မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 27 juni 2011

ဦးရွှေမန်းမိန့်ခွန်းကိုပြန်ကြားရေးကဆင်ဆာဖြတ်

ဧရာဝတီ Monday, 27 June 2011 18:25
.ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကရန်ကုန်ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ပြောကြားခဲ့သော မိန့်ခွန်းကို အစိုးရ သတင်းမီဒီယာအားလုံးက ဆင်ဆာ ဖြတ်တောက်ထားကြောင်း သိရသည်။
                                                        ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း(ဓာတ်ပုံ-Reuters)
ဇွန်လ၂၄ရက်နေ့တွင်ရန်ကုန်တိုင်းပြည်သူ့လွှတ်တော်ရုံးတွင်ကျင်းပသောအစည်းအဝေး၌သူရဦးရွှေမန်းက မိန့်ခွန်းပြောကြားပြီးရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များ၊စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ တက်ရောက်ခွင့်ရခဲ့သည်။
သူရဦးရွှေမန်းကမြန်မာနိုင်ငံသည်အလွန်နိမ့်ကျလျက်ရှိပြီးအရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပေါ်သော ဆူပူအုံကြွမှုမျိုးမဖြစ်ပေါ်စေရန်နှင့်ဆူပူအုံကြွမှုဖြစ်ပေါ်လျှင်ပြည်သူများပင်နစ်နာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အဆိုပါ ပြောဆိုချက်များကို အစိုးရပိုင် သတင်းမီဒီယာအားလုံးတွင် ဖော်ပြခြင်းမပြုဘဲ ဆင်ဆာဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တဦးက“ဦးရွှေမန်းကတိုင်းပြည်အင်မတန် နိမ့်ကျနေတယ်ဆိုပြီးတော့ ၀န်ခံတယ်။သူပြောသွားတဲ့အထဲမှာဆူပူအုံကြွမှုဖြစ်ရင်ပြည်သူတွေပဲနစ်နာမယ်လို့လည်းပြောတယ်။ သူဆိုလိုတာကတိုင်းပြည်ဆူပူရင်တပ်ကအာဏာပြန်သိမ်းမယ်။အဲလိုဆိုရင်ပြည်သူပဲနစ်နာမယ်ပေါ့။ ဒါပေမယ့်အဲဒါတွေကအစိုးရရုပ်မြင်သံကြားသတင်းစာထဲမှာမထည့်တာကအတော်ထူးခြားတယ်”ဟု ပြောသည်။
“အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းမြန်မာပြည်လာတုန်းကပြောသွားသလိုပဲအရှေ့အလယ်ပိုင်း ဒေသတွေမှာလိုလူထုအုံကြွမှုတွေမဖြစ်အောင်အားလုံးဝိုင်းဝန်းကြိုးပန်းရမယ်”ဟုသူရဦးရွှေမန်းက ပြောဆိုခဲ့ပြီး ထိုပြောဆိုချက်များ ဆင်ဆာဖြတ်တောက်ခံရသည်။
သူရဦးရွှေမန်း၏တွေ့ဆုံပွဲကိုပြန်ကြားရေးဝန်ကြီးဌာန၊အစိုးရပိုင် ရုပ်သံ၊ သတင်းစာ၊ရေဒီယိုများအားလုံးတွင် သတင်းအဖြစ်ဖော်ပြကြသော်လည်းမိန့်ခွန်းကိုမှုအပြည့်အစုံဖော်ပြခြင်းမပြုဘဲ ဆင်ဆာဖြတ်တောက်ခဲ့သည်မှာထူးခြားကြောင်းတွေ့ဆုံပွဲတက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းစာဆရာများက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးက “သူရ ဦးရွှေမန်း ပြောတာတွေ အကုန်လုံးလည်း သတင်းစာမှာ မပါလာတဲ့အပြင် ဦးရွှေမန်းကလည်း အစိုးရအနေနဲ့ လွှတ်တော်က ချမှတ်မယ့် ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာ ဖော်ဆောင်ရမည်ဆိုပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၂၈ ကို ကိုးကားပြီး ပြောသွားတယ်” ဟု ပြောသည်။
ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာချုပ်တဦးက“ပုဂ္ဂလိကသတင်းမီဒီယာတွေတင်မဟုတ်ဘူး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းလည်းပြောချင်ရာပြောလို့မရဘူး၊စိစစ်ရေးရဲ့ ဆင်ဆာဖြတ်တောက်မှု ခံနေရတယ်ဆိုတာ ထင်ရှားတယ်” ဟု ပြောသည်။
သူရ ဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးအဖြစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင် ကြည်း ရေ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးအထိ တာဝန်ယူခဲ့သည်။
ဇွန်လ ၂၅ ရက်နေ့တွင် သူရ ဦးရွှေမန်းသည် ရုရှနိုင်ငံသို့ အလည်အပတ် ထွက်ခွာသွားသည်။

ဆလိုင်းတင်မောင်ဦးဂုဏ်ပြုပွဲဒေလီတွင်ကျင်းပ

ဆလိုင်း ဟံသာစန်း တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၀၀ နာရီ ၅၂ မိနစ်
.နယူးဒေလီ(မဇ္ဈိမ)။။မဆလတပါတီအာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ဦးဆောင်ရင်း ကြိုးပေးကွပ်မျက်ခံရသည့်ချင်းအမျိုးသားဆလိုင်းတင်မောင်ဦး၃၅နှစ်မြောက်အောက်မေ့ဂုဏ်ပြုပွဲတရပ်ကို အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌တနင်္ဂနွေနေ့တွင်ကျင်းပခဲ့သည်။
ချင်းကွန်မြူနတီကွန်ယက်(အိန္ဒိယ)ChinCommunityNetwork–CCN(India)ကယင်းအခမ်းအနားကို
မြန်မာရိပ်သာခန်းမBCRC၌တနင်္ဂနွေညနေပိုင်းတွင်ဦးစီးကျင်းပရာချင်း၊ရခိုင်၊ကရင်နှင့် ဗမာများ အပါအဝင်
မြန်မာ့ဒီမိုကရေစီအင်အားစု ဦးရေ ၈ဝ ကျော် တက်ရောက်ခဲ့သည်။
ဆလိုင်းတင်မောင်ဦး၃၅နှစ်မြောက်အောက်မေ့ဖွယ်အခမ်းအနားတွင်မိန့်ခွန်းပြောနေသည့်NCGUBဝန်ကြီး ဒေါက်တာတင့်ဆွေ။(ဓာတ်ပုံ-မဇ္ဈိမ)
‘‘တိုင်းပြည်အတွက်အသက်စွန့်ပေးဆပ်သွားတဲ့ဆလိုင်းတင်မောင်ဦးကိုလေးစားဂုဏ်ပြုလိုတဲ့အတွက်အခမ်းအနား ကျင်းပတာပါ။နောက်တခုကပြည်တွင်းပြည်ပမှာရှိတဲ့ချင်းလူငယ်တွေအကုန်လုံးဆလိုင်းတင်မောင်ဦးကိုလေးစား အားကျစေလိုတဲ့အတွက် ဖြစ်ပါတယ်’’ဟု အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်ကိုCCNဥက္ကဋ္ဌ ကိုဆလုံးက မဇ္ဈိမကို ပြောပြသည်။
CCNသည် တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နယူးဒေလီနှင့် မီဇိုရမ်ပြည်နယ်ရှိ ချင်းတိုင်းရင်းသားများအကြား ချိတ်ဆက်လှုပ်ရှားနေသည့် အဖွဲ့အစည်းတခုဖြစ်သည်။
၁၉၇၄ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့်အလုပ်သမားသပိတ်ကြီးနှင့်ဦးသန့်အရေးအခင်းတွင် ဆလိုင်းတင်မောင်ဦးနှင့်အတူပါဝင်လှုပ်ရှားခဲ့သည့်ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ဦးဖြူဝင်းက“သူ(ဆလိုင်းတင်မောင်ဦး)နဲ့ကျနော်ကြုံတာကကျိုက္ကဆံကွင်းကနေဦးသန့်အလောင်းကို ကျောင်းသားတွေနဲ့သံဃာတော်တွေလုယူခဲ့ပြီးအပြန်မှာရန်ကုန်တက္ကသိုလ်နားရောက်ရော မိုက်နဲ့အော်နေတဲ့လူလက်ထဲကနေသူကမိုက်ကိုလုယူလိုက်ပြီးတက္ကသိုလ်ထဲချိုးကွေ့ချိုးကွေ့ဆိုပြီးသူက ဦးဆောင်အော်ခဲ့တယ်” ဟု အခမ်းအနားတွင် ပြောပြခဲ့သည်။
ဆလိုင်းတင်မောင်ဦးမှာ၁၉၇၂ရန်ကုန်တက္ကသိုလ်၌သတ္တဗေဒဘာသာရပ်အဓိကဖြင့်ပညာသင်နေရင်း နိုင်ငံရေးလှုပ်ရှားမှုဖြင့်ယင်းနှစ်ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၉၇၃ ဇန်နဝါရီ၃ ရက်နေ့အထိ ထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက်၁၉၇၄အထွေထွေအလုပ်သမားသပိတ်၌ပါဝင်ကာဗိုလ်ချုပ်ကြီးနေဝင်း၏မဆလခေါ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအား ဆန့်ကျင်ခဲ့သည်။
၁၉၇၄ဒီဇင်ဘာလ၅ရက်နေ့တွင်ကွယ်လွန်သူဦးသန့်(ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်) အရေးအခင်း၌ဦးဆောင်ပါဝင်ခဲ့ပြီးနောက်ထိုင်း-မြန်မာနယ်စပ်ရှိပြည်ချစ်ပါတီထံဆက်သွယ်ကာ ကျောင်းသားလှုပ်ရှားမှုအားကူညီရန်ဆွေးနွေးခဲ့သည်။ထို့နောက် ပြည်တွင်းသို့ ပြန်ဝင်လာပြီးနောက် ၁၉၇၅ ဇွန် ၆ ရက်နေ့ အလုပ်သမားနှစ်ပတ်လည် အရေးအခင်း၌ ပါဝင်လှုပ်ရှားခဲ့ပြန်သည်။
မဆလအစိုးရကသူ့ကိုဖမ်းဆီးရန်သတင်းစာမှပင်ကြေညာခဲ့ရသည်။၁၉၇၆မတ်လ၂၃ရက်နေ့တွင် ပြုလုပ်မည့်မှိုင်းရာပြည့်အရေးအခင်းအတွက်ကြိုးပမ်းနေစဉ်တရက်အလိုတွင်သမိုင်းချည်မျှင်နှင့် အထည်စက်ရုံအလုပ်သမားတန်းလျား၌ဖမ်းဆီးခံရသည်။ထို့နောက်အင်းစိန်ထောင်၌အကျဉ်းရုံး စစ်ဆေးကာ၁၉၇၆ဇွန်လ၂၆ရက်မနက်လင်းအားကြီးတွင်အာဏာပိုင်များကတိတ်တဆိတ် ကြိုးပေးကွပ်မျက်ခဲ့သည်။
ကြိုးစင်မတက်မီ“မင်းတို့စစ်ဖိနပ်အောက်မှာငါဘယ်တော့မှဒူးမထောက်ဘူး။မင်းတို့ငါ့ခန္ဓာကို သတ်လို့ရပေမယ့်ငါ့ခံယူချက်နဲ့စိတ်ဓာတ်ကိုတော့ဘယ်တော့မှသတ်လို့မရဘူး”ဟုသူက ကြွေးကြော်ခဲ့သည်။
ဆလိုင်းတင်မောင်ဦး၏ စိတ်ဓာတ်နှင့် ခံယူချက်ကို ယနေ့ခေတ်လူငယ်များ အတုယူသင့်ကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ဒေလီအခမ်းအနား၌ တိုက်တွန်းပြောဆိုခဲ့သည်။
“ကိုယ့်လူမျိုးအတွက်ကိုယ်လုပ်တာကောင်းသလိုပြည်ထောင်စုတခုလုံးအတွက်လုပ်ပါလားဆိုတဲ့ကျယ်ပြန့်တဲ့
နိုင်ငံရေးအမြင် ထားသင့်ကြတယ်လို့ ဒီနေ့လူငယ်တွေကို မေတ္တာရပ်ခံ ထောက်ပြပါရစေ။ ပြည်ထောင်စုကြီး
တခုလုံးအတွက်အသက်ပေးသွားခဲ့တဲ့ဆလိုင်းတင်မောင်ဦးကောင်းရာသုဂတိလားပါစေလို့လည်း ဆုတောင်းပါတယ်” ဟု သူက ဆိုသည်။







အရှိုချင်းမျိုးနွယ်ဖြစ်သူ ဆလိုင်းတင်မောင်ဦးကို ဖခင် ဦးလှဒင်နှင့် မိခင် ဒေါ်နှင်းမြိုင်တို့က ၁၉၅၁ နိုဝင်ဘာ ၉ ရက်နေ့တွင် ပဲခူးတိုင်း တောင်ငူမြို့၌ မွေးဖွားခဲ့ကာ မွေးချင်း ၈ ဦးအနက် အကြီးဆုံး ဖြစ်သည်။



ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုပွဲများကို အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါအပါအဝင် နိုင်ငံအချို့တွင်လည်း ချင်းအမျိုးသားများက စုပေါင်းကျင်းပခဲ့ကြရာ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် ကျန်ရစ်သူ မိသားစုဝင်များက ဦးစီးပြုလုပ်ရာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားထားသည့် ဗီဒီယိုမိန့်ခွန်းတရပ် ပေးပို့ခဲ့သေးသည်။





သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးမြန်မာပြည်လာမည်

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။နိုင်ငံခြားအဆင့်မြင့်အရာရှိများမြန်မာနိုင်ငံသို့ယခုတလောလာရောက်ကြသကဲ့သို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးမစ္စတာKevinRuddလည်းကြာသပတေးနေ့တွင်မြန်မာပြည်သို့ ရောက်ရှိမည်။
မစ္စတာRuddသည်ဇွန်၃ဝရက်မှဇူလိုင်၂ရက်နေ့အထိမြန်မာနိုင်ငံတွင်နေထိုင်မည်ဖြစ်ကာ၊အစိုးရ အရာရှိများ၊ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အတိုက်အခံများနှင့်နေပြည်တော်နှင့်ရန်ကုန်မြို့၌တွေ့ဆုံရန် စီစဉ်ထားသည်။
“မြန်မာနိုင်ငံ၏သမိုင်းတွင်အရေးကြီးသောအခြေအနေတခုဖြစ်ပွားနေစဉ်ယခုခရီးစဉ်ပေါ်ပေါက်လာပြီး သြစတြေးလျအစိုးရအနေဖြင့်မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမည်ကဲ့သို့ အကောင်းဆုံးကူညီနိုင်မည်ကိုအကဲခတ်လေ့လာရန်အခွင့်ရရှိလာစေမည်”ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးရုံး၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

                သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မစ္စတာ KevinRudd (Photo: Australian government)
မစ္စတာRudd၏သဝဏ်လွှာထဲတွင်“မြန်မာနိုင်ငံမှာအမျိုးသားပြန်လည်စည်းလုံးရေးနှင့် ဒီမိုကရေစီပေါ်ပေါက်လာရေးအတွက်ထပ်လောင်းတိုက်တွန်းပြောကြားရန်မိမိအနေနှင့် ယခုတွေ့ဆုံဆွေးနွေးမှုများကို အသုံးချသွားမည်” ဟု ဆိုထားသည်။
၎င်းလာရောက်ခြင်းမပြုမီဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့၊အမေရိကန်မှအဆင့်မြင့်သံတမန်များ၊ တရုတ်နှင့်အိန္ဒိယမှကိုယ်စားလှယ်များမြန်မာနိုင်ငံသို့လာရောက်ခဲ့ကြသေးသည်။မြန်မာနိုင်ငံတွင် ယခုနှစ်အစောပိုင်း လွှတ်တော်ခေါ်ပြီး နောက်ပိုင်းတွင် နိုင်ငံခြားအစိုးရ များက မြန်မာ့နိုင်ငံရေး အခြေအနေ အပြောင်းအလဲများ ရှိမရှိ လေ့လာစူးစမ်းရန် စိတ်အားထက်သန်နေခြင်းဖြစ်သည်။
၂ဝဝ၈မေလတွင်မြန်မာနိုင်ငံကိုနာဂစ်မုန်တိုင်းတိုက်ခတ်ပြီးတပတ်ခန့်အကြာတွင်မစ္စတာRudd ကမြန်မာစစ်အစိုးရကိုအပြင်းအထန် ဝေဖန်ပြောကြားခဲ့ရာ၌“အခုလိုအချိန်မှာလက်တွေ့ကျကျနဲ့ချက်ချင်း လုပ်ဆောင်သင့်တာကမြန်မာနိုင်ငံရဲ့တံခါးတွေကိုရိုက်ချိုးဖွင့်ပြီးတော့အကူအညီအရေးတကြီး လိုအပ်နေတဲ့ လူထုကို အကူအညီပေးဖို့ပါပဲ” ဟု ဆိုခဲ့သည်။
သို့ရာတွင်မြန်မာနိုင်ငံတွင်၂ဝ၁ဝနိုဝင်ဘာလတွင်ကျင်းပခဲ့သည့်ရွေးကောက်ပွဲအကြိုကာလကမူမစ္စတာ Ruddက“သြစတြေးလျအနေနဲ့ရည်ရွယ်ထားတာကအဲဒီရွေးကောက်ပွဲကနေဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာကိုလေ့လာစောင့်ကြည့်ဖို့နဲ့ရွေးကောက်ပွဲပြီးတဲ့အခါမြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တွေဘာပြောကြမလဲဆိုတာကိုသေချာနားထောင်ဖို့ဖြစ်ပါတယ်။ပြီးရင်တော့အခုထိ မြန်မာနိုင်ငံမှာဆက်ဖြစ်နေတဲ့ဖိနှိပ်မှုတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုနိုင်ငံတကာရဲ့ ရွေးချယ်မှုတွေနဲ့အညီဆောင်ရွက်သွားမှာပါ”ဟုသြစတြေးလျ အသံလွှင့် ကော်ပိုရေးရှင်းသို့ သံတမန်ဆန်စွာ ပြောဆိုခဲ့သေးသည်။
၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင်သြစတြေးလျကမြန်မာနိုင်ငံသို့နိုင်ငံခြားအထောက်အပံ့အဖြစ်အမေရိကန်ဒေါ်လာ သန်း၅ဝခန့်ကူညီလိမ့်မည်ဟု မျှော်လင့်ရသည်။၂ဝဝ၉-၂ဝ၁ဝခုနှစ်တွင်ကူညီခဲ့သောပမာဏဒေါ်လာ၂၉ သန်းနှင့်နှိုင်းယှဉ်လျှင် များပြားလာခြင်း ဖြစ်သည်။
ယခုခရီးစဉ်သည်သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးအနေနှင့်၂ဝဝ၂ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်း ဖြစ်သည်။ နောက်တနှစ်အကြာ၂ဝဝ၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဒီပဲယင်းအရေးကိစ္စ ဖြစ်ခဲ့ပြီး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ချထားခံရကာ၂ဝ၁ဝ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်မှ ပြန်လွတ်လာခဲ့သည်။
မြန်မာနိုင်ငံသို့မလာခင်မစ္စတာRuddသည်အာဖရိကသမဂ္ဂအလုပ်အမှုဆောင်အစည်းအဝေး တက်ရောက်ရန် အက်ကွက်တိုးရီးယယ်ဂီနီ နိုင်ငံသို့ သွားရောက်မည်။ ဝါရှင်တန်ဒီစီအခြေစိုက်‘Freedom House’ ၏ အဆိုအရ အက်ကွက်တိုးရီးယယ်သည် မြန်မာနိုင်ငံကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်နေသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။





အင်းလေးကန်ထဲကျွန်းမျောမတိုးရန်ဒုသမ္မတပြော

ထွန်းထွန်း တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၃ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ရေခမ်းခြောက်ကာရေအဆိပ်သင့်နေသည့်ရှမ်းပြည်နယ်အင်းလေးကန်အတွင်း ကျေးရွာ၊နေအိမ်နှင့်ကျွန်းမျောများထပ်မံမဆောက်လုပ်ရန်အပါအဝင်၁ဝချက်အားဒုသမ္မတဒေါက်တာ စိုင်းမောက်ခမ်းကတနင်္ဂနွေနေ့ ညှိနှိုင်း ဆွေးနွေးပွဲတရပ်တွင် တိုက်တွန်းလိုက်သည်။
ဇွန်လ၂၆ရက်နေ့တွင်အင်းလေးကန်သို့သွားရောက်ခဲ့ကာအင်းလေးကန်ရေရှည်တည်တံ့ရေးနှင့်သဘာဝ ပတ်ဝန်းကျင်အခြေအနေများထိန်းသိမ်းရေးလုပ်ငန်းဆွေးနွေးပွဲတရပ်တွင်တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲသို့ပြည်ထောင်စုသစ်တောရေးရာနှင့်လယ်ယာ/ဆည်မြောင်းဝန်ကြီးများ၊မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အင်းလေးကန်ထိန်းသိမ်းရေးအတွက်အချက်၁၀ချက်ကိုအလေးအနက်ထားဆောင်ရွက်ရန်ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပြော
သူက“အင်းလေးကန်တွင်နောက်ထပ်ကျေးရွာ၊အိမ်၊ကျွန်းမျောများတိုးချဲ့ တည်ဆောက်မှုမပြုရန်၊မလိုအပ်သောကျွန်းမျော၊ဒိုက်၊မှော်၊နုန်းမြေများကိုဆယ်ယူဖယ်ရှားရှင်းလင်းရန်နှင့် ချောင်းများရေစီးရေလာကောင်းအောင်ပြန်လည်ထိန်းသိမ်းပြုပြင်ရန်”ဟုဆိုသည်။
ထို့အပြင်ကန်ပတ်လည်မိုင်၂ဝအတွင်းသစ်တောများခုတ်ယူခြင်း၊တောင်ယာများပြုလုပ်ခြင်းနှင့် ကျွန်းမျောများကိုရေခြံပြုလုပ်ခြင်းကိုပါတားမြစ်ရန်တိုက်တွန်းခဲ့သည်။
အင်းလေးကန်နှင့်ဝန်းကျင်ဒေသတွင်ကျေးရွာအုပ်စု၃၆စုရှိပြီးလူဦးရေ၁သိန်း၇သောင်းကျော်နေထိုင်လျက် ရှိသည်။
ဒုသမ္မတတိုက်တွန်းချက်အတိုင်းပြုလုပ်ပါကဒေသခံများနေထိုင်ရေးခက်ခဲလာနိုင်သဖြင့်အစိုးရက စနစ်တကျ ကိုင်တွယ်မှသာလုပ်ငန်းအောင်မြင်မည်ဟုရန်ကုန်ရှိသစ်တောသယံဇာတ၊ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ထိန်းသိမ်းရေးအသင်းFREDAမှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက အကြံပြုသည်။
“လူတွေရဲ့နေမှုထိုင်မှုကတော့အရေးကြီးတယ်။ဒေသခံတွေကတသက်လုံးမိရိုးဖလာသားစဉ်မြေးဆက်ဒီနေရာမှာနေပြီး ဒီနေရာမှာရှင်လာကြတာဆိုတော့သူတို့ရဲ့စားဝတ်နေရေးလည်းဒါဦးစားပေးရမှာ။ဖွံ့ဖြိုးမှုနဲ့သဘာဝပတ်ဝန်းကျင်က အမြဲတမ်းလွန်ဆွဲနေတာ။အဲဒါအမြဲတမ်းဝိရောဓိဖြစ်နေတော့ဒီပြဿနာတွေကိုလိမ်လိမ်မာမာနဲ့ စိတ်ရှည်လက်ရှည်နဲ့စေတနာထားပြီးလုပ်မယ်ဆိုရင်တဖြည်းဖြည်းတော့အောင်မြင်သွားမှာပါ”ဟုသူက မဇ္ဈိမကို ပြောသည်။

                    အင်းလေးကန်တွင်းတည်ဆောက်ထားသောရေပေါ်ခြေတံရှည်အိမ်များ(ဓါတ်ပုံမဇ္ဈိမ)
အင်းလေးဒေသအခြေစိုက်အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဝင်းမြင့်ကလည်း“ ကုန်ထုတ်လုပ်ငန်း၊စက်မှုလက်မှုလုပ်ငန်းလေးတွေပေါ့လေ။နောက်အသေးစားအိမ်တွင်းမှု လုပ်ငန်းလေးတွေ၊အဲဒါလေးတွေကိုလုပ်ပေးလိုက်လို့ရှိရင်လူတွေကလည်းကုန်းပေါ်ကို ရောက်သွားပြီးတော့မှလူနေမှုကလည်းအဆင်ပြေသွားမယ်။အင်းလေးကန်ကိုလည်းအညစ်အကြေးတွေ မရှိတော့ဘူး။အားလုံးကအလုပ်အကိုင်တွေရှိသွားမှာဖြစ်တဲ့အတွက်အသေးစား လက်မှုလုပ်ငန်းလေးတွေတော့ ထူထောင်ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။
အင်းလေးကန်သည်မူလကရေပြင်ဧရိယာ၁ဝဝစတုရန်းမိုင်အထိရှိခဲ့ရာမှ၂ဝဝ၈ခုနှစ်တွင်၂၃မိုင်ခန့်သာရှိတော့ကာ၂ဝ၁ဝခုနှစ်ထဲတွင်စံချိန်တင်ရေခမ်းခြောက်ခဲ့သည်။ကန်သည်နွေရာသီတွင်ပျမ်းမျှ ရေအနက်၇ပေခန့်ရှိပြီးအနက်ဆုံးအပိုင်းမှာ၁၂ပေခန့်ရှိကာမိုးရာသီတွင်မူပျမ်းမျှထက်၅ပေခန့် မြင့်တက်လေ့ရှိသည်။
ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဆွေးနွေးချက်ထဲတွင်ကန်အတွင်းရေဝင်ရေထွက်နည်းလာခြင်းနှင့်နုန်းကျခြင်းများရှိနေရာ၊ ရေဝေရေလဲဒေသရှိသစ်တာသစ်ပင်များစိုက်ပျိုးခြင်း၊ထိန်းသိမ်းခြင်းနှင့်နုန်းတားဆည်များတည်ဆောက်ရန်ကိုပါ ထည့်သွင်းပြောဆိုခဲ့သည်။

ရှမ်းပြည်နယ် အင်းလေးကန်တွင်းရှိ ခရမ်းချဉ်သီးပင်များကို ပိုးသတ်ဆေး ပက်ဖျန်းနေသူတဦး ပိုးသတ်ဆေး သုံးစွဲမှုကြောင့် ကန်ထဲရှိ ရေသတ္တဝါများ အတွက် အဆိပ်သင့်မှုများ ရှိသည်။ ဓာတ်ပုံ- မဇ္ဈိမ။
ထို့အပြင်ဒေသခံများအတွက်သောက်သုံးရေရင်းမြစ်များရှာဖွေတည်ဆောက်ရန်၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုအမျိုးသားရေးလိုအပ်ချက်အဖြစ်ပညာပေးလုပ်ငန်းများဆောင်ရွက်ရန်အပြင်ဘဏ္ဍာငွေဖောင်ဒေးရှင်း တရပ်အားနိုင်ငံတော်မှမတည်၍လုပ်ငန်းရှင်များထည့်ဝင်ငွေဖြင့်ဆောင်ရွက်သွားရန်တိုက်တွန်းထားသေးသည်။
အင်းလေးကန်မှာမြန်မာနိုင်ငံ၏သဘာဝအမွေအနှစ်တခုဖြစ်ပြီးနိုင်ငံခြားခရီးသွားများမျက်စိကျသည့်ဒေသလည်း ဖြစ်သည်။ထို့အပြင်အရှေ့တောင်အာရှနိုင်ငံများအသင်းASEANကအာဆီယံ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်သည်။
အင်းလေးကန်ကိုနဂိုမူလအတိုင်းပြန်ဖြစ်ရန်အတွက်၁ဝနှစ်ထက်မနည်းအချိန်ယူလုပ်ဆောင်ရမည်ဖြစ်ကာ၊ တားမြစ်ချက်ထုတ်ပြန်ခြင်းအပြင်တိကျသည့်ဥပဒေများပြဋ္ဌာန်းရန်လိုအပ်သေးသည်ဟုဦးအုန်းက ပြောဆိုသည်။
သူကဆက်ပြီး“ဥပဒေတွေကလည်း မလုံလောက်ဘူး။ဥပမာဆိုပါတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ EnvironmentalLawကအခုထက်ထိမထွက်သေးဘူး။နောက်တခုအရေးကြီးတာကအင်းလေးနဲ့လည်း ဆိုင်တာကBiodiversityLaw။ဆိုလိုတာကအဆိပ်အတောက်ရှိတဲ့ဓာတုဓာတ်မြေသြဇာတွေအစားသဘာဝ ဓာတ်မြေသြဇာအစားထိုးတဲ့ စနစ်။ ဒါကလုပ်တာကတပိုင်း၊ဥပဒေကလည်း ပြုရမယ်” ဟု ပြောသည်။
အင်းလေကန်အတွင်းကျွန်းမျောစိုက်ခင်းများတွင်ဓာတုဓာတ်မြေသြဇာများအသုံးပြုနေသဖြင့် ရေညစ်ညမ်းမှုများဖြစ်နေပြီး ကန်အတွင်း ကျွန်းမျော စိုက်ခင်းပေါင်း ဧက ၈ဝဝဝ ခန့် ရှိသည်ဟု ဦးဝင်းမြင့် အဆိုအရ သိရသည်။
ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့ရှိအင်းလေးကန်တွင်ရေခန်းခြောက်နေသည်ကိုတွေ့ရစဉ်။ဓာတ်ပုံ- မဇ္ဈိမ။
“အင်းလေးကန်ရေကရေအရည်အသွေးညံ့လာတာရယ်၊ပြီးတော့ခရမ်းချဉ်သီးစိုက်ခင်းမှာဓာတုဗေဒပစ္စည်းတွေ သုံးတဲ့အတွက်အင်းလေးကန်မှာရေအရည်အသွေးလျော့ကျလာတာရှိပါတယ်။ဒါပေမဲ့လူတွေကိုအန္တရာယ်
ဖြစ်လောက်တဲ့အထိမဖြစ်သေးပါဘူး။ဒါလေးကိုကျနော်တို့ကမထိန်းသိမ်းလို့ရှိရင်နောက်၅နှစ်မှာလူကို အန္တရာယ်ဖြစ်လာမယ့် အနေအထား ရှိပါတယ်” ဟု သူက ဆိုသည်။
အင်းလေးကန်ကြီးရေရှည်တည်တံ့ရေးလုပ်ငန်းများအတွက်မြန်မာအစိုးရကကြီးကြပ်ရေးကော်မတီတရပ် ဖွဲ့စည်းထားသော်လည်းဝန်ကြီးဌာနပေါင်းစုံအနေဖြင့်ထိရောက်စွာပေါင်းစပ်လုပ်ကိုင်မှသာ အောင်မြင်နိုင်မည် ဟုလည်း ဦးအုန်းက ပြောဆိုလိုက်သည်။



“ဒုသမ္မတက ဌာနတွေ အကုန်လုံးကို ကိုင်ပြီးတော့ အစစအရာရာ အဆင်ပြေအောင် သူက ဖန်တီးပေးရမှာ။ အဲဒါမှ အောင်မြင်မယ် ထင်တယ်။ ဝန်ကြီးဌာန တခုထဲ၊ နှစ်ခုထဲ ပေးတာထက် ဌာနပေါင်းစုံကို ဒုသမ္မတအောက်မှာ ထားပြီး အင်းလေးကန် ရေရှည်တည်တံ့ဖို့ ဆိုတဲ့ ခံယူချက်နဲ့ လုပ်မယ် ဆိုရင်တော့ မဖြစ်မနေ အောင်မြင်မှာပဲလို့ ယူဆတယ်” ဟု သူက ပြောသည်။



သစ်တော၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနများ သာမက မြန်မာ့ရေလုပ်ငန်း၊ ဟိုတယ်ဇုန်နှင့် ခရီးသွား လုပ်ငန်းများပါ စုပေါင်း လုပ်ကိုင်သင့်သည်ဟု ဆိုသည်။





zaterdag 25 juni 2011

စည်းကမ်းမဲ့စွန့်ပစ်ပစ္စည်းများဒဏ်ရခိုင်ဒေသခံများမခံနိုင်

ခင်ဦးသာ Saturday, 25 June 2011 13:10
.ရခိုင်ပြည်နယ်ကျောက်ဖြူမြို့၌တည်ဆောက်နေသောကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်စပ် လုပ်ငန်းခွင်များမှထွက်သောစွန့်ပစ်ပစ္စည်းများအားလူနေကျေးရွာအနီး၌စည်းကမ်းမဲ့စွန့်ပစ်နေခြင်းနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားသော်လည်း အရေးယူမှုမရှိဟု ဒေသခံများက ပြောသည်။
                                                   တည်ဆောက်ဆဲကျောက်ဖြူရေနက်ဆိပ်ကမ်း(ဓာတ်ပုံ-ဧရာဝတီ)
ကျောက်ဖြူမြို့ကံ့ကော်တောဘုရားအနီးတည်ဆောက်နေသောသဘာဝဓာတ်ငွေ့သန့်စင်စက်ရုံစီမံကိန်း လုပ်ငန်းခွင်များ၌ကိုရီးယား၊တရုတ်၊အိန္ဒိယ၊မလေးရှား၊ဖိလစ်ပိုင်စသည့်နိုင်ငံသားတရာကျော်နှင့် မြန်မာနိုင်ငံတွင်းမှကုမ္ပဏီတချို့၏၀န်ထမ်းများနေထိုင်လုပ်ကိုင်ကြောင်း သိရသည်။
“အဲဒီလူတရာကျော်ရဲ့စားကြွင်းစားကျန်တွေ၊အဲဒီလူတွေသုံးတဲ့အိမ်သာကမိလ္လာတွေ၊အသုံးအဆောင်စွန့်ပစ်ပစ္စည်းတွေကို ကံ့ကော်တောဘုရားနဲ့နီးစပ်နေတဲ့အုန်းတောနဲ့ဂုံးချိန်ရွာနားကချောင်းထဲကို နေ့တိုင်းလာစွန့်ပစ်နေတယ်”ဟု အုန်းတောရွာသားတဦးက ဧရာဝတီကို ပြောသည်။
အဆိုပါစွန့်ပစ်ပစ္စည်းများမှထွက်သောအနံ့ဆိုးများကြောင့်ရွာသားများသည်နေထိုင်မရအောင်ပင်ကြုံနေကြရကြောင်း၊ အထူးသဖြင့်မိုးရွာသောနေ့များတွင်ပိုမိုဆိုးရွားကြောင်း၊ထို့ကြောင့်အုန်းတောရွာသားတရာဝန်းကျင်နှင့်ဒေသခံများ၊ဒေသခံသံဃာတော်များကစုပေါင်းလက်မှတ်ထိုး၍မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အုပ်ချုပ်ရေးမှူးများထံ ဇွန်လ၁၄ရက်နေ့တွင်တိုင်ကြားသော်လည်း၎င်းတို့၌ပြောဆိုဟန့်တားပိုင်ခွင့်မရှိဟု ပြန်လည်ပြောဆိုကြောင်း ဒေသခံများက ပြောပြသည်။
“ဒေသဆိုင်ရာတွေကတာဝန်ယူမှုမရှိလို့ဇွန်လ၁၈ရက်နေ့မှာပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်ကို ထပ်မံတိုင်ပါတယ်။ဝန်ကြီးချုပ်ကလည်းဘာမှအရေးယူပြောဆိုတာမရှိဘူး”ဟုအုန်းတောရွာခံကဆိုသည်။
ဒေသဆိုင်ရာအာဏာပိုင်များနှင့်ပြည်နယ်အစိုးရကအရေးယူမှုမရှိ၍ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့်နေပြည်တော်ရှိဗဟိုအစိုးရထံထပ်မံတိုင်ကြားသွားမည်ဟုဒေသခံများကပြောသည်။
“တိုင်စာတွေတော့ရထားပြီးပါပြီ၊ပြည်နယ်အစိုးရနဲ့ဆွေးနွေးဖို့ဆောင်ရွက်နေပါတယ်၊ပြည်နယ်အစိုးရအနေနဲ့တော့ အရေးယူမှုလုပ်နိုင်မယ်မထင်ဘူး၊နေပြည်တော်ကလွှတ်တော်အစည်းအဝေးတွေမှာလည်းပဲဒီကိစ္စကိုပြောထားပါတယ်”ဟုရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ကျောက်ဖြူမြို့ခံ ဦးဘရှင်က ပြော သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်နွယ်နေသောလုပ်ငန်းခွင်များတွင်လုပ်ကိုင်နေကြသည့် ကုမ္ပဏီများ၊ပြည်တွင်း၊ပြည်ပနိုင်ငံသားများ၊အာဏာပိုင်များအနေဖြင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ဒေသခံပြည်သူလူထုအား ထိခိုက်နစ်နာ စေ မည့် ကိစ္စများ မဖြစ်ပေါ်စေရေးကို အလေးထားလုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးဘရှင်က ဆိုသည်။
ကျောက်ဖြူမြို့အနီးရှိမဒေးကျွန်းပေါ်မှတရုတ်နိုင်ငံသို့သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမည့် မဒေးကျွန်းအနီးရှိပင်လယ်ပြင်၌တည်ရှိသောကျောက်ဆောင်၊ကျောက်တန်းအများအပြားကိုလည်း ဒိုင်းနမိုက်ကိရိယာများအသုံးပြုကာဖြိုခွဲဖျက်ဆီးခဲ့မှုများကြောင့်သဘာဝပတ်ဝန်းကျင်ထိခိုက်ခဲ့သည့်အပြင် ရေနေသတ္တ၀ါအများအပြားကို သေဆုံးစေခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်သောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု မရှိသေးကြောင်း၊တာဝန်ရှိသူများ၏ စီမံကိန်းနှင့်ပတ်သက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစာရွက်စာတမ်းများ၌ရေးသားထားချက်များသည် ကောင်းမွန်သော်လည်း လက်တွေ့လိုက်နာမှု အားနည်းသေးကြောင်း သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ပညာရှင် ဦးအုန်းက ပြောသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်စပ်နေသောလုပ်ငန်းခွင်များ၌တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီတခုဖြစ်သောတရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(ChinaNationalPetroleum Corporation-CNPC)ကုမ္ပဏီကဦးဆောင်ကာ၂၀၁၀ပြည့်နှစ်အောက်တိုဘာလမှစ၍အကောင်ထည်ဖော် တည်ဆောက်လျက်ရှိပြီး၂၀၁၃ခုနှစ်တွင်အပြီးတည်ဆောက်မည်ဟုအစိုးရသတင်းစာများ၌ ရေးသားခဲ့သည်။
                                                   ကျောက်ဖြူရေနက်ဆိပ်ကမ်းလုပ်ငန်းခွင်တခု(ဓာတ်ပုံ-ဧရာဝတီ)
ထိုစီမံကိန်းများပြီးစီးပါကကျောက်ဖြူမြို့မှတရုတ်နိုင်သို့တနှစ်လျှင်သဘာဝဓာတ်ငွေ့တန်ချိန်ကုဗမီတာ၁၂ ဘီလီယံနှင့် ရေနံစိမ်း စည် ၄၀၀၀၀၀ ခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
CNPCကုမ္ပဏီအပြင်PSCကုမ္ပဏီ၊MNG၊HyundiaMyintandAssociate၊ဒေ၀ူး၊ မြန်မာ့ ရွှေသရဖူ၊ အေးရှားဝေါလ်စသည့်ပြည်တွင်း၊ပြည်ပကုမ္ပဏီများကလုပ်ဆောင်နေကြကြောင်းရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့တာဝန်ခံ ကိုဝင်းအောင် က ပြောသည်။
စီမံကိန်းလုပ်ငန်းခွင်များ၌လည်းလူ့အခွင့်အရေးချိုးဖောက်မှု၊လုပ်အားခဖြတ်တောက် ခေါင်းပုံဖြတ်မှုများရှိနေပြီး ထိုကိစ္စများကို မကျေနပ်၍ သက်ဆိုင်ရာကို တိုင်ကြားခဲ့သည့်အလုပ်သမား ၁၀၀ ၀န်းကျင်ကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း ကိုဝင်းအောင် က ဆိုသည်။
ယင်းစီမံကိန်းလုပ်ငန်းခွင်များ၌လုပ်ကိုင်နေသောဒေသခံအလုပ်သမားတချို့၏အဆိုအရ၎င်းတို့သည် မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိအလုပ်လုပ်ကြရပြီးတနေ့လုပ်အားခမှာကျပ်၁၅၀၀ မှ ၂၅၀၀ သာ ရရှိကြောင်း၊ အလုပ်သမား တဦး အတွက် တရားဝင်လုပ်အားခကို ကျပ် ၅၀၀၀ ဟု သတ်မှတ်ထားသော်လည်း ဒေသ အာဏာပိုင်များနှင့်ကြီးကြပ်သူ မြန်မာနိုင်ငံ သားများက ခေါင်းပုံဖြတ်သည်ဟု သိရသည်။

လူသားလုံခြုံရေးသည်အမျိုးသားလုံခြုံရေးဖြစ်သည်

မဇ္ဈိမသတင်းဌာန စနေနေ့၊ ဇွန်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၀ မိနစ် .
မြန်မာနိုင်ငံသည်အမျိုးသားလုံခြုံရေးနိုင်ငံဖြစ်သည်။အမျိုးသားလုံခြုံရေးမှန်ဘီလူးကြီးဖြင့်ကြည့်၍အစိုးရ ဆုံးဖြတ်ချက်မှန်သမျှကိုချမှတ်သည်။အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကိုနေပြည်တော်ကဦးစားပေး စဉ်းစားဆုံးဖြတ်ခြင်းသည်တာဝန်မဲ့ဆောင်ရွက်မှုဖြစ်သည်ဟုတော့ပြော၍မရပါ။ဝါရှင်တန်၊လန်ဒန်မှသည် နယူးဒေလီအထိအစိုးရတိုင်းသည်အမျိုးသားလုံခြုံရေးကိုဦးစားပေးထည့်သွင်းစဉ်းစားရမြဲဖြစ်ပါသည်။ နိုင်ငံတခု၏ အခြေခံကျသော တာဝန်လည်း ဖြစ်ပါသည်။
မြန်မာခေါင်းဆောင်များသည်နိုင်ငံတော်မူဝါဒတခုလုံးတွင်အမျိုးသားလုံခြုံရေးကိစ္စကမည်၍မည်မျှလွှမ်းမိုး ပါဝင်နေသည်ကိုလည်းကောင်း၊အမျိုးသားလုံခြုံရေးကိစ္စတွင်စစ်တပ်အပိုင်းကမည်၍မည်မျှအထိလွှမ်းမိုး ချုပ်ကိုင်ထားမည်ကိုလည်းကောင်းခွဲခြားသိမြင်ကြရပါမည်။
လက်နက်ကိုင်တပ်ဖွဲ့များသည်အမျိုးသားလုံခြုံရေးတွင်လိုအပ်သောအရာဖြစ်သော်လည်းအစိတ်အပိုင်း တရပ်မျှသာဖြစ်ပါသည်။ကာကွယ်ရေးနှင့်နိုင်ငံတော်ညီညွတ်ရေးတို့သည်လူသားလုံခြုံရေး အတွက်လည်း
ဖြစ်ရပါမည်။အကြောင်းမူနိုင်ငံတော်ဆိုသည်မှာလူတဦးချင်းကိုစုပေါင်းဖွဲ့စည်း တည်ဆောက်ထားခြင်းကြောင့်ဖြစ်ပါသည်။ဤလိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက်လူသားလုံခြုံမှုဆိုသော အကြောင်းအရာကြီးတွင်များပြားလှသောကိစ္စများဖြစ်ကြသည့်ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊အာဟာရပြည့်ဝသောအစားအစာများရရှိရေး၊ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးတို့ ပါဝင်ကြပါသည်။
စီးပွားရေးအရချွတ်ခြုံကျပြီးစားဝတ်နေရေးမပြေလည်သည့်သူများကနိုင်ငံတော်ညီညွတ်ရေးနှင့်လုံခြုံရေး ကိစ္စများကိုဆောင်ရွက်ပေးနိုင်ကြပါမည်လား။ကူးစက်ရောဂါများ၏ခြိမ်းခြောက်မှုကိုအစဉ်တစိုက် ခံနေရသည့်၊တကိုယ်ရေကျန်းမာရေးကိုမစောင့်ရှောက်နိုင်သည့်သူများကကော ထိုသို့လုပ်ဆောင်နိုင်ကြပါမည်လား။ ညစ်ညမ်းနေသော ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ ကင်းမဲ့သည့် အခြေအနေကကော ထိုသို့ လုပ်ဆောင်နိုင်ပါမည်လော။ အဖြေမှာ လုံးဝ မလုပ်နိုင်ပါဟုပင် ဖြစ်သည်။
လူသားလုံခြုံရေးကိစ္စဆိုသည်မှာအားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမည့်ကိစ္စကြီးဖြစ်ပါသည်။ ဤတာဝန်ကြီးကိုအမျိုးသားလုံခြုံရေးအတွက်အစဉ်အလာထမ်းဆောင်နေကျပုဂ္ဂိုလ်များသာမက အခြားသူများလည်းပါဝင်ခွင့်ရှိရန်မှာအရေးကြီးသောကိစ္စဖြစ်သည်။ပျော့ပျောင်းမှုရှိဖို့လိုအပ်သည်။ နိုင်ငံတကာ၊ဒေသတွင်းနှင့်သက်ဆိုင်ရာဒေသတွင်းမှသင့်တော်သောတသီးပုဂ္ဂလများ၊အဖွဲ့အစည်းများကို ပါဝင်ဆောင်ရွက်ခွင့် ပြုရမည်ဖြစ်ပါသည်။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်မှထုတ်ပြန်သောလူသားဖွံ့ဖြိုးမှုအညွှန်းကိန်းအရမြန်မာနိုင်ငံသည်၂ဝ၁ဝ ခုနှစ်၌နိုင်ငံပေါင်း၁၇၂နိုင်ငံရှိသည့်အနက်အဆင့်၁၃၅ချိတ်သည်ကိုတွေ့ရသည်။ယင်းသည်ယခင်နှစ်ကနှင့် စာလျှင်တဆင့်တက်လာခြင်းဖြစ်သည်။သို့သော်`ဖွံ့ဖြိုးမှုနိမ့်ကျ´သည်ဆိုသောအဆင့်တွင်ရှိနေဆဲဖြစ်သည်။ အာဖရိကနိုင်ငံအများအပြားနှင့်ယှဉ်လျှင်သာသည်ဟုဆိုနိုင်သော်လည်းဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ လွဲ၍ အားလုံးနောက်တွင် ကျန်နေဆဲပင် ဖြစ်သည်။
ယင်းတို့ကိုကြည့်လျှင်မြန်မာနိုင်ငံ၏အမျိုးသားလုံခြုံရေးတွင်ကွာဟချက်ကြီးရှိနေသည်မှာမူထင်ရှားသည်။ ကံကောင်းသည်မှာဤကွာဟမှုကြီးကိုတာဝန်သိသောခေါင်းဆောင်မှု၏လမ်းညွှန်မှုနှင့်ပါဝင်လက်တွဲဆောင်ရွက်မှုတို့ဖြင့် ပိတ်ဆို့နိုင်သေးသည့် အခွင့်အလမ်း ရှိနေသေးခြင်းပင် ဖြစ်သည်။
လူသားလုံခြုံမှုကိုတိုးတက်စေမည့်အစီအစဉ်များကိုအောင်မြင်စွာအကောင်အထည်ဖော်ရင်းဖြင့်အမျိုးသားလုံခြုံရေးတွင် ပါဝင်သောစစ်တပ်အစိတ်အပိုင်းကိုနိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည့်ကာကွယ်ရေးကိစ္စများတွင်ပါဝင်ခွင့် ပြုရမည် ဖြစ်သည်။





vrijdag 24 juni 2011

မြို့ကြီးသုံးမြို့ ဗုံးလေးလုံး ဆက်တိုက်ကွဲ

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဇွန်လ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ကားဗုံးတခုအပါအဝင်မြန်မာနိုင်ငံမြို့ကြီးသုံးမြို့တွင်ဗုံးပေါက်ကွဲမှုများသောကြာနေ့ နေ့လည်၌ရှေ့ဆင့်နောက်ဆင့်ဖြစ်ပွားခဲ့ပြီး၊နောက်ထပ်၃နာရီအကြာမန္တလေးတွင်နောက်ထပ် ဗုံးတလုံးပေါက်ကွဲပြန်သည်။
စိန်စံပယ်ဖူးရွှေဆိုင်နှင့်ပရိယတ္တိသာသနအသင်းအနီးအမှိုက်ပုံအနီးပေါက်ကွဲခြင်းဖြစ်ပြီး၊မန္တလေးတွင် အစောပိုင်းကပေါက်ကွဲသောနေရာနှင့်သိပ်အလှမ်းမဝေးသောနေရာဖြစ်သည်။
သံသယဖြစ်ဖွယ်ဗုံးတွေ့သည်ဆိုသောသတင်းအရစစ်သားများကမွန်းလွဲ၂နာရီခန့်ကတည်းက အဆိုပါနေရာကိုပိတ်ဆို့ထားလိုက်နိုင်သော်လည်းပေါက်ကွဲမှုကဖြစ်ပွားခဲ့သည်။မည်သူကမျှ သူတို့လက်ချက်ဖြစ်သည်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။
မန္တလေးဈေးချိုဟိုတယ်ရှေ့တွင်ဗုံးကွဲမှုဖြစ်ပွားအပြီးပျက်စီးကျန်ရစ်သောပါဂျယ်ရိုကားကိုလူအများ ဝိုင်းအုံကြည့်နေစဉ်။ဓာတ်ပုံ-မဇ္ဈိမ
ပေါက်ကွဲမှုလေးခုတွင်ဒဏ်ရာရသည်ဟုအတည်ပြုနိုင်သည်မှာမန္တလေး၈၂လမ်းနှင့်၈၄လမ်းထောင့်ဈေးချိုဟိုတယ်ရှေ့ရပ်နားထားသောပါဂျယ်ရိုးကား၃ခ/၁၉ဝ၄တွင်ပေါက်ကွဲမှုဖြစ်သည်။ ကားဗုံးပေါက်ကွဲချိန်တွင်ကားပေါ်၌လူမရှိသော်လည်းအနီးနားရှိယာဉ်ထိန်းရဲတဦး ဒဏ်ရာရသွားခဲ့သည်ဟု မန္တလေးမြို့ မီးသတ်အရာရှိ တဦးက ပြောသည်။
“ကားကတော့လုံးဝစုတ်ပြတ်သွားတယ်။ဗုံးကတော်တော်ပြင်းတဲ့ ဗုံးပဲ”ဟုမန္တလေးမီးသတ်အရာရှိတဦးက ပြောသည်။
မီးလောင်မှုဟုထင်၍သွားရောက်သောမီးသတ်သမားများကိုစစ်ဘက်က“မင်းတို့အလုပ်မဟုတ်ဘူး”ဟု ဆိုကာ မောင်းထုတ်ခဲ့ကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။
“အန်တီတို့ကလည်းမိုးကြိုးပစ်တယ်အောက်မေ့နေတာ။အခုဗုံးပေါက်တာက၂၈လမ်းနဲ့၈၄ထောင့်ဆိုတော့ အန်တီတို့နဲ့ ကြားထဲမှာနှစ်ပြပဲဝေးတာပဲ။အသံတော့ကြားလိုက်ရတယ်။မိုးကြိုးပစ်တယ် အောက်မေ့နေတာ။ မိုးကြိုးပစ်တယ်ထင်ပြီးဒီအတိုင်းနေတာကိုအရပ်ထဲကအဲဒါမိုးကြိုးပစ်တာမဟုတ်ဘူး။ဗုံးကွဲတာပြောမှ သိရတာ”ဟုမန္တလေးမြို့ခံအမျိုးသမီးတဦးမဇ္ဈိမကိုပြောသည်။
တချိန်တည်းမှာပင်အစိုးရရုံးစိုက်ရာနေပြည်တော်နှင့်ပြင်ဦးလွင်တွင်လည်းလူသူမရှိသောနှစ်ထပ်တိုက် အိမ်များတွင် ဗုံးပေါက်ကွဲခဲ့သည်။
နေပြည်တော်သပြေကုန်းရပ်ကွက်ရွှေလာဘ်ကောင်လမ်းကြားအိမ်အမှတ်၄၆တွင်ပြင်းထန်သော ဗုံးပေါက်ကွဲခြင်းနှင့်ပတ်သက်၍မြို့အုပ်ချုပ်ရေးအရာရှိတဦးက“ဗုံးကတော်တော်ပြင်းလွန်းတယ်။ ၂ ထပ်တိုက်အပေါ်ထပ်မှာကွဲတာပါ။အပေါ်ထပ်ကသော့ပိတ်ထားတယ်။ပေါက်တာလည်းအပေါ်ထပ်မှာပဲ။ အပေါ်ထပ် တထပ်လုံး ပွင့်ထွက်သွားတယ်။ ဗုံးကပြင်းတာကိုး" ဟု မဇ္ဈိမကို ပြောသည်။
စစ်ဘက်တက္ကသိုလ်များရှိရာပြင်ဦးလွင်တော့ထောက်ပို့ဘက်လမ်းခွဲရပ်ကွက်၎ထဲရှိနေအိမ်ဗုံးကွဲမှုကြောင့် အပေါ်ထပ် တခုလုံးနီးပါး ပျက်စီးသွားသည်။
မဇ္ဈိမသတင်းထောက်များအပါအဝင် မျက်မြင်သက်သေများက ပြင်ဦးလွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားမှုကို သတင်းပေးပို့ကြချိန်တွင် ပြင်ဦးလွင် ရဲစခန်းက ဗုံးပေါက်ကွဲမှု မဖြစ်ကြောင်း ငြင်းဆန်နေကြသည်။
စစ်ဘက်ပုဂ္ဂိုလ်များပေါက်ကွဲမှုဖြစ်ပွားရာနေရာတိုင်းသို့ရောက်ရှိစုံစမ်းစစ်ဆေးနေပြီးပြင်ဦးလွင်တွင်တော့ အခရာကျသောနေရာများတွင်လုံခြုံရေးစစ်ဆေးမှုများပြုလုပ်နေသည်။တရက်တည်းဆက်တိုက် ဗုံးပေါက်ကွဲမှုများကနောက်ထပ်ပေါက်ကွဲမှုများလာနိုင်သေးသည်ဆိုသောကောလာဟလကြောင့် လူအများအတွင်း စိုးရိမ်စိတ်များ တိုးပွားနေတော့သည်။

သတင်းပေးပို့ချိန်အထိမန္တလေးမြို့တွင် ဗုံးရှာဖွေမှုများ စစ်ဘက်က ဆက်လက် ပြုလုပ်နေသည်။