မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 12 augustus 2010

Lazy Club တေးဂီတဖြင့် ဟစ်ပ်ဟော့ပွဲတော် ကျင်းပ

သျှင်ဒီစံ Thursday, August 12, 2010
မြန်မာပြည် ဂီတ လောကတွင် ပထမဆုံး တေးဂီတဝိုင်းနှင့် ဖျော်ဖြေသည့် ဟစ်ပ်ဟော့ပ် ပွဲတော်ကို သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၂ နာရီတွင် ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပခဲ့သည်။
                                                                  ဟစ်ပ်ဟော့ပွဲတော်မှ အမျိုးသမီး အဆိုရှင်တဦး
ယခင်က ဟစ်ပ်ဟော့ စင်တင်ပွဲများတွင် DJများဖြင့်သာ တင်ဆက်လေ့ ရှိကြသော်လည်း ယခုအခါ Lazy Club တေးဂီတဝိုင်းက တီးခတ်ပေးထားသည်။
HipHopAcousticsShow ဟု အမည်ပေးထားသော ယင်းပွဲကို ၂ ပိုင်းခွဲကျင်းပရာ ပထမပိုင်းအနေဖြင့် စိုင်းစိုင်းခမ်းလှိုင်၊ ဂျေမီ၊ ဟဲလေး၊ ယုန်လေး၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ လွမ်းပိုင်၊ ချမ်းချမ်း၊ စန္ဒီမြင့်လွင်၊ အေသင်ချိုဆွေ၊ သားကြီး၊ သိန်းလင်းစိုး၊ Cyclone၊Snare၊G-Family၊ နိုင်းဝမ်း၊ စိုးကြီး၊ SZ၊ မိစန္ဒီ၊ တို့က ဖျော်ဖြေ တင်ဆက် ခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်းတွင် အထက်ပါ ဟစ်ပ်ဟော့ပ် အဆိုရှင်များအပြင် Henale၊G-3၊MHL၊Satan၊Doe Doe၊Hip-2၊oneway၊Bunny၊Phyoeတို့ကသီဆိုဖျော်ဖြေခဲ့ပြီးည၈နာရီကျော်တွင်ဖျော်ဖြေရေး အစီအစဉ်များ ပြီးဆုံးခဲ့သည်။
ဖျော်ဖြေရေး အစီအစဉ်များအပြီးတွင် လူငယ်များအတွက် DJဖြင့် စုပေါင်း ကခုန်ခြင်း အစီအစဉ်များ ဆက်လက် ကျင်းပ ခဲ့သည်။

Geen opmerkingen: