မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 augustus 2011

ဒီပဲယင်းအရေး ကုလသို့ တင်မည်

လင်းသန့် Thursday, 25 August 2011 19:17
.ဒီပဲယင်းဒေသတွင်ဒေါ်အောင်ဆန်းစုကြည်အကြမ်းဖက်တိုက်ခိုက်ခံရမှု၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တရားဝင်ဆက်လက်ရပ်တည်ရေးစသည့်အကြောင်းအရာများပါဝင်သောကုလသမဂ္ဂသို့ပေးပို့မည့် အစီရင်ခံစာကိုအင်္ဂါနေ့ကကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိမစ္စတာသောမတ်အိုဟေးကင်တားနားကို တင်ပြလိုက်သည်ဟု သိရသည်။
ဗုဒ္ဓဟူးနေ့ကဒေါ်အောင်ဆန်းစုကြည်နှင့်ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိမစ္စတာကင်တားနားတို့ ဆွေးနွေးပွဲအပြီးသတင်းထောက်များနှင့်တွေ့ဆုံခဲ့သည်(ဓာတ်ပုံ-ဧရာဝတီ)
“အစီရင်ခံစာကိုမစ္စတာကင်တားနားကိုပြတယ်။ပါတီရပ်တည်ရေးအပါအ၀င်ကိစ္စတွေကိုပါ။သူကဥပဒေ ပညာရှင်မဟုတ်တော့ကျွမ်းကျင်တဲ့ဥပဒေပညာရှင်တယောက်နဲ့ကျနော်တို့နဲ့ညှိနှိုင်းလုပ်ဆောင်နိုင်ဘို့ အမြန်ဆုံးမြန်မာနိုင်ငံကိုစေလွှတ်ဖို့စီစဉ်မယ်လို့ပြောပါတယ်”ဟုNLDခေါင်းဆောင်တဦးဖြစ်သူဦးဉာဏ်ဝင်းကပြောသည်။
၂၀၀၃ခုနှစ်မေလ၃၀ရက်နေ့ကဒေါ်အောင်ဆန်းစုကြည်၏မော်တော်ယာဉ်တန်းကိုစစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင်တုတ်၊ဓား၊လက်နက်ကိုင်ဆောင်သူများ၏တိုက်ခိုက်မှုကြောင့်ပါတီဝင်တချို့ သေဆုံးခဲ့ရသည့်အမှုကို အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ခြင်း မပြုသေးပေ။
NLDပါတီဥပဒေအကြံပေးအဖွဲ့ကရေးသားပြုစုထားသည့်ထိုအစီရင်ခံစာကိုအကြမ်းဖက်မှုဖြစ်ပွားပြီး၈နှစ်အ ကြာတွင်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။
မြန်မာပြည်တွင်ရောက်နေသောကုလလူ့အခွင့်အရေး အထူးစုံးစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားသည် ယမန်နေ့က NLD ခေါင်းဆောင်များကို တွေ့ဆုံခဲ့သည်။
“မနေ့ကတော့မစ္စတာကင်တားနားကနေပြည်တော်မှာလူ့အခွင့်အရေးသင်တန်းပေးခဲ့တာတို့၊မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေတိုးတက်လာဖို့အစိုးရရဲ့တာဝန်ရှိသူတွေကိုပြောခဲ့တာတို့နေပြည်တော် အတွေ့အကြုံကိုရှင်းပြတယ်။ကျနော်တို့ဘက်ကလည်းလူ့အခွင့်အရေးလုပ်ငန်းတွေနဲ့ပတ်သက်တာတွေ လုပ်ဆောင်နေတာတွေကို ရှင်းပြတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိသည်မြန်မာပြည်တွင်  ရှိနေစဉ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်သာမကဒီမိုကရေစီအရေး၊လူ့အခွင့်အရေးလှုပ်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။ယနေ့ နေ့လယ်ပိုင်းတွင် မစ္စတာ ကင်တားနားသည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုမြတ်သူအပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည့် ဒေါက်တာနေ၀င်း၊ ကိုဇေယျာသော်၊ ကိုအောင်ကျော်ဆန်း စသည်တို့နှင့်လည်း နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။
“ကျနော်တို့ကတော့နိုင်ငံရေးအကျဉ်းသား အမြန်ဆုံး လွှတ်ပေးရေးကိစ္စ အဓိက ဆွေးနွေး တင်ပြဖြစ်တယ်။ အနိမ့်ဆုံးအဆင့်အနေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုမိသားစုနဲ့အနီးဆုံးထောင်တွေကို ပြန်ပြောင်းရွှေ့ပေးရေးနဲ့အကျဉ်းကျနေတဲ့မိသားစု၁ခုထဲကသူတွေကို တစုတစည်းတည်း ပြန်ထားရေးလည်း တင်ပြဆွေးနွေးတယ်” ဟု ကိုမြတ်သူက ဧရာဝတီကို ပြောသည်။
မစ္စတာကင်တားနားက ဂရုတစိုက် နားထောင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တိုက်တွန်းပြောဆိုထားကြောင်း၊ မစ္စတာကင်တားနား ကိုယ်တိုင်လည်း အစွမ်းကုန် ကြိုးစားနေကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ဇိုမီးအမျိုးသားကွန်ကရက်ခေါင်းဆောင်တဦး ဖြစ်သည့် ဦးပူကျင့်ရှင်းထန်က၁၉၉၀ရွေးကောက်ပွဲ ၀င်ခဲ့သော နိုင်ငံရေးပါတီ၈ခု၏မေတ္တာရပ်ခံစာကိုဒေါ်အောင်ဆန်းစုကြည်မှတဆင့်မစ္စတာကင်တားနားကို ပေးအပ်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“တိုင်းပြည်မှာလတ်တလောအရေးတကြီးလိုအပ်နေသည့်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက် ရေးနဲ့တိုင်းရင်းသားဒေသတွေမှာစစ်ပွဲတွေဖြစ်နေတော့အမြန်ဆုံးပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကပိုအားစိုက်ကူညီဆောင်ရွက်ပေးဖို့ပါ”ဟုဦးပူကျင့်ရှင်းထန်က ပြောသည်။
ယမန်နေ့ကသတင်းထောက်များနှင့်တွေ့ဆုံစဉ်ဒေါ်အောင်ဆန်းစုကြည်ကမစ္စတာကင်တားနားသည် မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့်ပတ်သက်ပြီးစေတနာထက်သန်စွာဆောင်ရွက်နေသကဲ့သို့ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်သူ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယနေ့ညနေပိုင်းတွင်မြန်မာနိုင်ငံ၅ရက်ခရီးစဉ်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့်မစ္စတာကင်တားနားက ခရီးစဉ်အတွင်းလူ့အခွင့်အရေးအခြေအနေလေ့လာခဲ့မှုများနှင့်ပတ်သက်၍ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

Geen opmerkingen: