မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 11 juni 2009

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ

NEJ / ၁၁ ဇွန် ၂၀၀၉


အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒကို ပြန်လည်စဉ်းစားရန် သဘောထားရှိကြောင်း အမေရိကန်အစိုးရ၏ အာရှဆိုင်ရာ ထိပ်တန်းသံတမန်တဦးက ပြောကြားသည်။

အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနေရာတွင် သမ္မတအိုဘားမား၏ အဆိုတင်သွင်းခြင်းခံရသူ Kurt Campbell က ယမန်နေ့၌ ပြုလုပ်သည့် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ စဉ်စားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရ၏ ပြင်းထန်သည့် ကိုင်တွယ်မှု များကြောင့် အမေရိကန်က မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် သဘောထားပြောင်းလဲ လုပ်ဆောင်နေမှုကို အဟန့်အတားဖြစ်စေသည်ဟုလည်း Kurt Campbell က ပြောကြားခဲ့ကြောင်း ၀ါရှင်တန်မှလာသည့် အေပီသတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်သည့် တရားခွင်မှ ထွက်ပေါ်သည့် အဖြေပေါ်မူတည်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို အမေရိကန်အစိုးရက အဓိကထား စဉ်းစားသွားလိမ့်မည်ဟုလည်း မစ္စတာ Campbell က ပြောကြားသည်။

မြန်မာစစ်အစိုးရက လူ့အခွင့်အရေးကို လေးစားလိုက်နာလာရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ရည်ရွယ်၍ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအပေါ် မူဝါဒအပြောင်းအလဲလုပ်ရန် အထူးအလေးထား စဉ်းစားနေသော်လည်း မြန်မာအစိုးရနှင့် ပိုမိုထိတွေ့ဆက်ဆံရေးသည် တားမြစ်ပိတ်ဆို့မှုများကို ဖယ်ရှားသည့် သဘောမဟုတ်ကြောင်း မစ္စတာ Campbell က အလေးထားပြောကြားခဲ့သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာရှသို့ ခရီးထွက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန် က မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စစ်အစိုးရအပေါ် အမေရိကန်၏ ပိတ်ဆို့တားမြစ်မှုများအပါအ၀င် အိမ်နီးချင်းနိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးများ သည် ထိရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အကောင်းဘက်သို့ ရှေးရှုသည့် အပြောင်းအလဲ ဖြစ်ပေါ်စေရေးအတွက်လည်း ဒေသတွင်းနိုင်ငံများနှင့် ပူးတွဲဆောင်ရွက်သွားရန် အမေရိကန် အစိုးရက အစီအစဉ်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Geen opmerkingen: