထားထုတ်ပြန်ပြီးသားဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ စီအာပီပီရဲ့ ရပ်တည်ချက်လို့ပဲပြောပြော၊ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီများရဲ့ ရပ်တည်ချက်လို့ပဲဆိုဆို ဒီနေ့ နိုင်ငံရေးရပ်တည်ချက်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် အဓိကအချက်ကတော့ ၂၀၀၈ ခုနှစ်မှာ နအဖက တဖက်သတ် ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးဟာ အဓိကကျတဲ့ မူလည်းဖြစ်သလို လောလောဆယ်မှာရော၊ ကာလအတိုင်းအတာတခုအထိရော ဆုပ်ကိုင်ရပ်တည်ထားရမယ့် မူလည်းဖြစ်ပါတယ်။ ဒီတော့ အခု ဒီမူတွေရှိနေရုံနဲ့ ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ ဒီမူတွေအပေါ် ရပ်တည်ပြီးတော့ နိုင်ငံရေးအရ ရှေ့ကို ကျနော်တို့ ဘယ်လိုအခြေခံသွားမလဲ၊ ဒီမူတွေကို အကောင်အထည်ပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေဟာ အရေးကြီးသလို ဒီမူတွေကို အခိုင်အမာ ရပ်တည်ဆုပ်ကိုင်ဖို့၊ အလွယ်တကူမစွန့်လွှတ်မိဖို့လည်း အရေးကြီးပါတယ်။
ဒီနေရာမှာ မူကို အလွယ်တကူ မစွန့်လွှတ်ရေးဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ နေရာတကာမှာ တရားသေ မဖြစ်သင့်၊ ပြောင်းလွယ်၊ ပြင်လွယ်ရှိရမယ်၊ Flexible ဖြစ်ရမယ်။ သို့သော် မူမဲ့ အခြေခံမဲ့ ပြောင်းတာမျိုး၊ မလိုအပ်ဘဲနဲ့ မူကို စွန့်တာမျိုးတွေကိုတော့ ရှောင်ဖို့လိုပါတယ်။ အကယ်၍ နအဖ အာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးလို့ အမျိုးသားရေးလုပ်ငန်းစဉ်တရပ်ကို ရပြီ၊ ဒီလုပ်ငန်းစဉ်ဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် အနာဂတ်မှာ အကျိုးလည်းရှိပြီး သင့်မြတ်တဲ့ လုပ်ငန်းစဉ်တရပ်လည်းဖြစ်တယ် ဆိုရင်တော့ မလိုအပ်ဘဲ ဆုပ်ကိုင်ထားတဲ့ မူတွေကို စွန့်သင့်ရင် စွန့်ရမှာပါ။ ဒီလိုမှမဟုတ်ဘဲနဲ့ နိုင်ငံရေးအခြေအနေအပြောင်းအလဲမရှိ ထူးခြားမှုမရှိဘဲနဲ့ မူတွေကို အလွယ်တကူ စွန့်လွှတ်တာမျိုးတွေတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဥပမာတခု တင်ပြပါရစေ။ န၀တ အစိုးရက အပစ်အခတ်ရပ်စဲရေး စတင်ကမ်းလှမ်းခဲ့စဉ်က တိုင်းရင်းသားတပ်ပေါင်းစုမှာ ချမှတ်ထားတဲ့ မူတခုရှိပါတယ်။ အဲဒါက န၀တ အာဏာပိုင်များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့အခါကျရင် တပ်ပေါင်းစုအနေနဲ့ပဲတွေ့မယ်၊ တိုင်းရင်းသားပါတီများအနေနဲ့ တပါတီချင်း သီးခြားမတွေ့ဖို့ ဆိုပြီး တပ်ပေါင်းစုက မူတခုအနေနဲ့ ချမှတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ အဲဒီမှာ န၀တ အာဏာပိုင်များဘက်ကလည်း တပ်ပေါင်းစုအနေနဲ့ဆိုရင် မတွေ့နိုင်ဘူး၊ တပါတီချင်းသာလျှင် သီးခြားစီတွေ့ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုက တပ်ပေါင်းစုက ချမှတ်ထားတဲ့ မူကို ချိုးဖောက်စွန့်လွှတ်ပြီးတော့ န၀တနဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် ဒီလိုမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်ပေါင်းစုတခုမှာ အားလုံးသဘောတူပြီးချထားတဲ့ မူတခုကို တဖွဲ့တပါတီက ချိုးဖောက်ပြီးတော့ လုပ်တာမျိုးဟာ မူအားဖြင့်သော်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းအရသော်လည်းကောင်း မသင့်လျော်ဘူးလို့ မြင်ပါတယ်။ အကယ်၍ ငြိမ်းချမ်းရေးရယူဖို့ တပါတီချင်း မဖြစ်မနေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်ဆိုရင်တောင် တပ်ပေါင်းစုအစည်းအဝေးကို ပြန်လည်ခေါ်ယူပြီးတော့ အခြေအနေနဲ့ ကိုက်ညီတဲ့ မူဝါဒသစ်ကို ချမှတ်ပြီး အဲဒီမူနဲ့အညီဘဲ လိုက်နာဆောင်ရွက်သင့်ပါတယ်။
ဒါကြောင့်မို့လို့ စီအာပီပီမှာပဲဖြစ်ဖြစ်၊ အန်အယ်လ်ဒီမှာပဲဖြစ်ဖြစ် တိုင်းရင်းသားပါတီမှာပဲဖြစ်ဖြစ် ရပ်တည်ကိုင်စွဲထားတဲ့ မူတွေ၊ သဘောထားတွေရှိတယ်။ ဒီမူတွေကိုလည်း ပြင်လွယ်၊ ပြောင်းလွယ်၊ ဖြစ်ဖို့လိုပေမယ့် အကြောင်းမဲ့၊ အကျိုးမဲ့ မလိုအပ်ဘဲ မူကို စွန့်သွားတာမျိုးတွေ မဖြစ်ဖို့လိုပါတယ်။ ဒါကို ဘာကြောင့်ပြောရသလဲဆို ဒီကနေ့ကာလဟာ အလွန်အရေးကြီးတဲ့ ကာလတခုရောက်နေပါပြီ။ အခုအချိန်မှာ အထူးသဖြင့် နိုင်ငံရေးအရ ပြောရမယ်ဆိုရင် ဦးဆောင်ပါတီလို့ပဲပြောပြော မြန်မာပြည်နိုင်ငံရေးရဲ့ Mainstream အဓိကပင်မရေစီးဖြစ်တဲ့ အန်အယ်လ်ဒီရဲ့ ရပ်တည်ချက်ဟာ အလွန်အရေးကြီးပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးအလှည့်အပြောင်း၊ နိုင်ငံရေးအကွေ့အလှည့်တွေဟာ မြန်မာပြည်ရှေ့နိုင်ငံရေးအတွက် အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီပါတီဟာ တတိုင်းပြည်လုံးကို လွှမ်းခြုံထားတဲ့ ပါတီတခုဖြစ်သလို ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ တခဲနက် ထောက်ခံမှုရထားတဲ့ ပါတီလည်းဖြစ်လို့ပါပဲ။
အခုဆိုရင် ကိုးကန့်ပါတီရဲ့အခြေအနေ၊ ၀ ပါတီရဲ့အနေအထား၊ နောက် ကချင်ပါတီရဲ့အခြေအနေတွေကို ကြားသိနေရပါတယ်။ ဒီပါတီတွေရဲ့ နိုင်ငံရေးအလှည့်အပြောင်း၊ ရပ်တည်ချက်တွေဟာ မြန်မာပြည်နိုင်ငံရေးမှာ အတိုင်းအတာတခုအထိ အရေးပါတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့တွေဟာ မြန်မာပြည်တခုလုံးရဲ့ နိုင်ငံရေးအတိုင်းအတာနဲ့ နှိုင်းစာမယ်ဆိုရင် အစိတ်အပိုင်းတခုသာဖြစ်တာကြောင့် သူတို့ရဲ့အလှည့်အပြောင်းဟာ မြန်မာပြည်နိုင်ငံရေးမှာ အတိုင်းအတာတခုအထိသာ သက်ရောက်မှာဖြစ်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီရဲ့ နိုင်ငံရေးအလှည့်အပြောင်း အကွေ့အလှည့်ကတော့ မြန်မာပြည်ရဲ့ ရှေ့ဆက်ရမယ့် နိုင်ငံရေးဘ၀တခုလုံးကို သက်ရောက်နိုင်တဲ့ အနေအထားတွေရှိပါတယ်။
ဒါကြောင့်မို့လို့ မြန်မာပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းအတွက် အန်အယ်လ်ဒီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးသဘောထားနဲ့ ဆုံးဖြတ်ချက်တွေဟာ နိုင်ငံ့ရှေ့ရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒီနေ့ကာလမှာ ရွှေဂုံတိုင်ကြေညာချက်အတိုင်း အန်အယ်လ်ဒီက ပြတ်ပြတ်သားသား မှန်မှန်ကန်ကန် ရပ်တည်နေပါတယ်။ အခုအချိန်မှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူးဆိုတာ ယတိပြတ်မပြောသေးပေမယ့် ရှေ့မကြာတော့မယ့် ကာလ၊ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ဥပဒေတွေ ထွက်လာတဲ့ အချိန်ကျရင် ပြည်သူတွေနဲ့ နိုင်ငံတကာကို ထုတ်ဖော်ပြောရတော့မှာဖြစ်ပါတယ်။
အဲလိုပြောတဲ့နေရာမှာ အန်အယ်လ်ဒီရဲ့ ပြောဆိုထုတ်ပြန် ရပ်တည်ချက်ဟာ ပြတ်သားဖို့လိုသလို မှန်မှန်ကန်ကန် ပြောဆိုရပ်တည်ဖို့လည်း အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီဟာ မြန်မာပြည်နိုင်ငံရေးရဲ့ Mainstream ပင်မရေစီးလည်းဖြစ်တယ်၊ ဒီမိုကရေစီတပ်ဦးလည်းဖြစ်တယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုရထားတဲ့ ပါတီလည်းဖြစ်တဲ့အတွက်ကြောင့် အန်အယ်လ်ဒီရဲ့ ရှေ့ဆက်မယ့် နိုင်ငံရေးသဘောထားရပ်တည်ချက်ဟာ မြန်မာပြည်ရဲ့ အနာဂတ်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်မို့လို့ အန်အယ်လ်ဒီရဲ့ နိုင်ငံရေးသဘောထားရပ်တည်ချက်နဲ့ ပတ်သက်လို့ မူရှိနေရုံနဲ့မပြီးဘဲ အဲဒီမူကို အခြေခံပြီး ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တရပ်ကိုချမှတ်၊ အဲဒီဆုံးဖြတ်ချက်အတိုင်း မယိမ်းမယိုင် ရပ်တည်သွားဖို့ လိုပါတယ်။
နိုင်ငံရေးပါတီများရဲ့ ဖြတ်သန်းခဲ့တဲ့ ခရီးတလျှောက်မှာ ကျနော်တို့ မစွန့်ချင်ဘဲနဲ့ မူကို စွန့်ခဲ့ရတာတွေ ရှိပါတယ်။ ဒီနေရာမှာ ၉၀ ရွေးကောက်ပွဲကနေ စပြီးတော့ ပြောပါရစေ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ထို့အတူပဲ တိုင်းရင်းသားပါတီတချို့ဟာလည်း သက်ဆိုင်ရာ ပြည်နယ်အသီးသီးမှာ ထိုက်သင့်သလောက် အနိုင်ရခဲ့ကြပါတယ်။
ဒါက ဘာကိုပြသလဲဆိုရင် ပြည်သူတွေဟာ (၂၆) နှစ်လုံးလုံး တပါတီအာဏာရှင်စနစ်အောက်မှာ လူ့အခွင့်အရေးတွေ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးပြီးတော့ လွတ်လပ်မှုမရှိ၊ ပြောခွင့်ဆိုခွင့်မရ၊ ဖိနှိပ်မှုတွေကို ကြိမ်မီးအုံးလို ခံခဲ့ရတယ်။ အဲဒီလို ခံခဲ့ရရုံသာမကဘဲ တိုင်းပြည်မွဲပြာကျပြီးတော့ ပြည်သူတွေဟာလည်း အတိဒုက္ခတွေ အမျိုးမျိုး ရောက်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ ၈၈ မှာ ဒီတပါတီအာဏာရှင်စနစ်ကို တွန်းလှန်ပြီးတဲ့အခါမှာ အန်အယ်လ်ဒီပါတီရယ်လို့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီ အန်အယ်လ်ဒီဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်၊ စစ်အာဏာစနစ်အောက်က လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက အန်အယ်လ်ဒီကို ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။ ထို့အတူ တိုင်းရင်းသားပါတီတွေကို ပြည်နယ်တွေမှာ မဲပေးခဲ့တာကလည်းပဲ လွတ်လပ်ရေးရပြီး အနှစ်ငါးဆယ်လောက်သက်တမ်းမှာ တိုင်းရင်းသားတွေဟာ သူတို့ဆုံးရှုံးခဲ့ရတဲ့ မွေးရာပါ အခွင့်အရေးတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေကို ဒီတိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ဖော်ဆောင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အဲဒီတိုင်းရင်းသားပါတီတွေကို မဲပေးခဲ့တာဖြစ်ပါတယ်။
ဒီတော့ ၉၀ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ အဲဒီပါတီတွေကို ပြည်သူတွေက ထောက်ခံဆန္ဒမဲတွေ ပေးခဲ့တာကို ကောက်ချက်ချလိုက်မယ်ဆိုရင် အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ဖို့နဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးတွေ ထွန်းကားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို ထူထောင်ပေးဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မဲပေးခဲ့ကြတာပါ။ ထို့အတူ တိုင်းရင်းသားပါတီတွေကိုလည်း တိုင်းရင်းသားတွေရဲ့ မွေးရာပါအခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပြီး မဲပေးခဲ့ကြတာပါ။ အကယ်၍ အန်အယ်လ်ဒီကသာ အနိုင်ရပါတီအနေနဲ့ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လွှတ်တော်ခေါ်ပြီးတော့ အုပ်ချုပ်ရေးအာဏာတွေကို ရယူခဲ့မယ်ဆိုရင် အခုလို အနှစ် (၂၀) ကာလမှာ ရွေးကောက်ပွဲ လေးကြိမ်ငါးကြိမ်လောက်လုပ်ပြီးတော့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရော ပြည်သူတွေပါ ဒီမိုကရေစီ အလေ့အကျင့်နဲ့ အတွေ့အကြုံတွေ ရင့်ကျက်လာပြီးတော့ တိုင်းပြည်ဟာလည်း ဘယ်နည်းနဲ့မဆို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံမဟုတ်တောင် အတော်အတန် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်။
ထို့အတူပဲ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေ နှီးနှောပြီးတော့ ဖွဲ့စည်းပုံအသစ်ကိုရေးဆွဲပြီး စစ်မှန်တဲ့ ပြည်ထောင်စုတရပ်ကို ဖော်ဆောင်ခဲ့မယ်ဆိုရင် အခု ၂၀၀၈ ဖွဲ့စည်းပုံထက် အများကြီးသာတဲ့၊ ပြီးတော့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ကာကွယ် စောင့်ရှောက်ပေးနိုင်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပြည်ထောင်စုစနစ်တရပ်ကို ဖော်ဆောင်နိုင်လိမ့်မယ်ဆိုတာ ကျနော် လုံးဝယုံကြည်ပါတယ်။
ဒါပေမယ့် အခု ကံအကြာင်းမလှလို့ပဲ ဆိုရမလား၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်တာနဲ့ စစ်အစိုးရဟာ အန်အယ်လ်ဒီကို အာဏာလွှဲပြောင်းပေးဖို့ တွန့်ဆုတ်သွားခဲ့ပြီး နောက်ပိုင်းမှာ အာဏာလွှဲပြောင်းရေးနဲ့ လွှတ်တော်ခေါ်ယူရေးကို မပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြံဖန်ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အကယ်၍ တစညသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ အာဏာလွှဲပြောင်းကောင်း လွှဲပြောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ ယခင့်ယခင်ကတည်းက တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ပြီး တိုင်းပြည်ကို စိုးမိုးအုပ်ချုပ် ခြယ်လှယ်လိုတဲ့ဆန္ဒ ရှိခဲ့ပါတယ်။ အဲဒီဆန္ဒကြောင့်ပဲ ရွေးကောက်ပွဲကို မလွဲမရှောင်သာ လုပ်ပေးခဲ့ရသည့်တိုင် တစညပါတီ အနိုင်ရအောင် ပြုလုပ်ပြီး တစညပါတီကတဆင့် တိုင်းပြည်ကို ဆက်လက်စိုးမိုးအုပ်ချုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။
တစညပါတီဟာ တချိန်တုန်းက လမ်းစဉ်ပါတီက ပြောင်းလဲလာတဲ့ ပါတီဖြစ်ပါတယ်။ လမ်းစဉ်ပါတီမှာ ရှိနေကြတဲ့ ခေါင်းဆောင်တွေဆိုတာကလည်း တပ်က ပြောင်းလဲလာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အကယ်၍ လမ်းစဉ်ပါတီတဖြစ်လဲ တစညပါတီသာ အာဏာရမယ်ဆိုရင် အဲဒီတပ်မတော်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးဆန္ဒကို သွယ်ဝိုက်တဲ့နည်းနဲ့ အကောင်အထည်ဖော်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် တစညအနိုင်ရရင်တော့ စစ်အစိုးရဟာ အာဏာလွှဲပြောင်းကောင်း လွှဲပြောင်းမှာဖြစ်ပေမယ့် ၁၉၉၀ ရွေးကောက်ပွဲမှာ တစညပါတီ မရှုမလှ အရေးနိမ့်ပြီး အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရလိုက်တဲ့ အချိန်ကစပြီးတော့ စစ်အစိုးရဟာ အာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့ဆန္ဒ လုံးဝမရှိတော့ဘူးဆိုတာကို တွေ့ရပါတယ်။
ဒါတွေကို အထင်သက်သက်နဲ့ပြောတာ မဟုတ်ပါဘူး။ အထောက်အထား အချက်အလက်တွေနဲ့ ပြောတာပါ။ ၁/၉၀ ကြေညာချက်ကို ထုတ်ပြန်လိုက်တာနဲ့ ဒါဟာ သိသာပါတယ်။ အဲဒီကြေညာချက်မှာ ၁၉၉၀ ရွေးကောက်ပွဲကြောင့် အာဏာသုံးရပ်ကို အလိုအလျောက် မရနိုင်ဘူးလို့ ငြင်းပယ်ထားပါတယ်။ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာဆိုတဲ့ အာဏာသုံးရပ်ကို ၉၀ ရွေးကောက်ပွဲကြောင့် အလိုအလျောက် မရနိုင်ဘူးလို့ ငြင်းပယ်လိုက်တာပါပဲ။ အဲလိုငြင်းပယ်လိုက်တာဟာ တနည်းနည်းနဲ့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အန်အယ်လ်ဒီကို အာဏာလွှဲပြောင်းမပေးနိုင်ဘူးလို့ ငြင်းလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီတုန်းက ၁/ ၉၀ ကို အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးပါတီတွေက သဘောတူလက်ခံခဲ့ကြသလား ဆိုတော့ လက်မခံကြပါဘူး။ လက်မခံပေမယ့်လည်း ၁/၉၀ ကို အမိန့်အာဏာကဲ့သို့ ထုတ်ပြန်ခဲ့တာကြောင့် အန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးပါတီတွေဟာ မကြိုက်ပေမယ့် သဘောတူလက်မှတ်ထိုးခဲ့ရပါတယ်။ အဲလို သဘောတူလက်မှတ်ထိုးခဲ့တာဟာ အဲဒီနိုင်ငံရေးပါတီတွေအနေနဲ့ အာဏာလွှဲပြောင်းရေးကို စွန့်လွှတ်ခဲ့တဲ့သဘောပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ၁/၉၀ ကို ပြန်သုံးသပ်လိုက်တဲ့အခါမှာ နိုင်ငံရေးပါတီတွေအနေနဲ့ မျှော်လင့်ချက် နှစ်ချက်ရှိပါတယ်။ တချက်က ဘာလဲဆိုလို့ရှိရင် အဲဒီ ၁/၉၀ ကြေညာချက် အပိုဒ် (၁၂) မှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၃ မှာဖော်ပြထားတဲ့ “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ကိုးကားပြီး န၀တအနေနဲ့ လွှတ်တော်ခေါ်ယူပေးမယ်လို့ အတည်ပြုဖော်ပြခဲ့တဲ့အချက်ပါ။ နောက်တချက်က လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရန် တာဝန်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီအချက်နှစ်ချက်ကို ကြည့်ပြီးတော့ အာဏာလွှဲပြောင်းမပေးသည့်တိုင် လွှတ်တော်ခေါ်ပေးရင် လွှတ်တော်မှာ တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် အမျိုးသားရေးလုပ်ငန်းစဉ်တွေကို ချမှတ်နိုင်မယ်၊ ဖွဲ့စည်းပုံအသစ်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များနဲ့ ရေးဆွဲနိုင်မယ်လို့ မျှော်လင့်ပြီးတော့ စိတ်သက်သာရာရခဲ့ကြပါတယ်။ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဖွဲ့စည်းပုံကို ရေးဆွဲခွင့်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စိတ်သက်သာရာရခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာကျတော့ လွှတ်တော်ခေါ်ပေးဖို့အစား စစ်အစိုးရဟာ အမျိုးသားညီလာခံဆိုတာကိုသာ ခေါ်ယူကျင်းပဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တကယ်တော့ ဒီအမျိုးသားညီလာခံဆိုတာကို ခေါ်ယူကျင်းပလိုက်တာဟာ လွှတ်တော်ခေါ်ယူရေးကို ငြင်းပယ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီမှာ နိုင်ငံရေးပါတီတွေက ညီလာခံတက်ရေး မတက်ရေးဆိုတာ ဖြစ်လာကြပါတယ်။ တချို့ကလည်းပဲ အဲဒီညီလာခံမှာ တိုင်းပြည်ရဲ့အမျိုးသားရေးကိစ္စတွေကို ဆွေးနွေးနိုင်လိမ့်မယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရေးဆွဲနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထားခဲ့ကြပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဖွဲ့စည်းပုံအခြေခဥပဒေထဲမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် သတ်သတ်မှတ်မှတ် ထည့်သွင်းဖော်ဆောင်ရေးအတွက် အမျိုးသားညီလာခံကို မဖြစ်မနေ တက်ရောက်ဆွေးနွေးရမယ်ဆိုတဲ့ သဘောထားဆန္ဒတွေ ရှိခဲ့ကြပါတယ်။
အဲဒီလိုနဲ့ အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသားပါတီတွေ အမျိုးသားညီလာခံကို တက်ခဲ့ကြတာဟာ တနည်းပြောရမယ်ဆိုရင် လွှတ်တော်ခေါ်ယူရေးကို စွန့်တယ်လို့ မပြောပေမယ့် လက်တွေ့မှာ စွန့်ခဲ့ကြတဲ့သဘောပဲ ဖြစ်ပါတယ်။ ညီလာခံမှာလည်း နိုင်ငံရေးပါတီတွေ မူလက မျှော်လင့်သလို၊ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်သည် ဦးဆောင်အခန်းကဏ္ဍက ပါဝင်ရမည် ဆိုတဲ့ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့အပိုဒ်တွေကို ဆွေးနွေးညှိနှိုင်း ပြောင်းလဲလို့ မရခဲ့သလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး အခြေခံမူ ၁၀၄ ချက်ကိုလည်း အပြန်အလှန် ဆွေးနွေးညှိနှိုင်း ရတာမျိုးလည်းမဟုတ်၊ မိမိတို့ကိုယ်တိုင် သဘောမတူဘဲနဲ့လည်း လက်ခံခဲ့ရပါတယ်။
နောက်တခါ အမျိုးသားညီလာခံဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ မူတွေကိုသာ ချမှတ်ရမှာ ဖြစ်ပေမယ့် နအဖက သူကိုယ်တိုင်ရေးဆွဲထားတဲ့ အသေးစိတ် အချက်အလက်တွေကိုပါ ချပြရေးဆွဲခဲ့ပါတယ်။ ချပြရေးဆွဲတဲ့ နေရာမှာလည်းပဲ နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့တင်ပြချက်တွေကို အလေးအနက်ထား ဆွေးနွေးခွင့်မရဘဲ န၀တ/နအဖ အာဏာပိုင်တွေ ရေးဆွဲပြီးသား အချက်အလက်တွေကိုသာ အတည်ပြုပြဋ္ဌာန်းခဲ့ရတာ ဖြစ်ပါတယ်။ ဥပမာ - တိုင်းရင်းသားပါတီ (၁၃) ပါတီက ပြည်ထောင်စုမူအတွက် တင်ပြခဲ့တဲ့ အချက်တွေကိုလည်းပဲ ညီလာခံမှာ ဆွေးတောင်မဆွေးနွေးဘဲ မှတ်တမ်းတင်ရုံတင်ပြီးတော့ ပယ်ချခဲ့ပါတယ်။ ဒါဟာ သာဓကတခုသာဖြစ်ပါတယ်။ ပြီးတော့ အမျိုးသားညီလာခံမှာဆွေးနွေးဖို့ အစုအဖွဲ့ (၈) ဖွဲ့ ဖွဲ့ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟာ အဲဒီအထဲမှာ အစုအဖွဲ့အနေနဲ့ တဖွဲ့သာဖြစ်ပါတယ်။
ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲနိုင်သည်လို့ ၁/၉၀ မှာ ပြဋ္ဌာန်းထားပေမယ့် လက်တွေ့မှာတော့ တကယ်တမ်း နအဖက ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အချက်အလက်တွေကိုသာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူလက်ခံ အတည်ပြုပေးခဲ့ရတဲ့ အနေအထားမှာသာ ရှိခဲ့ရပါတယ်။ သဘောမတူလို့လည်း မရပါဘူး။ အစုအဖွဲ့အားဖြင့် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တဖွဲ့၊ နိုင်ငံရေးပါတီက တဖွဲ့၊ နအဖက သူတို့အလိုကျ ခေါင်းခေါက်ရွေးထားတဲ့ အခြားအစုအဖွဲ့က (၆) ဖွဲ့ဖြစ်တဲ့အတွက်ကြောင့် ခြောက်ဖွဲ့နှစ်ဖွဲ့၊ ခြောက်မဲ နှစ်မဲနဲ့ သူတို့သာ အမြဲတမ်း အသာစီးရနေအောင် စီမံထားတာလည်း ညီလာခံမှာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ မျှော်လင့်ခဲ့သလို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခွင့်ရှိတယ်ဆိုတဲ့ ၁/၉၀ အပိုဒ်ပါ အချက်ကိုပင်လျှင် ဆောင်ရွက်နိုင်ခွင့်မရှိတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတွေ ဖြတ်သန်းလာခဲ့တဲ့ခရီးမှာ ကျနော်တို့ရဲ့ အခြေခံမူတွေကို မစွန့်ချင်ဘဲ စွန့်ခဲ့ရတဲ့ အတွေ့အကြုံတွေပါပဲ။
တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲပါ။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုတာ အာဏာသုံးရပ်ကိုပိုင်စိုးတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီလို အာဏာသုံးရပ်ကို ပိုင်စိုးတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီများ တောင်းဆိုတဲ့ အာဏာလွှဲပြောင်းပေးဖို့၊ ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့ တောင်းဆိုချက်ဟာလည်း မှန်ကန်တဲ့ တောင်းဆိုချက်၊ မှန်ကန်တဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ကျနော်တို့ မူလက ရပ်တည်တောင်းဆိုခဲ့တဲ့ အာဏာလွှဲပြောင်းရေး၊ လွှတ်တော်ခေါ်ယူရေး ဆိုတာတွေကို စွန့်လွှတ်ခဲ့ရပြီးတဲ့နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ရပ်တည်ချက် သဘောထားတွေကိုပဲ ကျနော်တို့ ကိုင်စွဲခဲ့ရပါတော့တယ်။
ဒီနေရာမှာ အန်အယ်လ်ဒီက ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ အန်အယ်လ်ဒီရဲ့  နိုင်ငံရေးမူ၊ နိုင်ငံရေးသဘောထား ရပ်တည်ချက်တွေဖြစ်သလို စီအာပီပီရဲ့မူ၊ စီအာပီပီရဲ့ ရပ်တည်ချက်လည်းဖြစ်ပါတယ်။ ထို့အတူ တိုင်းရင်းသားပါတီများရဲ့ သဘောထားနဲ့ ရပ်တည်ချက်ဆိုရင်လည်း မမှားပါဘူး။ အဲဒီမှာ ဒီရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်(၃)ချက်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် အဓိကအချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရေးဟာ အဓိကကျပါတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းနှင့်အတူ အဓိကကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးဟာ ကျနော်တို့ ကိုင်စွဲရမယ့် သဘောထားဖြစ်ပါတယ်၊ မူလည်းဖြစ်ပါတယ်။
အဲဒီတော့ ဒီမူကို ကျနော်တို့က ဒီနေ့အချိန်အခါမှာ ဆုပ်ကိုင်ရပ်တည်ကြပေမယ့် မကြာခင်ကာလမှာ နအဖအစိုးရက နိုင်ငံရေးထိုးစစ်တရပ် ဆင်လာဖို့ရှိနေပါတယ်။ အဲဒီထိုးစစ်အတွက်လည်း သူတို့ဘက်က ပြင်ဆင်မှုတွေ အခင်းအကျင်းတွေ လုပ်နေပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ ပြုလုပ်နေတာဖြစ်တယ်။ အထူးသဖြင့် မကြာသေးခင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ နအဖရဲ့ ၀န်ကြီးချုပ်ကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံဖို့ တိုက်တွန်းပြောကြားခဲ့တာ တွေ့ရပါတယ်။ အဲဒါဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာပဲ ဖြစ်ပါတယ်။ မကြာတော့မယ့် ကာလမှာ နအဖဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ အဲလိုကျင်းပတာဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုပြီး ၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲရပ်တည်ကြတဲ့ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးအရ နောက်ဆုံးထိုးစစ်ဆင်လိုက်တာပဲ ဖြစ်ပါတယ်။
အဲလိုအချိန်မှာ ကျနော်တို့က ဒီရွေးကောက်ပွဲအပေါ် ၀င်မယ်မ၀င်ဘူး ဆိုတာကို တိတိကျကျ ပြတ်ပြတ်သားသား ပြောဖို့ လိုလာပါတယ်။ အထူးသဖြင့် အန်အယ်လ်ဒီဟာ ဒီကိစ္စကို ပြတ်ပြတ်သားသား ပြောဖို့လိုပါတယ်။ အခုအချိန်အထိတော့ အန်အယ်လ်ဒီဟာ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်တည်နေဆဲပါ။ ဒါပေမယ့် နအဖကတော့ ကျနော်တို့ ရပ်တည်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ထဲက အရေးကြီးဆုံးအချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အခုအချိန်အထိ လိုက်လျောမယ့် အသွင်အပြင်လက္ခဏာဆိုလို့ တစိုးတစိမှ မမြင်တွေ့ရသေးပါဘူး။ အဲဒီတော့ အခုလိုအခြေအနေမျိုးမှာ ကျနော်တို့ ဘယ်လိုရပ်တည်ကြမလဲ။
တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးအတွက်၊ ဒီမိုကရေစီရေးဆောင်ရွက်ဖို့အတွက် ပါတီတည်ရှိနေဖို့လိုတယ်၊ ပါတီရှင်သန်ဖို့လိုတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလံဖြူလေးထောင် (ပြည်သူတွေရဲ့ တကယ့်စစ်မှန်တဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီး) ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကို စွန့်လွှတ်စတေးပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မှာလား၊ ဒါမှမဟုတ် ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ မူတွေကို ခိုင်ခိုင်မာမာ စွဲကိုင်ပြီးတော့ နောက်ဆုံး ခံစစ်ကြောင်းမှာပဲ ပြတ်ပြတ်သားသား ရပ်မလားဆိုတဲ့ ကျနော်တို့ ရွေးချယ်စရာ လမ်းနှစ်သွယ် ပေါ်လာပါတယ်။
အဲဒီတော့ ကျနော်တို့က ရွေးကောက်ပွဲဝင်မယ် ဆိုတဲ့ဘက်ကို ရွေးချယ်ပြီးတော့ စဉ်းစားကြရအောင်။ အကယ်၍ ရွေးကောက်ပွဲဝင်မယ်ဆိုရင် နအဖမှာ အာဏာရှိတယ်၊ ငွေရှိတယ်၊ လူရှိတယ်၊ နောက် ယန္တရားရှိတယ်။ ကျနော်တို့မှာ အာဏာမရှိ၊ ငွေမရှိ၊ လူအနေနဲ့ကတော့ ပြည်သူတွေရဲ့ အတော်အတန် ထောက်ခံမှုတော့ရှိပါတယ်။ ဒါပေမယ့်လည်း ၉၀ တုန်းကလို ပြည်သူအားလုံးရဲ့ ထောက်ခံမှုရဖို့တော့ မျှော်လင့်လို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူထုရဲ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်နဲ့ စိတ်ဓာတ်အခြေအနေဟာ ၉၀ ပြည့်နှစ် အခြေအနေတွေနဲ့ များစွာကွာခြားသွား ပြီဖြစ်လို့ပါ။ နောက်တခုက ကျနော်တို့မှာ ယန္တရားမရှိ။ အန်အယ်လ်ဒီဟာ အောက်ခြေအထိ ဖွဲ့စည်းတယ်ဆိုပေမယ့် ကျနော်တို့အဖွဲ့အစည်းဟာ တကယ်တမ်းပြောရရင် ခိုင်မာကျစ်လျစ်မှုမရှိတော့ပါဘူး။
အဲဒီလို အခြေအနေတွေမှာ ကျနော်တို့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များအနေနဲ့ ခလုတ်တံသင်းတွေ ထောင်ချောက်တွေ အများကြီးဖြတ်ကြရမယ်။ ရွေးကောက်ပွဲဥပဒေတွေနဲ့ အပယ်ခံရမှာတွေရှိသလို နောက်တချက်က ကိုယ်စားလှယ်တွေကို အမျိုးမျိုး အဟန့်အတားတွေ အနှောင့်အယှက်တွေ အန္တရာယ်တွေ မပေးဘူးလို့လည်း ဘယ်လိုမှ အာမ,မခံနိုင်ပါဘူး။ အဲဒီမှာ ကိုယ်စားလှယ်တွေ စောင့်နေတဲ့ကြားထဲက မဲလိမ်မှုတွေ၊ မဲခိုးမှုတွေ မဖြစ်နိုင်ဘူးလို့လည်း ကျနော်တို့ ဘယ်လိုမှ အာမခံချက်မပေးနိုင်ဘူး။ ဒီလိုအခြေအနေမျိုးတွေ မှာ ကျနော်တို့ ရွေးကောက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။
ဒီနေရာမှာ ဘာသာရေးယုံကြည်ချက်အမြင်နဲ့ ဆက်စပ်နေတဲ့ ဆိုးရိုးစကားတခုကို တင်ပြချင်ပါတယ်။ အခုကာလဟာ သိကြားသာသနာ ဖြစ်တဲ့အတွက်ကြောင့် ကပ်ဆိုးဘေးဆိုးကြီးတွေနဲ့ ကြုံတွေ့ကြတော့မယ်။ အဲဒီကာလဆိုးနဲ့ ပတ်သက်ပြီး “ယက်သဲ့ကြား ငါးတင်၊ တင်တဲ့ငါး ကြောင်စား၊ ကျန်တဲ့ငါးမှ လွတ်” ဆိုတဲ့ ဆိုရိုးစကားပါ။ ထို့အတူပဲ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေနဲ့လည်း စောစောက ထောင်ချောက်တွေ ခလုတ်တံသင်းတွေ ကျော်ဖြတ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင် အနည်းစုသော အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနဲ့၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေအတွက် ဘယ်လောက်များ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကို အလေးအနက်စဉ်းစားဖို့ လိုပါတယ်။
နောက်တချက်က ပြန်လည်ပြင်ဆင်ဖို့ လုံးဝမဖြစ်နိုင်အောင် အသေအချာ စီမံရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ ဘယ်လိုလုပ်ပြီးတော့ ပြင်ဆင်နိုင်မှာလဲ။ ဒါကြောင့်မို့လို့ အဲဒီလမ်းကြောင်းက သွားမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ဖို့အတွက် ကြိုးပမ်းမှုတွေ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့် အဲဒီလိုဝင်လိုက်ခြင်းအားဖြင့် ရနိုင်မယ့်အကျိုးအမြတ်က မရေရာပေမယ့် တဘက်မှာတော့ ပေးလိုက်ရမယ့် အရင်းနှီးတွေ ဆုံးရှုံးမှုတွေက အတိုင်းအဆမရှိ ပေါ်လာနိုင်တယ်။
ပထမဆုံးရှုံးမှုကတော့ ပြည်သူလူထုကြီးရဲ့ စစ်မှန်တဲ့ ဆန္ဒလည်းဖြစ်၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အောင်သီးအောင်နှံလည်းဖြစ်၊ ဒီမိုကရေစီအင်အားစုတွေရဲ့ တိုက်ပွဲအောင်လံတံခွန်လည်းဖြစ်တဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ဆုံးရှုံးခံရမယ့်အရေးပါ။
ဒုတိယဆုံးရှုံးမှုကတော့ နအဖအုပ်စုက တိုင်းပြည်ကို ထာဝရ စိုးမိုးခြယ်လှယ်နိုင်ဖို့ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှုတ်အားဖြင့်၊ သဘောတရားရေးအားဖြင့် မည်သို့သော ဆန့်ကျင်ကန့်ကွက်မှုတွေ ပြုလုပ်သည်ဖြစ်စေ ရွေးကောက်ပွဲကို ၀င်လိုက်ခြင်းအားဖြင့် အဆိုပါ ဖွဲ့စည်းပုံဥပဒေကို ကာယကံမြောက် လက်ခံအတည်ပြုပေးလိုက်သလို ဖြစ်သွားမယ့်အရေးပါ။
တတိယအချက်ကတော့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအပါအ၀င် ဒီမိုကရေစီအင်အားစုတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် ဘယ်သူပဲ နိုင်နိုင်ရှုံးရှုံး ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် အစိုးရရဲ့ တရားဝင်ဖြစ်မှုဟာ ပိုမိုခိုင်မာသွားမှာဖြစ်ပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကြား အဲဒီ ၂၀၀၈ အခြေခံဥပဒေအရ ပုံပြောင်းထားတဲ့ စစ်အစိုးရအပေါ် ထားရှိရမယ့် သဘောထားနဲ့ ပတ်သက်လို့ အမြင်ရှုပ်ထွေးမှုတွေ၊ ၀ိဝါဒကွဲပြားမှုတွေ ပေါ်ပေါက်နိုင်ပြီး အဲဒီကတဆင့် ဒီမိုကရေစီအင်အားစုတွေရဲ့ ရှေ့ဆက်ရမယ့် ခရီးလမ်းကြောင်းမှာ ချည့်နဲ့အားနည်းမှုတေ၊ွ ထိခိုက်ဆုံးရှုံးမှုတွေ ပေါ်ပေါက်လာနိုင်မယ့် အရေးပါ။
ဒါကြောင့်မို့လို့ ကျနော်တို့ ဒီလမ်းထက်စာရင် စောစောကပြောသလို နအဖရဲ့ ၂၀၁၀ ထိုးစစ်ကို ကြံ့ကြံ့ခံရင်းနဲ့ မိမိရဲ့ခံစစ်ကြောင်းကို လုံအောင်ထိန်းပြီးတော့ ရွေးကောက်ပွဲမတိုင်မီမှာလည်း ရွေးကောက်ပွဲကို ဆန့်ကျင်မယ်၊ ရွေးကောက်ပွဲပြီးတဲ့အခါမှာလည်း ကျနော်တို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ရပ်မယ်ဆိုရင် ကျနော်တို့ ရှေ့ကိုဆက်ပြီးတော့ နိုင်ငံရေးကြိုးပမ်းဆောင်ရွက်မှု လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲ ဟိုဘက်ကာလမှာလည်း ကျနော်တို့ပြည်တွင်းမှာ အန်အယ်လ်ဒီနဲ့တကွ နိုင်ငံရေးပါတီတွေကို အပေးအယူ မလုပ်တဲ့အတွက်၊ မညှိနှိုင်းတဲ့အတွက်၊ မဆွေးနွေးတဲ့အတွက်၊ အမျိုးသားညီညွတ်မှုမရှိတဲ့အတွက် တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု မရနိုင်ပါဘူး။ ထို့အတူ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေက အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တခု ဆောင်ရွက်ဖို့ တိုက်တွန်းနေတဲ့ကြားက နအဖအနေနဲ့ ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပဆောင်ရွက်သွားမယ်ဆိုရင် ရွေးကောက်ပွဲကိုသော်လည်းကောင်း၊ ရွေးကောက်ပွဲပြီးနောက် ဖြစ်ပေါ်လာမယ့် အစိုးရကိုသော်လည်းကောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံမှာမဟုတ်သလို ပြည်သူလူထုကလည်း လက်ခံမှာမဟုတ်တဲ့အတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဆက်ဆံရေးမှာ လိပ်ခဲတည်းလည်း ရှိနေမှာပါ။
နောက်တချက်က တိုင်းရင်းသားများနဲ့ အခုလို အသွင်ကူးပြောင်းရေးကိစ္စတွေ၊ လက်နက်ရုပ်သိမ်းရေးကိစ္စတွေဟာ အခုအချိန်မှာ မပြေလည်သလို ၂၀၁၀ ရွေးကောက်ပွဲပြီးရင်လည်း ပြေလည်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လက်မခံသလို တိုင်းရင်းသားငြိမ်းအဖွဲ့တွေ၊ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေကလည်း လက်မခံတဲ့အတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းပဲ အပြည့်အ၀ ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အဲဒီလို ပြည်တွင်းငြိမ်းချမ်းရေးမရှိ၊ ပြည်တွင်းမှာ နိုင်ငံရေးတည်ငြိမ်မှုမရှိ၊ နိုင်ငံတကာဆက်ဆံရေးမှာလည်း လိပ်ခဲတည်းလည်းဖြစ်နေတဲ့ နိုင်ငံဟာ ကြီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အလွန်မှ ခက်ခဲပါလိမ့်မယ်။ အဲဒီတော့ ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ဆိုတာကလည်းပဲ မလွယ်ကူတဲ့အတွက် ပြည်သူတွေရဲ့ဘ၀၊ ပြည်သူတွေရဲ့စားဝတ်နေရေး၊ ပြည်သူတွေရဲ့တိုးတက်မှု မဖြစ်နိုင်တဲ့အတွက်ကြောင့် ပြည်သူတွေကလည်း အမြဲတမ်းဆန့်ကျင်နေမှာဖြစ်ပါတယ်။
အဲဒီလိုကာလမှာ ကျနော်တို့နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ခံစစ်ကြောင်းကနေ နိုင်ငံရေးထိုးစစ်ကို ပြန်လည်ဆင်နွှဲပြီး ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးအတွက် ဆက်လက်ကြိုးပမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီအပါအ၀င် နိုင်ငံရေးပါတီအားလုံး မိမိတို့ရဲ့ရပ်တည်ချက် မူတွေဟာ ပြင်လွယ်၊ ပြောင်းလွယ် Flexible ဖြစ်တယ်ဆိုပေမယ့် မလိုအပ်ဘဲနဲ့ အကြောင်းမဲ့ မစွန့်လွှတ်ကြဖို့နဲ့ အခြေခံမူပေါ်မှာ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်ကြဖို့လိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
Labels:
ခေတ်ပြိုင် မှ
ရန်ကုန်မြို့ကို မီးပေးရန် ညွှန်ကြားထား
အောင်ကျော်မိုး / ၂၆ နိုဝင်ဘာ ၂၀၀၉
လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကာလ မတိုင်မီ ရန်ကုန်မြို့ကို တတ်နိုင်သမျှ လျှပ်စစ်မီးပေးရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက “ရန်ကုန်ကို တတ်နိုင်သမျှ လျှပ်စစ်မီးပေးထားရမယ်ဆိုပြီး နေပြည်တော်ကနေ ကျနော်တို့ကို ညွှန်ကြားလာပါတယ်။ ကျနော်တို့ကလည်း ရေအားလျှပ်စစ်ကနေ လျှပ်စစ်ဓာတ်အား အဝင်နည်းသွားတော့ ဂက်စ်တာဘိုင်တွေ လည်ပေးဖို့လိုတယ်လို့ ပြန်တင်ပြတယ်။ ဒါနဲ့ နေပြည်တော်က စွမ်းအင်ဝန်ကြီးဌာနကိုလည်း ဆက်ပြီးညွှန်ကြားလိုက်တယ်။ ရန်ကုန်ကို တတ်နိုင်သမျှ ဂက်စ်တွေ ပို့ပေးဖို့။ အခု ဂက်စ်တွေ ရောက်လာတော့ ခါတိုင်းနှစ်တွေ ဂက်စ်မရှိလို့ မလည်နိုင်ဘဲ ဖြစ်နေတဲ့ ဂက်စ်တာဘိုင်တွေကို စမ်းပြီး လည်ပတ်နေတယ်။ ဂက်စ်သာ မှန်မှန်ရနေရင် ရန်ကုန်တတိုင်းလုံး လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်သေးတာတောင် အရင်နှစ်တွေကလို ခွဲတမ်းနဲ့ ပေးစရာမလိုတော့ဘူး” ဟု ပြောသည်။
သို့သော် ခြောက်သွေ့ရာသီရောက်လာလေ မီးဆွဲအားများလာလေ ဖြစ်သည့်အတွက် မီးအားမနိုင်ဘဲ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမျိုးကို ကြုံရနိုင်သည်ဟု အဆိုပါ အင်ဂျင်နီယာက ပြောသည်။
“စစ်အစိုးရက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအကြိုကာလအတွင်း ရန်ကုန်မှာ မီးမလာဘဲ ပြည်သူတွေ စိတ်ဆိုးဒေါသထွက်ကြမှာကို မလိုလားဘူး။ ဒါကြောင့် တတ်နိုင်သလောက် လျှပ်စစ်မီးပေးနိုင်ဖို့ ဂက်စ်ရလာအောင် ဆောင်ရွက်နေတာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။
ပုံမှန်အားဖြင့် ရန်ကုန်မြို့တွင် နှစ်စဉ် သြဂုတ်လ၌ လျှပ်စစ်မီး မှန်မှန်ရလေ့ရှိပြီး ခြောက်သွေ့ရာသီ နိုဝင်ဘာလဆန်းခန့်တွင် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား အဝင်နည်းသွားသောကြောင့် လျှပ်စစ်မီးကို ခွဲတမ်းဖြင့်သာ ရလေ့ရှိသည်။
၂ဝဝ၉ ခုနှစ်တွင်မူ နေပြည်တော်၌ သုံးစွဲသည့် လျှပ်စစ်ဓာတ်အား ပမာဏ များလာခြင်း၊ ရန်ကုန်ရှိ ဂက်စ်တာဘိုင်များ လည်ပတ်ရန် ဂက်စ် ပံ့ပိုးမပေးခြင်းတို့ကြောင့် မိုးတွင်း၌ပင်လျှင် လျှပ်စစ်ဓာတ်အားရရှိမှု လျော့နည်းခဲ့သည်။
နအဖစစ်အစိုးရသည် လောလောဆယ် ဂက်စ်တာဘိုင်များ လည်နိုင်ရေးအတွက် ဂက်စ်များ ပို့လွှတ်ပေးရုံမက လာမည့်နှစ်၌ ရန်ကုန်တွင် ဂက်စ်လုံလုံလောက်လောက် ရရှိနိုင်ရန် မုတ္တမ - ရန်ကုန် (၂၄) လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအသစ်ကို သွယ်တန်းလျက်ရှိပြီး အဆိုပါပိုက်လိုင်းကို လာမည့် ၂ဝ၁ဝ မေလ၌ အပြီးသွယ်တန်းနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
အလားတူ အထက်မြန်မာပြည်ဘက်တွင်လည်း အပြီးမသတ်နိုင်သေးသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရေးအတွက် စက်တလုံးကို စမ်းသပ်လည်ပတ်ရန် စတင်တည်ဆောက်နေပြီး အဆိုပါစက် လည်ပတ်ရေးအတွက် ဒုဌဝတီမြစ်ရေကိုပိတ်ပြီး ဆည်ရေများ စတင်စုဆောင်းနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂ဝဝ၅-၂ဝဝ၆ နှစ်မှစ၍ စုစုပေါင်း စက်တပ်ဆင်အား မီဂါဝပ် (၁၆ဝဝ) ကျော်သာရှိသည့်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏမှာလည်း ကီလိုဝပ် သန်းပေါင်း (၆,ဝဝဝ) ကျော်မှ မတိုးတက်ဘဲရှိနေသည်မှာ ယခုတိုင်ဖြစ်ကြောင်း အငြိမ်းစား တိုင်းလျှပ်စစ်အင်ဂျင်နီယာဟောင်းတဦးက ပြောသည်။
၎င်းက “ရန်ကုန်အပါအ၀င် တိုင်းနဲ့ပြည်နယ်အသီးသီးမှာတော့ လျှပ်စစ်မီတာတွေ တိုးမြှင့်ရောင်းချခဲ့လို့ ၀င်ငွေကျပ် (၃၈) ဘီလီယံကနေ (၁၆၀) ဘီလီယံလောက်အထိ (၅) ဆနီးပါး တိုးလာပေမယ့် လျှပ်စစ်ဓာတ်အား ရရှိမှုအခြေအနေကတော့ တနေ့တခြား ဆိုးနေတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးအဖွဲ့သည် ဂက်စ်ရရှိနိုင်သမျှဖြင့် လျှပ်စစ်ဓာတ်အား ပေးနေသောကြောင့် ခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးခြင်း မရှိသော်လည်း မီးအား မလုံလောက်သဖြင့် မကြာခဏ မီးပြတ်တောက်မှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။
လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကာလ မတိုင်မီ ရန်ကုန်မြို့ကို တတ်နိုင်သမျှ လျှပ်စစ်မီးပေးရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက “ရန်ကုန်ကို တတ်နိုင်သမျှ လျှပ်စစ်မီးပေးထားရမယ်ဆိုပြီး နေပြည်တော်ကနေ ကျနော်တို့ကို ညွှန်ကြားလာပါတယ်။ ကျနော်တို့ကလည်း ရေအားလျှပ်စစ်ကနေ လျှပ်စစ်ဓာတ်အား အဝင်နည်းသွားတော့ ဂက်စ်တာဘိုင်တွေ လည်ပေးဖို့လိုတယ်လို့ ပြန်တင်ပြတယ်။ ဒါနဲ့ နေပြည်တော်က စွမ်းအင်ဝန်ကြီးဌာနကိုလည်း ဆက်ပြီးညွှန်ကြားလိုက်တယ်။ ရန်ကုန်ကို တတ်နိုင်သမျှ ဂက်စ်တွေ ပို့ပေးဖို့။ အခု ဂက်စ်တွေ ရောက်လာတော့ ခါတိုင်းနှစ်တွေ ဂက်စ်မရှိလို့ မလည်နိုင်ဘဲ ဖြစ်နေတဲ့ ဂက်စ်တာဘိုင်တွေကို စမ်းပြီး လည်ပတ်နေတယ်။ ဂက်စ်သာ မှန်မှန်ရနေရင် ရန်ကုန်တတိုင်းလုံး လျှပ်စစ်မီး အပြည့်အဝ မပေးနိုင်သေးတာတောင် အရင်နှစ်တွေကလို ခွဲတမ်းနဲ့ ပေးစရာမလိုတော့ဘူး” ဟု ပြောသည်။
သို့သော် ခြောက်သွေ့ရာသီရောက်လာလေ မီးဆွဲအားများလာလေ ဖြစ်သည့်အတွက် မီးအားမနိုင်ဘဲ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမျိုးကို ကြုံရနိုင်သည်ဟု အဆိုပါ အင်ဂျင်နီယာက ပြောသည်။
“စစ်အစိုးရက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအကြိုကာလအတွင်း ရန်ကုန်မှာ မီးမလာဘဲ ပြည်သူတွေ စိတ်ဆိုးဒေါသထွက်ကြမှာကို မလိုလားဘူး။ ဒါကြောင့် တတ်နိုင်သလောက် လျှပ်စစ်မီးပေးနိုင်ဖို့ ဂက်စ်ရလာအောင် ဆောင်ရွက်နေတာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။
ပုံမှန်အားဖြင့် ရန်ကုန်မြို့တွင် နှစ်စဉ် သြဂုတ်လ၌ လျှပ်စစ်မီး မှန်မှန်ရလေ့ရှိပြီး ခြောက်သွေ့ရာသီ နိုဝင်ဘာလဆန်းခန့်တွင် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား အဝင်နည်းသွားသောကြောင့် လျှပ်စစ်မီးကို ခွဲတမ်းဖြင့်သာ ရလေ့ရှိသည်။
၂ဝဝ၉ ခုနှစ်တွင်မူ နေပြည်တော်၌ သုံးစွဲသည့် လျှပ်စစ်ဓာတ်အား ပမာဏ များလာခြင်း၊ ရန်ကုန်ရှိ ဂက်စ်တာဘိုင်များ လည်ပတ်ရန် ဂက်စ် ပံ့ပိုးမပေးခြင်းတို့ကြောင့် မိုးတွင်း၌ပင်လျှင် လျှပ်စစ်ဓာတ်အားရရှိမှု လျော့နည်းခဲ့သည်။
နအဖစစ်အစိုးရသည် လောလောဆယ် ဂက်စ်တာဘိုင်များ လည်နိုင်ရေးအတွက် ဂက်စ်များ ပို့လွှတ်ပေးရုံမက လာမည့်နှစ်၌ ရန်ကုန်တွင် ဂက်စ်လုံလုံလောက်လောက် ရရှိနိုင်ရန် မုတ္တမ - ရန်ကုန် (၂၄) လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအသစ်ကို သွယ်တန်းလျက်ရှိပြီး အဆိုပါပိုက်လိုင်းကို လာမည့် ၂ဝ၁ဝ မေလ၌ အပြီးသွယ်တန်းနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
အလားတူ အထက်မြန်မာပြည်ဘက်တွင်လည်း အပြီးမသတ်နိုင်သေးသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရေးအတွက် စက်တလုံးကို စမ်းသပ်လည်ပတ်ရန် စတင်တည်ဆောက်နေပြီး အဆိုပါစက် လည်ပတ်ရေးအတွက် ဒုဌဝတီမြစ်ရေကိုပိတ်ပြီး ဆည်ရေများ စတင်စုဆောင်းနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂ဝဝ၅-၂ဝဝ၆ နှစ်မှစ၍ စုစုပေါင်း စက်တပ်ဆင်အား မီဂါဝပ် (၁၆ဝဝ) ကျော်သာရှိသည့်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏမှာလည်း ကီလိုဝပ် သန်းပေါင်း (၆,ဝဝဝ) ကျော်မှ မတိုးတက်ဘဲရှိနေသည်မှာ ယခုတိုင်ဖြစ်ကြောင်း အငြိမ်းစား တိုင်းလျှပ်စစ်အင်ဂျင်နီယာဟောင်းတဦးက ပြောသည်။
၎င်းက “ရန်ကုန်အပါအ၀င် တိုင်းနဲ့ပြည်နယ်အသီးသီးမှာတော့ လျှပ်စစ်မီတာတွေ တိုးမြှင့်ရောင်းချခဲ့လို့ ၀င်ငွေကျပ် (၃၈) ဘီလီယံကနေ (၁၆၀) ဘီလီယံလောက်အထိ (၅) ဆနီးပါး တိုးလာပေမယ့် လျှပ်စစ်ဓာတ်အား ရရှိမှုအခြေအနေကတော့ တနေ့တခြား ဆိုးနေတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးအဖွဲ့သည် ဂက်စ်ရရှိနိုင်သမျှဖြင့် လျှပ်စစ်ဓာတ်အား ပေးနေသောကြောင့် ခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးခြင်း မရှိသော်လည်း မီးအား မလုံလောက်သဖြင့် မကြာခဏ မီးပြတ်တောက်မှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။
Labels:
ခေတ်ပြိုင် မှ
အရက်ကြော်ငြာ ပိတ်ပင်ခြင်းကြောင့် ပုံနှိပ်မီဒီယာ ရပ်တည်ရေး ထိခိုက်နိုင်
ဝီရ / ၂၅ နိုဝင်ဘာ ၂၀၀၉
ပြည်တွင်း ပုံနှိပ်မီဒီယာများအား အရက်ကြော်ငြာ ထည့်သွင်းခွင့် တားမြစ်လိုက်ပါက မီဒီယာလုပ်ငန်း ဆက်လက်ရပ်တည်ရေးအတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်ရနိုင်ကြောင်း စာနယ်ဇင်းထုတ်ဝေ လုပ်ကိုင်သူများက ပြောသည်။
လစဉ်ထုတ်မဂ္ဂဇင်း လက်ထောက်အယ်ဒီတာတဦးက “မီဒီယာတွေကို စစ်အစိုးရက ရန်သူလိုသဘောထားပြီး အရက်ကုမ္ပဏီတွေကိုတော့ ဒိုနာ (အလှူရှင်) တွေ၊ မိတ်ဆွေတွေလို ဆက်ဆံနေတာကိုက မှားနေတာ။ ဒီလိုလုပ်လိုက်ရင် မီဒီယာတွေ အထိနာမှန်းသိလို့ လုပ်တာဖြစ်တယ်။ မီဒီယာတွေ ရှေ့ဆက်ရပ်တည်နိုင်ဖို့ အခက်အခဲ အများကြီးဖြစ်လာမယ်” ဟု ပြောကြားသည်။
လူငယ်တို့အား မှားယွင်းစေသည့် အသိအမြင်များ မရရှိစေရန်ဟုဆိုကာ လာမည့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ (၁) ရက်မှစ၍ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ် စသည့် ပုံနှိပ်မီဒီယာများတွင် အရက်ကြော်ငြာခွင့်ကို ခွင့်မပြုတော့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ညွှန်ကြားထားသည်။ ထိုသို့တားမြစ်လိုက်သည့် အကြောင်းကြားစာ လက်ခံရရှိကြောင်း ခံဝန်ချက် လက်မှတ်ထိုးကာ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဟု အဆိုပါလက်ထောက် အယ်ဒီတာက ပြောသည်။
ပုံနှိပ်လုပ်ငန်းအားလုံးတွင် အရက်ကြော်ငြာ ပိတ်ပင်သည်ဆိုသော်လည်း အရက်ကြော်ငြာ ပြက္ခဒိန်၊ ပိုစတာများကိုမူ ဆက်လက် ခွင့်ပြုထား၍ ပြန်ကြားရေးဝန်ကြီးက မီဒီယာလုပ်ငန်းကိုသာ ဖိနှိပ်ချင်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကြော်ငြာဝန်ဆောင်ခသည် ၎င်းဂျာနယ်၏ ရောင်းရစောင်ရေအပေါ် မူတည်၍ ပေးဆောင်ကြခြင်းဖြစ်၍ ယင်းကဲ့သို့ ပိတ်လိုက်လျှင် ဘဏ္ဍာရေးအခက်အခဲ ပြေလည်ရန် ဂျာနယ်ဈေးနှုန်း မြှင့်ခြင်း သို့မဟုတ် စောင်ရေ ထပ်မံလျော့ချရမည့် အခြေအနေ ရှိနေကြောင်း အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
၎င်းက “ကြော်ငြာတွေထဲမှာ ဆေးဝါးတွေ၊ အလှကုန်၊ အစားအစာ စတဲ့ ကုန်ပစ္စည်းကြော်ငြာရယ်၊ အရက်ကြော်ငြာရယ် (၂) မျိုးပဲ ရှိတယ်။ ဒီထဲမှာ ဝင်ငွေအများဆုံး ရနိုင်တာ အရက်ကြော်ငြာပဲ။ ဒါကို ထည့်ခွင့်မပေးတော့ဘူးဆိုရင် ဂျာနယ်တဝက်လောက် ပျောက်သွားနိုင်တယ်။ အခု ကျနော်တို့ဂျာနယ်ရဲ့ အပတ်စဉ်ရောင်းအားက (၁) သောင်းကျော်ပဲ ရှိတယ်။ ကျနော်တို့ဂျာနယ်လို ရောင်းအားမရှိတဲ့ဂျာနယ်တွေ ဆက်ရပ်တည်ဖို့ မလွယ်တော့ဘူး။ ဂျာနယ်ဈေးနှုန်း ဆက်မြှင့်မလား ဒါမှမဟုတ် စောင်ရေ ထပ်လျော့မလား ဒါပဲရှိတယ်” ဟု ပြောသည်။
ပြည်တွင်းထုတ်ဂျာနယ်တို့၏ ရပ်တည်ရေးသည် ကြော်ငြာဝန်ဆောင်မှုလုပ်ငန်း၌ (၃၀-၅၀) ရာခိုင်နှုန်းအထိ မှီခိုနေကြရပြီး ၎င်းတို့အနက် အရက်ကြော်ငြာကို အားထားနေကြရကြောင်း သိရသည်။
အဆိုပါ ဂျာနယ်အယ်ဒီတာက “အခုပိတ်လိုက်တာက တလွဲစီ ဖြစ်နေတယ်။ အစိုးရတရပ်အနေနဲ့ တကယ်လုပ်သင့်တာက လူငယ်တွေရဲ့ ကောင်းကျိုးအတွက် လုပ်ချင်ရင် အရက်ထုတ်လုပ်တာကို ကန့်သတ်လိုက်ပေါ့။ ပြည်တွင်းမှာ ပုဂ္ဂလိကပိုင် အရက်ချက်စက်ရုံ (၂၀၀) ကျော်ရှိတယ်။ အဲဒီဘက်အပိုင်းမှာ စံနှုန်းစစ်ဆေးတာတောင် မလုပ်ဘဲ ထုတ်ခွင့်ပါမစ်တွေကို လွယ်လွယ်ကူကူပေးပြီး အားကစားပွဲတွေမှာ စပွန်ဆာလုပ်ခိုင်းတာက လူငယ်တွေရဲ့ မြင်ကွင်းမှာ အဓိက ပိုဖြစ်တယ်။ ဒါကို ပိတ်သင့်တာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အရက်လုပ်ငန်းရှင်တို့အနေဖြင့် ပုံနှိပ်မီဒီယာတွင် ၎င်းတို့ထုတ်ကုန်ကြော်ငြာခွင့် ပိတ်လိုက်သည့်အပေါ် တစုံတရာ ထိခိုက်နစ်နာစေမှု ရှိမည်မဟုတ်ကြောင်းနှင့် ကြော်ငြာလမ်းကြောင်းအသစ်အနေဖြင့် စင်ပေါ်ဖျော်ဖြေရေးများ ပြုလုပ်ကာ ဗီစီဒီ သီချင်းခွေထုတ်ခြင်းဖြင့် ၎င်းတို့၏ တံဆိပ်ကို အပြည့်အဝ ကြော်ငြာနိုင်သည့် နည်းလမ်းများဖြင့် စတင်နေကြပြီဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ဆက်လက်ပြောကြားသည်။
ရန်ကုန်နှင့် မန္တလေးမြို့ထုတ် ဂျာနယ်ထုတ်လုပ်ခွင့်လိုင်စင် ရထားသူ (၂၀၀) ခန့်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန စာရင်းဇယားအရ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဆေးလိပ်နှင့် အရက်ကြော်ငြာဘီလ်ဘုတ်ကြီးများ တင်ခြင်းကို ၂၀၀၆ ခု ဒီဇင်ဘာလတွင် သက်ဆိုင်ရာ အာဏာပိုင်တို့က စတင်တားမြစ်ခဲ့သည်။
ပြည်တွင်း ပုံနှိပ်မီဒီယာများအား အရက်ကြော်ငြာ ထည့်သွင်းခွင့် တားမြစ်လိုက်ပါက မီဒီယာလုပ်ငန်း ဆက်လက်ရပ်တည်ရေးအတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်ရနိုင်ကြောင်း စာနယ်ဇင်းထုတ်ဝေ လုပ်ကိုင်သူများက ပြောသည်။
လစဉ်ထုတ်မဂ္ဂဇင်း လက်ထောက်အယ်ဒီတာတဦးက “မီဒီယာတွေကို စစ်အစိုးရက ရန်သူလိုသဘောထားပြီး အရက်ကုမ္ပဏီတွေကိုတော့ ဒိုနာ (အလှူရှင်) တွေ၊ မိတ်ဆွေတွေလို ဆက်ဆံနေတာကိုက မှားနေတာ။ ဒီလိုလုပ်လိုက်ရင် မီဒီယာတွေ အထိနာမှန်းသိလို့ လုပ်တာဖြစ်တယ်။ မီဒီယာတွေ ရှေ့ဆက်ရပ်တည်နိုင်ဖို့ အခက်အခဲ အများကြီးဖြစ်လာမယ်” ဟု ပြောကြားသည်။
လူငယ်တို့အား မှားယွင်းစေသည့် အသိအမြင်များ မရရှိစေရန်ဟုဆိုကာ လာမည့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ (၁) ရက်မှစ၍ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ် စသည့် ပုံနှိပ်မီဒီယာများတွင် အရက်ကြော်ငြာခွင့်ကို ခွင့်မပြုတော့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ညွှန်ကြားထားသည်။ ထိုသို့တားမြစ်လိုက်သည့် အကြောင်းကြားစာ လက်ခံရရှိကြောင်း ခံဝန်ချက် လက်မှတ်ထိုးကာ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဟု အဆိုပါလက်ထောက် အယ်ဒီတာက ပြောသည်။
ပုံနှိပ်လုပ်ငန်းအားလုံးတွင် အရက်ကြော်ငြာ ပိတ်ပင်သည်ဆိုသော်လည်း အရက်ကြော်ငြာ ပြက္ခဒိန်၊ ပိုစတာများကိုမူ ဆက်လက် ခွင့်ပြုထား၍ ပြန်ကြားရေးဝန်ကြီးက မီဒီယာလုပ်ငန်းကိုသာ ဖိနှိပ်ချင်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကြော်ငြာဝန်ဆောင်ခသည် ၎င်းဂျာနယ်၏ ရောင်းရစောင်ရေအပေါ် မူတည်၍ ပေးဆောင်ကြခြင်းဖြစ်၍ ယင်းကဲ့သို့ ပိတ်လိုက်လျှင် ဘဏ္ဍာရေးအခက်အခဲ ပြေလည်ရန် ဂျာနယ်ဈေးနှုန်း မြှင့်ခြင်း သို့မဟုတ် စောင်ရေ ထပ်မံလျော့ချရမည့် အခြေအနေ ရှိနေကြောင်း အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
၎င်းက “ကြော်ငြာတွေထဲမှာ ဆေးဝါးတွေ၊ အလှကုန်၊ အစားအစာ စတဲ့ ကုန်ပစ္စည်းကြော်ငြာရယ်၊ အရက်ကြော်ငြာရယ် (၂) မျိုးပဲ ရှိတယ်။ ဒီထဲမှာ ဝင်ငွေအများဆုံး ရနိုင်တာ အရက်ကြော်ငြာပဲ။ ဒါကို ထည့်ခွင့်မပေးတော့ဘူးဆိုရင် ဂျာနယ်တဝက်လောက် ပျောက်သွားနိုင်တယ်။ အခု ကျနော်တို့ဂျာနယ်ရဲ့ အပတ်စဉ်ရောင်းအားက (၁) သောင်းကျော်ပဲ ရှိတယ်။ ကျနော်တို့ဂျာနယ်လို ရောင်းအားမရှိတဲ့ဂျာနယ်တွေ ဆက်ရပ်တည်ဖို့ မလွယ်တော့ဘူး။ ဂျာနယ်ဈေးနှုန်း ဆက်မြှင့်မလား ဒါမှမဟုတ် စောင်ရေ ထပ်လျော့မလား ဒါပဲရှိတယ်” ဟု ပြောသည်။
ပြည်တွင်းထုတ်ဂျာနယ်တို့၏ ရပ်တည်ရေးသည် ကြော်ငြာဝန်ဆောင်မှုလုပ်ငန်း၌ (၃၀-၅၀) ရာခိုင်နှုန်းအထိ မှီခိုနေကြရပြီး ၎င်းတို့အနက် အရက်ကြော်ငြာကို အားထားနေကြရကြောင်း သိရသည်။
အဆိုပါ ဂျာနယ်အယ်ဒီတာက “အခုပိတ်လိုက်တာက တလွဲစီ ဖြစ်နေတယ်။ အစိုးရတရပ်အနေနဲ့ တကယ်လုပ်သင့်တာက လူငယ်တွေရဲ့ ကောင်းကျိုးအတွက် လုပ်ချင်ရင် အရက်ထုတ်လုပ်တာကို ကန့်သတ်လိုက်ပေါ့။ ပြည်တွင်းမှာ ပုဂ္ဂလိကပိုင် အရက်ချက်စက်ရုံ (၂၀၀) ကျော်ရှိတယ်။ အဲဒီဘက်အပိုင်းမှာ စံနှုန်းစစ်ဆေးတာတောင် မလုပ်ဘဲ ထုတ်ခွင့်ပါမစ်တွေကို လွယ်လွယ်ကူကူပေးပြီး အားကစားပွဲတွေမှာ စပွန်ဆာလုပ်ခိုင်းတာက လူငယ်တွေရဲ့ မြင်ကွင်းမှာ အဓိက ပိုဖြစ်တယ်။ ဒါကို ပိတ်သင့်တာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အရက်လုပ်ငန်းရှင်တို့အနေဖြင့် ပုံနှိပ်မီဒီယာတွင် ၎င်းတို့ထုတ်ကုန်ကြော်ငြာခွင့် ပိတ်လိုက်သည့်အပေါ် တစုံတရာ ထိခိုက်နစ်နာစေမှု ရှိမည်မဟုတ်ကြောင်းနှင့် ကြော်ငြာလမ်းကြောင်းအသစ်အနေဖြင့် စင်ပေါ်ဖျော်ဖြေရေးများ ပြုလုပ်ကာ ဗီစီဒီ သီချင်းခွေထုတ်ခြင်းဖြင့် ၎င်းတို့၏ တံဆိပ်ကို အပြည့်အဝ ကြော်ငြာနိုင်သည့် နည်းလမ်းများဖြင့် စတင်နေကြပြီဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ဆက်လက်ပြောကြားသည်။
ရန်ကုန်နှင့် မန္တလေးမြို့ထုတ် ဂျာနယ်ထုတ်လုပ်ခွင့်လိုင်စင် ရထားသူ (၂၀၀) ခန့်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန စာရင်းဇယားအရ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဆေးလိပ်နှင့် အရက်ကြော်ငြာဘီလ်ဘုတ်ကြီးများ တင်ခြင်းကို ၂၀၀၆ ခု ဒီဇင်ဘာလတွင် သက်ဆိုင်ရာ အာဏာပိုင်တို့က စတင်တားမြစ်ခဲ့သည်။
Labels:
ခေတ်ပြိုင် မှ
woensdag 25 november 2009
စနစ်တကျလေးတော့ ပျက်စေချင်
Wednesday, 25 November 2009 19:20 ရန်ကုန်သားတာတေ
.ကျွန်ုပ် ဆြာတေ ဒီနေ့ ဆိုက်ကားထွက်ဖို့ မလွယ်တော့ ...။ မနေ့က လ မသာသည့် ည မှောင်မည်းမည်းတွင် .. မလင်းသော လမ်းမီးတိုင်အောက် … ဆိုက်ကား မှောက်သွား သောကြောင့် ဖြစ်သည်။ လူက သိပ်မထိ သော်လည်း ဆိုက်ကားခွေတော့ တော်တော်လေးလိန်သွားသည်။ ဦးရုက္ခစိုးကြီး ပြောဖူးသည့် လကမ္ဘာနှင့် တူသော ကျင်းကြီးကို မမြင်ဘဲ နင်းမိသောကြောင့်ဖြစ်သည်။
မဒမ်တေက ပွစိပွစိ ရေရွတ်နေသည်။ ဒီနေ့ ကမ္ဘာ့ အကြမ်းဖက်မှု ဆန့်ကျင်ရေးနေ့ ဆိုတော့ သူ့ ပွစိပွစိကို လွှတ်ပေး ထားလိုက်သည်။ တော်ကြာ ပြန်ပြောမိတာကို စကားလုံးဖြင့် အကြမ်းဖက်သည်ဟု စွပ်စွဲနေမှဖြင့်။
မဒမ်တေ။ ။ အဲဒီဆိုက်ကားခွေပြင်ရင် ဘယ်လောက်ကုန်မှာလဲ။
ဆြာတေ။ ။ ၅ ထောင်၊ ၁ သောင်းလောက်တော့ ကုန်မှာပေါ့ကွာ။
တကယ်တော့ ပိုပိုသာသာလေး ပြောလိုက်ခြင်းဖြစ်သည်။ ဒါမှ ဘတ်ငွေလေး နည်းနည်းပါးပါး ထွက်လာမည် မဟုတ်လား။
မဒမ်တေ။ ။ ဒုက္ခပါပဲ … ကိုတာတေရယ်။ ရှင်ကလည်း ဒီလောက်ကြီးတဲ့ ချိုင့်ကြီးတောင် မမြင်ဘူးလား။
ဆြာတေ။ ။ သြော် … လမ်းမီး ပျက်နေတာလေ။ လကလည်း မသာတော့ ဘယ်မြင်ပါ့မလဲ။
မဒမ်တေ။ ။ လမ်းမီးပျက်တာ သတင်းမှမဟုတ်ဘဲ၊ လကတော့ တိမ်ဖုံးရင် ဘယ်မြင်ရမလဲရှင့် ...။ တော့်ဘာသာ သွားနေ လာနေကျလမ်း … ဒီနားမှာ ချိုင့်ရှိတယ် … ဟိုနားမှာ ချိုင့်ရှိတယ် မှတ်ထားမှပေါ့။
ဆြာတေ။ ။ သွားနေလာနေကျလမ်း ဘယ်နားမှာ ဘာရှိတယ်ဆိုတာ မျက်စိမှိတ်ပြီးတောင် သိသေးတယ်။ အဲဒီချိုင့်က မနက်ပိုင်းမှာ မရှိသေးဘူးဟ။ ညကျမှ ဘယ်ကဘယ်လို ရောက်လာလဲ မသိဘူး။
မဒမ်တေ။ ။ ကဲပါ … ထားလိုက်ပါတော့။ ၅ ထောင်၊ ၁ သောင်းအကုန်ခံပြီးတော့ ရှင့်ခွေကို မပြင်နိုင် သေးဘူး။ ဒီနေ့တော့ ဆိုက်ကား နားလိုက်တော့ပေါ့။ ဒါပေမယ့် ရှင်က ဘာလုပ်မှာလဲ။
ဆြာတေ။ ။ ငါက … ဒေဝါလီမဂ္ဂဇင်းအတွက် စာမူ ကြွေးလေး ပေးစရာရှိတာ ရေးမလားလို့ ...။
တကယ်တော့ “စာရေးမလို့ စဉ်းစားနေတာ” ဆိုပြီး ငုတ်တုတ် ငိုက်မည့် အကြံနှင့် ဖြစ်သည်။ မဒမ်တေ ကလည်း ကျွန်ုပ်၏ ဇနီးပီပီ အကြံကို သိပုံရသည်။ “ရှင် စာရေးမလို့ စဉ်းစား နေတာဆိုပြီး ငိုက်မလို့ မဟုတ်လား … သိတယ်၊ မရဘူး … ဆိုက်ကား မထွက်ရင် အိမ်အလုပ်ကူလုပ်၊ လောလောဆယ် ထမင်း တအိုးတည်” ဟူ၍ အမိန့်တရပ် ချမှတ်လိုက်လေတော့သည်။
ထိုစဉ် ကျွန်ုပ်တို့ရှေ့၌ ကိုယ်ရောင်ကိုယ်ဝါ ပြိုးပြက်တောက်ပနေသူတဦး ရုတ်တရက် ကိုယ်ထင်ပြလေသည်။ တခြားသူမဟုတ် … ကျွန်ုပ်၏ ဇာတ်လိုက်ကျော်ကြီး ဦးရုက္ခစိုးပင် ဖြစ်သည်။
ရုက္ခစိုး။ ။ ဘယ်လိုလဲ ကိုတာတေ၊ ဆိုက်ကားထွက်မရလို့ အနားယူမယ်ထင်တယ် … ဟုတ်လား။
ဆြာတေ။ ။ ဆိုက်ကားမထွက်တာတော့ ဟုတ်တယ်။ အနားယူတာတော့ မဟုတ်ပါဘူး ဦးရုက္ခစိုးရယ်။ ခုပဲ ထမင်းအိုးတည်ဖို့ ဆန်ဆေးနေရပြီ မတွေ့ဘူးလား။
ရုက္ခစိုး။ ။ ထမင်းတည်တာများ … ပေါင်းအိုးလေးနဲ့ … ခလုပ်ကလေး ထောက်ဆို နှိပ် … ပြီးသွားတဲ့ဥစ္စာ။
ဦးရုက္ခစိုး၏ အပြောကို မဒမ်တေက မျက်စောင်းထိုးကြည့်ရင်း .. “ကြည့်သေးတာပေါ့” ဟု ဆိုသည်။ မီးက သဘောကောင်းစွာ လာနေသည်။ ကျွန်ုပ်က ဆန်ဆေးပြီးသားအိုးကို ပေါင်းအိုးထဲ ထည့်ကာ ခလုပ်နှိပ်လိုက် သည်။
ဆြာတေ။ ။ ထမင်းအိုး တည်တာကတော့ ခလုပ်ကလေး နှိပ်ရုံဆိုတော့ လွယ်ပါတယ် ဦးရုက္ခစိုးရယ်။ မလွယ်တာက စာရေးတာပါ။ ကုန်ကြမ်းက တဖြည်းဖြည်းရှားလာပြီ။ ဦးနှောက်ဘယ်လို သုံးရတယ်ဆိုတာ ဒီမိန်းမ နားလည်တာ မဟုတ်ဘူး။
ဦးရုက္ခစိုးကို ပြောသလိုလိုနှင့် မဒမ်တေကို လှမ်းတွယ်လိုက်စဉ် မီးက ပျက်သွားသည်။ “ကဲ … မီးက ပျက်သွားပြီ … ရှင် ဘယ်လိုဆက်လုပ်မလဲ” ဆိုသည့် အဓိပ္ပာယ်မျက်စောင်းကို မဒမ်တေက ထိုးသည်။
ဆြာတေ။ ။ မီးက ခဏလေး ပျက်တာ နေမှာပါကွာ … စောင့်ကြည့်လိုက်မယ်။
ရုက္ခစိုး။ ။ မဖြစ်ဘူးထင်တယ်နော် ဆြာတေ … အီးပီစီမှာ အမျိုးရှိရင်တောင် သိဖို့ မလွယ်လောက်တဲ့ ကိစ္စ။
ဆြာတေ။ ။ ဟာ … သိပြီ … ဦးရုက္ခစိုးက တန်ခိုးရှင်ပဲ။ မီး ဘယ်အချိန် ပြန်လာမလဲ မသိဘူးလား။
ရုက္ခစိုး။ ။ ကြံကြံဖန်ဖန် … ။ တခြားကိစ္စတွေမှာသာ တန်ခိုးရှင် … ဒီလျှပ်စစ်မီးကျတော့ မသိဘူးဗျ။
ထိုစဉ် မီးက ဖျပ်ခနဲ ပြန်လာသည်။
ဆြာတေ။ ။ ကဲ … မီးလာပြီ ဆိုတော့ … ကုန်ကြမ်းအကြောင်း ဆက်ဆွေးနွေးရင် ကောင်းမယ် … ။
ရုက္ခစိုး။ ။ တခုတော့ရှိတယ် … မိုးလေဝသ ဌာနအကြောင်း ရေးပါလား။ နိုင်ငံတကာမှာ မိုးလေဝသ သတင်း အချက်အလက်တွေကို အခမဲ့ ဖြန့်ဝေနေတဲ့အချိန်မှာ … မြန်မာနိုင်ငံမှာတော့ ပိုက်ဆံပေးမှ သတင်း ရမယ်တဲ့။
ဆြာတေ။ ။ ဒါကတော့ ဦးရုက္ခစိုးရယ် … ။ သူတို့လည်း ဖားကောင်ရေ တိုးချဲ့မွေးမြူဖို့ ငွေလိုလို့ နေမှာပေါ့။ အဲဒီအကြောင်းကတော့ မရေးတော့ပါဘူး။
ရုက္ခစိုး။ ။ ဖားက ဘာကိစ္စ မွေးရပြန်တာတဲ့တုန်း။
ဆြာတေ။ ။ ဦးရုက္ခစိုးကလည်း ဝေးရန်ကော … မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနမှာ ခေတ်မီစက် ကိရိယာတွေ ဝယ်မတပ်နိုင်လို့ ဖားတွေပဲမွေးပြီး မိုးလေဝသအခြေအနေ ခန့်မှန်းရမယ်လေ ...။
ဧည့်သည်လာတိုင်း မဒမ်တေ့ ဆူအောင့်ခြင်းမှ ခေတ္တလွတ်ငြိမ်းချမ်းသာခွင့် ရလေ့ရှိသည့် ကျွန်ုပ်၏ ဘဝပေး ကုသိုလ်ကြောင့် ဦးရုက္ခစိုးကြီး ပြန်မသွားစေရန် စကားကို အမျှင်မပြတ်အောင် ပြောနေရ လေသည်။ ထိုစဉ် လျှပ်စစ်မီးက ပျက်သွားပြန်သည်။ ဒီတချီမှာတော့ ထမင်းအိုးက ဆူပွက်သည့် အဆင့် စတင် နေပြီ ဖြစ်သည်။ မဒမ်တေက ကျွန်ုပ်ကို “ဘယ့်နှယ်ရှိစ” ဆိုသည့် မျက်နှာပေးဖြင့် ကြည့်သည်။
ဆြာတေ။ ။ ခုန တောင် ပြန်လာသေးတာပဲ … ခဏပဲပျက်တာနေမှာပါ … စောင့်ကြည့်တာပေါ့။
ကျွန်ုပ်တို့ အနားတွင်တော့ ထမင်းအကျက်ကို စောင့်ဆိုင်းနေသော ကျွန်ုပ်၏ ဘု စု ခရု ငါးကောင်က ဝန်းရန်နေသည်။ သူတို့၏ ကြွက်စီ၊ ကြွက်စီ အသံများကြောင့် လေပေးမဖြောင့်နိုင်သည့်အတွက် …
ဆြာတေ။ ။ ထမင်းလည်း မကျက်သေးဘူး ဆိုတော့ … မိန်းမ … ကလေးတွေကို ရေချိုးပေး လိုက်ပါလား။
မဒမ်တေ။ ။ မီးမလာလို့ ရေလည်း မလာဘူးလေ။ ရှင်ပဲ ရေတွင်းက သွားထမ်းရမှာ ...။
မဒမ်တေ့ လက်နက်ကြီးက ပြင်းလေစွ။ ကျွန်ုပ်ဘက်ကို ပြန်လှည့်လာသောကြောင့် အသာငြိမ်နေ လိုက်ရသည်။
ရုက္ခစိုး။ ။ ကျုပ်အကြံပေးရရင်တော့ လျှပ်စစ်မီးကို အားမကိုးဘဲ မီးသွေးမီးပဲ မွှေးလိုက်ရင် ကောင်းမယ် ထင်တယ်။
ကျွန်ုပ်ဆြာတေ မီးစမွှေးလေပြီ။ မီးသွေး မီးဖို တလုံးနှင့် အလုပ်ရှုပ်နေစဉ် … လူတဦး ငိုက်စိုက် ငိုက်စိုက်ဖြင့် ကျွန်ုပ်၏ ဂေဟာထဲ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာသည်ကို တွေ့လိုက်ရသည်။ ဦးရုက္ခစိုးက ဧည့်ထောက် ခံလိုက်သည်။
ရုက္ခစိုး။ ။ ဟာ … ချိုကုပ်ဒူးကြီး … ဘယ်က လှည့်လာတာလဲ။ ကျုပ်က လေးလပတ်စည်းဝေးထဲ ရောက်နေတယ် အောက်မေ့လို့။
ချိုကုပ်။ ။ ဟုတ်တယ်လေ … ပျင်းစရာကြီးပါဗျာ ...။ ပြောပြီးသားတွေပဲ ပြန်ပြောကြမှာ။ အဲဒါကြောင့် စိတ်ညစ်လို့ထွက်လာတာ။
ကျွန်ုပ်ဆြာတေကတော့ မီးကို အားကျိုးမာန်တက် မွှေးဆဲဖြစ်သည်။ တည်လက်စ ထမင်းအိုးက အေးနေပြီ။ ထိုစဉ် လျှပ်စစ်မီးက ပြန်လာပြန်သည်။ ထို့ကြောင့် ထမင်းအိုးကို လျှပ်စစ်နှင့်သာဆက်တည်ထားလိုက်သည်။
ရုက္ခစိုး။ ။ ကိုတာတေ … ဘယ်လိုလဲ။ လျှပ်စစ်နဲ့ပဲ ဆက်ချက်မလို့လား။
ချိုကုပ်။ ။ ဘာဖြစ်ကြတာလဲ … မီးပျက်တာလား။ မီးပျက်တာလောက်တော့ မဆန်းဘူး ထင်တယ်ဗျ ..။ ကျုပ်တိုင်းပြည်မှာ အကုန်ပျက်နေတာပဲဟာ။ မပျက်ဘူးဆိုရင်သာ ဆန်းတာ ...။
ရုက္ခစိုး။ ။ ဟုတ်ပါတယ်။ ဒီနေ့က ကိုတာတေ ထမင်းချက် တာဝန်ကျလို့ မီးမလာတဲ့ကိစ္စ အသံထွက် နေတာ။
ချိုကုပ်။ ။ လျှပ်စစ်မီး မလာရင် မီးမွှေးချက်ပေါ့ဗျာ။ ဆန်းတာမှတ်လို့။ ရေအားလျှပ်စစ်က ဈေးကောင်း တယ် .. ဘာလုပ်ဖို့ ပြည်သူလူထု သုံးမလဲ။ သူများနိုင်ငံ ရောင်းစားမှာပေါ့ မဟုတ်ဘူးလား။ လမ်းတွေ ပျက်တော့လည်း ကိုယ်ထူကိုယ်ထ ခင်းလိုက်။ ကျုပ်က ပြည်သူလူထုကို ထုသားပေသား ကျအောင် လေ့ကျင့်ပေးနေတာ။ ဒါမှ လာမယ့် အနာဂတ်နိုင်ငံတော် တည်ဆောက်တဲ့အခါ ခံနိုင်ရည်ရှိမှာ ...။
ရုက္ခစိုး။ ။ ဒါဆို … ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲတွေ အကျင့်ပျက်တာကျတော့ကော။
ချိုကုပ်။ ။ ဒါလည်း … အသစ်မဟုတ်ပါဘူး။ တယောက်တလေ ပျက်တာမှ မဟုတ်တာ။ အကုန်လုံး ပျက်တာပဲဟာ။ မပူနဲ့ … သူလည်းပျက်၊ ကိုယ်လည်းပျက် ဆိုတော့ ပျက်တယ်လို့ကို ထင်စရာ မရှိတော့ဘူး။
ဆြာတေ။ ။ ချိုကုပ်ဒူးကြီး လက်ထက်မှာ ကောင်းတာ တခုမှ မရှိတော့ဘူး ထင်တယ်နော်။
ချိုကုပ်။ ။ ဘာမှမရှိဘူး။ တမျိုးတော့မထင်ပါနဲ့ဗျာ၊ နောက်တက်မယ့် အစိုးရ … အလုပ်မလုပ်မှာစိုးလို့ … ပြဿနာလေးတွေ ချန်ခဲ့တာပါ။
ထိုစဉ် လျှပ်စစ်မီးက ပြန်ပျက်သွားပြန်သည်။ ဒီတခါ ထမင်းအိုးအဖုံး ဖွင့်ကြည့်လိုက်တော့ ဆန်စေ့တဝက် ထမင်းဖြစ်ခါစ တဝက် အနေအထား၊ ဖိုပေါ်ပြောင်းတင် ငှဲ့ချက်ဖို့လည်း အဆင်မပြေတော့၊ ခုတော့ ထမင်းအိုး တကယ် ပျက်ပြီ။ ချိုကုပ်ဒူးကြီး ကတော့ အာပေါင်အာရင်း သန်သန်ဖြင့် ဆက်ဆွေးနွေးနေဆဲ။
ချိုကုပ်။ ။ လူတွေကလည်းတော်တော် ဆိုးတယ်ဗျာ၊ ဟိုဟာပျက် … ပျက်ပြန်ပြီ၊ ဒီဟာပျက် … ပျက်ပြန်ပြီနဲ့ ...။ အဲဒါကြောင့် ဒီမိုကရေစီနဲ့ သူတို့ကို မထိုက်တန်သေးဘူးလို့ ပြောနေရတာ။
ထိုစဉ် ငြိမ်နေသော မဒမ်တေက ဝင်ပြောသည်။ ကျွန်ုပ်လှမ်းတားဖို့ အလျင်မမီတော့ ...။
မဒမ်တေ။ ။ ချိုကုပ်ဒူးကြီးတို့ ပျက်ချင်သလိုပျက်ပါ။ ပျက်ချင်တာတွေ ပျက်ပါ …။ ပျက်တယ်ဆိုတာ ကျမတို့အတွက် လုံး ….. ဝ မဆန်းတဲ့အတွက် ပြဿနာ … လုံး ….... ဝ မရှိပါဘူး။ မီးပဲ ပျက်ပျက်၊ ရေပဲ ပျက်ပျက်၊ လမ်းပဲ ပျက်ပျက်၊ အကျင့်တွေပဲ ပျက်ပျက် … ပျက်လို့ရပါတယ်။
ချိုကုပ်။ ။ အင်း … ကိုတာတေ … ခင်ဗျားမိန်းမကမှ သဘောထား ပြည့်ဝသေးတယ်၊ တွေ့လား။
မဒမ်တေ ဝင်ပြောသည်ကို ချိုကုပ်ဒူးကြီး သဘောခွေ့သွားသည်။
မဒမ်တေ။ ။ တခုတော့ရှိတယ် … ချိုကုပ်ဒူးကြီးတို့ ပျက်တာတွေက နည်းနည်း ပရမ်းပတာ နိုင်လွန်းတယ်။ ပျက်ချင်ရာ … ပျက်နေပေမယ့် … စနစ်တကျ ပျက်တယ်ဆိုရင် နည်းနည်း ခံနိုင်သေးတာပေါ့။ ခုဟာက ဘယ်အချိန်မှာ … ဘယ်ဟာက ဘယ်လို ပျက်မယ်ဆိုတာ မသိရတော့ ကျမတို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး ...။ ခုပဲကြည့် … လျှပ်စစ်မီးက ဘယ်လို ပျက်နေမှန်းမသိတော့ ကျမတို့ မိသားစု ဒီနေ့ ထမင်း ငတ်ပြီရှင့် သိရဲ့လား။
ဗိုက်ဆာသောကြောင့် အော်ငိုနေသော ကျွန်ုပ်၏ ဘုစုခရုတို့ အသံနှင့် မဒမ်တေ့ ဒေါသက ကျွန်ုပ်ဂေဟာကို လွှမ်းမိုးလျက်ရှိရာ ဆက်နေလျှင် ဒေါသစက်ကွင်း သင့်မည်ကို သိသော ချိုကုပ်ဒူးကြီး ထိုင်ရာက ထသည်။
ချိုကုပ်။ ။ ဟုတ်ပြီ ဟုတ်ပြီ ဒါ မှတ်သားရမယ့် အချက်ပဲ၊ ကျုပ် အခုလုပ်နေတဲ့ လေးလပတ် အစည်းအဝေးမှာ တင်ပြပေးပါ့မယ်။
ချိုကုပ်ဒူးကြီး ကမန်းကတန်း ထလစ်သွားသည်။ ဦးရုက္ခစိုးကတော့ ဘယ်အချိန်ကတည်းက ကိုယ်ရောင် ဖျောက်သွားလိုက်သည် မသိ။ ကျွန်ုပ်မှာတော့ မဒမ်တေ့ ဒေါသစက်ကွင်း ဗဟိုချက်တွင် တဦးတည်း အားငယ်စွာ ကျန်ခဲ့လေတော့သတည်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။
Labels:
ဧရာဝတီ မှ
ထိုင်းနိုင်ငံရေး ဂယက်ကြောင့် ချင်းမိုင် လုံခြုံရေးတင်းကျပ်၊ မြန်မာ အလုပ်သမားများ ဒုက္ခဖြစ်
Wednesday, 25 November 2009 18:59 ရန်ပိုင်
.ချင်းမိုင်မြို့ ညဈေး (Night Bazaar) တွင် ဈေးရောင်း၍ အသက် မွေးဝမ်းကျောင်း ပြုနေသည့် မြန်မာနိုင်ငံသား ၆၂ ဦးသည် ယမန်နေ့ညက ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရကြောင်း သိရသည်။
မြန်မာအလုပ်သမားများစွာ လုပ်ကိုင်နေသည့် ချင်းမိုင်ညဈေး တနေရာ
ယင်း ညဈေးတွင် ဈေးရောင်းနေသည့် ရန်ကုန်မြို့သား ကိုအောင်တိုးက “ရဲတွေ လာပြီဆိုတာနဲ့ ကျနော့်ကို သူဌေးက သူရုံးခန်းထဲမှာ ထည့်ပြီး ပိတ်ထားတယ်၊ ဘယ်မှ ပေးမသွားဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယခုဖမ်းဆီးမှုတွင် ထိုင်းနိုင်ငံတွင် တရားမ၀င် လာရောက် နေထိုင်သူ များသာမက နေထိုင်ခွင့် ပြုထားသည့် (တောင်ပေါ်သား) လက်မှတ် ကိုင်ဆောင် ထားသူများနှင့် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင်သူ များကိုလည်း ဖမ်းဆီး သွားကြောင်း သိရသည်။
မကြာသေးမီက ချင်းမိုင်မြို့အခြေစိုက် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို လိုလားသည့် အက်ဖ်အမ် ( FM ) ရေဒီယိုဌာန တခုက လက်ရှိ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အား အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် လှုံဆော်ခဲ့ကြောင်း လွန်ခဲ့သည့်ရက်ပိုင်း က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။
ယင်း သတင်းထွက်ပေါ်လာပြီး နောက် ယခုကဲ့သို့ အဖမ်းအဆီးများ ထွက်ပေါ်လာခြင်းဖြစ်သည်။
“၀န်ကြီးချုပ် ချင်းမိုင်ကိုလာရင် ရှပ်အင်္ကျီအနီဝတ်တဲ့အတိုက်အခံတွေက ဆန္ဒပြမယ်လေ၊ အဲ့သည့်ဆန္ဒပြမယ့် အထဲမှာ မြန်မာတွေ ကို တရက် ဘတ် ငါးရာ ပေးပြီး ငှားမယ်ဆိုလို့ မြန်မာတွေကိုဖမ်းတယ်လို့ပြောတယ်”ဟု ကိုအောင်တိုးကလည်း ဆက်ပြောသည်။
လာမည့် နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ရက်များတွင် ၀န်ကြီးချုပ် ချင်းမိုင်မြို့သို့လာရောက်မည်ဖြစ်ပြီး၊ ထိုသို့လာရောက်လျှင် အတိုက် အခံများဖြစ်သည့် ရှပ်အင်္ကျီ အနီဝတ် ဆန္ဒပြသူများက မြန်မာနိုင်ငံသား တရားမ၀င်လာရောက်နေထိုင်သူများကို ငှားရမ်း၍ ဗုံးဖောက်ခွဲမည်ဟု ကောလဟာလ သတင်းမျာလည်း ထွက်ပေါ်နေသည်။
ထိုင်းနိုင်ငံရေးလောကတွင် မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင် အစရှိသည့်နယ်မြေများသည် ၀န်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူ အများအပြား ရှိသည့်နယ်မြေများ ဖြစ်သည်။
ချင်းမိုင်မြို့သို့ ၀န်ကြီးချုပ် အဖိဆစ် လာရောက်လျှင် ညဈေးအနီးရှိ အင်ပီရီးယယ် ဟိုတယ်သို့ လာရောက်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသားအများစု အလုပ်လုပ်ကိုင်နေသည့် ညဈေးကို ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊၎င်းရက်များတွင် ယင်းညဈေးကို ပိတ်ထားရမည်ဟု ထိုင်းအာဏာပိုင်များကပြောဆိုကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံများမှ ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်နေသူများအား အလုပ်လုပ်ကိုင်ခွင့်လက်မှတ် များကို မကြာသေး မီက ထုတ်ပေးခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းနှင့် အိမ်ဖော်လုပ်ငန်းများတွင်သာ လုပ်ကိုင် ခွင့်ပေးထားပြီး ယခုကဲ့သို့ ဈေးရောင်းသည့်အလုပ်တွင် လုပ်ကိုင်ခွင့်ပေးမထားပေ။
၎င်းးညဈေးတွင် ရှိသည့် မြန်မာနိုင်ငံသား အများစုမှာ တခြားလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် အလုပ်သမားကတ်များကိုသာ ကိုင်ဆောင်ထားသည့်အတွက် အများစုမှာ လုပ်ငန်းခွင်သို့သွားရောက်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကိုအောင်တိုးက ဆိုသည်။
“သူဌေးကတော့ အလုပ်ဆင်းဖို့ပြောတယ်၊ အလုပ်မဆင်းရင်လည်း လုပ်ခအဖြတ်ခံရဦးမယ်၊ အဖမ်းခံရရင်လည်း သူဌေးက အာမခံ နဲ့လိုက်ထုတ်ရင်ရတယ်ဆိုပေမယ့်၊ ပြန်ရွေးရမယ့်ငွေက ကိုယ်ကပေးရမယ်၊သူတို့ကို အဲ့ဒါတွေသွားပြောပြန်လည်း လက်သုံးစကား ကကိစ္စမရှိဘူးပဲပြောတယ်၊သူတို့သားသမီးမှမဟုတ်တာ”ဟု၎င်းကပြောသည်။
ထိုင်းအလုပ်ရှင်များက ပျက်ကွက်သည့် အလုပ်သမားများကို ဒဏ်ငွေ ထိုင်းဘတ် ၂၀၀ ဆောင်ခိုင်းသည်ဟု သိရပြီး အလုပ်သမားများ ၏ တရက်လုပ်ခမှာ ဘတ် ၁၆၀ သာရသည်ဟု ဆိုသည်။
ယင်းညဈေးတွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား လီဆူးတိုင်းရင်းသူ မဖီးဘီကလည်း “သူငယ်ချင်းကောင်လေးတယောက် ဆိုရင် ရဲတွေမြင်တော့ လန့်ပြီးထွက်ပြေးတာကို ၀ိုင်းဖမ်းပြီး ထိုးကြိတ် ရိုက်နှက်ပစ်လိုက်တယ်၊ မနေ့ညက အခြေအနေတော် တော်ဆိုးတယ်”ဟုပြောသည်။
ထိုကဲ့သို့ ရဲများက ဖမ်းဆီးထိုးကြိတ်ခြင်းကို ညဈေးတွင်ရှိသည့် ထိုင်းလူမျိုးများလည်း မျက်မြင်တွေ့ရှိကြောင်း၊ ထိုသို့ပြုလုပ်ခြင်းကို အဆိုးဝါးဆုံးအခြေအနေတရပ်အဖြစ် အပြစ်တင်ပြောဆိုကြောင်းလည်း ၎င်းကဆိုသည်။
ယခုဖမ်းဆီးမှုတွင် အမျိုးသမီးများလည်းပါဝင်ကြောင်း၊ လီဆူးအမျိုးသမီးများနှင့် ရခိုင်အမျိုးသမီးများဖြစ်ပြီး အသက် ၁၈ နှစ်ခန့်ရှိ ကြောင်း၊ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံရလျှင် တရားမ၀င်နေထိုင်သူများသာမက နေထိုင်ခွင့်လက်မှတ် ရှိသူများလည်း ငွေဖြင့် ပြန်လည် ရွေးယူမှသာလျှင် အချုပ်ခန်းမှလွတ်မြောက်ကြောင်းသိရသည်။
မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားမ၀င်လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြသည်ဆိုသော်လည်း ၎င်းတို့အား လုံး သည် တရားမ၀င်သော ဒုစရိုက်အလုပ်များ လုပ်ကိုင်နေခြင်းမဟုတ်သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခြင်းကို စိတ်မကောင်းဖြစ် မိကြောင်း မဖီးဘီကပြောသည်။
ချင်းမိုင်မြို့အခြေစိုက် မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ပညာရေးကို လုပ်ကိုင်နေသည့် ( Migrant Learning Center ) မှ ဆရာစိုင်းလိန်ခမ်းကလည်း ယခုကဲ့သို့ ရွေ့ပြောင်းအလုပ်သမားများအား ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ၏ ခရီးစဉ်အား အကြောင်းပြဖမ်းဆီးခြင်း၏ နောက်ကွယ်တွင် ထိုင်းအစိုးရ အစီအစဉ်ဖြစ်သည့် ယာယီနိုင်ငံကူးလက်မှတ်လုပ်ကိုင်ရန် အတွက် ဖိအားပေးမှုတခုအဖြစ် ထင်မြင်ကြောင်း ၊သို့သော် ရိုက်နှက်ထိုးကြိတ်ဖမ်းဆီးမှုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုတရပ် ပင်ဖြစ်ကြောင်း ပြောဆိုသုံးသပ်သည်။
Labels:
ဧရာဝတီ မှ
Abonneren op:
Posts (Atom)




