မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 17 maart 2010

ဝန်ကြီးများ ရွေးကောက်ပွဲ ၀င်မည်ဟုဆို

Wednesday, 17 March 2010 19:40 နရီလင်းလက်
.၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရ အဖွဲ့ဝင် ၀န်ကြီး အများအပြား ၀င်ရောက် ယှဉ်ပြိုင်ရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရန် လက်ရှိ ရာထူးများမှ နုတ်ထွက် ကြမည်ဟု တပ်မတော် အသိုင်းအ၀န်းနှင့် နီးစပ်သူများထံမှ သိရသည်။
ရွေးကောက်ပွဲ ၀င်ကြမည့် ၀န်ကြီး အရေအတွက်မှာ အနည်းဆုံး ၁၂ ဦး ရှိပြီး ထိုဝန်ကြီးများထဲတွင် အမှတ် ၁ စက်မှု ၀န်ကြီး ဦးအောင်သောင်းလည်း ပါဝင်သည်ဟု ဆိုသည်။
“ ရွေးကောက်ပွဲမ၀င်တဲ့ ဒု- ၀န်ကြီးတွေက လစ်လပ်သွားတဲ့ ၀န်ကြီးနေရာတွေကို တွဲကိုင်သွားမှာဖြစ်တယ်” ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။
ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသည့်အခါ ထိုဝန်ကြီးများသည် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည် နယ်၊ ကချင်ပြည်နယ်တို့တွင် ၀င်ရောက် အရွေးခံကြမည်ဟု ဆိုသည်။
သို့သော် အဆိုပါ ၀န်ကြီးများသည် တသီးပုဂ္ဂလပြိုင်မည် သို့မဟုတ် ပါတီတခုကို ကိုယ်စားပြုပြိုင်မည် ဆိုသည်ကို အတိအကျ မသိရသေးပေ။
“အရပ်သား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ၀န်ကြီးတွေဆိုရင်တော့ သူတို့နောက်မှာ ကျော ထောက်နောက်ခံ ပါတီတော့ ရှိလိမ့်မယ်။ ဒါပေမယ့် အဲဒီအကြောင်း အသေးစိတ် မသိရသေးဘူး” ဟု စစ်တပ်နှင့်နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။
ဝန်ကြီးအချို့ကမူ စစ်အစိုးရ၏ ကျောထောက်နောက်ခံ အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကို မကြာမီ အသွင်ပြောင်းမည့် နိုင်ငံရေးပါတီ ၃ ခုကို ဦးဆောင်မည်ဟုလည်း သိရသည်။ သို့သော် ကြံ့ခိုင်ရေး အသင်းကမူ ထိုသတင်းနှင့် ပတ်သက်ပြီး တရားဝင် ပြောကြားခြင်း မရှိသေးပေ။
၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်အရာရှိ အများအပြားသည် ရွေးကောက်ပွဲ ၀င်ရောက်ရန် မလိုအပ်ဘဲ လွှတ်တော်တွင် နေရာ ရကြမည် ဖြစ်သည်။ လွှတ်တော်များအတွက် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ပေးပို့မည် ဖြစ်သည်။

Geen opmerkingen: