မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 4 november 2010

SSA-S နှင့် တိုက်ပွဲတွင် နအဖဘက်မှ အကျအဆုံးများ

စိုင်းဇွမ်ဆိုင်း Thursday, 04 November 2010 19:02
.ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် နအဖ စစ်အစိုးရတပ်များ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်း ဒေသတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသည်ဟု သတင်းရရှိသည်။
SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်း က “ပထမနေ့ကဖြစ်တဲ့ တိုက်ပွဲမှာ နအဖဘက်က ၇ ယောက်ကျ တယ်၊ ၈ ယောက်ဒဏ်ရာရတယ်၊ နောက်တရက်မှာ ၁ ယောက် ဒဏ်ရာရတယ်။ သူတို့ကိုင်တဲ့ MA-4 အမျိုးအစား သေနတ်တလက်နဲ့ ကျည်တော်တော်များများ ရလိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အောက်တိုဘာလ ၃၁ ရက်နှင့် နိုဝင်ဘာလ ၁ ရက်နေ့များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့အခြေစိုက် ခလရ ၅၁၀ မှ စစ်သားများသည် ဒေသခံလူထုအား အနိုင်ကျင့်ကြောင်း SSA- S သို့ တိုင်ကြားခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။
SSA-S တပ်ဖွဲ့ဝင်များသည် ခမရ ၂၉၂ တပ်ဖွဲ့ဝင်များကိုလည်း ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိ သည် ဟု သိရသည်။
SSA-S သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။

Geen opmerkingen: