နရီလင်းလက် Saturday, March 20, 2010
.မြန်မာနိုင်ငံတွင် ပထမဆုံး ချထားပေးသည့် ဆယ်လူလာ မိုဘိုင်းလ်ဖုန်းများကို GSMဖုန်း များဖြင့် အစားထိုး လဲလှယ်ပေး တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။
“ဆယ်လူလာတွေနဲ့ CDMA စီးရီးဟောင်းတွေရဲ့ ကွန်ရက်ကို နောက်ရောက်လာတဲ့ CDMA နဲ့ GSM တွေက တော်တော် လွှမ်းမိုးလာတော့ ဆက်သွယ်ရေး ပြတ်တောက်မှု မရှိအောင် GSMကတ် နဲ့ အစားထိုးပေးသွားမှာပါ'' ဟု ရန်ကုန်မြို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတဦးက ရှင်းပြသည်။
လဲလှယ်ရာတွင် ၀၉၉၉၊ ၀၉၉၀ များနှင့် စတင်သည့် ဖုန်းနံပါတ် ပိုင်ရှင်များက ကျပ် ၃ သိန်း နှင့် ၄ သိန်းကြား ထပ်မံ ပေးသွင်း ရဖွယ်ရှိသည်ဟု သူက ဆိုသည်။
ဆယ်လူလာဖုန်းများကို ၁၉၉၀ ပြည့်နှစ်တွင် စတင်သုံးစွဲစဉ်က သွင်းဈေး ၁၀ သိန်းခန့် ရှိခဲ့သည်။
ဆယ်လူလာဖုန်းများမှာ အရေအတွက် ၁၀၀၀၀ ခန့်သာ ရှိပြီး ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားမြို့များတွင်သာ သုံးစွဲနိုင်သည် ဟု သိရသည်။
ယခုနှစ်တွင် GSMလိုင်းချထားမှုကို ရပ်ထားပြီး CDMA800ကို လိုင်းအရေအတွက် တသိန်းကျော် တိုးချဲ့မည် ဟုသိရသည်။
“အခု ချထားပေးတဲ့ CDMA က GSM ဖုန်းတွေလို အထိုင်ရော ဟန်းဆက်နဲ့ပါ ပြောလို့ရတာကြောင့် GSM လျှောက်တဲ့သူ မရှိသလောက် နည်းသွားတယ် ''ဟု ဗဟန်းမြို့နယ် ဆက်သွယ်ရေးဝန်ထမ်းတဦးက ပြောသည်။
ယခုကဲ့သို့ ဖုန်းအမျိုးအစားများ များပြားနေသည်မှာ ဆက်သွယ်ရေးကုမ္ပဏီများကို သီးသန့် မပေးဘဲ နိုင်ငံတော်မှ အမြတ် အစွန်းရရှိရန် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကို လိုင်းများတခုစီချပေးနေခြင်းကြောင့် ဖြစ်သည်ဟု သူက ပြောသည်။
“CDMA450လိုင်းကိုအဓိကချထားပေးတာနာဂစ်နဲ့ကမ်းနီးကမ်းဝေးဧရိယာပါ၊လိုင်းဆွဲအား အရမ်းကာင်းပါတယ်၊ မြို့ကြီး တွေမှာတော့ လိုင်းဆွဲအား ပြင်းတာကြောင့် အသံလှိုင်းတုံးတွေ နှောင့်ယှက်တာကြောင့် အခြားဆက်သွယ်ရေး ကွန်ရက်တွေ ကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် မြို့ပြဧရိယာမှာ သုံးခွင့်မရှိတဲ့ဖုန်း ဖြစ်တယ်"ဟု သူက ဆက်ပြောသည်။
တခြားနိုင်ငံများကဲ့သို့ တယ်လီဖုန်း လုပ်ငန်းကို ဆက်သွယ်ရေးကုမ္ပဏီကြီးများ အပြိုင်အဆိုင် လုပ်ကိုင်ခွင့်ရှိပါက အများပြည်သူအနေဖြင့် ဈေးသက်သာစွာ သုံးစွဲနိုင်ကြမည်ဖြစ်ဟုလည်း ဆိုသည်။
၂၀၀၉ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ချထားပေးသည့် ဖုန်းလိုင်းအမျိုးအစားများ
လိုင်းအမည် ချထားပေးသည့်လိုင်းအရေအတွက်
PM GSM ၃၄၀ ၇၁၈
WCDMA ၇ ၄၀၉
CDMA (fixed) ၁၈ ၂၇၁
CDMA (mobile) ၄၈၀ ၀၆၁
1 use card ၄ ၅၁၆ ၇၃၁
Auto phone line ၄၀ ၀၀၀

Geen opmerkingen:
Een reactie posten