မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 30 mei 2011

ဒီပဲယင်း ၈ နှစ်ပြည့်ပြီ

လင်းသန့် Monday, 30 May 2011 20:01
.လွန်ခဲ့သည့်၈နှစ်ကဖြစ်ပွားခဲ့သည့်ဒီပဲယင်းဒေသအကြမ်းဖက်မှုတွင်သေဆုံးသွားသူများအားရည်စူးသည့် ဆွမ်းကပ် အမျှပေးဝေခြင်းကို ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များက မန္တလေးမြို့တွင် ယနေ့ ပြုလုပ်ကြသည်။
ချမ်းအေးသာဇံမြို့နယ်အနောက်ခေမကန်ကျောင်းတိုက်၊သူဌေးကျောင်းတွင်ကုသိုလ်ပြုခဲ့ကြကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က ဧရာဝတီကို ပြောသည်။
“ဒီနေ့ကဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးပထမဆုံးလုပ်တဲ့ဒီပဲယင်း၈နှစ်မြောက်နှစ်ပတ်လည်နေ့လည်း ဖြစ်တယ်။မနက်၇နာရီကသံဃာတော်ဆွမ်းကပ်ပြီးနေ့လယ်ပိုင်းမှာဒီပဲယင်းအောက်မေ့ဖွယ်အခမ်းအနား တခုကို လုပ်ခဲ့တယ်”ဟုဦးသိန်းတန်ကရှင်းပြသည်။
ဒီပဲယင်းလုပ်ကြံမှုမျက်မြင်သက်သေများဖြစ်ကြသောစစ်ကိုင်းတိုင်းမှ ဦးကျော်အေး၊ မန္တလေးတိုင်းမှ ဦးလှမြင့် တို့ကတွေ့ကြုံခဲ့ရသည်များကိုပြန်လည်ပြောပြကြသည်ဟုသိရသည်။ထိုစဉ်ကသေဆုံးသွားသူတို့၏ မိသားစုဝင်များလည်း ယနေ့ ကျရောက်သည့် နှစ်ပတ်လည်နေ့ အစီအစဉ်သို့ တက်ရောက်သည်ဟု ဆိုသည်။
“မိသားစုတွေကိုအခုအားပေးနှစ်သိမ့်စကားတွေပြောကြတယ်။ထောက်ပံ့တဲ့ အနေနဲ့ တမိသားစုကို ၂၀၀၀၀ (ကျပ်) စီ ပေးအပ်ခဲ့တယ်” ဟု မန္တလေးတိုင်း NLD မှ ကိုမျိုးနိုင်က ဧရာဝတီကို ပြောသည်။
ဒီပဲယင်းအဖြစ်အပျက်တွင်သေဆုံးသူပေါင်း ၈၀ကျော်ရှိမည်ဟုခန့်မှန်းထားသော်လည်းစာရင်းအတိအကျ ကောက်ယူရေးအတွက်ခက်ခဲနေကြောင်း၊ယခင်စစ်အစိုးရကလည်းဒီပဲယင်းဖြစ်ရပ်ကိုဖော်ထုတ် စုံစမ်းမှုများ မလုပ်ခဲ့ကြောင်း၊လက်ရှိအာဏာပိုင်တို့လက်ထက်တွင်လွတ်လပ်သောစုံစမ်းမှုများလုပ်သင့်ကြောင်း ကိုမျိုးနိုင်က ပြောသည်။
အကြမ်းဖက်ခံရသူများ၊ သေဆုံးသွားသူတို့၏ မိသားစုများကို နစ်နာကြေး ပေးပြီး အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မပေါ်စေရေးအတွက် ယခု အစိုးရသစ်က လုပ်ဆောင်သင့်ကြောင်း ကိုမျိုးနိုင်က ဆက်ပြောသည်။
ယနေ့ပြုလုပ်သည့်၈နှစ်မြောက်အစီအစဉ်သို့ ဦးနိုင်းနိုင်း၊ဒေါက်တာဒေါ်မေ၀င်းမြင့်၊ဒေါ်ခင်ဌေးကြွယ်၊ ကိုမျိုးညွန့်၊မဖြူဖြူသင်းစသည့်ရန်ကုန်မှNLDခေါင်းဆောင်များ၊လူငယ်ခေါင်းဆောင်များ တက်ရောက်ကြောင်း၊ NLD၏ စစ်ကိုင်းတိုင်း စည်းရုံးရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ် ဖြစ်သောကြောင့် တက်ရောက်လာသူ ၁၅၀ ခန့် ရှိကြောင်း သိရသည်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က NLD ခေါင်းဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့၏ ယာဉ်တန်း ဒီပဲယင်းမြို့နယ်၊ ကျည်ရွာသို့ ရောက်ရှိစဉ် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ပြီး စောင့်ဆိုင်းနေသည့် လူ ၅၀၀၀ ခန့်က ၀ိုင်းဝန်း တိုက်ခိုက်ကြသည်။
ထိုလုပ်ကြံမှုမှအသက်မသေဘဲလွတ်မြောက်သွားသောNLDခေါင်းဆောင်၂ဦးသည်နှစ်အတန်ကြာ ထိန်းသိမ်းခံလိုက်ရသည်။
ယမန်နှစ်က ပြန်လည် လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်သည် နယ်သို့ ခရီး ထွက်မည် ဟူသော သတင်းကြောင့် ဒီပဲယင်းတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမျိုးနှင့် ထပ်မံ ကြုံတွေ့မည်ကို အများက စိုးရိမ်နေကြသည်။
“နယ်ထွက်တယ်ဆိုတာနိုင်ငံရေးအရလူထုနဲ့တိုက်ရိုက်ထိတွေ့တာဖြစ်တယ်။ဒါပေမယ့်ဒီပဲယင်း အိပ်မက်ဆိုးကအခုထိမက်နေဆဲ၊ဒေါ်အောင်ဆန်းစုကြည်အတွက်အသက်အန္တရာယ်ကိုကျမတို့ စိုးရိမ်နေဆဲပဲ” ဟု ယနေ့ နှစ်လည် အစီအစဉ်သို့ တက်ရောက်သော မန္တလေးသူတဦးက ပြောသည်။

Geen opmerkingen: