မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 18 maart 2010

တပ်ရင်းမှူး၏ ဇိမ်ခံကား အတိုက်ခံရ၍ တရုတ်ပစ္စည်းသယ်ခွင့် ပိတ်

ပေါက်ပေါက်/ ၁၈ မတ် ၂ဝ၁ဝ
ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်အကြား ပြေးဆွဲနေသည့် ဗင်နှင့် ဟိုင်းလတ် ခရီးသည်တင် ကားများအား မကြာသေးမီရက်ပိုင်းကစ၍ နယ်မြေခံစစ်တပ်က တရုတ်ကုန်ပစ္စည်း သယ်ခွင့်မပေးတော့ဘဲ ဖမ်းဆီးလျက်ရှိသည်။
လွယ်ဂျယ်မြို့တွင် စခန်းထိုင်နေသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၄၃၇) မှ တပ်ရင်းမှူး၏ ဇိမ်ခံကားအား လွယ်ဂျယ်မြို့တဖက်ကမ်း တရုတ်ပြည်၊ လားရင်းကျေးရွာအတွင်း ကားတစီးက တိုက်မိပြီး ထွက်ပြေးသွားမှုအပေါ် တရားခံ ဖော်ထုတ်ပေးခြင်းမရှိသည့်အတွက် တပိုင်တနိုင် ကုန်ပစ္စည်းသယ်ယူခွင့်အား ပိတ်ထားခြင်းဖြစ်သည်ဟု ဗန်းမော် ကားသမားတဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ အပတ်ထဲမှာ တပ်ရင်းမှူးက တရုတ်ပြည်ဘက်သွားတာ၊ ကားက မတ်တူးကား။ လားရင်းထဲက တည်းခိုခန်းတခု အရှေ့မှာ ရပ်ထားတာ၊ အဲဒါကို ပွတ်တိုက်သွားတာ၊ ဘေးမှာ အစင်းတွေ နည်းနည်း ပေါ်သွားတယ်။ တိုက်တဲ့ကားက ဗမာပြည်ဘက်က ကုန်လာတိုက်တဲ့ ဟိုင်းလတ်ကားဆိုပြီး ဘယ်သူက ပြောလိုက်တယ် မသိဘူး။ ကားလိုင်းမှာရှိတဲ့ ကားသမားတွေကို ခေါ်မေးတယ်၊ ဘယ်သူမှ မတိုက်မိဘူး ပြောတော့ အငြိုးအတေးနဲ့ ကားတွေအားလုံး တရုတ်ပစ္စည်း မတင်ခိုင်းတော့ဘူး” ဟု ပြောသည်။
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မှ ဗန်းမော်သို့ ပြေးဆွဲနေသည့် မော်တော်ကားလိုင်းများမှ ဗင်ကားနှင့် ဟိုင်းလတ်ကားများတွင် တရုတ်နိုင်ငံထုတ် စက်ပစ္စည်း၊ အိုးခွက်ပန်းကန်၊ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည်လိပ် စသည့်ကုန်များကို တရုတ်ပြည်ဘက်သို့ ဝင်ရောက်သယ်ယူပြီး နယ်စပ်ကုန်သွယ်ရေးစခန်း (နကသ)က တပိုင်တနိုင် ကုန်ပစ္စည်းအဖြစ် နားလည်မှုဖြင့် သယ်ခွင့်ပြု ထားကြောင်း၊ ယခုကဲ့သို့ သယ်ခွင့်ရမှသာ ကားသမားများအနေဖြင့် တွက်ခြေကိုက်ကြောင်း အဆိုပါကားသမားက ပြောသည်။
၎င်းက “နကသ ခွင့်ပြုထားတယ်။ ဒါပေမယ့် တပ်က အဲလို တားတယ်ဆိုတော့ ဘာမှသယ်လို့မရဘူး။ ဟိုင်းလတ်ကား မပြောနဲ့ ဗင်ကားတောင် မရတော့ဘူး။ ခရီးသည်က အိမ်သုံးဖို့ တခုစ၊ နှစ်ခုစ သယ်တာလောက်ပဲ ရမယ်။ ကုန်သည်တွေ မှာလိုက်တဲ့ ပစ္စည်းတွေကို သယ်လို့မရတော့ ခရီးသည်ချည်းဆို ဆီဖိုးနဲ့ အုံနာကြေး ဘယ်လိုမှ မကိုက်တော့ဘူး” ဟု ပြောသည်။
ဗန်းမော်နှင့် လွယ်ဂျယ်ပြေးဆွဲနေသည့် ကားလိုင်းများတွင် ဗင်ကားကို ကျပ် (၁ဝ,ဝဝဝ)၊ ဟိုင်းလတ်ကားကို ကျပ် (၃,ဝဝဝ)နှုန်းဖြင့် ပြေးဆွဲနေပြီး ခရီးသည်အများစုမှာ တပိုင်တနိုင် ကုန်ပစ္စည်းများ သယ်ယူလေ့ရှိသကဲ့သို့ ဗန်းမော်မှ ကုန်သည်များ မှာယူသည့် ကုန်ပစ္စည်းများကိုလည်း သယ်ဆောင်ပေးနေကြသည်။
ယခုကဲ့သို့ တားမြစ်လိုက်သည့်အတွက် စစ်တပ်အပါအဝင် ဒေသခံအာဏာပိုင်များနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ကယ်ရီသယ်စားသူများသာ အလုပ်ဖြစ်နေသည်ဟု ကားသမားတဦးက ပြောသည်။
၎င်းက“တရားဝင်ကားလိုင်းတွေကသယ်လို့မရပေမယ့် ကယ်ရီလုပ်နေတဲ့ တုံဖုန်းကားတွေနဲ့ သယ်နေကြတယ်။ သူတို့က လိုင်းဝင်ထားပြီးသား။ နကသဂိတ်တို့၊ ဝင်းခမ်းစုပေါင်းဂိတ်တို့၊ စစ်တပ်တို့ကို ငွေပေးထားတော့ သယ်လို့ရနေတယ်။ ဂိတ်နောက်ဘက်ကနေ မောင်းသွားရုံပဲ” ဟု ပြောသည်။





Geen opmerkingen: