မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 23 juni 2011

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရန်ဒေါ်အောင်ဆန်းစုကြည်ထောက်ခံ

လင်းသန့် Thursday, 23 June 2011 14:11
.မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကကမ္ဘာ့ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးမစ္စတာသောမတ်စ်အိုဟေးကင်တာနာ၂၀၁၀မတ်လက တောင်းဆိုခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍စုံစမ်းရေးကော်မရှင်(CoI)ဖွဲ့စည်းရေးကို ထောက်ခံကြောင်း ယမန်နေ့က အမေရိကန် အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံသို့ပြီးခဲ့သည့်ဇွန်လဆန်းကရောက်ရှိလာသောအမေရိကန်အထက်လွှတ်တော်အမတ်ဂျွန် မက်ကိန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်(ဓာတ်ပုံ-ခင်မောင်ဝင်း /AP)
ဇွန်လ၂၂ရက်ကကျင်းပသည့်အမေရိကန်အောက်လွှတ်တော်၏အာရှနှင့်ပစိဖိတ်ရေးရာကော်မတီ၏ မြန်မာ့အရေးကြားနာပွဲသို့ပေးပို့သောကြိုတင်အသံသွင်းထားသည့်ဗီဒီယိုမိန့်ခွန်းတွင်ဒေါ်အောင်ဆန်း စုကြည်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“ကျမပါမောက္ခကင်တာနာတောင်းဆိုထားတဲ့စုံစမ်းရေးကော်မရှင်ဖွဲ့ရေး(CoI)ကိုထောက်ခံတယ်။ဒါက စုံစမ်းရေးကော်မရှင်ပဲဆိုတာ ရှင်းနေတာပဲ။ ခုံရုံးဖွဲ့ အရေးယူတာမဟုတ်ဘူး။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဘာတွေရှိလဲ။နောင်မှာဒါမျိုးတွေမရှိအောင်ကျမတို့ဘာလုပ်နိုင်မလဲဆိုတာကိုဖော်ထုတ်ဖို့ပဲ။ဒါက ရှင်းပါတယ်”ဟုဒေါ်အောင်ဆန်းစုကြည်ကအဆိုပါ ဗီဒီယို မိန့်ခွန်းတွင် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသည်။
မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာမည်ကဲ့သို့အခြေအနေရှိသည်ကိုမှန်ကန်စွာ ဖော်ထုတ်နိုင်ရေးအတွက်မစ္စတာကင်တာနာတောင်းဆိုထားသည့်စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရေး(CoI)ကို အမေရိကန်၊ ကနေဒါ အပါအ၀င်နိုင်ငံ ပေါင်း ၁၆ နိုင်ငံက ထောက်ခံထားသည်။
နိုင်ငံတကာရှိမြန်မာ့အရေးလှုပ်ရှားသည့်အဖွဲ့များကမြန်မာအစိုးရသည်လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့်စစ်ရာဇ၀တ်မှုများ ကျူးလွန်နေကြောင်းစွပ်စွဲထားမှုများအပေါ် ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင်တွင် တိုင်ကြားခဲ့သည်။
ဆက်လက်ပြီးဒေါ်အောင်ဆန်းစုကြည်ကမကြာခင်ကကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သောဆုံးဖြတ်ချက်တွင်နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ လွတ်လပ်စွာအသင်းအဖွဲ့ကိစ္စ၊သတင်းလွတ်လပ်ခွင့်ကိစ္စ၊လွတ်လပ်သည့်တရားစီရင်ရေးနှင့်မစ္စတာ သောမတ်စ်အိုဟေးကင်တာနာအနေဖြင့်အချိန်မရွေးမြန်မာနိုင်ငံသို့လာရောက်ခွင့်ရှိရေးတို့သည် အရေးကြီးကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“ဒီကနေ့တိုင်းပြည်မှာအခုလိုအပ်နေတာကလွတ်လပ်တဲ့တရားစီရင်ရေးမရှိရင်တရားဥပဒေစိုးမိုးမှုမရှိနိုင်ဘူး၊ တရားဥပဒေစိုးမိုးမှုမရှိရင်နိုင်ငံသားတွေဘ၀ဘယ်လုံခြုံမလဲ၊ဒီမိုကရေစီကိုသွားဖို့စစ်မှန်တဲ့ တိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။ ဘာကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာအခုထိ အကျဉ်းထောင်ထဲမှာ ရှိနေတာလဲ။ ဒီမိုကရေစီဖော်ဆောင်မယ်လို့ပြောနေတဲ့အခုအစိုးရဟာမြန်မာနိုင်ငံမှာ ဒီမိုကရေစီအမှန်တကယ်ဖြစ်ပေါ်ဖို့ဆိုရင်နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုလုပ်ရှိစရာလိုတော့မှာလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ရုပ်သံမိန့်ခွန်းတွင် ပြောသည်။
ထိုကြားနာပွဲတွင် အမေရိကန်အခြေဆိုက်U.SCampaignforBurmaအဖွဲ့မှဒါရိုက်တာဦးအောင်ဒင်နှင့် JohnsHopkinsCenterforPublicHealthandHumanRightsမှဒါရိုက်တာDr.ChrisBeyrerတို့ကလည်း မြန်မာနိုင်ငံ အခြေအနေများ နှင့် ပတ်သက်ပြီး တင်ပြကြသည်။
ကြားနာပွဲ၌Burmaနှင့်Myanmarစကားလုံးနှင့်ပတ်သက်၍လည်းအပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ဗီဒီယိုမှတဆင့်ပြောသောစကားကို နားထောင်ပြီးနောက် ကြားနာရေး ကော်မတီ ဥက္ကဌမစ္စတာဒေါ်နယ်မန်ဇူလိုကအမေရိကန်သမ္မတအိုဘားမား၏မြန်မာအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရေးမူဝါဒသည်အမေရိကန်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာ့ဒီမိုကရေစီရေးတို့တွင် တိုးတက်မှုမရှိဟု သံသယဖြစ်မိကြောင်း ယင်းကြားနာပွဲ၌ ထုတ်ဖော်ပြောကြား ခဲ့သည်။
မြန်မာ့အရေးကြားနာပွဲသည် ကချင်၊ ရှမ်း စသည့်ပြည်နယ်များတွင် လတ်တလောဖြစ်ပွားနေသော မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့အကြား စစ်ပွဲများဖြစ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ထိုစစ်ပွဲများကြောင့်
ထောင်နှင့်ချီသောဒုက္ခသည်များသည်တရုတ်-မြန်မာနယ်စပ်သို့လည်းကောင်း၊တချို့မှာ တရုတ်နိုင်ငံဘက်သို့ လည်း ကောင်း ထွက်ပြေးတိမ်းရှောင် နေကြရသည်။
အမေရိကန်နိုင်ငံကလည်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့အကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအခြေအနေများအပေါ်စိုးရိမ်ကြောင်းမကြာသေးခင်ကထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ဦးတည်ကြိုးစားကြရန်နှင့် စစ်ပွဲများကို ရပ်တန့်ရန် တိုက်တွန်းထားသည်။
အမေရိကန်အောက်လွှတ်တော်ကဒေါ်အောင်ဆန်းစုကြည်ကို၂၀၀၈ခုနှစ်အတွက် အောက်လွှတ်တော်ဆိုင်ရာ ရွှေတံဆိပ် ဆုကို ချီးမြှင့်ခဲ့ဖူးသည်။ယင်း ဆုသည် အမေရိကန်အရပ်သားများကို ချီးမြှင့်သည့်ဆုများတွင် အမြင့်ဆုံး ဆုတဆု ဖြစ်သည်။

Geen opmerkingen: