မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 4 juli 2011

ဒေါ်အောင်ဆန်းစုကြည်ယနေ့ပုဂံဘုရားများမဖူးဖြစ်

ရန်ပိုင် Monday, 04 July 2011 11:44
ပုဂံမြို့သို့ရောက်ရှိနေသည့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့ပြင်ပသို့ဘုရားဖူး သွားရောက်မည် မဟုတ်ကြောင်း သိရသည်။
                             ပုဂံသို့ရောက်ရှိလာသည့်ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့နံနက်၈နာရီ၂၀ခန့်ကအဲမန္တလေးလေယာဉ်ဖြင့်မန္တလေးတိုင်းပုဂံ- ညောင်ဦးလေဆိပ်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီးခရီးပန်းသည့်အတွက်အနားယူမည်ဖြစ်သည်ဟု လိုက်ပါသွားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အဖွဲ့ဝင် တဦး က ဆိုသည်။
ပုဂံ-ညောင်ဦးဒေသရှိ သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့များအားဒေါ်အောင်ဆန်းစုကြည်ကိုတခမ်းတနား ကြိုဆိုခြင်း၊အလှူငွေလက်ခံခြင်းများမပြုလုပ်ရန်ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးက တားမြစ်သတိပေးထားသည်ဟုTheVoiceWeeklyဂျာနယ်အင်တာနက်စာမျက်နှာတွင်လည်း ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ လုံခြုံရေးတာဝန်ယူထားသည့် အဖွဲ့ဝင် ၄ ဦးလိုက်ပါသွားပြီး သားဖြစ်သူ ကိုထိန်လင်းမှာ NLDအဖွဲဝင် လူငယ် ၁၂ ဦးနှင့် ယမန်နေ့ ညနေကပင် ကားဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု NLD အဖွဲ့ဝင် က ပြောသည်။
“လေကြောင်းလိုင်းရောလေဆိပ်ကပါအားလုံးဂရုစိုက်ကြတယ်၊ အာဏာပိုင်တွေက လုံခြုံရေးလည်း အားလုံး တာဝန်ယူကြတယ်၊အဖွဲ့ချုပ်ကလည်းအတွင်းစည်းအပြင်စည်းတာဝန်ယူထားတယ်”ဟု ၎င်းက ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ပုဂံမြို့ရှိ Bagan Hotel River View ဟိုတယ်တွင် တည်းခိုကြသည်။
၎ရက်ကြာမည့်ယခုပုဂံခရီးစဉ်သည်ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။
ပုဂံခရီးစဉ်သည်မိသားစုခရီးစဉ်ဖြစ်သည့်အတွက်စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်ခြင်း၊လူထုနှင့် တွေ့ဆုံခြင်းများကို လုပ်ကိုင်ဦးမည်မဟုတ်ဟုလည်း NLD အဖွဲ့ဝင်က ဆက်လက်ပြောသည်။
ခရီးစဉ်မတိုင်မီNLDပါတီဥက္ကဋ္ဌဦးအောင်ရွှေနှင့်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူ၍NLDပါတီ၏ရပ်တည်မှုအနေအထားနှင့်ပတ်သက်၍မေးခွန်းထုတ်ခဲ့သည့်အပြင် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများရပ်တန့်ပြီး မှတ် ပုံတင်ရန် သတိပေးစာ ပေးပို့ခဲ့သည်ဟု အစိုးရသတင်းစာများ၌ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်မတိုင်မီ ဇူလိုင်လ၂ ရက်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရုဒ် နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ဒုသံရုံးတာဝန်ခံဦးကျော်ဝင်းနိုင်ငံရေးခိုလှုံခွင့်တောင်း

လင်းသန့် Monday, 04 July 2011 13:25
.အမေရိကန်နိုင်ငံဆိုင်ရာမြန်မာသံရုံးဒုတိယအကြီးအကဲဖြစ်သည့်ဦးကျော်ဝင်းသည်ဇူလိုင်လ၄ရက်နေ့တွင် အမေရိကန်နိုင်ငံ၌နိုင်ငံရေးခိုလှုံခွင့်တောင်းခံလိုက်ကြောင်းဧရာဝတီကစုံစမ်းသိရှိရသည်။
                          အမေရိကန်နိုင်ငံဆိုင်ရာမြန်မာသံရုံးဒုတိယအကြီးအကဲဦးကျော်ဝင်း(ဓာတ်ပုံ-RFA)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမစ္စဟီလာရီကလင်တန်ထံသို့ယနေ့ရက်စွဲဖြင့်ဦးကျော်ဝင်းမှပေးပို့သည်ဟု ယုံကြည်ရသော စာတစောင်တွင် ၄င်းအနေဖြင့် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ရန်အကြံပြုစာများကိုမြန်မာအစိုးရထံပေးပို့ခဲ့သော်လည်း အမြဲပယ်ချခံရကြောင်း၊ထိုသို့ဆောင်ရွက်မှုများကြောင့်၎င်းတွင်အန္တရာယ်တစုံတရာ ကြုံလာနိုင်ကြောင်းလည်း ရေးသားထားသည်။
“ကျနော့်နိုင်ငံသားတွေအတွက်တာဝန်ထမ်းဆောင်နေသလိုမခံစားရတော့ဘူး။ နိုင်ငံသားတွေအကျိုးကိုဆန့်ကျင်လုပ်ဆောင်နေတဲ့အစိုးရကိုအလုပ်အကျွေးပြုခြင်းကနေကျနော် စွန့်လွှတ်လိုက်ပါပြီ”ဟု ဦးကျော်ဝင်းက စာထဲတွင် ပြောဆိုထားသည်။
ယင်းစာတွင်စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များကအာဏာကိုဆက်လက်ချုပ်ကိုင်ထားနေကြပြီး ဒီမိုကရေစီရေးတောင်းတသံများကိုပုံဖျက်ရန်ကြိုးစားနေကြောင်း၊လက်ရှိဖြစ်ပေါ်နေသောအစိုးရတပ်နှင့် ကချင် အပါအ၀င် တိုင်းရင်းသား ဒေသများတွင်ဖြစ်ပေါ်နေသော စစ်ပွဲများကိုလည်း ဝေဖန်ထောက်ပြသည်။
ထို့အပြင်ယခုပုဂံတွင် ဘုရားဖူးရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုအစိုးရကခြိမ်းခြောက်နေမှုများနှင့်ပတ်သက်၍လည်းသတိပေးထားပြီးကုလသမဂ္ဂမှ လူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း(CoI)ရေးကိုလည်းထောက်ခံကြောင်း ဖော်ပြထားသည်။
အသက်၅၉နှစ်ရှိဦးကျော်ဝင်းသည်နိုင်ငံခြားရေးဝန်ကြီးဌာနတွင်၁၉၈၀ခုနှစ်မှစတင်ကာတာဝန် ထမ်းဆောင်ခဲ့ပြီးလုပ်သက်၃၁နှစ်ရှိသော်လည်းယခုအခါမြန်မာအစိုးရအပေါ်ယုံကြည်မှုလုံးဝမရှိတော့ကြောင်းနှင့်ဒီမိုကရေစီနှင့်ပတ်သက်၍လည်းအရိပ်အယောင်မျှမရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုမှမြန်မာအစိုးရထိပ်ပိုင်းခေါင်းဆောင်များအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းကိုထောက်ခံကြောင်းလည်း ၄င်း၏ စာတွင် ရေးသားခဲ့သည်။
“မြန်မာနိုင်ငံမှာအခုရွေးကောက်ပွဲအပြီးတက်လာတဲ့အစိုးရသစ်အပေါ်သူ့ဝန်ထမ်းတွေကစပြီးယုံကြည်မှု မရှိတော့တာကိုပြသလိုက်တာပါပဲ”ဟုကုလသမဂ္ဂဆိုင်ရာပြည်ထောင်စုမြန်မာနိုင်ငံအဝေးရောက် ညွန့်ပေါင်းအစိုးရကိုယ်စားလှယ်ဒေါက်တာသောင်းထွန်းကဧရာဝတီကို ပြောသည်။
ယခုကဲ့သို့ သံမှူးတဦးအနေဖြင့် ပြည်ပ နိုင်ငံတနိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခြင်းသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံးဖြစ်သည်။
ယခင်စစ်အစိုးရလက်ထက် အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခဲ့သော အမေရိကန်အခြေစိုက် မြန်မာသံရုံး တာဝန်ခံသံမှူးဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်ပြီးနောက်ဒုတိယမြောက်နိုင်ငံရေးခိုလှုံခွင့် တောင်းခံခြင်းဖြစ်သည်။
ဦးအောင်လင်းထွဋ်က“သူကမြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ဆီကိုသူ့သားဝါရှင်တန်မှာ နေထိုင်ခွင့်ပြုဖို့တောင်းတယ်ကြားတယ်။သူ့ကိုဒီကိစ္စဒေါသဖြစ်သွားတယ်ကြားတယ်။သူ မြန်မာပြည် ပြန်ရင် သူ့အတွက်အန္တရာယ်ရှိနိုင်တယ်။ သူကမြန်မာအစိုးရကိုလည်း စိတ်ပျက်နေပြီ ကျနော်ထင်တယ်”ဟု ပြောဆိုသည်။

ဦးသိန်းညွှန့်အဖွဲ့အမျိုးသားဒီမိုကရေစီပါတီသစ်အမည်ဖြင့်မှတ်ပုံတင်

မျိုးသန့် တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှခွဲထွက်သွားသောပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွှန့်ဦးဆောင်သည့်သင်္ကန်းကျွန်းလွှတ်တော်ကိုယ်စားလှယ်များအုပ်စုသည် အမျိုးသားဒီမိုကရေစီပါတီသစ်အမည်ဖြင့်ပါတီမှတ်ပုံတင်ခွင့်ကိုနေပြည်တော်ရွေးကောက်ပွဲ ကောက်မရှင်တွင်တနင်္လာနေ့ကလျောက်ထားလိုက်ပြီ ဖြစ်သည်။
ပါတီခေါင်းဆောင်များအဖြစ်လောလောဆယ်တွင်ဦးသိန်းညွန့်မှဥက္ကဋ္ဌ၊လသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကြည်မြင့်မှအတွင်းရေးမှူး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်မှပြန်ကြားရေးတာဝန်များ ယူထားကြောင်းဦးဖုန်းမြင့်အောင်ကမဇ္ဈိမကိုပြောသည်။
ပါတီကိုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့်ဦးသိန်းညွှန့်၊ဦးကြည်မြင့်၊ဦးဖုန်းမြင့်အောင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့်ဦးကျော်၊ဒေါ်စန်းစန်းမြင့်တို့အပါအဝင်ဟစ်ဟော့အဆိုတော်ရသ တို့အပြင်ပါတီဝင်၂ဝဦးတို့ဖြင့်အမာခံဖွဲ့စည်းထားသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှခွဲထွက်ကြသည့်အထက်ပါလွှတ်တော်ကိုယ်စားလှယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတသီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ်သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်းလည်း ဦးဖုန်းမြင်အောင်က မဇ္ဈိမကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှခွဲထွက်ကာဦးသိန်းညွှန့်၊ဦးခင်မောင်ဆွေ၊ဒေါက်တာသန်းငြိမ်းတို့မှအမျိုးသား ဒီမိုကရေစီအင်အားစုပါတီကိုထူထောင်ပြီး၂ဝ၁ဝရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီကိုထူထောင်သူများတွင်တဦးအပါအဝင်ဖြစ်သည့်ဦးသိန်းညွှန့်ကို ပါတီတွင်းဘဏ္ဍာရေးကိစ္စများကိုမီဒီယာများသို့တာဝန်မဲ့ပြောဆိုသည့်စွပ်စွဲချက်ဖြင့်ပါတီမှထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
ယခုတဖန်ဦးသိန်းညွှန့်ဦးဆောင်ကာအမျိုးသားဒီမိုကရေစီပါတီသစ်အမည်ဖြင့်ပါတီတခုထပ်မံဖွဲ့စည်းရန် ကျိုးပမ်းခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီပါတီသစ်တွင်ပါတီဝင်အင်အားအနေဖြင့်သင်္ကန်းကျွန်းမြို့နယ်အတွင်းမှပါတီဝင်၁,ဝဝဝ ကျော်ရရှိထားပြီဟုလည်းဦးဖုန်းမြင့်အောင်ကမဇ္ဈိမကိုပြောသည်။



ထိုင်းပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်မစ္စယင့်လပ် ဖြစ်လာမည်

ရန်ပိုင် Monday, 04 July 2011 19:36
.ထိုင်းနိုင်ငံ၏တနင်္ဂနွေနေ့ကရွေးကောက်ပွဲတွင်မစ္စယင့်လပ်ရှင်နာဝပ်ဦးဆောင်သည့်ဖုယာ့ထိုင်းပါတီက လက်ရှိဝန်ကြီးချုပ်အဖိဆစ်ဝေ့ချာချီဝ၏ဒီမိုကရက်ပါတီကိုမဲအပြတ်အသတ်ဖြင့်အနိုင်ရ၍ထိုင်းနိုင်ငံ၌ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာ တော့မည်။
ဖုယာ့ထိုင်းပါတီဌာနချုပ်၌ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲပြီးနောက်မစ္စယင့်လပ်ကပြည်သူပရိသတ်အား နှုတ်ဆက်နေစဉ်(ဓာတ်ပုံ-AP)
အဆိုပါရွေးကောက်ပွဲ၌လက်ရှိအာဏာရဒီမိုကရက်ပါတီကအမတ်နေရာ၁၆၀နေရာတွင်သာအနိုင်ရရှိခဲ့ပြီး အတိုက်အခံဖုယာ့ထိုင်းပါတီက၂၆၂နေရာရရှိခဲ့သည်။
မစ္စယင့်လပ်ရှင်နာဝပ်သည်လာဘ်စားမှုဖြင့်ဝရမ်းထုတ်ခြင်းခံထားရသည့်ဝန်ကြီးချုပ်ဟောင်းမစ္စတာ သက်ဆင်ရှင်နာဝပ်၏ညီမအငယ်ဆုံးဖြစ်သည်။မစ္စယင့်လပ်မှာမစ္စတာသက်ဆင်၏ ကိုယ်ပွားတယောက်ဖြစ်သည်ဟုလည်း ထိုင်း နိုင်ငံရေးလောကတွင် နာမည်ကြီးသူ တဦးဖြစ်သည်။
ဝန်ကြီးချုပ်အဖိဆစ်ဝေချာချီဝကမူမစ္စယင့်လပ်ရွေးကောက်ပွဲဝင်ရောက်ခြင်းသည်တိုင်းပြည်အတွက် အကျိုးပြုရန်မဟုတ်ဘဲအစ်ကိုဖြစ်သူမစ္စတာသက်ဆင်ပြည်တော်ပြန်နိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု မဲဆွယ်စည်းရုံးရာတွင် ပြောဆိုခဲ့သည်။
မစ္စယင့်လပ်သည်ထိုင်းနိုင်ငံရေးလောကသို့ဝင်ရောက်ခဲ့သည်မှာသီတင်း၆ပတ်သာ ကြာမြင့်သေးသော်လည်းယခုရွေးကောက်ပွဲတွင်မဲအပြတ်အသတ်ဖြင့်အနိုင်ရခဲ့သည့်အတွက် အစ်ကိုဖြစ်သူ၏ သြဇာအရှိန်အ၀ါဖြင့် အနိုင်ရခြင်းဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
ရွေးကောက်ပွဲအနိုင်ရဖူးယာ့ထိုင်း ပါတီသည် ချတ်ထိုင်းပါတီ အပါဝင် ပါတီငယ်လေးခုနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမည်ဟု ယနေ့ ထုတ်TheNationသတင်းစာတွင်ဖော်ပြထားပြီး ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝလည်း ရာထူးမှ နုတ်ထွက်ပေးရမည်ဟု ရေးသား ထားသည်။
မစ္စယင့်လပ်ကအမျိုးသားပြန်လည်သင့်မြတ်ရေးကိုလုပ်ဆောင်ရန်သံန္နိဋ္ဌာန်ချထားကြောင်း ဆန္ဒရှိသည်ဟုလည်း ဖော်ပြထားသည်။
မစ္စတာသက်ဆင်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူစဉ်ကအိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး အထူးသဖြင့်မြန်မာနိုင်ငံတွင်ထိုစဉ်ကအုပ်ချုပ်ခဲ့သည့်စစ်အစိုးရနှင့်ဆက်ဆံရေးကောင်းမွန်ခဲ့ကာ ဆက်သွယ်ရေးလုပ်ငန်းတွင် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့ဖူးသည်။
ထို့အပြင်ဘန်ကောက်မြို့ရှိမနီလွိုင်ဒုက္ခသည်စခန်းကိုဖျက်သိမ်းကာမြန်မာဒုက္ခသည်များကို နယ်စပ်ဒေသသို့ ပို့ဆောင်ခဲ့သည့် အ ပြင် တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့သည်။
လက်ရှိထိုင်းနိုင်ငံတွင်လည်းမြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမား၂သန်းမှ၎သန်းအတွင်း အလုပ်လုပ်ကိုင်နေပြီး နယ်စပ် ဒေသ ရှိ ဒုက္ခသည်စခန်းများတွင်လည်း ဒုက္ခသည် သိန်းနှင့်ချီ ရှိနေသည်။
ထိုင်းနိုင်ငံတွင်လူအခွင့်အရေးများဆောင်ရွက်နေသည့် ဘန်ကောက်မြို့ အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့(HRDF)၏အကြံပေးပုဂ္ဂိုလ်အန်ဒီဟောကလက်ရှိအနိုင်ရရှိထားသည့် ဖုယာ့ထိုင်းပါတီသည် ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍မည်သို့သဘောထားမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ပြောသည်။
“ကျနော်သိရသလောက်ဒီမိုကရက်ပါတီလက်ထက်အလုပ်သမားတွေကအဆင်မပြေမှုများတယ်လို့ပြောကြတယ်”ဟု အန်ဒီဟော က ဆိုသည်။
ချင်းမိုင်အခြေစိုက်အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှအတွင်းရေးမှူးဒေါ်တင်တင်ညိုကမစ္စယင့်လပ် အရွေးချယ်ခံရခြင်းကိုကြိုဆိုကြောင်း၊ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် မြန်မာအတိုက်အခံအဖွဲ့အစည်းများအပေါ်တွင် မည်သို့သဘောထားမည်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

စစ်တိုင်းမှူးများအပြောင်းအလဲလုပ်

ရန်ပိုင် Monday, 04 July 2011 16:33
.ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလက်ရှိစစ်တိုင်းကြီးများအားတာဝန်ယူနေသည့် တိုင်းမှူးများကိုပြီးခဲ့သည့်သောကြာနေ့ကနေရာအပြောင်းအလဲပြုလုပ်လိုက်ကြောင်းနေပြည်တော်စစ်ဘက် အသိုင်းအ၀န်းမှသိရသည်။

                                      ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်(ဓာတ်ပုံ-GettyImages)
ထိုပြောင်းလဲမှုတွင်ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ထွန်းသန်း၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ထွန်းနေလင်း၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စိုးသိန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်တင်မောင်ဝင်းတို့ပါဝင်ကြောင်းစစ်ဘက်နှင့်နီးစပ်သူ တဦးကပြောသည်။
“ကာချုပ်ကအသစ်ဆိုတော့သူထားချင်တဲ့သူတွေကိုအဲဒီနေရာမှာထားဖို့လုပ်တာ၊ဘာအကြောင်းပြချက်မှမပေးဘူး”ဟု ၎င်းကဆို သည်။
ပြီးခဲ့သည့်ရက်ပိုင်းကနေပြည်တော်၌ပြုလုပ်ခဲ့သည့်စစ်တပ်လေးလပတ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီးဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စစ်တိုင်းမှူး အပြောင်းအလဲ ပြုလုပ်ခြင်း ဖြစ် သည်။
ယင်းပြောင်းလဲမှုမှာ စစ်တိုင်းမှုးအချင်းချင်းနေရာ ပြောင်းလဲတာဝန်ယူခိုင်းခြင်း ဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်းအဆိုပါသတင်းနှင့်ပတ်သက်၍စုံစမ်းသိရကြောင်း အတည်ပြု ပြောကြား သည်။
အဆိုပါစစ်တိုင်းမှူးများသည်ပြီးခဲ့သည့်နှစ်သြဂုတ်လကဖြစ်ပွားခဲ့သည့်စစ်တပ်ရာထူးအပြောင်းအရွှေ့၌ တိုင်းမှူးတာဝန်ကို ရယူခဲ့ သူများဖြစ်သည်။
လက်ရှိမြန်မာ့တပ်မတော်ဖွဲ့စည်းပုံတွင်စစ်တိုင်းကြီး စုစုပေါင်း၁၄ခုဖြင့်ဖွဲ့စည်းထားပြီး တပ်မ စစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။
ပြီးခဲ့သည့်မေလအတွင်းကလည်းတပ်မမှူးများနှင့်စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(စကခ)မှူးများကို နေရာအပြောင်းအလဲ ပြုလုပ်ခဲ့သေးသည်။
နေပြည်တော်စစ်ဘက်အသိုင်းအ၀န်းတွင်ပြောဆိုနေသည့်အတည်မပြုနိုင်သောသတင်းများအရ ယခုစစ်တပ်အပြောင်းအလဲကိုပြုလုပ်ရန်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနောက်ကွယ်မှကြိုးကိုင်ခိုင်းစေနေခြင်းဖြစ်သည်ဟုပြောဆိုနေကြကြောင်း သိရသည်။

မန္တလေးရောက်ပြည်ကြီးပေါက်

ကိုပေါက် တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၀ မိနစ် .
အနေမဆန်းပြားခဲ့
ခြေလှမ်းမမှားတဲ့
ရွှေမန်းသားအစစ်တွေ
ကျုံးရေကို ပစ်ခွာ
နာရီစင်နဲ့ဝေးကွာ
ခုတော့ ရေကြည်ရာ မြက်နုရာ…။
ကဗျာဆရာမြတ်ထက်ကသူရဲ့‘မြနန္ဒာ ရှာပုံတော်’ထဲမှာနန်းမြို့တော်ဟောင်းမန္တလေးကိုလွမ်းတသသ၊ တမ်းတကာရယ်နဲ့ ခံစားရေးဖွဲ့ထားတာပါ။ ကိုယ်တိုင်ကလည်း မန္တလေးသားပါပဲ။
မြို့ရွာအစွဲရယ်ကမြန်မာတွေကြားအတော်အတန်ကြီးမားလှတဲ့အထဲမှာမှရပ်ရွာဒေသအိမ်ခင်ကြတဲ့ မန္တလေးသားတွေက အကဲပိုတယ်လို့ ဆိုရမလားပင်။
မန္တလေးမှာနှစ်ပေါင်း၃ဝကျော်နေလာတဲ့လူထုဦးလှကိုတောင်မှ‘မန္တလေးသား’လို့မပြောကြဘဲ‘ဒေါ်အမာ့ ယာက်ျား’လို့ပဲသာမည လက်ခံထားကြကြောင်း ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကပါ သတိပြုမိခဲ့ပါတယ်။
အဲဒီလိုချက်မြှုပ်ဇာတိကိုအမြဲဂုဏ်ယူကြ၊စွဲလန်းချစ်ခင်ကြပေမယ့်ရေကြည်ရာမြက်နုရာဆိုတာကလည်း ရှိနေရတုန်းပါ။ ဘာကြောင့်များလဲ စောကြောချင်စရာ။
 ထွန်တုံးတို့၊အောင်သာယာတို့၊ကန်သာယာတို့၊အောင်ပင်လယ်တို့၊မြရည်နန္ဒာတို့နောက်ချဲ့တဲ့မြို့သစ်တွေက ဗမာတွေ နေဖို့ ချဲ့ပေးသလိဖြစ်နေတာ
“မြို့ထဲကတချို့လမ်းထဲကတပြပေါက်မှာဗမာအိမ်၂အိမ်ပဲကျန်တော့တယ်တို့ဘာတို့ပေါ့။ထွန်တုံးတို့၊ာင်သာာတို့၊ကန်သာယာတို့၊အောင်ပင်လယ်တို့၊ မြရည်နန္ဒာတို့ နောက်ချဲ့တဲ့မြို့သစ်တွေကဗမာတွေနေဖို့ ချဲ့ပေးသလို ဖြစ်နေတာ” လို့ မန္တလေးက စာရေးဆရာတဦးလည်း မဇ္ဈိမကို ပြောပါတယ်။
မူဆယ်၊နမ့်ခမ်း၊လားရှိုးလမ်းတွေကနေစီးပွားရေးအချက်အချာကျရာမန္တလေးဆီကူးပြောင်းလာပြီး၊ စီးပွားရေးအရအင်အားသာအသာစီးရနေပြီးအိမ်ကောင်းခြံကောင်း၊နေရာကောင်းတွေ ပိုင်ဆိုင်နေတာလည်း မမြင်ချင်အဆုံးမြင်နေရတာပါ။
အိမ်ခြံပွဲစားတွေကို ပွဲခအပြင် အပိုကြေး မြိုးမြိုးမျက်မျက်လေး အပိုဆောင်းပေးလို့ လူမျိုးခြားတွေကိုမှ ရှာဖွေ
ရောင်းချချင်သူကလည်း အများသား။ အခုနောက်ပိုင်းဆို ဆင်ခြေဖုံးတွေအထိပါ ဈေးကစားမှုတွေက ချဲ့ထွင်လာပါပြီ။ အရင်တုန်းက ကျပ်သိန်းဆယ်ဂဏန်း၊ ရာဂဏန်းလောက် ဈေးတန်ခဲ့တာတွေ အခုများဆို ထောင်ပိုင်းတွေ၊ထောင်ကြီးပိုင်းတွေထိ ခေါ်ပြီးတော့ အရောင်းသွက်၊ အဝယ်လိုက် ဖြစ်နေတာပါ။ အရင်နှစ်ထဲသိန်း၂ထောင်ဈေးပေါက်ရာကဒီနှစ်မှာ၎ထောင့်၅ရာနဲ့ပေးချေမယ့်သူကမရှား။ အပိုဆောင်းပေးဖို့ကလည်း မခဲယဉ်း။
ဒီလိုဝယ်နိုင်ခြမ်းနိုင်တာဟာဖောင်းပွနေတဲ့မြန်မာကျပ်ငွေကိုယွမ်နဲ့လဲလှယ်ပြီးတရုတ်ပြည်ကြီးမှာ သူဋ္ဌေးလေးဖြစ်ရာမှ မြန်မာပြည်ထဲကျ သူဋ္ဌေးကြီး ဖြစ်လာကြပါတယ်။
“ဒီဘက်ပိုင်းမှာတော့ သူတို့ အလုံးအခဲနဲ့ ရောက်လာကြတယ်။ ဗမာတွေကလည်း အမွေတွေခွဲကြ၊ အိမ်တွေ
ရောင်းကြနဲ့သူတို့ကဝယ်ကြတာ။လာကတည်းကိုကအထုပ်နဲ့အထည်နဲ့လာကြတာကိုး”ဟု လင်းလက် စာအုပ်တိုက် ပိုင်ရှင် ဦးတင်အောင်မိုးက ဆိုပါတယ်။
တကယ်တော့မန္တလေးမှာဟိုအရင်ခေတ်တွေကတည်းကတရုတ်လူမျိုးတွေဝင်ရောက်အခြေချခဲ့တာ ကြာခဲ့ပါပြီ။အဲသလိုဆွေစဉ်မျိုးဆက်နဲ့နှစ်ရှည်လများနေလာကြတဲ့တရုတ်အမျိုးသားတွေနဲ့ နောက်ပေါက်တွေ မတူကြဘူးလို့ ကွဲကွဲပြားပြား မြင်ကြရပါတယ်။
“သူတို့နဲ့ကျနော်တို့နဲ့ကယဉ်ကျေးမှုလည်းကွာတယ်။တော်တော်ကွာခြားတယ်ဗျ။အရင်တုန်းကတရုတ်တွေက
မြို့ခံအိမ်ရှင်တွေအပေါ်မှာလေးစားသမှုရှိတယ်။ခပ်ယို့ယို့ပဲနေတယ်။ပပလွှားလွှားသိပ်မရှိဘူး။ အခုလူတွေကတော့မြို့ခံတွေကိုသိပ်လူမထင်တော့ဘူး”လို့တရုတ်လူမျိုးဖြစ်သူဥတ္တရလွင်ပြင် စာအုပ်တိုက်က ဦးသန်းဋ္ဌေးက ဆိုပါရဲ့။
မြန်မာ့ဆိုရှယ်လစ်မဆလခေတ်တုန်းကလူဝင်မှုကြီးကြပ်ရေးကဏ္ဍတင်းကျပ်ခဲ့ပေမယ့်၁၉၈၈-၉ဝ နောက်ပိုင်းပြည်ကြီးသားတွေအဝင်စိတ်လာပါတယ်။သူတို့မန္တလေးမှာဘယ်လိုများနိုင်ငံသား ဖြစ်လာပါလိမ့်။
ဦးသန်းဋ္ဌေးက“နယ်စပ်လဝက ကကဒ်ပြားတွေလှိုင်လှိုင်ထုတ်ပေးတာပဲဗျာ။သူတို့ကမှတ်ပုံတင်ကို နယ်စပ်ကနေယူလာတာ။နိုင်ငံသားကို မဟုတ်ဘူး။တိုင်းရင်းသားဗျ။ရှမ်း၊ ရှမ်းတရုတ်၊ဝ၊ကိုးကန့်တို့ပေါ့။ ပိုပြီးတော့ရင်းမြစ်ကျတယ်။နယ်စပ်မှာကဘိန်းနဲ့မှောင်ခိုနဲ့ချမ်းသာကြတော့တချို့ဆိုမှတ်ပုံတင် နှစ်ခုသုံးခုတောင် ရှိတယ်။ ဝင်လို့ထွက်လို့၊ ပေးလို့ကမ်းလို့ အတော်ကောင်းတဲ့ ကာလပဲဗျ” လို့ ဖြေပါတယ်။
နောက်ပေါက် တရုတ်လူမျိုးတွေကို တရုတ်ကြီး ဦးသန်းဋ္ဌေးက “သူတို့ … သူတို့” လို့ပဲ နာမ်စားသုံးပါတယ်။
အရင်နှစ်ထဲသိန်း၂ထောင်ဈေးပေါက်ရာကဒီနှစ်မှာ၎ထောင့်၅ရာနဲ့ပေးချေမယ့်သူကမရှား။ အပိုဆောင်းပေးဖို့ကလည်း မခဲယဉ်း။
မန္တလေးသားစာရေးဆရာက“ဒီမှာမွေးတဲ့ဌာနေတရုတ်တွေနဲ့သူတို့နဲ့ကချမ်းသာပုံချင်း၊ပိုင်ဆိုင်ပုံချင်းလုံးဝ ကွဲပါတယ်။၁၉၉ဝဒီဘက်ပိုင်း ရောက်တဲ့ မောင်တွေပေါ့။တော်တော် ခြေလှမ်းသွက်ကြပါတယ်။ အထူးသဖြင့် အုပ်စိုးတဲ့လူတွေကိုပိုင်နိုင်၊ရင်းနှီးအောင်လုပ်တာကျွမ်းကျင်တယ်ဗျ။ဒီလိုအတတ်ပညာတွေ တော်တော်ကြွယ်ဝတဲ့ လူတွေပါ။ မကင်းတရားတွေ အများကြီး ရှိတယ်လို့ ကြားဖူးပါတယ်”လို့ ပြောပါတယ်။
သူက“အခါအားလျော်စွာဗမာတွေနဲ့ရောဖို့ကြိုးစားတာတော့ရှိပါတယ်။ဒါပေမဲ့သူတို့မှာပိုက်ဆံရှိတယ်၊ တသီးတခြား နေလိုတဲ့ ဆန္ဒရှိတဲ့ လက္ခဏာက များပါတယ်။ ကျနော်တို့ကို အထင်သေးပြီးတော့ မရှိခိုးနိုးပေါ့၊
တောင်းမယ်ရမ်းမယ်၊ချေးမယ်ငှားမယ်ဆိုပြီးကျနော်တို့လူမျိုးကိုနှိမ့်ချဆက်ဆံလိုစိတ်တွေ ရှိကြပါတယ်”လို့ ဆိုပါတယ်။ သူ့လေသံထဲမှာ နှစ်ပေါင်းများစွာ မကျေမလည်နဲ့ မျိုသိပ်လာဟန်က ပေါ်နေပါတယ်။
ဦးသန်းဋ္ဌေးကတော့“ဒီဘက်ခေတ်ရောက်လာတော့လုပ်ငန်းတွေကြီးလာတယ်။လွှမ်းမိုးမှုက များများလာတယ်။အခုတော့လက်ညှိုးထိုးမလွဲပေါ့ဗျာ”လို့ဆိုလိုက်တာကစိန်ရွှေကျောက်မျက်ကအစ ဆောက်လုပ်ရေး၊သစ်စက်၊ဟိုတယ်၊စားသောက်ဆိုင်အလယ်မုန့်ဆိုင်၊ စတိုးဆိုင်တွေအဆုံး ရည်ညွှန်းခြင်းပါ။
ဒီတရုတ်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာ မြို့မျက်နှာဖုံးတွေတောင် ဖြစ်လာကြပြီလို့ မူလဒေသခံတွေကြား အဆိုရှိပါတယ်။
“ဥပမာအာဏာပိုင်တွေကိုချဉ်းကပ်တာမျိုးဆိုအလုံးအရင်းနဲ့အုံနဲ့ကျင်းနဲ့ရဲရဲတင်းတင်းဝင်ထွက်ပြီးတော့ အခွင့်အရေးတွေရအောင်ယူနိုင်တာမျိုးတွေ ရှိတာပေါ့။တော်တော်တန်တန်ကျနော်တို့ဗမာတွေ သိပ်လုပ်နိုင်တဲ့အနေအထားမရှိဘူး။အုပ်ချုပ်ရေးပိုင်းကပုဂ္ဂိုလ်တယောက်ယောက်အပြောင်းအလဲ ရောက်လာတယ်ဆိုရင်ချက်ချင်းသွားလိုက်တာပဲ။အဲဒါမျိုးတွေကအစပေါ့။လုပ်ငန်းတခုခုချဲ့မယ်ဆို တိုင်းမှူးကို၁ဝသိန်းလောက်ပေးလိုက်တာမျိုးတွေကအစပေါ့။ ပေးဖို့ကမ်းဖို့လည်းဝန်မလေးဘူး”လို့ တရုတ်ကြီး ဦးသန်းဋ္ဌေးက ချက်နဲ့လက်နဲ့ ထုတ်ပြပါတယ်။
ရာထူးအာဏာကြီးသူတွေကို အပိုင်ကိုင်ထားလို့ ရပ်ကွက်အဆင့်ရှိသူတွေလောက်တော့ အဖက်မလုပ်ပါဘူး။
“မြို့ထဲမှာတိုက်ကြီးတာကြီးတွေဆောက်နေကြတယ်။ဘယ်လူမျိုးမှန်းလည်းမသိ၊ညာမှန်းလည်းမသိပေါ့။ဘေးမှာ ဗမာမိသားစုတွေနေကြတယ်ပေါ့။ရုတ်ရုတ်ရက်ရက်ဖြစ်ကြပြီဟေ့ဆိုရင်ဧည့်စာရင်းစစ်ကြပြီပေါ့ဗျာ။အဲလို စစ်ပြီဟေ့ဆိုဗမာအိမ်လောက်ပဲစစ်တယ်ဗျာ။တိုက်ကြီးကျတော့ခေါ်မနှိုးဘူးဗျ။တာဝန်ရှိသူများက ခေါ်နှိုးလည်း တံခါးဖွင့်မပေးဘူးဗျာ” လို့ ဦးသန်းဋ္ဌေးက နှိုင်းယှဉ်ပြော ပြောပါတယ်။
စီးပွားလာဘ်လာဘအတွက်အာဏာပိုင်တွေနဲ့အလွမ်းသင့်တာမို့အတိုက်အခံနိုင်ငံရေးအလုပ်နဲ့ ခပ်ကင်းကင်း ခပ်ခွါခွါ နေကြတာလည်း သဘာဝကျလှပါတယ်။
“အရင်၈ဝကျော်၊၇ဝကျော်ကာလတွေတုန်းက သူတို့ကလည်း လက်လုပ်လက်စား ရိုးရိုးသားသားတွေပဲလေ။ သူတို့လည်းအဖိနှိပ်ခံလူတန်းစားထဲပါတာ။ကုန်သည်တွေသူဋ္ဌေးတွေမဟုတ်သေးဘူးဗျ။ ခေါက်ဆွဲကြော်ရောင်းတဲ့ အဖိုးကြီးတွေကသိပ်ကြီးပွားခဲ့တာမဟုတ်ဘူးဗျ။အခုလူသစ်တွေကတော့ နိုင်ငံရေး ကင်းတယ်ဗျ။ အလွန်ဆုံး သာရေးနာရေးအသင်း၊ ဗြဟ္မစိုရ်တို့ဘာတို့ကို ငွေလှူတာလောက်ပဲ လုပ်တာ”လို့ ဦးတင်အောင်မိုးက ပြောပါတယ်။
မြို့လယ်ခေါင်ထဲကမှလမ်း၈ဝ-၈၄လမ်းအတွင်း၊၇၇လမ်းကနေလမ်း၃ဝအတွင်းအနေများပြီး ဗိုလ်ချုပ်ရွာမျိုးနဲ့ မြို့သစ်တွေမှာခမ်းနားထည်ဝါလှတဲ့အိမ်ကြီးခြံကြီးတွေနဲ့နေကြတာပါ။ထီးနန်းကျခဲ့တဲ့ နန်းတော်ကြီးတမျှဆောက်လုပ်ထားကြတာပါ။
ဒေသခံတွေနဲ့ အခြေအနေချင်း ကွာဟနေလို့ မကြာသေးခင်က ကျောက်ဝိုင်း ခိုက်ရန်ပွဲမျိုး မျက်ဝါးထင်ထင်
မြင်ရပေမယ့် အောင့်အည်းသည်းခံရမှုတွေက အစိုင်အခဲများ ရှိနိုင်မလားပဲ။
ဦးတင်အောင်မိုးက“သူလည်းကုန်သည်ကိုယ်လည်းကုန်သည်မို့ထိပ်တိုက်ဖြစ်တာ။တချို့လုပ်ငန်း အများစုမှာကဗမာက အလုပ်သမားဗျ၊သူတို့ကအလုပ်ရှင်။ပိုင်ရှင်သူဋ္ဌေးဆိုတော့မဖြစ်ဖြစ်ဘူးပေါ့ဗျာ။ ကျောက်ဝိုင်းလိုဟာမျိုးကျသူတင်ကိုယ်တင်ကိုး။ငြိစရာရှိရင်အဲဒါမျိုးတကြောကငြိကြတယ်”လို့ ကောက်ချက်ချပါတယ်။
သူဆက်ပြောတာက “သရက်တို့၊ ဖရဲတို့၊ သခွားမွှေးတို့ တရုတ်ပြည်ဘက် သွားရောင်းတယ်ဆိုရင် အမျိုးမျိုး
ဈေးနှိမ်ခံနေရတာပဲ။တချို့ဆိုပြန်မသယ်နိုင်လို့ရသလောက်နဲ့ထိုးရောင်းရတယ်။တချို့ကျလှည့်ကို မကြည့်ဘူးပေါ့ဗျာ။ အဲဒါမျိုးမှာလည်း ထိပ်တိုက်တွေ့ဖို့ မဖြစ်နိုင်ဘူး။ဈေးကစားမှုကလည်း သူတို့လက်ထဲမှာပဲ ရှိတာ။ ဒီလိုပဲ ငုံ့ခံလာခဲ့ကြရတာပေါ့” ဆိုတာပါပဲ။
ဒီလိုဈေးကွက်တွေမှာအုပ်စီးမိအောင်ကျားကန်ပေးထားတဲ့အကြောင်းအမျိုးမျိုးအနက် ခြစားလာဘ်စားတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့လုပ်ငန်းလုပ်ခွင့်ပေးနိုင်တဲ့ဒေသခံအရာရှိတွေကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့လုံခြုံရေး အကာအကွယ်ပေးဖို့တရုတ်အစိုးရက မြန်မာအစိုးရကို ပြောထားတာတွေလည်း ရှိနေတယ်။
အပြင်ကျားကန်မှုသာမကက သူတို့ချင်း အတွင်းကျိတ် အင်အားတွေလည်း ရှိနေပြန်ပါတယ်။
“သူတို့အချင်းချင်းကလူအင်အားသာနည်းတာစည်းလုံးမှုကတော့တော်တော်ကောင်းတယ်။မိသားစုတခု အကြောင်းတခုခုကြောင့်စီးပွားပျက်တယ်ဆိုရင်ဘုံကျောင်းကနေမတည်ပေးတဲ့ပုံစံမျိုးတွေ့ ရတယ်။ အလုပ်လည်း ကြိုးစားကြတယ်။ ဒါ သူတို့ကို အတုယူစရာတခုပေါ့။ ကျမတို့ မြန်မာလူမျိုးမှာက စီးပွားရေးမှာ တဦးနဲ့တဦး အားပေးမှုက တော်တော်နည်းတယ်”လို့ မန္တလေးအခြေစိုက်ဝံသာနုNLDပါတီကအထွေထွေ အတွင်းရေးမှူး ဒေါ်နန်းရွှေကြာက သုံးသပ်ပါတယ်။
“သူတို့နဲ့ကျနော်တို့နဲ့ကယဉ်ကျေးမှုလည်းကွာတယ်။တော်တော်ကွာခြားတယ်ဗျ။အရင်တုန်းကတရုတ်တွေကမြို့ခံအိမ်ရှင်တွေ အပေါ်မှာလေးစားသမှုရှိတယ်။ခပ်ယို့ယို့ပဲနေတယ်။ပပလွှားလွှားသိပ်မရှိဘူး။အခုလူတွေကတော့ မြို့ခံတွေကို သိပ်လူ မထင်တော့ဘူး”
ဒီအချက်ကိုဌာနေတရုတ်ကြီးဦးသန်းဋ္ဌေးကလည်းသဘောတူပါတယ်။“သူတို့ကအလုပ်မရွေးဘူးပေါ့ဗျာ။ ဇွဲခတ်ပြီးတော့အောက်ခြေကနေစပြီးလုပ်တတ်တဲ့ဟာလေးတွေကလည်းရှိတော့ တက်တက်လာတာတွေ့နေရတာပဲဗျ”
စာရေးဆရာကြီးက“ဆွေမျိုးထဲကသူဋ္ဌေးအကြီးတွေ၊အဖွဲ့အစည်း(ဘုံကျောင်း)တွေရှိရင်သူတို့ချင်းဝံသာနု ကြပါတယ်။ စောင့်ရှောက်တဲ့ သဘော ရှိပါတယ်” လို့ ရှုမြင်ထားပါတယ်။
ဘုံကျောင်းတွေဆိုတာပင်လယ်ရပ်ခြားတရုတ်များရှိတဲ့နေရာတိုင်းမှာထူထောင်ထားပြီးသာရေးနာရေး ကိစ္စတွေကိုအဓိကလုပ်ဆောင်ပေးဖို့ရည်ရွယ်ထားတာပါ။ဒါထက်မကစီးပွားရေးအရခက်ခဲနေရင် မြေထောင်မြှောက်ရာနေရာဌာနအဖြစ် ပါဝင်လာလေ့ရှိပါတယ်။
“ကျမတို့နဲ့ဈေးထဲမှာယှဉ်ပြီးတော့လုပ်ကိုင်နေတဲ့ တရုတ်မိသားစု တစုဆိုရင် အရင်က အပေါင်ဆိုင်လုပ်တာ။ မီးလောင်တော့ ဘုံကျောင်းကနေ စိုက်ထုတ် မတည်ပေးတယ်” လို့ ဒေါ်နန်းရွှေကြာက ဥပမာပေးပါတယ်။
ဦးသန်းဋ္ဌေးက“ဘုံကျောင်းတွေက တရပ်တရွာမှာ အားမငယ်အောင် တယောက်နဲ့တယောက် လက်တွဲတဲ့ သဘောပါ။လူမျိုးအလိုက်ဖွဲ့စည်းထားတာပါ။လူမျိုးတွေကတော့ဝမ်၊ကျင်စသဖြင့်အများကြီးပေါ့။ သာရေးနာရေးအဓိကပါ။လိုအပ်ရင်လိုအပ်သလိုပေါ့။အလုပ်မရှိလို့ ဒုက္ခရောက်နေရင်တတ်နိုင်တဲ့သူတွေက သူတို့အလုပ်ရုံပွဲရုံတွေမှာအလုပ်ပေးထားတာတို့စသဖြင့်ပေါ့။ဆိုင်ဖွင့်ချင်တယ်ဆိုပိုက်ဆံပေးတာတို့။ စီးပွားရေးမှာကျတော့ အမျိုးတူတဲ့ သူအချင်းချင်းဆိုကူညီတာများတယ်။ ငွေတွေဘာတွေ ထုတ်ပေးတယ်။ မှန်မှန်သာ သွင်းရင် ပြန်ရတယ်” လို့ ရှင်းပြပါတယ်။
ဒေါ်နန်းရွှေကြာက“ကျမလည်းကုန်စုံဆိုင်ဖွင့်ထားတယ်။ဆင်းရဲတဲ့ဗမာတွေ များများဝယ်နိုင်အောင် အရင်းနှီးနှီးဈေးနဲ့ရောင်းပါတယ်။ဒါပေမဲ့ကျမရင်းနှီးနိုင်တာနဲ့သူတို့ရင်းနှီးနိုင်တာနဲ့မတူတော့ ရရှိတဲ့အမြတ်လည်းမတူနိုင်ဘူး။သူတို့ကငွေအင်အားနဲ့လွှမ်းမိုးနိုင်တော့ယှဉ်လို့မရတဲ့အပိုင်းတွေ အများကြီးပေါ့။ရင်းနှီးမြှုပ်နှံနိုင်မှုအားအပေါ်မှာလည်းမူတည်ပါတယ်”လို့ စီးပွားရေးတွက်ကိန်း ထုတ်လာပါတယ်။
အရင်းနည်းတဲ့သူတွေအပြင်အရင်းမဲ့တဲ့သူတွေကတော့မြို့သစ်တွေကနေမြို့ထဲအလုပ်ရုံတွေဆီ နေထွက်မှသည်နေဝင်တဲ့အထိ လာလုပ်ရပါတယ်။
“တနေ့လုပ်မှတနေ့စားတွေ။စက်ဘီးကိုတနေ့၂ဝဝနဲ့ငှါးပြီး မြို့ထဲ လာအလုပ်လုပ်ကြရတယ်။ အလုပ်ကပြန်မှ
ဈေးဝယ်ပြီး ချက်စားကြတဲ့သူ၊ သို့တည်းမဟုတ် ချက်ပြီးသားလေး ဝယ်စားကြပြုကြတဲ့ လူတန်းစားတွေပေါ့” လို့ စာရေးဆရာကြီးက ရှင်းပြပါတယ်။
ဒါနဲ့ဆက်စပ်ပြီး မန္တလေး ကဗျာဆရာတွေ တင်စားလေ့ရှိတဲ့ ‘နေလုံးကို ကျောပိုး’ နေကြရတယ်ဆိုတာလည်း
ဆရာကြီး ရှင်းပြလို့ နားလည်ခွင့် ရလိုက်ပါတယ်။
 “သူတို့အချင်းချင်းကလူအင်အားသာနည်းတာစည်းလုံးမှုကတော့တော်တော်ကောင်းတယ်။မိသားစုတခု အကြောင်း တခုခုကြောင့် စီးပွားပျက်တယ်ဆိုရင် ဘုံကျောင်းကနေ မတည်ပေးတဲ့ ပုံစံမျိုးတွေတွေ့ရတယ်။
“အရှေ့ဘက်ကနေအနောက်ဘက်ကိုလာကြရတာဆိုတော့နေလုံးကိုကျောပိုးပြီးလာကြရတယ်။ပြန်တော့လည်း
နေလုံးကို ကျောပိုးပြီးပြန်တယ်လို့ ဖွဲ့ကြတာပေါ့ဗျာ”နေ့စဉ်နေ့တိုင်း နေလုံးကို ကျောပိုးထားရသူ ရွှေမန်းသား
တွေအဖို့ ကျုံးရေကို ပြန်သောက်၊ နာရီစင်အောက်ပြန်ရောက်နိုင်ဖို့ ဆိုတာ အတော်လုံးပန်းရဖွယ် ရှိပါတယ်။
ထောင်ကျခဲ့ဖူးတဲ့စာရေးဆရာကြီးက“ကျနော်တို့ထောင်ထဲမှာပြောနေကျစကားတခုရှိတယ်ဗျ။ငွေများ တရားနိုင်တဲ့ခေတ်မဟုတ်တော့ဘူးကွ။ငွေနည်းတရားရှုံးတဲ့ခေတ်ရောက်ပြီလို့။အနည်းနဲ့အများ ပေးနေကြတာ။သူတို့ကပိုများများပေးနိုင်ကြတယ်။အဲဒီတော့ဥပဒေကိုကျော်လွှားဖို့အခြေအနေက ပေးနေတာကိုး” လို့ ဥပဒေစိုးမိုးရေးကို တရိုးတမယ်ဖွဲ့ပြပါတယ်။
ဒီအခြေအနေတွေကိုကာကွယ်ရဖို့ကဥပဒေလား၊ဝံသာနုစိတ်ထားလား၊အဓိကရုဏ်းနည်းလားဆိုတာ စဉ်းစားကြပေမယ့်အဓိကရုဏ်းကတော့ပြဿနာပေါင်းစုံကိုမဖြေရှင်းနိုင်တဲ့အစိုးရအတွက် ပြည်သူကို အာရုံပြောင်းဖို့ အကြိုက်တွေ့သွားမယ်လို့ အတိုက်အခံ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်အခြေ ခိုင်ရဖို့အရေး စာရေးဆရာ ညီပုလေးနဲ့ မိုးမိုး (အင်းလျား) တို့ အပါအဝင် စာပေနယ်ပယ်က အဦးအဆွကတည်းက သတိပေးစာပေတွေ ရေးခဲ့ပါတယ်။ အခုလို အထင်အရှား ရင့်သန်လာတဲ့အခါ အမြင်လွယ်သလောက် ဖြေရှင်းရမှာက အလွယ်တကူ မဟုတ်ပါဘူး။
အများနည်းတူရှာဖွေကြတဲ့အထဲမှာဆရာဝန်ကဗျာဆရာ မြတ်ထက်က သူ့ကလောင်စွမ်းနဲ့ ဝံသာနုလိုက်ပါရဲ့ …။
မွေးမြေ မန္တလေး
တုတ်ကွေး လှိုက်စား
နုံးချည့် မသွားမီ
အဆီအနှစ်များ
အရည် ဖြစ်မသွားဖို့
စီဗစ်တပြားတော့ တိုက်ထားမှ…။ ။





လစာတိုးသည်ကိုပင်စင်စားများကျေနပ်

သဲသဲ တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၀ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။အစိုးရသစ်တက်လာပြီးရက်၁ဝဝအတွင်းပင်စင်လစာတိုးမြှင့်ပေးလိုက်ခြင်းသည် လစာငွေရာဂဏန်း၊ထောင်ဂဏန်းမျှသာခံစားနေရသည့်အငြိမ်းစားဝန်ထမ်းများအတွက် ကျေနပ်ဖွယ်ဖြစ်သည်ဟု ပင်စင်စားများက ပြောသည်။
“ကျနော့်အရှေ့ကအနားယူသွားတဲ့ဆရာကြီးတွေရဲ့ပင်စင်လစာဆိုရင်ဒီကနေ့ခေတ်နဲ့ဘယ်လိုမှသုံးလို့မရဘူးလေ။ သူတို့တွေကကျနော်တို့ဌာနအတွက်တကယ်လုပ်ပေးသွားတဲ့သူတွေပါ၊ဒီလိုတိုးပေးတာအလွန်ဖြစ်သင့်တဲ့အလုပ်မို့ ဝမ်းမြောက်ကြိုဆိုပါတယ်”ဟုမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးချုပ်ဟောင်းဒေါက်တာထွန်းလွင် (အငြိမ်းစား)ကမဇ္ဈိမကိုပြောသည်။
ဒေါက်တာထွန်းလွင်သည်၂ဝဝ၉ခုနှစ်အသက်၆၂နှစ်တွင်မိုး/ဇလညွှန်ကြားရေးမှူးချုပ်ရာထူးမှအငြိမ်းစား ယူခဲ့သည်။
          ရန်ကုန်ရှိပင်စင်ဦးစီးဌာနတွင်လာရောက်စုံစမ်းမှုများပြုလုပ်နေကြသူများကိုတွေ့ရစဉ်(ဓါတ်ပုံ မဇ္ဈိမ)
၁၉၈၈စက်တင်ဘာကစစ်တပ်အာဏာသိမ်းပြီးနောက်ဝန်ထမ်းများ၏လစာကို၁၉၈၉၊၁၉၉၃၊၂၀၀၀၊၂၀၀၆ နှင့်၂ဝ၁ဝခုနှစ်များ၌၆ ကြိမ်လစာတိုးပေးခဲ့သည်။နောက်ဆုံးတိုးပေးခဲ့သည့်မှာ၂ဝ၁ဝ ဇန်နဝါရီတွင်ဖြစ်ပြီး ဝန်ထမ်းတိုင်း၏လစာကိုကျပ်၂သောင်းစီထပ်မံတိုးမြှင့်မှုဖြစ်သော်လည်းပင်စင်စားများလစာကိုမူ မတိုးမြှင့်ဘဲ ထားခဲ့သည်။
“ကျနော့်လစာ၃၅ဝရတယ်။တပ်ကြပ်ကြီးရာထူးနဲ့၁၉၈၆ခုနှစ်ကနေစစ်သက်၂၃နှစ်မှာပင်စင်ယူတယ်။၉ခုနှစ် နောက်ပိုင်းကနေပင်စင်နဲ့စားလို့မလောက်တော့လို့ကြုံရာဝင်လုပ်ပြီးရပ်တည်ခဲ့ရတာ”ဟု၆၇နှစ်အရွယ် အငြိမ်းစား တပ်ကြပ်ကြီးတဦးက မဇ္ဈိမကို ပြောသည်။
မူလတန်းကျောင်းအုပ်ရာထူးဖြင့်၂ဝဝ၆ခုနှစ်မတိုင်မီဆေးပင်စင်ယူခဲ့သူကျောင်းအုပ်ဆရာမတဦးက“လစာ ၇၅ဝဝကနေပင်စင်ယူတာဆိုတော့၂ဝဝဝလောက်ပဲရတာ၊ကိုယ့်ကလေးကိုယ်ကျောင်းထားဖို့တောင် မလောက်ဘူး။ တိုးတယ်ဆိုတော့ ပျော်ပါတယ်” ဟု ဆိုသည်။
အစိုးရသစ်ကဇွန်လ၃ဝရက်နေ့စွဲဖြင့်အငြိမ်းစားအစိုးရဝန်ထမ်း၏ပင်စင်လစာကိုတာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းများ၏လစာနှုန်းထားဖြင့်ပြန်လည်တွက်ချက်သတ်မှတ်ကာဇူလိုင်လမှစ၍တိုးမြှင့် ခံစားခွင့်ပေးမည်ဟုကြေညာခဲ့သည်။
၂ဝ၁ဝဇန်နဝါရီမတိုင်မီအငြိမ်းစားယူခဲ့သည့်ပင်စင်စားအားလုံးအကျုံးဝင်ပြီး၊၂ဝဝ၆ဧပြီမတိုင်မီ ပင်စင်ယူခဲ့သည့်နိုင်ငံရေးပင်စင်စားများလည်း လစာတိုးမြှင့်ပေးမည်ဟု ဆိုထားသည်။
ရန်ကုန်မြို့ပင်စင်ဦးစီးဌာနကမဇ္ဈိမကိုတယ်လီဖုန်းဖြင့်ဖြေကြားရာ၌ပင်စင်စားများအနေဖြင့် မိမိတိုးမြှင့်ခံစားရမည့်လစာနှုန်းထားများသိရှိရန်သက်ဆိုင်ရာမိခင်ဌာန၊အဖွဲ့အစည်းများသို့ဆက်သွယ်ပြီး လျှောက်လွှာ ပုံစံဖြည့်ပြီးနောက် တိုးမြှင့်လစာ မည်မျှရရှိကြောင်း တွက်ချက်ပေးမည်ဟု ဆိုသည်။
“အရင်ဆုံးမိခင်ဌာနကိုဆက်သွယ်ပြီးအဲဒီမှာလျှောက်လွှာတွေဖြည့်ပြီးယူခဲ့ရင်ဒီကဘယ်လိုတိုးတယ်ဆိုတာ တွက်ပေးမှာပါ”ဟုရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိအစိုးရဘဏ်၂ရှိပင်စင်ဦးစီးဌာနက ဖြေကြားခဲ့သည်။
လုပ်သက်နှစ်၃ဝရှိအစိုးရဝန်ထမ်းများသည်လုပ်သက်ပြည့်ပင်စင်၊အသက်၆ဝနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့လျှင်သက်ပြည့်ပင်စင်၊ကျန်းမာရေးချွတ်ယွင်းမှုကြောင်းခိုင်လုံလျှင်ဆေးပင်စင်တို့ ခံစားခွင့် ရှိသည်။
၂ဝ၁၁မတ်လလွှတ်တော်အစည်းအဝေး၌ရှမ်းပြည်နယ်နမ့်ခမ်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာစိုင်းကျော်အုန်း၏နိုင်ငံ့ဝန်ထမ်းများနှင့်ယခင်ပင်စင်စားများ၏လစာနှုန်းထားများတိုးပေးရန် အစီအစဉ်ရှိမရှိမေးမြန်းမှုကိုသင့်တော်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်ဖြစ်ဟုဘဏ္ဍရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းကဖြေကြားခဲ့သည်။
ယခုလိုပင်စင်လစာငွေတိုးမြှင့်ပေးခြင်းသည်အငြိမ်းစားဝန်ထမ်းများအတွက်တစုံတရာအထောက်အကူဖြစ်သော်လည်း၊ ပိုလျှံစေနိုင်သည့် ပမာဏမဟုတ်ဟု စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က သုံးသပ်သည်။