(၁) ရွေးကောက်ပွဲ ( ၇ ရက် ၁၁လ ၂၀၁၀နှစ် ) ဘယ်လို ကသောင်းကနင်း ပြီးခဲ့လဲ..........။
ပူပူနွေးနွေး မို့အားလုံး မှတ်မိဦးမှာပါ ။
(၂)မသင်္ကာစရာတွေရှိတယ် ။
က။ စစ်အုပ်စုက လက်ရှောင်ထားတယ် ၊ သမာသမတ် မျှတတာလည်း မဟုတ်။ တရားတဲ့ဘက်လည်း မရပ်။ ထုံးတမ်းစဉ်လာ ရှိသလိုအလံရှူး၊တပည့်တပန်းတို့ဘက်လည်းမားမားမရပ်။ တစုံတရာ ချောင်းမြောင်း တဲ့သားရဲလို ၊ မုဆိုး လို အသတ်အသံမပြု။ လက်ရှိုထားတယ် ။
ခ။ သာမာန်အားဖြင့် မသူတော်ချင်း ရိုင်း ပင်းကြရဖို့ ရှိတဲ့ တ.စ.ည ၊ရဲထွန်း ၊အေးလွင် ဒလန် အုပ်စု တွေ ကြံ့/ဖွံ့ နဲ့ အချင်းချင်း လူသိနတ်ကြားခွက်စောင်း ထခုတ်နေတယ်။
ဂ။ ဒီမတိုင်ခင်လေးရော……?။ တဦးတည်းက လုံချည်တခြမ်း ဘောင်းဘီတဖက်စွပ်ထားတဲ့ ကြံ့/ဖွံ့ နဲ့ စစ်တပ် ရိုက်ပွဲဖြစ်ပြထားတယ်။
ဃ။ မြ၀တီမှာ ပလူးပလဲ လုပ်ဖူးခဲ့တဲ့ ဘာသာရေး ဂိုဏ်းခွဲ DKBAနဲ့အသံကျယ်ကျယ် သေနတ်ဖေါက် နေတယ်။
င။ ချုပ်ကြည့်ရအောင်……။
(၃) ရဲဘော်တို့ ၊ ညီနောင်တို့ ၊ နှမတို့ …… ။ ငါ့အမြင်ပြောရင်ဘယ်သူခွဲခွဲ-မကွဲ …… တဲ့ စစ်အုပ်စုဟာ ၊သူ့ဂိုဏ်း သူခွဲ ၊ သူ့အတွင်း စည်းဖြုတ်-ထုတ်-သတ် ပွဲကို လူထုအားကို ယူပြီး ဆင်နွှဲဖို့ ပြင်ပြီထင်တယ် ၊၊
(၄) အသုံး မ၀င်တော့တဲ့ လမ်းပြမြေပုံ နဲ့ အသုံး မလို တော့တဲ့ ငယ်သား(ဂိုဏ်း ခွဲ) တချို့ကို ကြံ့/ဖွံ့ ဆိုင်းဘုတ် နဲ့ အတူ လူထုရှေ့ စင်မြင့်ကကန်ချဖို့ ‘‘ အကျယ်အကျယ် ……… ’’ ဇာတ်ထုပ်ကို ပြည်တည်၊
မီးမွှေးတယ်…ထင်စရာရှိနေတယ် ၊၊
(၅)နယ်ချဲ့ က ၁၉၃၀ခု မှာ ကုလား - ဗမာ အဓိကရုဏ်းဖန်းတီး သလို၊၊
တော်လှန်ရေး ကောင်စီက တရုပ်-ဗမာ အရေး အခင်း ဖေါ်ထုတ်သလို ၊၊ မ.ဆ.လ က(တောင်ကြီး နဲ့ ပြည်) ကုလား - ဗမာရိုက်ပွဲ ကျင်း ပပေးခဲ့သလိုစစ်အာဏာရှင်ဟာ သူမပါတဲ့ ‘‘ယုတ်ညံ့သော ကြံ့/ဖွံ့ အင်အားစု’’ ဆိုတာကြီး ကို ဆိုင်းဘုတ်တင် ၊၊ ဒလန်တွေကတဆင့် ကြံ့/ဖွံ့ နဲ့ ပြည်သူ ရဲ့ရန်ပွဲ (ဘေးတီး ပေးဖို့ DKBA သေနတ်သံများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် )စင်ပေါ်တင်ပေးလာနိုင်ပါတယ်။ သူ့ကိုယ် သူ ‘‘ ကယ်တင်ရှင်’’ ၊ ‘‘ ဖြန်ဖြေသူ’’အဖြစ် ဇာတ်ထုပ်အသစ်ဆက် ကဖို့ ၊ သူ မ လိုလား၊ သြဇာမညောင် တဲ့ အတွင်းအမာခံများကို လည်း နိုင်ငံရေး အသေသတ်ဖို့ ၊ အဲ့ဒီလို ခင်းကျင်း နိုင်ဘွယ်ရှိပါတယ်။
(၆)ငါတို့ ပြည်သူ များ ၊ ငါတိုက ရဲဘော်များ ဟာ စစ်အုပ်စု၊ စစ်အာဏာရှင်အရူး လုပ်တိုင်း ၊ ရှုးတိုက်တိုင်း ဟောင်ကြ ၊ ကိုက်ကြ ဖို့ မဟုတ်ဘူး ၊၊(အရင်ကလည်း လမ်း လွှဲ တဲ့ရန်ပွဲ တိုင်း ကို လက်သယ်စစ်စစ် အာဏာရှင် နဲ့နယ်ချဲ့ တို့ ဆီပြန်လည် နိုင်ခဲ့တာပါဘဲ၊၊)
(၇) လက်ရှိမျာလည်း မြ၀တီဟာ DKBA နဲ့ စစ်အုပ်စု ရဲ့ သီးခြား တိုင်းပြည်မဟုတ်တဲ့ အတွက် KNU နဲ့ တပ်ပေါင်းစုတပ်တွေ လှုပ်ရှား လာပြီ ၊၊ စစ်အာဏာရှင်ဟာ စစ်ရေး အရှုံး ပေါ်ဖို့ မြင်တယ် ၊၊
(၈) နိုင်ငံရေး မျက်နှာ စာမှာလည်း
(က)တရား မျှတမှု၊ လွတ်လပ်မှု ၊ ငြိမ်းချမ်းရေး ၊ တရား ဥပဒေ ရဲ့ဖြောင့်မတ်တဲ့ ကာကွယ်စောင့်ရှောက်ခံ ရမှု …… တွေဟာစစ်အုပ်စုနဲ့သူ့အောက်ဆွဲ တွေရဲ့ သီးခြား ကစားကွင်း မဟုတ်ငါတို့ ဗမာပြည်သူအားလုံး နဲ့ဆိုင်တာနားလည်ရမယ်။
(ခ) အသက်ဦး ဆံပိုင် အာဏာ ၊ တသွေးတသံတမိန့်နဲ့ စစ်ဗြူရို ကရေစိယန္တယားမှာဘယ်ကြံ့/ဖွံ့ ဘယ်မ.ယ.က ၊ဘယ်စစ်ဗိုလ် ၊စစ်တပ်၊ ဘယ် စ.အ.ဖ မှ…အမိန့်မရှိဘဲ ကိုယ့်သဘောကိုယ်မဆောင် နိုင်ဘူး ။ သူရဲကြီး ကသာ သူရဲလေးတွေပေါက်ဖွားတာ ။
(ဂ) ငါတို့ ပြည်သူတရပ်လုံး ရဲ့ မျက်မှောက်မှာ ကမောက်ကမ ၊ မသမာမှု တိုင်းရဲ့ လက်သယ်အစစ် ကို ကြံ့ /ဖွံ့လောက် နဲ့ မျက်စိလယ်ပျောက်မသွားဖို့သတိရှိရှိ အား ထုတ်ကြဖို့ လိုတယ် ။
(၉) သူ့ဖာသာ ဖန်တီး တဲ့ စစ်ရေး ၊နိုင်ငံရေး အတတ်ဆန်း မှု တွေကြားမှာ လူထုရဲ့ နှစ်ရှည်လကြာ နိုင်ငံရေး ၊စီးပွားရေး အနိုင်ကျင့်ခံရမှု ဒုက္ခ တွေအခြေခံ နဲ့ ပေါင်း ရင် စစ်အာဏာရှင်စနစ် ကို အပြီး သင်္ဂြိုလ်ဖို့ သင်္ချိုင်း ငါ့တို့ တူး ကောင်း တူး မိနိုင်တယ်။
(၁၀) ရဲဘော်တို့ ၊ညီနောင်တို့ ၊ နှမတို့ ……
အမျိုးသား ပြန်လည်း သင့်မြတ်ရေး ဆိုတာ ……၊ အမျိုးသား ညီညွတ်ရေး ဆိုတာ ……၊ အမျိုးသား စီး ပွားရေး ဆိုတာ ……၊ တဗိုလ် ၊ တမင်း ၊ ငါတကောကော တဲ့စစ်အာဏာရှင် အသက်ဦးဆံပိုင် အာဏာ အမျိုးအစား မျိုး အပြီး တိုင်ဖျက်သိမ်းပြီးမှ ဖြစ်နိုင်တာ ငါတို့ အားလုံး သိပြီး ဖြစ်တယ် ။
သတ္တိရှိရှိ ၊ ရဲရဲ အခွင့် အပေါ် သမျှ ရှေ့တလှမ်း တိုး အားထုတ်ဖို့ ပြင်ကြစို့ ။ ။
BJ
(ဗဂျမ်း)
Geen opmerkingen:
Een reactie posten