မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 30 augustus 2011

ဒေါ်အောင်ဆန်းစုကြည်နှင့်စာပေစိစစ်ရေးထိပ်တိုက်တွေ့

ကျော်ခ အင်္ဂါနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၄၅ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်တွင်း ဂျာနယ်တစောင်
အတွက်ပထမဆုံးသောကိုယ်တိုင်ရေးဆောင်းပါးတပုဒ် ရေးသားပေးပို့အပြီး ဆောင်းပါးမှ စာပိုဒ်အချို့ကို ဖြုတ်ပစ်ရန်စာပေစိစစ်ရေးမှအကြောင်းပြန်ခဲ့ခြင်းကြောင့် ဒေါ်စုနှင့် စိစစ်ရေးတို့ ထိပ်တိုက်ကြုံရတော့သည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆောင်းပါးပါ စာပိုဒ် အချို့ကို ဖြုတ်ပစ်ရပါက ဆောင်းပါးကို ဂျာနယ်တွင် မဖေါ်ပြရန် တုံ့ပြန်လာကြောင်း ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းဂျာနယ် အတွက် ပထမဆုံးရေးသားသော စာမူမှာ ဆင်ဆာဘုတ်၏ ဖြတ်တောက်မှုကြောင့် ပေါ်ထွက်မလာတော့ပေ။ ဓာတ်ပုံ- မဇ္ဈိမ
“စာပေစိစစ်ရေးကတော့ထုံးစံအတိုင်းပေါ့။ဒါတွေဒါတွေဖြုတ်ပေးပါလို့ပြောတယ်။ကျနော်တို့စာမူ ဆိုရင်တော့
ဖြုတ်ပေးလိုက်တာပေါ့ဗျာ။ဒါပေမယ့်ဒေါ်စုစာမူဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပြန်ပြရတာပေါ့ဗျာ။ အဲတော့ ဒေါ်စုကအဲဒါတွေဖြုတ်ရမယ်ဆိုလို့ရှိရင်သူဆောင်းပါးမထည့်ပါနဲ့လို့ပြောတယ်”ဟု မောင်ဝံသ ကပြောသည်။
နိုင်ငံရေးသတင်းဆောင်းပါးများအသားပေးဖေါ်ပြပေးနေသည့်ရန်ကုန်အခြေစိုက်ပြည်သူ့ခေတ် ဂျာနယ်အတွက်ဒေါ်အောင်ဆန်းစုကြည်မှဂျာနယ်စာမျက်နှာတမျက်နှာစာရှိ ပုဂံခရီးစဉ်အကြောင်း ခရီးသွား ဆောင်းပါးတပုဒ်ကိုပေးအပ်ခဲ့ခြင်း ဖြစ်သည်။
"စာပေကင်ပေတိုင်"ဟုစာပေလောကသားများအကြားလူသိများသည့်စိစစ်ရေးမှဖြတ်ခိုင်းသည့်စာပိုဒ်များ တွင်မည်သည့်အကြောင်းအရာများရေးသားထားသည်ကိုမူမောင်ဝံသကပြောဆိုခြင်း မပြုပေ။ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က အဆိုပါ ဆောင်းပါးကိုအပြည့်စုံ ဖေါ်ပြခွင့်ရရန် စာပေ စိစစ်ရေးဌာနသို့ ထပ်မံ တင်ပြသွားဦးမည်ဟုလည်း ဆိုသည်။
“စိစစ်ရေးကိုမေးမြန်းပြီးထပ်တင်ကြည့်ဦးမယ်ဗျာ။အနေအထားတွေတိုးတက်ပြောင်းလဲလို့ရှိရင်တော့အဆင် ပြေချင်လည်း ပြေမှာပေါ့ဗျာ” ဟု ဦးဖေမြင့်ကမဇ္ဈိမကို ပြောသည်။
ပြည်တွင်း၌ဒေါ်အောင်ဆန်းစုကြည်၏ဆောင်းပါးစိစစ်ရေးနှင့် ရင်ဆိုင်နေရသော်လည်း အင်္ဂလိပ်ဘာသာဖြင့် ပုဂံခရီးစဉ်အကြောင်းရေးသားထားသည့်ဆောင်းပါးတပုဒ်မှာဂျပန်နိုင်ငံထုတ်မိုင်နိချိသတင်းစာတွင် ဖေါ်ပြခံ  ခဲ့ရသည်။
စာပေစိစစ်ရေးဘက်မှလည်းဒေါ်အောင်ဆန်းစုကြည်၏ဆောင်းပါးကိုဖေါ်ပြခွင့်မပြုရန်‘လုံးဝ’ ပိတ်ပင်လိုက်ခြင်း မဟုတ်ဘဲ လတ်တလောတွင် ဆိုင်းငံ့ အနေအထားမှာပင်ရှိပြီး ၂ဝဝ၈ အခြေခံဥပဒေ၌ စာပေစိစစ်ရေး မူဝါဒ ၄ ချက်တွင် ပါဝင်သည့် လွတ်လပ်စွာ စာပေပုံနှိပ်ထုတ်ဝေခွင့် ဥပဒေအရ အချိန်ကာလ တခုအတွင် ထုတ်ပေးနိုင်မည့် အနေအထား ဖြစ်လာနိုင်ကြောင်း စိစစ်ရေးဌာန တာဝန်ရှိသူ တဦးကပြောသည်။
“ဥပမာ သတင်းက ၆ ပိုဒ် ပါတယ်။ ၄ ပိုဒ်လောက်က ကျနော်တို့ စီစစ်ရေးမူဝါဒတို့ ဘာတို့နဲ့ ငြိတယ်ဆိုတော့ အဲဒီ၂ ပိုဒ်ထဲလွှတ်လိုက်ရုံနဲ့ဘာမှမထူးတဲ့အခါကျတော့ တပုဒ်လုံး ပယ်ရတာမျိုးတွေ ရှိပါတယ်။ အခု ဒီဆောင်းပါးဟာလည်း ဆိုင်းငံ့နေတဲ့ အနေအထားမျိုးပဲ ဖြစ်တယ်။ လုံးဝပိတ်လိုက်တဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။
ပြန်ကောင်း လာနိုင်ပါတယ်။အခုလည်းကျနော်တို့ဒီဆောင်းပါးကိုဖတ်ပြီးစစ်နေပါတယ်”ဟု သူက မဇ္ဈိမကိုပြောသည်။
အစိုးရသစ်သမ္မတဦးသိန်းစိန်၏ပထမဆုံးမိန့်ခွန်းတွင်စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းများ၏ အခန်းကဏ္ဍ
ကိုအလေးထားရန်လိုအပ်ကြောင်းနှင့် စာနယ်ဇင်းများမှတဆင့် ပြည်သူများ သိသင့်သည့် အချက်များကို အသိပေးသွားဖို့လိုသလို ထိုစာနယ်ဇင်းများ၏ အပြုသဘောဆောင်သည့် အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်ကြောင်း ပြောဆိုထားသည်။
အလားတူ မီဒီယာ လွတ်လပ်ခွင့်ကို ရှေးရှုသည့် ခြေလှမ်းတရပ် အနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းကသတင်းမီဒီယာများ၏ ဝေဖန်အကြံပြုမှုကို ခံယူသွားမှာဖြစ်ကြောင်းသြဂုတ်လ၂၂ရက်နေ့ ပြန်လည်စတင်သည့်ပထမအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယ ပုံမှန် အစည်း အဝေးတွင် ပြောသွားသည်။ ထိုနေ့လွှတ်တော်အစည်းအဝေးများတွင်သတင်းမီဒီယာများကိုပထမဆုံးအကြိမ် အဖြစ် စတင်သတင်းယူခွင့် ပြုခဲ့သည်။
ထိုကဲ့သို့မီဒီယာများကို သတင်းယူခွင့် ပြုထားသော်လည်း ပြန်လည်ရေးသား ထုတ်ပြန်ရာတွင် အစိုးရသစ်၏ မူဝါဒနှင့်ပတ်သက်သည့်ထောက်ပြချက်၊ဝေဖန်ချက်များကိုစာပေစိစစ်ရေးကဖြတ်တောက်ပစ်ခဲ့သည်ဟု လွှတ်တော်သတင်း သွားရောက်ယူခဲ့သည့် ပြည်တွင်း အပတ်စဉ်သတင်းထောက်များက မဇ္ဈိမကိုပြောသည်။





ဒေါ်စုနေအိမ်ပြင်မှုအယူခံနောက်ဆုံးအဆင့်အမိန့်ချတော့မည်

မျိုးသန့် အင်္ဂါနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၃၇ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ပြင်ဆင်မှုအားအကိုဖြစ်သူဦးအောင်ဆန်းဦးမှ တားဝရမ်း လျှောက်ထားခြင်းကိုရန်ကုန်တိုင်းတရားရုံးမှပယ်ချခဲ့အပြီးယင်းအမိန့်ကိုဦးအောင်ဆန်းဦးမှ တရားရုံးချုပ်တွင် ထပ်မံ အယူခံဝင်သည့် အမှုသည် နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ကာမကြာခင် အမိန့်ချရန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
“နောက်ဆုံးအမိန့်ချမယ့်အဆင့်ကို ရောက်သွားပါပြီ သူက တရားလွှတ်တော်ဆိုတော့ ကြိုပြီးတော့ မသိရဘူး သူအဆင်သင့် ဖြစ်တဲ့နေ့ကို အမိန့်ချမှာပါ မကြာတော့ပါဘူး” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
အမှုအတွက်နှစ်ဘက်ရှေ့နေများဖြစ်သည့်ဦးအောင်ဆန်းဦးဘက်မှဦးဟန်တိုးနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှဦးဉာဏ်ဝင်းတို့အင်္ဂါနေ့နံနက်၁၀နာရီ၁၅မိနစ်တွင်ရန်ကုန်တိုင်း တရားရုံးချုပ်သို့သွားရောက်လျှောက်လဲမှုအပြီးမကြာခင်အမိန့်ချရန်ရှိကြောင်းဦးဉာဏ်ဝင်းက ဆိုခြင်း ဖြစ်သည်။
အမွေဆိုင်အငြင်းပွားနေသည့်နေအိမ်အမှုနောက်ဆုံးအမိန့်ချမယ့်အဆင့်ကိုရောက်သွားပါပြီ ဟု ဦးဉာဏ်ဝင်း ပြော (ဓါတ်ပုံ မဇ္ဈိမ)
တက္ကသိုလ်ရိပ်သာလမ်းအမှတ်၅၄/၅၆ရှိဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သည်၂၀၀၈ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အိမ်အမိုး ပျက်စီးခဲ့ခြင်းကြောင့် ရန်ကုန်စည်ပင်မှ ယင်းနှစ် နိုဝင်ဘာလ အတွင်းမှ ၂ဝ၁ဝ ဧပြီလအတွင်း ပြုပြင်ခွင့် ပြုခဲ့သည်။
အမွေဆိုင်အငြင်းပွားနေသည့်နေအိမ်ကိုဒေါ်အောင်ဆန်းစုကြည်၏အကိုရင်းဦးအောင်ဆန်းဦးမှသူ၏ ခွင့်ပြုချက်မပါဘဲပြုလုပ်သဖြင့်ပြင်ဆင်မှုကိုရပ်ဆိုင်းပေးရန်ရန်ကုန်တိုင်းတရားရုံးသို့၂ဝ၁ဝ ဇန်နဝါရီလအတွင်းလျှောက်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်ဦးအောင်ဆန်းဦး၏ထိုလျှောက်ထားချက်ကိုတိုင်းတရားရုံးမှ၂၀၁၀ဧပြီလအတွင်း ပယ်ချခဲ့ရာ ဦးအောင်ဆန်းဦးမှရန်ကုန်တိုင်းတရားရုံးချုပ်သို့ယင်းနှစ်မေလ၁၃ရက်နေ့တွင်ထပ်မံ၍အယူခံ ဝင်ခဲ့ခြင်းဖြစ်သည်။ ယခု ထိုအယူခံသည် နောက်ဆုံးအဆင့်ကို အမိန့်ချရန် ရှိနေခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် မြန်မာသံအမတ်အဖြစ် အမှုထမ်းဆောင်နေစဉ်တွင်
ထိုအချိန်က ဝန်ကြီးချုပ် ဦးနုက ထိုနေအိမ်ကို ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်
ကတည်းက ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ယခုနေအိမ်၌ပင် နေထိုင်ခဲ့သည်။
ဦးအောင်ဆန်းဦးသည်အမွေဘုံပစ္စည်းစီမံခန့်ခွဲမှုဖြင့်ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၁ ခုနှစ်အတွင်းက တရားစွဲဆို ခဲ့သေးသည်။ယင်းအပြင်မပြီးပြတ်သေးသည့် အိမ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြည်တွင်းထုတ် မော်နီတာဂျာနယ်နှင့်ဦးအောင်ဆန်းဦးတွေ့ဆုံမေးမြန်းခြင်းတွင်အိမ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဦးအောင်ဆန်းဦးမှမိမိနိုင်ပြီးဖြစ်ကြောင်းဖြေကြားခဲ့သည့်အပေါ်ဒေါ်အောင်ဆန်းစုကြည်မှ ဦးအောင်ဆန်းဦးကို တရားရုံးအား မထေမဲ့မြင် ပြောကြားမှု၊ ထိုပြောကြားချက်ကို ဖေါ်ပြသည့် မော်နီတာ ဂျာနယ်မှ ထုတ်ဝေသူ ဦးလှမြင့်ဆွေ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့ကို ယခုလ ၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သေးသည်။
ယင်းအမှုကို တိုင်းတရားရုံးမှ လက်ခံပြီးဖြစ်ကြောင်းလည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ မဇ္ဈိမကို ပြောဆိုခဲ့သည်။



ဗဟိုအစိုးရနှင့်ဆွေးနွေးရေးUNFCပြင်ဆင်

ကိုဝိုင်း အင်္ဂါနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၀၃ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ဗဟိုအစိုးရအနေဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုတဖွဲ့ချင်းဆွေးနွေးမှု မဟုတ်ဘဲ ၁၂ဖွဲ့ပေါင်းထားသောညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့်ဆွေးနွေးလိုလျှင် အသင့်ဖြစ်စေရေးအတွက်ပြင်ဆင်ထားပြီးဖြစ်ကြောင်းအဖွဲ့၏ အထွေထွေအတွင်းရေးမှူးနိုင်ဟံသာက ပြောသည်။
လက်ရှိ၈ဦးပါUNFC၏ဆွေးနွေးရေးအဖွဲ့ကိုမွန်အမျိုးသားနိုင်ဟံသာကဦးဆောင်မှာဖြစ်ပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ကချင်လွတ်မြောက်ရေးအဖွဲ့၊ချင်းအမျိုးသားတပ်ဦး၊ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ညီညွှတ်သောရခိုင်အမျိုးသားပါတီနှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့များမှကိုယ်စားလှယ်များ ပါဝင်သည်။ ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ် ပေးပို့လာခြင်း မရှိသေးဟု သိရသည်။
UNFCမှသဘောတူဆွေးနွေးချက်များကိုအဖွဲ့ဝင်အဖွဲ့များမှသဘောတူ လိုက်နာရမှာ ဖြစ်သည် ပြည်ထောင်စု အစိုးရက အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက်တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်း အနေဖြင့် ပြည်နယ် အစိုးရများနှင့် တွေ့ဆုံပြီးပထမအဆင့်အနေဖြင့် “ပဏာမလုပ်ငန်းစဉ်များ”ကို ဆွေးနွေးကြရန် သြဂုတ်လ ၁၈ ရက်နေ့ကဖိတ်ခေါ်ကြေညာခဲ့သည်။ပဏာမဆွေးနွေးမှုများပြီးမှသာပြည်ထောင်စုအစိုးရက အဖွဲ့အစည်း တခုဖွဲ့ပြီး တဖွဲ့ချင်းနှင့် ဆွေးနွေးမည်ဟု ဆိုထားသည်။
ဗဟိုအစိုးရအနေဖြင့်ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီUNFCနှင့်ဆွေးနွေးလိုလျှင် အသင့်ဖြစ်စေရေးအတွက်ပြင်ဆင်ထားပြီးဖြစ်ကြောင်းUNFCအထွေထွေအတွင်းရေးမှူးနိုင်ဟံသာကပြော (ဓါတ်ပုံ မဇ္ဈိမ)
တဖွဲ့ချင်းခွဲထုတ် ဖိတ်ခေါ်မှုကို “သပ်လျိုဖြိုခွဲ”မှုဟု ဆိုကာလက်မခံဘဲUNFCတခုလုံးအနေဖြင့် ပြည်ထောင်စု အစိုးရကဖွဲ့မည့်ဆွေးနွေးရေးအဖွဲ့တို့အကြားတိုက်ရိုက်ဆွေးနွေးလိုသည်ဟု သြဂုတ်လ၂၈ရက်တွင်တုန့်ပြန် ခဲ့သည်။
တိုင်းရင်းသား အခွင့်အရေး ဆုံးရှုံးနှင့် နိုင်ငံရေး ပြဿနာများသည် ပြည်နယ်အလိုက်သီးခြား ဖြစ်နေခြင်း မဟုတ်ပဲပြည်ထောင်စုအဆင့်ဖြင့်ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှသာပြေလည်မည်ဟု ယုံကြည်ကြောင်းလည်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
အစိုးရကဆွေးနွေးရန် ကမ်းလှမ်းမှုနောက်ပိုင်းKNU၊NMSP၊KNPP၊နှင့်SSA-Nအဖွဲ့များသို့ ပြည်နယ် ဝန်ကြီးချုပ်များကကိုယ်စားလှယ်များစေလွှတ်ပြီးဆွေးနွေးရန်ဆက်သွယ်နေသည် ဆိုသော သက်ဆိုင်ရာအဖွဲ့ အသီးသီးမှ တာဝန်ရှိသူများက မဟုတ်မှန်ကြောင်း မဇ္ဈိမကို ငြင်းဆိုကြသည်။
သို့သော် မွန်အဖွဲ့ကိုမူ လွန်ခဲ့သည့် ၂ လကျော်ကမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်က မွန်သံဃာ အချို့ကိုစေလွှတ်၍ NMSP ၏ သဘောထားကို မေးမြန်းဖူးကြောင်း နိုင်ဟံသာက ဆိုသည်။
UNFC အဖွဲ့ဝင်များ ဖြစ်သည့် SSA-N၊ KIO နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ
သော်လည်း KIOက ကချင်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုနှင့် စာပေးစာယူ ရှိနေခဲ့သော်လည်း SSA-Nနှင့်မူအဆက်သွယ် မရှိသေးပေ။ သို့သော် ကချင်ဘက်က တပြည်လုံးအတိုင်းအတာဖြင့် အပစ်ရပ်ပြီး
နိုင်ငံရေးအရမူ UNFC နှင့်သာ ဆွေးနွေးရန် တောင်းဆိုနေသဖြင့် သောင်မတင်ရေမကျ ဖြစ်နေသည်။
သြဂုတ်၂၂ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းဝေးက တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး
ဖော်ဆောင်မှု ကော်မတီကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် ကြံ့ခိုင်ရေး ပါတီ မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးသိန်းဇော်ကို တာဝန်ပေးလိုက်သည်။
သို့သော်ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက “သူတို့မှာက နည်းပရိယာယ်တွေ
များတယ်။တကယ့်ပွဲဖြစ်ရင်တောင်မှကျနော်ထင်တယ်။အဲဒီ(ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ) အဖွဲ့မဟုတ်ပဲနဲ့ တခြားဖြစ်သွားနိုင်တယ်လေ” ဟု ပြောသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေပြီး စုပေါင်း၍ ခုခံကာကွယ်နိုင်ရန် ၂ဝ၁၁ ခု ဖေဖော်ဝါရီလ၌ အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့က အခြေခံ ၆ ဖွဲ့နှင့် ဆက်စပ် ၆ ဖွဲ့အဖြစ် UNFC ကို ဖွဲ့စည်းခဲ့သည်။





သတင်းဝက်ဘ်ဆိုက်အချို့ပြည်တွင်းမှတိုက်ရိုက်ဖတ်ရှုခွင့်ရနေ

ထွန်းထွန်း အင်္ဂါနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၇ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ မဇ္ဈိမမြန်မာပိုင်းသတင်းဝက်ဘ်ဆိုက်အပါအဝင်အစိုးရကပိတ်ပင်ထားသည့် ပြည်ပ သတင်းဌာနဝက်ဘ်ဆိုက်အချို့၊အတိုက်အခံများအချို့၏ဘလော့ဂ်တို့ကိုတိုက်ရိုက်ကြည့်ရှု၍ ရနေသော်လည်း ကျွမ်းကျင်သူများက ခေတ္တခဏသာ ဖြစ်နိုင်ကြောင်း သတိပေးထားသည်။
မဇ္ဈိမ၊ဧရာဝတီသတင်းဌာနများ၏ မြန်မာပိုင်းဝက်ဘ်ဆိုက်၊ဒေါက်တာလွဏ်းဆွေဘလော့ဂ်၊ ဘလော့ဂ်
ရေးသားနိုင်သော Blogspot,Bloggerနှင့် ဗီဒီယိုမျှဝေသော YouTube ဝက်ဘ်ဆိုက်တို့ ပွင့်နေပြီ ဖြစ်သည်။
ထိုင်းနိုင်ငံအခြေစိုက်ဧရာဝတီသတင်းဌာန၏အင်္ဂလိပ်ပိုင်းနှင့် မြန်မာပိုင်းဝက်ဘ်ဆိုက်စာမျက်နှာများပါ တိုက်ရိုက် ဖတ်ရှု့နိုင်ပြီး မဇ္ဈိမအင်္ဂလိပ်ပိုင်းမှာမူ ပိတ်ပင်ခံထားရဆဲ ဖြစ်ပြန်သည်။
ပိတ်ပင်ထားသောဝက်ဘ်ဆိုဒ်များတိုက်ရိုက်ကြည့်ရှုရနေခြင်းသည်မည်သည့်အကြောင်းကြောင့်ဆိုသည်ကို မသိရပေ (ဓါတ်ပုံ မဇ္ဈိမ)
နော်ဝေးအခြေစိုက်ဒီဗီဘီအပါအဝင်မြန်မာပိုင်းအသံလွှင့်အစီအစဉ်များရှိပြီးအင်တာနက် ဝက်ဘ်ဆိုက်လည်း
ဖြစ်ကြသည့် ဘီဘီစီ၊ ဗီအိုအေ၊ အာအက်ဖ်အေတို့ကိုမူ ပိတ်ပင်ထားဆဲ ဖြစ်သည်။
သဘောထား ကွဲလွဲသူများကို သည်းခံတတ်မှု မရှိသော မြန်မာအစိုးရက ဝေဖန်လေ့ရှိသည့် ပြည်ပရောက် မြန်မာများ ထူထောင်ထားသည့် သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များ၊နိုင်ငံတကာ သတင်းဌာန အချို့၊ အတိုက်အခံများ၏ ဘလော့ဂ်များကို၂၀၀၀ပြည့်နှစ်ကတည်းကပိတ်ပင်ထားခဲ့ပြီး အချို့ကိုမူ ၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး”ကာလမှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။သို့သော်လည်းProxy ခေါ် ကြားခံဆာဗာကို အသုံးပြု၍ ပိတ်ပင်ထားသော ဝက်ဆိုက်များ ဖတ်ရှုလေ့လာမှုမှာ အမြဲရှိနေခဲ့သည်။
အင်္ဂါနေ့ကရန်ကုန်ရှိမဇ္ဈိမသတင်းထောက်များစမ်းသပ်ချက်အရCNNသတင်းဌာန၏ ဝက်ဘ်ဆိုက်၊ ထိုင်းနိုင်ငံမှ အင်္ဂလိပ်ဘာသာဖြင့်နေ့စဉ်ထုတ်သတင်းစာတခုဖြစ်သောBangkokPostဝက်ဘ်ဆိုက်နှင့် Reuters ဝက်ဘ်ဆိုက်တို့ ပိတ်ပင်ခံထားရဆဲ ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး (MPT)နှင့် ရတနာပုံ တယ်လီပို့စ်တို့၏ အများပြည်သူသုံး အင်တာနက်ဆားဗစ် ဝန်ဆောင်မှု လိုင်း ၂ လိုင်းရှိရာ စီးပွားရေး ကုမ္ပဏီအများစုသို့ ဦးတည်ချပေးသောMPTတွင် သာမက အင်တာနက်ဆိုင်များသုံး ရတနာပုံ တယ်လီပို့စ်လိုင်းတွင်ပါ YouTbueကို ဖွင့်၍ ရနေသည်။ မဇ္ဈိမတီဗီ ဝက်ဘ်ဆိုက်လည်း ဖွင့်လို့ရနေပြီး တီဗီသတင်းများ၊ ဗီဒီယိုများ ကြည့်ရှုရနေသည်ဟု ဆိုသည်။
ဘီဘီစီမှာမြန်မာပိုင်းသတင်းဌာနသာ ဖွင့်မရခြင်း ဖြစ်ကာ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ် စာမျက်နှာမှာမူ
ဝင်ရောက် ကြည့်ရှုနိုင်ပြီး ယခင်ပိတ်ပင်ထားခဲ့သော အခမဲ့ အီးမေးလ် ပို့နိုင်သောHotmailနှင့် Yahoo mail
တို့လည်း ပွင့်နေပြီ ဖြစ်သည်။
ယခုကဲ့သို့ အထိုက်အလျောက် ဖွင့်ပေးလာသည်မှာ မှန်သော်လည်း အင်တာနက်မြန်နှုန်းမှာ ယခင်ကထက် ကျလာသည်ဟု သုံးစွဲသူများထံမှ စုံစမ်းသိရှိရသည်။ အင်္ဂါနေ့က အင်တာနက်ဆိုင် တခုတွင် အမြင့်ဆုံး ၅ဝ kbs သာရှိခဲ့သည်ဟု ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
ယခုကဲ့သို့ ပိတ်ထားသည့် ဝက်ဘ်ဆိုက်များ ပွင့်လာခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ခေတ္တခဏသာ ပွင့်နေမှာကို စိုးရိမ်နေကြပြီး အစိုးရက ဆာဗာ ပြင်ဆင် နေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက မှန်းဆနေကြသည်။
“ပိတ်တယ်ဖွင့်တယ်ဆိုတာဖွင့်တယ်ဆိုISP(InternetServiceProvider)အကုန်လုံးဖွင့်ပေးရမှာ။ ဖွင့်တာခြင်း မတူဘဲဖွင့်ပေးလိုက်တယ်လို့သေချာပြောလို့မရဘူး”ဟုကွန်ပျူတာ လုံခြုံရေး စနစ်ဖြင့် ဘွဲ့လွန်လေ့လာနေသူ ကိုမောင်မောင်က ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူပေါင်း ၄ သိန်းကျော်ခန့်ရှိပြီး၊ မှတ်ပုံတင်ထားသော အများပြည်သူသုံး အင်တာနက်ဆိုင်PACပေါင်း ၈၀၂ခုရှိကာရန်ကုန်စည်ပင်သာယာ နယ်နိမိတ်နှင့် ပြင်ပ၌ ၅၈၄၊ မန္တလေး၌ ၂၁ ခုနှင့် အခြားမြို့များတွင်၁၉၇ ခုရှိသည်ဟု မြန်မာအင်ဖိုတက်ခ်၏၂ဝ၁၁ဖေဖော်ဝါရီလကုန် စာရင်းများအရ သိရသည်။
PACလိုင်စင် လျှောက်ထားရာတွင်လည်း ပြည်ပသတင်းမီဒီယာများကိုဝင်ရောက်မကြည့်ရှုရန်အတွက် စည်းကမ်းချက်များဖြင့် ကန့်သတ်ထားသည်။PACများအနေဖြင့်နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေမည့်သတင်းအချက်အလက်များကိုပေါက်ကြားမှုမရှိစေရန်ဆောင်ရွက်ရမည် ဖြစ်ပြီး၊ ချိုးဖောက်ပါကမြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။အဆိုပါ ဥပဒေအရ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။
အင်တာနက် သုံးစွဲရာတွင် ဥပဒေများနှင့် တင်းကျပ်မှု၊ ဘလော့ဂ်ဂါတွေ ဖမ်းဆီး ထောင်ချခံရမှုတွေကြောင့်
ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့RSFကမြန်မာနိုင်ငံကိုအင်တာနက်၏ ရန်သူစာရင်း သွင်းထားပြီး အမေရိကန်အခြေစိုက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ FreedomHouse ကလည်း အင်တာနက် လွတ်လပ်ခွင့်တွင် ဒုတိယ အချိုးဖောက်ဆုံး နိုင်ငံအဖြစ် မှတ်တမ်းတင်ထားသည်။



နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲနေပြည်တော်တွင်ကျင်းပရန်အစီအစဉ်ရှိ

လင်းသန့် Tuesday, 30 August 2011 18:16
.မြန်မာနိုင်ငံတွင်ဒီမိုကရေစီစနစ်ထွန်းကားရေးကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင်နိုင်ရန်အတွက်ပြည်တွင်း ပြည်ပမှကျွမ်းကျင်သူများပါဝင်မည့်နိုင်ငံရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတရပ်ကိုနေပြည်တော်တွင် ကျင်းပရန် သမ္မတရုံးမှ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
                                                               နေပြည်တော်ရှိ သမ္မတအိမ်တော် (ဓာတ်ပုံ - ဧရာဝတီ)
“နိုင်ငံရေးဖိုရမ်နဲ့ပတ်သက်လို့မူအားဖြင့်တော့ဆက်တိုက်လုပ်သွားဖို့ရှိတယ်လို့သိရပေမယ့်ဘယ်တော့၊ဘယ်လို ကျင်းပမယ်ဆိုတာတော့မသိပါဘူး”ဟုသမ္မတအကြံပေးအဖွဲ့ဝင်တဦးဖြစ်သူဒေါက်တာနေဇင်လတ်ကဧရာဝတီကို ပြောသည်။
အဆိုပါနိုင်ငံရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအတွက်ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေကြသူများနှင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံရေး လှုပ်ရှားသူများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပနိုင်ရန် ပြင်ဆင် နေသည်ဟု နေပြည်တော် သမ္မတရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။
“တကယ်လို့ဒီနိုင်ငံရေးဖိုရမ်ကိုဖိတ်ရင်လည်းဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ လူထုအကျိုးအတွက် အစိုးရနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာစိတ်ပိုင်းဖြတ်ပြီးသားဖြစ်လို့တက်လိမ့်မယ်လို့ ကျနော်ထင်တယ်”ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်(NLD)ပါတီကကိုင်စွဲထားသည့်၉၀ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုကာပါတီတရားဝင်တည်ရှိခွင့်ရရှိရေးသည် အရေးကြီးကြောင်း၊ နိုင်ငံရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပမည်ဆိုလျှင်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အာဃာတ မထားကြဘဲ အားလုံးက အပြန်အလှန် အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ တိုင်းပြည်အမြန်ဆုံး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်း နိုင်ရေးအတွက် အတူလက်တွဲ ဖော်ဆောင်သင့်ကြောင်း ဦးဝင်းတင်က ဆိုသည်။
ယခုကဲ့သို့ကျင်းပရန်ရှိသည့်နိုင်ငံရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင်အကျဉ်းကျနေကြသည့်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊ကိုကိုကြီးအစရှိသူများ၊နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ဦးခွန်ထွန်းဦးအစရှိသည့် တိုင်း ရင်းသားခေါင်းဆောင်များ အပြင် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ ပါဝင် ဆွေးနွေးနိုင်ခြင်း ရှိ၊ မရှိ မရှင်းလင်းပေ။
ကျယ်ပြန့်သည့်နိုင်ငံရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် ပြည်ပရောက် မြန်မာနိုင်ငံအရေး လှုပ်ရှားသူများကိုဖိတ်ကြားမည်ဆိုလျှင်၎င်းတို့မြန်မာနိုင်ငံသို့ပြန်လာနိုင်ရေးအတွက်ခိုင်မာသည့် အာမခံချက်ရှိရန် လိုအပ်ကြောင်း ဝေဖန်သူများက ထောက်ပြသည်။
သမ္မတဦးသိန်းစိန်အစိုးရကကျင်းပမည့်နိုင်ငံရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံရေး ဟောပြောပွဲမျှသာဆိုလျှင်မသွားလိုကြောင်း၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း၊တန်းတူရည်တူဖြစ်သည့်ဆွေးနွေးမှုနှင့်ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်မည့် အခြေအနေများရှိသင့်ပြီးပါဝင်သင့်ပါဝင်ထိုက်သည့်လူပုဂ္ဂိုလ်အားလုံးပါဝင်မည့်ဆွေးနွေးပွဲဖြစ်ခဲ့လျှင် သွားရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု(FDB)၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောသည်။
“နိုင်ငံရေးအကျဉ်းသားတွေ လွတ်နေရမယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးတွေလုပ်ပြီး ရန်လိုတဲ့အပြုအမူတွေရပ်ဆိုင်းထားဖို့လိုမယ်။ထစ်ကနဲရှိဖမ်းမယ်၊၅ (ည)နဲ့ထောင်ချမယ် ဆိုတာမျိုးတွေလည်းပယ်ဖျက်ထားဖို့လိုတာပေါ့။ အခုအကျဉ်းထောင်ထဲမှာရှိနေတဲ့၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လို တကယ် အရေးပါတဲ့ လူတွေက ဒီလို ဆွေးနွေးပွဲမှာ တန်းတူဆွေးနွေးခွင့် ရှိနေရမယ်” ဟု သူကဆိုသည်။
လွန်ခဲ့သည့် မတ်လကုန်က စတင် တာဝန်ယူထားသည့် မြန်မာအစိုးရသစ်အနေဖြင့် အချိန်တိုအတွင်း ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တချို့ကိုလုပ်ဆောင်လာခဲ့ရာမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ၀န်ကြီး ဦးအောင်ကြည်တို့ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ထို့နောက်သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည်နေပြည်တော်သမ္မတ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့ပြီးနေပြည်တော်တွင်ကျင်းပသည့်စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ပြည်သူလူထုအကျိုးအတွက်တွေ့ဆုံဆွေးနွေးမှုများကိုဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကာမတူကွဲလွဲသည့်အရာများကိုရှောင်ရှားပြီး တူညီသည့် ကိစ္စရပ်များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။
အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဌေးဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အလေးအနက်ထားပါကြောင်း မကြာသေးမီက သတင်းထောက် များ၏ အမေးကို ဖြေကြားခဲ့သည်။

လယ်သိမ်းခံရသူများနေပြည်တော်သွား

ခင်ဦးသာ Tuesday, 30 August 2011 16:13
.ရန်ကုန်တိုင်းအတွင်းမှအဓမ္မသိမ်းယူထားသောလယ်ဧကတသောင်းကျော်ပြန်လည်ရရှိရေး၊လယ်ယာမြေ ဆိုင်ရာဥပဒေတချို့ကိုပြန်လည်ပြင်ဆင်ရေးတို့အတွက်လယ်သမား၂၂ဦးကနေပြည်တော်ရှိ လွှတ်တော်ဆိုင်ရာရုံးများနှင့်သမ္မတရုံးတို့ကို့ တနင်္လာနေ့က သွားရောက် တောင်းဆိုကြသည်။
ကျေးလက်ဒေသလယ်ယာလုပ်ငန်းခွင်တခု။မြန်မာလယ်သမားများသည်လယ်သိမ်းခံရမှုကဲ့သို့သော အနိုင်ကျင့်မှုများနှင့်ကြုံတွေ့နေရပြီး၎င်းတို့ကိုကူညီသည့်ရှေ့နေများလည်း အနှောင့်အယှက်ပေးခံနေရသည်။(ဓာတ်ပုံ-Rafael Parrilla)
လယ်သမား၊အလုပ်သမားများအရေးလိုက်ပါဆောင်ရွက်ပေးနေသူရှေ့နေကိုဖိုးဖြူဦးဆောင်၍ တိုင်ကြားစာများ၊ စာတမ်းများကို တင်ပြကြခြင်းဖြစ်သည်။
“ဧရာဝတီတိုင်းကလယ်အသိမ်းခံရထားတဲ့ကိစ္စတွေ၊ရေလုပ်သား၊အလုပ်သမားတွေရဲ့အခွင့်အရေးကိစ္စတွေ ကိုတင်ပြခဲ့ပါတယ်၊လယ်သမားတွေအတွက်အာမခံချက်ရှိမယ့်ဥပဒေမျိုးပြဋ္ဌာန်းပေးဖို့လွှတ်တော်ကို တင်ပြထားတယ်”ဟုကိုဖိုးဖြူကဧရာဝတီကိုရှင်းပြသည်။
သမ္မတရုံး၊လွှတ်တော်ရုံးတို့ကတိုင်ကြားစာ၊အဆိုများ၊စာတမ်းများကိုလက်ခံရယူပြီးကိုယ်စားလှယ်များထံမှ တဆင့် တင်ပြပေးမည်ဟု ပြောလိုက်ကြောင်း ကိုယ်တိုင်ပါဝင်သူ လယ်သမားတဦးက ပြောသည်။
“ကျနော်က၃ဧကပဲအသိမ်းခံထားရပါတယ်၊ဒါပေမယ့်လယ်သမားတိုင်းလိုလိုမတရားအနိုင်ကျင့်ခံနေရတာ ကိုမကျေနပ်လို့အခုလိုနေပြည်တော်အထိလာပြီးတာဝန်ရှိတဲ့သူတွေကိုတိုင်ကြားရတာပါ”ဟု ဒဂုံမြို့သစ်တောင်ပိုင်းမှ လယ်သမား ဦးမြင့်အောင်က ဆိုသည်။
ကျင်းပနေသောလွှတ်တော်အစည်းအဝေးများ၌လယ်ယာမြေပိုင်ဆိုင်မှု၊လယ်သမားအရေး၊လယ်မြေ အသိမ်းခံထားရမှုတို့နှင့်ပတ်သက်ပြီးရခိုင်၊ရှမ်း၊မွန်ပြည်နယ်တို့မှလွှတ်တော်ကိုယ်စားလှယ်တချို့က လွှတ်တော်၌ တင်ပြဆွေးနွေးရန် စီစဉ်နေပြီး အာဏာရပါတီဖြစ်သောပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း လယ်သမား အရေး နှင့်ပတ်သက်၍ အဆိုတချို့ တင်သွင်းမည်ဟု သိရသည်။
လယ်ယာမြေဆိုင်ရာ ဥပဒေ ထုတ်ပြန်ထားသော်လည်း လယ်သမားတို့ကို အကာအကွယ်ပေးနိုင်မှု မရှိသည့် အတွက် ထိုဥပဒေများကို ပြင်ဆင်ပေးရန် တောင်းဆိုကြမည်ဟု ဆိုသည်။
၂၀၀၀ပြည့်နှစ်ခန့်ကစတင်ပြီးစီးပွားရေးသမားတချို့ကဒေသဆိုင်ရာအာဏာပိုင်များနှင့်ပူးပေါင်း၍ ရန်ကုန်တိုင်းအတွင်းမှလယ်မြေများအားသိမ်းယူကာစပါးစိုက်ပျိုးကြောင်း၊စိုက်ပျိုးမှုမအောင်မြင်သောအခါ လယ်မြေများကို ကန်အဖြစ် ပြောင်းလဲလိုက်ကြောင်း သိရသည်။
“ကျနော့်လယ်ကွက်တွေကိုအဓမ္မအသိမ်းခံရတာ၊ငါးမွေးကန်တွေအဖြစ်လုပ်လိုက်တော့ကျနော်အရမ်း စိတ်မကောင်း ဖြစ်မိတယ်”ဟုညောင်တုန်းမြို့မှလယ်သမားဦးအေးသိန်းကဆိုသည်။သူက လယ်ဧက ၅၀ ၀န်းကျင် အသိမ်းခံထားရသူဖြစ်ကြောင်း ဆက်ပြောသည်။
ယခင်စစ်အစိုးရလက်ထက်တွင်စစ်တပ်ကသာမကစီးပွားရေးသမားများကလည်း ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်း၍လယ်ယာမြေများသိမ်းယူခဲ့ကြသည်။ဒေသအသီးသီးတွင်ထိုမတရားမှုကျူးလွန်သည့် သတင်းများက ယခု ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း မကြာခဏ ထွက်ပေါ်နေဆဲဖြစ်သည်။
စစ်တပ်အဆောက်အအုံ၊အစိုးရရုံး၊ စက်ရုံ စသည်တို့ကို တည်ဆောက်ရန် အဓမ္မ သိမ်းပိုက်သည့် မြေများမှာ တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမည့်လမ်းကြောင်းတလျှောက်မှလယ်မြေများ၊ လယ်သမားတို့ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသည့် လယ်မြေများ ဖြစ်သည်ဟု သိရသည်။
လယ်မြေအသိမ်းခံရသူများက ဒေသဆိုင်ရာ အာဏာပိုင်များ နှင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) ထံ တိုင်ကြားခဲ့ကြသည်။
မြန်မာနိုင်ငံရှိ လယ်မြေ သိမ်းယူမှု ပြဿနာများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှု မရှိသေးကြောင်း ILO ဒုတိယ ညွန်ကြားရေးမှူးချုပ် မစ္စတာ ဂိုင်း ရိုက်ဒါက ယခုနှစ်ဆန်းပိုင်းတွင် ပြောဆိုခဲ့သေးသည်။

maandag 29 augustus 2011

အစိုးရကိုစမ်းသပ်သောနိုင်ငံရေးလှုပ်ရှားမှုလုပ်မည်ဟုဗကသပြော

ဖနိဒါ တနင်္လာနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြေအောက်လှုပ်ရှားနေသောဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗကသ အဖွဲ့ကအစိုးရကိုစမ်းသပ်သောနိုင်ငံရေးလှုပ်ရှားမှုတခုကိုမကြာမီရက်ပိုင်းအတွင်းလုပ်ဆောင်သွားမည်ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဟန်ဝင်းအောင်က ပြောသည်။
ဗကသအဖွဲ့ချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့သည့်၎နှစ်ပြည့်မြောက်ဖြစ်သောသြဂုတ်၂၈ရက်နေ့ကဒီမိုကရေစီ လိုလားသောကျောင်းသားတက်ကြွလှုပ်ရှားသူများနှင့်နိုင်ငံရေးအကျဉ်းသားမိသားစုဝင်၆၀ကျော်တို့၏ တွေ့ဆုံဆွေးနွေးမှုတခုမှသည်အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုများ ပြုနေသော သမ္မတဦးသိန်းစိန်အစိုးရကမည်သို့တုံ့ပြန်မည်ကိုသိရှိလိုသဖြင့်လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။ မည်သို့သောလုပ်ဆောင်မှုမျိုး ဖြစ်မှာလည်းဆိုခြင်းကိုထုတ်ဖော်ပြောဆိုခြင်းမပြုပါ။
“ဒီလိုလှုပ်ရှားမှုကိုအစိုးရကဘယ်လိုတုံ့ပြန်လာမလဲ၊သွေးတိုးစမ်းကြည့်အစိုးရကိုစမ်းသပ်သောနိုင်ငံရေးလှုပ် ရှားမှုတခုကိုမကြာမီရက်ပိုင်းအတွင်းဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က လုပ်ဆောင်ရန်ရှိတာပေါ့။အစိုးရကဒါကိုဘယ်လိုလုပ်လာနိုင်မလဲ။အဲဒီလိုခေါင်းဆောင်နှစ်ယောက် ပြေလည်မှုသက်သက်လား၊အဖွဲ့အစည်းရဲ့ပြေလည်မှုသက်သက်လား၊ပြည်သူလူထုအပေါ်တကယ်အကျိုး သက်ရောက်မှုရှိတဲ့အဆင့်လားဆိုတာကိုကျနော်တို့နည်း၊ကျနော်တို့ဟန်နဲ့အဖြေထုတ်တဲ့ပွဲတပွဲလည်း ဖြစ်တယ်”ဟု ကိုဟန်ဝင်းအောင်က ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကိုတရားဝင်အဖွဲ့အစည်းအဖြစ်ပြန်လည်ပေါ်ပေါက် လာအောင်ကျောင်းသားများကလိုလားလျက်ရှိနေသည်။
“ဗကသဆိုတာကသမိုင်းဆိုင်ရာအဖွဲ့အစည်းတခုဖြစ်ခဲ့တယ်။လှုပ်ရှားဆောင်ရွက်မှုတွေကိုလူထုကြားထဲမှာ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ကိုယ့်ရဲ့တရားဝင်မှုကိုပီပီပြင်ပြင်ဆောင်ရွက်သွားဖို့လုပ်ရှားမှုရဲ့အစပါ။တရားဝင်ပုံစံ မဟုတ်ဘဲလှုပ်ရှားမှုတွေကိုလူထုကြားထဲမှာကျောင်းသားထုကြားထဲမှာပီပီပြင်ပြင်လုပ်ခြင်းအားဖြင့်မိမိရဲ့ အဆင့်နဲ့ နေရာကို ပြန်လည်ရယူတဲ့ပုံစံ သွားချင်တယ်”ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

တနင်္ဂနွေနေ့ကရန်ကုန်တိုင်းအင်းစိန်မြို့နယ်ဖော့ကန်ရပ်ကွက်ဂျပန်လမ်းမှတ်တိုင်ရှိဗကသကျောင်းသူ မဖြိုးဖြိုးအောင်၏နေအိမ်တွင်အာဏာပိုင်များထံမှခွင့်တောင်းခြင်းမရှိသောစုံစည်းမှုပြုလုပ်ပြီး “ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးခွန်အားဖြစ်စေမည့်လှုပ်ရှားမှု”ခေါင်းစဉ်ဖြင့်နိုင်ငံရေးအကျဉ်းသားမိသားစု ဝင်များကသူတို့၏သားသမီးများအပေါ်ထားရှိသည့်သဘောထားနှင့်လက်ရှိအခြေအနေများကိုတဦးချင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
အင်္ဂလိပ်ကိုလိုနီလက်အောက်ဖြစ်ဆဲမေလ၈ရက်နေ့၊၁၉၃၆ခုနှစ်တွင်ကျောင်းသားများသမဂ္ဂကို တရားဝင် စတင်ဖွဲ့စည်းခဲ့သည်။၁၉၅၁ခုနှစ်တွင်နိုင်ငံတဝန်းကျောင်းသားထုအားကိုယ်စားပြုမည့်ဗကသ အဖွဲ့ချုပ်အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်း၏တော်လှန်ရေးကောင်စီကတိုင်းပြည်အာဏာကိုသိမ်းပိုက်ပြီးနောက်၁၉၆၂ခုနှစ် ဇူလိုင်လ၇ရက်နေ့အရောက်တွင်တက္ကသိုလ်ကျောင်းသား၏ ငြိမ်းချမ်းစွာဆန္ဒပြပွဲများကိုပစ်ခတ်နှိမ်နင်းခဲ့ပြီး နောက်တနေ့ တွင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့သည်။
လက်ရှိထောင်ဒဏ်၆၅နှစ်ကျခံနေရသောကိုမင်းကိုနိုင်၊ကိုကိုကြီးအစရှိသောကျောင်းသားခေါင်းဆောင်များ ဦးဆောင်မှုဖြင့်၁၉၈၈လူထုအုံကြွမှုအတွင်းဗကသမှာနိုးကြားတက်ကြွလာခဲ့သည်။သို့သော်စစ်တပ်က တကျော့ပြန်အာဏာသိမ်းပြီးနောက်ကျောင်းသားခေါင်းဆောင်အများအပြားထောင်ကျသူကျ၊ ပြည်ပနိုင်ငံများသို့ထွက်ပြေးသူများနှင့်တိမ်းရှောင်နေရသူများဖြစ်ခဲ့သည်။၂ဝဝ၇ခုနှစ်တွင်မျိုးဆက်သစ် ကျောင်းသားများကဗကသပြန်လည်ဖွဲ့စည်းခဲ့ရာကိုကျော်ကိုကိုပါဝင်ဦးဆောင်ခဲ့သည်။၂ဝဝ၈ ခုနှစ်တွင် ကိုကျော်ကိုကိုအဖမ်းခံရပြီးဗကသကိုတရားမဝင်ဖွဲ့စည်းမှုအပါအဝင်စုစုပေါင်းထောင်ဒဏ် ၈ နှစ်ချမှတ်ခံရသည်။



အာမခံချက်ရှိလို့ဒီခြေလှမ်းတွေလှမ်းနေတာဖြစ်တယ်

ရဲဘော်ဖိုးသံချောင်း တနင်္လာနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၉ မိနစ် .
ပြီးခဲ့တဲ့၁၇ရက်နေ့တုန်းကကြံ့ဖွတ်သမ္မတဦး(ဗိုလ်)သိန်းစိန်ကမဟာမိန့်ခွန်းကြီးတခုချွေပြီးတဲ့နောက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကမ်းလှမ်းတယ်ဆိုတဲ့ကြေညာချက်တခုဆက်ထွက်လာပါတယ်။သူတို့ဟာ သတင်းစာရှင်းလင်းပွဲဆိုတာတွေတခြိမ်းခြိမ်းကျင်းပသလိုဒေါ်အောင်ဆန်းစုကြည်ကိုကြပ်ပြေး နေပြည်တော်ကိုခေါ်ဆွေးနွေးတာတွေလည်းလုပ်ပါတယ်။မီဒီယာသမားတွေအတွက်တော့ သတင်းစည်ဝေနေတဲ့ ကာလပေါ့။
ဦး(ဗိုလ်)သိန်းစိန်ရဲ့မိန့်ခွန်းမှာပါတဲ့ဗမာပြည်ကထွက်သွားသူတွေဗမာပြည်ကိုပြန်လာနိုင်ပါတယ် ဆိုတာရော၊ပြည်ထောင်စုအစိုးရအဖွဲ့အတွင်းရေးမှူးနာမည်နဲ့ထုတ်တဲ့“ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း”ဆိုတာကိုရောပါဘယ်သူကမ(လက်နက်ချချင်သူကလွဲရင်)အလေးအနက်ထားတာ၊ ယုံကြည်တာမရှိပေမယ့်တက်ကာစကြံ့ဖွတ်အစိုးရဟာတယ်လဲခြေသွက်လှပါကလားလို့ပြောစရာ ဖြစ်နေပါတယ်။အခုကာလကိုဗမာပြည်နိုင်ငံရေးမှာကြံ့ဖွတ်အစိုးရသစ်ကနိုင်ငံရေးထိုးစစ်တွေဆင် စဆင်တဲ့ ကာလလို့ဆိုရင် ရမယ်ထင်ပါတယ်။
အစိုးရ“အသစ်”တရပ်ပေါ်ပေါက်လာလို့လေးလလောက်ကာလပိုင်းအတွင်းမှာဒါလောက်များပြားတဲ့ ခြေလှမ်းတွေ၊ဒါလောက်မျက်စေ့လည်စရာကောင်းတဲ့ပရိယာယ်တွေကိုတခုပြီးတခုအခုလိုဆက်တိုက် ဖော်ထုတ်လာတာကိုတွေ့ရတော့ဒါတွေဟာဒီအစိုးရမပေါ်ပေါက်မီကထဲကစီမံကိန်းချ ပြင်ဆင်ထားတာလေလား၊ဗိုလ်သန်းရွှေတို့ရဲ့ရွှေဉာဏ်တော်များလား၊မစဉ်းစားပဲမနေနိုင်ပါဘူး။ တစက်ကလေးမှသတင်းမပေါက်ပဲခြေလှမ်းတမျိုးပြီးတမျိုးလုပ်လာတာတွေကိုတွေ့တော့နဝတ-နအဖခေတ်များကလုပ်နည်းတွေကိုလည်းသတိရစေပါတယ်။တဆက်ထဲမှာပဲတခြားဘာတွေ လုပ်လာဦးမှာလဲ၊ဒီလိုစီမံပြင်ဆင်ပြီးတာတွေရှိနေတော့အခုလုပ်နေတဲ့အလုပ်ရုံတို့၊ရှင်းလင်းပွဲတို့မှာ ပြောကြတဲ့အစိုးရမဟုတ်သူတွေရဲ့အမြင်တွေကိုဘယ်လောက်အထိလက်ခံစဉ်းစားမှာလဲဆိုတာ တွေးတောစရာ ဖြစ်လာပါတယ်။
ဒီနေရာမှာနဝတ-နအဖတို့နဲ့ဒီနေ့ကြံ့ဖွတ်အစိုးရတို့အကြားမတူညီတာတချို့ကိုထောက်ပြဖို့ လိုတယ်ထင်ပါတယ်။နဝတ-နအဖစစ်အစိုးရတွေအာဏာယူထားတဲ့အချိန်မှာရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့အရှိန်ကရှိနေပါတယ်။ပြည်တွင်းပြည်ပအနေနေရာရာမှာအပြတ်ဆန့်ကျင်တာ ခံနေရပါတယ်။သူတို့ကိုယ်တိုင်ကအာဏာသိမ်းအစိုးရဖြစ်နေပါတယ်။သူတို့အဖို့ပြဿနာရယ်လို့ပေါ်လာရင် အချိန်ဆွဲမနေနိုင်ပါဘူး။ကြမ်းတန်ကြမ်း၊ရမ်းတန်ရမ်း၊ချက်ချင်းလက်ငင်းအရေးယူရပါတယ်၊ ကိုယ့်အရိပ်ကိုယ်တောင်လန့်နေရတာမို့(ဗိုလ်စောမောင်၊ဗိုလ်ခင်ညွန့်အပါ အဲဒီကာလအတွင်း သူတို့အချင်းချင်းအရေးယူခဲ့ရတာတွေနည်းသမို့လား)အခု(ဦး)ဗိုလ်သိန်းစိန် အစိုးရ လုပ်သလို သဏ္ဌာန်အရ ဟန်ပြတွေကိုတောင် မလုပ်ဝံ့ပါဘူး။
ဒီကြံ့ဖွတ်အစိုးရကျတော့သူတို့ကအာဏာသိမ်းအစိုးရမဟုတ်ဘူးလို့ ပြောလို့ ရသလို ဖြစ်နေပါတယ်။
နောက်ပြီးအနောက်နိုင်ငံတွေဘက်ဆီကလည်း မျက်ရိပ်ပြသူကပြ ဖြစ်နေပါတယ်။ဗမာပြည်က၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်းစစ်အစိုးရတွေအဖို့ဒီနေ့ဟာအနောက်နိုင်ငံတွေနဲ့အနီးစပ်ဆုံးအခြေအနေလို့ ပြောရင်ရပါတယ်။ဒါ့အပြင်အာဆီယံဥက္ကဋ္ဌနေရာလိုမက်လုံးတွေကလည်းရှိနေတော့ ကြံ့ဖွတ် အစိုးရအနေနဲ့ ဘာမှမရလည်း အရင်းမို့ စွန့်စားရကျိုးနပ်သလို ဖြစ်နေပြီး အခုဒီကိစ္စတွေကို လုပ်တော့တာ ဖြစ်ပါတယ်။
ဒါဖြင့်ဒီသတ္တိတွေကိုသူတို့ဘယ်ကရနေတာလဲ။အင်မတန်ရှင်းပါတယ်။သူတို့နောက်မှာစစ်တပ်ရှိနေတယ်၊ စစ်တပ်ဟာသူတို့ရဲ့စစ်တပ်ပဲ။စစ်တပ်နဲ့သူတို့ဟာတသားတည်းရှိနေတယ်ဆိုတဲ့အာမခံချက် ရှိနေတာက တကြောင်း၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကလည်းအာမခံချက်ပေးထားတယ်ဆိုတဲ့ အကြောင်းတွေကြောင့်ဖြစ်ပါတယ်။ သူတို့ ဒီနေ့လှမ်းနေတဲ့ ခြေလှမ်း မှန်သမျှကို ဒီ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်ထဲကထွက်မသွားအောင်လှမ်းနေတာချည့်ဖြစ်တယ်ဆိုတာကိုသတိထားသင့်ပါတယ်။ နောက်တချက်ကသူတို့အနေနဲ့ဘယ်သူ၊ဘယ်အဖွဲ့အစည်းနဲ့ဆက်ဆံဆက်ဆံဒီ၂ဝဝ၈ ဖွဲ့စည်းပုံ ဘောင်ထဲကို ဆွဲသွင်းဖို့လုပ်နေတယ်ဆိုတာဖြစ်ပါတယ်။လက်နက်ကိုင်အင်အားစုတွေနဲ့စကားပြောရင်တောင် ဒီဘောင်ထဲကိုအတင်းဆွဲသွင်းပြောနေတာကိုသတိထားမိကြမှာပါ။(ဦး)ဗိုလ်သိန်းစိန်-ကြံ့ဖွတ် အစိုးရရဲ့ဒီမိုကရေစီဆိုတာ ဒီဘောင်ထဲမှာပဲဖြစ်ပါတယ်။
ဒီတော့သူတို့အနေနဲ့အခုအခါမှာဒီဘောင်ထဲမှာအပျော့ဆွဲဆွဲတာ၊ကြောင်ချေးလို ပြောတာတွေ လုပ်နိုင်နေပါ
တယ်။ တချို့ကိစ္စတွေမှာဆိုရင် သူတို့အဖို့ အချိန်ဆွဲနိုင်လေ၊ အပျော့ဆွဲနိုင်လေ အကျိုးရှိတာတွေတောင် တွေ့လာရ ပါတယ်။ တပါထဲမှာ သူတို့နဲ့ မတူတဲ့ နိုင်ငံရေး အင်အားစုတွေကို ထန်းလျက်လုံး ခွေးလျက်သလို လုံးပါးပါးသွားအောင်လည်း လုပ်နေပါတယ်။ ခြိမ်းခြောက်တဲ့ အချိန်မှာ ခြိမ်းခြောက်လိုက်၊ အကြိုက်ပြတဲ့ အချိန်မှာ အကြိုက်ပြလိုက်၊ သူတို့စိတ်ကြိုက် ကစားလို့ ရသလို ဖြစ်နေပါတယ်။
ဒီနေရာမှာတချို့က ‘ဒင်းတို့ ဒီလို မလုပ်လဲ မရဘူးလား’ လို့ မေးကောင်းမေးပါတယ်။ မရဘူး မဟုတ်ပါဘူး။
အာဏာကိုထိန်းထားရုံကတော့ရပါတယ်။ဒါပေမဲ့ပြဿနာကသူတို့ရဲ့ အရင်းအနှီးတွေပါ။ ကနေ့ ဗမာပြည်က စစ်အာဏာရှင်တွေကို ကြည့်ရင် သေနတ်ကိုင်ထားတဲ့ လူဆိုးတွေပဲလို့မြင်ရင် အကုန် မမြင်နိုင်သေးဘူးလို့
ပြောရပါမယ်။သူတို့ရဲ့လက်ထဲမှာသေနတ်သာရှိတာမဟုတ်ပါဘူး။ဓနတွေလည်းအများကြီး ရှိနေပါတယ်။ ဓနဆိုတာမပြတ်ပွားနေဖို့လိုတာပါ။အဲဒီလိုတိုးပွားရေးနဲ့နဂိုသူတို့ရဲ့အာဏာယန္တရားဟာပဋိပက္ခ ဖြစ်လာနေပါတယ်။ဒါကိုသူတို့ထဲကလူတွေကမကျေနပ်တာတွေများသထက်များလာနေပါတယ်။သူတို့ချင်း တောင်ကျရေနွားနှစ်ကောင်မဝသလိုဖြစ်တာတွေများသထက်များလာနေတော့ပြည်ပကိုတံခါးဖွင့်ဖို့ ကြိုးစားပမ်းစား လုပ်ရပါတော့တယ်။
ဒီလိုလုပ်တဲ့ အတွက် သူတို့မှာ အန္တရာယ် မရှိဘူးလားဆိုတော့ ရှိသလောက် ရှိတာပဲလို့ ပြောရမှာပါ။ ဒါပေမဲ့
သူတို့မှာ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာရဲ့ အာမခံချက်က ရှိနေပါတယ်။ အထူးသဖြင့် ဒီဖွဲ့စည်းပုံ
ဥပဒေ“အခန်း၁၁-အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ”မှာ ပါတဲ့ ဒီစာပိုဒ်ပါ-၄၁၈(က)“နိုင်ငံတော် သမ္မတသည်နိုင်ငံတော်အတွင်းမူလအခြေအနေသို့ အမြန် ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုနိုင်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်”ဆိုတဲ့ အာဏာသိမ်းခွင့် လိုင်စင် ပေးထားတဲ့ အချက်ပါပဲ။





zaterdag 27 augustus 2011

နိုင်ငံတော်စီမံကိန်းအကြောင်းပြလယ်မြေသိမ်းကာပြန်လည်ရောင်းချမှုများရှိ

ဟိန်းဇော် Saturday, 27 August 2011 11:55
.မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်သကံ္ကချိုင်းအုပ်စုညောင်ကုန်းကျေးရွာရှိစိုက်ပျိုးမြေများ၊စားကျက်မြေများ၊ ထင်းစိုက်ခင်းမြေဧက၅၀၀ကိုကော်ဖီစီမံကိန်းဟုဆိုကာအတင်းအဓမ္မသိမ်းယူထားပြီးနောက်ယခုအခါ ကော်ဖီစီမံကိန်းကိုတိတိကျကျအကောင်အထည်မဖော်ဘဲသိမ်းယူမြေတချို့အားတရုတ်လူမျိုးများကို ရောင်းချလျက် ရှိနေကြောင်း ညောင်ကုန်း ကျေးရွာ ဒေသခံများက ဆိုသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းမှမြေယာများကိုနိုင်ငံတော်စီမံကိန်းအတွက်ဟုအကြောင်းပြ၍ သိမ်းယူလျက်ရှိသည်(ဓာတ်ပုံ-myanmarfriendsday.net)
သကံ္ကချိုင်းအုပ်စုညောင်ကုန်းကျေးရွာရှိကွင်းအမှတ်၆၈၈နှင့်၇၄၇မှကျေးရွာစိုက်ပျိုးမြေဧက၅၀၀ကို နိုင်ငံတော်ကော်ဖီစီမံကိန်းအဖြစ်၂၀၀၈ခုနှစ်ကလယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိမ်းယူခဲ့ခြင်း ဖြစ်သည်။
စိုက်ပျိုးမြေများသိမ်းယူစဉ်ကစိုက်ပျိုးဆဲသီးနှံများအတွက်လျော်ကြေးငွေအပါအဝင်မြေအစားချထားရန် တင်ပြခြင်း၊သဘောတူလက်မှတ်ထိုးခြင်းများမပြုလုပ်ခဲ့ဟုဒေသခံများက ပြောသည်။
“သိမ်းသွားတုန်းကတော့ကော်ဖီစီမံကိန်းအတွက်ပဲ။အခုကျတော့ခေတ်သစ်လယ်ယာမြေနဲ့အထွေထွေစီးပွား ရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်ဆိုပြီးဖြစ်သွားပြီ။ဒါလိမ်လည်သိမ်းယူခဲ့တာပါ။ဒီလို လိမ်လည်သိမ်းယူမှုကိုမကျေနပ်ကြတဲ့အတွက်မန္တလေးတိုင်းဝန်ကြီးချုပ်ဆီတင်ပြခဲ့ပါတယ်။ဝန်ကြီးချုပ်က ထိထိရောက်ရောက်မဆုံးဖြတ်ပေးဘူး”ဟုညောင်ကုန်းကျေးရွာမှတောင်သူ ဦးမောင်စိန်ကဆိုသည်။
စိုက်ပျိုးမြေသိမ်းယူခံရသောတောင်သူများနှင့်ရပ်မိရပ်ဖများကမန္တလေးတိုင်းဝန်ကြီးချုပ်ထံ စစ်ဆေးစုံစမ်းပေးရန်တင်ပြထားသော်လည်းစုံစမ်းစစ်ဆေးရေးအဖွဲ့၏ဆုံးဖြတ်ချက်တစုံတရာ ထွက်လာခြင်းမရှိသေးဘဲခေတ်သစ်လယ်ယာမြေနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း လီမိတက်ကသိမ်းယူထားသည့်မြေကွက်များကိုရောင်းချနေခြင်း၊တောခုတ်ရှင်းလင်းခြင်း၊ မြေယာပြုပြင်ခြင်းများအား ရပ်ဆိုင်းပေးရန် တောင်သူ ၁၃၇ ဦး က တောင်းဆိုထားသည်။
“ကျနော်တို့သြဂုတ်လ၁ရက်နေ့ကတောင်သူ၁၃၇ဦးသဘောတူလက်မှတ်ထိုးရေးထိုးပြီးသမဝါယမအသင်း ဥက္ကဋ္ဌကိုတောင်းဆိုခဲ့တယ်။နိုင်ငံပိုင်သိမ်းပြီးသားမြေကသမဝါယမပိုင်ဖြစ်စရာအကြောင်းမရှိပါဘူး။အခု တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကိုရောင်းဖို့မြေကွက်တွေလိုက်ပြတာတွေဆက်လုပ်နေတုန်းပဲ။ တောင်သူတွေရဲ့စားဝတ်နေရေးခက်ခဲနေပြီးလယ်ပိုင်ရှင်တွေသူရင်းငှားဘဝရောက်နေရတာကို စာနာသင့်တယ်” ဟု အဆိုပါ ကိစ္စရပ်ကို လိုက်လံ ဆောင်ရွက်ပေးနေသူ တဦးက ဧရာဝတီသို့ ပြောသည်။
စိုက်ပျိုးမြေသိမ်းခံရသူတောင်သူများအနေဖြင့်သိမ်းယူမြေများကိုနိုင်ငံအတွက်လိုအပ်သလို အသုံးပြုနိုင်သော်လည်းနိုင်ငံအကြောင်းပြ၍တောင်သူလယ်သမားများကိုအနိုင်ကျင့်ခြင်းအား လက်မခံနိုင်သဖြင့်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှမြေသိမ်းယူကြောင်းအမိန့်စာ ထုတ်ပြန်ပေးရန်တောင်သူများကတောင်းဆိုထားသော်လည်း အမိန့်စာထုတ်ပြန်ခြင်းမရှိသေးပေ။
ယင်းကိစ္စရပ်နှင့်ပတ်သတ်၍ဒေသခံရွာသားများကမြို့နယ်အဆင့်၊ခရိုင်အဆင့်အုပ်ချုပ်ရေးမှူးများထံ တင်ပြထားသည်ဟု သိရသည်။
“သူတို့လောဘကြီးအဓမ္မသိမ်းခဲ့တဲ့မြေနေရာတွေမှာကော်ဖီစီမံချက်ကိုအမှန်တကယ်အကောင်အထည် မဖော်နိုင်ဘူး။မစိုက်ပျိုးဘဲပစ်ထားခဲ့တဲ့အတွက်မြေယာမဲ့တောင်သူတွေနဲ့ စိုက်ပျိုးမြေ သိမ်းဆည်းခ့ရတဲ့ တောင်သူတွေက ပြန်လည် စိုက်ပျိုးချင်ကြတယ်” ဟု လိုက်လံဆောင်ရွက်ပေးနေသူက ဆိုသည်။
တောင်သူများစိုက်ပျိုးနေသည့်စိုက်ပျိုးမြေများမှာမြို့နယ်မြေစာရင်းဦးစီးဌာနမှမြေခွန်စည်းကြပ် ပေးဆောင်နေသောသီးစားချထားသည့်မြေများဖြစ်ပြီးမြေလွတ်မြေရိုင်းများမဟုတ်ကြောင်း၊သို့သော် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်ဝန်ကြီးဌာနမှမြေလွတ်မြေရိုင်းဟုသတ်မှတ်ထားကြောင်း ၎င်းကပြောသည်။
ခေတ်သစ်လယ်ယာမြေနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ တရုတ်လူမျိုးများအားရောင်းချရန်လိုက်လံပြသနေသောမြေဧက၅၀၀ မှာမန္တလေးတိုင်းပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်-မိုးကုတ်လမ်း အနောက်ဘက်အခြမ်းတွင် တည်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် အဆောက်အအုံ တည်ဆောက်ရန်ဟု ဆိုကာ မုံရွာမြို့ အိုးဘိုထောင်ရပ်ကွက်ရှိ မြေဧက ၆၀ ခန့်ကိုလည်း ပြီးခဲ့သည့် နှစ်က စတင်သိမ်းယူခဲ့ကြောင်း၊ မြေပေါ်တွင် စိုက်ပျိုးထားသည့် သီးနှံများနှင့် ဆောက်လုပ်ထားသည့် အဆောက်အအုံ တန်ဖိုးကို ထိုက်တန်စွာ လျော်ကြေးမပေးဘဲ ပြောင်းရွှေ့ခသာပေးကြောင်း၊ ထို့အတွက် လာမည့် တနင်္လာ နေ့တွင် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးထံ စာရေးသား ပေးပို့မည်ဖြစ်ကြောင်း မြေသိမ်းခံရသည့် တောင်သူ ဦးသောင်းထွန်း ကပြောသည်။
“နှစ်သုံးဆယ်ဂရန်ကျပြီးသားမြေတွေကိုသိမ်းတာ။သနပ်ခါးပင်တွေ၊သရက်ပင်တွေပါတယ်၊လျော်ကြေးပေး မယ်ပြောတယ်ဒါပေမယ့်မရသေးဘူး”ဟု၎င်းကဆိုသည်။
တောင်သူ ဦးသောင်းထွန်းမှာ မြေ ၄. ၇၅ ဧက သိမ်းဆည်းခံခဲ့ရကြောင်း၊ မြေသိမ်းမှုကို လက်ခံသော်လည်း ထိုက်တန်သည့် လျော်ကြေးငွေ သို့မဟုတ် မြေကွက်အစား ပြန်လိုချင်ကြောင်း ပြောသည်။
မြေသိမ်းခံခဲ့ရသည့်ဒေါ်အေးအေးကလည်း၎င်းလုပ်ကိုင်နေသည့်လယ်ယာမြေထဲမှ၁၀ဧကကို သိမ်းဆည်းခံရ သော်လည်းလျော်ကြေးငွေမရသေးကြောင်း၊သိမ်းဆည်းစဉ်ကလယ်တဧကလျှင်ပေ ၈၀ ပတ်လည် မြေကွက် ၁ကွက်အစားပြန်ပေးမည်ဟုမြို့နယ်အုပ်ချုပ်ရေးအရာရှိများကပြောဆိုသော်လည်းမရရှိကြောင်း ရှင်းပြသည်။
ထိုသို့လျော်ကြေးမရရှိသည့်အတွက်အိုးဘိုထောင်တိုးချဲ့ရပ်ကွက်ရှိ နစ်နာသည့် တောင်သူများက စုပေါင်း၍ လက်မှတ်ထိုးကာ တောင်းဆိုကြမည်ဟု သူက ဆက်လက် ပြောသည်။

vrijdag 26 augustus 2011

စစ်ဘက်အရာရှိဟောင်းကိုအီလက်ထရောနစ်ဥပဒေဖြင့်၁၀နှစ်ထောင်ချ

သဲသဲ သောကြာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၄ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိမစ္စတာကွင်တားနားမြန်မာနိုင်ငံမှထွက်ခွာအပြီး
နောက်ရက်တွင်ပင်သွေးလှူဒါန်းရေးပါဝင်လှုပ်ရှားနေသူဗိုလ်ကြီးဟောင်းနေမျိုးဇင်ကိုအီလက်ထရောနစ်
ဥပဒေဖြင့်အင်းစိန်ထောင်အထူးတရားရုံးကသောကြာနေ့တွင်ထောင်ဒဏ်၁ဝနှစ် အမိန့် ချမှတ်လိုက်သည်။
ရုံးတင်စစ်ဆေးမှု၎လနီးပါးအကြာတွင်စီရင်ချက်ချလိုက်ခြင်းဖြစ်ပြီးမိသားစုဝင်များပင်တက်ရောက် နာကြားခွင့်မရှိသော၁နာရီခန့်ကြာတံခါးပိတ်တရားခွင်တွင်ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ဦးခင်မောင်ကဦးနေမျိုးဇင်၏အီးမေးလ်များအတွင်းတပ်မတော်ကိုသိက္ခာချထားသည့်ဆောင်းပါးကို တွေ့ရှိသဖြင့်ပြစ်မှုကျူးလွန်ကြောင်းဖတ်ကြားသွားသည်ဟုတရားခွင်မှပြန်လာသူတရားခံ၏ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။
ထောင်တွင်းချော်လဲရာကခါးရိုးအက်နေ၍လက်တွန်းလှည်းဖြင့်တရားခွင်လာရသူ ဦးနေမျိုးဇင်က"တိုင်းပြည် အတွက်သစ္စာရှိရှိနဲ့လုပ်ဆောင်ခဲ့တဲ့လူငယ်တယောက်ကိုထောင်၁ဝနှစ်ချမှတ်ပြီးထောင်ထဲမှာ အချိန်ကုန်ခိုင်းလိုက်တာဟာလုံးဝမတရားမျှတမှုမရှိဘူး။အယူခံလည်းမဝင်ဘူး"ဟုတရားသူကြီးကို ပြန်လည် ပြောဆိုကြောင်း ဦးလှမျိုးမြင့်က ပြန်ပြောပြသည်။
ဦးနေမျိုးဇင်၏ရှေ့နေများကမူအမှုကိုအယူခံဝင်ရန်ဆန္ဒရှိပြီး ဥပဒေလမ်းကြောင်းဆုံးသည် အထိဆောင်ရွက်
ရန်ကြိုးပမ်းမည်ဟုဆိုသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ရှေ့နေများဖြစ်သော ဦးလှမျိုးမြင့်နှင့်ဒေါ်ခင်ဌေးကြွယ် တို့က သူ၏အမှုတွင် လိုက်ပါကူညီပေးနေသည်။
“ဒီစာရွက်စာတမ်းတွေဟာသူ့ဆီကရပါတယ်။ရေးပါတယ်ဆိုတဲ့အကြောင်းထင်ရှားအောင်မပြနိုင်ဘူး၊ စာရွက်
စာတမ်းနဲ့ ကွန်ပျူတာတွေ သိမ်းတုန်းကလည်း ဥပဒေကျင့်ထုံးတွေနဲ့ မညီကြောင်းကို ကျနော်တို့ ရုံးတော်မှာ တင်ပြထားခဲ့ပါတယ်”ဟု ဦးလှမျိုးမြင့်က ပြောသည်။
အီးမေးလ်ပါဆောင်းပါးတွင်ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နှင့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်NLDဗဟို အလုပ်မှုဆောင်ဦးဝင်းတင်တို့ကပြည်ပမီဒီယာများတွင်တပ်မတော်နှင့်ပတ်သက်၍ ပြောဆိုထားမှုများ ထည့်သွင်းရေးသားထားပြီးယနေ့ခေတ်စစ်သားများ၏စိတ်ဓာတ်ပျက်ပြားနေမှုအကြောင်းများ ပါဝင်သည်ဟုဆိုသည်။ ယင်းဆောင်းပါးပါ အသေးစိတ် အကြောင်းအရာများကို မသိနိုင်သေးပါ။
ဦးနေမျိုးဇင်သည်တပ်မတော်တွင်၁ဝနီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီး၂ဝဝ၅ခုနှစ်၌တပ်မှ နှုတ်ထွက်ခဲ့သူဖြစ်ကာနိုင်ငံရေးပါတီဝင်မဟုတ်ဘဲ လူမှုရေး လုပ်ငန်းများတွင်ကူညီလေ့ရှိသူ ဦးနေမျိုးဇင်မှာ ခါးဒဏ်ရာကြောင့် အင်းစိန်ထောင်မှနေ၍ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးကုဆေးရုံသို့ ယခင် တပတ်မှစ၍ သွားရောက် ကုသနေရသည်။
အဖမ်းမခံရခင်ကအင်တာနက်ဆိုင်ပိုင်ရှင်တဦးလည်းဖြစ်သူဦးနေမျိုးဇင်ကိုဧပြီလ၂ရက်နေ့က တောင်ဒဂုံနေအိမ်တွင်အထူးရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အာဏာပိုင်များကဖမ်းဆီးခဲ့ခြင်းဖြစ်ကာ၊ ၂ ပတ်အကြာတွင်နေအိမ်ရှိကွန်ပျူတာနှင့်မိုဘိုင်းလ်ဖုန်းတို့ကိုလည်း ထပ်မံသိမ်းယူခဲ့သည်။ ယင်းနောက် အထူးရဲတပ်ဖွဲ့ ဒုရဲမှူးဦးသန်းစိုးကတရားလိုပြု၍အီလက်ထရောနစ်ဥပဒေပုဒ်မဖြင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးစဉ်ကပင်ဖမ်းဝရမ်းမပါခြင်း၊ရက်သတ္တပတ် ၃ပတ်ကျော်အထိ တရားရုံးမတင်ဘဲ ဖမ်းဆီးထားခဲ့သဖြင့်
၂ဝဝ၈ အခြေခံ ဥပဒေပါ နိုင်ငံသား ရပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အာရှ လူ့အခွင့်အရေးကော်မရှင် AHRC က ဧပြီလ နောက်ဆုံးပတ်က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရအဖွဲ့များတွေ့ဆုံမှုများပြုလုပ်ချိန်မှာပင်ဦးနေမျိုးဇင်ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းသည် အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကို သံသယ ဖြစ်စေကြောင်း တောင်ဒဂုံ BGသွေးကူညီရေး အဖွဲ့က ရှုမြင်သည်။
"အပေါ်ကလုပ်သမျှကိုအောက်ကဖျက်ဆီးနေသလိုပါပဲ”ဟုတောင်ဒဂုံ သွေးကူညီရေး BG အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုညီညီက ဆိုသည်။







သဘောကွဲလွဲသူများကို ထောင်ချရာတွင် အသုံးပြုလေ့ရှိသည့် အီလက်ထရောနစ် ဥပဒေကို ၂ဝဝ၄ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ အီလက်ထရောနစ် ဆက်သွယ်ရေး ကိရိယာများကို အသုံးပြု၍ နိုင်ငံတော်လုံခြုံရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက် ပျက်ပြားစေမှု၊

နိုင်ငံတော် လျှို့ဝှက်ချက် ပြင်ပပေါက်ကြားစေမှု စသည့် ကိစ္စများနှင့် အကျုံးဝင်ပြီး အနည်းဆုံး ၇ နှစ်မှ ၁၅ နှစ် အထိ ထောင်ဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။





donderdag 25 augustus 2011

ဒီပဲယင်းအရေး ကုလသို့ တင်မည်

လင်းသန့် Thursday, 25 August 2011 19:17
.ဒီပဲယင်းဒေသတွင်ဒေါ်အောင်ဆန်းစုကြည်အကြမ်းဖက်တိုက်ခိုက်ခံရမှု၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တရားဝင်ဆက်လက်ရပ်တည်ရေးစသည့်အကြောင်းအရာများပါဝင်သောကုလသမဂ္ဂသို့ပေးပို့မည့် အစီရင်ခံစာကိုအင်္ဂါနေ့ကကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိမစ္စတာသောမတ်အိုဟေးကင်တားနားကို တင်ပြလိုက်သည်ဟု သိရသည်။
ဗုဒ္ဓဟူးနေ့ကဒေါ်အောင်ဆန်းစုကြည်နှင့်ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိမစ္စတာကင်တားနားတို့ ဆွေးနွေးပွဲအပြီးသတင်းထောက်များနှင့်တွေ့ဆုံခဲ့သည်(ဓာတ်ပုံ-ဧရာဝတီ)
“အစီရင်ခံစာကိုမစ္စတာကင်တားနားကိုပြတယ်။ပါတီရပ်တည်ရေးအပါအ၀င်ကိစ္စတွေကိုပါ။သူကဥပဒေ ပညာရှင်မဟုတ်တော့ကျွမ်းကျင်တဲ့ဥပဒေပညာရှင်တယောက်နဲ့ကျနော်တို့နဲ့ညှိနှိုင်းလုပ်ဆောင်နိုင်ဘို့ အမြန်ဆုံးမြန်မာနိုင်ငံကိုစေလွှတ်ဖို့စီစဉ်မယ်လို့ပြောပါတယ်”ဟုNLDခေါင်းဆောင်တဦးဖြစ်သူဦးဉာဏ်ဝင်းကပြောသည်။
၂၀၀၃ခုနှစ်မေလ၃၀ရက်နေ့ကဒေါ်အောင်ဆန်းစုကြည်၏မော်တော်ယာဉ်တန်းကိုစစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင်တုတ်၊ဓား၊လက်နက်ကိုင်ဆောင်သူများ၏တိုက်ခိုက်မှုကြောင့်ပါတီဝင်တချို့ သေဆုံးခဲ့ရသည့်အမှုကို အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ခြင်း မပြုသေးပေ။
NLDပါတီဥပဒေအကြံပေးအဖွဲ့ကရေးသားပြုစုထားသည့်ထိုအစီရင်ခံစာကိုအကြမ်းဖက်မှုဖြစ်ပွားပြီး၈နှစ်အ ကြာတွင်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။
မြန်မာပြည်တွင်ရောက်နေသောကုလလူ့အခွင့်အရေး အထူးစုံးစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားသည် ယမန်နေ့က NLD ခေါင်းဆောင်များကို တွေ့ဆုံခဲ့သည်။
“မနေ့ကတော့မစ္စတာကင်တားနားကနေပြည်တော်မှာလူ့အခွင့်အရေးသင်တန်းပေးခဲ့တာတို့၊မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေတိုးတက်လာဖို့အစိုးရရဲ့တာဝန်ရှိသူတွေကိုပြောခဲ့တာတို့နေပြည်တော် အတွေ့အကြုံကိုရှင်းပြတယ်။ကျနော်တို့ဘက်ကလည်းလူ့အခွင့်အရေးလုပ်ငန်းတွေနဲ့ပတ်သက်တာတွေ လုပ်ဆောင်နေတာတွေကို ရှင်းပြတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိသည်မြန်မာပြည်တွင်  ရှိနေစဉ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်သာမကဒီမိုကရေစီအရေး၊လူ့အခွင့်အရေးလှုပ်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။ယနေ့ နေ့လယ်ပိုင်းတွင် မစ္စတာ ကင်တားနားသည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုမြတ်သူအပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည့် ဒေါက်တာနေ၀င်း၊ ကိုဇေယျာသော်၊ ကိုအောင်ကျော်ဆန်း စသည်တို့နှင့်လည်း နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။
“ကျနော်တို့ကတော့နိုင်ငံရေးအကျဉ်းသား အမြန်ဆုံး လွှတ်ပေးရေးကိစ္စ အဓိက ဆွေးနွေး တင်ပြဖြစ်တယ်။ အနိမ့်ဆုံးအဆင့်အနေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုမိသားစုနဲ့အနီးဆုံးထောင်တွေကို ပြန်ပြောင်းရွှေ့ပေးရေးနဲ့အကျဉ်းကျနေတဲ့မိသားစု၁ခုထဲကသူတွေကို တစုတစည်းတည်း ပြန်ထားရေးလည်း တင်ပြဆွေးနွေးတယ်” ဟု ကိုမြတ်သူက ဧရာဝတီကို ပြောသည်။
မစ္စတာကင်တားနားက ဂရုတစိုက် နားထောင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တိုက်တွန်းပြောဆိုထားကြောင်း၊ မစ္စတာကင်တားနား ကိုယ်တိုင်လည်း အစွမ်းကုန် ကြိုးစားနေကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ဇိုမီးအမျိုးသားကွန်ကရက်ခေါင်းဆောင်တဦး ဖြစ်သည့် ဦးပူကျင့်ရှင်းထန်က၁၉၉၀ရွေးကောက်ပွဲ ၀င်ခဲ့သော နိုင်ငံရေးပါတီ၈ခု၏မေတ္တာရပ်ခံစာကိုဒေါ်အောင်ဆန်းစုကြည်မှတဆင့်မစ္စတာကင်တားနားကို ပေးအပ်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“တိုင်းပြည်မှာလတ်တလောအရေးတကြီးလိုအပ်နေသည့်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက် ရေးနဲ့တိုင်းရင်းသားဒေသတွေမှာစစ်ပွဲတွေဖြစ်နေတော့အမြန်ဆုံးပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကပိုအားစိုက်ကူညီဆောင်ရွက်ပေးဖို့ပါ”ဟုဦးပူကျင့်ရှင်းထန်က ပြောသည်။
ယမန်နေ့ကသတင်းထောက်များနှင့်တွေ့ဆုံစဉ်ဒေါ်အောင်ဆန်းစုကြည်ကမစ္စတာကင်တားနားသည် မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့်ပတ်သက်ပြီးစေတနာထက်သန်စွာဆောင်ရွက်နေသကဲ့သို့ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်သူ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယနေ့ညနေပိုင်းတွင်မြန်မာနိုင်ငံ၅ရက်ခရီးစဉ်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့်မစ္စတာကင်တားနားက ခရီးစဉ်အတွင်းလူ့အခွင့်အရေးအခြေအနေလေ့လာခဲ့မှုများနှင့်ပတ်သက်၍ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

ကွင်တားနားခရီးစဉ်ကောင်းမွန်သည့်အမြင်များရှိဟုဆို

ညီသစ် ကြာသပတေးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၅၆ မိနစ် .
မဇ္ဈိမသတင်းဌာန။ ။ငါးရက်တာကြာမြင့်သည့်ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်သောမတ်အိုဟေး ကွင်တားနား၏ခရီးစဉ်တွင်အစိုးရပိုင်းမှအဆင့်မြင့်အရာရှိအများစုနှင့်တွေ့နိုင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ခဲ့ခြင်းတို့ကြောင့်အောင်မြင်သောခရီးစဉ်အဖြစ်ယင်းကရှုမြင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင်အစိုးရသစ်ပေါ်ပေါက်လာပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ရောက်ရှိလာသည့် ကွင်တားနား၏အပြန်ခရီးမတိုင်မီရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်သြဂုတ်လ၂၅ရက်နေ့ညနေတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာအစိုးရသည် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှု အလားအလာ
ကောင်းများ ရရှိရန် ခြေလှမ်းများစွာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်းနှင့်၊ ဦးသိန်းစိန် အစိုးရ၏ ကတိပြု
ပြောဆိုလုပ်ကိုင်မှုများတွင်လူမှုရေးနှင့်စီးပွားရေးဆိုင်ရာအခွင့်အရေးများနှင့်ပတ်သက်ပြီး ပြူပြင်ပြောင်းလဲမှုများ၊ အခြေခံကျသည့်လူ့အခွင့်အရေးနှင့်လွတ်လပ်မှု၊ကောင်းမွန်သောအစိုးရတို့အပြင် လွတ်လပ်ပွင့်လင်းမှုရှိသောဥပဒေဆိုင်ရာဆောင်ရွက်ချက်များပါဝင်သည်ကို ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင်ဦးသိန်းစိန်အစိုးရ၏ ပြည်ပရောက် အတိုက်အခံများ ပြန်လာရေး ကမ်းလှမ်းချက်နှင့် လက်နက်ကိုင်
အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှုများကို ကြိုဆိုသည်ဟုလည်း ဆိုသည်။
၅ရက်ကြာခရီးလည်ပတ်ပြီးနောက်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ် သောမတ်အိုဂျေကွင်တားနားကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အထူးဧည့်ခန်းဆောင်တွင် သတင်းစာဆရာများကိုရှင်းလင်းပြောကြားနေသည်ကိုတွေ့ရစဉ်။(ဓါတ်ပုံ-မဇ္ဈိမ)
ယခုကျင်းပနေသောလွတ်တော်များတွင်လူ့အခွင့်အရေးဆိုင်ရာ မြှင့်တင်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး
ဆွေးနွေးမှုများကိုတွေ့ရှိရကြောင်း၊ထို့ပြင်တိုင်းရင်သားလူမျိုးစုများနှင့် မြို့ပြနေသူများအကြား အလုပ်အကိုင် ခန့်ထားရာတွင်ခွဲခြားမှု၊မှတ်ပုံတင်ထားသည့်အဖွဲ့အစည်းများနှင့်အခြားပြည်တွင်းအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂဆိုင်ရာမှတ်ပုံတင်လိုအပ်ချက်၊မြေယာအငှားချထားခြင်းနှင့်မြေယာသိမ်းဆည်းမှု တိုင်းရင်းသားဘာသာစကားများကို အဆိုပါဒေသရှိကျောင်းများတွင် သင်ကြားရေး၊ အကျဉ်းကျနေသော ရှမ်းတိုင်းရင်းသားများလွတ်ငြိမ်းချမ်းသာခွင့်အရေး၊ရိုဟင်ဂျာများအတွက်နိုင်ငံသားကဒ် ရရှိရေးတို့ ပါဝင်ဆွေးနွေးခဲ့ကြောင်း၊သူ့အနေဖြင့်မှတ်သားမိသည်များတွင်ဆေးရုံများအတွက်ဆေးဝါးများကိစ္စ၊ တိကျသည့်မဲဆန္ဒနယ်များတွင်အစိုးရမူလတန်းကျောင်းများပြန်တည်ဆောက်ရေး၊ပုဂ္ဂလိက ကျောင်းများအတွက်တိကျသည့်မှတ်ပုတင်ကြေးအပြင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆွေးနွေး တင်ပြချက်များလည်း ပါဝင်ကြောင်း ပြောဆိုခဲ့သည်။
လွှတ်တော်ကို တိုက်တွန်းပြောဆိုခဲ့သည်မှာ ယခုအချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပူးပေါင်းမှု ကူညီမှုကို ရယူဆောင်ရွက်ရန် ပြောဆိုခဲ့သည်ဟု ကွင်တားနားက ပြောဆိုခဲ့သည်။
သူ၏ခရီးစဉ်အတွင်းသမ္မတ၏အကြံပေးအဖွဲ့နှင့်လည်းတွေ့ဆုံခဲ့သဖြင့်ယင်းတို့၏အရေးပါသည့် လုပ်ငန်းဆောင်တာများကို ဆက်လက် လုပ်ဆောင်သွားကြရန်နှင့် ကောင်းမွန်သည့် အကြံပြုချက်များကို သမ္မတကို ပေးဆောင်ရန် တိုက်တွန်း ပြောဆိုခဲ့သည်။
ထို့ပြင်သူ၏ခရီးစဉ်အတွင်းအင်းစိန်အကျဉ်းထောင်သို့ သွားရောက် လေ့လာခွင့်ရခဲ့ရာ အကျဉ်းသား ၇ ဦးနှင့်
တွေ့ဆုံပြောခွင့်ရခဲ့ကြောင်း၊ ထိုသူများထဲတွင် ဦးအောင်သိန်း၊ မခင်ခင်နု၊ ဖြိုးဝင်းအောင်၊ ဝင်းအောင်ဦး၊ နီနီထွန်း၊ ခင်သူရွှေ စသူတို့ပါဝင်ကြောင်း သူ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ထို့ပြင်အကျဉ်းကျများကိုပေါ်တာအနေနှင့်စစ်တပ်မှသုံးခြင်း၊ထောင်သားများကိုအလှမ်းဝေးသည့် အရပ်တွေများသို့ ပို့ပစ်သည့်အတွက်ဆွေမျိုးများအနေနှင့်အကျဉ်းသားများမရှိမဖြစ်လိုသည့်ဆေးဝါး၊ အစားအသောက်ပို့ရန်ခက်ခဲခြင်း၊ စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခြင်း၊ ဆိုးရွားသည့် ပြုမူတွေရှိတယ်လို့ စွပ်စွဲမှုများ ဆက်ရှိနေခြင်း သည်လည်း နောက်ထပ် ကျနော့်စိုးရိမ်မှုတခုဟု ဆက်လက် ပြောဆိုသည်။
“အင်းစိန်ထောင်မှာဆိုရင်ကျနော်ကြားတာကစစ်ကြောရေးမှာရိုက်နှက်တာ၊ လိင်အင်္ဂါ အပါအဝင် ခန္ဓာကိုယ် စိတ်အပိုင်းတွေကိုမီးနဲ့ရှို့၊အအိပ်ပျက်အစားပျက်အောင်လုပ်ပြီးထွက်ဆိုမှုတွေနှောက်ယှက်တာတွေ ရှိနေတယ်လို့ကြားရတယ်၊ထောင်သားတွေကိုခွေးတိုက်မှာတိုက်ပိတ်ပြီးအပြစ်ပေးတယ်လို့ ကျနော်ကြားရတယ်၊ လုံလောက်တဲ့ ဆေးဝါးကုသမှုမရဘဲ ကိုယ်ဆေးကုဖို့အတွက် ကိုယ့်ဘာသာ ငွေကြေး အကုန်ခံရတာတွေလည်း ကြားတယ်” ဟုဆိုသည်။
သူတွေ့ကြုံဆုံတွေ့ခဲ့ရသူအများစုနှင့်ပွင့်လင်းစွာဆွေးနွေးခွင့်ရခဲ့သည့်အတွက်လည်းယခု ခရီးစဉ်သည် ယခင် အခေါက်များနှင့်မတူဘဲပိုမိုကောင်းမွန်မှုများရှိကြောင်း၊သူသိလိုသည်များကိုပူးပေါင်းကူညီခဲ့သည့်အစိုးရ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။
ယခုအခေါက်တွင်ရရှိခဲ့သည့် အချက်အလက်များကိုလာမည့်စက်တင်ဘာလတွင်ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်ပြသွားမည် ဖြစ်သည်။
ထို့ပြင်လာမည့်၂ဝ၁၂ခုနှစ်မတ်လ၊လူ့အခွင့်အရေး ကောင်စီသို့ တင်ပြရမည့် သူ၏ အစီရင်ခံ စာမရေးမီတွင် ငါးကြိမ်မြောက် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ဦးမည် ဖြစ်သည်။

စကားလုံးပြောင်းပြီးနိုင်ငံရေးအကျဉ်းသားအရေးလွှတ်တော်တင်

မျိုးသန့် ကြာသပတေးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၄၇ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။နိုင်ငံရေးအကျဉ်းသားမရှိဟုမြန်မာအစိုးရမှငြင်းဆိုနေခြင်းကြောင့်"နိုင်ငံရေးအကျဉ်းသား" ဟူသည့်အသုံးအနှုန်းကိုရှောင်ကာ"ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများ"စကားရပ်ဖြင့်နိုင်ငံရေး အကျဉ်းသားများလွှတ်မြောက်ရေးလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အဆိုကိုကြာသပတေးနေ့လွှတ်တော်တွင်
ပြည်သူ့လွှတ်တော်အမတ်ဦးသိန်းညွန့်ကတင်သွင်းလိုက်သည်ဟုပြည်သူ့လွှတ်တော်အမတ်များက ပြောသည်။
"အစိုးရဘက်ကနိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ပြောထားတဲ့အတွက်ကျနော်တို့ကအစိုးရရဲ့လုပ်ဆောင်မှုတွေ
ပြောဆိုမှုတွေကြားထဲမှာကျနော်တို့ကလိုက်ပြီးလုပ်နေရတဲ့သူတွေအဖို့ကိုယ်ပြောတဲ့စကားက ဘောင်မဝင်မှာစိုးလို့ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများဆိုပြီးတော့သုံးလိုက်တဲ့အသုံးအနှုန်းကို သုံးလိုက်တာဖြစ်တယ်" ဟု ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည် က ဆိုသည်။
သင်္ကန်းကျွန်းလွှတ်တော်အမတ်ဦးသိန်းညွန့်သည်မတ်လအတွင်းပြုလုပ်သည့်လွှတ်တော်အစည်းအဝေးတွင်
နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအဆိုကို တင်သွင်းခဲ့သေးသော်လည်း လွှတ်တော်တွင်း မဆွေးနွေးမီ မီဒီယာများသို့ ပေါက်ကြားခဲ့ခြင်းကြောင့်ဟုဆိုကာလွှတ်တော်တွင်း ဆွေးနွေးခွင့် ပိတ်ပင်ခံခဲ့ရသည်။
"နိုင်ငံရေအကျဉ်းသားမရှိဘူးဆိုတဲ့အပေါ်မှာနိုင်ငံရေးရာကိုပြောင်းအောင်လုပ်တာနိုင်ငံရဲ့ရေးရာကိုလုပ်တာ
နိုင်ငံရေး အကျဉ်းသားသမားချည်းပဲ။ အဲဒီအပြင်မတရားအသင်း ဥပဒေ၊နိုင်ငံတော်ကို ပုန်ကန်မှု၊ အစိုးရကို
အသရေပျက်အောင်လုပ်မှုတို့၊၁၉၇၅ခုနှစ်နိုင်ငံတော်အားဖျက်ဆီးလိုသူများ ဥပဒေ၊ အဲဒါတွေ အားလုံးက
နိုင်ငံရေးပြစ်မှုလို့သတ်မှတ်ထားတယ်။မြန်မာပြည်မှာကနိုင်ငံတော်လုံခြုံရေးအရယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူအားလုံးက ကျနော်ကတော့ နိုင်ငံရေးအကျဉ်းသားလို့ပဲ မြင်တယ်" ဟု ဦးသိန်းညွန့်က မဇ္ဈိမကို
ပြောသည်။
ယခုနှစ်မေလအတွင်းကသမ္မတဦးသိန်းစိန်မှထုတ်ပြန်ခဲ့သည့်ပြစ်ဒဏ်လျော့ပေါ့မှုအမိန့်သည်လုံလောက်မှု မရှိသေးကြောင်းလည်းဦးသိန်းညွန့်၏ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများအတွက်အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အဆိုတွင် ထောက်ပြတင်သွင်းသွားသည်။
ကြာသပတေးနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်ဦးသိန်းညွန့်ကပင်၂၁ရာစုနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာကိုအာမခံသောအကျဉ်းထောင်အက်ဥပဒေမူကြမ်းရေးဆွဲပြီးပြည်သူ့လွှတ်တော် အစည်းအဝေးသို့တင်ပြဆွေးနွေးရန်အဆိုကိုတင်သွင်းခဲ့ပြီးသောကြာနေ့တွင်ဆက်လက်ဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်မည် ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည့် ဦးသိန်းညွန့်၏ တရားရုံးများကို မထေမဲ့မြင်ပြုသည့် ဥပဒေကိုဖျက်သိမ်းရန်
အဆိုသည်လွှတ်တော်အမတ်များ၏ကန့်ကွက်ဆွေးနွေးမှုကြောင့်လွှတ်တော်ကဆက်လက် ဆွေးနွေးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ်များမှ မေးခွန်း ၈ ခုကိုလည်း မေးမြန်းခဲ့သေးသည်။
လွှတ်တော် အမတ်ဦးသိန်းညွန့်၏ အာဇာနည်နေ့ ဥသြဆွဲသံ မြန်မာ့အသံမှ ပြန်လည် ထုတ်လွှင့်ပေးနိုင်ခြင်း ရှိမရှိကိုပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းကယခုခေတ်သမယတွင်မော်တော်ယာဉ်စီးရေမှာ အလွန်များပြားလာသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ရလေအောင်ဟု မလုပ်ဆောင်နိုင်ကြောင်း ပြန်လည် ဖြေကြားသွားသည်။
မြန်မာနိုင်ငံတဝှမ်းတွင်မှတ်ပုံတင်ထားသည့်မော်တော်ယာဉ်စီးရေနှစ်သန်းကျော်ရှိသည်။အင်းစိန် မဲဆန္ဒနယ်မှဦးအေးမြင့်၏အမျိုးသားစာပေဆုချီးမြှင့်ငွေတိုးမြှင့်ပေးရန်ရှိမရှိမေးခွန်းကိုမေးမြန်းရာ ဝန်ကြီးဦးကျော်ဆန်းက ကျပ်ငွေ ၆ သိန်းမှ ၈ သိန်းအထိ တိုးမြှင့်ပြီးဖြစ်ကြောင်း ပြောသည်။
ယင်းအပြင်ကွမ်ဟိန်းမဲဆန္ဒနယ်မှဒေါ်နန်းဝါနု၏တိုင်းရင်းသားများသွေးစည်းညီညွတ်ရေးနှင့်ပြည်တွင်း ငြိမ်းချမ်းရေးအတွက်နိုင်ငံတော်မှဆောင်ရွက်ထားရှိမှုအခြေအနေကိုမေးမြန်းရာဝန်ကြီးဦးကျော်ဆန်းမှ ငြိမ်းချမ်းရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖြေကြားသည်။
ယင်းအပြင် ဒဂုံမြို့သစ်မဲဆန္ဒနယ်မှ ဒေါ်စုစုလှိုင်၏ ရန်ကုန်မြို့တွင်း တောင်းရမ်းစားသောက်သူများ အရေး
ဆောင်ရွက်မှုအခြေအနေ၊ကျောက်တံတား မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ ပြည့်တန်ဆာခန်းများ အရေးယူပေးရေး
မေးခွန်းကိုပြည်ထောင်စုဝန်ကြီးဦးကိုကိုမှပြည့်တန်ဆာနှင့်ပတ်သက်သည့်အမှု၂,၉၅၂မှုနှင့် စည်းကမ်းချက်နှင့်မညီသည့်ကာရာအိုကေဆိုင်များမှအမျိုးသမီး၁,၅၉၁ယောက်တို့ကို အရေးယူပြီးဖြစ်ကြောင်း ဖြေကြားသည်။
ကြာသပတေးနေ့အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဒေါက်တာမြဦးမှ ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည့်
ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ရေးအဆိုကိုလွှတ်တော်မှသဘောတူပြီး လာမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။
အမျိုးသား လွှတ်တော်အမတ် စောထွန်းမြင့်အောင်၏ ဖာဖွန် လေယာဉ်ကွင် ပြန်ဖွင့်ပေးရန် ရှိမရှိမေးခွန်းကို
ဆောက်လုပ်ရေးဝန်ကြီးဦးခင်မောင်မြင့်မှလုံခြုံရေးအခြေအနေအရလေယာဉ်ပျံသန်းခွင့် မပြုခြင်းဖြစ်ကြောင်းဖြေကြားသည်။
ကြာသပတေးနေ့လွှတ်တော်အစည်းအဝေးများကို နံနက် ၁ဝ နာရီတွင်ကျင်းပကာ၊ ပြည်သူ့လွှတ်တော်သည်
နေ့လည် ၂ နာရီတွင် ပြီးဆုံးပြီး၊ အမျိုးသားလွှတ်တော်သည် ညနေ ၄ နာရီတွင် ပြီးဆုံးသည်။





သက်မွေးဝမ်းကျောင်းလိုင်စင်နှင့်ပညာပြန်သင်နိုင်ရေးအတိုက်အခံများကြိုးစားမည်

ဖနိဒါ ကြာသပတေးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၄ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။သမ္မတဦးသိန်းစိန်“သဘောကောင်းပုံရသည်”ဟုဆိုကာအစိုးရအဆက်ဆက်အတိုက်အခံ
နိုင်ငံရေးလှုပ်ရှားမှုတွင်ပတ်သက်ခဲ့၍အသက်မွေးဝမ်းကျောင်းရှေ့နေလိုင်စင်သိမ်းခံခဲ့ရသူများနှင့် ကျောင်းထုတ်ခံရသူများကပြည်ထောင်စုတရားလွှတ်တ်ာချုပ်တွင်လိုင်စင်ပြန်ရရေးနှင့်ပညာ ပြန်လည်သင်ကြားခွင့်ရရေးခွင့်ပြုရန်လျှောက်ထားဖို့ ပြင်ဆင်နေကြသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
“လိုင်စင်သိမ်းလိုက်တဲ့အတွက်အခုအချိန်မှာပြန်ရဖို့အတွက်ကျနော်တို့ကဒါကိုစီစဉ်တာပါ။သမ္မတဦးသိန်းစိန် ရဲ့သဘောထားကောင်းပုံရတယ်လို့တွက်ပြီးတော့ဒီအခွင့်အရေးကောင်းလေးကိုယူပြီးတော့၊မနေ့ကမစ္စတာ ကွင်တားနားလာတဲ့အခါလည်းပြောပြတယ်”ဟုကိုယ်တိုင်ပင်ရှေ့နေလိုင်စင်သက်တမ်းတိုးခွင့် ပိတ်ခံထားရသူ ဦးတင်ဦးက ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်သောမတ်အိုဂျေကွင်တားနားနှင့်ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးရာတွင်အသက်မွေးဝမ်းကျောင်းဆိုင်ရာလိုင်စင်များပြန်ရရေးကိစ္စထည့်သွင်းဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)
အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏အကြံပေးချက်ဖြင့်နိုင်ငံရေးပတ်သက်သောရှေ့နေများ သာမကဆရာဝန်၊ကျောင်းဆရာ၊တက္ကသိုလ်တက်ခွင့်မရသူများ၊ကျောင်းထုတ်ခံရသည့်ကျောင်းသားများ၊ အနုပညာသမား၊စာနယ်ဇင်းသမားများ၏လိုင်စင်များကိုပါ ပြန်လည်ရရှိရေးအတွက်NLDဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့က ဦးဆောင်ပြီး တောင်းဆိုသွားမည် ဖြစ်သည်။
“ဒီတခါတင်ရင်ချောချောမောမောနဲ့အောင်မြင်ကောင်းရဲ့လို့မျော်လင့်ချက်နဲ့လုပ်တဲ့အစီအစဉ်ပါ။” ဟု NLD ၏ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးတင်ဦးက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်သောမတ်အိုဂျေကွင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဗုဒ္ဓဟူးနေ့ကရန်ကုန်မြို့တွင်တွေ့ဆုံဆွေးနွေးရာအတိုက်အခံများ၏ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လိုင်စင်များ ပြန်ရရေးကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
အစောပိုင်းကသက်မွေးဝမ်းကျောင်းလိုင်စင်ရုပ်သိမ်းခံရသူရှေ့နေများသာလျှောက်လဲရန် စီစဉ်ထားသော်လည်းယနေ့တွင်အဖွဲ့တွင်းပြန်လည်ဆွေးနွေးပြီးနောက်အခြား အသက်မွေးဝမ်းကျောင်းများနှင့်ပညာတပိုင်းတစဖြစ်သူများအတွက်ပါကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်စီစဉ်ခဲ့သည်။ယင်းအပြင်သတင်းစာရှင်းလင်းပွဲတရပ်ကိုလည်း လာမည့် လဆန်းပိုင်းတွင် ပြုလုပ်မည်ဟု ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးအောင်သိန်းကပြောသည်။
“ကျနော်တို့ဘက်ကအစိုးရသစ်လက်ထက်မှာဒါတွေကိုအလေးထား စဉ်းစားပေးသင့်တယ်ဆိုတဲ့ အကြောင်း အချင်းအရာနဲ့ (ရင်) ဆိုင်တာပါ” ဟု ဦးအောင်သိန်းက မဇ္စျိမကို ပြောသည်။
ဦးအောင်သိန်းကိုယ်တိုင်ပင်ယခင်အစိုးရလက်ထက်တွင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏အမှုကို လိုက်လံဆောင်ရွက်ပေးခဲ့ရာမှ တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့်ထောင်ဒဏ်၎နှစ်ခံခဲ့ရပြီး၂ဝဝ၉ ခုနှစ်မတ်လ ၆ ရက်နေ့က လွတ်မြောက်လာပြီးနောက် ရှေ့နေလိုင်စင်ကိုပါ ရုပ်သိမ်း ခံရနေရသည်။
၁၉၈၈ခုနှစ်နောက်ပိုင်းNLDအဖွဲ့ဝင်များအနက်ရှေ့နေလိုင်စင်အသိမ်းခံထားရသူများကို စာရင်းကောက်ယူရာ လတ်တလော စာရင်းအရ အနည်းဆုံး ၂၄ ဦးရှိသွားပြီ ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင်ပြည်သူ့လွှတ်တော်အမတ်ဦးသိန်းညွန့်ကလည်း၁၉၂၆ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် တရားရုံးများကိုမထေမဲ့မြင်ပြုသည့်ဥပဒေကိုဖျက်သိမ်းရန်အဆိုကိုတင်သွင်းခဲ့ရာကြာသာပတေးနေ့ ပြည်သူ့လွတ်တော် အစည်းအဝေးတွင် ပယ်ချလိုက်သည်။



zaterdag 20 augustus 2011

ဒေါ်အောင်ဆန်းစုကြည်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ပြီးရန်ကုန်ပြန်

မဇ္ဈိမသတင်းဌာန စနေနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၃၁ မိနစ်
ချင်းမိုင်(မဇ္ဈိမ)။ ။အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်စနေနေ့နံနက်ကနေပြည်တော်
မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင်ပြုလုပ်သောအမျိုးသားအဆင့်စီးပွားဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီးရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
သမ္မတဦးသိန်းစိန်နှင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးခဲ့သောဒေါ်အောင်ဆန်းစုကြည်သည်မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင်ပြုလုပ်သောနိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံ ဆွေးနွေးပွဲသို့လည်းတက်ရောက်ခဲ့သည်။ဓာတ်ပုံ-မဇ္ဈိမ။
နံနက်၉နာရီမှစတင်၍သူ၏မိတ်ဆွေသမ္မတ၏စီးပွားရေးအကြံပေးဦးမြင့်တို့နှင့်အတူအလုပ်ရုံဆွေးနွေးပွဲသို့၁ နာရီတက်ရောက်ခဲ့သည်။ယခုသတင်းပေးပို့ချိန်တွင်ဒေါ်အောင်ဆန်းစုကြသည်အစိုးရ၏လုံခြုံရေး အစီအစဉ်ဖြင့်ပင်ရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားပြီဟုသိရသည်။
ဆွေးနွေးပွဲခေတ္တရပ်နားချိန်တွင်ပြည်ထောင်စုဝန်ကြီးများနှင့်အတူနိုင်ငံ့ရေးရာများပြောဖြစ်ခဲ့ကြသည်ဟု သတင်းရပ်ကွက်တခုကပြောသည်။ဝန်ကြီးများထွက်ခွာသွားချိန်တွင်စီးပွားရေးလုပ်ငန်းရှင်များဖြစ်သော ဦးအောင်ကိုဝင်း၊ဦးထွန်းမြင့်နိုင်နှင့်ဦးဇော်ဇော်တို့နှင့်စကားလက်ဆုံကျခဲ့သည်။ထို့အပြင်စီးပွားရေး လုပ်ငန်းရှင်များကဓာတ်ပုံအတူတွဲရိုက်ရန်တောင်းဆိုရာဓာတ်ပုံရိုက်ခဲ့သည်။
သောကြာနေ့ကသမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သမ္မတအိမ်တော်ရုံးခန်းတွင်ပထမဆုံး အကြိမ်အဖြစ်ဆွေးနွေးခဲ့ကြသည်။
မတူကွဲပြားချက်များကိုဘေးဖယ်လျက်"နိုင်ငံနှင့်ပြည်သူလူထုအတွက်အမှန်တကယ်အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှပူးပေါင်းဆောင်ရွက်မည့်အလားအလာများအားရင်းနှီးစွာဆွေးနွေးခဲ့”သည်ဟုနိုင်ငံပိုင် MRTV-4 ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွင် ပါရှိသည်။

woensdag 10 augustus 2011

ရေကြီးသော်လည်းဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မဖျက်

ရန်ပိုင် Wednesday, 10 August 2011 15:06
.ပဲခူးမြို့နှင့်ခရိုင်မြို့နယ်များအတွင်းမိုးများပြီးရေကြီးရေလျှံမှုများဖြစ်နေသော်လည်းဒေါ်အောင်ဆန်းစုကြည် ၏ပဲခူးမြို့ခရီးစဉ်ကို ဖျက်သိမ်းမည်မဟုတ်ဟု သိရသည်။
                                              ယမန်နှစ်စက်တင်ဘာလကပဲခူးရေကြီးမှုမြင်ကွင်း(ဓာတ်ပုံ-ဧရာဝတီ)
ယခုအခါပဲခူးမြစ်၊ရွှေကျင်မြစ်နှင့်စစ်တောင်းမြစ်တို့သည်စိုးရိမ်ရေမှတ်နှင့်စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီး မြစ်တလျှောက်ရှိ ဒေသများတွင် ရေကြီးလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ပထမဆုံးနိုင်ငံရေးခရီးစဉ်ဖြစ်သောသြဂုတ်လ၁၄ရက်နေ့ပဲခူးမြို့ နေ့ချင်းပြန်ခရီးစဉ်တွင် ရွှေမော်ဓောစေတီတော်ကို ပထမဆုံး ဖူးမျှော်မည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှပြောခွင့်ရပုဂ္ဂိုလ်ဦးဉာဏ်ဝင်းက“ရွှေမော်ဓောဘုရားဖူးပြီးရင် သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ဆရာတော်ကို သင်္ကန်းဝင် ကပ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့နောက်သနပ်ပင်မြို့နယ်ရှိNLDပါတီဝင်များကြီးမှူးဖွင့်လှစ်သည့်စာဖတ်ခန်းနှင့်အင်္ဂလိပ်စာ ပညာဒါနကျောင်းကိုသွားရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊သနပ်ပင်မြို့နယ်မှအပြန်ပဲခူးမြို့တွင်လည်း နောက်ထပ်စာဖတ်ခန်းနှင့်အင်္ဂလိပ်စာပညာဒါနကျောင်းကိုဖွင့်လှစ်ပေးရန်ရှိပြီးပဲခူးခရိုင်အတွင်းရှိ လူငယ်ကွန်ရက်အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့မှနံနက်၆နာရီခန့်တွင်စတင်ထွက်ခွာမည်ဖြစ်ပြီးညနေ၄နာရီခန့်တွင်ရန်ကုန်မြို့သို့ အရောက်ပြန်ရန်စီစဉ်ထားကြောင်း၊ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကိုပါတီဝင်များသာမက အာဏာပိုင်များဘက်ကလည်း အပြည့်အ၀ပူးပေါင်း ဆောင်ရွက်ပေးကြောင်းလည်း သိရှိရသည်။
ပြီးခဲ့သည့်လအတွင်းကဒေါ်အောင်ဆန်းစုကြည်သည်အလုပ်သမားဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီးဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာတွင် တွေဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ ပဲခူးမြို့သို့ သွားရောက်မည် ခရီးစဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။
မကြာသေးမီကလည်းသမ္မတဦးသိန်းစိန်၏နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်က နေပြည်တော်တွင် ပြုလုပ်မည့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအလုပ်ရုံဆွေးနွေးပွဲသို့ဒေါ်အောင်ဆန်းစုကြည်အား လေ့လာသူအဖြစ် ဖိတ်ကြားမည်ဟု သိရကြောင်း ပြောဆိုခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက် သားဖြစ်သူ ကိုထိန်လင်းနှင့် ပုဂံ-ညောင်ဦးဒေသသို့ သွားရောက်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက် ရန်ကုန်မြို့ပြင်ပ ခရီးစဉ်ဖြစ်သည်။

မွန်ပြည်သစ်နှင့်တွေ့ရန်အစိုးရကမ်းလှမ်း

သန်းထိုက်ဦး Wednesday, 10 August 2011 18:30
.အစိုးရကနယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းရေးကိုလက်မခံသောမွန်ပြည်သစ်ပါတီနှင့်ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်းသံဃာတော်များမှတဆင့်ကမ်းလှမ်းခဲ့သည်ဟုပြီးခဲ့သောရက်ပိုင်းအတွင်း ပြုလုပ်သည့် မွန်ပြည်သစ်ပါတီ အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။
ဆွေးနွေးလိုပါကတခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်းပါဝင်သင့်သည်ဟုမွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်ကိုအကြောင်းပြန်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ ပြောသည်။
ယမန်နှစ်ကဘုရားသုံးဆူဒေသစစ်ရေးပြအခမ်းအနားတခုတွင်တွေ့ရသောမွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-ဧရာဝတီ)
“ပြည်ထောင်စုအစိုးရကသာလုပ်ရမယ့်ကိစ္စပါ။မွန်တခုတည်းနဲ့ငြိမ်းချမ်းရေးလုပ်တာမျိုးကဒါမူမမှန်ဘူး။ တပြည်လုံးအတိုင်းအတာနဲ့လုပ်မှတိုင်းရင်းသားအားလုံးနဲ့ဆွေးနွေးမှဆိုတဲ့ပုံစံမျိုးပေါ့ဗျာ၊ အဲဒီလိုပြန်ပြောလိုက်တယ်” ဟု နိုင်ဟံသာက ဆိုသည်။
အစိုးရ၏ အစီအစဉ်ဖြင့် သွားရောက် ကမ်းလှမ်းခဲ့သော သံဃာတော်များသည် မုဒုံမြို့နယ်၊ ကမာဝက် ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။ ထိုကျေးရွာသည် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၏ ဇာတိလည်း ဖြစ်သည်။
မွန်ပြည်သစ်ပါတီသည်တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်းပြီးညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) ကို ဖွဲ့စည်းထားသည်။
ထိုသို့ မဟာမိတ်ပြုထားသောUNFCအနေဖြင့်သာအစိုးရနှင့်ဆွေးနွေးသင့်သည်ဟုအစည်းအဝေး တက်ရောက်သူ တဦးက ပြောသည်။
“(ပြည်နယ်ဝန်ကြီးချုပ်)ဦးအုန်းမြင့်ကငြိမ်းချမ်းရေးအတွက်ဆိုပြီးကမ်းလှမ်းလာရင်လက်မခံဖို့(နိုင်ထော မွန်ကို)ကျနော်ပြောလိုက်တယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ဆိုရင်UNFCကပဲဦးဆောင်ပြီး ဆွေးနွေးရမှာပေါ့” ဟု ထိုင်း အခြေစိုက် MonUnityLeague အဖွဲ့ ဥက္ကဋ္ဌ နိုင်စွန်းထွန်းက ပြောသည်။
“မွန်ပြည်သစ်ပါတီ တဖွဲ့တည်း သွားပြီးတော့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးတာမျိုး မလုပ်သင့်ဘူး” ဟု နိုင်စွန်းထွန်းက ဆက်ပြောသည်။
ဝန်ကြီးချုပ်ဦးအုန်းမြင့်ကမွန်နိုင်ငံရေးသမားတချို့နှင့်တွေ့ဆုံစဉ်လက်နက်ကိုင်အဖွဲ့များတောတွင်းမှ ထွက်လာသင့်ကြောင်းမှတ်ချက်ပေးလေ့ရှိသည်ဟုမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်းက ဧရာဝတီကို ပြောသည်။
“သူတို့ တောထဲမှာ ဘာကြောင့် နေနေကြတာလဲ။ မြို့ပေါ်မှာ လာနေဖို့ ပြောလိုက်စမ်းပါ။ လာရင် သူတို့ကို လိုအပ်တာတွေ ထောက်ပံ့ပါ့မယ်” ဟု ပြောဆိုကြောင်း နိုင်ငွေသိမ်းက ရှင်းပြသည်။
မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မြန်မာ့တပ်မတော် ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။
ဤအတောအတွင်း အစိုးရတပ်များက ကချင်၊ ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားတပ်ဖွဲ့တချို့ကို ထိုးစစ်ဆင်လျက်ရှိသည်။
ကချင် လွတ်လပ်ရေး အဖွဲ့ နှင့် အစိုးရကြား ပြန်လည်အပစ်အခတ် ရပ်စဲရေးအတွက် စကားပြောဆိုမှုများ ရှိနေသော်လည်း ပြေလည်မည့် အရိပ်အယောင်များ ပေါ်ထွက်မလာသေးပေ။

တားမြစ်နယ်မြေများကြောင့်လာမည့်နှစ်ခရီးသွားဧည့်ဝင်နှုန်းနည်းနိုင်

မိုးယံ Wednesday, 10 August 2011 11:57
.နိုင်ငံခြားသားခရီးသည်များဝင်ရောက်လည်ပတ်နိုင်သည့်မြန်မာနိုင်ငံတွင်းဒေသတချို့နှင့် နယ်စပ်ဝင်ပေါက် များကိုတားမြစ်ဒေသအဖြစ်ကန့်သတ်မှုများပြားလာသဖြင့်လာမည့်ခရီးသွားရာသီနှစ်တွင်နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှု နည်းပါးနိုင်ကြောင်း ခရီးသွား အေဂျင်စီများထံမှ သိရသည်။
ယမန်နှစ်နိုဝင်ဘာလဆန်းကရန်ကုန်မြို့ဒလမြို့နယ်တွင်ဆိုက်ကားစီး၍လည်ပတ်နေသောနိုင်ငံခြားသား ခရီးသွားများကိုတွေ့ရစဉ်(ဓာတ်ပုံ-KhinMaungWin/AP)
လက်ရှိမြန်မာနိုင်ငံတွင်းပြည်တွင်းစစ် ဖြစ်ပွားရာ ဒေသများနှင့် နယ်စပ်ဝင်ပေါက် များကို နိုင်ငံခြားခရီးသည် ၀င်ရောက်လည်ပတ်ခွင့်အားမြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှပိတ်ပင်ထားသဖြင့် ၂၀၁၁-၂၀၁၂ခရီးသွားရာသီနှစ်အတွက်ကြိုတင်စာရင်းပေးသွင်းထားသောခရီးစဉ်များစွာ ဖျက်သိမ်းရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ခရီးသွားအေဂျင်စီ တခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ခရီးသွားရာသီမစခင်၆ လလောက်ကတည်းက ဘွတ်ကင်လုပ်ထားတဲ့ နိုင်ငံခြားသားတွေရဲ့ ခရီးစဉ်တွေမှာ တားမြစ်ထားတဲ့နေရာတွေပါနေတယ်။ရှောင်သွားဖို့ပြောတော့တချို့ကလက်ခံတယ်၊တချို့က ခရီးစဉ်ဖျက်ပစ်တယ်” ဟု ၎င်းက ဆိုသည်။
နယ်စပ်ဂိတ်များမှတဆင့်နိုင်ငံခြားသားခရီးသွားများစွာဝင်ရောက်မှုရှိသော်လည်းဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကသတ်မှတ်ချက်အပြောင်းအလဲမကြာခဏလုပ်သဖြင့် အခက်တွေ့ရကြောင်း ခရီးသွားလာရေး အေဂျင်စီတခုမှ တာဝန်ရှိသူ တဦးက ပြောသည်။
“အခုသွားလို့ရပြီ၊ခဏနေမရတော့ပြန်ဘူးဆိုတာမျိုး ခဏခဏ လုပ်တယ်။ စီစဉ်ထားပြီးသားတွေ ဖျက်ရတာ၊ ပြင်ရတာ လုပ်ရတယ်” ဟု သူက ဆိုသည်။
ပြည်တွင်းစစ် ဖြစ်ပွားရာဒေသနှင့် နယ်စပ်ဝင်ပေါက်တချို့သည် နိုင်ငံခြားသားဧည့်သည်များ သွားလာရန် အခက်အခဲ ရှိသဖြင့် သက်ဆိုင်ရာက လက်တလော သွားလာခွင့် ပိတ်ပင်ထားခဲ့ပြီး နိုင်ငံခြားခရီးသည်များ ၀င်ရောက်လည်ပတ်နိုင်သည့် အခြေ အနေ ပြန်လည်ရောက်ရှိလျှင် ပြန်လည် ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်က ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှု တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောခဲ့ သည်။
တာချီလိတ်၊ကျိုင်းတုံ၊ကန်ပက်လက်၊ မူဆယ်၊ နမ့်ခမ်း စသော ဒေသများ ဖွံ့ဖြိုးရေးအတွက် ပြုလုပ်နေသဖြင့် လတ်တလော နိုင်ငံခြား ခရီးသည်များအား ခွင့်မပြုနိုင်သေးကြောင်း ဒုဝန်ကြီးက ဆိုသည်။
“လာမယ့်ခရီးသွားရာသီမှာကျိုင်းတုံဘက်နဲ့ကန်ပက်လက်ဘက်ကိုနိုင်ငံခြားသားတွေလည်ပတ်ဖို့ကြိုတင် ဘွတ်ကင်တွေရှိတယ်။အဲဒီဒေသတွေကတားမြစ်ထားတော့ကျနော်တို့ကငြင်းရတယ်။မြန်မာနိုင်ငံကို နိုင်ငံခြားသားဧည့်သည် ၀င်ရောက်တာ များချင်ရင်တော့တားမြစ်ဒေသတို့၊စည်းကမ်းတို့ သိပ်များလို့မရဘူး” ဟု မြန်မာခရီးသွား လုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင် တဦးက ပြောသည်။
မြစ်ကြီးနား၊ ပူတာအို၊ တောင်ကြီး၊ ဖားကန့်စသော ဒေသများသို့ နိုင်ငံခြားခရီးသည်များ ၀င်ရောက် လည်ပတ်စဉ် အဆိုပါ ဒေသတွင်းရှိ စအဖ များနှင့် လမ်း tour ဂိတ်များမှ ရဲများသည် ကားများပေါ်တက်ကာ မေးမြန်းမှုများ၊စစ်ဆေးမှုများရှိသောကြောင့်နိုင်ငံခြားသားဧည့်သည်မြန်မာနိုင်ငံကို ၀င်ရောက်လည်ပတ်မှုနည်းပါးနေရကြောင်းနိုင်ငံခြားခရီးသည်ဝင်ရောက်မှုတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ခရီးသွားအေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ဆိုသည်။
“သက်ဆိုင်ရာတွေကခွင့်ပြုချက်ရလို့ပဲဒီဒေသတွေကိုနိုင်ငံခြားသားဧည့်သည်တွေဝင်ပြီးလည်ပတ်နေတာ ကိုဗျာ၊ စအဖ တွေက စောင့်ကြည့်တာတို့၊ အတင်း ကားပေါ်လိုက်လာတာတို့ လုပ်တော့ ခရီးသည်တွေ အနှောင့်အယှက် ဖြစ်တယ်။ နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှုများဖို့ ဒါကလည်း သတိထားရမယ့် အချက်ပဲ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင်း နိုင်ငံခြားခရီးသည်များဝင်ရောက်လာပြီးသွားရောက်မည့်ဒေသများကို ယခင် က/က (ကြည်း)ကခွင့်ပြုပေးခဲ့သော်လည်းယခုဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကခွင့်ပြုမှသွားလာရ ကြောင်း  ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ဒု - ညွှန်ကြားရေးမှူး ဦးလှိုင်မြင့်က ဆိုသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသည်များ ၀င်ရောက် လည်ပတ်နိုင်သည့် ဒေသများကို ၁၉၉၆ ခုနှစ်အတွင်းက ပြည်ထဲရေးဝန်ကြီးကသတ်မှတ်ပေးခဲ့ပြီး၂၀၀၇-၂၀၀၈ ခုနှစ်တွင်နိုင်ငံခြားသား ခရီးသည် ၀င်ရောက်လည်ပတ်နိုင်သည့်ဒေသများ ထပ်မံတိုးချဲ့ သတ်မှတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
“အဲဒီအချိန်တုန်းကသွားလာလို့မရတဲ့ဒေသတွေကိုကြိုတင်လျှောက်ထားရင်ခွင့်ပြုပေးခဲ့ပါတယ်။က/က(ကြည်း)ကလည်းတင်သမျှထဲက၉၀ရာခိုင်နှုန်းလောက်ခွင့်ပြုပေးခဲ့တယ်။လက်ရှိအခြေအနေအရခွင့်ပြုလို့ မရတဲ့ နေရာတွေကို ခွင့်မပြုသေး တာပါ” ဟု ဦးလှိုင်မြင့်က ဆိုသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနှင့်ပတ်သတ်သည့်ဗီဇာကိစ္စ၊အခွန်ကိစ္စစသည်တို့ကိုအစိုးရသစ် လက်ထက်တွင် တဖြည်းဖြည်းချင်း ဖြေလျှော့သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏အချက်အလက်များကိုအင်တာနက်ပေါ်တွင်လစဉ်နိုင်ငံခြားသား အရေအတွက် ၂ သန်းနီးပါးအထိ ရှာဖွေလာကြကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်သစ်ကြောင့်မြန်မာအမျိုးသမီးများအားတက်

ခင်ဦးသာ Wednesday, 10 August 2011 18:16
.ထိုင်းနိုင်ငံ၏ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်မစ္စယင့်လပ်ရှင်နာဝပ်အရွေးချယ်ခံခဲ့ရခြင်းသည်မြန်မာ့ နိုင်ငံရေးလောက၌လှုပ်ရှားနေသောအမျိုးသမီးထုအတွက်အားတက်စရာကိစ္စတခုဖြစ်သည်ဟု နိုင်ငံရေးလောကတွင်ဦးဆောင်နေသည့် မြန်မာအမျိုးသမီးများကဆိုသည်။
မစ္စယင့်လပ်ရှင်နာဝပ်ဘန်ကောက်မြို့ရှိထိုင်းလွှတ်တော်သို့ သြဂုတ်လ၁၀ရက်နေ့ နံနက်ရောက်ရှိစဉ် (ဓာတ်ပုံ-AP)
အိမ်နီးချင်းထိုင်းနိုင်ငံပြည်သူများ၏ထောက်ခံမှုဖြင့်မစ္စယင့်လပ်မှာပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသည်ကိုကြိုဆိုပြီးအိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးကောင်းမွန်စေရန်ဆောင်ရွက်နိုင်မည်ဟု ထင်မြင်ကြောင်းရန်ကုန်အခြေစိုက်ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောသည်။
“အိမ်နီးချင်းနိုင်ငံမှာအမျိုးသမီးဝန်ကြီးချုပ်တဦးနေရာရလာတာနိုင်ငံရေးလောကအတွက်ဂုဏ်ယူစရာ ကောင်းပါတယ်။ကျမတို့နိုင်ငံမှာလည်းပဲစစ်တပ်အစိုးရမဟုတ်တော့တဲ့အတွက်အမျိုးသမီး ခေါင်းဆောင်တွေကရှေ့တန်းနေရာတွေ ရလာတော့မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
အသက်၄၄နှစ်အရွယ်ကလေးတယောက်မိခင်မစ္စယင့်လပ်သည်နိုင်ငံရေးသမားတဦးမဟုတ်သော်လည်း နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့်ဘွဲ့ရထားသည့်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီးအဂတိလိုက်စားမှုဖြင့် ၀ရမ်းထုတ်ခံထားရသောပြည်ပရောက်ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်၏ ညီမအငယ်ဆုံးလည်းဖြစ်သည်။သူသည်နိုင်ငံရေးလောကသို့ဝင်လာပြီးသီတင်းပတ်၆ပတ်အကြာ၌ ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။
၁၉၉၁ခုနှစ်တွင်စီမံခန့်ခွဲမှုမဟာဘွဲ့ကိုအမေရိကန်နိုင်ငံကင်တက်ကီပြည်နယ်တက္ကသိုလ်မှရရှိခဲ့ပြီး ရွေးကောက်ပွဲမ၀င်ခင်ကာလအထိ၎င်း၏အကိုတည်ထောင်ထားသောဆက်သွယ်ရေး ကုမ္ပဏီကြီးတခုဖြစ်သည့်ShinCo-orporation၏အုပ်ချုပ်မှု ဒါရိုက်တာအဖြစ်တာဝန်ယူခဲ့သည်။
မစ္စယင့်လပ်အားအမျိုးသမီးဝန်ကြီးချုပ်တဦးအနေဖြင့်အများစုကကြိုဆိုသော်လည်း၎င်း၏အကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်းသက်ဆင်သည်ယခင်မြန်မာစစ်အစိုးရနှင့်စီးပွားရေးကိစ္စများကိုနီးကပ်စွာ လုပ်ဆောင်ခဲ့သောကြောင့်ယခုသူသည်လည်းစီးပွားရေးကိစ္စများကိုသာအလေးထား လုပ်ဆောင်လိမ့်မည်ဟု ခန့်မှန်းကြသည်။
ဝန်ကြီးချုပ်သစ်၏ နိုင်ငံရေး လုပ်ငန်းစဉ်များ၌ မစ္စတာသက်ဆင်၏ သြဇာလွှမ်းမိုးမှုများ နောက်ကွယ်တွင် ရှိနေမည်ဟု အများက ထင်မြင်နေခြင်းသည် မစ္စယင့်လပ်အတွက် စိန်ခေါ်မှုတခု ဖြစ်နေသည်။
ဇူလိုင်၃ရက်နေ့တွင်ပြုလုပ်ခဲ့သောထိုင်းနိုင်ငံရွေးကောက်ပွဲ၌မစ္စယင့်လပ်ဦးဆောင်သော ဖုယာ့ထိုင်းပါတီသည်ဝန်ကြီးချုပ်ဟောင်းအဖီဆစ်ဝေ့ချာချီဝဦးဆောင်သောဒီမိုကရက်တစ်ပါတီအား အပြတ်အသတ်အနိုင်ရကာအမတ်နေရာ၂၆၂နေရာရခဲ့၍ပြီးခဲ့သည့်ရက်ပိုင်းကထိုင်းနိုင်ငံ၏ဘုရင်ကိုယ်တိုင် ၀န်ကြီးချုပ်အဖြစ် အသိအမှတ်ပြု ပေးခဲ့သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကမစ္စယင့်လပ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းအပေါ်ကြိုဆိုခဲ့ပြီးမြန်မာနိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်ရန်မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းနေထိုင်ကြသောမြန်မာဒုက္ခသည်များကိုမေတ္တာ၊စေတနာအပြည့်ဖြင့် စောင့်ရှောက်ပေးစေလိုကြောင်း ပြောဆိုထားသည်။
ထိုင်းနိုင်ငံတွင်အခြေစိုက်၍ မြန်မာအမျိုးသမီးများ အခွင့်အရေးအတွက် လှုပ်ရှားနေသူ ဒေါ်ခင်ဥမ္မာကလည်း မစ္စယင့်လပ်ကိုဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်ခြင်းအား ကြိုဆိုကြောင်း၊ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တန်ဖိုးထားမှု အတွက်လည်း ဂုဏ်ယူကြောင်းပြောဆိုသည်။
မြန်မာနိုင်ငံ၏နိုင်ငံရေးနယ်ပယ်တွင်ဦးဆောင်မှုပြုနိုင်သောအမျိုးသမီးနိုင်ငံရေးသမား အများအပြားရှိသော်လည်းယနေ့အချိန်ထိနေရာပေးခြင်းမခံရမှုအပေါ်စိတ်မကောင်းဖြစ်မိကြောင်း၊ မြန်မာအမျိုးသမီးများသည်နိုင်ငံရေးအခန်းကဏ္ဍ၌ခေတ်အဆက်ဆက်ကပါဝင်ခဲ့ကြပြီးဦးနေ၀င်း ဦးဆောင်ခဲ့သည့်စစ်တပ်အစိုးရလက်ထက်မှယနေ့အချိန်အထိအမျိုးသမီးများကိုဘေးဖယ်ထားခြင်း ခံနေရကြောင်း ဒေါ်ခင်ဥမ္မာက ပြောသည်။
“မြန်မာစစ်တပ်သာကတိတည်မယ်၊လူ့အခွင့်အရေး၊ပြည်သူတွေရဲ့ဆန္ဒကိုအလေးထားခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာအမျိုးသမီးတွေနေရာရတာ၁၉၉၀ကတည်းကပါ။မြန်မာနိုင်ငံမှာထိုင်းနိုင်ငံထက် အမျိုးသမီး နိုင်ငံရေးသမား အများအပြား ရှိတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် ခိုင်မာသည့် ဥပဒေတရပ် ပြဌာန်းထားရန် လိုအပ်နေကြောင်းလည်း သူက ဆက်ပြောသည်။
“မြန်မာ့နိုင်ငံရေးနယ်ပယ်ကအမျိုးသမီးတွေအတွက်ကန့်သတ်မှုတွေများနေဆဲပေမယ့်ရတဲ့နေရာက ထိုးဖောက်ရုန်းထွက်ဖို့၊ လုပ်သင့်တာ နောက်မဆုတ်ဘဲ လုပ်ကြဖို့နဲ့ အမျိုးသမီးဆိုပြီးအားငယ်တဲ့ စိတ်တွေကို အမျိုးသမီးထုလူကြီး၊လူငယ်အားလုံးကဖယ်ရှားနိုင်ကြမယ်ဆိုရင်ရှေးတန်းနေရာတွေရလာမှာပါ”ဟု ရန်ကုန်ရှိ ၈၈ မျိုးဆက် နိုင်ငံရေး အကျဉ်းသူ ဟောင်း မခင်မိုးအေးက ဆိုသည်။
ဒေါ်သန်းသန်းနုကလည်းနိုင်ငံရေးကိစ္စတခုတည်းသာလုပ်ဆောင်ခဲ့ပြီး၁၉၉၀ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားအာဏာ လွှဲမပေးခဲ့ခြင်းသည်အမျိုးသမီးတဦးဖြစ်ခြင်းကြောင့်ဟုမယူဆကြောင်း၊စစ်တပ်အနေဖြင့်၎င်းတို့ အာဏာလက်မဲ့ ဖြစ်မည်ကို စိုးရိမ်၍ အာဏာ လွှဲမပေး ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“လွှတ်တော်ထဲမှာအမျိုးသမီးနိုင်ငံရေးသမား၁၀၀လောက်ပဲရှိသေးတယ်။ဝန်ကြီးအဖွဲ့မှာလည်းဒု-၀န်ကြီး၂ယောက်ပဲပါသေးတယ်။ဒီတော့အမျိုးသမီးနိုင်ငံရေးသမားတွေများလာအောင်စည်းရုံးရေးတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာအမျိုးသမီးများသည် နိုင်ငံရေးလောက၌ ရှေးတန်းနေရာ မရရှိသော်လည်း အိမ်ထောင်စုတခု၏ ကိစ္စအ၀၀ကို ဆုံးဖြတ်ချက် ချသူများသည် အမျိုးသမီးများသာ ဖြစ်ကြောင်း၊ နိုင်ငံရေးလောကတွင်လည်း အလားတူဖြစ်လာအောင် အမျိုးသမီးများက ဆက်လက် လုပ်ဆောင်သွားကြပါက သြဇာလွှမ်းမိုးနေသော အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင် လိမ့်မည် ဖြစ်ကြောင်း ဒေါ်သန်းသန်းနုက ပြောသည်။

maandag 8 augustus 2011

၈ လေးလုံးနှစ်ပတ်လည်ပွဲစုစည်းငြိမ်းချမ်းစွာကျင်းပ

လင်းသန့် Monday, 08 August 2011 15:41
.၁၉၈၈ခုနှစ်သြဂုတ်လ၈ရက်နေ့ကလူထုအုံကြွမှုကြီးဖြစ်ခဲ့သည့်၈လေးလုံး၂၃နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့တွင်ယနေ့ကျင်းပရာဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးသမားများ၊အနုပညာရှင်များ၊စိတ်ဝင်စားသူများ ရာနှင့်ချီ၍ တက်ရောက်ကြောင်း သိရသည်။
သာဓုကျောင်းတိုက်တွင်ကျင်းပသော၂၃နှစ်မြောက်၈လေးလုံးနှစ်ပတ်လည်အထိမ်းအမှတ်ပွဲတွင် ရဟန်းတော်များကိုဒေါ်အောင်ဆန်းစုကြည်နှင့်ပရိသတ်ကသင်္ကန်းကပ်လှူစဉ်(ဓာတ်ပုံ - AP)
ယင်းအထိမ်းအမှတ်ပွဲကြည့်မြင်တိုင်မြို့နယ်၊နတ်စင်လမ်းနှင့်ကမ်းနားလမ်းထောင့်ရှိသာဓုပရိယတ္တိ စာသင်တိုက်၌ ယနေ့ နံနက် ၉ နာရီခွဲတွင် စတင်ကျင်းပသည်။
အခမ်းအနားတက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်က လာမည့် မြန်မာ့နိုင်ငံရေးတွင် ယခုကဲ့သို စုစုစည်းစည်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် အပြုသဘောဆောင်ပြီး ဆက်လက် လျှောက်လှမ်းသွားလိုကြောင်း ပြောဆိုခဲ့သည်ဟု အခမ်းအနားကို ဦးဆောင်ကျင်းပသူတဦးဖြစ်သည့် မခင်မိုးအေးက ဧရာဝတီကို ပြောသည်။
အဆိုပါအခမ်းအနားတွင်အခမ်းအနားမှူးအဖြစ်အနုပညာရှင်တဦးဖြစ်သူကိုရဲလွင်ကပြုလုပ်ခဲ့ပြီးနိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး၊ပြည်တွင်းစစ်ရပ်စဲရေး၊အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်မြောက် အောင်မြင်ရေး အတွက် ၁ မိနစ် ငြိမ်သက်ခြင်းကို တက်ရောက်လာကြသူများက ပြုလုပ်ခဲ့သည်။
“၈လေးလုံးအရေးတော်ပုံကြီးဆိုတာအရမ်းကျယ်ပြန့်တဲ့ပွဲဖြစ်တဲ့အတွက်ကျောင်းသားတွေ၊နိုင်ငံရေးပါတီတွေ တသီးပုဂ္ဂလ စိတ်ဝင်စားသူများနဲ့အခု၂၀၁၀ရွေးကောက်ပွဲဝင်ပါတီကလူတွေရောဖိတ်ကြားထားသူတွေ အကုန်လုံး နီးပါး လာကြပါတယ်။ တက်ရောက်လာတဲ့သူတွေက၁၀၀၀ကျော်ရှိမယ်”ဟု မခင်မိုးအေးက ပြောသည်။
အဆိုပါ အခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားများ၊ ၀ါရင့်နိုင်ငံရေး သမားကြီးများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးတင်ဦး၊ ဦးဝင်းတင် အစရှိသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၁၉၉၀ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများ၊၂၀၁၀ခုနှစ်ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီ၃၇ပါတီမှပုဂ္ဂိုလ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းဝင်များ၊ ကိုဇေယျာသော် အစရှိသည့် စာပေနှင့် အနုပညာရှင်များ တက်ရောက်ကြသည်။
ယနေ့ကျင်းပသော ၈ လေးလုံး အောက်မေ့ဖွယ် အခမ်းအနား ၀ါဆိုသင်္ကန်းကပ်လှူပွဲသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ် တက်လာပြီးနောက်ပိုင်း ပထမဆုံး ကျင်းပခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် ကလည်း ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသားများဦးစီးပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး ဘုရားဝင်းရှိ သိပ္ပံ ကျောင်းတိုက်တွင် ကျင်းပခဲ့ဖူးသည်။
ယခု၈လေးလုံးနှစ်ပတ်လည်နေ့သည် တဦးတယောက်က ဦးဆောင်ကျင်းပခြင်းမျိုး မဟုတ်ဘဲ တဦးချင်းစီ၏ အသိစိတ်ဖြင့်အားလုံးစုပေါင်းဦးဆောင်မှုဖြင့်လုပ်ဆောင်ခဲ့ကြောင်း၊ယနေ့ အခမ်းအနားတွင် အားလုံး စုစည်းညီညွတ်မှုကို ပြသနိုင်ခဲ့ပြီဖြစ်ကြောင်း မခင်မိုးအေးက ပြောသည်။
“အခုလိုငြိမ်းငြိမ်းချမ်းချမ်းစုစုစည်းစည်းနဲ့၂၃နှစ်ကြာမှာအခုလိုမြင်ရတွေ့ရလို့ရှေ့လာမယ့်မြန်မာနိုင်ငံရဲ့ အနာဂတ်အလားအလာတွေအတွက်ကျမတို့တော်တော်လေးဝမ်းမြောက်ကြည်နူးမိပါတယ်”ဟု အခမ်းအနား တက်ရောက်လာသူ တဦးက ပြောသည်။
ယနေ့အခမ်းအနားတွင်ပင့်သံဃာ၁၀ပါးအပါအဝင်သံဃာ၁၃၈ ပါးအား ဝါဆိုသင်္ကန်း ကပ်လှူပြီးနောက် သံဃာများကို ဆွမ်းကပ်လှူခြင်း၊၈လေးလုံးအရေးတော်ပုံအပါအဝင်ဒီမိုကရေစီရေးအတွက် ခေတ်အဆက်ဆက် အသက်ဆုံးရှုံးခဲ့ကြသည့် ရဟန်း ရှင်လူ ကျောင်းသားပြည်သူများအတွက် ရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ကြသည်။
အခမ်းအနားကျင်းပရာ သာဓုကျောင်းတိုက်နှင့် အနည်းငယ် အလှမ်းဝေးသောနေရာတွင် အစိုးရဘက်မှ လုံခြုံရေးကားများ ချထားသော်လည်း အခမ်းအနားကို အေးချမ်းစွာဖြင့် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
“လုံခြုံရေးအခြေအနေက အေးအေးချမ်းချမ်းရှိပါတယ်။ သူတို့ဘက်ကလည်း လုပ်စရှာရှိတာလုပ်တယ်။ ဒါပေမယ့် ဘာမှ ပြဿနာမရှိပါဘူး” ဟု မခင်မိုးအေးက ပြောသည်။
ယနေ့ကျရောက်သည့် ၈ လေးလုံး ၂၃ နှစ်ပြည့်အတွက် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကလည်း နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသတွင် အစိုးရ၏ ထိုးစစ်များနှင့် ဒီမိုကရေစီလှုပ်ရှားသူများအပေါ် ဖိနှိပ်နေမှုများ ချက်ချင်းရပ်တန့်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးအပါအ၀င် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်သော သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတို့ကို တိုက်တွန်းထားသည်။
၈လေးလုံးလူထုအုံကြွမှုတွင်ရှေ့တန်းမှဦးဆောင်ပါဝင်ခဲ့ကြသည့်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသောကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုမင်းဇေယျာ၊ကိုပြုံးချို၊ကိုဌေးကြွယ်၊ကိုဂျင်မီ၊မနီလာသိန်း၊မမီးမီး အစရှိသည့်ကျောင်းသားခေါင်းဆောင်များမှာအကျဉ်းထောင်အသီးသီးတွင်ထောင်ဒဏ် နှစ်ရှည်ကျခံနေရဆဲ ဖြစ်သည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၃ နှစ်က ကျောင်းသားများစတင်ခဲ့သည့် လူထုအုံကြွမှုကြီးတွင် ရဟန်းရှင်လူ ပြည်သူများ၊ အစိုးရ၀န်ထမ်းများက ၃ လကျော်ကြာ တပါတီ အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသည်။
၃လအကြာ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ပါတီစုံဒီမိုကရေစီ စနစ်ဖြင့်သွားမည်ဟု ကမ္ဘာသိကြေညာကာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။
၈လေးလုံးလူထုအုံကြွမှုကြီးတွင်စစ်တပ်၏ပစ်ခတ်သတ်ဖြတ်မှုကြောင့်လူပေါင်း၃၀၀၀ ကျော်သေဆုံးခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အဆိုပါ သေဆုံးခဲ့ရသောကိစ္စများအတွက် ယခုလက်ရှိ အရပ်သားအစိုးရအနေဖြင့် မည်ကဲ့သို့ စုံစမ်း အရေးယူမှုမျိုး လုပ်ဆောင်သွားမည်ကို မသိရပေ။
သို့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့၏ ဥက္ကဋ္ဌ၊ အင်ဒိုနီးရှားနိုင်ငံမှ လွှတ်တော်အမတ် တဦးဖြစ်သူ အီဗာ ခုဆုမ ဆုန္ဒရီ (EvaKusumaSundari) က မြန်မာအစိုးရသစ်အနေဖြင့် ၂၀၁၄ ခုနှစ် အတွက်အလှည့်ကျ အာဆီယံဥက္ကရာထူး ကြိုးပမ်းနေချိန်တွင် ၈ လေးလုံးကာလ အပါအ၀င် စစ်အစိုးရလက်ထက်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုများနှင့် ယခင်စစ်အစိုးရမှ ကျူးလွန်ခဲ့သော ပြစ်မှုများကို တရားနည်းလမ်းကျ ကိုင်တွယ်ဖြေရှင်း အရေးယူပြီး ကမ္ဘာကို ပြသရန်လိုသည်ဟု ပြောကြောင်း ယနေ့ထုတ် ဂျကာတာပို့စ်သတင်းတွင် ဖော်ပြထားသည်။