မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 17 juni 2012

အောင်ပွဲဆီသို့ချီလာပြီ

သူမဟာ … လူထဲကလူပေမို့
သာမန်အမျိုးသမီးတယောက်ပါပဲ
ဒါပေမယ့် … သူမမှာ
စဉ်းစားဆင်ခြင်ဥာဏ်ရင့်သန်ဖို့
စာနာနားလည်ပေါက်ရောက်ဖို့နဲ့
ရဲရင့်ဆုံးဖြတ်ဥာဏ်မှန်ကန်ဖို့အတွက်
လေ့လာမှုတွေများစွာရှိခဲ့တယ်။
အမေဟာတကိုယ်ရည်မိသားစုအတွက်မပူပင်ရသော်ငြားလည်း
တကိုယ်ကောင်းအတ္တမဆန်
ဦးနှောက်နဲ့နှလုံးသားကိုမျှတအောင်ထားခဲ့ကာ
အမိမြေအတိုက်ကြုံလာတဲ့တိုက်ပွဲမှာ
အများတကာရှေ့ကရပ်တည်ရင်း
အခက်အခဲတွေကို
အလျှော့အတင်းလုပ်ကာ
တဖြေးဖြေးနဲ့အောင်မြင်စွာဝါးမျိုခဲ့တယ်။
အမေဟာ … သံသရာအဆက်ဆက်
ဘ၀အဆက်ဆက်ပါမကောင်းနိုင်တဲ့
ရန်ကိုရန်နဲ့လည်းပြန်ကာမတုန့်နှင်း
မေတ္တာတရားနဲ့အမှန်ကိုဆိုကာစေတနာထားပါလို့
ပြည်သူ့နှလုံးကိုသိမ်းကျုံးယူကာ
အမှောင်ကိုထွင်းကာအလင်းပြပါလို့
အောင်ပွဲဆီသို့ချီလာနေပြီ။

                       ဇာနည်မောင်
( မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့်မွေးနေ့အမှတ်တရ )