ရန်ပိုင် Thursday, 04 November 2010 18:44
.ရွေးကောက်ပွဲတွင် မှန်မှန်ကန်ကန်နှင့် တရားမျှတစွာ ယှဉ်ပြိုင်ခွင့် ရမည်ဆိုလျှင် မဲဆန္ဒနယ်များတွင် ဒီမိုကရေစီ ပါတီများ အနိုင်ရ နိုင်သည်ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ)က ပြောသည်။
ရွေးကောက်ပွဲဝင်မည့် ဒီမိုကရေစီ ပါတီများအနေဖြင့် စည်းရုံးရေးကာလမှာ အချိန်နည်းပါးကြောင်း၊ သို့သော် အမှန်တကယ် စည်းရုံး ရေး ဆင်းသည်အခါတွင် ဒေသခံလူထုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီထက် မိမိတို့ ဒီမိုကရေစီ ပါတီကို ပိုမိုလိုလား ကြောင်း ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
နိုဝင်ဘာ၃ရက်နေ့ကပဲခူးတိုင်းကြို့ပင်ကောက်မြို့တွင်မဲဆွယ်စည်းရုံးရေးလုပ်နေသောဒီမိုကရက်တစ်ပါတီ(မြန်မာ)အတွင်းရေးမှူးဒေါ်ချိုချိုကျော်ငြိမ်းကိုတွေ့ရစဉ်(ဓာတ်ပုံ-AP)
“သူတို့ မဲမခိုးရင် ဒီမိုကရေစီပါတီတွေ နိုင်မှာ၊ ဒါကြောင့် အခုအချိန်မှာ သူတို့ ပါတီက လူကြီးတွေ အသည်းအသန် စည်းရုံးရေး ဆင်း နေတာ”ဟု ၎င်းကဆိုသည်။
၎င်းတို့ ပါတီစည်းရုံးရေးဆင်းကာစတွင် ပြည်သူများအနေဖြင့် စိုးရိမ်ကြောက်ရွံ့မှု ရှိကြောင်း၊ စည်းရုံးရေး အားကောင်းလာသည့် အခါတွင် ပြည်သူများမှာ ကြောက်စိတ်တွေ လျော့ပြီး စည်းရုံးရေး ပိုခိုင်မာလာကြောင်း၊ ယမန်နေ့က ကြို့ပင်ကောက်မြို့နယ် အနောက်ခြမ်းရှိ ညောင်ပင်ကွင်း အုပ်စုတွင် ကြိုတင်မဲကောက်ခံခဲ့ရာ ကြံ့ဖွံ့ပါတီထက် မိမိတို့ပါတီကို မဲပေးခဲ့သည်ဟု သိရကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
ထိုသို့ ဒီမိုကရေစီပါတီများ စည်းရုံးရေးပိုမိုကောင်းမွန်လာသည့် အတွက် ကြံ့ဖွံ့ပါတီမှ ခေါင်းဆောင်တဦးဖြစ်သည့် စွမ်းအင်ဝန်ကြီး ဋ္ဌာန ဒု ၀န်ကြီး ဦးသန်းဌေး ယနေ့ ကြို့ပင်ကောက်မြို့သို့ ရောက်ရှိလာပြီး ရွှေနဒီ ရုပ်ရှင်ရုံတွင် ကြံ့ဖွံ့ပါတီဝင်များ၊ ဒေသခံများ နှင့် တွေ့ဆုံကြောင်း သိရသည်။
ယင်း စွမ်းအင် ၀န်ကြီးသည် ပြီးခဲ့သည့် ရက်ပိုင်းက သာယာဝတီမြို့နယ်ကို ၀င်ရောက်ခဲ့ပြီး ပါတီဝင်များ အနေဖြင့် မိမိတို့ပါတီအနိုင် ရရေးကို ပိုမိုကြိုးစားရန် ပြောဆိုခဲ့သည်ဟု သာယာဝတီမြို့ခံတဦးကလည်း ပြောသည်။
မန္တလေးတိုင်း သာစည်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် လောင်း ရှေ့နေ ဦးမြင့်အေးကလည်း ရွေးကောက်ပွဲ ကျင်းပရန် ၃ ရက်ခန့်သာ လိုတော့သည့်အတွက် စည်းရုံးရေးလုပ်ငန်း များကို ပိုမို လုပ် ဆောင်နေရကြောင်း၊ ပြည်သူများမှာ အကြောက်တရားကို စွန့်လွှတ်၍ မိမိတို့ပါတီ၏ စည်းရုံးရေးကို လာရောက်၍ အားပေး ကြ ကြောင်း၊ မိမိတို့ ဒီမိုကရေစီပါတီများ အနိုင်ရမည်ဟု ထင်ကြောင်း ပြောသည်။
Geen opmerkingen:
Een reactie posten