မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 15 december 2010

အလင်းဝင်သတင်းဖော်ပြချက်ဝါဒဖြန့်ခြင်းဖြစ်ဟုDKBAပြော

သန်းထိုက်ဦး Wednesday, 15 December 2010 18:19
.တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)တပ်ဖွဲ့ဝင်တချို့စစ်အစိုးရဘက် ကူးပြောင်းသွားသည့် သတင်းအား သတင်းစာများ၌ ဖော်ပြချက်သည် ၀ါဒဖြန့်လုပ်ရပ်သာ ဖြစ်သည်ဟု DKBA တပ်မဟာ (၅)မှ ဗိုလ်မှူးကြီး စောကျော်သက်က ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က စစ်အစိုးရ သတင်းစာများတွင် ကရင်အမျိုးသား အစည်းအရုံး(KNU)အကြမ်းဖက် သောင်းကျန်းသူ စောလားပွယ် အဖွဲ့မှ နိုင်လွင်၊ စောလှဒါး၊ စောအောင်ဆန်း၊ နော်တရာ၊ ချင်းလုံ၊ စောစိန်သန်း၊ စိုးမိုး ဦးစီးသော စုစုပေါင်း အင်အား ၅၁ ဦးတို့ သည် ဒီဇင်ဘာ ၉ ရက်မှ ၁၂ ရက်နေ့ အထိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းသို့ လာရောက် ပူးပေါင်းခဲ့ကြ ကြောင်း ဖော်ပြထားသည်။
သတင်းစာတွင် ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)DKBAတပ်မဟာ(၅)အဖွဲ့ကို KNU အကြမ်းဖက် သောင်းကျန်း သူ ဟု ဖော်ပြထားခြင်းသည် နအဖ နှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုင်းရင်းသား အဖွဲများတွင် နအဖ ၏ အစီအစဉ်များကို မကြိုက် သဖြင့် ပြန်တိုက်သော အဖွဲ့မှာ DKBA ဖြစ်နေသည့်အတွက် ၎င်းတို့အား KNUဟူ၍ သုံနှုန်း ခေါ်ဝေါ်ခြင်း ဖြစ်ကြောင်း၊ စစ်အစိုးရ က နိုင်ငံရေး ထိုးနှက်ချက်အရ ယင်းသို့ တမင်သုံးနှုံးခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်သက်က ပြောဆိုသည်။
“နအဖ သတင်း စာထဲမှာ အခုပြန်တဲ့ လူတွေဟာ KNU အဖွဲ့ကလို့ ပြောတယ်။ ဒါက နိုင်ငံရေးအရ ထိုးနှက်တာ ဖြစ်တယ်။ နိုင်ငံတကာနဲ့ လူထုကို နအဖ လိမ်တာ အားလုံးသိတယ်။ DKBA တပ်မဟာ ၅ ဟာ သီးခြားရပ် တည်တဲ့ အဖွဲ့ ဖြစ်တယ်၊KNUနဲ့ ပြန်လည် ပေါင်းစည်းမှု မရှိပေမယ့် သူတို့နဲ့ နားလည်မှု ယူထားတယ်”ဟု ၎င်းက ဆိုသည်။
သတင်းစာ၌ ယခု ပူးပေါင်းလာသည့် DKBAတပ်ဖွဲ့ဝင် ၅၁ ဦး ရှိကြောင်း ဖော်ထားသော်လည်း အမှန်တွင်၂၃ ဦးသာ ဖြစ်ပြီး လက်နက်များ ယူဆောင်သွားခြင်းလည်း မရှိကြောင်း ဗိုလ်မှူးကြီး စောကျော်သက်က ပြောသည်။
“သူတို့ အဓိက ပြန်ကြတာက တောထဲမှာ ပင်ပန်း ဆင်းရဲမှု မခံနိုင်ကြဘူး၊ နောက်ပြီးတော့ သူတို့မှာက တိုက်တွေ ကားတွေ၊ ပိုင်ဆိုင်မှုတွေက များတော့၊ အမျိုးသားရေး အတွက် ဘာမှ မစွန့်လွှတ်နိုင်ကြလို့ ပြန်သွားတာဖြစ်တယ်။ ဒီလိုလူတွေ မြန်မြန် ပြန်တာ ကောင်းတယ်၊ မဟုတ်ရင် တော်လှန်ရေး အတွက် အနှောင့် အယှက်ဖြစ်တယ်”ဟုလည်း ၎င်းက ဆိုသည်။
စစ်အစိုးရ ထံသို့ပူးပေါင်းလာသူများကိုတာဝန်ရှိသူများကလိုအပ်သည်များပံ့ပိုး ကူညီဆောင်ရွက်ပေးကြောင်း၊ KNU အဖွဲ့ အတွင်းတွင်လည်း ဥပဒေ ဘောင်အတွင်းသို့ ၀င်ရောက်လာရန် ကျန်ရှိနေကြောင်းလည်း အစိုးရ သတင်းစာများတွင် ရေးသား ထားသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုတပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသူများ ရှိသကဲ့သို့ တချို့မှာ နီးစပ်ရာ အသိမိတ်ဆွေများထံနှင့် တော ထဲ တွင် ပုန်းအောင်း နေကြရကြောင်း သိရသည်။
စစ်ပြေး ဒုက္ခသည်များကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)နှင့် တချို့NGOအဖွဲ့ ၀င်များ ပူးပေါင်း၍ အကူအညီများ ထောက်ပံ့ပေးကြောင်း အကူအညီပေးသူများက ပြောသည်။
နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBAတပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။
တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်းဖြစ်သည်။

Geen opmerkingen: