မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 11 juni 2010

အမျိုးသားဘောလုံးသူရဲကောင်းတို့ရဲ့စီးချင်းထိုးပွဲများ(၄)

ကျော်ညွန့်ချိန် Friday, June 11, 2010
                                                  .အုပ်စု (ဆ)
အုပ်စု (ဆ) မှာတော့ ဘရာဇီး၊ ပေါ်တူဂီ၊ အိုင်ဗရီကို့စ်၊ မြောက်ကိုရီးယားတို့ ပါဝင်ပါတယ်။
ဘရာဇီးအသင်းကတော့ကမ္ဘာ့အဆင့်၁နေရာမှာအမြဲရှိတဲ့ အသင်းကြီး တခုဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲပြိုင်ပွဲ ၁၉ ကြိမ်မှာ အကြိမ်တိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့၊ အစဉ်အလာကြီးတဲ့ ဘောလုံးအသင်းဖြစ်ပါတယ်။
ဘရာဇီးအသင်းကစားသမားရောဘင်ဟိုနှင့်ကာကာကိုတောင်အာဖရိကနိုင်ငံဂျိုဟန်နစ္စဘတ်မြို့ရမ်းဒ်ဘဂ် ကျောင်းလေ့ကျင်ကွင်းတွေ့ရစဉ်(ဓာတ်ပုံ-GettyImages)
အစဉ်အဆက်ပီလီ၊ဇစ်ကို၊ဘီဘက်တို၊အက်ဒ်မန်ဒို၊ရိုမာရီယို၊ရော်နယ်ဒို၊ရီဗယ်ဒို၊ရော်ဘတ်တိုကားလို့စ်တို့လို ကမ္ဘာကျော်ကစားသမားတွေကအစယခုလက်ရှိကာကာ၊ရော်နယ်ဒင်ဟိုတို့လိုကစားသမား တွေမွေးထုတ်ခဲ့ပါတယ်။
ဘောလုံသမားကို ပို့ကုန်တမျိုးလို လုပ်ပြီး ဥရောပတင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘောလုံးအရင်းအမြစ် ဘယ်လောက်ပေါကြွယ်ဝ သလဲ ဆိုတော့ အခုကမ္ဘာ့ဖလား ပြိုင်ပွဲကို အေစီမီလန်မှာ ခြေစွမ်းပြနေတဲ့ ရော်နယ်ဒင်ဟို၊ ပါတို စတဲ့ ဘောလုံးသမားတွေကို တောင် မရွေးချယ်ခဲ့ပါဘူး။
တောင်အမေရိကဇုန်ရဲ့ခြေစစ်ပွဲကိုပထမနေရာကအောင်မြင်လာခဲ့တာဖြစ်ပြီးရော်နယ်ဒင်ဟို၊ အက်ဒရီယာနို၊ပါတိုတို့မပါဝင်သော်လည်းကာကာ၊ဖေဘီယာနို၊ရော်ဘင်ဟို၊ဘာတစ္စတာ၊ ဂီဘာတိုဆေးလ်ဗားနဲ့အင်တာမီလန်မှာအစွမ်းပြနေတဲ့ဂိုးသမားဂျူလီယိုဆီဇာတို့နဲ့ လူငယ်ခြေစွမ်းထက်တဲ့ကစား သမားတွေပါဝင်ပါတယ်။
မကြာသေးမီကခြေစမ်းခဲ့တဲ့ဇင်ဘာဘွေ၊တူနီးရှားတို့ကိုဂိုးပြတ်နိုင်ခဲ့တာကိုကြည့်ရင်ဘရာဇီးတိုက်စစ်ကို သိမှာပါ။
၂၀၀၂ခုနှစ်ကိုရီးယားကမ္ဘာ့ဖလားမှာဘရာဇီးအသင်းဖလားရခဲ့သလိုဒီတကြိမ်မှာလည်းဘရာဇီးအလှည့်ပဲလို့ ဆိုချင်ဆိုနိုင် ပါတယ်။
ပေါ်တူဂီအသင်းကတော့ဥရောပရဲ့ဘရာဇီးလို့တင်စားရလောက်အောင်ကမ္ဘာကျော်ဘောလုံးသမားတွေနဲ့ ဖွဲ့စည်းထားပြီး၂၀၀၆ ခုနှစ် ဂျာမနီကမ္ဘာ့ဖလားမှာ စတုတ္ထရရှိခဲ့ဖူးပါတယ်။
အသင်းကိုမန်ယူလက်ထောက်နည်းပြကားလော့စ်ကွီယာရော့စ်ကကိုင်တွယ်နေပြီးခြေစစ်ပွဲများမှာ ရုန်းကန်ခဲ့ရပါတယ်၊Play–offပွဲစဉ်မှသာဘော့စနီးယားအသင်းကိုအသာရရှိပြီးတောင်အာဖရိက ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါ တယ်။
အသင်းကိုစီရော်နယ်ဒို၊ကာဗယ်ဟို၊ဖာရားရား၊တီယာဂိုတို့နဲ့ ဖွဲ့စည်းထားပြီး၊နာနီကတော့လေ့ကျင့်ကွင်းမှာ လေ့ကျင့်ရင်းဒဏ်ရာရခဲ့လို့မပါဝင်နိုင်တော့ပါဘူး။ပေါ်တူဂီအသင်းဟာလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စု (ဆ) အတွင်းနောက်တဆင့်တက်နိုင်ဖို့ရာမှာဘရာဇီး၊အိုင်ဗရီကို့စ်စတဲ့အသင်းတွေကိုခက်ခက်ခဲခဲ ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက်၂၇ရှိတဲ့အိုင်ဗရီကို့စ်အသင်းကတော့ဥရောပအခြေစိုက်ကလပ်များမှာပါဝင်ကစားနေတဲ့ ကစား သမားတွေနဲ့ ဖွဲ့စည်းထားပြီး အသင်းလိုက်ကစားပုံမှာလည်း ထက်မြက်မာကျောမှုရှိတဲ့ အသင်းတသင်း ဖြစ်ပါတယ်။
အသင်းကိုဝါရင့်နည်းပြဖြစ်တဲ့ဆွီဒင်လူမျိုးဆရန်ဂိုဗန်အဲရစ်ဆင်ကကိုင်တွယ်နေပြီးအင်္ဂလန်၊မက္ကဆီကိုစတဲ့ လက်ရွေးစင်အသင်းတွေနဲ့လာဇီယို၊ဘင်ဖီကာ၊မန်စီးတီးကလပ်အသင်းတွေကိုနည်းပြခဲ့ဖူးပြီး ချဲလ်ဆီး အသင်းရဲ့တိုက်စစ်မှူးဒရော့ဘာ၊ကာလူး၊ဘာစီလိုနာရဲ့ယာယာတိုရေး တို့နဲ့ ဖွဲ့စည်းထားပါတယ်၊၊
အိုင်ဗရီကို့စ်အသင်းဟာပြီးခဲ့တဲ့၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာအုပ်စုအတွင်းအာဂျင်တီးနား၊ဟော်လန်၊ ဆားဘီးယား၊မွန်တီနီဂရိုးအသင်းတို့နဲ့အတူကျရောက်ခဲ့ပြီးအုပ်စုတတိယနေရာအဖြစ်သာ တက်ရောက်နိုင်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက်၁၀၆ရှိတဲ့မြောက်ကိုရီးယားအသင်းကတော့ကမ္ဘာ့ဖလားကိုဒုတိယ အကြိမ်မြောက်အလည်ရောက်ခြင်းပါ၊၁၉၆၆ခုနှစ်အင်္ဂလန်ကမ္ဘာ့ဖလားပြိုင်ပွဲမှာနာမည်ကြီးအီတလီ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင် နယ် တက်ရောက်ခဲ့ပါတယ်။
ခြေစစ်ပွဲမှာဆော်ဒီအာရေဗျအသင်းကိုဂိုးမရှိသရေပွဲကစားပြီးတက်လှမ်းခဲ့ခြင်းဖြစ်ပါတယ်၊အုပ်စုအတွင်းမှာ အင်အားအနည်းဆုံးအသင်းဖြစ်ပြီးအုပ်စုကနေလှည့်ပြန်ရမယ်ဆိုလည်းမြောက်ကိုရီးယားအသင်းအတွက် ကျေနပ်လောက်ပါတယ်။

ဘရာဇီး အသင်း
နည်းပြ – ဒွန်ဂါ
ဂိုး - ဒိုနီ၊ ဆီဆာ၊ ဂိုမက်စ်
နောက်တန်း - သီယာဂို ဆေးလ်ဗား၊ ဂီလ်ဘာတို၊ လွီဇာအို၊ အဲလ်ဗက်စ်၊ ဂျူအန်၊ လူစီယို
အလယ်တန်း - ရာမီးရက်စ်၊ ဘက်စ်တို့စ်၊ ဂျိုဆူး၊ အီလာနို၊ မယ်လို၊ ကာလီဘာဆန်၊ ဂ်ီလ်ဘာတို ဆေးလ်ဗား
ရှေ့တန်း - ကာကာ၊ ဂရာဖာတီ၊ ဖေဘီယာနို၊ နီလ်မာ၊ ရော်ဘင်ဟို၊ ဘက်တစ္စတာ

ပေါ်တူဂီ အသင်း
နည်းပြ – ကားလို့စ် ကွီးယော့စ်
ဂိုး - ဘီတို၊ ဖာနန်ဒက်စ်၊ အက်ဂွာဒို
နောက်တန်း - အဲလ်ဗက်စ်၊ ပီပီ၊ ရော်နယ်ဒို၊ ကော်စတာ၊ ဖာရားရား၊ ကာဗယ်ဟို၊ မီဂွယ်
အလယ်တန်း - အာမိုရီယန်၊ မီရားလက်စ်၊ ဗယ်လော့ဆို၊ ဒေကို၊ မန်ဒက်စ်၊ ဒူဒါ၊ တီယာဂို၊ စီမာအို
ရှေ့တန်း - စီ ရော်နယ်ဒို၊ အယ်မေးဒါး၊ မန်နစ်၊ ဆန်းတို့စ်

အိုင်ဗရီကို့စ် အသင်း
နည်းပြ – အဲရစ်ဆင်
ဂိုး - ဘာရီ၊ ဇော့ဂ်ဘို၊ ယီဘို့
နောက်တန်း - အန်ဂူအာ၊ ဘိုကာ၊ ကိုလို တိုရေး၊ ဂိုဟူရီ၊ တီယန်နီ၊ ဒီမယ်၊ အီဘိုယေး၊ ဘမ်ဘာ
အလယ်တန်း - ဇိုကိုရာ၊ တီယိုတီ၊ ဂေါ့ဆို၊ ရိုမာရစ်၊ ကိုနေး၊ ကီတာ၊ ယာယာတိုရေး
ရှေ့တန်း - ဒမ်ဘီယာ၊ ကာလူး၊ ဂါဗင်ဟို၊ ဒရော့ဘာ၊ ဒင်ဒန်း

မြောက်ကိုရီးယား အသင်း
နည်းပြ - ဟမ်ကင်ဂျွန်
ဂိုး - ရီမြောင်ဂတ် (ပြုံယန်းစီးတီး)၊ ကင်မြောင်ဂီလ် (အမ်ရော့ခ်ဂန်း)၊ ကင်မြောင်ဝန် (အမ်ရော့ခ်ဂန်း)
နောက်တန်း -ချာဂျောင်ဟွတ်၊ ရီဂျန်းအီလ်၊ ရီကွမ်းချွန်၊ ဂျီယန်နန် ၊ ပတ်ချိုဂျင်၊ ပတ်နမ်ချွဲ၊ နမ်ဆောင်ချွဲ၊ ရီကွမ်ဟွတ်
အလယ်တန်း -ပတ်နမ်ချွဲ ၊ ကင်ကမ်းအီလ် ၊ မမ်အီဂွတ်၊ ကင်ယောင်ဂျင်၊ အန်းယောင်ဟွတ်၊ ရီချွဲမြောင်၊ ကင်ကျောင်အီ၊၊ ပတ်ဆောင်ဟွတ်
ရှေ့တန်း - အန်ချွဲဟွတ်၊ ဂျောင်တေးဆီ၊ ဟောင်ယွမ်ဂျို ၊ ချိုးကမ်ချွဲ

အုပ်စု (ဇ)
အုပ်စု(ဇ)မှာတော့ စပိန်၊ ချီလီ၊ ဆွစ်ဇာလန်၊ ဟွန်ဒူးရပ်စ်တို့ ပါဝင်ပြီး စပိန်အနေနဲ့ အုပ်စုချောင်တယ်လို့ ပြောရင်ရပါတယ်။ အုပ်စုဗိုလ်အဖြစ် စပိန်ကိုခန့်မှန်းထားကြပါတယ်။ အုပ်စု ဒုတိယနေရာကို ကျန်သုံးသင်း အကြိတ်အနယ် ယှဉ်လုရမယ့် သဘော ရှိပါတယ်။
စပိန်အသင်းကတော့အဆင့်သတ်မှတ်ချက်၂အထိတက်လာပြီး၂၀၀၈မှာဥရောပချန်ပီယံဖြစ်ခဲ့ပါတယ်။ ဘရာဇီး၊အာဂျင်တီးနား၊အင်္ဂလန်တို့နဲ့အပြိုင်ချန်ပီယံဖြစ်ဖို့ထိပ်ဆုံးကရေပန်းစားနေတဲ့ အသင်းဖြစ်ပါတယ်။ ၁၉၈၂ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ဖူးပါတယ်။
လက်ရှိ၂၀၀၈ဥရောပချန်ပီယံအသင်းကိုယခင်ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဒဲဘော့စ်ကကိုင်တွယ်နေပြီး၊ လီဗာပူးတိုက်စစ်မှူးတောရက်စ်၊ရီးရဲမက်ဒရစ်အလယ်တန်းလူဇာဗီအလွန်ဆို၊ဒေးဗစ်ဗီလာ၊ ဒေးဗစ်ဆေးလ်ဗား စတဲ့ ကစားသမား ဟောင်းတွေနဲ့ ဖွဲ့စည်းထားတယ်။
                             ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မည့် စပိန်လက်ရွေးစင်အသင်း (ဓာတ်ပုံ- fifa)
စပိန်လာလီဂါကစားသမားတွေနဲ့ ဥရောပထိပ်တန်းကလပ်တွေမှာခြေစွမ်းပြကစားနေကြတဲ့ ကစားသမားအများစုပါဝင်တဲ့အသင်းဖြစ်တဲ့အတွက်ပြိုင်ဘက်အသင်းတွေကိုရဲရဲစိန်ခေါ်နိုင်တဲ့ အနေအထားမှာရှိပါတယ်။အုပ်စုကိုတော့ကျော်ဖြတ်နိုင်မှာဖြစ်ပြီးဗိုလ်လုပွဲအဆင့် တက်လှမ်းနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။
ဆွစ်ဇာလန်အသင်းကတော့ကမ္ဘာ့ဖလားပြိုင်ပွဲကို၅ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။အုပ်စုကျော်လွန်ဖို့ အတွက် ချီလီနဲ့အားပြိုင်ရမှာ ဖြစ်ပါတယ်။အုပ်စုကျော်လွန်ဖို့ကိုခက်ခက်ခဲခဲကစားပြီးမှ ကျော်ဖြတ်နိုင်မှာပါ။
အသင်းကို နည်းပြ အတွေ့အကြုံရင်ကျက်တဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း အော့တမာဟစ်ဇ်ဖဲလ်က ကိုင်တွယ်နေပြီး ဆန်းဒရို့စ်၊ ဘဟာမီ တို့နဲ့ ဖွဲ့စည်းထားပါတယ်။
ချီလီအသင်းကတော့ကမ္ဘာ့ဖလားပြိုင်ပွဲကို ၇ ကြိမ် ၀င်ရောက်ယှဉ်ပြိုင် ဖူးခဲ့ပါတယ်။ တောင်အမေရိကဇုန်မှာ ခြေစွမ်းထက်တဲ့အသင်းဖြစ်လို့အုပ်စုအဆင့်ကျော်နိုင်သည်သာမကကွာတားအဆင့်အထိ တက်လှမ်းနိုင်ဖွယ်ရှိပါတယ်၊
တောင်အမေရိက ခြေစစ်ပွဲတွေမှာ အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေးစတဲ့ အသင်းတွေထက် သာလွန်ကာ ဒုတိယ နေရာနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ဇာမိုရာနို၊ မယ်ဆယ်လိုဆားလပ်စ် စတဲ့ နာမည်ကြီး ဘောလုံးသမားတွေ ထွက်ပေါ်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။
အသင်းကိုအာဂျင်တီးနားနည်းပြဟောင်းမယ်ဆယ်လိုဘီယဲလ်ဆားကကိုင်တွယ်နေပြီး အူဒီနီးစ်ရဲ့ဆန်ချက်ဇ်၊ဇာရာဂိုဇာရဲ့ဆွာဇို၊လာဇီယိုရဲ့ကာမိုနာ၊လေဗာကူဆင်ရဲ့အာတူရိုဗီဒယ်တိုနဲ့ အသင်းကိုဖွဲ့စည်းထားပါတယ်။
လက်ရှိခြေစွမ်းမှာလည်း တည်ငြိမ်တောင့်တင်း ခိုင်မာမှုရှိနေတာကြောင့် အုပ်စုထိပ်ဆုံးနေရာအတွက် စပိန်အသင်းကို အဓိက ခြိမ်း ခြောက်နိုင်ပါတယ်။
ဟွန်းဒူးရပ်စ် အသင်းကတော့ ၁၉၈၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁ ကြိမ်သာ ၀င်ရောက်ယှဉ်ပြိုင်ဖူးပါတယ်။ ပလာစီယိုနဲ့ ကားလော့စ် ပါဗွန်တို့လို ကစားသမားများ ရှိပေမယ့် အုပ်စုအဆင့် ကျော်လွန်နိုင်ရေးအတွက် အလွန်တရာ ခက်ခဲလှပါတယ်။

စပိန် အသင်း
နည်းပြ - ဒဲလ်ဘောစ်
ဂိုး - ကာဆီးလပ်၊ ဗဲလ်ဒက်စ်၊ ရေးနား
နောက်တန်း - အယ်လ်ဘီယို ၊ ပီကေး၊ မာချီနာ၊ ပူယိုးလ်၊ ကပ်ဒီဗီလာ၊ ရာမို့စ်၊ အာဘီလိုအာ
အလယ်တန်း -အင်နီယေစတာ ၊ ဟာနန်ဒက် ၊ ဖာဘရီဂတ်စ်၊ မန်နူရယ် မာတာ၊ အလွန်ဆို ၊ ဆာဂျီယို ဘက်စ်ကွက် ၊ မာတီနက်ဇ် ဆေးလ်ဗား၊ နာဗက်စ်
ရှေ့တန်း - ဒေးဗစ် ဗီလာ၊ တောရက်စ် ၊ ပတ်ဒရို ၊ လော်ရန်တေး

ချီလီ အသင်း
နည်းပြ – မာဆယ်လို ဘီယယ်ဆာ
ဂိုး - ဘရာဗို ၊ မီဂွယ်ပင်တို ၊ လူးဝစ္စမာရင်
နောက်တန်း - ဖြူရန်တက်စ် ၊ ၀ယ်ဒိုပေါင့်စ်၊ မာရီဆီယိုအစ္စလာ ၊ ကွန်ထရီရက်စ်၊ ဂယ်ရီမီဒယ် ၊ ဂွန်ဇာလိုဂျာရာ
အလယ်တန်း -ကာမိုနာ၊ အာတူရိုဗီဒယ်၊ ဗယ်ဒီဗီယာ၊ အက်စ်ထရာဒါ ၊ ဖာနန်ဒက်စ်၊ ဖီယာရို၊ မီလာ ၊တယ်လို
ရှေ့တန်း - ဆန်ချက်ဇ် ၊ ဆွာဇို၊ မာ့ခ် ဂွန်ဇာလက်၊ ဘောက်ဆက်ဂ်ျအော ၊ အော်ရယ်လန်နာ၊ ပါရီဒက်စ်

ဟွန်ဒူးရပ်စ် အသင်း
နည်းပြ – ရိန်နယ်ဒို ရူဒါ
ဂိုး - ကာနာလက်စ် ၊ ဗယ်လာဒရက်စ် ၊ အက်စ်ကိုဘာ
နောက်တန်း -ချားဗက်စ် ၊ ဖီဂွယ်ရိုအာ ၊ ပလာစီယို့စ် ၊ ဘာနာဒက်ဇ်၊ ဂါစီယာ၊ ဆာဘီလီယံ ၊ အူဇာဂူရီ ၊ မန်ဒိုဇာ
အလယ်တန်း - သောမတ်စ်၊ နူနက်ဇ် ၊ ပလာစီယို့စ် ၊ ဆီဇာဒီလီယွန်၊ အက်စ်ပီနိုဇာ၊ အယ်ဗာရက်ဇ်၊ တာစီယို့စ် ၊ ဂွေဗာရာ
ရှေ့တန်း - ကားလို့စ် ပါဗွန်၊ ဒေးဗစ် ဆွာဇို ၊ ၀ဲလ်ကမ်း၊ မာတီနက်ဇ်

ဆွစ်ဇာလန် အသင်း
နည်းပြ - အော့တမာဟစ်ဇ်ဖဲလ်
ဂိုး - ဘီနက်ဂ်လီယို ၊ ၀ုဖ်လီ၊ လီယွန်နီ
နောက်တန်း - လစ်ခ်ျစတိန်နာ ၊ မက်ဂ်နင် ၊ဆန်းဒရို့စ်၊ ဘာဂျန် ၊ ဂရစ်ခ်ျတင်း ၊ ဇီဂလာ၊ အက်ဂီမန်း
အလယ်တန်း - ဟက်ဂယ်၊ ဘာနက်တာ၊ အင်လာ၊ ဘီဟရာမီ၊ ပါဒါလီနို ၊ ဟာကန်ယာကင် ၊ ဖာနန်ဒက်စ်၊ ရှဝီဂလာ၊ ရှကီရီ
ရှေ့တန်း - အလက်ဇန္ဒား ဖရိုင်း ၊ အန်ကူဖိုး၊ ဘန်ဂျကု၊ ဒါဒီယော့

Geen opmerkingen: