မြန်မာပြည် အချိန်
သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
woensdag 9 juni 2010
စောင့်ကြည့်ရမည့်ကစားသမား၇ဦးနှင့်အသင်း၇သင်း
ကိုထွေးWednesday,June09,2010
.ယခုနှစ် ၁၉ ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ၌ စောင့်ကြည့်ရမည့် ကစား သမား ၇ ဦး နှင့် အသင်း ၇ သင်းကို ဇွန်လ ၁၄ -၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသော တိုင်းမ် မဂ္ဂဇင်းက ရွေးချယ် ထားသည်ကို ဖော်ပြလိုက်ပါသည်။
စောင့်ကြည့်ရမည့် ကစား သမား ၇ ဦး
                                                    ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ)
ကမ္ဘာကျော် ရီးရဲမက်ဒရစ်အသင်းကြီး၏ တောင်ပံကစားသမားဖြစ်သည်။
အသင်း ပြောင်းရွှေ့ကြေး အမေရိကန်ဒေါ်လာ ၁၃၂ သန်း ရှိသည်။
လျင်မြန်မှုဖြင့် တဖက်အသင်း နောက်ခံလူများကို လှည့်ပတ်ကစားလေ့ရှိသော ကစားဟန်က ပေါ်တူဂီ အသင်း၏ ကမ္ဘာ့ဖလား ရယူရေး အိမ်မက်ကို ဖြည့်ဆည်းပေးနိုင်မပေးနိုင် စောင့်ကြည့်ရမည်ဖြစ်သည်ဟု ဆိုသည်။
                                                  လိုင်ယွန်နယ် မက်ဆီ (အာဂျင်တီးနား)
ပြိုင်ပွဲတွင်သွက်လက်သည့်ကစားဟန်၊အံ့သြဖွယ်ရာဘောလုံးစွမ်းရည်တို့ကဘောလုံးချစ်သူများကို စိတ်လှုပ်ရှားမှုရသ အပေးနိုင်ဆုံး ကစားသမားအဖြစ် အသိအမှတ် ပြုခံထားရသည်။
ဥရောပအကောင်းဆုံးဘောလုံးသမားဆု၂ကြိမ်ရယူထားသည့်တောင်ပံတိုက်စစ်မှူးမက်ဆီ၏ အရည်သွေးကို နည်းပြဖြစ်သူမာရာဒိုနာက၏နည်းဗျူဟာနှင့်ပေါင်းစပ်နိုင်မလားဆိုသည့်အချက်ကိုမှုစောင့်ကြည့်ရမည် ဖြစ်သည်။
                                                                     မိုင်ကွန် (ဘရာဇီး)
လတ်တလောဥရောပချန်ပီယံလိဂ်ဖလား ရယူထားသည့် အင်တာမီလန်အသင်း နောက်ခံလူတဦးဖြစ်သည်။ နောက်တန်းခံစစ်တွင်သာမကတိုက်စစ်တွင်လည်းလိုက်ပါကစားနိုင်ပြီးတဖက်အသင်းကိုဒုက္ခပေးနိုင်သည့် ဘရာဇီး အသင်း၏ မျက်နှာသစ် ကစားသမား တဦးဖြစ်သည်။
မိုင်ကွန်၏သွက်လက်သည့်ဘောလုံးစွမ်းရည်ကိုသိလိုလျှင်ပြီးခဲ့သည့်အီတလီစီးရီးအေပွဲစဉ်ဖြစ်သည့် အင်တာမီလန် နှင့် ဂျူဗင်တပ်စ် ပွဲစဉ်ကို You Tube အင်တာနက် စာမျက်နှာတွင် ကြည့်ရှုနိုင်သည်။
၂၀၀၆ခုနှစ်ကမ္ဘာ့ဖလားတွင်အနီကတ်ဖြင့်ထွက်ခဲ့ရသည့်အင်္ဂလန်အသင်း၏အဓိကရှေ့တန်းတိုက်စစ်မှူး ရွန်နီ၏ဂိုးသွင်းစွမ်းရည်မှာယခုအခါပို၍တိုးတက်လာသည်။ယခင်ကခေါင်းတိုက်ဂိုးများ သွင်းယူနိုင်ခြင်းမရှိသော်လည်း၂၀၀၉ခုနှစ်တွင်မှု၉ဂိုးအထိသွင်းယူထားသည်။၂၀၀၉-၁၀အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ်ကလပ်အသင်းဘောလုံးပြိုင်ပွဲတွင်၂၆ဂိုးသွင်းယူခဲ့ကာပြိုင်ပွဲတွင်ဒုတိယ ဂိုးအများဆုံးသွင်းယူသူ တဦးဖြစ်လာသည်။
                                                                       အီတိုး (ကင်မရွန်း)
အာဖရိကတိုက်၏အကောင်းဆုံးဘောလုံးသမားဆုကိုသုံးကြိမ်ရရှိထားသူအာဖရိကတိုက်၏သူရဲကောင်း တဦးဖြစ်သည်။ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ကင်မရွန်းအသင်းအတွက်၉ဂိုးတိတိသွင်းယူပေးခဲ့သည်။
ကမ္ဘာကျော်ကလပ်အသင်းကြီး၂သင်းတွင်ကစားခဲ့ပြီးဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်သုံးကြိမ်ပါဝင် ကစားခဲ့သူဖြစ်သည်။
                                                        ကား ဆီးလက်စ် (စပိန်)
၄၄နှစ်ကြာဝေးကွာနေသည့်၂၀၀၈ခုနှစ်ဥရောပဖလားရယူရာတွင်စပိန်ဘောလုံးအသင်းအတွက်အဓိက နေရာမှပါဝင်ကစားပေးခဲ့သည့်ကမ္ဘာ့အကောင်းဆုံးဂိုးသမားတဦးဖြစ်သည်။ကစားကွင်းအတွင်း ထက်သန်သောပုံရိပ်ကသူ့ နိုင်ငံအတွက်ဆုဖလားရယူရာတွင်အရေးပါသူတဦးဖြစ်မည်လားဟူသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
                                                                  ဒမ်ဆေး (အမေရိကန်)
တိုက်စစ်မှူးများဂိုးသွင်းယူနိုင်ရန်အတွက်အကောင်းဆုံးဖန်တီးပေးနိုင်သည့်ကွင်းလယ်ကစားသမား ဒမ်ဆေးကိုနည်းပြဖြစ်သူဘရက်ဒလေက၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အသင်း၏အဓိက ခံစစ်ကစားသမားတဦး အဖြစ် မျှော်လင့်ထားသည်။
စောင့်ကြည့်ရမည့် အသင်း ၇ သင်း
ဘရာဇီးအသင်း
တိုက်စစ်မှူးဒရော့ဘာ၏အိုင်ဗရီကို့စ်အသင်း၊ဥရောပ၏ဘရာဇီးအသင်းဟုတင်စားခေါ်ဝေါ်နေသည့် စီရော်နယ်ဒို၏ ပေါ်တူဂီ အသင်းနှင့် တအုပ်စုတည်း ကျရောက်နေသည်။
၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းကို ၁ ဂိုး ဂိုး မရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
လက်ရှိအသင်းသည် ဘရာဇီး ကစားဟန်ဟု ခေါ်ဆိုရမည့် တိုက်စစ် ဦးစားပေး ကစားဟန်ထက် ခံစစ်ကို ဦးစားပေးထားသည်ဟု တိုင်းမ် မဂ္ဂဇင်းက သုံးသပ်ထားသည်။
စပိန်အသင်း
ဘာစီလိုနာ ကစားသမား ဇာဗီအလွန်၊ လီဗာပူး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်၊ ဒေးဗစ်ဗီလာ တို့ကဲ့သို့ စောင့်ကြည့်ရမည့် ကစား သမားများနှင့် အသင်းကို တည်ဆောက်ထားပြီး၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားပွဲ နောက်ပိုင်း နိုင်ငံတကာပွဲ ၃၅ ပွဲ ရှုံးပွဲမရှိ စံချိန်တင် ထားသည်။
အာဂျင်တီးနား အသင်း
“ဘုရားပေးသောလက်ပိုင်ရှင်”နည်းပြ မာရာဒိုနာ ကိုင်တွယ်နေသည့် အသင်းဖြစ်ပြီး၊ အသင်းကို မက်ဆီ၊ တီဗက်စ်၊ အဂူရို စသည့် ကစားသမားကောင်းများနှင့် တည်ဆောက်ထားသည်။ သို့သော် ခြေစစ်ပွဲတွင် စိတ်ပျက်ဖွယ် ခြေစွမ်းဖြစ်ခဲ့သည်။
အင်္ဂလန် အသင်း
ပွဲတပွဲ၏ အဓိကအပြောင်းအလဲကို ကစားသမား ၀ိန်းရွန်နီ အပေါ်တွင် ကျရောက်နေသည်။ ဒေးဗစ် ဘက်ဟမ်း ကဲ့သို့ ဖြတ်တင် ဘောများ တင်ပေးမည့် ကစားသမား မပါဝင်ပေ။ ဂိုးသမားနှင့် ပတ်သက်၍လည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။
နယ်သာလန် အသင်း
ယူရို ၂၀၀၈ ပြိုင်ပွဲတွင် ပြင်သစ်နှင့် အီတလီအသင်း တို့ကို အံသြဖွယ်ကောင်းလောက်အောင် ဂိုးပြတ် အနိုင်ယူခဲ့သည်။ ထို့နောက် ခြေစွမ်းပြန်ကျသွားပြီး ယခု ကမ္ဘာ့ဖလားတွင်မူ ပရိသတ်ကို စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်မည်ဟု ခန့်မှန်းနိုင်သည်။
အီတလီ အသင်း
ပြီးခဲ့သည့် ၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလား ပြိုင်ပွဲ ချန်ပီယံဆု ဆွတ်ခူးခဲ့သည့်အတွက် နည်းပြ မာဆယ်လို လစ်ပီ တယောက် သူရဲ ကောင်းဖြစ်ခဲ့သည်။
ခံစစ်ကို ဦးစားပေးသည့် ကစားဟန်သည် ပျင်းရိဖွယ်ကောင်းသော်လည်း ဂိုးသမား ဂီယန်လူဂီ ဘတ်ဖွန်က ချန်ပီယံဆု အတွက် ကာကွယ်မည်ဟု ကြွေးကြော်ထားသည်။
အမေရိကန် အသင်း
အင်္ဂလန်အသင်းနှင့် အုပ်စုတစုတည်း ကျရောက်နေသော်လည်း အုပ်စုချောင်ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်သည်။ အာဂျင်တီးနား၊ ဆားဘီးယား တို့နှင့် တွေ့ကောင်းတွေ့နိုင်သည်။ အမေရိကန်အသင်း အနေဖြင့် အံ့သြဖွယ်ရာများ လုပ်ပြနိုင်မည် လား ဆိုသည့် မေးခွန်းကိုမူ ယခုနှစ် ကမ္ဘာ့ဖလားတွင် စောင့်ကြည့်ရမည်ဖြစ်သည်။
Geen opmerkingen: