မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 5 november 2010

ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းများ ကြံ့ဖွံ့ကိုသာ မဲပေးရမည်

ဧရာဝတီ Friday, 05 November 2010 17:29
.ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိဝန်ထမ်းများအားလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)ကိုသာမဲပေးရမည်ဟုပြည်ထဲရေးဝန်ကြီးဦးမောင်ဦးကညွှန်ကြားလိုက်ကြောင်းသတင်းရရှိသည်။
“မြို့နယ် ရဲတပ်ဖွဲ့မှူးက ရဲတွေ ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်လို့ ပြောတယ်။ မပေးရင်တော့ အပြောင်းအရွှေ့တွေ အလုပ်ခံရမယ်လို့ ပြောတယ်” ဟု ရဲအရာရှိတဦးက ဆိုသည်။
နိုဝင်ဘာ၂ရက်နေ့ကရန်ကုန်မြို့လယ်တနေရာရှိကြံ့ဖွံ့ပါတီမဲဆွယ်ဆိုင်းဘုတ်ရှေ့မှ ဖြတ်သန်းသွားလာနေသူများကိုတွေ့ရစဉ်(ဓာတ်ပုံ-Reuters)
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့ ရုံးများတွင် ဦးမောင်ဦး၏ ညွှန်ကြားချက်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးများက ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြန်လည်ရှင်းပြခဲ့ပြီး ကြံ့ဖွံ့ပါတီကို မဲမပေးလျှင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်ကဲ့သို့ သော ဝေးလံခေါင်းပါးသည့် ဒေသများဆီသို့ ရွှေ့ပြောင်း ခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း စုံစမ်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေး ဌာနများ တွင်လည်း ဦးမောင်ဦး၏ ညွှန်ကြားချက်ကို ထပ်ဆင့် ညွှန်ကြား ရှင်းလင်းပွဲများအား သက်ဆိုင်ရာ ဌာနအကြီးအကဲများက ဦးဆောင် ကျင်းပ ရကြောင်း သိရှိရသည်။
ပြည်ထဲရေး ၀န်ကြီးဌာနက ချထားပေးသည့် လိုင်းခန်းများတွင် နေထိုင်သည့် ၀န်ထမ်းမိသားစု များကိုလည်း ကြံ့ဖွံ့ကိုသာ မဲပေးရန် ပြောဆိုထားပြီး ကြံ့ဖွံ့ကို မဲမပေးပါက လိုင်းခန်းမှ ပြောင်းရွှေ့ပေးရမည်ဟု ပြောဆိုထားကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးသည် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် နေပြည်တော် ခရိုင်အတွင်းရှိ တပ်ကုန်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။


Geen opmerkingen: