မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 8 augustus 2011

ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတိုက်အခံများကျင်းပ

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၅ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ဒီမိုကရေစီတောင်းဆိုသောနိုင်ငံအဝှမ်းလူထုအုံကြွမှုကြီး၏၂၃နှစ်မြောက်နှစ်ပတ်လည် နေ့တွင်အစိုးရဘက်မှတိတ်ဆိတ်နေချိန်အတိုက်အခံများကဘာသာရေးနှင့်ဆက်နွယ်ကာအမှတ်တရ အခမ်းအနားများ ပြည်တွင်း ပြည်ပတွင် သောကြာနေ့က ပြုလုပ်ကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ရန်ကုန်နိုင်ငံရေးအင်အားစုများက ကြည့်မြင်တိုင်မြို့နယ်သာဓုပရိယတ္တိစာသင်တိုက်တွင်ဝါဆိုသင်္ကန်းကပ်လှူပွဲကိုမနက်ပိုင်းတွင် ပြုလုပ်ကြသည်။
၈၈မျိုးဆက်ကျောင်းသူတဦးဖြစ်သူပွဲပြန်ကြားရေးတာဝန်ခံမခင်မိုးအေးအပြောအရနိုင်ငံရေးအင်အားစု အစုံအလင်တက်ရောက်သည့်ပွဲဖြစ်ပြီး ဂီတ၊ ပန်းချီ၊ စာပေ အသိုင်း အဝိုင်းနှင့်၊ လူမှုရေးအဖွဲ့ အစည်းများ
စုစုပေါင်း ပရိတ်သတ် ၃,ဝဝဝ ကျော်မည်ဟု ဆိုသည်။
ကျောင်းထိုင်ဆရာတော်ကြီးဗဟိုသံဃာ့ဝန်ဆောင်ဘန္ဒန္တဦးဥဂ္ဂံသအပါအဝင်ကျောင်းရှိသံဃာ၁၁၈ပါးသာမ က၂ဝဝ၇ခုစက်တင်ဘာလရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင်ထောင်ကျခဲ့ဖူးသောပင့်သံဃာ၁ဝပါးတို့ကို ဝါဆို သင်္ကန်းကပ်လှူပြီး ဆွမ်းကပ်ခဲ့ကြသည်။
သက်တော်၈၁နှစ်၊ဝါတော်၆ဝရှိနတ်မောက်ဇာတိဆရာတော်ဘန္ဒန္တဦးဥဂ္ဂံသက“အစားဆန်း၊အနေဆန်း၊ အဝတ်ဆန်းတွေကိုမတပ်မက်ကြပါနဲ့အတွေးဆန်းကြပါ၊အတွေးရဲကြပါ၊အတွေးပေါက်ကြပါ။ဒါဆိုရင် ပေးတိုင်းမယူကြတဲ့စိတ်၊ကျွေးတိုင်းမစားကြတဲ့စိတ်၊ခြောက်တိုင်းမကြောက်ကြတဲ့စိတ်၊မြှောက်တိုင်း မမြောက်ကြတဲ့စိတ်တွေပေါ်ပေါက်လာပြီးအဲဒီစိတ်ထားတွေကတဆင့်ပြန်လည်စည်းလုံးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင်ကိုင်နိုင်ကြပါလိမ့်မယ်” ဟု ထည့်သွင်း ဟောကြားသွားခဲ့သည်။

ရှစ်လေးလုံး၂၃နှစ်ပြည့်အခမ်းအနားသို့တက်ရောက်လာသည့်ဒေါ်အောင်ဆန်းစုကြည်ဧည့်သည်တော် မှတ်တမ်းတွင်အမှတ်တရစကားရေးသားနေစဉ်။ဓာတ်ပုံ-မဇ္ဈိမ
အခမ်းအနားဧည့်သည်တော်မှတ်တမ်းတွင်ဒေါ်အောင်ဆန်းစုကြည်က“မေ့မရနိုင်တဲ့ အကြောင်းရင်းကို စဉ်းစားကြစေချင်ပါတယ်”ဟုအမှတ်တရစကားအဖြစ်ရေးသားသွားခဲ့သည်။ကွယ်လွန်သူအာဏာရှင် ဦးနေဝင်းဦးဆာင်သောအငြိမ်းစားစစ်ဘက်အရာရှိကြီးများထူထောင်သောမြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကတပါတီအစိုးရအဖြစ်၂၆နှစ်ကြာအုပ်ချုပ်ပြီးသည့်အခါပါတီစုံဒီမိုကရေစီတောင်းဆို သော လူထုအုံကြွမှု နိုင်ငံအဝှမ်း
သြဂုတ်၈ရက်၊၁၉၈၈ခုနှစ်တွင်စတင်ခဲ့သည်။တက္ကသိုလ်ကျောင်းသားများကစတင်ခဲ့သောအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၁ ရက် အတွင်း သမ္မတ ၃ ဆက်ကို ပြုတ်ကျသွားစေခဲ့သည်။
လူ၃ထောင်အနည်းဆုံးသေဆုံးသောပစ်ခတ်ဖြိုခွင်းမှုများစစ်တပ်ကပြုလုပ်ခဲ့ပြီးနောက်စစ်တပ်မှတိုက်ရိုက် အုပ်ချုပ်မှုပြန်လည်ဖြစ်ထွန်းလာခဲ့သည်။၁၉၈၈ခုနှစ်အာဏာသိမ်းစစ်အစိုးရကိုအမွေဆက်ခံသော အရပ်သား အစိုးရအဖြစ် လက်ရှိ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် အစိုးရက ရှစ်လေးလုံး နှစ်ပတ်လည်
နေ့နှင့်ပတ်သက်၍တစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသလိုအကြီးဆုံးသောအတိုက်အခံဖြစ်ပြီး ပယ်ဖျက်ခံထားရသည့် အန်အယ်ဒီ ပါတီက ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်ရန် ရွေးချယ်ခဲ့သည်။
“ဒီပွဲအခမ်းအနားမှာကျနော်တို့ရဲ့အကိုများဖြစ်ကြတဲ့ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုမင်းဇေယျာတို့ ကိုဂျင်မီတို့မလာရောက်နိုင်တဲ့အချက်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတယ်ဆိုတဲ့အချက်တွေက စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲရေးကို အစိုးရက ဖော်ဆောင်ပါ့မလားဆိုတဲ့ သံသယကို ဖြစ်ပွားစေပါတယ်” ဟုအခမ်းအနားစီစဉ်သူတဦးဖြစ်သော ကိုမျိုးရန်နောင်သိမ်းက ပြောသည်။
အလားတူမန္တလေးရှိလူငယ်အဖွဲ့အစည်းစုံစုပေါင်း၍မန္တလေးမြို့ရဲမွန်တောင်ရပ်ကန်တက်ကုန်း မစိုးရိမ်ကျောင်းတိုက် တွင်လည်း အထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည်။
ကျောင်းထိုင်ဆရာတော်ကြီးဘဒ္ဒန္တတေဇောဘာသထံသင်္ကန်း၈စုံကပ်လှူခြင်း၊သံဃာ၈ပါးကိုဆွမ်းကပ်ခြင်း၊ မိဘမဲ့ကလေး၈ဦးအတွက်တနှစ်စာစာသင်စရိတ်၉၆,ဝဝဝလှူဒါန်းပြီးကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းသား၈ဝဝကျော်ကိုကြာဆံဟင်းတိုက်ကျွေးသည်ဟု အမည်မဖော်လိုသော ပွဲဖြစ်မြောက်ရေး ပါဝင်သူတဦးက ပြောသည်။
“ရှစ်လေးလုံးကိုကျနော်တို့မမေ့ဘူး။ဒါတွေနဲ့ပတ်သက်ပြီးကျနော်တို့မှာလုပ်ရမယ့်ဝတ္တရားတွေရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးပေါ့လေ”ဟုသူကပြောသည်။လူ၁ဝဝကျော်တက်ရောက်သည့်အခမ်းအနားတွင် ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က အဖွင့်အမှာစကားပြောခဲ့သည်။

ရှစ်လေးလုံးလူထုအုံကြွမှုကြီး၏၂၃နှစ်မြောက်နှစ်ပတ်လည်နေ့တွင်ပိုစတာများကိုင်ဆောင်ထားပြီး ကြွေးကြော်သံများဟစ်ကြွေးနေကြသည့်ဆန္ဒပြသူများအားထိုင်းနိုင်ငံဘန်ကောက်မြို့ရှိမြန်မာသံရုံးရှေ့တွင် သြဂုတ်လ ၇ ရက် ၂ဝ၁၁ ခုနှစ်တွင် တွေ့ရစဉ်။ AFP PHOTO / Pornchai KITTIWONGSAKUL
မပြီးဆုံးသေးသောလူထုအုံကြွမှုမှသည်လက်နက်ကိုင်တော်လှန်ရန်အိမ်နီးချင်းနိုင်ငံများသို့ထွက်ပြေးကာ ဖွဲ့စည်း ထားသည့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)ကလည်း အစိုးရကိုပုန်ကန်နေသောကချင်လွတ်မြောက်ရေးအဖွဲ့ထိန်းချုပ်ထားသည့်နယ်မြေအတွင်းအထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ကြသည်။
မြန်မာတရုတ်နယ်စပ်မြို့တခုဖြစ်သည့်လိုင်ဇာတွင်ပထမဆုံးအကြိမ်ရှစ်လေးလုံးအမှတ်ရပွဲ ပြုလုပ်နိုင်ခြင်း ဖြစ်ပြီးKIOအဖွဲ့ဝင်များ၊ကချင်ရပ်မိရပ်ဖများနှင့်အမျိုးသမီးသမဂ္ဂများအပါအဝင် လူ ၂ဝဝ ကျော် တက်ရောက်
ကြသည်။
မကဒတ(မြောက်ပိုင်း)အလုပ်အဖွဲ့တာဝန်ခံကိုလှစိုင်းက“ဒီနေ့ဒီအချိန်ခါမှာပြည်သူလူထု ဒုက္ခကြုံနေရတယ်၊ ကျနော်တို့မဟာမိတ်တွေစစ်တိုက်နေတယ်။ကျနော်တို့လည်းဆက်ပြီးမှတိုက်ပွဲဝင်ဖို့အဆင်သင့် ဖြစ်တယ်ဆိုတဲ့ အနေအထားနဲ့ ဒီနေ့ ရှစ်လေးလုံး အခမ်းအနားကိုဒီမှာကျင်းပရခြင်း ဖြစ်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။
ကိုယ်ပိုင်ပြဋ္ဌန်းခွင့်အတွက်နေပြည်တော်နှင့်လက်နက်ကိုင်တိုက်ပွဲဆင်နေရသောKIOကို မဟာမိတ်ဟု ရည်ညွန်း ပြောဆိုသွားခြင်းဖြစ်သည်။မကဒတ(မြောက်ပိုင်း)အနေဖြင့် ၁၇ နှစ်အကြာတွင် ကချင်မြေအတွင်း လှုပ်ရှားမှုများ ပြန်လည် ဖြစ်ထွန်းနေချိန်လည်း ဖြစ်သည်။
ပြည်ပတွင်လည်းရှစ်လေးလုံးအမှတ်တရအဖြစ်သောကြာနေ့တွင်အနည်းဆုံးအိန္ဒိယနှင့် အစ္စရေးနိုင်ငံများတွင်မြန်မာအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံတွင်တော့မြန်မာဒုက္ခသည်၈၀ခန့်ကဂျန်တားမန်တားပန်းခြံရှေ့တွင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အစ္စရေးနိုင်ငံရောက်မြန်မာအင်အား၃၀ခန့်ကလည်း၈၈ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်TelAvivတဲလ်အဗီးမြို့ မြန်မာ သံရုံးရှေ့တွင်"wewon’t forget","Wewon'tgiveup"အစရှိသည့်ဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ၂နာရီခန့်ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။
“ဒီမိုကရေစီ အင်အားစုတွေဟာ နအဖ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုနေတာ ၂၃ နှစ် ရှိနေပြီ ဘာမှ မထူးလာသေးပါဘူး၊ ဒီလိုမျိုး တောင်းဆိုနေမယ့်အတူတူ အာရပ်နိုင်ငံတွေလိုမျိုး လူထုတိုက်ပွဲကနေ နအဖ အစိုးရကို ဖယ်ရှားကြဖို့ မတ်ဆေ့ ပေးချင်တယ်” ဟု ဆန္ဒပြပွဲဦးဆောင်သည့် Burma Action for Israel အဖွဲ့ ခေါင်းဆောင် ကိုပိုင်သူဝင်းက မဇ္ဈိမကို ပြောသည်။



ရှစ်ရက်၊ရှစ်လ၊ရှစ်ဆယ့်ရှစ်


နှစ်ဆယ့်ခြောက်နှစ်ကျော်ကြာ
တင်းကြပ်တဲ့ဥပဒေတွေအောက်မှာ
လှုပ်ရှားနေထိုင်ရုန်းကန်နေရတဲ့ဘ၀တွေ
အခပ်မသင့်တဲ့အခါမှာသက်မဲ့တွေတောင်
အကြောင်းပြချက်မျိုးစုံနဲ့ပြဿနာရှာခံရ
အဲ့ဒီစနစ်ဆိုးရဲ့အောက်မှာရှင်သန်နေရတဲ့ဘ၀တွေဟာ
လူသာရှင်တယ်နှလုံးသားတွေကသေနေရတာဘဲပေါ့ --- ။
မတိုးသာမဆုတ်သာဒီဘ၀တွေ
အာဏာကိုသေနတ်ပြောင်းကထုတ်ကာ
စိုးမိုးအုပ်ချုပ်ချယ်လှယ်သူတွေရဲ့
လမ်းညွှန်ပုံသွင်းမှုတွေအောက်မှာ
ကန္တာရခရီးသွားတွေအလား --- ။
ခေတ်မှီတိုးတက်တဲ့အခြားနိုင်ငံတွေနည်းတူ
လွတ်လပ်စွာပြောပိုင်ခွင့်
လွတ်လပ်စွာရေးသားဝေဖန်ပိုင်ခွင့်တွေအတွက်ဆိုရင်
သူတို့အချုပ်အခြာအာဏာတွေကို စွန့်လွှတ်ရမှာကြောက်လို့
အိပ်မက်တွေကိုတောင်လွတ်လပ်စွာမက်လို့မရခဲ့ဘူး
အဲ့ဒီ … အဲ့ဒီလို အကြပ်အတည်းတချို့နဲ့
တခြားတခြားသောအထွေထွေအကြပ်အတည်းတွေကြောင့်
ရှစ်ရက်။ရှစ်လ၊ရှစ်ဆယ့်ရှစ်မှာ
မ.ဆ.လအရေခြုံအာဏာရှင်ကိုတော်လှန်တဲ့
ရှစ်လေးလုံးအထွေထွေသပိတ်ကြီးပေါ်ပေါက်လာခဲ့တယ် --- ။
ဆယ်စုနှစ်နှစ်လီကိုသုံးနှစ်စွန်းလာခဲ့လို့
တချို့တချို့သောအခြေအနေတွေယွင်းသွေခဲ့လည်း
ကိုယ့်နိုင်ငံအရေးမအေးသေးတော့
ပွဲပြီးမီးသေလုပ်ကာအုပ်စိုးသူတွေရဲ့ချယ်လှယ်မှုအောက်မှာ
ဒဏ်ရာတွေသာထပ်တိုးလာခဲ့ --- ။

              ဇာနည်မောင်

( ရှစ်လေးလေးပြည်သူ့အရေးတော်ပုံကြီး ၂၃ နှစ်မြောက်အတွက် အမှတ်တရ )

maandag 1 augustus 2011

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးခြင်းသာအရေးကြီးဆုံးခြေလှမ်း

ကိုဝိုင်း တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာအစိုးရအနေဖြင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများလုပ်ဆောင်ရာ၌နိုင်ငံရေး အကျဉ်းသားများကိုလွှတ်ပေးခြင်းသည်သာတခုတည်းသောအရေးအကြီးဆုံးခြေလှမ်းဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အလုပ်သမားဝန်ကြီးဦးအောင်ကြည်တို့ဇူလိုင်၂၅ရက်နေ့ကရန်ကုန် စိမ်းလဲ့ကန်သာတွင်၁ဝကြိမ်မြောက်အဖြစ်တွေ့ဆုံခဲ့ကြအပြီး၎ရက်အကြာ၌နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်အား တယ်လီဖုန်းဖြင့် တိုက်ရိုက် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“နိုင်ငံတကာကမြင်တွေ့လိုသည့်တခုထဲသောအရေးအကြီးဆုံး ခြေလှမ်းအဖြစ် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်လိုအပ်ပြီး“အစိုးရအသစ်ကနိုင်ငံကိုငြိမ်းချမ်းရေး၊ဒီမိုကရေစီရေးနှင့်ချမ်းသာကြွယ်ဝရေး တို့အတွက်ရှေ့သို့အခိုင်အမာရွေ့လျားနေသည်ဟုလည်းယုံကြည်ကြောင်း”အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလဌာနချုပ်ရုံး သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရအနေဖြင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများလုပ်ဆောင်ရာ၌နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည်သာတခုတည်းသောအရေးအကြီးဆုံးခြေလှမ်းဖြစ်ကြောင်းဘန်ကီမွန်းပြောကြား {Photo:clkr's (www.flickr.com)}
ဦးဝဏ္ဍမောင်လွင်၏ပြန်လည်ပြောဆိုချက်ကိုထုတ်ပြန်ချက်အတွင်း၌မတွေ့ရသော်လည်းသူသည် မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားမရှိကြောင်းတောက်လျှောက်ငြင်းဆိုလာသူဖြစ်ပြီးဇွန်လက နေပြည်တော်၌အမေရိကန်ရီပတ်ပလင်ကန်အောက်လွှတ်တော်အမတ်မစ္စတာဂျွန်မက်ကိန်နှင့် တွေ့ဆုံစဉ်ကလည်းအကျဉ်းထောင်များအတွင်းတည်ဆဲဥပဒေများကိုချိုးဖောက်သူများသာရှိသည်ဟု ပြောဆိုခဲ့သေးသည်။
ဂျွန်မက်ကိန်းကနိုင်ငံတကာလူ့အခွင့်အရေးကောင်စီ၏စာရင်းဇယားအရနိုင်ငံရေးအကျဉ်းသားများ ရှိသည်ဟုပြောဆိုခြင်းအပေါ်ဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးကလည်းနိုင်ငံရေးအကျဉ်းသား မရှိဟုငြင်းဆိုသည်။
အတိုက်အခံနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့နေ
ရှေ့နေကြီးဦးအောင်သိန်းက“နိုင်ငံတကာကဝိုင်းဝန်းလာတယ်ဆိုရင်တော့သူတို့ဟာ သူတို့ မလုပ်ဘဲ နေသည့်တိုင်အောင်တနည်းမဟုတ်တနည်းတော့အလေးထားမှုတော့ရှိလာတာပေါ့”ဟု ကြိုဆို စကားပြောသည်။
အစိုးရကသဘောကွဲလွဲသူများကိုထောင်ချရာတွင်နိုင်ငံရေးအကျဉ်းသားဟုပုဒ်မသီးသန့်မရှိသဖြင့် နီးစပ်ရာပြစ်မှု ဥပဒေများဖြင့် အရေးယူခြင်း ဖြစ်ကြောင်း ရှေ့နေကြီးက ပြောသည်။
“ဒါပေမယ့်ဒီလူတွေရဲ့အနှစ်သာရနဲ့လုပ်ဆောင်ချက်ကို ကြည့်ရင် အများနဲ့ သက်ဆိုင်တဲ့၊ နိုင်ငံတော်အတွက် အရေးပါ အရာရောက်တဲ့ ကိစ္စတွေပေါ်မှာ တောင်းဆိုတာ၊ ဆန္ဒထုတ်ဖော်တာ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ
ဆောင်ရွက်တယ်လို့ ကျနော်က ပြောမယ်”
ဦးအေင်သိန်းနှင့်၈၈မျိုးဆက်ကျောင်းသားနိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ထောင်ဒဏ် ၆၅ နှစ်ကျော် ကျခံနေရသည့်ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုပြုံးချို၊ကိုမြအေး၊ကိုဥာဏ်လင်း၊ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ၊ ကိုမျိုးအောင်နိုင် စသည့် ကျောင်းသား ခေါင်းဆောင် ၉ ဦး လွတ်မြောက်ရေး အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တင်ပြ ရန် စတင် ပြင်ဆင်နေပြီ ဖြစ်သည်။
ကော့သောင်းထောင်၌သွေးတိုးဝေဒနာခံစားနေရသည့်သားဖြစ်သူကိုပြုံးချိုကိုဇူလိုင်၁ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည့်ဖခင်ဦးဝင်းမောင်ကဘန်ကီမွန်းကဦးဝဏ္ဍမောင်လွင်အားဖုန်းဖြင့် ပြောဆိုသည်ကိုကြားသိနေပြီး“ထမြောက်အောင်မြင်ဖို့ကိုကျနော်တို့ကမျှော်လင့်ရတာပေါ့လေ။ နည်းနည်းများ ထူးခြားလာ မလားလို့ပေါ့” ဟု ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၉၆တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အကျဉ်းသားတဦးကို ဥပဒေနှင့်အညီ စီရင်ထားခြင်း ဟုတ်မဟုတ် ပြန်လည် စိစစ်နိုင်ရန် အကျဉ်းသားအား တရားရုံးရှေ့မှောက် တင်သွင်းရန် “ရှေ့တော်သွင်း စာချွန်တော် အမိန့်” ထုတ်နိုင်ကြောင်း ပါရှိသည်။
မြန်မာနိုင်ငံတွင်လက်ရှိနိုင်ငံရေး အကျဉ်းသား ၁၉၉၄ ဦး ကျန်သည့် အနက် ၈၈ ကျောင်းသား ခေါင်းဆောင်
စုစုပေါင်း၃၇ဦးရှိကြောင်းပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP-B မှ ပြောသည်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ၁၉၉၁ ခုမှစ၍ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ပေါင်း ၂ဝ ခန့် ချမှတ်ခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရက လစ်လျူရှုခဲ့ကာ အကောင်အထည် မပေါ်ခဲ့သော်လည်း မစ္စတာဘန်ကီမွန်းကမူ လာမည့် ၂ဝ၁၂ ခုနှစ် ကုလ အထွေထွေ ညီလာခံကြီးတွင် အပြောင်းအလဲများ ဖြစ်စေရန် ထပ်မံကြိုးစားဦးမည်ဟု သိရသည်။





ငြိမ်းချမ်းရေးအတွက်အေးလျက်မနေသာပြီ

ရဲဘော်ဖိုးသံချောင်း တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၃၃ မိနစ် .
“ငြိမ်းချမ်းရေးအတွက်အေးလျက်မနေသာပြီ။လူသားအပေါင်းကတောင်းဆိုကြသည်”ဒါဟာ၁၉၅ဝစုနှစ်များ နဲ့ ၆ဝစုနှစ်များအစောပိုင်းဆီကဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအတွက် မင်းသားကြီးကိုမြတ်လေးစပ်ပေးခဲ့တဲ့“အများစုဆန္ဒ”ဆိုတဲ့ သီချင်းထဲက စာသားတကြောင်း ဖြစ်ပါတယ်။ တက္ကသိုလ်ပရိဝုဏ်နဲ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ မပြတ်ကြားရတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
ဒီသီချင်းကိုပြန်ဖော်ရတာကတော့အခုတလောဗမာနိုင်ငံမှာငြိမ်းချမ်းရေးကိုတောင်းဆိုသံတွေ ပြန်ကြားလာရနေလို့ပါပဲ။ဆရာကြီးရဲ့လုပ်ဖော်ကိုင်ဖက်၊တပည့်သားရင်းတွေ ထွက်ပြောလာတာလည်း ကြားရပါတယ်။အင်မတန်မင်္ဂလာရှိတဲ့အသံတွေပါ။အချိန်အခါနဲ့ကိုက်ညီလှတဲ့ပြောကြားချက်တွေ ဖြစ်ပါတယ်။ပြည်တွင်းပြည်ပရှိဗမာနိုင်ငံသားများနဲ့ဗမာပြည်ကိုစာနာတဲ့နိုင်ငံပေါင်းစုံကပြည်သူတွေပါ အားတက်ကြမှာသေချာပါတယ်။
ဗမာပြည်သမိုင်းမှာငြိမ်းချမ်းရေးအသံကိုနားအခါးဆုံး၊အဆန့်ကျင်ဆုံးဟာအာဏာရအစိုးရရဲ့ စစ်တပ်ဖြစ်တယ်ဆိုတာသတိထားမိကြမှာပါ။
ဒါပေမဲ့မှန်တာပြောရရင်ဒါတွေဟာမာရသွန်ခရီးရဲ့အစခြေလှမ်းသာ ဖြစ်နေခဲ့ပါတယ်။ ရှေ့ချီတက်ရမယ့် ခရီးကအတော်လှမ်းပါသေးတယ်။ဗမာပြည်သမိုင်းမှာငြိမ်းချမ်းရေးအသံကို နားအခါးဆုံး၊ အဆန့်ကျင်ဆုံးဟာ အာဏာရအစိုးရရဲ့စစ်တပ်ဖြစ်တယ်ဆိုတာသတိထားမိကြမှာပါ။အခုအထိပါ။ကမ္ဘာ့သမိုင်းမှာ အရှည်ကြာဆုံးပြည်တွင်းစစ်ရယ်လို့စံချိန်တင်ထားတဲ့ဒီစစ်ပွဲကြောင့်တိုင်းပြည်ဘယ်လောက်နာတယ်ဆိုတာ သမိုင်းဘီး လိမ့်သွားတဲ့ အထိ စောင့်ဖို့မလိုပဲ အစောကြီး ကတည်းက ပြည်သူတွေ မြင်တွေ့ခဲ့ ကြရပါတယ်။ ဒီသမိုင်းဘီး ဆိုတာကြီးဟာ ပြည်သူတွေရဲ့ ရင်ဘတ်ပေါ်မှာ လိမ့်နေတာလို့ ဆိုရင် မမှားပါဘူး။
တကယ်ကပြည်တွင်းစစ်ရဲ့ဆိုးကျိုးတွေထဲမှာရွာတွေပျက်၊အပြစ်မဲ့သူတွေသေဆုံး၊ဒုက္ခမျိုးစုံရောက် ဆိုတာတွေ အပြင် စစ်စရိတ်ကြောင့်တိုင်းပြည်စီးပွားရေးကိုထိခိုက်တာလည်းပါပါတယ်။ဒါ့အပြင် ကိုယ့်နိုင်ငံနဲ့ကိုယ့်အမျိုးသားကိုတခြားနိုင်ငံတွေကအထင်သေးတာ၊ကိုယ့်နိုင်ငံထဲမှာစစ်တပ်ကို ပ’စားပေးရတာစတာတွေဖြစ်လာပါတယ်။ဒါကြောင့်ပြည်တွင်း ငြိမ်းချမ်းရေးကြွေးကြော်သံဟာဗမာပြည်မှာ အမြဲတမ်းလိုလိုပြည်သူလူထုသည်းခြေကြိုက်ကြွေးကြော်သံဖြစ်ခဲ့ တာပါ။ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နောက်မှာမားမားရပ်ခဲ့ကြတဲ့ပြည်သူလူထုကြီးတောက်လျှောက်တောင်းဆိုခဲ့လို့လည်း၁၉၆၃မှာ ဗိုလ်နေဝင်းဟာငြိမ်းချမ်းရေးစေ့စပ်ပွဲဆိုတဲ့ထိုးဇာတ်တခုဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ပြောရရင် ဒီငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ပြဿနာဟာ အုပ်စိုးသူတွေကို အမြဲခြောက်လှန့်နေတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီလိုနဲ့ ဗမာနိုင်ငံရဲ့လွတ်လပ်ရေဒီဘက်သမိုင်းမှာအစိုးရ ဖော်ထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာတွေ ပေါ်ပေါက်ခဲ့တာနည်းသမို့လား။အဲဒီအထဲမှာဘယ်တခုကများတကယ့်ငြိမ်းချမ်းရေးကို ပေါ်ထွက်စေခဲ့ပါသလဲ။
အုပ်စိုးသူအဆက်ဆက်ဟာပြည်သူလူထုကိုဒီမိုကရေစီမပေးလို၊လုပ်ပိုင်ခွင့်မှန်သမျှသူတို့ချည်း ချုပ်ကိုင်ထား၊သူတို့နဲ့မတူသူတွေကိုရက်ရက်စက်စက်ဖိနှိပ်လို့ပေါ်လာခဲ့တဲ့ပြည်တွင်းစစ် ဖြစ်ပါတယ်။
ဗမာပြည်ကပြည်တွင်းစစ်ဟာဒီမိုကရေစီမှဒီမိုကရေစီပြဿနာစစ်စစ်ပါ။ပြည်မမှာဖြစ်ပေါ်ခဲ့တာတွေပဲ ဖြစ်ဖြစ်၊ပြည်နယ်တွေမှာဖြစ်ပေါ်နေတာတွေပဲဖြစ်ဖြစ်၊အားလုံးဟာ ဒီမိုကရေစီ မရှိလို့ ဖြစ်ပေါ်ခဲ့တာတွေချည့် ဖြစ်ပါတယ်။
အုပ်စိုးသူအဆက်ဆက်ဟာပြည်သူလူထုကိုဒီမိုကရေစီမပေးလို၊လုပ်ပိုင်ခွင့်မှန်သမျှသူတို့ချည်း ချုပ်ကိုင်ထား၊
သူတို့နဲ့မတူသူတွေကိုရက်ရက်စက်စက်ဖိနှိပ်လို့ပေါ်လာခဲ့တဲ့ပြည်တွင်းစစ်ဖြစ်ပါတယ်။ဒါ့အပြင် ဒီလက္ခဏာကို ဒီကနေ့အထိအနှစ်၆ဝကျော်ကာလတလျှောက်လုံး မြင်တွေ့နေရပါတယ်။ဒါဟာ ပြည်တွင်းစစ် ပြဿနာကို ဘာကြောင့် မဖြေရှင်းနိုင်သလဲ ဆိုတာကို အရှင်းလင်းဆုံး ဖော်ပြတဲ့ အချက်ဖြစ်ပါတယ်။ ဒီနိုင်ငံမှာဒီမိုကရေစီ့ပြဿနာမဖြေရှင်းပဲငြိမ်းချမ်းရေးမတည်ဆောက်နိုင်သလိုငြိမ်းချမ်းရေး မတည်ဆောက်ရင် ပြည့်ဝတဲ့ ဒီမိုကရေစီ မရှိနိုင်ပါဘူး။
ဗမာနိုင်ငံမှာငြိမ်းချမ်းရေးဆိုတဲ့စကားကြားလိုက်တာနဲ့လူတွေဟာ ငြိမ်းချမ်းရေးဖခင်ကြီးဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုအရင်ဆုံးသတိရကြပါတယ်။တဆက်ထဲမှာဆရာကြီးသွားလေရာမှာ ဆံပင်ဖြန့်ခင်းပေးကြလက်အုပ်ချီကြတဲ့လူထုကြီး၊ဆရာကြီးရဲ့တရားပွဲတွေကိုခဲနဲ့ထုတဲ့ပြူစောထီး၊ ဆရာကြီးရဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာပါဝင်ခဲ့လို့ကျေးလက်လူထုရဲ့ထောက်ခံမဲတွေနဲ့အတိုက်အခံ အမတ်တွေ ပေါ်ထွက်ခဲ့တဲ့ ၁၉၅၆ခုနှစ်ရွေးကောက်ပွဲ၊ဗိုလ်နေဝင်းက၁၉၆၃စေ့စပ်ဆွေးနွေးပွဲ ခေါ်ချိန်မှာ ပေါ်ထွက်ခဲ့တဲ့ ရန်ကုန်နဲ့ မန္တလေးက(၇)ခရိုင်၊(၅)ခရိုင်လူထုဆန္ဒပြပွဲကြီးတွေ၊ ပြန်စဉ်းစားမိကြတာတွေ အများကြီး ဖြစ်မှာပါ။
အဲဒီလှုပ်ရှားမှုတွေကို ပြန်ကြည့်လိုက်ရင် ငြိမ်းချမ်းရေးအတွက် တောင်းဆို တိုက်ပွဲဝင်တယ် ဆိုရင် လူထုပါဝင်ရမယ်၊ အထူးသဖြင့် ပြည်တွင်းစစ်ဒဏ်ကို အများဆုံး ခံကြရတဲ့ ကျေးလက်က လူမျိုးပေါင်းစုံ ပြည်သူတွေ ပါဝင်ရမယ်။ စည်းရုံး လှုပ်ရှားသူတွေဟာ ကျေးလက်တွေ အထိ ဆင်းဖို့၊ လူထုကို ရှင်းပြဖို့လိုတယ်။ မြို့ပေါ်နဲ့ တခြားပြည်သူတွေကို သူတို့က ရင်ဖွင့်စေရပါမယ်။ တိုင်တည်စေရပါမယ်။ ကျေးလက်နဲ့ မြို့ပေါ်လူထုတွေ အားလုံး လက်တွဲလာအောင် လုပ်ကြရ ပါမယ်။ အရင်က ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ဆရာတော်ကြီးတွေ အပါအဝင် သံဃာတော်တွေ တက်တက်ကြွကြွ ပါဝင်ကြတာကိုလည်း မှတ်မိနေပါတယ်။
ဗမာပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေမှာလူထုကြီးမပါလို့မဖြစ်ပါဘူး။လူထုကိုအသိပေး၊လူထုဆန္ဒနဲ့ လူထုအသံတွေကိုအမြဲဖော်ထုတ်၊ရှေ့တန်းတင်ပြီးလုပ်ကြဖို့လိုပါတယ်။
ဒါပေမဲ့ ဒီလိုတနိုင်ငံလုံးက လိုလားနေတဲ့၊ သာမာန်စစ်သားတွေတောင် လိုလားနေတဲ့၊ တကမ္ဘာလုံးကလည်း ဖြစ်စေချင်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကိုရအောင်လုပ်တာလွယ်တယ်လို့တော့မထင်သင့်ပါဘူး။ ဒီနိုင်ငံရဲ့ သမိုင်းမှာ ငြိမ်းချမ်းရေး စကားပြောလို့ အမတ်ဖြစ်ခဲ့သူတွေရှိသလိုလေးလောင်းပြိုင်၊ခြောက်လောင်းပြိုင် အသတ်ခံရတာတွေလည်းရှိခဲ့ပါတယ်။ဒါတောင်မှအဲဒါဟာ ဖဆပလလက်ထက် စစ်တပ်က လုပ်တာတွေပါ။ စစ်အစိုးရတွေလက်ထက်မှာသာဆိုရင်ဒီထက်အများကြီးပိုလက်သံပြောင်မယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ဒီတော့လူထုကြီးပါရပါမယ်။ဗမာပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ လူထုကြီး မပါလို့ မဖြစ်ပါဘူး။ လူထုကို အသိပေး၊ လူထုဆန္ဒနဲ့ လူထုအသံတွေကို အမြဲဖော်ထုတ်၊ ရှေ့တန်းတင်ပြီး လုပ်ကြဖို့လိုပါတယ်။
ကြားရတာနားထဲမှာတမျိုးကြီးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ဗမာပြည်ရဲ့အနေအထားကိုက ငြိမ်းချမ်းရေး ရဖို့ အတွက် တိုက်ပွဲဝင်ဖို့ လိုပါတယ်။ ဒါတရားပါ။





မြန်မာကအင်တာနက်ပေါ်တိုက်ခိုက်မှုမှာနံပါတ်၁တကယ်ဖြစ်နေတာလား

အေးလဲ့ တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အမေရိကန်မှအင်တာနက်နည်းပညာလုပ်ငန်းကြီးတခုဖြစ်သည့်Akamaiကနောက်ဆုံး ထုတ်ပြန်လိုက်သည့်“အင်တာနက်အခြေအနေ”အစီရင်ခံစာ၌အင်တာနက် လမ်းကြောင်းပေါ် တိုက်ခိုက်ရေး လွှတ်တင်မှုများ(AttackTraffic)တွင်မြန်မာနိုင်ငံကအမြင့်ဆုံးနိုင်ငံဖြစ်လာကြောင်း ဖေါ်ပြချက်ကို မြန်မာIT ပညာရှင်များအကြား သံသယရှိနေကြသည်။
အင်တာနက်သုံးစွဲသူ အရေအတွက် နည်းပါးပြီး မြန်နှုန်း နှေးကွေးသည်ဟု လူသိများသော မြန်မာနိုင်ငံသည် ကမ္ဘာတဝှမ်းအင်တာနက်လမ်းကြောင်းပေါ်တိုက်ခိုက်ရေးလွှတ်တင်မှုများစုစုပေါင်း၏ ၁၃% မြစ်ဖျားခံသဖြင့် ထိပ်ဆုံးနေရာတွင်ရှိနေကြောင်း၃လတကြိမ်အင်တာနက်အခြေအနေတင်ပြသည့်Akamai အစီရင်ခံစာတွင်
ဖေါ်ပြထားခြင်း ဖြစ်သည်။
အင်တာနက်လမ်းကြောင်းပေါ်တိုက်ခိုက်ရေးလွှတ်တင်မှုများ(AttackTraffic)တွင်မြန်မာနိုင်ငံကအမြင့်ဆုံး နိုင်ငံဖြစ်လာကြောင်းအင်တာနက်နည်းပညာလုပ်ငန်းကြီးတခု ဖြစ်သည့်Akamaiကထုတ်ပြန် (ဓါတ်ပုံ မဇ္ဈိမ)
၂ဝ၁၁ခုနှစ်ပထမ၃လပတ်ကာလအတွင်းကမ္ဘာပေါ်ရှိ၁၉၉နိုင်ငံအနက်မှမြန်မာကနံပါတ်၁နေရာ ရောက်လာ
ခြင်းကို၎င်းတို့ကိုယ်တိုင်လည်း“အံ့သြမိသည်”ဟုအစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံနောက်တွင် အမေရိကန်ပြည်ထောင်စုနှင့်ထိုင်ဝမ်တို့ကဒုတိယနှင့် တတိယ အသီးသီး လိုက်နေသည်ဟု လည်း ဆိုသည်။
အင်တာနက်လမ်းကြောင်းပေါ်တိုက်ခိုက်ရန်လွှတ်တင်မှုများကိုမြန်မာနိုင်ငံသားများကဆောင်ရွက်ခြင်း မဟုတ်ဘဲ အခြားနိုင်ငံများမှ နေ၍မြန်မာအင်တာနက်လမ်းကြောင်းကိုတဆင့်ခံ အသုံးပြုကာ တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟုအိန္ဒိယနိုင်ငံအခြေစိုက်BurmaInformationTechnologyTeam(BIT)မှITပညာရှင်တဦး ဖြစ်သည့် ကိုအောင်ကျော်မျိုးက ပြောသည်။
ဒီနေ့ ကမ္ဘာမှာမြန်မာနိုင်ငံသားတွေလုပ်တာလို့ပြောလို့မရတော့ပါဘူး။‘အင်တာနက်ကမ္ဘာ’မှာ တနေရာကနေတနေရာ၊တနိုင်ငံကတနိုင်ငံပြောင်းရွှေ့အခြေချမှုက(ပြင်ပ)လူသားကမ္ဘာထက် အဆများစွာ ပိုပြီး ဘာအကန့်အသတ်မှ ရှိမနေတာကို သတိပြု ရပါမယ်။” ဟု ၎င်းက ပြောသည်။
ကမ္ဘာလှည့်ခရီးသည်များအနေဖြင့်မြန်မာပြည်သို့လာရောက်ကာ တိုက်ခိုက်မှုများ ဆောင်ရွက်နိုင်ခြင်းလည်း
ဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာပြည်တွင်းရှိ အမည်မဖေါ်လိုသည့် ထိပ်တန်း ITပညာရှင်တဦး ကမူ မြန်မာနိုင်ငံတွင်း၌ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ တပ်ဆင် အသုံးပြုရာတွင်လုံခြုံရေးအရအားနည်းချက်များ အမှန်တကယ် ရှိနေသည်ဟု ဆိုသည်။ အထူးသဖြင့် ISP(InternetServiceProvider)အင်တာနက် ဝန်ဆောင်မှု ပေးသည့် ဌာနကတပ်ဆင်သုံးစွဲသူများအားအင်တာနက်ဆာဗာနှင့်ဆိုင်သည့်အချက်အလက်မှန်အားလုံးကို ပေးခြင်းဖြင့် ဆာဗာလုံခြုံမူ နည်းပညာပိုင်း အားနည်းနေကြောင်း ယခုလိုပြောသည်။
“ ပထမဆုံးမှားနေတာကနက်ဝေါ့ဒီဇိုင်းပိုင်း(NetworkDesign)မှာမြန်မာပြည်မှာအင်တာနက်သုံးရင် အချက်အလက်အမှန်တွေကိုကိုယ်တိုင်ထည့်သုံးရတယ်။ ဒီအချက်အလက်ကိုသုံးစွဲသူတွေကို ပေးထားတော့ ဟက်ကာကလည်းဒီအချက်အလက်တွေကိုရနိုင်တယ်။ဘယ်နိုင်ငံမှာမှနိုင်ငံအဆင့်ဆာဗာ အချက်အလက်တွေကို မပေးဘူး။” ဟု အဆိုပါ IT ပညာရှင်က ပြောသည်။
သို့သော်အခြားတဖက်တွင်မူမြန်မာစစ်တပ်ကအင်တာနက်စစ်ဆင်ရေး(CyberWarfare)အတွက် တပ်မတော်နည်းပညာကျောင်းသားများကို ပြည်ပသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးမှုများ ရှိနေသည်ဟု ပြည်တွင်းပြည်ပ IT ပညာရှင်များက ယုံကြည်နေသည်။
မြန်မာပြည်၏ အင်တာနက်ချိတ်ဆက်ပေးမှုဆိုင်ရာ(Networking)ကွန်ယက် နည်းပညာ လုပ်ငန်းတွင် ရှရှားပြန် စစ်အင်ဂျင်နီယာ (ME,Phd)ဘွဲ့လွန်အဆင့်ဗိုလ်မှူး၊ ဗိုလ်ကြီးများ က ထိန်းချုပ်ထားသည်ဟု လည်း IT ပညာရှင် အသိုင်းအဝိုင်းထံမှ သိရသည်။
ပြည်တွင်း၌ အများပြည်သူများ သုံးစွဲနိုင်မည့် InternetBandwidth(အင်တာနက်လမ်းအကျယ်)ကို မြန်မာ့ ဆက်သွယ်ရေးကထိန်းချုပ်ထားပြီးမြန်နှုန်းနှေးကွေးအောင်ပြုလုပ်ထားကြောင်း၊တပ်တွင်းနှင့် အစိုးရဌာနများ သုံးစွဲသည့် InternetBandwidthကိုကာကွယ်ရေးဝန်ကြီး ဌာနက ထိန်းချုပ်ထားပြီး မြန်နှုန်း အပြည့်သုံးစွဲနိုင် သည်ဟု ယင်းပြည်တွင်း IT ပညာရှင်က ပြောသည်။
မြန်မာစစ်တပ်မှပြည်ပသို့ထွက်ပြေးလာသည့်ဗိုလ်မှူးစိုင်းသိန်းဝင်းကသူ၏ Facebookaccountနှင့်Gmail
accountများကိုယခုနှစ်မေလပိုင်းတွင်Passwordခိုးယူခြင်း၊အချက်အလက်များကိုခိုးယူခြင်းဆောင်ရွက်ခဲ့ သဖြင့်မြန်မာနိုင်ငံမှ အင်တာနက် လမ်းကြောင်းပေါ် တိုက်ခိုက်ရေး လွှတ်တင်မှုများ ဆောင်ရွက်နေသည်မှာ
ဖြစ်နိုင်ကြောင်း ဆိုသည်။
ဗိုလ်မှူးစိုင်းသိန်းဝင်းက“မြန်မာနိုင်ငံကInternetattackingလုပ်တာပိုတိုးလာတယ်ဆိုတာကလည်း အတိုက်အခံအဖွဲ့အစည်းတွေ၊လူပုဂ္ဂိုလ်တွေရဲ့သတင်းအချက်အလက်ကိုအစိုးရက စုံစမ်းထောက်လှမ်းမှုတွေ ပိုတိုးပြီး လုပ်လာလို့ ဖြစ်နိုင်ပါတယ်။” ဟုဆိုသည်။
မြန်မာနိုင်ငံ၌၂ဝ၁ဝခုနှစ်ဇွန်လိုင်လ အထိ အင်တာနက် သုံးစွဲသူ ဦးရေ ၄ သိန်းကျော်သာ ရှိသည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)စာရင်းဇယားတွင် ဖေါ်ပြထားသည်။ ထို့အတွက် အင်တာနက် သုံးစွဲသူ သန်းပေါင်းများစွာ ရှိပြီးခေတ်ရှေ့ပြေး နည်းပညာများသုံးနေသည့် နိုင်ငံများကို ကျော်ဖြတ်ကာ အင်တာနက် လမ်းကြောင်းပေါ်တိုက်ခိုက်ရေးလွှတ်တင်မှုများတွင် မြန်မာနိုင်ငံက မည်သည့် အတွက် အများဆုံး ဖြစ်နေရ
သည်ကို မြန်မာ IT ပညာရှင်များ က တိတိကျကျ မပြောနိုင်ပဲ ရှိနေသည်။





ခေတ်နဲ့မညီတဲ့ဥပဒေတွေပြင်ဖို့၁၀ပါတီအဆိုပြုမည်

ထွန်းထွန်း တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၃ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။လွှတ်တော်အစည်းအဝေးပြန်လည်ခေါ်ယူသည့်အခါခေတ်နှင့်မလျော်ညီသော ဥပဒေများပြင်ဆင်ရန်အဆိုတင်သွင်းမည်ဟုဒီမိုကရေစီမိတ်ဆွေများပါတီ၁ဝခုကဆုံးဖြတ်လိုက်ရာ ဒါဇင်ပေါင်းများစွာသော ဥပဒေများ ပြင်ဆင်ရန် အဆို တင်သွင်းဖွယ် ရှိသည်။
လွှတ်တော်သုံးရပ်ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကို သြဂုတ်လ၂၂ရက်နေ့တွင်ကျင်းပမည် ဖြစ်သည်။
တနင်္လာနေ့နေ့လယ်က ရန်ကုန်မြို့ ရခိုင်ပါတီရုံးခန်း၌ ပြုလုပ်သည့် ဇူလိုင်လ ၂၇ ရက်နေ့ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်နှင့်ပါတီများတွေ့ဆုံမှုပြန်လည်သုံးသပ်ပွဲတွင်ဥပဒေပြင်ဆင်မှုများအတွက်အားစိုက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ဥပမာကျနော်နိုင်ငံခြားကိုသွားမယ်။ဒေါ်လာ၅၀၀အနည်းဆုံးလဲရမယ်ဆိုပါစို့။ဒါတွေကကျနော်ကအိတ်စ်ပို့ လုပ်လို့ရတဲ့ငွေမဟုတ်ဘူးလေ။အဲဒီတော့ပြည်တွင်းမှာဒေါ်လာငွေကိုင်ရင်တရားမဝင်ဘူးဆိုပြီးမှကျနော့်ကို
ဥပဒေအရအရေးယူနိုင်တယ်ပေါ့။ဒါကလက်ရှိ ဂလိုဘယ်လိုက်ဇေးရှင်းအရ အကျုံးမဝင်တော့တဲ့ ဥပဒေတွေ
ဖြစ်တယ်”ဟုမိတ်ဆွေများပါတီတွင်ပါဝင်သည့်ရှမ်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က မဇ္ဈိကို ပြောသည်။
မြန်မာနိုင်ငံတွင်ဒေါ်လာကိုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့်နိုင်ငံခြားသင်္ဘောလိုင်းမှ သင်္ဘောသားများသာ တရားဝင်ကိုင်ဆောင်ခွင့်ရှိသော်လည်းအကြောင်းအမျိုးမျိုးဖြင့်ဒေါ်လာကိုင်ဆောင်မှု ရှိနေသည်။
မိတ်ဆွေများပါတီ၁ဝပါတီတွင်အမျိုးသားဒီမိုကရေစီအင်အားစုများNDF၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ပြည်ထောင်စုဒီမိုကရေစီပါတီနှင့်ကရင်၊ရှမ်း၊မွန်၊ချင်း၊ရခိုင်တို့ ပါဝင်သည်။
လာမည့် သြဂုတ်လ၁ဝရက်နေ့တွင်လည်းDPMရုံးခန်းတွင်ခေတ်နှင့်မလျော်သည့် ဥပဒေများအတွက် အချက်အလက်များ ထပ်မံ စုဆောင်းရန် အတွက်လည်း စီစဉ်ထားပြီး ဖြစ်သည်။
NDFပါတီကလည်းမိမိပါတီအနေဖြင့်နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးနှင့်ပတ်သက်သည့်အဆိုပြုလွှာ၊ဥပဒေကြမ်း
၃၀ ခန့် သီးသန့် တင်သွင်းရန် စီစဉ်ထားကာ အသေးစိတ်ကိုမူ လွှတ်တော် တင်ပြီးမှသာ ထုတ်ဖော်မည်ဟု သိရသည်။
“ပထမအကြိမ်တုန်းကကျနော်ပြောလိုက်မိလို့တချို့ဟာတွေမှာလွှတ်တော်မတင်ခင်မှာပြောလိုက်မိတဲ့ အတွက်ကြောင့်မို့လို့ နည်းနည်း အခက်အခဲ ရှိသွားတာတွေ ရှိတယ်လေ”ဟု ဦးခင်မောင်ဆွေက ဆိုသည်။
ဇန်နဝါရီလ၃၁ရက်တွင်စတင်ကျင်းပသည့်ပထမအကြိမ်အစည်းအဝေးတွင်NDFမှ အဆိုပြုလွှာ ၂၀ ကျော်ခန့်တင်သွင်းခဲ့ကာနိုင်ငံရေးအကျဉ်းသားလွတ်ပေးရေး၊လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးကိစ္စများကို လွှတ်တော်မတင်ခင်ပြည်ပမီဒီယာများသို့ ဖြေကြားခဲ့သည့်အတွက် လွှတ်တော်တွင်ယင်းအဆို ပယ်ချခံ ခဲ့ရသည်။
ညီနောင်၁ဝပါတီဝင်ရှမ်းနှင့်ရခိုင်ပါတီတို့ကလည်းမိမိတို့အနေဖြင့်လတ်တလော်ဖြစ်ပျက်နေသည့် ပြည်တွင်းစစ် ငြိမ်းချမ်းရေး အတွက် အဆိုပြုသွားမည် ဖြစ်ကြောင်း သိရသည်။
“မငြိမ်းချမ်းသေးတဲ့ကိစ္စလေးတွေလည်းလောလောဆယ်ဖြစ်နေတဲ့အခါကျတော့အဲဒါတွေကိုလည်းပဲ ငြိမ်းချမ်းအောင်များပြည်ထောင်စုလွှတ်တော်ကကြပ်မတ်ပေးနိုင်မလား။အစိုးရနဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာလေ။ဒါကအကုန်လုံးနဲ့ဆိုင်ပါတယ်”ဟု ရခိုင်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က ပြောသည်။
သို့သော်ဥပဒေပြင်ဆင်ရေးအဆိုကိုယခုလွှတ်တော်တွင်လက်မခံပါကလည်းနောက်လာမည့် လွှတ်တော်များ
တွင်ထပ်မံတင်သွင်းသွားရန်စီစဉ်ထားခြင်းမှတပါးပါတီများကအရေးယူဆောင်ရွက်ရန် အစီအစဉ် မရှိတာကို လည်း တွေ့ရသည်။
“ပထမအကြိမ်လွှတ်တော်အစည်းအဝေးကနအဖကခေါ်ပြီးတော့ကာအစိုးရအဖွဲ့ဝင်ဟောင်းတွေက ဖြေကြား သွားတဲ့အခါမှာသူတို့လုပ်ကိုင်ခဲ့တဲ့ဟာတွေကိုပဲကာကွယ်ပြောဆိုသွားတဲ့အခါကျတော့အနာဂတ်မှာ ဘာလုပ်ပေးမယ်ဆိုတာကတိကဝတ်ကျနော်တို့မရခဲ့ပါဘူး။သမ္မတ အသစ်က တက်လာပြီးတော့ ကျင်းပမယ့်
လွှတ်တော်ထဲမှာဆိုရင်တော့ဖြင့်ရင်ပိုပြီးတော့ တိကျတဲ့ အဖြေတွေ၊ လုပ်ကိုင်မယ့်ဟာတွေရဲ့ အလားအလာ
တွေကိုတော့ ပိုပြီးတော့ မြင်ရလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှဦးဟန်ရွှေကလည်း“အစိုးရသစ်ရဲ့လုပ်ငန်းနဲ့ ပတ်သက်လို့ ပေါ်လာမှာပေါ့။ မေးတဲ့ မေးခွန်းတွေနဲ့ ပြန်ဖြေတဲ့ဟာနဲ့ပတ်သက်လို့အစိုးရအသစ်အနေနဲ့ဘယ်လောက် လုပ်နိုင်သလဲ၊မလုပ်နိုင်ဘူးလဲ၊ဘယ်လောက်အကောင်အထည်ဖော်နိုင်သလဲ စသဖြင့် ဒီနေရာ အားသာချက် ဘာလဲ၊အားနည်းချက်ဘာလဲဆိုတဲ့ဒီလိုအရည်အသွေးတွေလဲစိစစ်တဲ့သဘောမျိုးလည်း အခုလာမယ့် အစည်းအဝေးကဖြစ်လာနိုင်တယ်” ဟု ပြောသည်။
နေပြည်တော်နှင့်နီးစပ်သူများအဆိုအရပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းကတိုင်းပြည်တွင် ပြုပြင်ပြောင်းလဲမှုများဖြစ်ထွန်းလာရေးနှင့်လွှတ်တော်၏အခန်းကဏ္ဍအားကောင်းလာရေးအတွက် လွှတ်တော်အတွင်း အဆိုပြုမှု များကို အားပေးသွားမှာ ဖြစ်သည်ဟုလည်း ဆိုသည်။
သို့သော်လည်းပထမအကြိမ်လွှတ်တော်ခေါ်ယူစဉ်ကအဆိုပြုချက်အများမှာ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်များ ကြီးစိုးထားသော လွှတ်တော်တွင် နောက်နောင်တွင်သာ ဆွေးနွေးရန်သာ ဆုံးဖြတ်ခံရသည်။



ကာမိုင်းအရပ်သားတဦးသေ၊တဦးအဖမ်းခံရ

ဖနိဒါ တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၀ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။အစိုးရတပ်ကတနင်္ဂနွေနေ့နံနက်ကပစ်ခတ်မှုကြောင့်ကာမိုင်းမြို့သား လူငယ်တဦး သေဆုံး သွားခဲ့သလို အခြား အရပ်သားတဦးလည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်ဖားကန့်မြို့သွားရာကားလမ်းပေါ်ရှိကာမိုင်းမြို့နယ်အတွင်းမှကထန်ယန်ကျေးရွာသား အသက်၁၇နှစ်ကျော်အရွယ်မရစ်ပ်တန်ကိုခလရ၅၂တပ်ဖွဲ့များကပစ်သတ်လိုက်ကာကချင်လွတ်မြောက်ရေး အဖွဲ့ပိုင် ဆက်သွယ်ရေးစက်ကိုင် ကိုဆိုင်းဒူဆိုသူကိုလည်း ဖမ်းဆီးထားသည်ဟု ဆိုသည်။
အစိုးရတပ်ကပစ်ခတ်မှုကြောင့်ကာမိုင်းမြို့သားလူငယ်တဦးသေဆုံး၊အရပ်သားတဦးဖမ်းဆီးခံရ (Photo::KNG)
“မနေ့က၈နာရီလောက်မှာအစိုးရတပ်တွေကကားလမ်းအတိုင်းတက်လာလို့ကြောက်လို့ရွာသားတွေထွက် ပြေး တာကို စစ်တပ်က အနောက်ကနေ လိုက်ပစ်တာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
သေဆုံးသူနှင့်တရွာတည်းနေဒေါ်လုဖာ၏သားကိုဆိုင်းဒူကိုဖမ်းဆီးသွားစဉ်မျက်နှာဖုံးစွတ်ပြီး ကြိုးတုတ်သွားသည် ဟု ဒေသခံများက ပြောသည်။
ကာမိုင်းမြို့၏အနောက်ဘက်၆မိုင်အကွာရှိကထန်ယန်ကျေးရွာသို့အစိုးရတပ်ဝင်ရောက်လာစဉ် တိုက်ပွဲဖြစ်ပွားမှာ ကြောက်သော ရွာသားများက ထွက်ပြေးကြစဉ် ပစ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
KIOကကိုဆိုင်းဒူသည်အဖွဲ့ဝင်ဟုတ်မဟုတ်စုံစမ်းနေဆဲဖြစ်ပြီးရွာသားတဦးသေဆုံးသွားမှုမှာဟုတ်မှန် ကြောင်း အဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် တွဲဘက်အတွင်းရေးမှူး ဦးလနန်ကပြောသည်။
ကထန်ယန်ကျေးရွာ၏အနောက်ဘက်၁မိုင်ကျော်အကွာတွင်ရှိဒေသခံများကမိုက်ခရိုဝေ့တောင်ဟုခေါ်သော ဆက်သွယ်ရေးရုံးရှိရာ တောင်ဘက်သို့ ကိုဆိုင်းဒူကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ထိုတောင်ပေါ်တွင် အစိုးရ စစ်တပ်၏ တပ်မ ၃ တပ်ဖွဲ့များ လုံခြုံရေး စစ်သား ၃၀ ဦး ထားရှိသည်။
တချိန်ထဲမှာပင်ဖမ်းဆီးထားခဲ့သောကထန်ယန်ကျေးရွာဥက္ကဋ္ဌအပါအဝင်၆ဦးကိုတော့တနင်္လာနေ့နံနက်က
ပြန်လွှတ်ပေးခဲ့သည်။