မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 8 juli 2011

ဇေကမ္ဘာစာအုပ်ဆက်မထုတ်တော့

သဲသဲ သောကြာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၂ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီထုတ်“ဇေကမ္ဘာကုမ္ပဏီနှင့်ရွှေနံ့သာ လယ်သမားများပြဿနာ”စာအုပ်အားဆက်လက်မထုတ်ဝေဘဲပါတီစာစောင်၌သာထည့်သွင်းဖော်ပြရန် စာပေစိစစ်ရေးကသောကြာနေ့တွင်ခေါ်ယူတွေ့ဆုံကာတားမြစ်ခဲ့ကြောင်းပါတီဥက္ကဋ္ဌဦးနေမျိုးဝေက ပြောသည်။
စာအုပ်မှာရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်ပုလဲမြို့သစ်ရှိရွှေနံ့သာကျေးရွာအုပ်စုမှလယ်သမား၇၁ဦးနှင့် လွှတ်တော်အမတ်ဦးခင်ရွှေပိုင်ဇေကမ္ဘာကုမ္ပဏီတို့အကြားအငြင်းပွားနေသည့်လယ်မြေပြဿနာများကို ရေးသားထားခြင်းဖြစ်သည်။
                                                                         ဇေကမ္ဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေ(ဓါတ်ပုံမဇ္ဈိမ)
“ကျနော်တို့စာအုပ်ကမျက်နှာဖုံးမှာက‘ဇေကမ္ဘာကုမ္ပဏီနှင့်ရွှေနံ့သာလယ်သမားများပြဿနာ’ဆိုပြီးရေးထားတော့ ဒါကဘာလဲ၊လက်ကမ်းစာစောင်လား၊ဒါကိုဒိုင်ဗားစတီး(Diversity)စာစဉ်ထဲမှာဆောင်းပါးအနေနဲ့ ဒီခေါင်းစဉ်အတိုင်း ဖော်ပြတာ ကောင်းပါတယ်ပေါ့ဆိုပြီး ခေါ်ဆွေးနွေးတာပါ”ဟု ဦးနေမျိုးဝေက မဇ္ဈိမကို ပြောသည်။
အစိုးရအဖွဲ့မှလယ်သမားများပြဿနာကိုသိရှိစေရန်ရည်ရွယ်ကာယခုစာအုပ်ထုတ်ရကြောင်း စာပေစိစစ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်းဦးတင့်ဆွေကို ပြန်ပြောခဲ့သည်ဟု ဆိုသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကစာစောင်ထုတ်ဝေခွင့်(န/သ၀၆၈)ရရှိထားပြီး ဒိုင်ဗားစတီးအမည်ဖြင့် ပါတီစာစောင်များ လစဉ် ထုတ်ဝေနေသည်။
ယခင်က ပါတီစာစောင်အပြင် စာအုပ်များ ထုတ်ဝေခဲ့သော်လည်း ယခုကဲ့သို့ ခေါ်ယူမေးမြန်းမှုများ မရှိခဲ့ပေ။
“ကြားပေါက်ထုတ်တဲ့စာအုပ်တွေနဲ့ဆိုရင်၁၀အုပ်လောက်ရှိပြီ။စီးပွားရေးပိတ်ဆို့မှုနဲ့ပတ်သက်တဲ့စာတမ်း ထုတ်တယ်။နောက်တခါစိတ်ကူးပုံရိပ်တရားဥပဒေကြမ်းဆိုပြီးတော့တအုပ်ထုတ်တာရှိပါတယ်”ဟု ဦးနေမျိုးဝေက ပြောသည်။
‪လက်ရှိထုတ်ဝေဖြန့်ချိပြီးဖြစ်သည့်စာအုပ်များမှာဖြန့်ချိပြီးဖြစ်ပြီးဇေကမ္ဘာကုမ္မဏီနှင့်လယ်သမားများ ပြသနာနှင့်ပတ်သက်ပြီး ပါတီ၏ လစဉ်ထုတ် စာစောင်တွင်တော့ ဆက်လက်ဖော်ပြသွာမည်ဟု ဦးနေမျိုးဝေက ဆိုသည်။
ယခုဇေကမ္ဘာစာအုပ်တွင်စာမျက်နှာ၄၀ပါရှိကာအဖြူအမည်းဖြင့်ဇွန်၃၀ရက်တွင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်အကျဉ်း၊ဇေကမ္ဘာနဲ့လယ်သမားများပြဿနာ၊တည်ဆဲဥပဒေ၊ဖွံ့ဖြိုးမှုနှင့်ထိခိုက်ခံစားမှု၊မည်သို့ ဆုံးဖြတ်မည်နည်း၊ ခေတ်မမှီလျှင် ပြင်ရန်လို စသည်ဖြင့်အခန်း၆ခန်းခွဲကာပါတီ၏သဘောထား အမြင်များကို ရေးထားသည်။ တအုပ်လျှင် ကျပ် ၃၀၀ နှုန်းဖြင့် အုပ်ရေ ၇၀၀ ခန့် ဖြန့်ချိထားသည်ဟု ဆိုသည်။
အာဏာရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှအမျိုးသားလွှတ်တော်အမတ်ဦးခင်ရွှေပိုင်ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့နယ်ပုလဲမြို့သစ်ရွှေနံ့သာကျေးရွာအုပ်စုမှလယ်မြေဧက၈၀၀ခန့်ကိုတဧကလျှင်၆သိန်းကျပ် လျော်ကြေးပေးကာရယူခဲ့သည်။ပေါက်ဈေးထက်နှိမ်ဝယ်သည်ဟုလယ်သမားများက စွပ်စွဲပြောဆိုထားသည်။
ထို့အပြင်အဆောက်အအုံမဆောက်လုပ်မီအထိလယ်စိုက်နိုင်သည်ဟုဦးခင်ရွှေကခွင့်ပြုချက်ပေးခဲ့ဟုဆိုကာ လယ်သမားများက၀င်ရောက်စိုက်ပျိုးရာကုမ္ပဏီဝန်ထမ်းနှင့်ဒေသအာဏာပိုင်ကတားမြစ်နေသဖြင့် အငြင်းပွားနေကြခြင်း ဖြစ်သည်။
ထိုကိစ္စပေါ်ပေါက်ခဲ့စဉ်ဇွန်လအတွင်းကဦးခင်ရွှေကိုဆက်သွယ်မေးမြန်းရာတွင် စွပ်စွဲမှုသာဖြစ်ကြောင်း မဇ္ဈိမကို ပြောဆိုခဲ့သည်။



Geen opmerkingen: