မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 16 mei 2011

ဦးသိန်းစိန်လွတ်ငြိမ်းချမ်းသာခွင့်ထောင်ဒဏ်၁နှစ်လျှော့

ဖနိဒါ တနင်္လာနေ့၊မေလ၁၆ရက်၂၀၁၁ခုနှစ်၁၉ နာရီ၃၇မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အများမျှော်လင့်ထားသလိုနိုင်ငံရေးအကျဉ်းသားအစုလိုက်အပြုံလိုက် လွှတ်ပေးခြင်းမဟုတ်ပဲသမ္မတဦးသိန်းစိန်အစိုးရသစ်ကထောင်ဒဏ်ကျခံနေရသူအားလုံးကိုထောင်ဒဏ်၁ နှစ်လျှော့ပေးလိုက်သည်။
စစ်တပ်ပိုင်မြဝတီရုပ်မြင်သံကြားတနင်္လာနေ့ညနေသတင်းတွင်ကဆုန်လပြည့်နေ့မှစ၍ သေဒဏ်ကျနေသူများကိုတသက်တကျွန်းဒဏ်ပြောင်းပေးခြင်းနှင့်ကျန်အကျဉ်းသားအားလုံးကို တနှစ်လျှော့ပေါ့ပေးမည်ဟု သတင်းတို ပါရှိသည်။
                                           လွတ်ငြိမ်းချမ်းသာခွင့်ထောင်ဒဏ်၁နှစ်လျှော့ပေးသည့်သမ္မတဦးသိန်းစိန်
အစိုးရသစ်လက်ထက်မြန်မာနိုင်ငံတဝှမ်းအကျဉ်းထောင်များရှိနိုင်ငံရေးအကျဉ်းသား၂ဝဝဝကျော်ကို လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်မှုများကို ယခုကြေညာချက်က အားယုတ်သွားစေသည်။
“ဒါကလွတ်ငြိမ်းချမ်းသာခွင့်မှမဟုတ်ဘဲ၊လျှော့ပေါ့ပေးလိုက်တာဘဲ။အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပြောဆိုနေတာတွေနဲ့တော့ ဘာမှအဝေးကြီးကိုဖြစ်နေပါတယ်လို့ကျနော်ခံစားမိပါတယ်”ဟုအဓိကအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြေသည်။
ယခင်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကလည်းသေဒဏ်ကျနေသူများကို တသက်တကျွန်း ဒဏ်ပြောင်းပေးခြင်းများ ပြုလုပ်ခဲ့သည်။
ဦးသိန်းစိန်အစိုးရ၏နိုင်ငံရေးအကြံပေးတဦးဖြစ်သောစစ်မှုထမ်းဟောင်းဒေါက်တာနေဇင်လတ်က မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားမရှိကြောင်းကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။





Geen opmerkingen: