‘’ မြန်မာပြည်ကအာဇာနည်’’
ကိုယ့်အမိမြေအရေးပေမို့ -------
ဥပေက္ခာပြုကာမနေသာ
အမေဟာ စွန့်လွှတ်မှုများစွာပေးဆပ်ကာ
ယဉ်ကျေးသိမ်မွေ့စွာနဲ့ပါဝင်တိုက်ပွဲဆင်ခဲ့တယ်
--- ။
နိုင်ငံရေးပရိယာယ်ဆိုတာက -----
တယောက်နဲ့တယောက်လှည့်စားတယ်ဆိုပေမယ့်
အမေကတော့ သူတယောက်တည်းနဲ့အရာရာကိုမစွမ်းဆောင်နိုင်လို့
ပြည်သူတွေပါဝင်ဖို့အမြဲတိုက်တွန်းနေခဲ့တယ်
--- ။
ကိုယ့်အမိမြေအရေးပေမို့ -----
အခွင့်အခါပေးချိန်မှာ
တတ်စွမ်းသမျှပါဝင်လေတော့
အာဇာနည်မျိုးထွန်းတောက်မှာကို
မရှု့စိမ့်တဲ့ မိစ္ဆာစစ်ဘီလူးတွေက
အငြိုးအတေးထားကာဖိနှိပ်ကြသပေါ့ --- ။
ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း -----
ခေတ်နဲ့အညီပြောင်းလဲလာချိန်
မြန်မာပြည်သူလူထုရဲ့တောင်းဆိုသံတွေကို
တားဆီးပိတ်ပင်ကာ မရတော့တဲ့အဆုံး
ကျပ်မပြည်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကိုရေးဆွဲကာ
မသမာတဲ့ရွေးကောက်ပွဲနဲ့
မြန်မာ့နိုင်ငံရေးကိုပြောင်းလဲပေးခဲ့တယ်
--- ။
ကိုယ့်အမိမြေအရေးပေမို့ -----
အာဇာနည်သွေးပါတဲ့အမေ
မတရားတဲ့ဥပဒေတွေအောက်ကပဲ
ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာနည်းကိုသုံးကာ
ပြည်သူတွေအတွက်အခွင့်အရေးတွေကို
အပြည့်အ၀ပေးမယ့် ဒီမိုကရေစီစနစ်ဆီရောက်ဖို့
တဆင့်ပြီးတဆင့်၊တဖြေးဖြေးနဲ့
လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်ချီတက်နေရှာတယ်
--- ။
ဇာနည်မောင်
( မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရဲ့ ၆၈ နှစ်ပြည့်မွေးနေ့ အမှတ်တရ )
Geen opmerkingen:
Een reactie posten