ဧရာဝတီ Tuesday, October 26, 2010
.ဧရာဝတီ မဂ္ဂဇင်းက လာမည့် နိုဝင်ဘာ ၁ ရက်နေ့တွင် ၂၀၁၀ ရွေးကောက်ပွဲ အထူးသတင်း မှတ်တမ်းကို မြန်မာဘာသာဖြင့် ပုံနှိပ်၍ ဖြန့်ချိ မည် ဖြစ်သည်။
ဧရာဝတီ အင်တာနက် စာမျက်နှာတွင် ဆက်တိုက် ဖော်ပြခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲစာမျက်နှာထဲမှ ကောက်နုတ်ကာ ရွေးကောက်ပွဲအနှစ်ချုပ် မှတ်တမ်းစာစောင်အဖြစ် ဧရာဝတီဝိုင်းတော်သားများက စီစဉ်ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။
ဧရာဝတီ ရွေးကောက်ပွဲ ဂျာနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အယ်ဒီတာ့အာဘော်၊ သုံးသပ်ချက်များအပြင် ဒေါ်အောင်ဆန်းစုကြည်၏ စကား၊ နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစားပြု၍ မဲဆွယ်နေသည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏သတင်းများ၊ စိတ်မအေးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ပြဿနာ၊ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ၏ အမြင်၊ လူထုကို ကျောခိုင်းမသွားဘူးဆိုသည့် ဦးတင်ဦးနှင့် အင်တာဗျူး၊ ဝေနှင်းပွင့်သုန်၏ ရွေးကောက်ပွဲအပေါ် သဘောထား၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေနှင့် အင်တာဗျူး၊ ရွေးကောက်ပွဲအကြို သတင်းဓာတ်ပုံများ၊ ရွေးကောက်ပွဲအကြို ဟာသသတင်းများ၊ ဦးရုက္ခစိုးနတ်ပေါင်းမှားခြင်း၊ ဟန်လေးနှင့်ဘီရုမာတို့၏ ကာတွန်းများ၊ မပြီးနိုင်မစီးနိုင် အရုဏ်ဦးမှာ ဖူးသည့်ကြာ စသည်ဖြင့် ကဏ္ဍ စုံလင်စွာ ပါဝင်မည်ဖြစ်သည်။
ဂျာနယ်PDFဖိုင်ကိုလည်းဧရာဝတီအင်တာနက်စာမျက်နှာပေါ်တွင် မကြာခင် တင်ပေးတော့မည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
နိုင်ငံအသီးသီးရှိ မှာယူဖတ်ရှု သိမ်းဆည်းလိုသူများအနေနှင့် ဂျာနယ် ၂ စောင်ထက် ပို၍ မှာယူပါက စာပို့ခ ကောက်ခံမည် ဖြစ်ပြီး theirrawaddynews@gmail.com သို့ ဆက်သွယ် မှာယူနိုင်ပြီဖြစ်သည်။
Geen opmerkingen:
Een reactie posten