မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 22 februari 2012

“ တစုံတရာလွဲချော်မှု ”


မဟုတ်သေးပါဘူး
တစုံတရာကြောင့်
တခုခုလွဲချော်နေလို့ပါ
ပြဿနာတခုရဲ့ကိစ္စအ၀၀ကို
ယောင်္ကျား၊မိန်းမတို့ရဲ့ကြိုးစားမှုစွမ်းပကားတွေနဲ့သာ
ဟော့ ဒီလောကမှာ
အောင်မြင်တဲ့သီးနှံတွေအဖြစ်
ပြုပြင်ပြောင်းလဲနိုင်ခဲ့ကြတယ်။

မဟုတ်သေးပါဘူး
တစုံတရာကြောင့်
တခုခုလွဲချော်နေလို့ပါ
ဘ၀ဆိုတာက တိုက်ပွဲတခုဆိုတာကိုမေ့နေကြပြီး
အဲ့ဒီတိုက်ပွဲကို မတိုက်ကြလို့ ဘဲဖြစ်မှာပါ
ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို
ရေရှည်ထားထီး မထားနိုင်တဲ့
ဖောက်ပြန်တဲ့ အစိုးရတွေလည်း
မကြာသေးတဲ့အချိန်တွေကဘဲ
ပြည်သူ့အင်အားလှုပ်ရှားမှု တိုက်ပွဲတွေကြားမှာ
အသီးသီးကျရှုံးခဲ့ကြလေရဲ့ ။

မဟုတ်သေးပါဘူး
လက်ရှိအချိန်မှာဖြစ်ပေါ်နေတာက
ရေရှည်ဘ၀ရေးအတွက်မတွေးဘဲ
အဓိကနဲ့သာမညကိုမခွဲတတ်တဲ့
တစုံတရာကြောင့်
တခုခုလွဲချော်နေတာပါ။

                          ဇာနည်မောင်