မင်းနိုင်သူ Friday, August 06, 2010
.retweet0ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် လွန်ခဲ့သည့် ဇူလိုင်လ ၃၁ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကမ္ဘာအေးလမ်းမကြီးပေါ် အမှတ်(၂) နယ်မြေယာဉ်ထိန်းရဲစခန်းနားလေးမှာ အတိုက်ခံရတာပါ ၊ နို့ဆီသယ်တဲ့ကားက ဟိုဘက်ယာဉ်ကြောကနေ ဒီဘက်ယာဉ်ကြောအထိ လာတိုက်တာ ၊ ဗင်ကားကို အရင်တိုက်ပြီး အဲဒီကား ၂ စီးလုံးက ထက်ထက် တို့ ကားကိုလာတိုက်တာ အဲဒီနေ့ ညနေ ၇ နာရီလောက် တိုက်မိတာ"ဟု ထက်ထက်မိုးဦးက ဧရာဝတီသို့ ပြောသည်။
ကားကို ထက်ထက်မိုးဦး၏ အမျိုးသား ဇူးမြတ်ထက်က မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင် ၄င်းတို့ ၂ ဦးသာ ပါခဲ့ကြောင်း သိရ သည်။
“ဖြစ်ဖြစ်ခြင်း ဆေးရုံကြီး အရေးပေါ်ဌာနကိုတော့ သွားရသေးတယ် ၊ ဘာမှတော့ သိပ်မဖြစ်ပါဘူး ၊ ထက်ထက်လက်ကတော့ နည်းနည်းနာသွားတယ် ၊ ဓာတ်မှန်ရိုက်ကြည့်လိုက်တော့ မကျိုးတော့မကျိုးဘူးဆိုတာ သိရတယ် ၊ ဆေးရုံတင်ထားရတယ်ဆိုတာ မဟုတ်ပါဘူး ၊ ၂ ယောက်လုံး အပြင်မှာ ရှိနေကြပါတယ် ၊ စတိုက်တဲ့ကားကိုတော့ သိမ်းထားတယ် ၊ ပိုင်ရှင်က တရုတ်တန်းကတဲ့ ၊ ထက်ထက်တို့ ကားအတွက် ဘာမှလည်း လျော်ကြေးမပေးဘူး ၊ လူမှုရေးအရ မေးမြန်းတာလည်း မရှိဘူး ၊ ထက်ထက်တို့လည်း ဘာမှ မပြောချင်တော့ဘူး ၊ လူကြီးတွေနဲ့သာ ပြေလည်အောင် ညှိပေါ့"ဟု ထက်ထက်မိုးဦးက ပြောသည်။
ထိုယာဉ်တိုက်မှုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ကျ ရဲမေတဦးက ယင်းကိစ္စကို မိမိတို့ မသိပါဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
ထက်ထက်မိုးဦးသည် မေလ ၁၉ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲတခုအတွင်း အင်တာဗျူး ကိစ္စနှင့် ပတ်သက်ပြီး 7 Day ဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံး တွင် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
Geen opmerkingen:
Een reactie posten