မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 3 november 2010

ပုသိမ်နှင့် ငပုတောတွင် မဲမပေးလိုသူ များပြား

ဇာနည်မာန် Wednesday, 03 November 2010 14:37
.ဧရာဝတီတိုင်းပုသိမ်နှင့်ငပုတောမြို့နယ်အတွင်းရှိပြည်သူများသည်လာမည့်ရွေးကောက်ပွဲကိုစိတ်မဝင်စား၊ မဲပေးလိုခြင်းမရှိဟု စစ်တမ်းတခုက ဖော်ပြသည်။
ရွေးကောက်ပွဲအပေါ်ပြည်သူများ၏စိတ်ဝင်စားမှုကိုသိရှိနိုင်ရန်ပုသိမ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အဖွဲ့ဝင်များကသာမန်ပြည်သူများ၊စီးပွားရေးလုပ်ငန်းရှင်များ၊တက္ကသိုလ်ကျောင်းသားများ၊ ဈေးသည်များနှင့် ၀န်ထမ်းတချို့ထံမှ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ၁၈ရက်ကနေပြည်တော်တွင်ကျင်းပသောရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုး ရှင်းလင်းပြောကြားသည့်ရွေးကောက်ပွဲဆိုင်ရာရှင်းလင်းပွဲ(ဓာတ်ပုံ-အေပီ)
စစ်တမ်းဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ရွေးကောက်ပွဲတွင် မဲပေးမည်မဟုတ်ဟု ဖြေဆိုခဲ့ပြီး ကျန် ၁၂ ရာခိုင်နှုန်းက မဲပေးမည်ဟု ဖြေဆိုသည်။ မဲမပေးလိုသူများက ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိသောကြောင့် မဲမပေးလိုခြင်းဖြစ်ပြီး မဲပေးလိုသူများကမူ ၎င်းတို့၏ မဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ သိမ်းယူမည်ကို စိုးရိမ်သောကြောင့် မဲပေးမည်ဖြစ်ကြောင်း ဖြေဆိုကြသည်။
“သူတို့ကိုရွေးကောက်ပွဲနဲ့ပတ်သက်လို့နားလည်သလား၊ပါတီစည်းရုံးရေး ဆင်းသူတွေက ရှင်းပြလားဆိုတော့ ၇၈ ရာနှုန်းက မရှင်းပြဘူးလို့ ဖြေကြတာတွေ့ရတယ်” ဟု စစ်တမ်းကောက်ယူသူတဦးက ပြောသည်။
မဲပေးပိုင်ခွင့်ရှိ မရှိ မသိကြောင်း၊ မဲပေးရမည်ကို တာဝန်ရှိသူများက ပညာပေးခြင်းမရှိကြောင်း ဖြေဆိုသူ ၇၀ ရာနှုန်းကျော် ရှိနေပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိဟု ဖြေဆိုသူ ၈၀ ရာနှုန်းကျော်ရှိသည်။ ထို့အပြင် ရွေးကောက်ပွဲဖြင့် စစ်အစိုးရကို ဖြုတ်ချနိုင်မည်မဟုတ်ဟု ဖြေဆိုသူ ရာနှုန်းပြည့်ရှိကြောင်း သိရသည်။
အစိုးရ၀န်ထမ်း အများစုက စစ်တမ်းဖြေဆိုရန် ငြင်းဆန်ကြပြီး အထက်အရာရှိများ သိပါက ပြဿနာဖြစ်မည်ကို စိုးရိမ်သည်ဟု ပြောကြကြောင်း၊ ၀န်ထမ်းတချို့က မဲမပေးလိုဟုပြောကြောင်း စစ်တမ်းကောက်ယူသူ တဦးက ဆိုသည်။
“၀န်ထမ်းတွေကတော့ သူတို့ဌာနရဲ့ အခြေအနေအရပေါ့လို့ ပြောကြတယ်။ တချို့ကတော့ မဲသွားမပေးဘူး၊ မဖြစ်မနေ ပေးရမယ်ဆိုရင်တော့ ခမောက်တံဆိပ် NDF (အမျိုးသား ဒီမိုကရေစီ အင်အားစု) ကို ပေးမယ်လို့ ဖြေကြတယ်ဗျ” ဟု ၎င်းက ပြောသည်။
မဲဆန္ဒရှင်များအနေဖြင့် ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်မှုတွင်ေ၀၀ါးမှုများစွာ ရှိနေပြီး အထူးသဖြင့် NDF ပါတီ၏ ခမောက်တံဆိပ်ကို NLD ပါတီဟု မှတ်ထင်နေမှုများ ရှိကြောင်းလည်း သိရသည်။

Geen opmerkingen: