မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 4 maart 2010

စစ်အစိုးရကို အရေးယူရန် နိုဗဲလ်ဆုရှင်နှင့် ဥပဒေပညာရှင်များ တောင်းဆို

Thursday, 04 March 2010 18:43 ကိုထွေး
.မြန်မာ စစ်အစိုးရက ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများ အတွက် နိုင်ငံတကာက စုံစမ်းစစ်ဆေး ပေးရန်နှင့် ဒဏ်ခတ် အရေးယူပေးရန် နိုဗဲလ် ဆုရှင်များနှင့် နိုင်ငံတကာ ဥပဒေ ပညာရှင်များက တောင်းဆို လိုက်သည်။
အမေရိကန်နိုင်ငံ နယူးရောက်မြို့၌ မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသော အမျိုးသမီး ၁၂ ဦးတို့၏ ဖြစ်ရပ်များနှင့် အတွေ့အကြုံ ထွက်ဆိုချက်များကို အင်္ဂါနေ့က ကြားနာခဲ့ပြီးနောက် Nobel Women's Initiativeအဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်၍ ယင်းသို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။
သက်သေထွက်ဆိုရာနေရာကို ခုံရုံးကဲ့သို့ ပြင်ဆင်၍ နိုဗဲလ်ဆုရှင်များ ဖြစ်သော ဂျိုဒီဝီလီယံ၊ Shirin Ebadi၊ ထိုင်းနိုင်ငံ ချူလာ လောင်ကွန်း တက္ကသိုလ် ဥပဒေပညာရှင် ပါမောက္ခ Vitit Muntarbhornနှင့် တောင်ကိုရီးယားနိုင်ငံမှ ဒေါက်တာ Heisoo Shin တို့က တရားသူကြီး ၄ ဦးအဖြစ်ဆောင်ရွက်၍ ကြားနာခဲ့ကြောင်းသိရသည်။
“မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကြမ်းဖက်ဖိနှိပ်မှုတွေက ကာလအတော်ကြာပါပြီ၊ အဆုံးသတ်ဖို့သင့်ပါပြီ”ဟု ဂျိုဒီဝီလီယံက ထုတ်ပြန်ချက်တွင် ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ်ဖိနှိပ်မှုများကို မီးမောင်းထိုးပြ၍ မူဝါဒ ချမှတ်သူများနှင့် နိုင်ငံရေး ခေါင်းဆောင်များမှ အရေးယူ ဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သက်သေထွက်ဆိုခဲ့သော အမျိုးသမီးတဦးက ၈၈မျိုးဆက်ကျောင်းသား အဖွဲ့တွင် ပါဝင်ခဲ့မှုကြောင့် ၁၉၈၉ ခုနှစ်တွင် အဖမ်းခံခဲ့ရစဉ် ကိုယ်ဝန် ၅ လရှိပြီဖြစ်ကြောင်း၊ အဆိုပါ ကိုယ်ဝန်ကို အကျဉ်းထောင်အတွင်း၌ တစုံတရာ ဆေးဝါး ကုသမှုမခံရဘဲ မွေးဖွားရ ကြောင်း၊ ယခုအခါ သူမမှာ ကလေး ထပ်မံ မရနိုင်တော့ကြောင်း၊ အဖမ်းခံရစဉ်က ၁၂ ရက်ခန့် အစာမစားရကြောင်း၊ထောင်အတွင်း မသန့်ရှင်းသည့် ရေကို အတင်းသောက်သုံးခိုင်းသည့်အတွက် ယခုအခါသူမသည် အသည်းနှင့် သက်ဆိုင်သော ရောဂါကို ခံစား နေရကြောင်း ပြောသည်။
ယင်းထွက်ဆိုခဲ့သော အမျိုးသမီးများသည် ယခုအခါတွင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်နှင့် ကနေဒါ တို့တွင် နေထိုင်လျက် ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
“မြန်မာအစိုးရအနေနဲ့ နိုင်ငံအတွင်းမှာ ပြည်သူတွေကို လုပ်ချင်သလိုလုပ်လို့မရပါဘူး” ဟု နိုဗဲလ်ဆုရှင် Shirin Ebadi၏ ပြောဆို ချက်ကိုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာလူမျိုးများကို ကြီးစိုးမင်းမှုထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်၏ ရာဇ၀တ်သားကောင်ဖြစ်ပြီး နိုင်ငံတကာ အနေ ဖြင့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နောက်လိုက်များ ကျူးလွန်ခဲ့ကြသည့် ရာဇ၀တ်မှုများအတွက် လက်ဆုပ်လက်ကိုင် မပြ နိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာမှ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အောင်မြင်မှု မရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ အစီအစဉ်ကို Nobel Women's Initiativeအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ( WLB )တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
Nobel Women's Initiativeအဖွဲ့ကို ငြိမ်းချမ်းရေးနှင့် တူညီမျှတရေးကို ဆောင်ရွက်ရန်အတွက် နိုဗဲလ်ဆုရှင် ၆ ဦးက၂၀၀၆ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။

Geen opmerkingen: