မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 7 november 2010

နိုင်ငံတဝန်း မဲစပေး

ဧရာဝတီ Sunday, 07 November 2010 07:32
.အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ အတွက် ယနေ့နံနက် ၆ နာရီတွင် မဲရုံများ စဖွင့်နေပြီ ဖြစ်ကြောင်း သိရသည်။
“အားလုံးကတော့ တိတ်တိတ် ဆိတ်ဆိတ်ပဲ။ ပြည်သူတွေ အတွက်ကတော့ ထူးထူးခြားခြား ဖြစ်ပုံမရပါဘူး။ စမ်းချောင်းက ကျနော့်အိမ်နားမှာတော့ ရဲတွေနဲ့ လုံခြုံရေးကားတွေ ၇ စီးလောက်ချထားတာ တွေ့ရတယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
                                     ရန်ကုန်မြို့ရှိမဲရုံတခုတွင်မဲပေးရန်စောင့်ဆိုင်းနေကြသူများ(ဓာတ်ပုံ-Reuters)
ရန်ကုန်မြို့ပေါ်တွင် ယနေ့နံနက် ၈ နာရီခန့်အထိ မဲထွက်ပေးသူ နည်းပါးနေသေးသဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ကားဖြင့်လိုက်လံ၍ မဲလာပေးကြရန် ဆော်သြမှုများ ရှိသည်ဟု သိရသည်။
မန္တလေးမြို့၊ မော်လမြိုင်မြို့၊ ဘိုကလေးမြို့၊ ပဲခူးမြို့နှင့် ပျဉ်းမနားမြို့များရှိ ဒေသခံပြည်သူများသည် တက်တက်ကြွကြွ မရှိကြကြောင်း ဧရာဝတီ သတင်းထောက်များက သတင်းပို့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၂ ပါတီသာ ယှဉ်ပြိုင်ကြမည့် နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ်တွင်မူ မဲပေးရန် တန်းစီနေကြသည်ဟု သိရှိရသည်။ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ကြောင့် ဝန်ထမ်းများက ထိုသို့ ထွက်ပေးရခြင်းဖြစ်ကြောင်း သတင်းထောက်များက ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က တရားမျှတမှု မရှိသည့် မြန်မာ့ရွေးကောက်ပွဲသည် အားနည်းချက်များ အကြီးအကျယ်ရှိနေပြီး နိုင်ငံအတွက် ပြည်သူလူထုအတွက် စိတ်မကောင်းစရာ အခြေအနေဖြစ်ကြောင်း၊ စစ်အစိုးရ၏ အလွဲသုံးစားပြုမှုများ နောက်တကြိမ် တွေ့ရမည်ဖြစ်ကြောင်း ယနေ့တွင် သြစတြေးလျ တက္ကသိုလ်တခု၌ ပြောသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။
မြန်မာနိုင်ငံတဝန်းတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းရှိကြောင်း သိရသည်။

Geen opmerkingen: