မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 18 mei 2010

စခန်းနီသို့အလည်တခေါက်

ဧရာဝတီ Tuesday, May 18, 2010
.ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံ ဆန္ဒပြနေသည့် ရှပ်နီ အဖွဲ့ဝင်များ ရှိရာ ဘန်ကောက်မြို့ Siam Paragon ကုန်တိုက် အနီးအနားသို့ ယနေ့ ဧရာဝတီ သတင်းထောက် စောရန်နိုင်နှင့် သန်းထိုက်ဦးတို့ ရောက်သွားခဲ့သည်။

ရှပ်နီတို့ဆန္ဒပြရာနေရာအပြင်ဘက်တွင်ဆိုင်ကယ်တက္ကစီများကိုလုံခြုံရေးယူထားသူများက စစ်ဆေးကြသည်(ဓာတ်ပုံ-သန်းထိုက်ဦး/ဧရာဝတီ)
ဧရာဝတီ သတင်းထောက်များကို အကူအညီပေးခဲ့သည့် ထိုင်းအမျိုးသမီး အလွတ်သတင်းထောက် တဦးကို ရှပ်နီအဖွဲ့က ရိုက်နှက်ဖမ်းဆီးခဲ့သည်။
သတင်းထောက် သန်းထိုက်ဦးကလည်း ဘန်ကောက်မြို့ပေါ်က ရှပ်နီ ဆန္ဒပြပွဲမြင်ကွင်းကို အောက်ပါအတိုင်း တိုက်ရိုက် သတင်း ပေးပို့ထားသည်။
အဲဒီနေရာကို ရောက်သွားတော့ ကျနော်တို့ကို စစ်ဆေးပါတယ်။ ရှပ်နီ အဖွဲ့ဝင်တွေကတော့ သတင်း ထောက်တွေကို သေချာ အာရုံစိုက်နေတာကို သတိထား မိပါတယ်။
အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြ လူအုပ်ကြီးကိုလည်း မြင်လိုက်ရတယ်။ ရှပ်နီအဖွဲ့ကို လုံခြုံရေး ယူထားတဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ စစ်ဆေးမှုကိုလည်း ခံခဲ့ရတယ်။
“အဖိဆစ်ဝေ့ချာချီဝ၊လွှတ်တော်ချက်ချင်း ဖျက်သိမ်းပေး” ဆိုတဲ့ ပိုစတာတွေကိုလည်း လမ်းဘေးတလျှောက် ကပ်ထားတယ်။
ကြွေးကြော်သံတွေကို အနီရောင် အဖွဲ့ ခေါင်းဆောင်တဦးက တိုင်ပေးလိုက်တာနဲ့ အနီရောင်ကို ထောက်ခံတဲ့ ထိုင်းတွေက “ဟေး”လို့ သံပြိုင် အော်ကြရင် အသည်းပုံ၊ ခြေဖ၀ါးပုံ အနီ ရောင် ကော်ပြားတွေကို တချပ်ချပ်ရိုက်ခတ် အားပေးကြတယ်။
အဖိဆစ် အစိုးရက လွှတ်တော် မဲခွဲဆုံးဖြတ်မှုနဲ့ အာဏာ ရလာတာ၊ ရွေးကောက်ပွဲကနေ တက်လာခဲ့တာ မဟုတ်ဘူးလို့လည်း ရှပ်နီအဖွဲ့ဝင်တွေက ပြောတယ်။
အသက် ၆၀ အရွယ် အမျိုးသမီး တဦးက “အခု ငါတို့ အားလုံး ပတ်ပတ်လည် အ၀ိုင်းခံထားရတယ်၊ စစ်သားတွေက ငါတို့ကို သေနတ်နဲ့လည်း ပစ်တယ်၊ ငါတို့ ထိုင်းမှာ မွေးတာ၊ ငါတို့ကို ဒီလိုမျိုး လာမလုပ်နဲ့၊ မရဘူး” လို့ ပြောပါတယ်။
အစား အသောက်တွေ ယူလို့မရအောင် ထိုင်းအစိုးရက ပိတ်ထားပေမယ့် သူတို့နည်း သူတို့ဟန်နဲ့ ၀ယ်ယူ ချက်ပြုတ် စားသောက် နေကြပါတယ်။ အဲဒီ အစား အသောက်တွေကို ဘယ်က ဘယ်လို သယ်ယူတယ် ဆိုတာကိုတော့ ပြောပြလို့ မရဘူး ဆိုပြီး သူက ဆက်ပြောပါတယ်။
အနီရောင် အလံတွေ၊ အနီရောင် လည်စည်းတွေ၊ အနက်ရောင် ၀တ်ထားတဲ့ လုံခြုံရေးတွေ၊ အသက် ၄၀ နဲ့ ၅၀ အရွယ် လူကြီးတွေနဲ့ ကလေးငယ်တွေကိုလည်း တွေ့ရပါတယ်။ အတော်များများကတော့ ခက်ခက်ခဲခဲ အသက် မွေးနေရတဲ့ ပုံစံရှိပါတယ်။ တချို့ မိသားစုလိုက် ဆန္ဒလာပြတာကို တွေ့ရပါတယ်။
အများစုက ကျေးလက် ဒေသက လာကြသူတွေပါ။ သူ့တို့ နေ့တိုင်း စားသောက်ဖို့အတွက် ပူပင်စရာ မလိုပါဘူး။ သောက်ရေသန့် တွေကိုပါ လှူဒါန်းထားပါသေးတယ်။
အမျိုးသမီး၊ကလေးနဲ့သက်ကြီးရွယ်အိုတွေရဲ့လုံခြုံရေးအတွက်ကုန်တိုက်နားက ဘုန်းကြီးကျောင်းတကျောင်းမှာ ထားပါ တယ်။
ရှပ်နီ အဖွဲ့ကို ထောက်ခံတဲ့ အမျိုးသမီးတဦးကို ကျနော်တို့ အဖွဲ့သားတွေက အင်တာဗျူး လုပ်နေတုန်း သူ့ အမျိုးသားက ပါးရိုက်ပြီး ဆွဲခေါ် သွားပါတယ်။
တခြား အမျိုးသမီး တယောက်ကတော့ “အခု ထိုင်းသတင်း ထောက်တွေကို ယုံလို့မရတော့ဘူး။ ဒီအထဲကို ၀င်ဖို့ သိပ်မလွယ်ဘူး။ သူတို့ သတင်းရေးတဲ့ အခါ အစိုးရဘက်ကို လိုက်ရေးတာ များတယ်၊ ဒါကြောင့် သတင်းထောက်တွေကို သိပ် မယုံတော့ဘူး” လို့ ရှင်းပြတယ်။
ဘန်ကောက်မြို့မှာ အနီတွေ သိမ်းပိုက်ထားတဲ့ နေရာတွေကလွဲလို့ ကျန်တဲ့ နေရာတွေမှာ လူတွေ ပုံမှန်အတိုင်း လှုပ် ရှား သွားလာနေကြပါတယ်။
ဘတ်စ်ကား၊ ရထား တွေလည်း ပုံမှန်အတိုင်း ပြေးဆွဲနေကြတယ်။ အဲဒီလို ပြေးဆွဲ နေပေမယ့် လူအသွားအလာ နည်းပါးပါတယ်။
ဘန်ကောက်မြို့မှာ ဆိုင်ကယ်တက္ကစီ မောင်းတဲ့ လူတဦးကတော့ “အရင်ကဆိုရင် တနေ့ကို ဘတ် ၆၀၀ (ကျပ် ၁၈၀၀၀) လောက် ရတယ်။ အခု ဒီလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာပြီးနောက်ပိုင်း တနေ့ ၃၀၀ တောင် မရဘူး၊ လူတွေကလည်း အိမ်အပြင် မထွက်ရဲ ကြဘူး” လို့ ပြောပြပါတယ်။

Geen opmerkingen: