မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 11 juni 2010

ကုလအထူးကိုယ်စားလှယ်တရုတ်အာဏာပိုင်များနှင့်တွေ့မည်

NEJ/၁၁ဇွန်၂၀၁၀
မြန်မာ့အရေးဆွေးနွေးရန်အာရှနိုင်ငံများသို့ခရီးထွက်နေသည့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ်အဖြစ်တာဝန်ပေးအပ်ထားခြင်းခံရသူမစ္စတာ ဗီဂျေး နမ်ဘီယာသည်ယနေ့တရုတ်နိုင်ငံသို့သွားရောက်၍တရုတ်အာဏာပိုင်များနှင့်ဆွေးနွေးရန်ရှိသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။
မြန်မာ့အရေးကိစ္စအထူးတာဝန်ပေးအပ်ခြင်းခံထားရသည့်မစ္စတာနမ်ဘီယာသည်အာရှနိုင်ငံများသို့ ခရီးထွက်ခဲ့ရာတွင်အိန္ဒိယနိုင်ငံနှင့်စင်ကာပူနိုင်ငံသို့သွားရောက်ခဲ့ပြီးသည့်နောက်တရုတ်နိုင်ငံသို့ ဆက်လက်သွားရောက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်အိန္ဒိယနိုင်ငံဖွားဗီဂျေး နမ်ဘီယာသည်အိန္ဒိယနိုင်ငံတွင်နိုင်ငံခြားရေးအတွင်းဝန်နေရူးပါမာရားနှင့်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ရှစ်ဖ်ရှန်ကာမင်နွန်တို့နှင့်တွေ့ဆုံခဲ့ပြီးဇွန်(၉)ရက်၊စင်ကာပူနိုင်ငံသို့ရောက်ရှိခဲ့စဉ်တွင် နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုးနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
ယခုနှစ်မတ်လအတွင်းမြန်မာ့မိတ်ဆွေများအဖွဲ့ဝင်နိုင်ငံတို့နှင့်ဆွေးနွေးခဲ့စဉ်တွင်မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံတွင်တရားမျှတလွတ်လပ်ပြီးအားလုံးပါဝင်နိုင်သည့်ရွေးကောက်ပွဲအဖြစ်ကျင်းပပေးသင့်ကြောင်း အလေးထားတင်ပြခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးပြီး လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန်အတွက်လည်း တောင်းဆိုခဲ့သည်။
စစ်အစိုးရထုတ်ပြန်လိုက်သည့်ရွေးကောက်ပွဲဥပဒေသစ်သည်ကုလသမဂ္ဂကမျှော်လင့်ထားသည့်အတိုင်း မြန်မာနိုင်ငံတွင်အားလုံးပါဝင်နိုင်သည့်ရွေးကောက်ပွဲဖြစ်မြောက်ရေးမဟုတ်သည့်အတွက် စိုးရိမ်ပူပန်မိသည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့သည့်နိုင်ဂျီးရီးယား နိုင်ငံသားမစ္စတာအီဘရာဟင်မ်ဂမ်ဘာရီကိုယခုနှစ်ဆန်းပိုင်းတွင်ဆူဒန်နိုင်ငံဒါဖောဒေသဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့ပြီးနောက်ပိုင်းအတွင်းရေးမှူးချုပ်ကမစ္စတာဗီဂျေးနမ်ဘီယာကို မြန်မာနိုင်ငံအရေး ကြားဝင်ဆောင်ရွက်ပေးရန် အထူးတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Geen opmerkingen: