မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 juli 2011

ဒေါ်စု ပဲခူးရှိ “ အောင်ဆန်းဂျာမွန်း ” စာကြည့်တိုက် ဖွင့်ပွဲသွားမည်

မျိုးသန့် ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၄ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ပဲခူးတိုင်းအတွင်းရှိ“အောင်ဆန်းဂျာမွန်း”ဟုအမည်ပေးထားသောစာကြည့်တိုက်နှစ်ခုကို ဩဂုတ်လဒုတိယပတ်တွင်းဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပဲခူးမြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။
၁၉၉၇ခုနှစ်အတွင်းကဒေါ်အောင်ဆန်းစုကြည်ကချင်ပြည်နယ်သို့ခရီးထွက်စဉ်ကြားသိခဲ့ရသည့် ကချင် ဝေါဟာရတခုကိုဒေါ်အောင်ဆန်းစုကြည်မှကြိုက်နှစ်သက်သည့်အတွက်စာကြည်တိုက်အမည်ကို အောင်ဆန်းဂျာမွန်းဟု ပေးဖြစ်ကြောင်းလည်း ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။
“ကချင်ပြည်နယ်ကိုရောက်တော့ကချင်မလေးတွေကအော်တယ်ဒေါ်အောင်ဆန်းစုကြည်သည်ပဲခူးတိုင်းအ တွင်းရှိ “အောင်ဆန်းဂျာမွန်း ”ဟု အမည်ပေးထားသေစာကြည့်တိုက်နှစ်ခုကို သွားရောက် ဖွင့်လှစ်ပေးမည်
တဲ့။အောင်ဆန်းဂျာမွန်း၊ အောင်ဆန်းဂျာမွန်း ဆိုပြီးတော့ အော်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီးတော့ သဘောကျလာတယ်” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။
ဂျိန်းဖော ကချင်ဘာသာစကားတွင် ဂျာမွန်းဆိုသည်မှာ ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရပြီး သမီးကြီးများကိုလည်း မျိုးရိုးအမည် နောက်တွင်တွဲ၍ တင်စား အမည်မှည့်ခေါ်လေ့ ရှိသည်။
ပဲခူးမြို့ပေါ်ရှိပန်းလှိုင်၂၃ လမ်းနှင့်သနပ်ပင်မြို့မင်းလမ်းတို့တွင်ဖွင့်လှစ်မည့်အောင်ဆန်းဂျာမွန်း စာကြည့်တိုက် များတွင် စာအုပ်ပေါင်း ၄,၀၀၀ ကျော်ရှိကြကာ ပဲခူးဒေသခံများမှ လှူဒါန်းသည့် စာအုပ်များ ဖြစ်သည်ဟု ဦးမြတ်လှကပြောသည်။စာကြည့်တိုက်တခုစီအတွက်ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁ဝ သိန်းကျော် ဖြစ်သည်။
စာအုပ်များတွင် NLDဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ရေးသည့် “ဘာလဲဟဲ့ လူ့ငရဲ” ကဲ့သို့သော စာအုပ်အများ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနှင့် ဝတ္ထုစာအုပ်များလည်း စာကြည့်တိုက်တွင် ထားရှိမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ပဲခူးတိုင်းစာကြည့်တိုက်ဖွင့်ပွဲအတွင်းလုံခြုံရေးနှင့်ပတ်သက်၍ဦးမြတ်လှမှ ဦးစီးကာ ပဲခူးတိုင်း NLD လူငယ်များမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဟုလည်း ဦးမြတ်လှက ဆိုသည်။
“လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ပဲခူးလူငယ်တွေနဲ့ကျနော်တို့ဒီမှာအကုန်လုံးစီစဉ်ထားပြီးပြီလုံခြုံရေးကသူတို့ဆီ ကလည်းပါလာမယ်ကျနော်တို့ဆီကလဲတထပ်ထပ်ဝိုင်းမယ်လုံခြုံရေးကလည်းကျနော်တို့အားလုံး စီစဉ်ထားပြီးပြီ ဘယ်တော့ လာမယ်ဆိုတာသာ မသိသေးတာ ” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည်၂ဝ၁ဝခုနှစ်နိုဝင်ဘာ၁၃ရက်နေအိမ်အကျယ်ချုပ်မှလွတ်လာအပြီး နေအိမ်ပြင်ပခရီးစဉ်များအဖြစ်ယခုလ ၄ ရက်နေ့ကလည်းပုဂံရှေးဟောင်းမြို့တော်သို့၎ရက်ကြာမိသားစု ဘုရားဖူးခရီး သွားခဲ့သေးသည်။
ခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်သည့် ဇူလိုင် ၇ ရက်နေ့ ညောင်ဦးဈေးသို့ သွားရောက်ရာတွင် ညောင်ဦး
ဈေးသူဈေးသားများနှင့်ဒေသခံ၃,၀၀၀ကျော်တို့မှဒေါ်အောင်ဆန်းစုကြည်ကိုလှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။
ယခု ဒုတိယအကြိမ် ပဲခူးခရီးစဉ်တွင်လည်း ပဲခူးဒေသခံများမှ စိတ်ဝင်စားမှု များပြားကြောင်း ဦးမြတ်လှက မဇ္ဈိမကို ဆက်ပြောခဲ့သည်။
“အခုလည်းကျနော့်ကိုလာမလားလာမလားနဲ့ တော်တော်လာမေးနေကြတယ်ဗျ၊ စည်းရုံးရေး သဘောလည်း ပါမှာပေါ့ဗျာအခုတည်းကကျနော့်ကိုလာမေးနေကြတာအဲဒီနေ့လည်းဘယ်လောက်လာမလဲမှမသိတာ၊ အခုတည်းက သူတို့က ရွစိရွစိနဲ့ ဖြစ်နေကြပြီ” ဟု ဦးမြတ်လှက ဆိုသည်။



Geen opmerkingen: