မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 2 september 2011

ဒေါ်လာဝယ်ယူမှုများလာသောကြောင့်ဈေးတက်

ဧရာဝတီ Friday, 02 September 2011 13:10
.အမေရိကန်ဒေါ်လာကိုအစိုးရအာဏာပိုင်အသိုင်းအ၀န်းနှင့်စီးပွားရေးသမားများကပြန်လည်ယ်ယူစုဆောင်း လာသောကြောင့် ဈေးပြန်တက်လာကြောင်း သတင်းရရှိသည်။
စက်မှု၂၀န်ကြီးဦးစိုးသိန်းအပါအ၀င်အစိုးရ၀န်ကြီးများနှင့်အစိုးရထိပ်တန်းခေါင်းဆောင်အသိုင်းအ၀န်းက အမေရိကန်၁ဒေါ်လာလျှင်ကျပ်၉၀၀နှင့်၁၀၀၀ကြားထားရှိသတ်မှတ်သင့်သည်ဟုမကြာခဏ ပြောဆိုခဲ့ပြီးနောက်အစိုးရအာဏာပိုင်အသိုင်းအ၀န်းကြားဒေါ်လာဝယ်ယူစုဆောင်းမှုထူးထူးခြားခြား ဖြစ်ပေါ် လာကြောင်း၊ထို့အပြင်အစိုးရစစ်ဗိုလ်ချုပ်များ၏ဆွေမျိုးများနှင့်သားသမီးများ၊၎င်းတို့နှင့်နီးစပ်သော စီးပွားရေးသမားများကဈေးကွက်မှဒေါ်လာများကိုဝယ်ယူကြသဖြင့်ဒေါ်လာဈေးပြန်တက်နေခြင်း ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ဆိုသည်။
                                                                            (ဓာတ်ပုံ - AP)
“တဒေါ်လာ၉၀၀နဲ့၁၀၀၀ကြားသတ်မှတ်လိုက်ရင်အခုအချိန်ဈေးအနိမ့်နဲ့ဒေါ်လာဝယ်ထားတဲ့သူကအမြတ် ရဖို့သေချာတယ်။ အစိုးရကလည်း အဲဒီလို သတ်မှတ်နိုင်တယ်ဆိုတဲ့ အရိပ်အရောင်တွေ မကြာခဏဆိုသလို
ပြောနေတာတွေကြောင့်ဒေါ်လာဝယ်လိုအားပြန်တက်တာ”ဟုရန်ကုန်ဒေါ်လာငွေလဲဒိုင် တဦးက ပြောသည်။
တရုတ်-မြန်မာနယ်စပ် ဒေါ်လာဈေးကွက်တွင်လည်း ဒေါ်လာဝယ်ယူမှု များပြားလျက် ရှိကြောင်း သိရသည်။
ထို့အပြင်စက်မှု၂၀န်ကြီးဌာနကလိုင်စင်မဲ့SuperCustomကားများအားအမေရိကန်ဒေါ်လာ၁၃၀၀၀၊ မော်ဒယ်မြင့်အံစာတုံးပုံစံHi-Aceတစီးလျှင်ဒေါ်လာ၂၀၀၀၀အသီးသီးလိုင်စင်ဝင်ခွင့်ရရန် ဒဏ်ရိုက်မည်ဟုဆိုကာစက်တင်ဘာလဆန်းပိုင်းတွင်ဒဏ်ကြေးအပြီးသွင်းရန်ညွှန်ကြားထားကြောင်း၊ ကားစီးရေ ၈၀၀ နီးပါးအတွက် တပြိုင်နက်တည်း ဒဏ်ရိုက်မည် ဖြစ်ရာကျသင့်သော ဒဏ်ကြေး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ၁၂သန်းကျော်ရှိနေကြောင်း၊၂ပတ်အတွင်းဒေါ်လာ၁၂သန်းဝယ်လိုအားကြောင့်လည်း ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး ပြန်တက်လာခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးအသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။
“ဒဏ်ရိုက်ခံရတဲ့ ကားပိုင်ရှင်တွေက ဒေါ်လာ မဖြစ်မနေ ၀ယ်ရမှာ။ မ၀ယ်ရင်လည်း ကားက လိုင်စင်ဝင်မရ ဖြစ်သွားမယ်။အဲဒါကြောင့်လည်းဒေါ်လာဈေးတက်လာတာဖြစ်မယ်”ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင်တဦးက ဆိုသည်။
အမေရိကန်ဒေါ်လာဈေးနှုန်းသည်သြဂုတ်လကုန်ပိုင်းကတဒေါ်လာ၆၇၆ကျပ်အထိကျဆင်းခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင်တစ်ဒေါ်လာ ၇၅၀ကျပ်အထိဈေးတက်ကာယနေ့တဒေါ်လာလျှင် ၇၇၀ ကျပ် အထိဈေးမြင့်တက်သွားသည်။ဒေါ်လာဈေးတက်လာသောကြောင့် ပြည်တွင်းရွှေဈေးလည်း တက်လာပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇ သိန်း ၁ သောင်းကျော် အထိ ဈေးမြင့်ခဲ့သည်။
ရွှေဈေးတက်မှုကြောင့် ရွှေဆိုင်များနှင့် အခေါက်ရွှေဈေးကွက်တွင် ရွှေဝယ်ယူသူ မရှိသလောက် နည်းပါးသွားပြီး ပြန်လည် ရောင်းချသူများသာ များပြားနေသည်ဟု သိရှိရသည်။
“တက်ဈေးမှာရောင်းတဲ့သူတွေချည်းပဲ။ဝယ်သူကမ၀ယ်နိုင်ဘူး။ဈေးမြင့်လွန်းတော့မ၀ယ်နိုင်ကြတာ။ ဒေါ်လာ ဈေးတက်လေ ရွှေဈေးတက်လေ ဖြစ်မှာမို့ ရှေ့လျှောက် ရွှေဈေးက အတက်ချည်းပဲဖြစ်နေမယ်”ဟု မန္တလေး ရွှေသန့်စင်ရေး လုပ်ငန်းပိုင်ရှင် တဦးက ဆိုသည်။
သမ္မတဦးသိန်းစိန်အစိုးရသည်နိုင်ငံခြားငွေလဲနှုန်းပြင်ဆင်သတ်မှတ်ရန်အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)နှင့်ညှိနှိုင်းဆောင်ရွက်နေသည်ဟုဆိုထားပြီးလာမည့် အောက်တိုဘာလအတွင်း IMF မှ ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: