မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 februari 2010

နာရေးဆိုင်ရာ အယူသီးမှုများ ဖြေရှင်းပေးရန် ပန်ကြား

စိုးမိုး / ၁၂ ဖေဖော်ဝါရီ ၂ဝ၁ဝ
နာရေးဆိုင်ရာ အယူသီးမှုများမှတဆင့် နာရေးကိစ္စများတွင် နှောင့်ယှက်မှုများအထိ တွေ့ကြုံနေရကြောင်း နာရေးကူညီမှု အသင်းက ထုတ်ဖော်ပြောကြားလိုက်သည်။
လမ်းအချို့ကို နာရေးကားများ သွားလာခွင့်ပိတ်ပင်ခြင်း၊ မြို့ပြင်တွင် သေဆုံးသူများကို ရပ်ကွက်များမှ ဖြတ်သန်းလျှင် ဒေသခံအချို့က တားဆီးခံရခြင်းများ ရှိနေပြီး ယင်းကိစ္စများကို ၀ိုင်းဝန်းဖြေရှင်းကြရန် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဦးစီးဆောင်ရွက်နေသူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီကျော်သူက ရှင်းတမ်းတစောင် ထုတ်ပြန်ပန်ကြားလိုက်သည်။
“ကျနော်တို့ ကြုံတွေရတဲ့ အယူသီးမှုတွေ များလာတယ်။ အဲလိုများလာတဲ့အတွက် ဒီအယူသီးမှုတွေကို ပြည်တွင်း ပြည်ပ သိလာအောင်၊ ၀ိုင်းဝန်းတိုက်ဖျက်လာအောင် ပြောလိုက်တာပါခင်ဗျာ” ဟု အကယ်ဒမီကျော်သူက ဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာနှင့် နာရေးဆိုင်ရာ အယူသီးမှုများကို သံဃာတော်များအပါအ၀င် နာရေးကူညီမှု အသင်းများကလည်း လူထုကို အသိပေးတရားဟော ဖျောက်ဖျက်ရန် တိုက်တွန်းနေသော်လည်း မပျောက်နိုင်သေးဘဲ ဖြစ်နေသည်ဟု သိရသည်။
ယခုအချိန်ထိ နာရေးကား ဖြတ်သန်းခွင့် မပြုသည့်လမ်းများ ရှိနေဆဲဖြစ်ပြီး ဘာသာရေးနှင့် မအပ်စပ်သော မိရိုးဖလာ အယူသီးမှုများစွာ ရှိနေကြောင်းလည်း သိရသည်။
“နာရေးကား မဖြတ်ရတဲ့ လမ်းတွေ ရှိနေတယ်။ ဆိုင်းဘုတ်တွေတော့ တင်မထားဘူးပေါ့လေ။ ကျနော်တို့ကို သတင်းပေးထားတာ၊ ဘယ်လမ်း ဘယ်လမ်းတွေ မဖြတ်ရဘူးဆိုတာ” ဟု ကိုကျော်သူက ပြောသည်။
အကယ်ဒမီကျော်သူက စာမျက်နှာ (၁၁) မျက်နှာပါသော နာရေးဆိုင်ရာ အယူသီးမှုများ တိုက်ဖျက်ရန် နှိုးဆော်သည့် ရှင်းတမ်းတစောင်ကို ရေးသားဖြန့်ဝေထားသည်။

Geen opmerkingen: