မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 13 september 2010

ဇေကမ္ဘာ ဦးခင်ရွှေနှင့် တွေ့ဆုံခြင်း

ကိုဝိုင်း
တနင်္လာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၄ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရ၏ လက်ရင်းလူယုံ စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သော ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဒေါက်တာခင်ရွှေလည်း ရွေးကောက်ပွဲ ဝင်ပြိုင်မည် ဖြစ်သည်။
အမျိုးသား လွှတ်တော်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြုကာ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ (တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း) တွင် အရွေးခံမည် ဖြစ်သည်။
                                              ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဒေါက်တာခင်ရွှေ
အန်ကယ်နဲ့ ယှဉ်ပြီး မဲပုံးထောင်မယ့် ပါတီတွေထဲမှာ ဘယ်ပါတီက အဓိက ဖြစ်မလဲ။
“တစညရှိတယ်၊ ကရင်အမျိုးသား အဖွဲ့ချုပ်ရှိတယ်။ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပါတီလား။ အားလုံး ပေါင်း ၄ခုပေါ့။ တစည က ကျောင်းဆရာဟောင်း ဆိုတာလေ။ ထန်းမနိုင်ရွာ အနောက်နား ဝါးဘလောက်သောက်ရွာက။ ကိုယ့်ဆန့်ကျင်ဘက်တွေက သူတို့ရွာလောက်၊ မြို့လောက် သိတဲ့သူတွေပဲ။ ၃ မြို့နယ်လုံး သိတဲ့လူ ရှိမှာမဟုတ်ဘူး။ သိပ် နာမည်ကြီးထဲက မဟုတ်ကြပါဘူး”
စည်းရုံးရေးအတွက် ငွေ သိန်း တသောင်းလောက် သုံးမယ်ကြားတယ်။ ဟုတ်ပါလား။
“စည်းရုံးရေးအတွက်က ကျနော်တို့က သိန်း ၁ဝဝ အတွင်းမှာပဲ ၃ မြို့နယ်လုံး အကုန်ခံရမှာ။ ၁ဝဝ ထက် ပိုကုန်လို့မရဘူး။ စည်းကမ်းချက်ထဲ မှာပါတယ်။ ဒီလိုပါ နဂိုထဲကကိုက ကျနော်က သုံးနေတာလေ။ …ကျုပ်ဂျာနယ်တွေကို ကြောက်လွန်းလို့ ဂျာနယ် လုပ်တဲ့ကလေးတွေက အရမ်းငယ်တယ်လေ။ ပရမ်းပတာတွေ ရေးလိုက်ရင် ပြဿနာ။ … ဒီ နှစ်လအတွင်းတော့ ဘယ် သိန်းတသောင်းသုံးမှာလည်းဗျာ။ ကျနော်က ထွေထွေထူးထူး သိပ်စည်းရုံးစရာ မလိုဘူး။ အရင် နာဂစ်ထဲက ဘုရားတွေလုပ် ဘာတွေလုပ်၊ တော်တော်များများ လုပ်ပါတယ်လေ”
င်္ကြံ့ဖွံ့က တခြားပါတီဝင်တွေအတွက် ငွေစိုက်ပေးရတာရှိလား။
“မရှိပါဘူး။ ဟိုနေ့က ကျနော်ပြောတာ ခင်ဗျားတို့ ကျနော့်အတွက် ထည့်စရာမလိုဘူး။ ကိုယ့်အတွက် ကိုယ်ထည့်။ ကျနော်ကခင်ဗျားတို့မထည့်လည်း ကိုယ့်နေရာကိုယ် သွားရုံပဲ။ ပိုက်ဆံကုန် သက်သာတယ်ဗျာ။ သူတို့ထည့်တဲ့ လူက ဟိုအပေါ်မှာ ပြောနိုင်ဆိုနိုင်တဲ့လူ ဖြစ်ဖို့ပဲ အရေးကြီးတယ်။ မဖြစ်ရင် development မဖြစ်ပဲနဲ့ ဒီအတိုင်း သေသွားမှာပဲ။ ကိုယ့်ကိုကြည့်တဲ့ အခါကျတော့ ကိုယ်က ပြန်ကြည့်ရမယ်လေ။ ကျနော့်အတွက် ပြဿနာမရှိပါဘူး။ ဟိုအရင် သုံးထားတာ အများကြီးပဲ၊ ကျနော်က မျက်နှာလေးလိုက်ပြရုံပဲ”
လယ်သမားတွေကို အမတော်ကြေး ထုတ်ပေးတာ၊ မုန်တိုင်းဒဏ်ခံ အဆောက်အဦး ဆောက်တာတွေ လုပ်ပေးလား။
“အဲဒါ ကျနော် မလုပ်ဘူးခင်ဗျ။ ကျနော်က ဘုရားတွေပဲလှူတယ်။ စာသင်ကျောင်းကတော့ ဆောက်တယ် လှူတယ်။ ပထမ လပွတ္တာဘက် ကယ်ဆယ်ရေးတွေ လုပ်တယ်။ နောက်တော့မှ ဘုရားတွေ ပျက်နေတာနဲ့ လိုက်တည်တာ။ တွံတေး၊ ကွမ်းခြံကုန်း၊ ဖျာပုံပါ ပါသေးတယ်။ ကော့မှူးက အများဆုံး၊ ထန်းမနိုင်က ဘုရားကြီးဆို ၂ ခါတောင် ပြန်လုပ်ရတယ်။
အမတ်လောင်း ဖြစ်သွားပြီဆိုတော့ အဲဒီ လှူနေတဲ့ကိစ္စတွေကို ဘယ်လို သက်ရောက်မလဲ။
လူမှုရေးတွေ အကုန်ရပ်ထားရမလို ဖြစ်နေတယ်။ ၁ဝဝ ထက် ပိုမသုံးရဆိုတော့။ ရွေးကောက်ပွဲ ပြီးတော့မှပဲ လုပ်သင့်လုပ်ထိုက်တာ ဒီထက်ပို လုပ်ပေးနိုင်မယ်။ ရွာတွေမှာ လိုတာအများကြီး။ တချို့လည်း မီးမရောက်သေးဘူး။ လှူလိုက်တာ အဲဒီ သိန်း ၁ဝဝ ကြီး ကျော်သွားတာနဲ့ ကိုယ်စားလှယ်ကနေ ပယ်ရမှာလေ။ တယောက်ယောက်က ထောက်လိုက်ရင် နေရင်းထိုင်ရင်း ပြဿနာတက်မယ်။ အခုလက်ရှိ လုပ်လက်စ ကော့မှူးဘက်က ဘုရားတွေက လွတ်လားမလွတ်လား။ မလွတ်ဘူး ဆိုရင်တော့ ရပ်ရမှာပေါ့”
အရွေးခံရရင် ကိုယ့်မဲဆန္ဒနယ်အတွက် ဘာလုပ်ပေးမလဲ။
“ အဓိက ကိုယ်ရောက်တဲ့နေရာမှာ လိုတာလေးတွေလုပ်ပေးလိုက်ရင် နိုင်ငံရေးပဲလေ။ စပါးလိုရင် စပါးစိုက် 
ပေးလိုက်။ တံတားလို တံတားလုပ်ပေးလိုက်၊ လမ်းလို လမ်းလုပ်လိုက်။ စပါးတွေက နွေဘက်မစိုက်ကြဘူး။ ရေရောက်အောင် လုပ်ပေးမယ်။ ဥပမာ ဝါးတွေ ထွက်တယ်။ ကုန်ချောဖြစ်အောင် လုပ်ပေးမယ်။ (ထိုင်းဝန်ကြီးချုပ်ဟောင်း)မစ္စတာသက်ဆင်လုပ်သွားတဲ့onevillageoneproductအဲဒါ သိပ်သဘောကျတယ် လေ။ တပြည်လုံး အတိုင်းအတာတော့ မလုပ်နိုင်ဘူးပေါ့ဗျာ။ ကိုယ့်တာဝန်ပေးတဲ့ ဧရိယာတော့ လုပ်ပေးလို့ရတာပေါ့။ တချို့လည်း မီးကိစ္စ ပြောတယ်။ ထရန်စဖော်မာ ထိုင်ပေးလိုက်ရင် ရပြီ။ ကိုယ့်ပိုက်ဆံနဲ့ ထရန်စဖော်မာ ထိုင်ပေးပြီးတော့ အိမ်ကိုတော့ သူတို့ဟာသူတို့ သွယ်လိုက်ပေါ့။ စောစောကပဲ ခွင့်ပြုဖို့ ပါးစပ်နဲ့ ပြောလိုက်တယ်။ ဒါပေမယ့် ခုတော့ လှူလို့ မရသေးဘူး။ အကြွေးထားခဲ့ရမှာ”
(မှတ်ချက်။ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်အတွက် ကြံ့ဖွံ့ဘက်မှ ဝင်ပြိုင်မည့်သူများမှာ ဦးခင်ရွှေ၊ ဦးတင်ခ၊ ဦးမြတ်သူ၊ ဒေါက်တာမောင်သင်း၊ ဦးသောင်းထိုက်၊ ဦးပု၊ ဒေါက်တာမြင့်ကြည်၊ ဦးဝင်းနောင်၊ ဒေါက်တာမျိုးသန့်တင်၊ ဦးဆွေအောင်၊ ဦးစောတာကပေါနှင့် ဦးထွန်းဇံအောင်တို့ ဖြစ်သည်။)



Geen opmerkingen: